3 Jun 2014

အမေရိကန် ဖက်ရှင်ဆုတစ်ခု ချီးမြှင့်ခံခဲ့ရသည့် ရီဟာနာ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_347.html

ရီဟာနာသည် အမေရိကန် ဖက်ရှင် ဒီဇိုင်း ပညာရှင်များကောင်စီ၏ နှစ်ပတ်လည် ညီလာခံတွင် ဖက်ရှင် Icon ဆုတစ်ခုကို  လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။



ဘာဘေးဒိုးစ်ဖွား R&b ဂီတစတား အဆိုတော်မလေးသည် တနင်္လာနေ့ညက ညီလာခံသို့ တက်ရောက်လာပြီး ဆု
လက်ခံယူခဲ့ခြင်း ဖြစ်သည်။ ဖက်ရှင်နှင့် ပတ်သက်ပြီး အမြင်ဆန်းသစ်သူ တစ်ဦး အဖြစ် အသိအမှတ်ပြုခံရသော ရီဟာနာ
သည် အဆိုပါပွဲစဉ်တွင်လည်း လူအများ ၏အာရုံကို ဖမ်းစားနိုင်သည့် ဖက်ရှင်မျိုး ရွေးချယ်လာခဲ့သည်။ သူမသည်အတွင်းသားကို ထိုးဖောက်မြင်နေရလောက် အောင် ပါးလွှာပြီး ခရစ္စတယ်လ် အမှုန် လေးများဖြင့် တလက်လက် တောက်ပနေသည့် ဝတ်စုံရှည်ဖြင့် ပွဲတက်ရောက်လာခြင်း ဖြစ်သည်။

အဆိုပါ ဝတ်စုံကို ဒီဇိုင်းပညာရှင် အဒမ်ဆဲလ်မန်းကဖန်တီးပြီး Swarovski ခရစ္စတယ်လ်စေ့လေးပေါင်း ၂၁၆၀၀၀
မျှကို ထည့်သွင်းချုပ်လုပ်ထားသည်။ ရီဟာနာက ယင်းဝတ်စုံနှင့် အရောင် လိုက်လျော အဆင်ပြေသည့် ပဝါအား ဦးခေါင်းတွင် ရစ်ပတ်ပြီး သားမွေးခြုံ လွှာတစ်ထည်ကို လွှမ်းခြုံထားသည့် ဖက်ရှင်အား ရွေးချယ်ခဲ့သည်။ ရီဟာနာကို ဆုမပေးအပ်မီတွင် ဒီဇိုင်းပညာရှင်
တစ်ဦးဖြစ်သော ဇက်ပိုဆန်းက “ရီဟာနာက ဖက်ရှင်နဲ့ ပတ်သက်ရင် စွန့်စား ချင်တဲ့ အမြင်ရှိတယ်။ ပြီးတော့ သူက ဘာကို တကယ်တမ်း ကြိုက်နှစ်သက် တတ်သလဲ ဆိုတာကိုလည်း တိတိကျကျ သိထားတတ်တယ်။ ရီဟာနာက ဖက်ရှင်ကမ္ဘာမှာ ဝါရင့်တစ်ဦးလို ရပ်တည်နေတယ်။ ဒါပေမဲ့ မိန်းကလေးငယ် တစ်ယောက်ရဲ့ ရွှင်ပြလန်းဆန်းမှုလည်း ရှိပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
ဇက်က ရီဟန်နာ၏ ပွဲတက်ဝတ်စုံကို လည်း ချီးကျူးခဲ့သေးသည်။ “လူတွေသူ့ ကို ဘာကြောင့် သဘောကျသလဲဆိုတဲ့ အဖြေက ဒါပါပဲ” ဟု ၎င်းက ဆိုသည်။ ယခုပွဲတွင် ဆုလက်ခံယူပြီးနောက် ရီ ဟာနာက “ကျွန်မက ကျွန်းသေးသေး လေး တစ်ကျွန်းပေါ်မှာ ကြီးပြင်းလာခဲ့သူ
ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီးအများကြီး ထိတွေ့ခဲ့တာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်မ အမြဲတမ်းလိုလို အမှတ် အမေရိကန် ဖက်ရှင်ဆုတစ်ခု ချီးမြှင့်ခံခဲ့ရသည့် ရီဟာနာတရ ရှိနေတာက ကျွန်မစိတ်ထဲမှာ ဖက်ရှင်ဟာ အမျိုးသမီးချင်းယှဉ်ပြိုင်မှုမှာ အကာအကွယ်ပေးနေတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ဥပမာ ဒီအမျိုးသမီး ငါ့ထက်သာချင်သာမယ်၊ ငါ့အဝတ်အစားထက်တော့ မသာစေရဘူးဆိုတဲ့ အတွေးမျိုးပေါ့” ဟု ပြောကြားသွားသည်။

Planet Myanmar Network



















0 comments:

Post a Comment