30 Nov 2011

အမွှာညီအမနဲ့ တချိန်ထဲ နှစ်ပါးသွားမဲ့.. အာဂ ထိုင်းသတို့သား....

  ထိုင်းနိုင်ငံ Samut Songkram ပြည်နယ်မှာနေထိုင်တဲ့ Mr. Wichai Tao လို့ ခေါ်တဲ့ အသက် ၂၄နှစ်ရှိ လူငယ်ကလေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ Ms. Sirintara နှင့် Ms. Thipawan လို့ခေါ်တဲ့ အသက်၂၂ ရှိ အမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့ပါတယ်။ ထိုလူငယ်လေးကတော့ သူဟာ ထို အမွှာညီအမနှစ်ယောက်စလုံးကို တူညီတဲ့ အချစ်နဲ့ ချစ်ခဲ့တာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ထို အမွှာနှစ်ယောက်နဲ့ပတ်သတ်တဲ့...

ယောင်္ကျားလေးများ သိထားသင့်သော အချက်များ

၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောင်္ကျားလေးပီပီ အရင်လာချော့ပါ။ ၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။ ၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။ ၄။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။ ၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။ ၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။ ၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။ ၈။...

iPhone 4S နှင့် Galaxy S II - အမြင့်မှကျသည့်ဒဏ် ဘယ်သူခံနိုင်ပါ့မလဲ

 SquareTrade မှ ကွန်ပျူတာဂုရုများကတော့ အီလက်ထရောနစ်ပစ္စည်း အသစ်များကို ဖျက်ဆီးရတာတာကို အလွန်တရာမှ ဝါသနာထုံပါတယ်။ ဤထုံးစံကို ဆက်လက်ထိန်းသိမ်းပြီး အခုလည်းပဲ အသစ်စက်စက် iPhone 4S ကိုသာမက Samsung Galaxy S II ကိုပါ ရက်ရက်စက်စက် အမြင့်မှပစ်ချပြီး မှတ်ကျောက်တင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ ဘယ်ဖုန်းက အနိုင်ရရှိခဲ့တယ်လို့ ထင်ပါသလဲ။ ခန့်မှန်း ကြည့်ကြတာပေါ့။ တစ်ခုသေချာတာကတော့ iPhone...

Samsung Galaxy Nexus နှင့် Android 4.0 လက်တွေ့စမ်းသပ်ခြင်း

Android ဖုန်းများ၏ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ကမ္ဘာတစ်ဝန်း၌ မျှော်လင့်ခြင်းကြီးစွာ စောင့်ဆိုင်းနေခဲ့ရသည် Samsung Galaxy Nexus ဟာ ယနေ့မှာတော့ ဈေးကွက်တွင်း တရားဝင်ရောက်ရှိလာခဲ့ပါပြီ။ အဖြူရောင်ဘူးခွံအား ဖွင့်လိုက်မယ်ဆိုရင် လှပသေသပ်ပြီး အရွယ်အစားကြီးမားသည့် Galaxy Nexus ကို ရှာဖွေတွေ့ရှိမည်ဖြစ် ပါသည်။ မျက်နှာပြင် အရွယ်အားဖြင့် ကြီးမားသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းအောင်...

ဆေးမင်ကြောင်ဖျက်သည့် လေဆာနည်းပညာဖြင့် ပန်းချီ၊ ပန်းပုလက်ရာများမှ အစွန်းကွက်များကို ဖယ်ရှားနိုင်ပြီ

ကိုယ်ခန္ဓာကိုယ်ပေါ်က ဖျက်ပစ်ချင်တဲ့ ဆေးမင်ကြောင်အရုပ်တွေကို ဖျက်ရာမှာသုံးတဲ့ လေဆာနည်း ပညာဟာ နာမည်ကျော် ပန်းချီအနုပညာလက်ရာတွေ၊ နံရံပန်းချီတွေက စွန်းပေနေတဲ့ အညစ်အကြေးတွေကိုလည်း သန့်ရှင်းအောင်ပယ်ဖျက်ပေးနိုင်ကြောင်း သိရပါတယ်။အဆိုပါနည်းပညာဟာ အရာဝတ္တုတွေရဲ့မျက်နှာပြင်ပေါ်က ဖျက်ချင်တဲ့အရာတွေကို လေဆာရောင်ခြည်နဲ့ အငွေ့ပျံစေပြီး ပယ်ဖျက်တာဖြစ်ပါတယ်။ ယခုအခါ ဒီနည်းပညာကို အီတလီမှာလည်း...