27 Oct 2011

ဘယ်မှာ ငါဟု ရှိအံ့နည်း

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊ မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော် သုဘရာဇာ ၊ မြေအောက်မှာပင် ဘာသာလူမျိုး ၊ ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။ (လယ်တီဆရာတော်ကြ...