3 Jun 2014

ထိုင်းအာဏာသိမ်းဂယက် မြန်မာလုပ်သားများ အခက်ကြုံ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီဘက်က တရား မ၀င် ကူးသန်း သွားလာတဲ့ ဂိတ်တွေကို ပိတ်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အသွားအလာ အခက်အခဲဖြစ်ပြီး ဖမ်းဆီး ခံရတာတွေလည်း ပိုများလာပါတယ်။ ဒီကနေ့မနက်ပိုင်းကပဲ မဲဆောက်မြို့ဘက်မှာ...

ဝင်ငွေနှစ်မျိုးကို နှိုင်းယှဉ်ကြည့်ခြင်း

စားပွဲထိုးတစ်ယောက်ရတဲ့ ဝင်ငွေဟာ ပြည်သူ့ဘဏ္ဍာကို တရားမဝင်နည်းနဲ့ ရယူနေသူတွေ ဝင်ငွေထက် သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင်တယ်ဆိုတဲ့စကားကြားတော့ ‘‘ကျွန်တော်ခွန်အားတွေရှိသွားပြီ’’လို့ လှိုက်လှိုက်လှဲလှဲပြောလာသူက စားပွဲထိုးအမျိုးသားလေးတစ်ဦး။ ညဘက်စားသောက်ဆိုင် တစ်ဆိုင်မှာ မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေးတစ်ဦးနဲ့ မနက်ပိုင်း ရပ်ကွက်ထဲမှာ ဆုံဖြစ်တယ်။ တကယ်တော့ တစ်ရပ်ကွက်တည်း နေကြတာ။...

ဘောင်းဘီထဲမှာ ငှက် ၆၆ ကောင်ထည့်လာတဲ့ ခရီးသည် ကျူးဘားလေဆိပ်မှာ ဖမ်းမိ

အမေရိကန်ကို ပျံသန်းမယ့် လေကြောင်းနဲ့ လိုက်ပါမယ့် ခရီးသွား အမျိုးသားတစ်ဦးကိုတော့ ငှက်ငယ်ပေါင်း ၆၆ကောင်ကို တရားမ၀င် သယ်ဆောင်မှုနဲ့ ကျူးဘားလေဆိပ်မှာ ဖမ်းဆီးမိခဲ့ပါတယ်။ သူဟာ အဆိုပါ ငှက်ငယ်ပေါင်းများစွာကို သူ့ရဲ့ ဘောင်းဘီထဲမှာ ဖွက်၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အကောက်ခွန် အရာရှိကနေ လုံခြုံရေးအရ ရှာဖွေ စစ်ဆေးစဉ်မှာ ငှက်အသံကြားတာကြောင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဦးစွာသူက...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။ မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌...

အမေရိကန် ဖက်ရှင်ဆုတစ်ခု ချီးမြှင့်ခံခဲ့ရသည့် ရီဟာနာ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_347.html ရီဟာနာသည် အမေရိကန် ဖက်ရှင် ဒီဇိုင်း ပညာရှင်များကောင်စီ၏ နှစ်ပတ်လည် ညီလာခံတွင် ဖက်ရှင် Icon ဆုတစ်ခုကို  လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ ဘာဘေးဒိုးစ်ဖွား R&b ဂီတစတား အဆိုတော်မလေးသည် တနင်္လာနေ့ညက ညီလာခံသို့ တက်ရောက်လာပြီး ဆု လက်ခံယူခဲ့ခြင်း ဖြစ်သည်။ ဖက်ရှင်နှင့် ပတ်သက်ပြီး အမြင်ဆန်းသစ်သူ...

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ

ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက် အကျိုးရှိစေသောအရာများပါဝင်သည်ကို မသိကြသဖြင့်မကြာခဏစွန့်ပစ်လေ့ရှိကြသည်။  ကြက်သွန်နီအခွံ သွေးတိုးခြင်းကိုလျော့ကျစေနိုင်ပြီး သွေးကြောများအတွင်း သွေးခဲမှုကို ကာကွယ်နိုင်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းတစ်မျိုး ကြက်သွန်နီ အခွံများတွင် ပါဝင်သည်။...

MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ

   MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေတွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။  ကာလရှည်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နိုင်သည့်...

ကြိုးဝိုင်းထဲတွင် ချစ်သူကို လက်ထပ်ခွင့် တောင်းခံခဲ့သည့် လက်ဝှေ့သမား

ချန်ပီယံဘွဲ့ကို အောင်မြင်စွာ ထိန်းသိမ်းနိုင်သည့် နိုင်ပွဲအပြီးတွင် လက်ဝှေ့သမား တစ်ဦးက ၎င်း၏ ချစ်သူအား ကြိုးဝိုင်းထဲတွင်ပင် လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း သိရှိရသည်။ Cobraဟူသော အမည်ပြောင် ရရှိထားသည့် ဗြိတိသျှ လက်ဝှေ့သမား ကားလ်ဖရော့ခ်ျသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဝင်ဘယ်လ်ဒန်တွင် ဂျော့ဂ်ျဂရို့စ်ကို အနိုင်ရရှိအောင် ထိုးသတ်ယှဉ်ပြိုင်သွားခဲ့သည်။ အဆိုပါ နိုင်ပွဲကြောင့် ဖရော့ခ်ျ...

လူကြီးမင်း ဒုက္ခ ကင်းစေလိုသည်

‘‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်’’ ဟူသော အသံချိုချိုကို မြန်မာပြည်သူတိုင်းနီးပါး ကြားဖူးသည်။ ထိုအသံသည် ချိုသာသော်လည်း တယ်လီဖုန်းသုံးစွဲသူပြည်သူများအဖို့မှာ လူကြီးမင်းဟူသော အသံကို စတင်ကြားရရုံဖြင့် စိတ်ညစ်ကြရသည်။ ဆက်သွယ်မှု ဧရိယာပြင်ပသာမက ကမ္ဘာ့အပြင်သို့ပင် ရောက်စေကာမူ မြန်မာပြည်သူအဖို့မှာ လူကြီးမင်းခေါ်ခံရုံမှတစ်ပါး...