2 Jan 2013

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၂)


ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၂)

လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါ့စိုင်း ညောင်ကိုင်း ရောက်ရောက် ဆိုသည်ကို ကျွန်တော်ကြိုက်၏။ ကျွန်တော့်၏ စိတ်တွင် အင်မတန် စိုပြည် လတ်ဆတ်သော ဘ၀ ဟု ယူဆသည်။ ဗမာပြည်ရှိ လူသည် လူရိုင်းမျိုး ဘ၀ ရောက်ချင် ရောက်သွားပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင် နေနိုင်ပြီ ဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေး ဘ၀ထက် ကျွန်တော် အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်း စိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်း ပေါ်တွင် လက်ပန်းပေါက် ခတ်၍ လွတ်လွတ် လပ်လပ် မြူးတူး အော်ဟစ်နေလိုသည်။

ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ်၊ အက အခုန် အတော် ၀ါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာ တွေ့လျှင် အမြဲ ခေါက်လေ့ရှိရာ ကျွန်တော်၏ လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရေကွာကျ ခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ် ကြီးပြင်း လာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီးအမှုတ် ၀ါသနာကို ခွင့်မပြု။ နဂိုဝါသနာ မဟုတ်၍လား မသိ။ယခု ဤစိတ်မျိုး ပျောက်ပြယ်သလောက် ရှိခဲ့ပြီ။ ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော စိတ်ရော ပျော့ပျောင်းသည် ဆိုသည့် အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်း မကြိုးစားချင်။ ကျွန်တော် ကား စကား အပြောအဆို မဖွယ် မယဉ်ကျေး။

အသက် (၈) နှစ်ထဲ ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလည်း ကြမ်း၏။ အလိုက်လည်း မသိ။ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်း ဟူ၍လည်း တစ်ခုမှမရှိ။ အသက် လေးငါးခြောက်နှစ် တိုင်အောင် အိပ်ရာတွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ “အရှင်စဖိုည၊ ကျွန်တော် မနေ့”ဆိုခဲ့ရသည်ကို အမှတ်ရ သေးသည်။ အသက် (၁၅) နှစ်ထဲ ရောက်သည့် အခါ၌ ပင် အခြားအရပ် အိမ်တစ်အိမ် တစ်ည သေးပါဖူးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်း ကျောင်းမှ ခြောက်တန်း အောင်၍ ခုနစ်တန်း အ၀င် ကျောင်းအပြန် ဖြစ်သည်။

ကျွန်တော်၏ အစ်ကို အကြီးဆုံး မှာလည်း ၎င်းနှစ်တွင် ဘီအက်စ်စီ သင်္ချာဂုဏ်ထူးတန်း ကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ ကျောင်းတွင် မိမိ ကျောင်းဟောင်း ဖြစ်သည့်အတိုင်း ကျောင်းဆရာ ၀င်ရောက် လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လိုက်ပါလာလေသည်။ ထိုအခါ ရေနံချောင်းမြို့ သို့ နတ်မောက်မှ သွားသည့်နည်း မှာ တောင်တွင်းကြီး သို့ ရထားစီး၊ တောင်တွင်းကြီး မှ မိကျောင်းရဲသို့ ကားစီး၊ မိကျောင်းရဲ မှ ရေနံချောင်း သို့ သင်္ဘောစီး၊ သို့မဟုတ် လျှင် မကွေးသို့ ဘတ်စကားစီး၊ မကွေးမှ သင်္ဘောစီး ရလေသည်။ နှစ်ရက် ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်း မှတစ်ဆင့် မီးရထား တစ်တန်၊ မော်တော်ကား တစ်တန် သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက် လေသည်။

ထိုနှစ်တွင် ကျွန်တော်တို့ မကွေး မှတစ်ဆင့် သွားကြသည်။ မကွေးမြို့ တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင်တည်းခိုကြသည်။ လူပျိုပေါက်စ ဖြစ်သော ကျွန်တော်မှာ သူစိမ်းတစ်ရံစာ အိမ်တွင် မနေတတ်။ အထူး ရှက်တတ်သည်။ မိန်းကလေးနှင့် ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုည အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ဘဲသေးပါလေသည်။ ကျွန်တော်လည်း ပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော် မသိမ်မွေ့။

ညီအစ်ကို မောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ်စံချိန်နှင့် ကြည့်လျှင် ကျွန်တော် အလိုလိုက် ခံရဆုံးဖြစ်၏။ အဆိုးဆုံး ဟုလည်း အိမ်နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြုခံရ၏။ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် (၃) နှစ်ခွဲ၊ (၄) နှစ်မျှကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ် လုပ်ခဲ့၏။ သူက နု၏။ မင်းသား ကျချင်၏။ ကျွန်တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသောက် နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။

ကျွန်တော်က ဖုတ်ဖက်ခါ၍ စားနိုင်လျှင် စား၏။ သူက အ၀တ်များကို သပ်သပ်ရပ်ရပ်ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကပါး၏။ လျင်၏။ ကျွန်တော်က ထူ၏။ အေး၏။ ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ပင် ဖြစ်သည်။ ကျွန်တော် ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့ အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖား ခေါ် ဆံပင်ညှပ် ကုလားတစ်ယောက် တလေသာ ရှိ၏။ သို့ဖြစ်ရာ ၎င်း ကလီးဖားမှာ လက်မလည်။ ကျွန်တော်တို့အား ကတုံးရိတ်ရန်၊ တစ်ခါတစ်ခါ ရိတ်တတ်သည့် အိမ်နီးချင်းတို့ကို ခိုင်းရလေသည်။

တစ်ခါ တစ်ခါ ကျွန်တော်တို့ ဖခင် ကိုယ်တိုင် ရိတ်ပေးလေသည်။ ကျွန်တော်၏ ဖခင်မှာ ယခု ကွယ်လွန်သည်မှာ (၁၅) နှစ် ကျော်လေပြီ။ ကျွန်တော်၏ ဖခင်သည် ကျွန်တော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တစ်နေ့ နေ၍ စကားတစ်ခွန်း မပြော။ မျက်နှာထား ဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက် မာ များလည်း ရှိ၏။ လောကွတ် မရှိ၊ ဟန် မရှိ၊ ဖာသိဖာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။ ငြင်းမိလျှင် လျှော့မပေး တတ်။ သို့သော် စိတ်နှလုံးက အထူး ဖြောင့်စင်း၏။ စကားတည်၏။ အပို မပြော။ ထို့ကြောင့် ရှေ့နေစာမေးပွဲ ၀င်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျွန်တော် မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေး၍သာ စီးပွားဖြစ်သည်။ စီးပွားဖြစ်ခြင်း မှာလည်း ကျွန်တော်တို့ မိခင်၏ ဒိုးတူ ဘောင်ဖက် ကူညီမှု ကြောင့်ပင် ဖြစ်လေသည်။

ကျွန်တော် တို့အား အခြားသူ တစ်ဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျွန်တော်တို့ ဖေဖေက ဓားမ ထက်မထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည် နာ၏။ ကျွန်တော် တို့သည် ၎င်း ခေါင်းရိတ်မည့် အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့် အခါတိုင်း ကျွန်တော့် အစ်ကိုက အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျွန်တော်က မငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်၏။

အပိုင်း (၃) အား ဆက်လက် တင်ပြပေးသွားပါမည်။

မှတ်ချက် - စာဖတ်သူများ အဆင်ပြေစေရေးအတွက် အပိုင်း (၇) ပိုင်းခွဲ၍ တင်ပြပေးသွား ပါမည်။ နောက်ပြီး PDF ဖြင့်လည်း ရယူနိုင်ရန် ဆောင်ရွက် ပေးသွားပါမည်။


Ref: https://www.facebook.com/royalheromedia




{ ဥပကနဲ့ မဆာဝါ } သဘာဝလွန် ရာဂမွှန်တော့ ကာမကျွန် ဖြစ်ရ ~

သဘာဝလွန် ရာဂမွှန်တော့ ကာမကျွန် ဖြစ်ရ ~

 Facebook မှ ပြန်လည် ကူးယူ ဖော်ပြပေးခြင်း ဖြစ်ပါသည်။



တိုင်းပြည် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကျဆုံးသွားသော ညီနောင် ရဲဘော်များအား ဤပုံလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။



ဒီပုံလေးကတော့ တော်တော်လေး ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း အမြဲတမ်း သစ်လွင်နေဆဲ ခံစားမှုကို ထိခိုက်မိဆဲပါ။ မိမိအိမ်ရဲ့အဝေးတစ်နေရာမှာ တိုင်းပြည် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကျဆုံးသွားသော ညီနောင် ရဲဘော်များအား ဤပုံလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဝေဟင်ချစ်သူ

Ref: https://www.facebook.com/royalheromedia



ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁)


ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁)

အခန်း( ၁ )

ဇာတိမြေလတ် ဟု ခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန် ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့် တွင် အပူပိုင်း ဇုန်ကုန်းမြေပြင်များ ဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ ကုန်ရောင်းကုန်ဝယ် အတော် တွင်ကျယ်သော မြို့ကလေး တစ်မြို့ ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင် မီးရထား ဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည် ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ၀ဲယာ ပတ်လည် တို့တွင် မြေပဲ နှမ်းခင်း တို့ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင် ရေးရေး ထင်သော တောင်တန်းများကို နောက်က ခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက် ယွန်း ကိုက်လေးရာခန့် ပေါ်၌ “ခပေါင်းကုန်း”(သို့မဟုတ်) န-ကျားကူး ခေါ်သော အိမ်ခြေတစ်ရာ ခန့်ရှိ ရွာကလေး ရှိလေသည်။

ယင်းချောင်း ဟု ခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း (အနောက် ဘက်ကမ်း) ၌ကား ယာခင်း၊ လယ်ကွင်းပြင် များနှင့် ဥယျာဉ် အချို့ကို တွေ့ရပေသည်။ ထိုမှ လွန်လျှင် တောင်ကုန်း ကျကျ နေရာတွင် အရှေ့ဘက်မှ တာမြောင်း ခံထားသော အိမ်ခြေ (၂၀၀) ခန့်ရှိ ရွာ တစ်ရွာ ရှိလေသည်။ ရွာ၏ မြောက်ဘက်တွင် ကပ်လျက် (ရှေး လူကြီးများ ပြောသလို) လောကဓာတ် မြန်မာ အထက်တန်း သင်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိလေသည်။ ထိုမှ ယာတစ်ခင်း အလွန်တွင် (၅)ရက် တစ်ဈေးဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ် ဂါတ်တန်းလျား များ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ ထို စာတိုက်ကို အနောက်မြောက် စောင်းစောင်း မလှမ်းမကမ်း တွင် အိမ်ခြေ (၁၅၀)ခန့် ရွာတစ်ရွာ ရှိပြန်လေသည်။


စာတိုက်နှင့် ရှေ့တည့်တည့် ပေတစ်ရာ နှင့် မြေတလင်း ပြောင်ပြောင် ကို ကျော်လွန်၍ ကိုက် (၁၀၀) ခန့် အကွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ကပ်၍ မြို့အုပ် ရှိသည်။ ထိုဘုန်းကြီးကျောင်း နှင့်ဆက်၍ ထောင့်မှန် (Right angle) ကျကာ (၁၅) ပေ ခန့်မြင့်သော အုတ်တံတိုင်းကြီး လေးဖက် လေးတန် ခြံရံလျက် စေတီငယ်များ အလယ်တွင် ရွှေရောင် တပြောင်ပြောင် တောက် နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ရပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောက်ကုန်းများ ရှိလေသည်။ ထိုမှ မြောက်ဘက် မလှမ်းမကမ်း တွင်ကား အိမ်ခြေ (၁၀၀) ကျော် ရွာတစ်ရွာ ရှိပြန်လေသည်။ ထိုရွာများ အနက် ရွာကြီး သဖွယ် အိမ်ပေါင်း အများဆုံး နှင့် ဆိုင်ကန္နား အတော်အတန် ရှိ၍ စာရေး၊ စာချီ၊ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များ နေကြသော ရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက် ကမ်း တောင်ကုန်း ပေါ်တွင် တည်လျက် ရှိသော ရွာပင် ဖြစ်လေသည်။

ထိုရွာကို နတ်မောက် ဟူ၍ လည်းကောင်း၊ တောင်ရွာ ဟူ၍ လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကိုသမိုင်းစာ အရကား ပီဠိယက္ခမင်း တည်ထောင် သွားသည်ဟု ဆိုလေသည်။ သို့သော် ကျွန်တော်၏ ဘေး မှတ်တမ်း အရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါ လောက် တွင် ထိုရွာကို စတင် တည်ထောင်ခဲ့သည် ဟု မှတ်သား ဖူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများ အနက်အကျယ်ဆုံး အိမ်ဝိုင်းကြီး ထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့် ၀င်နိုင်အောင် မြင့်၍ အဆောင်ပေါင်း များစွာ ရှိသော်လည်း ထိုအခါက အတောင် (၈) တောင် ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာ လည်း (၃) ပေခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်း လက်ထက်က နတ်မောက်မြို့၊ မြို့သူကြီး အိမ်ပင် ဖြစ်လေသည်။ ယခုကား အိမ် မရှိတော့ပြီ။ ထိုအိမ်နောက် ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင် ခဲ့လေသည်။

ကျွန်တော့်ကို မွေးဖွားစဉ် အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ် လေသည်။ ယခုအခါ ကဲ့သို့ အနည်းငယ်မျှ မြို့ မဆန်ဘဲ တောရွာစုကြီး တစ်ရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါင်ဒေါင်၊ နေ့လယ် နေ့ခင်းများ တွင် ရက်ကန်းသံ တခြွင်ခြွင် နှင့် ကြားရတုန်းပင် ရှိလေသည်။
အချိန်ကား (၁၉၁၅) ခု၊ ဖေဖော်ဝါရီလ ဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲ တွင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုတ်သင်္ဘောများ ဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေသည်။ အနောက် စစ်မျက်နှာပြင်ဟု ခေါ်သောပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌ကား ပထမအကြိမ် တိုက်ပွဲကြီးများ မှာ မပြီးမဆုံးနိုင်သော သောင်မတင် ရေမကျ ရှေ့မတိုးနောက်မဆုတ် အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင် ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူးရိရာနှင့် ၀ါဇနစ်ဇူ စစ်ပွဲကြီးများ ဖြစ်ပွားလျက် ရှိကြလေသည်။

ထိုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်၊ (၁၂၇၆) ခု၊ တပေါင်းလဆန်း (၁) ရက်၊ စနေနေ့ နံနက် လင်းအားကြီး အချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိ လာခဲ့ရပေသည်။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီး ကီရို၏ ပြောကြားချက် အရ ဆိုလျှင် တိုင်းပြည်တစ်ပြည် ၏ အစိုးရထီးနန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာ ဟု ဟောထား လေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်း စဉ်းစားခြင်း မပြုခဲ့ကြချေ။

ကျွန်တော် မွေးဖွားသည် နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာအမည်မှာ (ထိန်လင်း) ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အစ်ကို ကိုအောင်သန်း နှင့် နာမည်လိုက်အောင် အောင်ဆန်း ဟု ခေါ်တွင် ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှ သော်လည်း ထိုင်နိုင် ထနိုင်သော ကလေးဘ၀မှ စ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့သည်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ် ရကား။ လူကြီးမိဘများမှာ ဆွံ့အ၍ပင် နေသလားဟု စိုးရိမ် ကြောင့်ကြ ခဲ့လေသည် ဟု သိရလေသည်။ အနာအဖျား ထူသည်။ အစားကြူး သည်။ အမဲ သား၊ငါးကို အလွန် ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍ သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့် မိခင်က ပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်း ဘ၀က ကျွန်တော်လာသလား မသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများ နှင့် အသားမကျ ခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ် လာသည်။ ထိုအခါ လူယဉ်ကျေးများ နှင့် ငါလူရိုင်းဟု ဇာတိ ခွဲပစ်ချင်သည့် စိတ်များ ရှိသည်။

အပိုင်း (၂) အား ဆက်လက် တင်ပြပေးသွားပါမည်။


မှတ်ချက် - စာဖတ်သူများ အဆင်ပြေစေရေးအတွက် အပိုင်း (၇) ပိုင်းခွဲ၍ တင်ပြပေးသွား ပါမည်။ နောက်ပြီး PDF ဖြင့်လည်း ရယူနိုင်ရန် ဆောင်ရွက် ပေးသွားပါမည်။

Ref: https://www.facebook.com/royalheromedia



မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်


မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

30 DECEMBER 2012

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။

ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာများ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။

အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါ တယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေးသတင်း




ဆေးလိပ်နှင့် နှလုံးရောဂါ



ဆေးလိပ် မကောင်းကြောင်း ရေးလွန်းလို့ ဆေးလိပ်ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့က ကမ္ဘာ့နှလုံးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ် မကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဒီနှစ် ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ် ကလည်း နှလုံး အန္တရာယ် သိရှိ ကာကွယ် (Do you know your risk?) ဆိုတော့ စာဖတ်သူ တွေထဲ မှာ မသိတဲ့သူ သိအောင် သိပြီးသားသူ ပိုပြီး သတိထား မိအောင် ဒီခေါင်းစဉ် လေးကို ရွေးချယ်လိုက် ပါတယ်။ သိပြီးသားသူဆို တဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံးကပါ။ ကျွန်တော် အခု စာသင် နေတဲ့ဆေးရုံက နှလုံးအထူးကု ဆေးရုံကြီး တစ်ခုပါ။Ward တစ်ခုထဲမှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန် (၁၅) ယောက်ခန့် ရှိပါတယ်။ သူတို့ရဲ့ DUTY COAT ထဲမှာ ဆေးလိပ်ဘူး ကိုယ်စီ ရှိကြပါတယ်။ မနက်ပိုင်း လူနာကြည့်ချိန် ပြီးတာနဲ့ smoking zone (ဆေးလိပ်သောက် ရန် သတ်မှတ် ထားသောနေရာ) ကို ပြေးကြတာပါပဲ။

သူတို့အတွက် လူနာကြည့်ချိန် (၁)နာရီ လောက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။ နောက် ပါမောက္ခကြီး။ သူကတော့ နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅) မိနစ်စာ သင်ပြီး တာနဲ့ ဆေးလိပ်သောက် နားချိန် ပေး ပါတယ်။ ဆေးလိပ် တစ်လိပ်ကုန်မှ စာသင်ခန်း ကို ပြန်လာ ပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင် နစ်ကိုတင်း ရဲ့ သားကောင်တွေ ဖြစ်နေ ကြပါတယ်။ သာမန် စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဆက်နွယ်နေ တယ် ဆိုတဲ့ အကြောင်း သိပြီး ကြမှာပါ။ နှလုံး ကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူ နည်းပါလိမ့်မယ် ငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြား မှာ ပညာပေး ဇာတ်လမ်းတိုလေး ကြည့်ဖူးပါတယ်။

ကျန်းမာရေး ၀န်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေး နေတာပါပဲ။ နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်း အရင်းတွေထဲ မှာ ဆေးလိပ် သောက်ခြင်းက အဓိက အချက် တစ်ချက် ဖြစ်ပါတယ်။ နေ့စဉ် ဆေးလိပ် ဘယ်နှစ်လိပ် သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါ ဖြစ်ပွား မှု အပေါ်မှာ တိုက်ရိုက် အကျိုး သက်ရောက် ပါတယ်။ များများ သောက်လေ ဖြစ်ဖို့ အလားအလာ ပိုများ လေပါပဲ။

နေ့စဉ် ဆေးလိပ်တစ်ဘူး ကုန်အောင် သောက်တဲ့သူဟာ ဆေးလိပ် လုံးဝ မသောက်တဲ့ သူနဲ့ စာရင် နှလုံး ရောဂါ ဖြစ်နိုင်ခြေ (၂) ဆ ပိုများပါတယ် ဆေးလိပ်လည်း သောက်တယ် သန္ဓေ တားဆေး တွေလည်း သုံးစွဲတယ် ဆိုတဲ့ အမျိုးသမီး တွေ အတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။ ဆေးလိပ် သောက်တယ် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ တဆင့်ခံ ဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံ ဆေးလိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ် နေတယ်လို့ ဆိုပါတယ်။

ဆေးလိပ် နှင့် နှလုံးရောဂါ ဘယ်လို ဆက်စပ် နေသလဲ?

ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က

၁။ နှလုံးအတွက် လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကို နည်းပါးစေ ပါတယ်။

၂။ သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။

၃။ သွေးခဲအောင် အားပေးပါတယ်။

၎။ နှလုံးသွေးကြော အပါအ၀င် သွေးကြောအားလုံး၏ နံရံမှ ဆဲလ်များကို ထိခိုက် ပျက်စီး စေပါတယ်။

ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ

၁။ အသက်ကို ရှည်စေပါတယ်။

၂။ နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေ ကို လျော့နည်း စေပါတယ်။

၃။ ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်းများ ကင်ဝေးပြီး အမောအပန်း ခံနိုင်လာပါတယ်။

၎။ အသားအရေ တွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း ကို ကာကွယ် ပေးပြီး နုပျိုစေပါတယ်။

၅။ အရသာခံ ခြင်း၊ အနံ့ခံခြင်း စတဲ့ အာရုံများ ကို တိုးတက်စေပါတယ်။

၆။ ငွေကြေး အကုန်အကျ သက်သာပါတယ်။

၇။ ဆေးလိပ်ငွေ့ ကင်းစင်တဲ့ ပျော်စရာ မိသားစုလေး ကို ပိုင်ဆိုင်နိုင်ပါတယ်။

ဆေးလိပ် ဘယ်လို ဖြတ်ကြမလဲ ?

ဆေးလိပ် မကောင်းကြောင်း လည်းပြောပြီးပြီ။ ဆေးလိပ်မသောက်ရင် ဘာတွေကောင်းမယ် ဆိုတာလည်း ပြောပြီးပြီ။ ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ အမေးခံရ ဖူးပါတယ်။ ဆေးလိပ် ဖြတ်တယ်ဆိုတာ ဆရာ ပြောသလောက် မလွယ်ပါဘူးဆိုတဲ့ သူတွေလည်း ကြုံဖူးပါတယ်။ မလွယ်ဘူးဆိုတာ ကိုယ်တိုင် မသောက်ပေမယ့် ရိပ်စား မိပါတယ်။ သို့ပေမယ့်လည်း မိမိ ကောင်းကျိုး၊ မိသားစု ကောင်းကျိုး ရှေ့ရှူပြီး ကြိုးစား သင့်ပါတယ်။ ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်တဲ့ အခါမှာ မိမိကိုယ်တိုင်က ပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။

ရည်းစားက ဖြတ်ခိုင်းလို့ ဆိုတာထက် မိမိကိုယ်တိုင် မသောက်သင့်တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ် ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ပထမဆုံး လုပ်ရမှာက ဆေးလိပ် ဖြတ်မယ့်နေ့ကို ရွေးရပါမယ်။ ဒီနေ့ ဖြတ်ရမယ်လို့ မဆိုလို ပါဘူး။ ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည် ဆိုတာမျိုးပေါ့။ ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရ ပါမယ်။ ဘာအကြောင်းနဲ့ မှ ရက်နောက်ဆုတ် သွားတာမျိုး မဖြစ်သင့်ပါဘူး။

၁။ ဘာကြောင့် ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ် ဆိုတာ ရေးသားပြီး နေ့စဉ် ပြန်ပြန် ဖတ်ပါ။ ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုး တွေကို ရေးချပြီး နေ့စဉ် ပြန် သတိရအောင် ဖတ်ပါ။

၂။ ဘာလို့ အချိန်တွေ မှာဆေးလိပ် သောက်တယ်၊ ဘာကြောင့် ဆေး လိပ်သောက်တယ်၊ ဆေးလိပ် သောက်တဲ့ အချိန်တွေမှာ ဘာတွေ လုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီး မိမိ ဆေးလိပ် သောက်ရ ခြင်း အကြောင်းအရင်း ကို ဆန်းစစ်ပါ။

၃။ လုံးဝ အပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲ နေကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာ စားပြီချိန်။

၎။ ဆေးလိပ် သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်း ပြုစုထားပါ၊ ဥပမာ ပီကေ၀ါးမယ်။ ရေကူးမယ်။

၅။ Chantix and Wellbutrin ကဲ့သို့ဆေးလိပ် ဖြတ်ဆေးများ၊ နစ်ကိုတင်း Gum များ ကိုလည်း သုံးစွဲနိုင်ပါတယ်။နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်သုံးစွဲရပါမယ်။

အနောက် နိုင်ငံတွေ မှာတော့ ဆေးလိပ် ဖြတ်သူတွေ စုစည်း ထားတဲ့ အသင်းအဖွဲ့ တွေရှိပါတယ်။ အတွေ့အကြုံ ဖလှယ်ခြင်း အကြံဉာဏ် ရယူခြင်းများ ဖြင့် အကျိုး ရှိစေ ပါတယ်။ ဆေးလိပ် ဖြတ်ပြီ ဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက် က ပြန်မသောက် ဖြစ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အောက်ပါ အချက်လေး များကို ဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။

၁။ ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ပြာခွက် စတာတွေကို လုံးဝ စွန့်ပစ်လိုက်ပါ။

၂။ အနီး ပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ဖို့ သူငယ်ချင်းတွေ ကိုပြောပါ။ တားမြစ်ပါ။

၃။ ဆေးလိပ်ကို သတိရတိုင်း မိမိ ကျန်မာရေး ကောင်းမွန်လာမှာကို တွေးပြီး ဖြေသိမ့်ပါ။

၎။ ဆေးလိပ် သောက်ချင်စိတ် ဖြစ် လာတဲ့အခါ အသက်ပြင်းပြင်း ရှူပြီး(၁၀) စက္ကန့်ခန့် အောင့်ထားပါ။ ဖြေးညှင်းစွာ ရှူထုတ်ပါ။ ဆေးလိပ် သောက်ချင်စိတ် ပျောက်တဲ့အထိ အကြိမ်ကြိမ် ပြန်လုပ်ပါ။

၅။ လက်ကို မအားအောင် တစ်ခုခု လုပ်နေပါ။ ဥပမာ … ခဲတံဖြင့် ကစားနေပါ။

၆။ ဆေးလိပ်နဲ့ ပက်သက် နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကိုပြင်ပါ။ လမ်းလျှောက်၊ ရေကူး လေ့ကျင့်ခန်းများ လုပ်ပါ။

၇။ ပီကယ် ၀ါးပါ။ ဆေးလိပ် အစားထိုး အစားအစာကို သတိထား ရွေးချယ်ပါ။ သကြားဓါတ် မများပါစေနှင့်။

၈။ ရေများများ သောက်ပါ။ အရက်နှင့် ကဖင်းဓါတ် ပါသော အချိုရည်များကိုရှောင်ပါ။

ဆေးလိပ်ဖြတ် လက္ခဏာများ

ဆေးလိပ်မှာပါတဲ နစ်ကိုတင်း ဓါတ်ကြောင့် ဆေးလိပ် ဖြတ်စမှာ ခန္ဓာကိုယ် က ဆေးလိပ် တောင်းတတ် ပါတယ်။ ဂဏှာမငြိမ်ခြင်း၊ စိတ်တို လွယ်ခြင်း၊ ဗိုက်ဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးစေးများ ထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ဝေဒနာတွေ ကို ခံစား ရနိုင် ပါတယ်။ ဒီကာလမှာ တောင့်ခံနိုင်အောင် ကြိုးစား ရပါမယ်။ မိသားစုဝင် တွေ က လည်း စာနာ ဖေးမ ပြီး ကူညီ ပေးရ ပါမယ်။ ဒီလက္ခဏာတွေ ဟာ သာမန် အားဖြင့် (၂) ပတ် အတွင်း ပျောက်ကင်း သွားနိုင် ပါတယ်။ ဆေးလိပ် ဖြတ်တာ (၁၅) နှစ်ကြာပြီ ဆို ရင်တော့ နှလုံးရောဂါရ နိုင်ခြေ ဟာ သာမန်လူတွေနဲ့ အတူတူ ပြန်ဖြစ် သွားပါမယ်။

သင်ကိုယ်တိုင် နှင့် သင့် မိသားစုဝင်တွေ ဆေးလိပ် အန္တရာယ်မှ ကင်းဝေး နိုင်ကြပါစေ။

မြဝတီ ကျန်းမာရေးဆောင်းပါး




ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)


ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)

ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။

Sleep Paralysis ကိုနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်း ဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူ တွေမှာသာ ပိုဖြစ်တတ် ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါ လောက်ပဲကြုံတတ် ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလို ပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေ ရှိပါတယ်။

ဘီလူးစီးတာ ဘာဖြစ်လို့ ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ ကတော့ အတော် လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်း ဆိုတဲ့ အဖြေ အတိအကျ တော့မရှိဘဲ သီအိုရီ သဘောတရားအရ ပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီ တစ်ဆင့်ခြင်း ဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်မှုတွေ ရှိပါတယ်။ တစ်ညတာ အိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျ ဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရ ပါတယ်။ အလွယ်ပြောရ ရင်တော့ NREM ဆိုတာက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော် သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။

REM အချိန်မှာလူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့် လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ် ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိ ပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာ လျှောက်မဖြစ် နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီ ဆိုရင် အိပ်မက်ထဲက အတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူကို ထိန်းချုပ် လို့ရတဲ့ ကြွက်သားတွေကို လုံးဝ မလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ ရအောင်လုပ်ပါတယ်။

ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင် ထိန်းနိုင်တဲ့ ကြွက်သားတွေကိုသာ သေအောင် လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာ လိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေကတော့ ပုံမှန် အလုပ်ဆက်လုပ် ပါတယ်။ အဲလို ဘီလူးစီးတယ် ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ရတာကတော့ ခုနက ပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်က ထိန်းချုပ်ထား တာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့ သိစိတ် ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေ တယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲ ဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ် ဖြစ်နေသလို ခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင် ဖြစ်ခါ အတော်ကြီးကို စိတ်ဒုက္ခ ရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့ အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။

ဆိုလိုချင်တာက အပြင်ကလူ တစ်ယောက်ယောက် မနှိုးမခြင်း၊ REM အဆင့် မကုန်သွား မခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့ အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ် ရှိနေတဲ့ REM အဆင့်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဦးနှောက်ဘာသာ ပြန်တာ လွန်ကဲပြီးဒီအခြေအနေပာာ အသက်အန္တရာယ်ထိ ရှိလာနိုင်တယ် အရမ်း ကြောက်ဖို့ ကောင်းတယ်လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါ ကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေ တစ်ရပ်မှာ အင်မတန်ကို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ ရတယ်လို့ ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေတတ် ပါတယ်။

ဒီလိုဦးနှောက်က ဘာသာပြန် မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင် သိပ်မရောက်တဲ့ အခြေအနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ် ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူ ကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိ ဖြစ်လာပါတယ်(ကျနော် တစ်ခါ ဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာတာ။ တော်သေး တယ် မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis) ပာာ အသက် အန္တရာယ် ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့ သူအတွက် တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ် ကောင်းခဲ့ပါတယ်။

ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက် အိပ်တတ် သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်းနယ် နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေ အရင်တည်းက ယူဆလာတဲ့ အချက်က အတော်မှန်နေတာ တွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက် မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန် မှန်နေပါတယ်။ ပက်လက်အိပ်တဲ့ အခါမှာ ခန္ဒာကိုယ်အနေ အထားကြောင့် လျှာ ဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ ဖိအားကြောင့် အသက်ရှူ လမ်းကြောင်းပိတ်ပြီး လေသိပ်မ၀င်တော့တဲ့အခါ ဘီလူးစီးတာ ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုပါတယ်။

ပုံမှန်အိပ်တာ၊ လေ၀င်လေထွက် ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကိုကာကွယ် နိုင်ပါတယ်။

Dr : Thurein Hlaing Win

Ref: https://www.facebook.com/royalheromedia


အထွေထွေဗဟုသုတ

အထွေထွေဗဟုသုတ( General Knowledge)
===========================

(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေ အတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်

(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြ မှာပါ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင် ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့) တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း
336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင် သောကြောင့် ဖြစ်သည်

(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက် အသက်ရှင်နေ နိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရသောကြောင့်သာ ဖြစ်ပါသည်

(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60 ပတ်မိ မှာဖြစ်ပါတယ်။

(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်

(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ် ။ အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကို မြင်လိုက်ရတဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ

(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသော မပုပ်မသိုးနိုင်တဲ့ အစားအစာ ကတော့ ပျားရည်ဖြစ်ပါတယ်၊၊

(16) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊

(17) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်

(18) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော်ရှိပြီး (hello)ဟလို ဟူသော နှုတ်ခွန်းဆက် စကားလုံး မရှိပေ၊၊

(19) ကမ္ဘာပေါ်တွင်ရှိသော လူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့် အာဖရိကတိုက်မှ 8 ယောက် စီရှိမှာ ဖြစ်ပါတယ်၊၊ ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပြူတာတစ်စုံကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်၊၊

(20) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့် သွားခြင်းမရှိပေ

(21) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ် ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင် ထက် ပိုမိုသော အပူချိန်ဖြစ်သည်

(22) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သော တစ်ခုတည်းသော ငှက်မှာ ဇီးကွက်ဖြစ်သည်

(23) ပုံမှန်အားဖြင့် တနေ့တာ အတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော် ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊ (သြော်... မိန်းမ မိန်းမ )

(24) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော် ဖြတ်သန်း နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(25) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက် သတ္တ၀ါကတော့ ဆင်ဖြစ်ပါတယ်

(26) ဂေါက်ရိုက် ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့ တလန်ပြည်မှ စတင် တီထွင်ခဲ့တယ်လို့ ဆိုပါတယ်၊၊ သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only Ladies Forbidden " လို့ သတ်မှတ် ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင် ကစားကြတာ ဖြစ်ပါ တယ်၊၊ also call Game Of Lazy Fallows

(27) ခြဘုရင်မ တစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

(28) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း) ဖြစ်ပါတယ်

(29) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်

(30) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း ခံရပါတယ်၊၊ သမ္ဓတ ကနေဒီကတော့ အထက် လွှတ်တော် အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ ရပါတယ်၊၊

(31) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး
သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊

(32) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး
သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူး နာမည်ဟာလည်း လင်ကွန်းဖြစ်နေ ပြန်ပါတယ်

(33) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့
ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန် ပါတယ် သမ္ဓတနှစ်ဦး စလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊

(34) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရပါတယ် သမ္ဓတကြီး လင်ကွန်းကို နိုင်ငံရေး လောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ 1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင် ကတော့ 1908 ခုနှစ်မှာ မွေးဖွားသူ ဖြစ်ပါတယ်၊၊

ဝန်ခံချက် ။ ။ ဖတ်ဖူးသမျှကိုသိမ်းစည်းထားလို့ ပြန်လည်ဖော်ပြပေးနိုင်ခြင်းပါ

------------------------------------------------------------
Copy and Credit to ^..^
အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

Ref: https://www.facebook.com/royalheromedia




20 Dec 2012

ညှို့မဂ္ဂဇင်းတွင် ခွင့်မတောင်းဘဲ ရေးခဲ့ သော ဆောင်းပါးနှင့် ပုံများ အတွက် နန်းခင်ဇေယျာ ကန့်ကွက်

ညှို့မဂ္ဂဇင်းတွင် ခွင့်မတောင်းဘဲ ရေးသားခဲ့ သော ဆောင်းပါးနှင့် ပုံများအတွက် နန်းခင် ဇေယျာ ကန့်ကွက်


လိင်ပညာပေး မဂ္ဂဇင်း ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်း၌ ပထမဆုံး ထွက်ရှိ လာသော
ညှို့မဂ္ဂဇင်းအပေါ် ဝေဖန်မှုများနှင့် ကန့်ကွက်မှု များစွာ ထွက်ပေါ်နေသည့် အချိန်အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် အင်တာနက်မယ်နှင့် ပရိတ်သတ် အားပေးမှု အများဆုံး ဆုရရှိခဲ့သည့် နန်းခင်ဇေယျာကလည်း သူမ၏ ပုံများ အသုံးပြုမှုအတွက် ကန့်ကွက်သတိပေးလိုက်ပြီဖြစ်သည်။
အဆိုပါကန့်ကွက်မှုကို သူမ၏ဖေ့ဘွတ်၌ ဖော်ပြထားပြီး ညှို့မဂ္ဂဇင်း အမှတ်(၁) ၊ အတွဲ(၁) တွင် ရိုက်ထောင့်နှင့် ရိုက်ချက်၊ မြင်ထောင့်နှင့်မြင်ချက် ဟူသော ကဏ္ဍ၌နန်းခင်ဇေယျာ၏ အကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး သူမ အနေဖြင့်မူ အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင် (ဇော်မင်းဝင်း-ဥပဒေ) ညွှန်းဆိုထားသော ဆောင်းပါး၏ ဆိုလိုရင်းရည်ရွယ်ချက်မှာ နိုင်ငံတကာပြိုင်ပွဲများတွင်ကြိုးစားယှဉ်ပြိုင်ခဲ့သော ညီမ၏ လုပ်ရပ်အပေါ်တွင် ချီးကျူးညွှန်းဆိုထားခြင်းဖြစ်ပြီး ဆောင်းပါးရှင်(ဇော်မင်းဝင်း-ဥပဒေ)၏ ဤကဲ့သို့ အသိအမှတ်ပြု ရေးသားဖော်ပြမှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိကြောင်းဖော်ပြထားသည်။
သို့သော် ညီမ(နန်းခင်ဇေယျာ)သည် ပရိသတ်၊ ပြည်သူများနှင့် အနုပညာရှင်တို့အား အဓိကပေါင်းကူးဆက်သွယ်ပေးနေသော ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများနှင့် အွန်လိုင်းမီဒီယာများအားလုံးကို အစဉ်အမြဲလေးစားတန်ဖိုးထားပြီး လိုအပ်သလို ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများကို အခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။
ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် အစရှိသော မည်သည့်ပုံနှိပ်မီဒီယာများကိုမှ ညီမ၏သတင်းလှုပ်ရှားမှုများ၊ ဆောင်းပါးများနှင့် အခြားဖော်ပြမှုများအတွက် ကန့်သတ်ထားခြင်း၊ တစ်စုံတစ်ရာတောင်းဆိုထားခြင်းများ လုံးဝမရှိပါ။ သို့ပါသော်လည်း ယခုထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်အချို့၏အမြင်တွင် သာမန်ထက်ပိုမိုထူးခြားနေခြင်း၊ ပထမဆုံးအကြိမ်ဖြန့်ချီထုတ်ဝေသော စာအုပ်အမျိုးအစားဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေဖြန့်ချီလျက်ရှိသော အခြားပုံနှိပ်မီဒီယာများနှင့် အမျိုးအစားကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့်ဆောင်းပါးနှင့် ဖော်ပြလိုသည့်ဓါတ်ပုံများအတွက် ကာယကံရှင်(အနုပညာရှင်)အား ကြိုတင်အသိပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။
ထိုသို့ကြိုတင် အသိပေးထားခြင်း မရှိသ ည့်အတွက်လည်း ညီမ၏ ပရိသတ်များနှင့် ထပ်တူ အံ့သြ ၀မ်းနည်း မိပါသည်။ ညီမ အနေဖြင့်ပရိသတ်၊ ပြည်သူတို့၏ အားပေးမှုဖြင့်ရရှိလာသောအောင်မြင်မှုနှင့် ရပ်တည်နေရသော အနုပညာရှင်တစ်ဦးအနေဖြင့်သာမက Miss Myanmar တစ်ဦးအနေဖြင့်ပါ ကြိုးစားရပ်တည်နေဆဲဖြစ်ပါသည်။
ထို့ကြောင့် ပရိသတ်နှင့် ပြည်သူများ၏အထင်လွဲမှားမှုများဖြစ်ပွားနိုင်သော အကြောင်းအရာတစ်ခုဖြစ်လာနိုင်သည့် ညီမ၏ဓါတ်ပုံများကို ကြိုတင်အသိပေးခြင်းမပြုလုပ်ဘဲ ညှို့မဂ္ဂဇင်းတွင် အသုံးပြုဖော်ပြခြင်းအတွက် ဆောင်းပါးရှင် အပါအ၀င် ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများကို လေးစားစွာအသိပေး အကြောင်းကြားကန့်ကွက် သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးကြေငြာ အပ်ပါ သည်ဟု ရေးသားထားခြင်းဖြစ်သည်။
အဆိုပါမဂ္ဂဇင်းတွင် ယင်းသို့ ဖော်ပြပါရှိခဲ့သည့်အတွက် သူမ ပရိသတ်များ၏ ဝေဖန်ကန့်ကွက်မှုများစွာ ကြုံတွေရကြောင်းလည်း နန်းခင်ဇေယျာက ရေးသားထားခဲ့သည်။
 ဓါတ်ပုံ- နန်းခင်ဇေယျာ ဖေ့ဘွတ်မှ 


Popular News



စိုးရိမ်နေကြတာပါကမ္ဘာကြီးမပျက်ပါမဖြစ်နိုင်ပါ

စိုးရိမ်နေကြတာပါကမ္ဘာကြီးမပျက်ပါမဖြစ်နိုင်ပါ....အောက်မှာဖတ်ပေးပါ

ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်ပေါင်း ဘယ်လောက်ကြာမယ်ဆိုတာ ဂဏန်းသင်္ချာနဲ့ မရေတွက်နိုင်ပါ။ ကြံဆပြီး သိရမယ့်အရာသာ ဖြစ်ပါတယ်။ ဘယ်လို ကြံဆရမလဲဆိုရင်….အလျား၊ အနံ၊ အမြင့် တစ်ယူဇနာရှိတဲ့ တိုက်ခန်း ၊ ဂိုဒေါင်ကြီးအတွင်းမှာ အလွန်သေးငယ်တဲ့ မုန်ညင်းဖြူစေ့ကလေးတွေကို အပြည့်ထည့်ထားလိုက်ပါ။ နှစ်ပေါင်းတစ်ရာကြာရင် မုန်ညင်းဖြူစေ့ တစ်စေ့ယူထုတ်ပစ်ရပါမယ်။ ဒီလိုနည်းနဲ့ ယူထုတ်ပစ်လို့ ဂိုဒေါင်ကြီးအတွင်းက မုန်ညင်းစေ့သာ ကုန်သွားမယ်။ တစ်ကမ္ဘာရဲ့ သက်တမ်း မကုန်ဆုံးသေးပါဘူး လို့ ကြံဆပြီး သိရပါ့မယ်။
ဒီအမေးအတွက် ကမ္ဘာအမျိုးအစားကို ပြောမှ ပြည့်စုံမှာပါ။ ကမ္ဘာနဲ့ပတ်သက်ပြီး ဘုရားပွင့်တဲ့ကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာကိုတော့ သုညကမ္ဘာ လို့ ခေါ်ပါတယ်။ဘုရားပွင့်တဲ့ အသုညကမ္ဘာက (၅)မျိုး၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာက (၁)မျိုး ဆိုပြီး ပေါင်းလိုက်တော့ ကမ္ဘာအမျိုး (၆)မျိုး ရှိပါတယ်။
ဘုရားပွင့်တဲ့ ကမ္ဘာငါးမျိုးက ဘုရားတစ်ဆူသာ ပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ လို့ ခေါ်ပါတယ်။ နှစ်ဆူပွင့်တဲ့ ကမ္ဘာက မဏ္ဍကမ္ဘာပါ။ သုံးဆူပွင့်တာက ၀ရကမ္ဘာဖြစ်တယ်။ လေးဆူပွင့်တာက သာရမဏ္ဍကမ္ဘာ ဖြစ်ပြီး၊ ငါးဆူပွင့်တာက ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။
ယနေ့ လူသားများ နေထိုင်ကြတဲ့ ကမ္ဘာကတော့ ဘဒ္ဒကမ္ဘာ ပါ။။ ဘဒ္ဒကမ္ဘာမှ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ၊ ဘုရား ငါးဆူ ပွင့်တော်မူပါမယ်။ ယခုအခါ လေးဆူမြောက် ပွင့်တော်မူပြီးတာက
55
ဂေါတမမြတ်စွာဘုရားပါ။ နောင်ပွင့်မှာက အရိမေတ္တေယျ ဘုရားရှင်တစ်ဆူ ကျန်ပါသေးတယ်။ ထိုဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာပါ။ ဒီကြားထဲ အရိမေတ္တေယျ ဘုရားရှင် မပွင့်သေးသမျှ ကာလပတ်လုံး ကမ္ဘာမပျက်နိုင် သေးပါဘူး။
ဒါကြောင့် ဗေဒပညာရှင်များရဲ့ အဆိုအရ (၂၀၁၂)မှာ ကမ္ဘာပျက်ကိန်း ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါကြောင်း ၊ ထိုသတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လုံးဝ မရှိကြောင်း အဖြေပေးလိုက်ရပါတယ်။

အရှင်ဦးကောဝိဒ (မြိတ်)


Ref: www.facebok.com



ဆေးလိပ်ဖြတ်သင့်သော ထိပ်တန်းအကြောင်းပြချက် ရှစ်မျိုး


ဆေးလိပ်ဖြတ်သင့်သော ထိပ်တန်းအကြောင်းပြချက် ရှစ်မျိုး

၁။ ဆေးလိပ်သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် လေပြွန်ရောင်ရမ်း၊ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေနှင့် အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

၂။ ဆေးလိပ် သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွား ပါတယ်။

၃။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေးပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန် မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်းတွေလည်း ညံ့ဖျင်းတတ်ပါတယ်။

၎။ သင် ဆေးလိပ်သောက်တာကြောင့် သင့်ပတ်ဝန်းကျင်မှ လူတွေရောဂါ ရတတ်ပါတယ်။

၅။ ဆေးလိပ်တစ်လိပ်ကို ၁၀၀ ကျပ်ပေးရပါတယ်။ တစ်နေ့ကို ၁၀ လိပ် သောက်မယ်ဆိုရင် တစ်နှစ်စာအတွက် ၃၆၅၀၀၀ ကျပ် အပိုငွေကုန်ပါတယ်။

၆။ အရွယ်မတိုင်ခင် အိုစာတာတွေ မဖြစ်ရလေအောင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်တာကြောင့် collagen ထုတ်လုပ်မှု ၄၀% ကျဆင်းသွားပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်တတ်ပါတယ်။

၇။ ဆေးလိပ်ဖြတ်တာကြောင့် အနံ့နဲ့ အရသာ အာရုံတွေ ပိုကောင်းသွား ပါတယ်။

၈။ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

Health — Nay Myo Shein — with Win S Bo.

Ref: https://www.facebook.com/photo.php?fbid=508353155862224&set=a.452811328083074.110728.452793661418174&type=1&ref=nf


ခရမ်းချဉ်သီးက ကင်ဆာကို ကာကွယ်နိုင်ရဲ့လား


ခရမ်းချဉ်သီးက ကင်ဆာကို ကာကွယ်နိုင်ရဲ့လား
.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ် ( Lycopene ) ဟာ လူသားကျန်းမာရေးကို
နည်းမျိုးစုံနဲ့ အကျိုးပြုပါတယ်။ ခုခံအားစနစ် ကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်းစတဲ့ ကောင်းကျိုး တွေရှိလို့ပါ။ ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီး စားလိုက်လို့ရလာတဲ့ လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ် ကင်ဆာအန္တရာယ်ကို လျော့ကျ စေပါတယ်။ သုတေသနတွေအရ တစ်ပတ်မှာ ခရမ်းချဉ်သီးဟင်း နှစ်ကြိမ်ကနေ လေးကြိမ် စားတဲ့အမျိုးသားတွေဟာ လုံးဝမစားတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နှုန်း ၃၃ ရာခိုင်နှုန်း လျော့ကျနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ဆဲလ်ပျက်စီးစေတဲ့ အဆိပ်မော်လီကျူးတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ခန္ဓာကိုယ်ကနေ လိုင်ကိုပင်းဓာတ် အလုံအလောက် စုပ်ယူနိုင်ဖို့ဆိုရင် ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီနဲ့ တွဲဖက်စားဖို့ လိုပါတယ်။ လိုင်ကိုပင်းဓာတ်ဟာ အဆီမှာပျော်ဝင်တဲ့ အာဟာရ ဖြစ်တာကြောင့် သံလွင်ဆီ၊ အဆီနည်းနို့ စတာတွေနဲ့ တွဲစားရင် ပိုကောင်းပါတယ်။ ခရမ်းချဉ်သီးမှာ ကင်ဆာကာကွယ်နိုင်တဲ့ ဖောလိတ်ဓာတ်၊ ဗီတာမင်အေ၊ စီ၊ အီး စတာတွေလည်း ပါဝင်တာကြောင့် ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ ခရမ်းချဉ်သီးကို တခြားအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားပေးရင်လည်း ကင်ဆာကာကွယ်နိုင်စွမ်း အပြင် တခြားကျန်းမာရေး အကျိုးကျေးဇူး တွေကိုပါ ထပ်မံရရှိနိုင်ပါတယ်။

Ref By - http://seinpanpyar.multiply.com/

https://www.facebook.com/photo.php?fbid=3549546197278&set=a.3055985058558.100040.1831311223&type=1&ref=nf


ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်



ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ် ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။
စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှတဆင့်

အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ် လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင် ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါး အဖြစ် အသုံးပြုပုံ များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။

(၂)သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွား အခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်း သွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။

ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။

ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက် ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက် ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။

(၂၄)အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက် ရောဂါများကိုပါ ပျောက်ကင်း စေပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်း များကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်း အကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။Myawady Health


Ref:https://www.facebook.com/photo.php?fbid=3549507156302&set=a.3055985058558.100040.1831311223&type=1&ref=nf



17 Dec 2012

“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”


“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”

Saturday, 15 December 2012
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။
ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထား
တဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိ သာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန် သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်း စေတယ်လို့ သိရပါတယ်။

Credit : https://www.facebook.com/pages/Myanmar-Online-News/459386844101959


28 Nov 2012

ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ


လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို
ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကို ပျော်ရွှင်မှုတွေပေးသလို
ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက
လူကိုပျော်ရွှင်စေသလို စိတ်မ ချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။
အောင်မြင်ခြင်းကလူကို ဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကို
ဝမ်းနည်းစေ တယ်။ မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ
ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင်
ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။
ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့
အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက
အတူတူပဲဖြစ်တယ်။ လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့်
ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က
စီးပွါးရေး၊အောင်မြင်ရေးမှာ ၃မှတ် လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့
ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။

တချို့အရာတွေက မတရားဘူးလို့ ထင်ရပေမယ့် သေချာ ချင့်ချိန်ကြည့်ရင်
တရားတာတွေချည်းပါပဲ။ တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။
ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။
အဲဒီဆင်းရဲသား သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို
ငွေထောင်သောင်းများစွာ သုံးမှဒါမှမဟုတ် သိန်းရာကျော်သုံးမှ သူရနိုင်တော့
မယ်။ အရသာပြင်းပြင်းကြိုက်လေ အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။
ငွေကြေးများလေလေ အဲဒီငွေတွေ ရဲ့တန်ဖိုးက သေးလေလေဖြစ်တယ်။
ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက အရမ်းချိုမြိန်ပါတယ်။
ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့ ချိုမြိန်တဲ့ အရသာကို
သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ
ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာ ကြောက်တယ်။
ကောင်းကောင်းစားရတဲ့လူက သေမှာ ကြောက်တယ်။ ဒါကြောင့် အခုခေတ်
ချမ်းသာတဲ့လူတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ပဲ၊ ပြောင်း၊
ဂျုံတွေကို အဓိကထားစားကြတယ်။ အဲဒီ အစားအစာတွေ အားလုံးက ဆင်းရဲတုန်းက
စားခဲ့တဲ့အစာ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့
အရမ်းစားချင်ခဲ့တယ်။ အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့်
မြေခွေးဟာခြံထဲဝင်ဖို့ ဝင်ပေါက်ကို လိုက်ရှာခဲ့တယ်။ နောက်ဆုံး
စည်းရိုးနားက ဝင်ပေါက်တစ်ခု ကို သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့
သူ့ခန္ဓာကိုယ်နဲ့ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက ဝင်ပေါက်သေးသေးလေးထဲ
ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင်စည်းရိုးအပြင်မှာ (၆)
ရက်ကြာအဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ ခြံထဲ ဝင်နိုင်ခဲ့ပြီး
စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ ပြည့်တင်းနေတဲ့ခန္ဓာနဲ့
ခြံအပြင်ထွက်ဖို့ မရမှန်း သိတော့ မြေခွေးဟာ (၆)ရက်ကြာ အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်း
ဖြစ်တယ်။ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့
ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက် နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။
ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက် တဲ့သူက
ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?
လောကကြီးတစ်ခုလုံးကိုကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က
တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင် တစ်လုံးပါပဲ။ကုတင်အလုံးတစ်ရာ
ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။ ဖိနပ်အရံ
တစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင်တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ
သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ် ဆိုရင်တောင်
သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံးအစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ
မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစား ကြည့်ဖို့ပါပဲ။ လူ့လောကထဲ
ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာအနိမ့်အမြင့်ဆိုပြီး အဆင့်အတန်း
ခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့ အနိမ့် အမြင့်ခွဲခြား
လို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ပျော်ရွှင် ခြင်းက ပိုရှုပ်ထွေးမယ်။
ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ
ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျားဒါမှမဟုတ် မိန်းမ
သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက်
ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ
ချောင်းမြောင်းနေလိမ့်မယ်။ ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ
ပျော်ရွှင်ခြင်းကထပ်ကြပ်မခွါလိုက်လို့နေတယ်။ နောက်ဆုံးမှာ အရာရာတိုင်းက
သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ် ဆိုတာကို
သင်သတိပြုမိလိမ့်မယ်။ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊
ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့က နောက်ကျမှ
ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။
တချို့ကနောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက
အတူတူပဲဖြစ်တယ်။ ရယူ ပိုင်ဆိုင်တုန်းက
ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံး
ချိန်မှာဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊
အရာတိုင်းက တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ
ဆောင်ရွက်ပေးခဲ့ပါတယ်။ သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။
ချမ်းသာ တဲ့လူက သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက
နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။ လူတချို့က (၁ဝ)မှတ် အပြည့်ရတယ်။
သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့် ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ
လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သော ကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သော ကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။
အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှ ဆုံးရှုံးမယ်။ လုံးဝမရသူက
ဆုံးရှုံးတော့မှာမဟုတ်ဘူး။

ဒါကြောင့် လူရယ်လို့ဖြစ်လာရင်ဘာအငြိုးအတေးမှ မထားနဲ့။ သူမှန်တယ်၊
ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့ တွယ်ကပ်တွက်ချက်မနေပါနဲ့။
လူဘဝဆိုတာကိုတွေ့ကြုံခံစားကြည့်ဖို့ပါပဲ။



မူရင်းရေးသားသူ -- He Quan- Feng (何何何) (စိတ်ပညာ)
(微微,當當當當當當 總總總總總總) (ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။ နောက်ဆုံးကိန်းက အတူတူပါပဲ)


Ref: http://www.mawcity.com


22 Nov 2012

သူရဿတီနတ်သမီးအကြောင်း



သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿဂါထာရွတ်ဆိုမှု၊ သူရဿသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။ ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင်လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေတောတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။

"သူရဿတီဟူသည်မှာ အိန္ဒိယမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တစ်ခု၏ နာမည်ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူအာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တစ်ပါးအနေဖြင့် ကိုးကွယ်လာကြကြောင်း၊ က္ကတ္တိလိင် (သဒ္ဒါ)၊ မြစ်နဒီမှ နတ်သမီးဖြစ်လာကာ သူရဿတီမြစ်သည် သူရဿတီနတ်သမီး မဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ဇနီး နတ်ဘုရားမတစ်ပါးဖြစ်လာပြီး ဝါစာ=စကားကို အစိုးရသည်၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ ပညာတို့ကို ပေးစွမ်းနိုင်သည်ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မာဏဝါဒီတို့က ပိုမိုကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။

ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မာဏဝါဒီတို့ဆိုင်ရာ နတ်သာ ဖြစ်သည်။ ဗြဟ္မာဏတို့၏ တန္တရ၊ မန္တရတို့ကိုလက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာသည်။ နီပေါပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့်အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကို ကိုးကွယ်မှုပြုခဲ့ကြောင်း သိရသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်သုံးပုံစောင့်မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။ သက္ကတ အလင်္ကာကျမ်းကို အမှီပြု၍ သီဟို၌ကျွန်း၊ အရှင်မဟာသံဃရက္ခိမထေရ်သည် သုဗောဓာ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင်သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမပြုသကဲ့သို့ "သရဏံ ပါဏိနံ ဝါဏီ မယှံပိဏယတံမနံ" ဟုဘုရားစကားတော် ပိဋကတ်တော်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေဟု တင်စားသုံးလိုက်သည်။ ထိုစကားအမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒဗုဒ္ဓဘာသာနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့်နတ်သား၊ နတ်သမီး၊ နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော်၊ သံဃာတော်များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို။ သူရဿတီဂါသာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှိပါ။"

......................................................

the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၅၈) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Ref: http://www.worldofwisdom.asia/2011/12/blog-post_3547.html


23 Oct 2012

ipad-mini





ဓာတ်ပုံ:http://myanmarplay.com


 ကမ္ဘာကျော် Apple ကုမ္ပဏီမှ ထုတ်လုပ်သည့်
iPad နောက်တစ်မျိုးကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စတင် ပြသတော့မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ယခု အသစ် ထုတ်လုပ်လာမည့် iPad Mini မှာ ယခင် iPad ထက် ပိုမို ငယ်ရွယ်ပြီး ဈေးနှုန်း လည်း ပိုမို ချိုသာပါတယ်..

အဆိုပါ  iPad Mini  မှာ ၇ လက်မမှ ၈ လက်မ  ရှိနိုင်မည် ဖြစ်ပြီး  တက်ဘလက် တစ်ခုအတွက် သင့်တော်သည့် အရွယ်အစား  ဖြစ်ကာ ၇ လက်မစီ ရှိသည့် မျက်နှာပြင်များကို ပိုင်ဆိုင်ထားသည့် Kindles နှင့် Nexuses တို့နှင့် ယှဉ်ပြိုင်ရန် အတွက်လည်း ပြီးပြည့်စုံသည့် အချက်တစ်ချက် ဖြစ်ကြောင်း သိရသည်။


Ref:http://www.mrtv4.net.mm