
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁
ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သည့် စစ်ကိုင်း မြို့နယ် မင်းကွန်းရွာတွင်
ဧရာဝတီ မြစ်ကမ်းပါးပြိုရာမှ တွေ့ရှိခဲ့သည့် လွန် ခဲ့သည့်နှစ် ၂ဝဝ ဝန်းကျင်က
နစ်မြုပ် ခဲ့သည်ဟုယူဆရသော ရှေးဟောင်း ကျွန်းလှေကြီးအား ယခုအခါ မင်းကွန်း
လေးဌာနဆရာတော်ကြီးများကဦး ဆောင်၍ ပြန်လည်ဆယ်ယူလျက် ရှိကြောင်း သိရသည်။
အဆိုပါလှေကြီးကို ဇန်နဝါရီ ၄ရက်က ဧရာဝတီမြစ်ကမ်း ဖောင် တော်သီဆိပ်တွင်...