21 Oct 2013

အရက်ဟာ ဦးနှောက်ကိုဘယ်လိုနည်းနဲ့ ဖျက်စီးနေပါသလဲ




အရက်ဟာလူတစ်ယောက်ရဲ့အသိဥာဏ်
ကိုစနစ်ကျကျဖျက်စီးနေပါတယ်။
ဒီလိုဖျက်စီးနေတဲ့စနစ်ကတော့အဆင့်သုံးဆင့်နဲ့ အစီစဉ်တကျဖျက်စီးတာပါ။
ဒီလိုဖျက်စီးတဲ့အခါမှာ -

ပထမအဆင့်
++++++++

ပထမဦးစွာအရက်သောက်နေတဲ့သူရဲ့ဦးနှောက်အရှေ့ ပိုင်ကို
လျင်မြန်စွာနဲ့ ဟန်ချက်ညီစွာတိုက်ထိုက်ကြပါတယ်။ဒီအပိုင်းကတော့ဦးနှောက်မှထို လူ၏လုပ်ငန်းတာဝန်တွေကို လျင်မြန်စွာ ဆုံးဖြတ်ချက်ချပေးရတဲ့ အပိုင်းဖြစ်လို့ ကြာလာရင်
အလုပ်ခွင်မှာဖြစ်ဖြစ်မိမိတာဝန်တွေမှာဖြစ်ဖြစ် ဖြစ်လာမယ့်ပြဿနာတစ်စုံတစ်ရာကို ကောင်းစွာမဖြေရှင်းနိုင်ဖြစ်လာပြီး
အခြားအမြန်လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေမှာလည်းအမှားပါလာတတ်ပါတယ်။

ဒုတိယအဆင့်
+++++++++

ဒီအဆင့်မှာတော့ဦးနှောက်ရဲ့အလယ်ပိုင်းကိုထိုးဖောက်
တိုက်ခိုက်လာပြီးအမူအရာပြက်လာနိုင်ပါတယ်။
ဒီအချိန်မှာတော့သတိမရှိတာမျိုး ၊ အလွယ်မေ့တတ်တာမျိုးတွေဖြစ်လာမှာပါ။

တတိယအဆင့်
++++++++++

နောက်ဆုံးအဆင့်အနေနဲ့ ဦးနှောက်ရဲ့နောက်ဆုံးအပိုင်း
(သို့ )ဦးနှောက်တစ်ခုလုံးကိုတိုက်ခိုက်ပြီးအရက်နိုင်သွားတဲ့အချိန်မှာတော့
နှလုံးခုံနှုန်း ၊ ကိုယ်တွင်းအပူချိန် နှင့်အသိစိတ် တွေပါပုံမှန်မဟုတ်တော့ပဲ
အရက်ကိုသာအာသာဖြစ်နေချိန်မှာတော့
အဲ့ဒီ့လူဟာအလွန်အန္တရာယ်များနေပြီး အသက်န္တရာယ်ကိုပါထိခိုက်လာပါပြီ။

ဒါ့ကြောင့်အရက်သောတာဖြစ်ဖြစ်ဘီယာသောက်တာဖြစ်ဖြစ်
အလ်ကိုဟောဓါတ်ပါတဲ့အခြားမည်သည့်အရည်ကိုသောက်သောက်
မိမိရောက်ရှိနေသောအဆင့်ကိုသိရှိစေပြီး မသောက်သောသူများပါ
သိရှိစေရန်ဖြစ်ပါတယ်...။

ZK(ကနောင်)
Scientist Myanmar


20 Oct 2013

သံဗူးကိုအသုံးပြုထားတဲ့ အဖျော်ယမကာတွေ သောက်တော့မယ်ဆိုရင်


သံဗူးကိုအသုံးပြုထားတဲ့ အဖျော်ယမကာတွေ သောက်တော့မယ်ဆိုရင်
==========================

eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။

ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် ။


ဆေးဝါးဆိုင်သတင်းဆောင်းပါး မှ

Ref : https://www.facebook.com/AP.NewsLover

19 Oct 2013

Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်

Play Store က Free ပေးတဲ့  ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....

APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ....

နည်းလမ်းကတော့.... အရင်ဆုံး (IDM)  Internet Download Manager ကို နည်းနည်းပြင်ပေးဖို့လိုပါတယ်.. IDM ကိုဖွင့်ပြီး Options ကို နှိပ်ပါ...

File types  မှာပုံထဲကအတိုင်း Space ခြားပြီး APK ရေးထည့်ပါ..(တခြား ကိုယ်ဒေါင်းယူစေချင်တဲ့ File Types တွေကိုလည်း အဲ့ဒီအတိုင်း ရေးထည့်ပေးနိုင်ပါတယ်)


 OK နှိပ်ပြီး Save လိုက်ပါ...။

ဒါဆိုရင် APK ဖိုင်လ်တွေကို IDM နဲ့ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်နေပါပြီ....။
ပြီးရင်.....
Play Store ကိုသွားပါ.... မိမိ ဒေါင်းယူလိုတဲ့ Game,App နေရာက URL ကို (Link) ကို Copy ကူးပါ...



ပြီးရင် ဒီ Link ကို  http://apps.evozi.com/apk-downloader/   နှိပ်လိုက်ပါ...

Package name or Google Play URL အောက် Box ထဲမှာ Right Click > Paste ချပြီး....
 

Generate Download Link ကို နှိပ်လိုက်ပါ...

ခဏနေရင် အောက်မှာ အစိမ်းရောင်လေးနဲ့ Click here to download ကိုနှိပ်ပြီး Internet Download Manager (IDM) နဲ့ အဆင်ပြေစွာဒေါင်းယူနိုင်ပါပြီ....
 
နောက်တစ်ခု ထပ်ဒေါင်းယူတော့မယ်ဆိုရင်တော့ APK Downloader Page ကို F5 Key ကို နှိပ်ပြီး Refresh လုပ်ပေးပါ...

အဆင်ပြေကြပါစေ...
 
ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

အားလုံးအတွက် အဆင်ပြေခဲ့တယ်ဆိုရင်  ဒီနေရာမှာ   Like & Share လုပ်ပေးခြင်းဖြင့်ကူညီကြပါဦးး... ကျေးဇူးတင်ပါတယ်...:)


www.winkabarkyaw.net