
“သူတို့ကျွေးမွေးဖို့အတွက် အန်တီပိုင်ဆိုင်တဲ့ ခြံလေးတွေကို ရောင်းချပြီး ဘဏ်ထဲမှာ သတ်သတ် ငွေထည့်ထားတယ်” ဟု ပြောလာသူမှာ ခွေးအကောင် ၃၀၀ နီးပါးကို မွေးမြူထားသည့် အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သန်းဝေ ဖြစ်သည်။
လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကတည်းက ထိုကဲ့သို့ ခွေးများကို သူမွေးမြူ
စောင့်ရှောက်ထားခြင်း ဖြစ်သည်။ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ခွေးများလည်း
ပါသည်။ အိမ်တွင် လာရောက် စွန့်ပစ်ထားသော...