Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

3 Nov 2014

ဖင်ပြောင် ခရီးသွား ထောင်(၇)နှစ်ကျ



တမ္ဘားလုံးက နိုင်ငံတွေကို ကျောပိုးအိပ်တလုံးနဲ့  ဖင်ပြောင်သွားခဲ့သည့် အင်္ဂလန် နိုင်ငံသား
Stephen စတီဗင် တို့ စုံတွဲအား ဥရောပ တရားရုံးက ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်ပါတယ် ။
 
 
 
 

သွားလေရာ နိုင်ငံတလျှောက် မှာ အမှုခင်း ၃၀ ကျော်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ လူတဦးတယောက်ရဲ့  လွတ်လပ်ခွင့် ဆိုပေမယ့် ပါတ်ဝန်းကျင်နဲ့  နိုင်ငံတခု၇ဲ့  ယာဉ်ကျေးမှုကို ချိုးဖေါက်ရာရောက်ကြောင်း။
 

အမေရိကန်မှာ အခြေစိုက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဖင်ပြောင်အသင်း
American Association for Nude Recreation တွေကတော့ ဒါဟာလူတယောက်ရဲ့  လွတ်လပ်မှုကို တားဆီးပိတ်ပင်တာဘဲ ဖြစ်တယ်လို့ ကန့် ကွက်နေကြပါသည်၊
နိုင်ငံတကာမှာ ဖင်ပြောင်အသင်းဝင်ပေါင်း သိန်းနှင့် ချီရှိနေရာမှာ ဒေါ်လာ ၃၀ (၃၀၀၀၀)ကျပ် ခန့် နဲ့  ဖင်ပြောင် အသင်းဝင်ဖြစ်ပြီး အဖွဲ့ ကလုပ်တဲ့  ကမ်းခြေဖင်ပြောင်ပွဲ-အပန်းဖြေခရီး-တောတွင်းဖင်ပြောင်အိပ်ပွဲနှင့် တခြား ပျော်၇ွင်စရာတွေမှာ ခရီးစရိတ်ထညိ့ပြီး တ၀ကြီးကြည့် ၀င်ရောက်ပျော်ပါး၍ရပါသည်။
 
 
 

အာရှနိုင်ငံတွေမှာလည်း ဖင်ပြောင်းအသင်းဝင်များ အင်တာနက်နေတဆင့် ၀င်ထားပြီး အပန်းဖြေစခန်းလုပ်မယ့် နေရာမှာ သီးသန့် နေရာ ဌားပြီးကျင်းပကြပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင် ချင်းမိုင်မြို့  က တောင်ကုန်းတခုကိုဌားပြီး ဖင်ပြောင်ပါတီလုပ်ခဲ့သလို မလေးရှားမှာလည်း ကမ်းခြေတခုမှာ ဖင်ပြောင်လျှောက်ပွဲလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံသား နှစ်ဦးပါဝင်ခဲ့ကြောင်းနှင့် ထိုသူများကို မလေးရှားအစိုးရက အရေယူခဲ့ကြောင်းသိ၇ပါသည်။။
 
 
မင်းဗမာ ဘာသာပြန်ဆိုသည်။
 
 
myanmarlatestnews

30 Oct 2014

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ခဲ့သူ



အမေရိကန်နိုင်ငံ ၊ မီချီဂန်း ပြည်နယ် ၊ ဂျက်ဆင်မြို့လေးမှာ နေထိုင်တဲ့ အသက် အသက် ၁၇ နှစ်သာရှိသေးသော Broc Brown ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ၂၀၁၄ ခုနှစ် ဧပြီလမှာ တရားဝင် တိုင်းတာကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူရဲ့ အရပ်ကတော့ ၇ ပေ ၁.၅ လက်မရှိပါတယ်။

Ref : GWR

#YangonMediaGroup

အိပ်ရင်းနဲ့ကွန်ပြူတာ သုံးချင်သူများအတွက်



အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 


အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။ 

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။ 

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။


အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 


အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။ 

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။ 

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။




4 Oct 2014

မေတ္တာတရား ကြီးမားသူ



“သူတို့ကျွေးမွေးဖို့အတွက် အန်တီပိုင်ဆိုင်တဲ့ ခြံလေးတွေကို ရောင်းချပြီး ဘဏ်ထဲမှာ သတ်သတ် ငွေထည့်ထားတယ်” ဟု ပြောလာသူမှာ ခွေးအကောင် ၃၀၀ နီးပါးကို မွေးမြူထားသည့် အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သန်းဝေ ဖြစ်သည်။


လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကတည်းက ထိုကဲ့သို့ ခွေးများကို သူမွေးမြူ စောင့်ရှောက်ထားခြင်း ဖြစ်သည်။ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ခွေးများလည်း ပါသည်။ အိမ်တွင် လာရောက် စွန့်ပစ်ထားသော ခွေးများ၊ ဒုက္ခိတ ခွေးများကိုလည်း သူကျွေးမွေး စောင့်ရှောက်ထားသည်။ အားလုံးကို သူ့သားသမီးနှင့် မခြား အရိပ်တကြည့်ကြည့်နှင့်။


သားသမီး သုံးဦး၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်သန်းဝေသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် နန္ဒဝန်ရပ်ကွက်၊ ရပ်ကွက်ကြီး (၉)၊ အိမ်အမှတ် (၄၉၉-က) တွင် နေထိုင်ပြီး ခွေးများ မွေးရန်အတွက် ယခုခြံကို ဝယ်ယူခဲ့ကာ တိုက်အိမ်လေး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်သန်းဝေ၏ ခင်ပွန်းဖြစ်သော ဗိုလ်ကြီးအငြိမ်းစား ဦးတွမ်သည် ယခုလက်ရှိတွင် ကျန်းမာရေး အခြေအနေအရ အိပ်ရာထဲမှ မထနိုင်ဖြစ်နေပြီး ခင်ပွန်းကိုလည်း ပြုစုရင်း တစ်ဖက်တွင်လည်း ၎င်းချစ်ခင် ပြုစုစောင့်ရှောက်နေသည့် ခွေးအကောင် ၃၀၀ နီးပါး၏ နေ့စဉ် အလုပ်တာဝန်များကိုလည်း မမောမပန်းနိုင် အိမ်အကူ မောင်နှစ်မ နှစ်ဦးနှင့် လုပ်ဆောင်လျက် ရှိသည်။


“အိမ်မှာ မွေးထားပြီးတဲ့ ခွေးတွေကို ဘယ်သူလာတောင်းတောင်း မပေးဘူး။ သူတို့အတွက် တစ်နေ့ ကုန်ကျစရိတ်က ကျပ် ၆၀,၀၀၀ နီးပါး ကုန်ပေမယ့်လည်း အန်တီက သူတို့အတွက် လာလှူရင်လည်း သိပ်ပြီးတော့ လက်မခံဘူး” ဟု ဒေါ်ခင်သန်းဝေက ဆိုသည်။
အဆိုပါခွေးများ နာမကျန်း ဖြစ်ခဲ့သော အခါများတွင်လည်း ကိုယ်တိုင် ဆေးဝါးများဖြင့် ကုသပေးသကဲ့သို့ ကာကွယ်ဆေးထိုးသည့် အချိန်တွင်လည်း ဆရာဝန်များကို ခေါ်ကာ သေသေချာချာ ဆေးဝါးများ ကုသပေးလျက် ရှိသည်။


ဒေါ်ခင်သန်းဝေ၏ သားသမီး သုံးဦးမှာ အစိုးရဝန်ထမ်းများ ဖြစ်ကြပြီး သူ့တို့ဘဝကို သူတို့ဘာသာ ရပ်တည်နိုင်ကြပြီ ဖြစ်သည်။ လက်ရှိတွင် ခင်ပွန်းကို ပြုစုစောင့်ရှောက်ရင်း ကိုယ်ပိုင်လုပ်ငန်း အဖြစ် ခြံများကို ဝယ်ရောင်းလုပ်ကိုင်ခဲ့သည်။ ထိုသို့ စီးပွားရေးလုပ်၍ ငွေကြေးများ ရလာပါက ပျော်ရွှင်ရကြောင်း၊ ပျော်ရွှင်ရသည့် အကြောင်းရင်းမှာလည်း မွေးမြူထားသော ခွေးများကို ဒီထက်မက အစာဝဝလင်လင် ကျွေးမွေးလို၍ ဖြစ်ကြောင်း ဒေါ်ခင်သန်းဝေက ဆိုသည်။


ယခုအချိန်တွင် ဒေါ်ခင်သန်းဝေမှာ အသက်အရွယ်အရ စီးပွားရေး မလုပ်ဆောင်တော့ဘဲ ပိုင်ဆိုင်သည့် ခြံသုံးခြံကို ရောင်းချပြီး ဘဏ်ထဲတွင် အပ်နှံကာ ခွေးများကို ကျွေးမွေး စောင့်ရှောက်ထားပြီး ၎င်းမရှိတော့သည့် နောက်တွင်လည်း ၎င်းမွေးမြူထားခဲ့သည့် ခွေးများ နောင်ရေးအတွက်ပါ စီစဉ်ထားသည်။


“အခု ခြံတစ်ခြံကို သိန်းငါးထောင်ကျော်နဲ့ ဈေးစကား ပြောထားတာ ရှိတယ်။ ဒီခြံ အရောင်းအဝယ် တည့်သွားရင် ရတဲ့ ပိုက်ဆံကို လေးပုံပုံပြီး ဘဏ်ထဲမှာ အပ်နှံထားလိုက်မယ်။ သုံးပုံကတော့ သားသမီးတွေအတွက် တစ်ပုံကတော့ အန်တီ့ခွေးတွေ အတွက်ပါ။ သားသမီးတွေကိုလည်း စာချုပ်နဲ့ ချုပ်ဆိုပြီး ခွဲဝေပေးမှာ။ သူတို့အတွက် ပေးထားတဲ့ သုံးပုံကို အကုန်လုံး မထုတ်ယူခိုင်းဘဲ အတိုးသာ ထုတ်ခိုင်းမယ်။ အန်တီ့ခွေးတွေ အတွက်ထားတဲ့ တစ်ပုံကိုတော့ လုံးဝ မထုတ်ယူရဘူး” ဟု ခွေးလေးများကို အစာကျွေးရင်း အန်တီ ဒေါ်ခင်သန်းဝေက ဆိုလိုက်သည်။


ယခုလက်ရှိတွင် ခွေးအကောင် ၃၀၀ နီးပါးကို နေ့စဉ် ပြုစုစောင့်ရှောက်နေသော သူ့အတွက် ခွေးများနှင့် ပတ်သက်သော ဖြစ်ရပ်များလည်း ရှိသည်။

ခွေးမလေး ချောစုအပေါ် ဒေါ်ခင်သန်းဝေ သံယောဇဉ် အရှိဆုံးဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်ကျော် ကတည်းက မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးတွင် ချောစုကို တွေ့ရှိကာ အိမ်တွင် ခေါ်ယူမွေးမြူခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ ချောစုအကြောင်း တွေးမိ၊ ပြောမိလျှင် မျက်ရည် မဆည်နိုင်သေး။ 



“ဒီခွေးမလေးက အရမ်းလိမ္မာတယ်။ လူဝင်စား ခွေးမလေးလို့တောင် ထင်ရတယ်။ အန်တီ့ကိုလည်း အရမ်းချစ်တယ်။ သူက အနက်ရောင် ခွေးပုမျိုးလေး” ဟု သူက ဝမ်းနည်းစွာ ဆိုသည်။
သူ့အနားတွင်သာ မသေဆုံးခင် အချိန်အထိ ချောစု နေသွားခဲ့သည်။ ဒေါ်ခင်သန်းဝေမှာ တစ်ညလုံး မေတ္တာပို့၊ အမျှဝေပေးခဲ့ပြီး နံနက် ၁ နာရီလောက်တွင် ချောစု သေဆုံးသွားခဲ့သည်။ သူ မွေးမြူထားသော ခွေးများ သေဆုံးခါနီး အချိန်တိုင်းတွင် အမြဲမေတ္တာပို့ကာ သူ ဆုတောင်းပေးလေ့ ရှိသည်။


“နောက်ဘဝတွေမှာ အခုဘဝလို ခွေးဘဝ ဘယ်တော့မှ မရောက်ပါစေနဲ့။ ခွေးမဖြစ်ပါစေနဲ့လို့ပေါ့။ သူတို့သေသွားရင်လည်း အန်တီ ဘယ်တော့မှ လွှင့်မပစ်ဘူး၊ ခြံထဲမှာပဲ အမြဲ ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးတယ်” ဟု ဒေါ်ခင်သန်းဝေက ငိုရင်းပြောဆိုသည်။


The Voice


12 Sept 2014

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်


ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။


စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


''မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်စာရင် နိုင်ငံရေးပွင့်လင်းလာမှုက တိုး တက်လာနေပြီ။ ခုတွေ့ဆုံပွဲကစပြီး နောက် ပိုင်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိသလို နောက် လာမယ့်အချိန်မှာပဲ Solar Impluse လေ ယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။


အဆိုပါပြောကြားချက်ကို သမ္မတဦးသိန်း စိန်ကခွင့်ပြုခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်သို့ ဆင်းသက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။


ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံး လေယာဉှ်Solar Impluse 2 အား ၁၂ နှစ် ကြာ စမ်းသပ်တီထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေပိုင်နက်အတွင်း ဖြတ်
သန်းကာ ကမ္ဘာပတ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလေယာဉ်အား ၂ဝ၁၄ ဇွန် ၂ ရက် တွင် ဆွစ်ဇာလန်နိုင်ငံအတွင်း စမ်းသပ်မောင်း နှင်ခဲ့ပြီး အဆိုပါ စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့ ပထမဆုံး လောင်စာအသုံးမပြုဘဲ နေစွမ်းအင် ဖြင့်သာ ကမ္ဘာတစ်ပတ် စမ်းသပ်မောင်းနှင် မည့် အကြိုမောင်းနှင်မှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်မည့် နေစွမ်းအင်သုံးလေယာဉ်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဘိုးရင်း ၇၄၇ ထက် ပိုမိုကြီး မားကာ အလေးချိန်မှာ ကားတစ်စီးထက် ပိုမို ပေါ့ပါးကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လအတွင်း ကမ္ဘာပတ် မည့်ခရီးစဉ် စတင်မည်ဖြစ်ကာ အာရေဗျပင် လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် လေပိုင်နက် များအတွင်း ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်တွင် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
 
 ရန်ကုန်တိုင်းမ်



2 Aug 2014

ရှေ့လာမဲ့နှစ်ဆန်းမှာအင်္ဂလန်နိုင်ငံရဲ့အများအသုံးပြုတဲ့လမ်းတွေပေါ်မှာ မောင်းသူမဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ပြုတော့မှာပါ


 
 
 
 
 ရှေ့လာမဲ့နှစ်ဆန်းမှာအင်္ဂလန်နိုင်ငံရဲ့အများအသုံးပြုတဲ့လမ်းတွေပေါ်မှာ မောင်းသူမဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ပြုတော့မှာပါ။ အောက်စဖို့တက္ကသိုလ်နဲ့ ယူကေက အင်ဂျင်နီယာတွေ စမ်းသပ်တီထွင်တဲ့ မောင်းသူမဲ့ယဉ်တွေကို မူလက ၂၀၁၃ နှစ်မှာ စမ်းသပ်မောင်းနှင်ခွင့်ပြုဖို့စီစဉ်ထားပေမဲ့ ဥပဒေလိုအပ်ချက်တွေ ရှိနေတဲ့အတွက် စမ်းသပ်မှုတွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ နီဗာဒါနဲ့ဖလောရီဒါမှာ မောင်းသူမဲ့ယဉ်တွေ စမ်းသပ်နိင်ပြီဖြစ်ပါတယ်။

၂၀၁၃ခုနှစ် က ဂျပန်နစ်စန်ကုမ္ပဏီက မောင်းသူမပါတဲ့ယဉ်တွေကို ဂျပန်နိုင်ငံက အများသုံးလမ်းမှာ စမ်းသပ်မောင်းနှင်ခွင့်ပြုခဲ့ပါတယ်။

 BBC Burmese 

 
 

8 Jul 2014

ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း

 
 
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။

ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia

24 Jun 2014

တင်ပါး၊ ရင်သားနဲ့ သုတ်ပိုး စသည်တို့ကို အာမခံထားတဲ့ နာမည်ကျော်များ



ဘဲလေးကချေသည် Tamara Rojo တစ်ယောက် သူမရဲ့ ခြေထောက်တွေကို အာမခံထားဖို့ ကြိုးပမ်းရာမှာ အာမခံကုမ္ပဏီက တစ်ပတ်ကို ပေါင် သုံးသောင်းတောင်းပြီး ပြန်တုံ့ ပြန်လိုက်ပါတယ်။ ဘဲလေးကချေသည် တွေဟာ ခြေထောက်ဒဏ်ရာရဖို့ များတာကြောင့် အခုလိုများပြားတဲ့ ပမာဏတောင်းလိုက်ရတယ်လို့  ဆိုပါတယ်။

တခြားနာမည်ကျော်တွေရဲ့ ထူးထူးဆန်းဆန်းအာမခံထားရှိမှုတွေကို ကြည့်ကြည့်ရအောင်။

၁။ Tina Turner

Tina Turner ကတော့ သူမရဲ့ ခြေထောက်တွေကို ပေါင် ၂ သန်းနဲ့ အာမခံထားခဲ့ပါတယ်။ သူမရဲ့ Golden Eye သီချင်းနာမည်ကို Golden Legs လို့ ပေးတာက ပိုကောင်းမယ်ထင်တယ်။



၂။ Rihanna

၂၀၀၇ ခုနှစ်မှာ Rihanna ကလည်း သူမရဲ့ Sexy ကျတဲ့ ခြေထောက်တွေကို ဒေါ်လာ တစ်သန်းနဲ့  အာမခံထားခဲ့ပါတယ်။



၃။ Ronaldo

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ သူ့ ရဲ့ အဖိုးတန်ဆုံး ခြေထောက်တွေကို ပေါင် သန်း ၈၀ နဲ့ အာမခံထားခဲ့ပါတယ်။



၎။ Mariah Carey

Gillette က ကျင်းပတဲ့ “ နတ်ဘုရားမတစ်ပါးရဲ့ ခြေချောင်းအလှ” အစီအစဉ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၀၆ ခုနှစ်မှာ Mariah Carey ဟာ သူမရဲ့ ခြေချောင်းတွေကို ဒေါ်လာ ၁ ဘီလီယံနဲ့  အာမခံထားခဲ့လို့  ခြေထောက်အလှပိုင်ရှင်အားလုံးထဲမှာ တန်ဖိုးအကြီးမားဆုံး ခြေထောက်ဖြစ်ခဲ့ပါတယ်။



၅။ Keith Richards

The Rolling Stones အဖွဲ့ ရဲ့ ဂီတာသမား Keith Richards ကတော့ သူ့ ရဲ့ မှော်ဆန်လက်တွေတန်ဖိုးကို ပေါင် ၁ သန်းလို့ သတ်မှတ်ထားပါတယ်။



၆။ Madonna

ပေါ့ပ်ဘုရင်မ Madonna ကတော့ ယောင်္ကျားသားတွေကို ရင်ဖိုစေတဲ့ သူမရဲ့ ရင်သားနှစ်ဖက်ကို အာမခံထားခဲ့ပါတယ်။ ပေါင် ၁.၂ သန်းနဲ့ ပါ။



၇။ Julia Roberts

Julia Roberts ကတော့ သူမရဲ့ နာမည်ကျော်အပြုံးလေးကို ပေါင် ၁၈ သန်းနဲ့ အာမခံထားတယ်တဲ့ဗျာ။



၈။ Tom Jones

အဆိုတော် Tom Jones ကတော့ အထူးဆန်းဆုံးပဲလို့ ဆိုရမှာပဲ။ ရင်အုပ်ကအမွှေးတွေကို ပေါင် ၃.၅ သန်းနဲ့  အာမခံထားရှိပါတယ်တဲ့။ တစ်ချို့ က ပေါင် ၇ သန်းနဲ့  အာမခံထားထားတယ်လို့ တောင် ဆိုကြပါတယ်။ Samson လိုပဲ သူ့ ရဲ့ စွမ်းအင်တွေကို ရင်အုပ်အမွှေးတွေမှာ ကိန်းအောင်းနေလို့ ထင်တယ်။



၉။ Kylie Minogue

Kylie ကတော့ သူမရဲ့ အထင်ကရ တင်ပါးကို ပေါင် ၃ သန်းနဲ့ အာမခံထားပါတယ်။ အာမခံထားဖို့ စစ်ဆေးတဲ့ လူတွေတော့ ရင်ဖိုစရာပဲ။



၁၀။ David Lee Roth

Eddie Van Halen နဲ့ အတူ ကမ္ဘာကျော်ခဲ့တဲ့ ရော့ခ်တီးဝိုင်း Van Halen ရဲ့ အဆိုတော် David Lee Roth အာမခံထားတာကတော့ သိပ်မထူးဆန်းပါဘူး။ သူ့ ရဲ့ သုတ်ပိုးတွေကို ပေါင် ခြောက်သိန်းထဲနဲ့ ပါ။ ကလေးတွေ အများကြီး မတော်တဆရသွားရင် ဖခင်စရိတ်ကာမိအောင်လို့ ပါတဲ့ ။



ကဲ သင်ကော သင့်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းက တန်ဖိုးအရှိဆုံးလို့ ထင်လဲ။ အာမခံထားဖို့ ကော စိတ်ကူးမိရဲ့လား။

Ref: Mirror.co.uk
Trend Myanmar

23 Jun 2014

ဆုကြေးငွေဒေါ်လာ (၁၀၀၀၀)အထိ ချီးမြှင့်တဲ့ မလေးရှား နိုင်ငံက ကြက်အလှပြိုင်ပွဲ


အေသင်အောင်

မလေးရှားနိုင်ငံမှာ ရိုးရာအစဉ်အလာအရ နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အဲဒီပြိုင် ပွဲ ကတော့ ကြက်အလှ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချီးမြှင့်တဲ့ ဆုကြေးငွေက ဒေါ်လာ (၁၀၀၀၀) အထိ ရှိတာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ ဆီရာမာအမျိုးအစား ကြက်တွေ နဲ့ ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ ဒီကြက်ဟာ အလွန်ရှားပါးတဲ့ ကြက်အမျိုးအစားမှာပါဝင်ပြီး မလေးရှားနိုင်ငံ တစ်ဝန်းမှာ အကောင်ရေ (၂၅၀၀၀၀) အထိ သာရှိပါတယ်။
 
 ဒီကြက်တွေဟာ အကောင်သေး ပြီး (၁၇) အောင်စ သာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကြက်ဟာ မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာ ထင်ရှားကျော်ကြားခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန် ဖြစ်ခဲ့ပါတယ်။ ဒီကြက်ကို ဥရောပနဲ့ အမေရိကန်နိုင်ငံတို့မှာ လည်း အလှသဘော နဲ့ မွေးဖွားမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီကြက်ဟာ အကောင်သာ ငယ်ပေမယ့် ရဲစွမ်းသတိ္တ အလွန်ရှိပါတယ်။ ကြက်အလှ ပြိုင်ပွဲကို မလေးရှား နိုင်ငံ၊ ကွာလာ လမ်ပူမြို့မှာ ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။
 
 ကြက်တစ်ကောင်ရဲ့ ဟန်ပန် အနေအထားနဲ့ ရင်အုပ်ပုံစံ တို့ကိုကြည့်ပြီး ချန်ပီယံအဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီကြက်ရဲ့ရင်အုပ်ဟာ အခြားကြက်တွေနဲ့ မတူတဲ့ အလွန်မောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကြက်ကို စားသုံးလို့ ရှိရင် ရင်ကြပ်ရောဂါ ပျောက် ကင်းတယ်လို့ မလေးရှားပြည် သူတွေက ယုံကြည်ထားကြပါတယ်။ ဒီကြက်ဟာ ထိုင်းနိုင်ငံကတစ်ဆင့် ရောက်ရှိလာတယ်လို့ ခန့်မှန်း ထားကြပါတယ်။ ဒီကြက်ကို မွေးခြင်းကြောင့် ပျော်ရွှင်မှုတွေ ရရှိစေလိမ့်မယ်လို့ ယူဆထားကြပါတယ်။ ဒီကြက်ကို ချစ်မြတ်နိုးသူတွေစုပေါင်းပြီး အသင်းအဖွဲ့ တွေလည်း ဖွဲ့ စည်းထားတယ်လို့ သိရပါတယ်။
The Messenger

11 Jun 2014

သမုဒ္ဒရာထဲတွင် ငါးမန်းများနှင့်အတူ ကခုန်ခဲ့သည့် အမျိုးသမီး


ခန္ဓာကိုယ်ပေါ်တွင် အစင်းကျားများ ဆေးခြယ်ထားသည့် ဟန်နာဖရေဆာ အနေဖြင့် ရေကူးဝတ်စုံမှလွဲ၍ အခြား မည်သည့် အကာအကွယ် ကိရိယာ တန်ဆာပလာကိုမျှ ဝတ်ဆင်မထားချေ။ ရေအောက်တွင် သူမ ကခုန်နေချိန်၌ အရှည် (၁၆)ပေမျှ ရှိနေသည့် ငါးမန်းကြီးများ အနီးအနား၌ လှည့်ပတ်ကူးခတ်လျှက် ရှိသည်။

အသက်(၃၈)နှစ်ရှိ မော်ဒယ်လ်သည် အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ရေအနက် ပေ(၅၀)မျှထိ ငုပ်လျှိုးကာ သဘာဝအတိုင်း ကျက်စားသွားလာနေသည့် ဧရာမ ကျားငါးမန်းကြီးများကြားတွင် မြူးကြွ ကခုန်နေဟန် ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။

ကျားငါးမန်းများသည် ငါးမန်းဖြူများပြီးလျှင် ကမ္ဘာပေါ်တွင် လူသားများကို အန္တရာယ် အပေးနိုင်ဆုံး ငါးမန်းမျိုးစိတ် တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရသည်။

ယခုဓာတ်ပုံရိုက်ကွင်းသည် ငါးမန်းများ၏ မျိုးသုဉ်းလုနီးပါး ခြိမ်းခြောက်ခံနေရသည့် အခြေအနေများကို အဓိက ရည်ရွယ်တင်ပြမည့် Tears of a Mermaid အမည်ရှိ မှတ်တမ်းဗီဒီယို ရိုက်ကူးမှု အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူသားများ၏ ငါးဖမ်းခြင်းနှင့် ဆူးတောင်ဖြတ်တောက်ယူခြင်းတို့ကြောင့် ကျားငါးမန်း အရေအတွက် လျင်မြန်စွာ ယုတ်လျော့ ကျဆင်းလာခြင်းကို မီးမောင်းထိုးပြရန်နှင့် ကျားငါးမန်းများ၏ စစ်မှန်သော ပင်ကိုဗီဇ ဓလေ့စရိုက်များကို ထင်ဟပ်ပြသရန်အတွက် Tears of a Mermaidကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဘဟားမားစ်တွင် (၅)ရက်ကြာ ရိုက်ကူးရသည့် အဆိုပါ အစီအစဉ် မစတင်မီ ဟန်နာအနေဖြင့် ဗြိတိန်ရှိ သူမ၏ မိသားစုကိုပင် ကြိုတင်နှုတ်ဆက်စကား ပြောကြားထားခဲ့သည်။ ကျားငါးမန်းကြီးများကြား အကာအကွယ် တစ်စုံတစ်ရာ မပါဘဲ ကိုယ်ဟန်ပြ ကခုန်ရမည့် အစီအစဉ်သည် အလွန်အန္တရာယ်များကြောင်း နားလည်ထားသည့်တိုင် ဟန်နာက စွန့်စားကြည့်ရန် ရွေးချယ်ခဲ့သည်။

ဓာတ်ပုံများကို Emmyဆုရှင် ဓာတ်ပုံဆရာ ရှောင်ဟင်းရစ်ခ်ျက ရိုက်ကူးခဲ့ပြီး ရိုက်ကွင်းအဖွဲ့သား အများစုကမူ လှေပေါ်တွင်သာ ကျန်နေရစ်ခဲ့သည်။ (၅)ရက်ကြာ စိတ်ကြိုက်ရိုက်ကူးပြီးမှ မှတ်တမ်းဗီဒီယိုအတွက် စိတ်ကြိုက်တည်းဖြတ်နိုင်မည့် အခြေအနေမျိုး ရရှိလာခြင်းဟု သိရသည်။


“ဒီအစီအစဉ်ရဲ့ ဓာတ်ပုံရိုက်ချက်တိုင်း၊ ဗီဒီယို ပြကွက်တိုင်းဟာ တကယ့်ကို ဆန်းကျယ်လွန်းတဲ့ ပုံရိပ်တွေပါပဲ။ ပင်လယ်သမုဒ္ဒရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုံ့ဆော်မှု တစ်ခုအတွက် ရှောင်နဲ့အတူ စွန့်စားကြည့်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်လေ”ဟု ဟန်နာက ရှင်းပြခဲ့သည်။ သူမသည် (၂)မိနစ်ဆက်တိုက် အသက်အောင့်ထားနိုင်ပြီး ထိုအတောအတွင်း ရေအောက်သို့ ငုပ်လျှိုးကာ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူးရေး အစီအစဉ်တွင် ကျားငါးမန်းကြီး တစ်ကောင်၏ ဦးခေါင်းကို လက်ဖြင့် ထိခိုက်ပြခဲ့သလို ငါးမန်းများ၏ အမြီးနှင့် ဆူးတောင်များကို ထိတွေ့ ဆော့ကစားပြခဲ့သည့်တိုင် စိတ်ထဲတွင် ကြောက်ရွံ့နေမိကြောင်းလည်း သူမက ဝန်ခံသည်။

“စိတ်ထဲမှာ အရမ်းပဲ တုန်လှုပ်နေမိတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ် ရေငုပ်လိုက်ပြီး ကျားငါးမန်းတွေကို မြင်လိုက်ရတုန်းကပေါ့။ အရေးအကြီးဆုံးက သူတို့ရဲ့ စိတ်အခြေအနေ ဘယ်လိုဘယ်ပုံဆိုတာ နားလည်ထားဖို့ပါ။ ကျားငါးမန်းတွေဟာ တစ်ခါတစ်လေ သူတို့ရဲ့ သွားတွေနဲ့ ပါးစပ်ကို တစ်ခုခု စူးစမ်းကြည့်ဖို့ အသုံးချတတ်တယ်။ အဲဒီလို ကြုံလာရင် ဘယ်လို ရှောင်တိမ်းတတ်ရမယ် ဆိုတာကို နားလည်ရပါမယ်။ ကျွန်မတို့က ရေအောက်မှာ တောက်တောက်ပပ အရောင်မျိုး မဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရောင်တောက်တောက် အဝတ်အစားတွေကို ငါးမန်းတွေ မျက်စိကျသွားနိုင်တယ်”ဟု ဟန်နာက ရှင်းပြခဲ့သည်။

သူမက “ငါးမန်းတွေကို အန္တရာယ်ကင်းတဲ့ အခြေအနေကနေ ဘယ်လိုဘယ်ပုံ ထိကိုင်လို့ ရမလဲ ဆိုတာကို ကျွန်မ ကြိုတင် သင်ယူထားတယ်။ မှန်ကန်တဲ့ နည်းလမ်းက ချဉ်းကပ်ကြည့်ရင် သူတို့ကို သက်တောင့်သက်သာ ထိတွေ့လို့ ရပါတယ်။ ဒီခံစားချက်ကတော့ တကယ့်ကို အံ့ဩစရာပါပဲ။ နှာခေါင်းနားကို လက်နဲ့ပွတ်သပ်ပေးရင် သူတို့အရမ်း ကြိုက်တယ်ဆိုတာ ကျွန်မ သိလာရတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဓာတ်ပုံဆရာ ရှောင်ကမူ “ဒီဓာတ်ပုံ ရိုက်ချက်တွေက အရမ်းထူးခြားပါတယ်။ ဟန်နာက ရေငုပ်ကိရိယာ တစ်ခုတစ်လေမှ သုံးမထားဘူး။ ရေကူးဝတ်စုံနဲ့ ခန္ဓာကိုယ်မှာ ဆေးခြယ်မှုပဲ လုပ်ထားတယ်။ အနုပညာ အမြင်အရ အပြည့်စုံဆုံး ဖန်တီးမှု ဖြစ်လာဖို့ပါ။ သူ့အတွက် ရေငုပ်မျက်နှာဖုံး၊ အကာအကွယ် ပစ္စည်းတွေ တစ်ခုမှ မပါဘူး။ ဒါပေမဲ့ ဟန်နာဟာ သူကြိုတင် လေ့ကျင့်ထားတဲ့ စွမ်းဆောင်ရည်တွေ၊ အတွေ့အကြုံတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။ ရိုက်ချက်တိုင်း အပြစ်အနာအဆာ မရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်”ဟု ချီးကျူးစကား ပြောဆိုခဲ့သည်။

ဟန်နာက “လူတွေက ကျွန်မကို ဒီကိစ္စမျိုး ဘာကြောင့် ရွေးချယ်ရတာလဲ၊ အသက်အန္တရာယ် ရှိလောက်အောင် စွန့်စားရတာလဲလို့ မေးခဲ့တယ်။ အထူးသဖြင့် သားစား ငါးမန်းတွေကြားမှာ ကိုယ်ဟန်ပြဖို့ ဆုံးဖြတ်ခဲ့တာကို သူတို့ နားမလည်ကြဘူး။ ကျွန်မအနေနဲ့ကတော့ ဘယ်လို တိရစ္ဆာန်မဆို ကျွန်မတို့ရဲ့ ဂေဟစနစ်ကြီး မျှတတည်မြဲနေဖို့အတွက် အရေးပါကြတာချည်းပဲလို့ ခံယူပါတယ်။ ငါးမန်းတွေဟာလည်း သမုဒ္ဒရာရဲ့ ဂေဟစနစ်အတွက် အရေးပါတဲ့ သက်ရှိတွေပါ။ လူတွေအနေနဲ့ ပင်လယ်သတ္တဝါတွေရဲ့ သဘောသဘာဝကို ပိုပြီး ထဲထဲဝင်ဝင် သိလာစေချင်တယ်။ အထူးသဖြင့် ငါးမန်းတွေကို လူတွေ တွေးတောပုံဖော်တဲ့ အမြင်နဲ့ ပတ်သက်ပြီး ကျွန်မက ပိုပြီးတော့ မှန်မှန်ကန်ကန် ရှိစေချင်တယ်လေ။ ငါးမန်းတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ သက်ရှိတွေပါ။ အကာအကွယ်ပေးဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာတော့ တစ်နှစ်ကို ငါးမန်းကောင်ရေ သန်း(၁၀၀)လောက် သတ်ဖြတ်ခံနေရတယ်။ ငါးမန်းကိုက်လို့ သေတဲ့လူက တစ်နှစ်ကို (၁၅)ယောက်လောက်ပဲ ရှိတယ်။ ဒီတော့ တကယ်တမ်း ရက်စက်တဲ့ ဖျက်ဆီးရေးသမားတွေက ဘယ်သူတွေလဲ။ ငါးမန်းလား၊ လူတွေလား”ဟု မေးခွန်းထုတ်ခဲ့သည်။

ကျားငါးမန်းများသည် အရှည်(၁၆)ပေမျှထိ ကြီးထွားတတ်ပြီး သမပိုင်းနှင့် အပူပိုင်းဇုန် သမုဒ္ဒရာများတွင် နေထိုင်ကျက်စားလေ့ ရှိသည်။ ယင်းတို့သည် သမုဒ္ဒရာများ၏ အထင်ကရ ညမုဆိုးများအဖြစ် သတ်မှတ်ခံရပြီး ညပိုင်းအချိန်များတွင် အဓိက အမဲလိုက်လေ့ရှိကာ ငါးများ၊ ဖျံများ၊ ပင်လယ်ငှက်များနှင့် လိပ်များကို ဖမ်းယူစားသောက်လေ့ရှိသည်။

Ref; Dailymail
7 Day Daily


ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု

ကျပ်သိန်း(၉၀) ငွေထုပ်ကို ပိုင်ရှင်ထံပြန်ပေးသော ဦးစန်းဝင်း (ဓာတ်ပုံ − ဇော်မင်းထိုက်)

ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သော ကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ရှိပြီး ပြန်လည်ပေးအပ်ခဲ့သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအား ဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက်ရသည့်နေ့တွင် ငွေထုပ်တွင်ပါရှိ သည့် လိပ်စာအတိုင်း လိုက်ရှာ ပေးသော်လည်း မတွေ့သဖြင့် မြန် မာ့စီးပွားရေးဘဏ်မန်နေဂျာထံ ပြန်လည်အပ်နှံခဲ့ကြောင်း မေ့ ကျန်ခဲ့သူမှာRTCမှ ၀န်ထမ်းတစ် ဦးက လစာငွေများထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့်အနေဖြင့် ကန် တော့သော်လည်း ကိုယ်ချင်းစာ ပြီးလက်မခံခဲ့ဘဲ ပြည်မြို့ရှိ စေတနာရှင်ဒေသခံများက ရိုးဂုဏ်ကို ချီးမြှင့်ခြင်းဖြစ်သဖြင့် ၀မ်းသာစွာလက်ခံပြီး ဘဏ်၌သာအပ်နှံထားကြောင်းဦးစန်းဝင်း ကပြောသည်။

အဆိုပါ အနှေးယာဉ်လုပ် သား၏ အကျင့်စာရိတ္တအားဂုဏ် ပြုသည့်အနေဖြင့် မြိုခံလူထု ၇၀ ကျော်စုပေါင်း၍ ငွေကျပ် ခုနစ် သိန်းငါးထောင်ဆုချီးမြှင့်ခဲ့ သည်။

‘‘ဒီလိုပြုလုပ်ပေးမယ်လို့မ ထင်ထားဘူး။ ကိုယ့်ရဲ့ ရိုးသားမှု ကို အသိအမှတ်ပြုတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်။ကောက် ရတဲ့ အဲဒီငွေတွေကို ပြန်မပေးဘဲ ထားလို့ရပါတယ်။ ဒါပေမဲ့ ပျောက် သွားတဲ့လူဘက်ကို ကိုယ်ချင်းစာ တယ်။ လိုက်ရှာပြီး ပြန်ပေးတယ်။ ကောက်ရတဲ့ငွေတွေနဲ့ ကျွန်တော့် မိသားစုစာဝတ်နေရေးမှာအသုံး ပြုဖို့ဟာ လုံးဝစိတ်မသန့်ဘူး’’ဟု ဦးစန်းဝင်းကပြောသည်။

‘‘ကျွန်တော်တို့ဒေသခံတွေ က စုပြီးချီးမြှင့်တာ။ တစ်ထောင် ထည့်တဲ့သူလည်းပါတယ်။ နှစ် ထောင်၊ ငါးထောင်စသည်ဖြင့်ပေါ့ ။ တစ်သိန်းအလှူရှင်ကတော့ မ လေးရှားကနေ လှမ်းလှူတာဖြစ် တယ်’’ဟု ပြည်ဒေသခံဦးဇင်သိန်း ကပြောသည်။

7Day Daily


7 Jun 2014

အဘိုးအတွက် မကွဲနိုင်၊ မအက်နိုင်တဲ့ခွက် တီထွင်ပေးခဲ့တဲ့ ၁၁ နှစ်သမီး

အသက်အရွယ် အိုမင်းလာတဲ့ အလျှောက် လက်တုန်၊ ခြေတုန် ဖြစ်ပြီး အရာဝတ္ထုတွေကို မြဲမြံအောင် မကိုင်နိုင်တော့တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ဘိုးအေ ဖြစ်သူအတွက် ရည်ရွယ်ပြီး မကွဲ မအက်နိုင်တဲ့ ခွက်တစ်မျိုးကို ၁၁နှစ်အရွယ် သမီးငယ်လေးက တီထွင်ပေးခဲ့ပါတယ်။


လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဘိုးအေ ဖြစ်သူဟာ ခွက်ပေါင်းများစွာကို မြဲမြဲအောင် မကိုင်နိုင်တော့ဘဲ လွတ်ကျ ကွဲကျစေခဲ့ပါတယ်။ ဒါ့ကြောင့် ခွက်တွေကို ပိုပြီး မြဲမြံအောင် ကိုင်နိုင်စေဖို့ သူမ တီထွင်ဖို့ စိတ်ကူးခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမှာ နေထိုင်သူ Lily Born က ပြောပြခဲ့ပါတယ်။

အဆိုပါ Kangaroo ခွက်ကိုတော့ BPA မပါဝင်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး ခြေချောင်း ၃ ခုပါဝင်ပါတယ်။ ဒါက အဘိုးအတွက် အပူခံပြား၊ မလိုအပ်ဘဲ အဆင်ပြေပြေ ခွက်ကို ကိုင်နိုင်ဖို့အတွက်လို့ သူမက ရှင်းပြပါတယ်။


လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက သူမဟာ ဘိုးအေဖြစ်သူအတွက် ခွက်ဒီဇိုင်းကို စိတ်ကူးယဉ် တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ခွက်မှာ ပါဝင်ရမယ့် အဓိက အစိတ်အပိုင်းတွေပေါ်မှာ တီထွင် လုပ်ဆောင်ခဲ့ပြီးနောက် သူမရဲ့ ဖခင်ထံမှ အကူအညီများစွာ ရရှိခဲ့ပါတယ်။


ကျွန်မတို့ ကြွေထည် ခွက်ပုံစံ ထုတ်လုပ်ခဲ့ကြပြီး Kickstarter မှာ ရောင်းခဲ့ကြတယ်လို့လည်း သူမက ပြောပါတယ်။ အဲဒီအချိန်က သူမတို့ တစ်မိသားစုလုံး ကြွေထည်ခွက်တွေကို သုံးနေပေမယ့် သူမရဲ့ ၀မ်းကွဲမောင်နှမဖြစ်သူကတော့ လွတ်ကျ ကွဲကျမှာ စိုးတဲ့အတွက် သုံးဖို့ ကြောက်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် မကွဲနိုင်တဲ့ ပုံစံမျိုး ထုတ်လုပ်ဖို့ သူမကြိုးစားခဲ့ပြီး ဒီဇိုင်နာတွေနဲ့ ဈေးကွက်ကျွမ်းကျင်သူတို့ထံကနေ အကူအညီအချို့ ရရှိခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် အခုနောက်ဆုံးမှာတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ Kangaroo ခွက် ရရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီခွက်တွေရဲ့ အဓိက ခြားနားချက်ကတော့ Polypropylene ပါဝင်ခြင်း မရှိဖူးလို့ သူမက ပြောပါတယ်။

ဒီခွက်တွေ ထုတ်လုပ် ရောင်းရနိုင်ဖို့ဆိုတာ အရမ်းဈေးကြီးပါတယ်။ ကျွန်မ ရနိုင်တဲ့ ၁၂၅ နှစ်စာ အသုံးစရိတ်ကို စုဆောင်းနိုင်မှသာ ဒီခွက်တွေ ထုတ်နိုင်မှာလို့ သူမက ပြောပါသေးတယ်။ အဲဒီလို ရင်းနှီးမြုပ်နှံမှုတွေ ရလာဖို့အတွက် မီဒီယာတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ သူမရဲ့ စဦးဆုံး ဖန်တီးထုတ်လုပ်ရောင်းချမှု campaign ကနေ  တန်ဖိုး ငွေ ဒေါ်လာ ၁၆၃၁၁ ရရှိလာပြီး ၃၂ ရက် ကျန်သေးတယ်လို့ သိရပါတယ်။

World Myanmar News


သမုဒ္ဒရာ ကြမ်းပြင်ထက်မှ အဖြူရောင် မိန်းမလှလေးများ


ဘင်ဂျမင် ဗွန်ဝေါင်သည် စိတ်ကူးဆန်းသစ်သည့် စွယ်စုံရ ဓာတ်ပုံဆရာ တစ်ဦးအဖြစ် နာမည်ရနေသူ တစ်ဦးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအနီးရှိ ပင်လယ်ကြမ်းပြင်အောက် သင်္ဘောပျက်ကြီး တစ်စင်းတွင် ဘင်ဂျမင်နှင့် ၎င်း၏အဖွဲ့ ဖန်တီးခဲ့သော ရေအောက်ဓာတ်ပုံများမှာမူ ဒဏ္ဍာရီဆန်ဆန် ပုံရိပ်မျိုးသဖွယ် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဘင်ဂျမင်တို့ အဖွဲ့သည် သရုပ်ပြမော်ဒယ်လ် မိန်းကလေးများကို ရေနက်ပိုင်း သင်္ဘောပျက်ကြီးတွင် ကိုယ်ဟန်ပြစေပြီး ဆန်းကျယ်လှပသည့် ရှုထောင့်များမှ ဓာတ်ပုံကောင်းများ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရိုက်ကူးရေး လုပ်ငန်းစဉ်ကို ဘင်ဂျမင်က YouTubeတွင် လွှင့်တင်ခဲ့ရာ လူအများ၏ ချီးကျူးမှုကို ခံယူခွင့် ရခဲ့သည်။ အရောင်ရင့်ရင့် ပင်လယ်ရေအောက် ရှုခင်းကို နောက်ခံထားကာ အဖြူရောင် ဂါဝန်ရှည်နှင့် မော်ဒယ်လ်များ၏ ပုံရိပ်ကို ဘင်ဂျမင်က အမိအရ ကြိုးစား ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းရိုက်ကွင်းအတွက် ရေငုပ်သမားများ၏ အကူအညီကို ရယူခဲ့ရသလို ဓာတ်ပုံအဖွဲ့သားအားလုံး အလွန်တရာ အားစိုက်ခဲ့ရကြောင်း သိရှိရသည်။ ဘင်ဂျမင်က ၎င်း၏ စိတ်ကူးစိတ်သန်းများ ဆန်းသစ်ခြင်းနှင့် ပတ်သက်၍လည်း ကိုယ်ပိုင်အမြင်ကို ပြောဆိုခဲ့သေးသည်။

“ကျွန်တော် အချိန်တွေ အကြာကြီး လေ့လာခဲ့တဲ့နောက် သေချာပေါက် သိရှိလာတာက အကောင်းဆုံး ရလဒ်တွေ ဆိုတာက အတော်ဆုံးဆိုတဲ့ ပညာရှင်တွေဆီကချည်း ထွက်ပေါ်လာတတ်တာ မဟုတ်ဘူး ဆိုတာပဲလေ။ အထိရောက်ဆုံး ရည်ရွယ်ချက်ကို ဖမ်းဆုပ်မိလိုက်တဲ့ လူတစ်ယောက်ရဲ့ စိတ်အတွေးကသာ တန်ဖိုး အရှိဆုံး ဖြစ်ပါတယ်”ဟု ဘင်ဂျမင်က ဆိုသည်။ ၎င်းက “ကျွန်တော့် ဓာတ်ပုံရိုက်ကွင်းတွေမှာ ပါဝင်တဲ့ သူတွေက တကယ့်ကို နှစ်နှစ်ကာကာ စိတ်အားထက်ထက်သန်သန် ကူညီချင်ကြတာကလည်း ကျွန်တော့်အတွက် အားတစ်ရပ်ပါပဲ”ဟုလည်း ပြောကြားသွားခဲ့သည်။



5 Jun 2014

ဘုရင် ၁ ပါး၊ လူ ၂၂ ယောက်နှင့် ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံ


ကိုယ်ပိုင်ဘုရင်ရှိသည်။ ကိုယ်ပိုင်အလံရှိသည်။ နိုင်ငံကိုယ်စားပြုကိုယ်ပိုင်အမှတ် တံဆိပ်ရှိသည်။ ကိုယ်ပိုင်ငွေကြေးယူနစ်ရှိသည်။ ကိုယ်ပိုင် တံဆိပ်ခေါင်းများ ရှိနေ သည်။ ဆီးလန်းသည် နိုင်ငံတစ်ခုအဖြစ် လိုအပ်သော အခြေခံ အဆောင်အယောင် များ ပြည့်စုံနေပြီဟု ဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ယင်းမှာ ဆီးလန်းတစ်နိုင်ငံလုံး လူ ၂၂ ဦးသာ နေထိုင်ခြင်းဖြစ်သည်။

အမှန်တကယ်အားဖြင့် ဘုရင်အုပ်စိုးသည့် နိုင်ငံ (Principality) တစ်ခုအဖြစ် ကမ္ဘာသို့ ကြေညာထားသည့် ဆီးလန်းသည် ဗြိတိန်ကမ်းလွန်မှ ပင်လယ်တွင်း ခံတပ် ဆိပ်ခံနေရာဟောင်း တစ်ခုသာဖြစ်သည်။ ဗြိတိန်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဆက်ဖ် ဖော့ခ်ကမ်းခြေမှ ၆ မိုင်မျှအကွာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ယင်းခံတပ်ကိုတည် ဆောက်ထားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ဆီးလန်းတွင် နေထိုင်သူများက မိမိတို့ သည် ဗြိတိန်၏ အစိတ်အပိုင်းမဟုတ်တော့ဟုဆိုကာ လွတ်လပ်ရေး ကြေညာပြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့်မူ ဆီးလန်းကိုနိုင်ငံအဖြစ် သတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ဆီးလန်းနိုင်ငံသားများကမူ ယင်းအခြေအနေကို ဂရုမစိုက်ချေ။ ၎င်းတို့သည် ကမ္ဘာ့အသေးဆုံး နိုင်ငံလေးတစ်ခုမှ နိုင်ငံသားများအဖြစ် ခံယူထားကြသည်။ စုစု ပေါင်း ၅၂၉၀ စတုရန်းပေမျှသာ ကျယ်ဝန်းသည့် နေရာလေးသို့ ကမ္ဘာလှည့် ခရီး
သည်များက ရေလမ်းခရီးမှ လာရောက်လည်ပတ်ကြသည်။ ထိုအခါ ဆီးလန်းနိုင်ငံ က ၎င်းတို့၏ပတ်စ်ပို့တ်တွင် တံဆိပ်တုံးထုပေးလေ့ရှိသည်။ ဆီးလန်း၏ လက်ရှိ ဘုရင်မှာ မင်းသားကြီး မိုက်ကယ်ဖြစ်သည်။ ၎င်း၏ ခမည်းတော် ရွိုင်းဘိတ်စ်သည်
အဆိုပါ ကမ်းလွန်ဆိပ်ခံကို နိုင်ငံအဖြစ် စတင်သတ်မှတ်ကာ ဘုရင်အဖြစ် ပထမဆုံး အုပ်ချုပ်စိုးစံခဲ့သူဖြစ်သည်။


ဆီးလန်းတွင် နေထိုင်သူများသည် ခံတပ်ဆိပ်ခံ အနီးတဝိုက်တွင် ငါးနှင့်ပုစွန်များ ရှာဖွေဖမ်းယူ အသက်မွေးကြသည်။ ထို့အပြင် သောက်ရေကိုလည်း ကိုယ်တိုင် ဖန်တီး ထုတ်ယူနိုင်ကြသည်။ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်တော်ဝင် မိသားစုနှင့် ဟန်ကျပန်ကျရှိလှသဖြင့် ဆီးလန်းသူ၊ ဆီးလန်းသားများအနေဖြင့် တစ်စုံတစ်ရာ မျက်နှာငယ်စရာ မရှိချေ။ သေချာသည့် အချက်တစ်ခုမှာ ဆီးလန်းနိုင်ငံသား ၂၂ ဦး စလုံးက မိမိတို့သည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်စွာ ခွဲထွက်ရပ်တည်နေပြီဟု အခိုင်အမာ ခံယူယုံကြည်ထားခြင်းဖြစ်သည်။ ဆီးလန်း၏ အဓိက စီးပွားရေးလုပ်ငန်း များတွင် ဒေသထွက် အမှတ်တရပစ္စည်းလေးများကို အင်တာနက်မှတစ်ဆင့် ရောင်း ချခြင်းလည်း ပါဝင်သည်။

ထူးထူးခြားခြားရောင်းချမှုမှာ ဆီးလန်းတွင် မိမိပိုင် သတ်မှတ်နေရာအဖြစ် တစ် စတုရန်းပေ အကျယ်အဝန်းကို ပေါင်စတာလင် ၂၀ မျှဖြင့် ဝယ်ယူထားနိုင်ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ဘိတ်စ်ကွယ်လွန်ပြီးနောက် အသက် ၆၃ နှစ်ရှိ မိုက်ကယ်က ဆီးလန်း၏ဘုရင်ဖြစ်လာသည်။ ၎င်းသည် လက်ရှိအချိန်ထိ မိသားစုများ၊ မိတ်ဆွေများနှင့်အတူ ဆီးလန်းတွင်ပင်နေထိုင်လျှက်ရှိသည်။ မိုက်ကယ်က မိမိ၏တိုင်းပြည်ကို ပြင်သစ်နှင့် ဂျာမနီတို့က အသိအမှတ် ပြုထားကြောင်း နှင့် စကော့တလန်ကလည်း ဗြိတိန်လက်အောက်မှ မိမိတို့၏ရုန်းထွက်နိုင်မှုကို အား ကျလေးစားနေကြောင်း ကြွားဝါလေ့ရှိသည်။

“ရပ်တည်ရတာတော့ ခက်ခဲလွန်းပါတယ်။ စကော့တွေကတော့ ကျွန်တော်တို့ကို အားပေးကြတယ်။ အဲဒီလိုပဲ ဗြိတိန်ကနေ စကော့တလန် ခွဲထွက်ဖို့ကိုလည်း ကျွန် တော်တို့က ထောက်ခံတယ်။ စကော့တွေက ကြီးကျယ်ခမ်းနားပြီး လွတ်လပ်မှုကို
အင်မတန် တောင့်တတဲ့လူမျိုးတွေပါ” ဟု မိုက်ကယ်ကဆိုသည်။ ၂၀၀၆ ခုနှစ်က ဆီးလန်းတွင် လျှပ်စစ်မတော်တဆမှုကြောင့် မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ထိုစဉ်က ဗြိတိသျှတော်ဝင်လေတပ်မှ ရဟတ်ယာဉ်တစ်စင်းက ဆီးလန်းမှ ဒဏ်ရာရသူ တစ်ဦး
အား ဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ရဖူးသည်။ ဆီးလန်းနိုင်ငံသားများသည် ရံဖန်ရံခါ ဘောလုံးကစားလေ့ရှိပြီး လက်ရွေးစင်ဘောလုံးအသင်းတစ်သင်း ဖွဲ့စည်း လိုသော်လည်း လူမပြည့်သဖြင့် အထမမြောက်သေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


4 Jun 2014

ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...









































ref;i-am-bored
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)