30 Dec 2014
အကယ်ဒမီပေးပွဲတွင် ရိုင်းစိုင်းသည့်စကားလုံးပြောဆိုမိခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ပြန်လည်တောင်းပန်
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
အကယ်ဒမီ ပေးပွဲတွင် ရိုင်းစိုင်းသည့် စကားလုံး ထွက်ဆိုလိုက်မိခြင်းအပေါ် မြန်မာ့ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြန်လည်တောင်းပန် လိုက်ကြောင်း သိရသည်။
''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ကျွန်တော်က ရုပ်သံတွေကနေပြီး တော့ တိုက်ရိုက်ထုတ်လွှင့်ပေးတာ ကို သတိမေ့ပြီးတော့ ပြောလိုက်တဲ့ စကားလုံးကြောင့် ပရိသတ်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ တကယ်တော့ ပြေတီဦးအပေါ်မှာ သူအကယ်ဒမီ ဆုရသွားလို့ ဘာမလိုမုန်းတီးစိတ်မှ မရှိဘဲ အရင်ကတည်းက အပြင်မှာ ပြောနေကျအတိုင်း ကျွန်တော်ပြော လိုက်မိတာပါ။ အဲဒီအတွက် အား လုံးကို တောင်းပန်ပါတယ်''ဟု ယင်း ကဆက်လက်ပြောသည်။
အဆိုပါ တောင်းပန်စကားအား ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွငှ်ုပှအမေံသအနူ ၌ မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုရရှိသူများအတွက် ကျင်းပ သည့် ဂုဏ်ပြုညစာစားပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံးဥက္ကဋ္ဌ ဦးလူမင်းသည် အကယ်ဒမီ ပေးပွဲည ပွဲပြီးခါနီးအချိန်တွင် အကယ် ဒမီဆုရရှိသူများအား မီဒီယာသမား များက မှတ်တမ်းဓာတ်ပုံ ရိုက်ယူနေ ချိန်၌ စင်မြင့်အထက်တွင် ထိုင်ပြီး မိုက်ကရိုဖုန်းကိုင်ထားကာ ယခုနှစ် အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိသည့် ထပ်ဆင့် အကယ်ဒမီပြေတီဦး၏ နာမည်အား ခေါ်၍ ''ပြေတီ ပြေတီ ဟေ့ကောင် ငါဒီဘက်မှာ ထိုင်နေတယ်။ အဲဒီဆု က ငါရမှ . .. -ီးပဲ''ဟု ပြောဆို ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံး ဥက္ကဋ္ဌမှ ယင်းကဲ့သို့ ပြောဆိုခဲ့ မှုများအား အကယ်ဒမီ ပြေတီဦး အနေဖြင့် မီဒီယာသမားများ၏ မေး မြန်းမှုများအား ဖြေကြားနေခြင်း ကြောင့် သိရှိခြင်းမရှိသော်လည်း ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ် လွှင့်မှုများ ဆက်လက်ထုတ်လွှင့်နေ ခြင်းကြောင့် ယင်းကဲ့သို့ ပြောဆိုခဲ့ သည့် ဦးလူမင်းအပေါ် ပရိသတ် အများစုမှ ဝေဖန်မှုများ ရှိခဲ့သည်။
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းမှာ ဥက္ကဋ္ဌ ဦးလူမင်းနှင့် သရုပ်ဆောင် ပြေတီဦးတို့ အပြင်တွင် တွေ့ဆုံခဲ့သည့် အခါများ၌ ယင်းသို့ပင် တစ်ယောက် နှင့် တစ်ယောက် ခင်မင်မှုအရ နောက် ပြောင်ပြောဆိုလေ့ရှိသည်။
NN
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
--Yangon Media Group --
27 Dec 2014
အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ
အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ
ကြားဖြတ်သတင်း
အဲအေးရှား QZ 8501 ခရီးသည်တင် လေယာဉ်တစင်းသည် အင်ဒိုနီးရှားနိုင်ငံမှ
စင်ကာပူနိုင်ငံ သို့ ပျံသန်းစဉ် ပျောက်ဆုံးနေကြောင်း ဘီဘီစီ၊ CNA သတင်းများတွင်
ဖော်ပြထားသည်။
လေယာဉ်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး အသေးစိပ် မသိရသေးပေ။
လေယာဉ်ပေါ် တွင် လေယာဉ် အမှုထမ်း၊ ခရီးသည် မည်မျှ ပါဝင်သည်ကိုလည်း
အသေးစိပ် မသိရသေးပေ။
The Irrawaddy
၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ
၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ..
အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်)
အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )
ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်)
အမျိုးသားဇာတ်ပို့ဆု - မင်းဦး (ဇာတ်ကား - နင်စေရင်)
အမျိုးသမီး ဇာတ်ပို့ဆု - ခိုင်သင်းကြည် (ဇာတ်ကား - စုန်းပြူး)
ရုပ်ရှင်နောက်ခံ တေးဂီတ ဆု - စန္ဒယားတင်ဝင်းလှိုင် (ဇာတ်ကား - ကြယ်စင်မော်ကွန်း)
မြန်မာနိုင်ငံသားများအားသတ်ဖြတ်သည့်တရားခံ ၁၁ ဦးအမိန့်ချရန်တစ်ပတ်ရွှေ့
မလေးရှား (ပီနန်း)
သတင်း (27.12.2014)
ပီနန်းရှိ မြန်မာနိုင်ငံသား အယောက် ၂၀ သေဆုံးမှု နှင့်ပတ်သက်ဆက်ဆပ်နေသော တရားခံ ၁၁ ဦးအား အပြီးသတ်အမိန့်ချရန် အတွက် ရက်သတ္တတစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ပီနန်း ခရိုင် ဂျာဝီတရားရုံး မှာ မနေ့က တရားဝင်သတင်းထုတ်ပြန်လိုက်သည် ။
တောင်ပိုင်းခရိုင် Seberang Pra မှ ရဲအရာရှချုပ်က အောက်ခြေအထိ လိုအပ်သော စစ်ဆေးမေးမြန်းမှုများအဆုံးမသတ်သေးသောကြောင့် ယခုကဲ့သို့တစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းလည်း သတင်းဌာနများကဖော်ပြသည် ။
အော်ပရာစီ ကီလားဟု အမည်ပေးထားသောစစ်ဆင်းရေးတွင် အသက် ၂၀ မှ ၄၀ ကြား တရားခံ ၁၇ ဦးအား ဖမ်းဆီးရရှိထားကြောင်း ထိုသူများထဲမှ ယခု ၁၁ ဦးအား အမိန့်ချရန် ဒီဇင်ဘာ 30 ရက်သို့ ရွှေ့ဆိုင်းထားခဲ့ကြောင်း ။
မေးခွန်းများအပြီးသတ်မေးမြန်းရန် လိုအပ်ချက်ကြောင့်ယခုကဲ့သို့ရွှေ့ဆိုင်းထားကြောင်း ။
လွန်ခဲ့သည့် မြန်မာနိုင်ငံသား ၁၈ ဦင်္း ဆင်တူ အသတ်ခံရမှု အတွက် ပီနန်းရဲဌာနချုပ်မှ အလိုရှိသည့် လူသတ်မှု နှင့်ဆက်ဆပ်သော အဓိက တရားခံ ၂ ဦးအား အထူးရှာဖွေဖမ်းဆီးခဲ့ကြောင်း ။
ယခု ဒီဇင်ဘာ လဆန်းက အဆိုပါ လူသတ်မှု အတွက် အဓိကတရားခံနေထိုင်ရာ အိမ် အား Kampung Pisang, Machang Bubok တွင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက်အခြား ပါဝင်ပတ်သက်သော တရားခံများကို ဖော်ထုတ်ဖမ်းဆီးထားပြီဖြစ်ကြောင်း ။
လူသတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ဓားရှည် 3 လက်အားလည်း သက်သေခံအဖြစ်ရရှိထားပြီးဖြစ်ကြောင်း ၊ ယခု ဖမ်းဆီးထားသူ ၁၇ ဦးရှိပြီး
ထိုသူများအား စစ်ဆေးခဲ့ရာမှ ပီနန်းရှိ မြန်မာနိုင်ငံသားများအား သတ်ဖြတ်မှု ၁၈ မှုတွင် ၈ မှုကို ဖော်ထုတ်ရရှိပြီးဖြစ်ကြောင်း ။
အလောင်းများအားလုံးအား စောင်ဖြင့်ထုတ်ကာ ပစ်ထားသည့် လူသတ်မှု များအားလုံးတွင် အလောင်းများအား ဓားချက်ပေါင်းများစွာ နေရာအနှံ ခုတ်ထစ်သတ်ဖြတ်ထားကာ ဒီဇင်ဘာ ၈ ရက်နေ့အထိ ခန္ဒာကိုယ် အစိတ်ပိုင်း စုစုပေါင်း ၃၄ ခု ရရှိခဲ့ကြောင်း ။
မြန်မာနိုင်ငံသား အဖြစ် ၂၀ ဦး အတည်ပြုနိုင်ခဲ့ကာ အတည်မပြုနိုင်သေးသော အလောင်းများလည်းရှိနေသေကြောင်းကို ..
ယမာန်နေ့ထုတ် မလေးရှားသတင်းစာများတွင်ဖော်ပြခဲ့ကြောင်း တင်ဆက်ပေးရပါသည် ။
မလေးရှားရောက်မြန်မာများ Official Facebook Page
www.facebook.com/mmrinmy
မင်းအုပ်စိုးကို လူသတ်မှုဖြင့် အင်းစိန်ထောင် ပို့လိုက်ပြီ
မင်းအုပ်စိုး ၊ မနုနုယဉ် (ခ) တေးနုယဉ်
အခင်းမဖြစ်ပွားခင် ရက်ပိုင်းအတွင်းက တွေ့ရသည့် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုး (ဓာတ်ပုံ – သဲသဲ / ဧရာဝတီ)
သရပါ မဂ္ဂဇင်း အယ်ဒီတာဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ်အား ထိုးကြိတ်ရာမှ သေဆုံးခဲ့မှုကြောင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ယမန်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့် ရုံးထုတ်၍ ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ အချိန်ခန့်တွင် မင်းအုပ်စိုးက ညီမ၀မ်းကွဲဆိုသူ သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ) တေးနုယဉ်အား ၄င်း၏နေအိမ်တွင် လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တချို့၏ ထွက်ဆိုချက်များအရ သိရသည်။
ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က“သူ့(မင်းအုပ်စိုး)ကို ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ။ ပုဒ်မ လူသတ်မှု ၃၀၂ နဲ့ အမှု ဖွင့်ထားတယ်။ လာမယ့် ဇန်န၀ါရီ ၈ ရက်နေ့ ရုံးထုတ်စစ်ဆေးမယ်”ဟု ဧရာဝတီသို့ ပြောသည်။
မင်းအုပ်စိုး အနေဖြင့် ပြစ်မှုကျူးလွန်ချိန်တွင် မှုးယစ် ဆေးဝါး သုံးစွဲထားခြင်းရှိ၊ မရှိနှင့် သေဆုံးသူ မနုနုယဉ် (ခ)တေးနုယဉ်သည် ၄င်း၏ ညီမ၀မ်းကွဲ ဟုတ်မဟုတ်ကိုမူ ဗဟန်းရဲစခန်းက အတည်မပြုခဲ့ပေ။
လက်ရှိတွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ်(ခ)တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ရန် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်များ ရယူရန် တရားရုံးတွင် ရမန် (၁၅ ရက်) ယူထားကြောင်း ဗဟန်းရဲစခန်းက ပြောသည်။
သရပါ မဂ္ဂဇင်းနှင့် သရ၀ဏ် ဗီဒီယို ထုတ်လုပ်ရေး ပိုင်ရှင် မင်းအုပ်စိုး နေအိမ်တွင် မဂ္ဂဇင်း ထွက်ရက်နှင့် ဗီဒီယို ဇာတ်ကား ထွက်ရက် များတွင် ၀န်ထမ်းများ ညအိပ်ရလေ့ရှိကြောင်း မင်းအုပ်စိုးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပြသည်။
မင်းအုပ်စိုးကို ဗဟန်းမြို့နယ် ရဲစခန်းတွင် သွားရောက် တွေ့ဆုံခဲ့သူ၏ ပြောပြချက်အရ မနုနုယဉ် သေဆုံးမှုနှင့်ပတ်သက်ပြီး မင်းအုပ်စိုး အနေဖြင့် မယုံကြည်နိုင်မှုများ ဖြစ်နေကြောင်း၊ ရန်ကုန်သို့ ရောက်ရှိနေသည့် မနုနုယဉ် အမေ ၏ ကျန်းမာရေး ဂရုစိုက် ပေး ရန်နှင့် သေဆုံးသူ မြေကျသည်အထိ ကောင်းကောင်းမွန် ဆောင်ရွက်ပေးရန် သူ့ မိသားစုဝင်များအား မှာကြားခဲ့ကြောင်း သိရ သည်။
“ကျမ သူ့ကို သွားတွေ့ပြီး အစ်ကို ဘယ်လို ဖြစ်တာလဲ မေးတော့ သူက “တေးနု’’ တကယ် သေသွားပြီလားတဲ့ ဒါပဲ ပြောတယ်”ဟု မင်းအုပ်စိုးနှင့် နီးစပ်သူ မိတ်ဆွေ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုး က ပြောသည်။
သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ၄င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံရေး ၀န်ထမ်း ၂ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖိုးစိန်လမ်းရှိ အမိုက်ပုံ မီးရှို့ခဲ့မူကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခံရခြင်းတို့လည်း ဖြစ်ပွားခဲ့ဖူးသူ ဖြစ်သည်။
ဧရာဝတီ
အကယ်ဒမီစာရင်းက ဖယ်ရှားသင့်သူများ
ပြက္ခဒိန်တစ်နှစ်ကုန်ဆုံးလု နီးချိန်ရောက်တိုင်း ကာယကံရှင် သရုပ်ဆောင်တွေရော၊ ၀ါသနာရှင် ပရိသတ်တွေပါ ရင်ခုန်စိတ်လှုပ်ရှားကြမြဲဖြစ်တဲ့ ‘‘အကယ်ဒမီ’’ဆိုတဲ့ဝေါဟာရကို မြန်မာအဘိဓာန်မှာ တွေ့ရမလားလို့ ကျွန်တော်လှန်ရှာကြည့်သေးပေမယ့်ဘာကြောင့်မှန်းမသိထည့်သွင်း ဖော်ပြထားတာမတွေ့ရပါဘူး။
သူ့နည်းတူအသုံးကြာလာ လို့ မွေးစား  စာလုံးဖြစ်နေရတဲ့ အယ်ဒီတာတို့၊ အင်ပါယာတို့၊ အောက်စီဂျင်တို့လို  ဝေါဟာရ တချို့ကိုတော့  တွေ့ခဲ့ရပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားလုံးဟာ မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား မို့ အဓိပ္ပာယ်အကျယ်ကို သိနေကြ မှာဖြစ်တဲ့အလျောက် ကျွန်တော့် သဘောဆို မိမိကျရာ ဇာတ်ရုပ်ကိုသဏ္ဌာန်လုပ် သရုပ်တူအောင် ထူးချွန်ပြောင်မြောက်စွာ တင်ဆက် ပြသနိုင်မှုကြောင့် အမွှမ်းတင်ချီး မြှောက်ခံရခြင်းလို့ပဲ အနီးစပ်ဆုံး ဖွင့်ဆိုကြည့်ချင်ပါတယ်။
တကယ်တမ်းပြောကြကြေး ဆို ရုပ်ရှင်အနုပညာအကြောင်း ကျွန်တော်ကျွမ်းကျင်လှတာ မဟုတ်ပါဘူး။
 အဲ . . . ဒါပေမဲ့ ‘‘သဏ္ဌာန်လုပ် သရုပ်တူမှု’’တည်း ဆိုတဲ့ သရုပ်ဆောင်အတတ်ပညာ အကြောင်းတော့ အတန်အသင့် လောက် တီးခေါက်မိထားသူ စာ ရေးသမားတစ်ယောက်ပီပီ မျက် မှောက်မြန်မာ့နိုင်ငံရေးထဲက ဖြစ်ပျက်ပြောင်းလဲမှုတွေကိုရော၊ ကကြိုးကကွက်တချို့ အပေါ်ပါ မျက်ခြည်အပြတ်မခံဘဲ၊ တာဝန်ခံရမှာပါ။ ဒါကြောင့်အခုလည်း ၂၀၁၄ အတွင်း ပရိသတ်ပြည်သူတွေ ထူးထူးခြားခြားထိခိုက်ခံစားခဲ့ရတဲ့ လက်လှမ်းမီရာ ဇာတ်ဝင်ခန်းတွေသာမက နှစ်ခြိုက်သဘောခွေ့ခဲ့တဲ့ ဇာတ်ကွက်တွေကိုပါ အကဲဖြတ်စောကြောသွားချင်တာဖြစ်တဲ့အလျောက်ပထမဆုံးတော့ မူလနဂိုအနေ အခင်းအကျင်းလို့ ပြောရမယ့် ပေးထားချက်ဇာတ်ရုပ်ကို ပြန်မြင်ယောင်ကြည့်ရှုထားရဦးမယ် လို့ထင်ပါတယ်။
  စာဖတ်သူပရိသတ်အ ပေါင်းသိမှတ်ထားကြတဲ့အတိုင်း ဆို မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရ အဖွဲ့အပါအ၀င် အဓိကနေရာ အသီးသီးက လှုပ်ရှားကပြနေသူ အားလုံးနီးပါးဟာ ယခင်စစ်အစိုး ရအဖွဲ့ဟောင်းက သူတွေချည်း ဖြစ်ခဲ့တာမို့ အထူးအားဖြင့် ‘‘မူ သာပြောင်းပြီး လူမပြောင်းသေး တဲ့ အစိုးရ’’လို့ သူသူ၊ ငါငါခေါ် တွင်နေကြတာကိုက ဒါဟာ နောက်ခံမူလဥပဓိရုပ်ဆိုတာ အရှင်းသားနားလည်နိုင်မယ် ထင်ပါတယ်။ ထား။ ဘယ်လိုပဲဖြစ်ပါစေ ၂၀၁၄ အတွက် မြန်မာနိုင်ငံ၊ မြန်မာပြည် သူတွေနဲ့   မြန်မာအစိုးရကို (၂၀၁၃  မကုန်ခင်ကတည်းက) ကြိုနှင့်နေတဲ့ အဓိကဇာတ်လမ်း ကျောရိုးကြီးအဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို တွေ့ခဲ့ရသလိုအဲဒီကိစ္စကို   အကြောင်းပြုလို့ပဲ သမ္မတဦးသိန်းစိန်နှုတ်က ထွက် ကျလာတဲ့ ဒိုင်ယာလော့ခ်တချို့ ဟာ ၂၀၁၄ ကို ကြိုဆိုရာ ရောက် ခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ 
တကယ်ဆို အခြေခံဥပဒေအရေး ဟာ သမ္မတ၊ တပ်ချုပ်နဲ့ လွှတ် တော်အကြီးအကဲတွေအားလုံးက ခေတ်နဲ့ အညီပြင်ဆင်သွားရမယ်  တို့၊ အများဆန္ဒအတိုင်း ပြင်ဆင် ပြောင်းလဲနိုင်ပါတယ်တို့ ဆိုတာ မျိုးတွေ လူသိရှင်ကြားပြောထား ပြီးသားမို့ သာမန်အားဖြင့်ဆိုရင် စိတ်အေးစရာလို့တော့ ထင်နိုင်ပေမယ့် ပြည်သူလူထုကြားကျယ် ပြန့်စွာ ဂယက်ထလာခဲ့တာမို့ ညင်သာစွာ ကျော်လွှားသွားနိုင်ရေး မျှော်မှန်းချက်ကို ဆုပ်ကိုင်ပြီး လူ ထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်က လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးကို စာပို့ တောင်းဆိုလိုက်တော့တယ်။
ဒီမှာတင်ပဲ တစ်ပတ်လောက်အကြာ ဧရာဝတီတိုင်းက ငွေ ဆောင်မြို့နယ်ခွဲနဲ့ ရန်ကုန်တက္က သိုလ်စိန်ရတုခန်းမတွေမှာ ပြောခဲ့ တဲ့ သမ္မတဦးသိန်းစိန်မိန့်ခွန်းထဲ ဘာတွေပါလာသလဲဆိုတော့ ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်း တွေရှောင်ရှားဖို့ဆိုတာနဲ့ မင်းသား
ကြီးမလုပ်ရလို့  ပတ်မကြီးထိုး ဖောက်ချင်တဲ့  စိတ်ဓာတ်တွေ ဖျောက်ဖျက်ပစ်ရမယ်ဆိုတဲ့ ဒိုင် ယောလော့ခ်တွေပေါ့။ ပြန်စဉ်း စားကြည့်တော့ ဒီလိုအသုံးအနှုန်း မျိုးတွေဟာ ၉၀ ပြည့်နှစ်အလွန် မြန်မာ့နိုင်ငံရေးမုန်တိုင်းထန်နေ စဉ်ကာလတွေတုန်းကသာ ရေပန်းစားခဲ့ဖူးတာအားလုံးလည်း အသိမို့ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ အံ့အားသင့်မိကြတာ အမှန်ဖြစ်ပေမယ့် သြော် . . .  ဒါ ကလည်း ဖြစ်တတ်တဲ့ ဇာတ်လမ်း၊ဇာတ်ကွက်သဘာဝတွေအရ လွမ်းခန်းရှိသလို ကြမ်းခန်းလည်း ရှိနိုင်တာပဲလေဆိုပြီး အခိုက်အ တန့်ခံစားမိတာကလွဲလို့ ဖြေ လျှော့နိုင်ခဲ့ကြတာပဲ မဟုတ်လား။
   တကယ်တော့ ၂၀၁၄ အတွင်းမှာ အခြေခံဥပဒေပြင် ဆင်ရေးအကျပ်အတည်းကြီးဟာ ဇာတ်တစ်ခုလုံးကို လွှမ်းနေတာနဲ့ မခြား ယူဆရမလိုဖြစ်ခဲ့ပေမယ့် ဒါထက်ပိုပြီး စိတ်လှုပ်ရှားစရာတွေ ကောင်းနေတာက ဇာတ်သဘော ပီသစွာ အလှည့်အပြောင်းတွေ၊ အကွေ့အ၀ိုက်တွေ၊ အတက်အ ကျတွေ၊ အဖိအဖော့တွေနဲ့ မထင် မှတ်ရတဲ့လှည့်ကွက်၊ မြှုပ်ကွက် အချို့ကိုပါ ရှုမြင်ခံစားခဲ့ကြရသေး လို့ပါ။    တခြားမကြည့်ပါနဲ့၊ ပီအာရ်ကိစ္စဆိုတာ တစ်နိုင်ငံလုံး ကျွက်ကျွက်ညံပြီးမှသာအေးသွား ခဲ့ပေမယ့် လှစ်ခနဲ ဖြတ်ဝင်လာ လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့ လို့လဲ။  တစ်ဆက်တည်းပြော လိုက်ရရင်  ပီအာရ်စနစ်ကျင့်သုံး ရေး၊  မကျင့်သုံးရေးအတွက် လွှတ်တော်မှာ ၀ိုင်းဝန်းဆွေးနွေး ကြစဉ်က တပ်မတော်သားကိုယ် စားလှယ်တွေရဲ့ ရပ်တည်ချက် ဖြစ်တဲ့ ‘‘ဒီတစ်ကြိမ်ကျင့်သုံးရန် မသင့်သေး’’ဆိုတာကြားလိုက်ရ တော့ ကျွန်တော်ဆို‘‘ဟာ . . . တယ်ကောင်းတဲ့ သဘောထားပါ လား’’ဆိုပြီး အဲဒီဇာတ်ဝင်ခန်းကို မှင်တက်ခဲ့ရသလောက်   မျက် တောင်မခတ်ဘဲလည်း ကြည့်နေမိရာက အခြေခံဥပဒေပြင်ဆင်ရေး အခန်းရောက်လာချိန်မှာတော့ သေပြီဆရာဖြစ်သွားရတယ်။
 ကြည့်ပါလား။ ၅၉ လည်း ခါးခါး သီးသီး၊ ၄၃၆ လည်း ပစ်ပစ်ခါခါ။ မာလိုက်တဲ့ ရပ်တည်ချက်၊ တင်း လိုက်တဲ့ သဘောထား။
ထူးမခြားနားပါပဲ။ အာဏာ ရပါတီကြီးဆိုလည်း အခြေခံဥပ ဒေပြင်ဆင်ရေးကိစ္စကို တစိုက် မတ်မတ်တောင်းဆိုနေခဲ့တာက အင်န်အယ်လ်ဒီပါတီဖြစ်ပေမယ့် လွှတ်တော်ကို ခြေမြန်၊လက်မြန် တကယ်တင်သွင်းလိုက်တာက သူမှ သူအစစ်မို့ ယုံတောင်မယုံ ချင်စရာဖြစ်ခဲ့ရသေးတာအ ဟုတ်။ နောက်ဆုံးတော့ တကယ် မှတ်လို့ ကြက်သေသေပြီး ကြောင်
ကြည့်နေမိတဲ့ ကိုယ်တွေပဲ ငုတ်
တုတ်မေ့ခဲ့ရတာ ရှက်ဖို့တောင်
ကောင်းလှသေးတော့။
  အဲဒီလိုအဝေ့အ၀ိုက်က လေးတွေနည်းတူ ပါးစပ်အ ဟောင်းသားနဲ့ တောင်ကြည့်၊ မြောက်ကြည့်ဖြစ်ခဲ့ရသေးတာ တစ်ခုက အဲဒါဘာရှိဦးမလဲ လွှတ် တော်ဥက္ကဋ္ဌကြီးပေါ့။ လုပ်ပုံပြော ပါတယ်။ ၂၀၁၅ မှာ သမ္မတဦး သိန်းစိန်ထပ်မံအရွေးခံမှာ မဟုတ် တော့တဲ့အကြောင်းသူ အခိုင်အ မာသိထားရသတဲ့။ တချို့တွေ စိတ်မကောင်းလွန်းလို့ မျက်ရည် တောင်လည်ကြတယ်ဆိုလား။ ထင်မြင်ချက်တွေရော၊ သုံးသပ် မှန်းဆချက်တွေပါ ပေါ်ထွက်လာ ခဲ့ပြီး ဟော . . . နောက်တစ် ရက်လည်းကျရော ပြောရေးဆို ခွင့်ကြီးက  တစ်ဆင့်ရှင်းချက် ထုတ်သံကြားလိုက်ရတယ်။ သမ္မတကြီးသဘောထားအစစ် အမှန်မဟုတ်ပါဘူးတဲ့။ အချိန် တန်ရင် ၀င်၊ မ၀င်ကိစ္စသူကိုယ် တိုင်ပြောပါ့မယ်တဲ့။
ကဲ . . . အဲဒီလိုပါဆို၊ လူ တွေမှာ ငိုရတော့မလို၊ ရယ်ရ တော့မလို၊ ထိုင်ရတော့မလို၊ ထရတော့မလို ဒါမျိုးတွေ ဖြစ် ပေါင်းလည်း မနည်းတော့ဘူး။ အေးလေ . . .ဒါကိုက ပြောင် မြောက်တဲ့ အတတ်ပညာဆိုတာ မျိုး ရပ်ကွက်ထဲမှာ မှတ်သားခဲ့ရ ဖူးသလို တကယ်ဟုတ်ချင်လည်း ဟုတ်နေမှာပေါ့။
အခုအဲဒီမနောမနည်းတွေ ထဲကပဲ သတိရလို့ ပြောလိုက်ရ ဦးမယ်။ ဘာလဲဆိုတော့ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲဖြစ် မြောက်ရေးအတွက် ဟိုက၊ ဒီက ၀ိုင်းဝန်းတောင်းဆိုပြီး ဆန္ဒတွေ ထုတ်ဖော်ပြနေကြတာ။ ၂၀၁၃ နို ၀င်ဘာ ၂၃ ရက်က စတင်ရေ တွက်
ရင် နှစ်ပေါက်ခဲ့ပြီမဟုတ်ဘူးလား။
တွေ့မယ်တွေ့တော့ အာဆီယံ အစည်းအဝေးကြီးနီးကပ်နေခါမှ ပဲ ၁၄ ပွင့်ဆိုင်ဆိုပြီး ထလုပ်လိုက် တယ်။ ဒါမျိုးကျတော်တော်အား တယ်လေ။ ပြောရရင် ဒါဟာ နောင်မှ ရင်းနှီးယုံကြည်မှုတွေရှိ လာစေဖို့အတွက် အဦးအစ ပထမ
ခြေလှမ်းပါလို့ ဘယ်လိုပဲဆိုဆို ပရိ
သတ်တွေ သိပ်ခံတွင်းမတွေ့နိုင် ဖြစ်ခဲ့ရတာက ခါတော်မီရုပ်ပြ ဆန်နေတယ်ဆိုတာထက် ဘာ ရလဒ်မှ မထွက်ပေါ်ခဲ့ဘဲဖြစ်က တတ်ဆန်းနိုင်လွန်းခဲ့တာကြောင့် လို့ပဲထင်မိတယ်။ တကယ်လို့သာ အခုထက် နည်းနည်းလေးစော တွေ့ခဲ့မယ်ဆိုရင် သဘာဝကျတဲ့ ပြကွက်တစ်ခုဖြစ်လာနိုင်ရုံသာမ က ရသပိုင်းအရလည်း ပိုကြွလာ နိုင်စရာအကြောင်းရှိပါလျက် အခု
တော့ သို့လောသို့လောတွေဖြစ်ခဲ့ ရတာပဲ အဖတ်တင်သွားတော့ တယ်။
ဘာတွေဘယ်လိုဖြစ်ခဲ့၊ ဖြစ်ခဲ့ ၂၀၁၄ ဇာတ်ထုပ်ကြီးတစ်ခု လုံးရဲ့အစပိုင်း၊ အလယ်ပိုင်းနဲ့ ဇာတ်သိမ်းပိုင်းမရောက်ခင်တွေ အထိ ပြန်သုံးသပ်ကြည့်ရင်း လွမ်းခန်းနဲ့ လန်းခန်းတွေထက် အကြမ်း၊ အရမ်း၊ အသွမ်းတွေက အတော်အတန်ပိုများခဲ့တာတော့ တွေ့ရပေမယ့် သရုပ်မှန်ပြကွက် တွေရော၊ ပြောင်မြောက်တဲ့ ဟန် ပန်အမူအရာတွေပါ ရှိသင့်သ လောက်ရှိနေတာကိုလည်း တွေ့ရတယ်ပြောရမှာပါ။ ဒါကြောင့် လည်း ပါဝင်တင်ဆက်ခဲ့တဲ့ သရုပ်ဆောင်အသီးသီးတို့ရဲ့ အားပြိုင် လှုပ်ရှားမှုတွေအပေါ်အကဲဖြတ် ကြည့်တဲ့အခါမှာ ဆုံးဖြတ်ဝေခွဲ ရ ခက်စေတာတွေနဲ့တောင် ကြုံခဲ့ရ သေးတယ်ဆိုရင် တချို့က ယုံချင် မှ ယုံကြလိမ့်မယ်။
ဥပမာ . . . လစဉ်ကြားနေ  ကျဖြစ်တဲ့ မိဘပြည်သူများ ခင်ဗျာ လို သံနေသံထားမျိုးဆိုပါတော့။ ရွေးကောက်ပွဲမတိုင်မီ ခြောက်လ အလိုမှာ အခြေခံဥပဒေပြင်ဆင် ပြီး ဖြစ်ရမယ်လို့ တည်ကြည်ခံ့ ညားတဲ့ အိုက်တင်မျိုးဆိုပါတော့။ သန့်ရှင်းမျှတမှုကတိစကားအပါ အ၀င် နှစ်ကုန်ပိုင်းမှာ ‘‘ကြားဖြတ်’’ကျင်းပပေးမယ်လို့ ရသမြောက် မှုမျိုးဆိုပါတော့။ နိုင်ငံကြီးနှစ်ခု ကြားမှာ ရောက်နေလို့ အခြေခံ ဥပဒေခိုင်မာမှုရှိဖို့လိုတယ်ဆိုတာ တွေလို ယုတ္တိလည်း တန်၊ အ သက်လည်းပါတဲ့ စံနှုန်းပြည့်ပြ ကွက်တွေကြောင့်ပဲ မူလဇာတ်ရုပ်ကိုတောင် မေ့ပျောက်သွားစေ လောက်အောင် ကျွန်တော်တို့ ပရိသတ်ပြည်သူတွေအယောင် ယောင်အမှားမှားဖြစ်မိကြသေး တယ်လို့ ဆိုနိုင်မှာပါ။
သြော် . . . တကယ်ဆို ‘‘သဏ္ဌာန်လုပ် သရုပ်တူရမြဲ’’ဆို တဲ့ အမှာစကားအတိုင်း ကိုယ့် အနုပညာကိုရော၊ အတတ်ပညာ တွေကိုပါ နှစ်ဆုံးချိန်အထိ ဆက် ထိန်းထားလိုက်ကြဖို့ ကောင်းတာ ပေါ့။ ဒါဆိုရင် ထူးချွန်ပြောင် မြောက်မှုအတွက် အကယ်ဒမီ စာရင်းထဲတောင် ၀င်ချင်ဝင်နိုင်ဦး မှာ။ အခုတော့ ပြီးခါနီးလေးမှ ကပ်ဖောက်သွားရတယ်လို့။
ကြည့်ပါဦး ‘‘လွှတ်တော်ထဲ ၀င်ထိန်းပေးမယ်ဆိုတဲ့ သဘောနဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါနေရ တာ’’တဲ့။ ‘‘တိုင်းပြည်မတည်ငြိမ် ဆူပူလာရင် စစ်တပ်က အာဏာ သိမ်းရမှာပဲ’’တဲ့။ ‘‘ဒီမိုကရေစီရေ ချိန်အဆင့်လိုက်ပေးသွားဖို့ အ တွက်တင်းကျပ်ထားရတာ’’ တဲ့။  ‘‘၆၂ အာဏာသိမ်းမှုမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေရှိနေသ တဲ့’’။ ‘‘တပ်မတော်ကို ထိပါးလာ လို့ ၈၈ မှာ မလွှဲမရှောင်သာ အာ ဏာသိမ်းခဲ့တာ’’တဲ့။ ‘‘အင်န် အယ်လ်ဒီ ကို အာဏာမလွှဲတာ အာဃာတတွေ ထားခဲ့လို့ပါ’’တဲ့။ အံ့ရော . . .။
စစ်တပ်အစိုးရတွေ ခြယ် လှယ်အုပ်စိုးခဲ့လို့ တိုင်းပြည်စုတ် ပြတ်မွဲပြာကျသွားရတာ တစ်ခုပဲ ထည့်ပြောမသွားဘူး။
အေးလေ၊ နောက်ဆုံးတော့ မြွေဆိုတာ အရေခွံဘယ်လို ပြောင်းပြောင်း အဆိပ်ထုတ်မ ထားရင် အန္တရာယ်ရှိနေမြဲမို့ မြွေ ဟာ မြွေပဲဆိုတဲ့ စကားအတိုင်း အခုလည်း ဇာတိအမှန်လှန်ပြ လိုက်တာနဲ့ ဘာခြားတော့မလဲ။ တကယ်ဆို ကိုယ်ရထားတဲ့ နေရာ က ဒိုင်လူကြီးနဲ့တူတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ။ တာဝန်က တခြား ပြောထွက်ခဲ့တဲ့ နှုတ်စကားကတခြား။ ဒီလိုပါပဲယုံလောက်အောင် ပါးစပ်က ဘယ်လိုပဲ အသံကောင်းဟစ်နေနေ လက်တွေ့မှာ ထင်ရာစိုင်းတတ်တာတွေ မသိခဲ့လိုတော့  မဟုတ်ပေမယ့် ခေတ်၊ စနစ်တွေ  ပြောင်းလိုက်ပြီဆိုမှတော့လည်းဘယ်ထင်ပါ့မလဲ။ ပြောရင်းဆိုရင်း အခုတောင် လက်ပံတောင်းတောင်ပေါ်မှာ လက်တွေ့ကျကျ သက်သေပြလိုက်ပြန်ပြီ။ ဟူး . . ။
စိတ်ပျက်ဝမ်းနည်းခြင်းများ စွာနဲ့အတူ ဒီမှာတင်ပဲ ‘‘၂၀၁၄ မြန်မာ့နိုင်ငံရေး’’လို့ အမည်ရတဲ့ အကယ်ဒမီစစ်တမ်းကြီးလည်း ပြီး ဆုံးခဲ့ပါပြီ။ တစ်ခုရှိတာက ကျွန် တော့်အနေနဲ့ လိုက်နာစောင့်ထိန်း ရမယ့် ကျင့်ဝတ်တချို့ရှိနေပြန် တာမို့ ထုတ်ပြန်ကြေညာမပေးနိုင် တာကို (ပွင့်လင်းမြင်သာမှုမရှိရ ကောင်းလားလို့) နားလည်မှုမလွဲ စေချင်ဘူး။
ဆုရရှိသူစာရင်းကို လော လောဆယ်လျှို့ဝှက်ထားလိုက်ရ တဲ့တိုင် ဆန်ခါတင်အဆင့်အထိပဲ ၀င်တော့မလိုလိုနဲ့  တကယ့် တကယ်မှာ  ပဏာမစာရင်းက တင် ဖြုတ်ပယ်ဖယ်ရှားထားခဲ့ရ သူတွေထဲ ဘယ်သူတွေပါဝင်သွား တယ်ဆိုတာကိုတော့ မိဘပြည် သူပရိသတ်အားလုံးလည်း ကျွန် တော်နဲ့ ထပ်တူအမြင်သဘော ထားတိုက်ဆိုင်ကြလိမ့်မယ်လို့ ယုံကြည်ယူဆမိကြောင်းပါ။
မှတ်ချက်။။ ယခုစစ်တမ်းတွင် ထည့်သွင်းစဉ်းစားစိစစ်ရန်အ တွက် အရေးပါသော ဇာတ်ဝင် ခန်းတချို့ကြွင်းကျန်သွားခဲ့နိုင်ပါ ၍ သက်ဆိုင်နေသူတိုင်းအား တောင်းပန်အပ်ပါသည်။
(စစ်တမ်းပြုစုသူ)
http://7daydaily.com
လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တက်ရောက်
သေဆုံးသူ လက်ပန်းတောင်းတောင်သူ ဒေါ်ခင်ဝင်း အုတ်ဂူကို လာရောက် အလေးပြု။ Credit to သတင်းဓာတ်ပုံ (ကိုထက်)
သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအ၀င် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။
လက်ပန်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို လက်ပန်တောင်းတောင်မှာ ထောင်ချီတဲ့ဒေသခံတွေက ချီတက် အလေးပြုခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ဒီထဲမှာ အချက် ၃ချက်ကို သာ ဒေသခံတွေ က တောင်းဆိုခဲ့ကြောင်း စန်းမြ၀တီကျောင်းတိုက်က ဦးဇင်းဦးစန္ဒာသိရီက မိန့်ပါတယ်။
" သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ကျဆုံးခဲ့တဲ့နေရာ၊ သေဆုံးခဲ့တဲ့ နေရာကို ချီတက်ပြီးတော့ ဝမ်းနည်းဖွယ် အထိမ်းအမှတ် နောက်ပြီးတော့ ဂုဏ်ပြု ချီတက်ပွဲလေး လုပ်လိုက်တယ် ဒကာမကြီး။ လက်ပန်းတောင် တောင်ဒေသ ခံတွေ က ဒေါ်ခင်ဝင်းကို အကြမ်းဖက် ပစ်သတ်လိုက်သော ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေါ့နော်။ စုံစမ်းရေး အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ပေါ့နော်။ 
အကြမ်းဖက် သိမ်းပိုက်ခံလိုက်ရသော လယ်ယာမြေများကို ချက်ခြင်းပြန်ပေးဆိုပြီးတော့ ဒီအချက်သုံးချက်ကို ၂၆ရွာနဲ့တကွ တနိုင်ငံလုံးရဲ့ တောင်သူလယ်သမားတွေ ရဲ့ကိုယ်စား တောင်းဆိုတဲ့အချက် ကတော့ ဒီသုံးချက်ပဲ ဒကာမကြီး။ အဖွဲ့အစည်း အတော်များများရော နောက်ပြီးတော့ ဒီလက်ပန်းတောင် ပတ်ဝန်းကျင်က ကျေးရွာတွေရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ပေါ့ အင်အားကတော့ ကွင်းလည်းပြည့်တယ် ဆိုတော့ နှစ်ထောင်ကျော်ကျော် သုံးထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒကာမကြီး။ "
ခြံစည်းရိုးကာရံထားတဲ့ အတွင်းမှာ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေရှိနေသလို သူတို့ မြေကြီးကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူးလို့ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဆွေမျိုးတော်စပ်သူ မိုးကြိုးပြင်ရွာသူ မဝ ကပြောပါတယ်။
" ကျမတို့ လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းကို ဖျက်သိမ်းရင် အကြိုက်ဆုံးပဲ။ ကျမတို့ လယ်ယာမြေတွေကို ရောင်းမှာမဟုတ်ဘူး။ သတ်ပစ်လည်း ရောင်းမှာ မဟုတ်ဘူး။ လူကို သတ်လုလည်း ကျမတို့က ရောင်းမှာမဟုတ်ဘူး။ မရောင်းနိုင်ဘူး။ ကျမတို့က တောင်သူပဲ လုပ်စားမှာ။ သူတို့ကျွန်ကိုလည်း မခံနိုင်ဘူး။ အခုဆိုရင် သူတို့က ကျမတို့ကို ရိုက်တာ ပစ်တာ၊ ကျမတို့ အခင်းတွေကို မရောင်းနိုင်လို့ ကျမတို့ ကာကွယ်တာ၊ ကျမတို့ လက်ထဲမှာဘာမှ မပါဘူး။ သူတို့ လက်ထဲမှာက သေနတ် ပါတယ်။ ဘတ်ခွ ပါတယ်။ ဓားပါတယ်။ နံပတ်တုတ် ပါတယ်။ ကျမတို့ လူထုမှာ ဘာမှ မပါဘူး။ သေနတ်နဲ့ပစ်တာ၊ တရုတ်ဝန်ထမ်းက တူနဲ့ထုတာ။ ခြံစည်းရိုး ခတ်တယ် ဆိုလို့ရှိရင် သံပိုက်လုံးကြီးတွေနဲ့ ခတ်တယ်။ အချွန်တွေ ခတ်တယ်။ တူတွေနဲ့ ထူတယ်။ လူကိုလည်း ထုတယ်။ သူတို့ သံလုံးကိုလည်း ထုတယ်။ အကုန်ထုတာ။"
ပြီးခဲ့တဲ့ရက်က ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံမူအတွင်းမှာ ဒေသခံလူထုနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ကုမ္ပဏီကို အကာကွယ်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေ တင်းမာမူဖြစ်အပြီးမှာ လူတဦးသေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာပါ။ မြန်မာအစိုးရပိုင် သတင်းတွေမှာတော့ ကြေးနီး စီမံကိန်းခြံစည်းရိုး ကာရံတာကိုအနှောက်ယှက်ပေးတာကြောင့် ပဋိပက္ခဖြစ်ပွားပြိးလူတဦးသေဆုံးကာ ဒေသခံတွေနဲ့ ရဲတွေ ဒဏ်ရာရခဲ့တယ် လို့ ရေးသားထားပါတယ်။ ဒီအတွက် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြစ်တဲ့၁၂ ဗို့ပြောင်းချောသေနတ်ကို သုံးခဲ့ရတယ်လို့ဆိုပါတယ်။
ဒေသခံတွေကတော့ သူတိုရဲ့မြေတွေ သိမ်းဆည်းခံလိုက်ရတဲ့အတွက် ဆည်တဲရွာတရွာလုံးကတော့ နောက်ထပ် စိုက်ပျိုးစားသာက်စရာမြေတွေ မရှိတော့တဲ့အတွက် တောင်သူတွေရဲ့ စားဝတ်နေရေး အတွက် အခက်အခဲတွေ ကြုံရတော့မယ်လို့ ဆိုပါတယ် လက်ရှိမှာလည်း ရွာမီးရှို့မယ် ဆိုတဲ့ သတင်းတွေ ကြားနေရတာကြောင့် ရိပ်သိမ်းပြီးသားပဲနှမ်းတွေ ပြောင်းရွှေ့နေရသလို စိုက်လက်စ မရိတ်သိမ်းရသေးတဲ့ ပဲနှမ်းတွေကတော့ ဆုံးရှုံးနစ်နာခဲ့ရပြီလို့လည်း ဆိုပါတယ်။ ဒီထဲမှာ ခြံစည်းရိုး ကာရံထားတဲ့နေရာတွေမှာ လျှပ်စစ်ဓါတ်တွေ လွှတ်ထားတယ် ဆိုတဲ့သတင်းတွေကြောင့် ကျဲနွားတိရစ္ဆာန်တွေ ရွာသားတွေအတွက် စိုးရိမ်ပူပန်မူတွေလည်း ရှိနေပါတယ်။
 မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကို ခြံစည်းရိုးကိုလျပ်စစ်ဓါတ်အားတွေ လွှတ်ထားတာ ဟုတ်မဟုတ် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
မအေးအေးမာ (VOA) - ခြံစည်းရိုးကာထားတဲ့ သွပ်ဆူးကြိုးတွေ နေရာမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်တယ်ဆိုတာ ဟုတ်ပါသလား။
မြန်မာဝမ်ပေါင်- ဟာ မရှိဘူး။ မရှိဘူး။ အဲ့တာဟာ ကောလဟာလပဲ။ အဲ့တာမရှိဘူး။
ရန်ကုန်မြို့မှာတော့ ညနေပိုင်းမှာ အင်အား ၆၀ ခန့်ရှိတဲ့ တက်ကြွလှုပ်၇ှားသူတွေ စုဝေးပြီး တရုတ်သံရုံးရှေ့မှာဆန္ဒပြနေကြပါတယ် နစ်နာကြေး မယူထားတဲ့မြေတွေ သိမ်းဆည်းခံရတာတွေ ဟာ ဒေသခံတဦး သေဆုံးရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့ ရတယ် ဆိုပြီး ဆန္ဒပြသူတွေကဆိုပါတယ်။ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ ၀န်ထမ်းတွေရဲ့ ဒေသခံတွေအပေါ် ကိုယ်ထိ လက်ရောက် ကျုးလွန်မူတွေ ရှိတာကြောင့်ဆိုပြီး တရုတ်အစိုးရမှာတာဝန်ရှိတယ်ဆိုကာ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။
VOA
လိပ်ကျွန်းလူသတ်မှု သက်သေစာရင်း တင်သွင်း
လူသတ်မှု စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး။
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးသတ်ဖြတ်ခံရမူနဲ့ ပတ်သက်လို့ မြန်မာ လူငယ်၂ဦးကို စွပ်စွဲထားတဲ့အတွက် မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ လိပ်ကျွန်းကိစ္စ အထူးစုံစမ်းရေးကော်မတီက ဒီအမှုမှာ ခုခံချေပမယ့် သက်သေ ၃၁ဦးပါ စာရင်းနဲ့ သူတိုရဲ့ ထွက်ချက် အထောက်အထားတွေကို ကော့စမွေ တရားရုံးမှာ သောကြာနေ့ က တင်သွင်းခဲ့ပါတယ်။ ထိုင်းရှေ့နေများကောင်စီ က တောင်းဆို ထားတဲ့ နိုင်ငံခြားသား ၂ဦး အား သက်သေ စစ်ဆေးခွင့်ရဖို့ကိုလည်း တရားသူကြီး ကခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့် ခရီးသွားအများအပြား လာလည်ကြတဲ့ ကော့သောင်ကျွန်း လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်က ဗြိတိန်နိုင်ငံသား လူငယ် ၂ဦး သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီသတ်ဖြတ်မူနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား လူငယ်၂ဦး ကို ထိုင်းရဲတွေက လူသတ်မှု၊ မုဒိန်းမှုစတဲ့ ပုဒ်မတွေ အပါအ၀င် ပုဒ်မ ၇ခုလောက်နဲ့ တရားစွဲထားပါတယ်။  မြန်မာလူငယ်တွေကတော့ စစ်ဆေးမေးမြန်း စဉ်မှာ ခြိမ်းခြောက်မှု၊ နှိပ်စက်မူတွေကြောင့် သူတို့ ၀န်ခံရပါတယ် လို့ ပြောဆိုပြီး သူတို့ရဲ့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီ့အတွက် မြန်မာ သံရုံးက အထူးစုံစမ်းရေး အဖွဲ့ဖွဲ့ပြီး ရှေ့နေ ၁၂ဦးနဲ့ ခုခံချေပဖို့ ပြင်ဆင်ခဲ့တာပါ။
ကော့စမွေတရားရုံးမှာ ရုံးထုတ်ချိန် နှစ်ဖက်သက်သေတွေ ရဲ့ စာရင်း အထောက်အထားတွေကို တင်ပြရာမှာ မြန်မာ လူငယ်၂ဦးအတွက် သက်သေ (၃၁ဦး) စာရင်းကို တင်ပြခဲ့ကြောင်း မြန်မာသံရုံး က တာဝန်ပေးထားတဲ့ အထူး စုံစမ်းရေးကော်မတီက ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။
"တရားသူကြီး အမိန့်ပြောတဲ့အတိုင်းပါပဲ။ အခု ၂၆ရက် ၁၂လ မတိုင်ခင်မှာ နှစ်ဖက် သက်သေတွေ တင်မယ်။ သက်သေ စာရင်းတွေ တင်မယ်။ တရားလိုဘက်က သက်သေ (၆၅) ယောက်တင်ပါတယ်။ ကျနော်တို့ဘက်က သက်သေ (၃၁) ယောက်တင်တယ်။ နိုင်ငံခြားသားသက်သေ (၂)ယောက်ပါပါတယ်။ ရက်ချိန်းကတော့ ရှေ့နှစ် ၇လပိုင်းမှာ စမှာပါ။ ပြန်ပြီးတော့ ၇လပိုင်း ၈ရက်နေ့လောက်မှ တရားလိုပြသက်သေတွေကို စစ်မယ်။ ပြီးလို့ရှိရင် ၈လပိုင်းမှာ တရားလိုပြသက်သေ ၆၅ယောက် စလုံးကို အပြီးစစ်မယ်ပြောပါတယ်။ ပြီးတော့ ၉လပိုင်းမှာ ကျနော်တို့ တရားခံပြသက်သေ တွေကိုစစ်မယ်။ ကျနော်တို့မြင်တာတော့ ကျနော်တို့ ဆောင်ရွက်ရတာ တရားရုံးအခြေအနေ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းကဆိုရင် တရားရုံးက အလျင်စလို ဆောင်ရွက် ထားတဲ့အတွက် မြန်မြန်စစ် မြန်မြန်အပြစ်ပေးမယ့်ပုံစံမျိုးဖြစ်နေတာ။  ဒါပေမဲ့ ဒီနေ့ကတော့ ကျနော်တို့ပြောချင်တာကို ပြောခဲ့ရတယ်။ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးအတိုင်းပဲ ၇လ၊ ၈လ ခွာပြီး ချိန်းလို့ရခဲ့ပါတယ်။ ၇လပိုင်း ၈ရက်နေ့ဆိုရင် သက်သေတွေကို ရှာဖွေမယ်။ တကယ်တန်ဖိုးရှိတဲ့ သက်သေတွေကို ရွေးထုတ်မယ် ဆိုတဲ့ အချိန်ရသွားတာပေါ့။ "
မြန်မာနိုင်ငံသား သက်သေ ၂၀ကျော်ဟာ လူသတ်မှုဖြစ်ချိန် လိပ်ကျွန်းမှာ ရှိနေကြ သူများဖြစ်ပါတယ်။ သူတို့သက်သေ ထွက်ပေးဖို့ အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နဲ့ တိုင်းဒေသအလိုက် အစိုးရအဖွဲ့တွေ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေက အကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တရားရုံးထုတ်ချိန်တုန်း ကတော့ ကော့တောင်ကျွန်း လူသတ်မှု အခြေအနေ ကို သိနိုင်တယ်လို့ ယူဆထားတဲ့နိုင်ငံခြားသား ၂ဦးကိုလည်း ထိုင်းရှေ့နေများကောင်စီ က သက်သေ အဖြစ် ခေါ်ယူခွင့်ပေးဖို့ တောင်းဆို ထားပါတယ်။ ဒီတောင်းဆိုချက်ကို တရားရုံးက လက်ခံခဲ့ကြောင်း အထူး စုံစမ်းရေးကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်ကဆိုပါတယ်။
" ကျနော်တို့က တောင်းဆိုထားတော့ အဲ့တာကို တရားသူကြီးက အကြမ်းဖျင်းပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက တောင်းဆိုထားတော့ လက်ခံထားပါတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်တော့ စစ်ခွင့်ပေးမယ်ဆိုတာတော့ ဒီနေ့ အတိအကျ မပြောသေးပါဘူး။ ဆိုလိုတာက ထိုင်းထဲမှာရှိရင်တော့ ခေါ်စစ်ပိုင်ခွင့် ပေးမယ်ပေါ့။ ထိုင်းထဲမှာမရှိတဲ့သူဆိုရင်တော့ သူတို့ အတိအကျမပြောပါဘူး။"
နိုင်ငံခြားသား၂ဦးအနက် တဦးကတော့ သေဆုံးသူရဲ့  မိတ်ဆွေဖြစ်ပြီး နောက်တဦး ကတော့ အဲ့ဒီကျွန်းက ကျွန်းသူကြီး ပိုင်တဲ့ AC ဘားမှဂီတာတီးပြိးအလုပ်လုပ်နေသူ တဦးဖြစ်ပါတယ်။ သူတို့ဟာ ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့ နောက်တနေ့ မှာပဲ ကျွန်းကနေ ထွက်ခွါခဲ့ကြသူများဖြစ်ပါတယ် ။ သူတိုကို ထိုင်းရဲက မေးမြန်း စုံစမ်းမှု အနည်းငယ် လုပ်ခဲ့ပေမဲ့ သူတို့ဟာ လူသတ်မှုနဲ့ မသက်ဆိုင်ဘူး ဆိုပြီး ပြန်ခွင့်ပေးခဲ့တာဖြစ်ပါတယ် ။
အဲ့ဒီ့အချိန်တုန်းက တဦးကတော့ သူရဲ့အခန်းမှာ သွေးစွန်းနေတဲ့ အ၀တ်အစားတွေ ရှိနေပြိး နောက်တဦးကတော့ သေဆုံးသူ တိုက်ခိုက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်မျိုးတွေ ကို သူခန္ဓာကိုယ်ပေါ်မှာတွေ့ ရှိခဲ့တာပါ ။ ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက သူတိုကို ထိထိရောက်ရောက် စစ်ဆေးမေးမြန်းတာမျိုးတွေ မလုပ်ခဲ့ဘူးဆိုပြီး ထိုင်းလူမူကွန်ယက်တွေမှာတော့ ဝေဖန်ခဲ့ကြပါတယ်။
ဒါအပြင် သူတို့တွေဟာ လိပ်ကျွန်း လူသတ်မှု အဖြစ်အပျက်တွေကို မျက်မြင် သိရှိနိုင်တဲ့ လူများဖြစ်တယ်လို့ ထိုင်းရှေနေများကောင်စီကလည်း ယုံကြည်နေ ပါတယ်။ ဒီအတွက် သူတို့တွေဟာ ထိုင်းနိုင်ငံမှာ မရှိတော့ဘူးဆိုရင် စုံစမ်းရေးအဖွဲ့ အနေနဲ့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို မေးကြည့်ခဲ့ပါတယ်။
" အဲ့တာတော့ သူ့ဥပဒေအရ အဲ့လိုခေါ်လို့ရလား၊ မရလားဆိုတာတော့ ကျနော်တို့ ထိုင်းရှေ့နေတွေနဲ့ ညှိရမယ်လေ။ တကယ်လို့ မြန်မာအစိုးရဘက်က သူတို့နိုင်တဲ့ဘက်က ကျနော်တို့ အကြံပေးတဲ့အတိုင်းတော့ သူတို့ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဆိုတော့ တကယ်လို့ ထိုင်းရှေ့နေတွေက ကျနော်တို့ သံရုံအထူးကိုယ်စားလှယ် အဖွဲ့ကနေတဆင့် ခေါ်သင့်တယ် ခေါ်ရမယ်ဆိုရင် ကျနော်တို့ ထိုင်းအစိုးရကို တရားဝင်စာတင်ပြီး ခေါ်မှာဖြစ်ပါတယ်။"
ဒီနေ့ ကော့စမွေ တရားရုံးမှာစွပ်စွဲခံရသူတွေကို ရုံးထုတ်စစ်ဆေးချိန်မှာ မိသားစုဝင်တွေနဲ့ ရခိုင်ဘုန်းတော်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သက်သေတွေ ထွက်နိုင်ဖို့အတွက် နောက်ထပ် အချိန်လ နှစ်ဝက်ကျော် အချိန်ရတဲ့အတွက် အကောင်းဆုံး ပြင်ဆင်မူတွေ လုပ်သွားမှာဖြစ်သလို စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ဦး အာမခံရနိုင်ဖို့ကိုလည်း ကြိုးစားလုပ်ဆောင်သွားမယ်ဆိုပြီး စုံစမ်းရေးကော်မရှင်က ပြောပါတယ်။
မအေးအေးမာ - VOA
22 Dec 2014
၂၀၁၅ ခုနှစ် အစောပိုင်းတွင် 4G Lenovo စမတ်ဖုန်း သစ်နှစ်မျိုး အတွက် Intel အထောက်အပံ့ ပေးမည်
Lenovo သည် Intel မှအထောက်အပံ့ ပေးထားသည့် စမတ်ဖုန်းသစ် နှစ်မျိုးကို လာမည့်နှစ် အစောပိုင်းတွင် မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။ Intel သည် အဆိုပါ Lenovo ဖုန်းများအတွက် 64-bit Atom ပရိုဆက်ဆာနှင့် LTE-Advanced modem ချစ်ပ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်းဖုန်း နှစ်မျိုးအနက် တစ်မျိုးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ မိတ်ဆက် ပေးမည်ဖြစ်ပြီး ကျန်တစ်မျိုးကို အခြား နာမည်ကျော် ဈေးကွက်များအတွက် ဖြန့်ချိမည်ဟု သိရသည်။
အဆိုပါ သတင်းသည် ဇန်နဝါရီလ အစောပိုင်းတွင် လက်စ်ဗီးဂက်စ် မြို့၌ကျင်းပမည့် CES ပြပွဲမတိုင်မီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြပွဲတွင် Intel နှင့် Lenovo အပြင် အခြားနည်းပညာ ကုမ္ပဏီကြီးများက ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပြသ သွားမည်ဖြစ်သည်။
ထို့အပြင် Intel သည် လာမည့်နှစ် အစောပိုင်းတွင် ပထမဦးဆုံး 4G system-on-a-chip ကို SoFIA အမည်ဖြင့် မိတ်ဆက် ပေးဖွယ်ရှိသည်။ ပရိုဆက်ဆာ တစ်ခုနှင့် modem ပါဝင်သော ချစ်ပ်များသည် သီးခြား ပရိုဆက်ဆာနှင့် ရေဒီယို ချစ်ပ်များထက် အရွယ်သေးငယ်သလို စွမ်းအင်သုံးစွဲမှု နည်းပါးသောကြောင့် ဟန်းဆက် ထုတ်လုပ်သူများက မျက်စိကျလျက် ရှိသည်။ အဆိုပါချစ်ပ်သည် Intel က Qualcomm ၏ Snapdragon system-on-a-chip  နှင့်ယှဉ်ပြိုင် စေနိုင်ဖွယ်ရှိကြောင်း သိရသည်။
Ref : CNET
internetjournal
ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့ ပူးပေါင်း
Akamai Technologies ၏ ပြီးခဲ့သည့်နှစ် အစီရင်ခံစာအရ hacking နှင့်ဆက်နွှယ်သည့် နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၌ ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် အင်ဒိုနီးရှား နိုင်ငံရှိ လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ဆိုက်ဘာလုံခြုံမှုကို ကာကွယ်ပေး နိုင်မည်ဖြစ်ကြောင်း  ပြည်တွင်းသတင်း ပေါ်တယ်ဖြစ်သည့် Kompas မှဖော်ပြခဲ့သည်။
Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့သည် အင်ဒိုနီးရှား အစိုးရအနေဖြင့် လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများကို ဒီဂျစ်တယ် ဒုစရိုကမှုများ၏ အန္တရာယ်မှ ကာကွယ် ပေးရမည်ဟု ပြဋ္ဌာန်းထားသော နိုင်ငံ၏ မူပိုင်ခွင့် ဥပဒေ No.28/2014 အတိုင်း အပြောင်းအလဲ မရှိဆောင်ရွက် သွားမည်ဟုဆိုသည်။
“ဆိုက်ဘာ ဒုစရိုက်မှုနဲ့ mal-ware တိုက်ခိုက်မှုတွေက အရေးပါတဲ့ လုံခြုံရေး ပြဿနာတွေ ဖြစ်လာပါပြီ။ လူတစ်ဦး တစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက် တွေဟာ နေ့စဉ်နေ့တိုင်း ခိုးယူခံနေ ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းလုံခြုံမှုနဲ့ ဆော့ဖ်ဝဲအစစ်အမှန် အသုံးပြုခြင်းရဲ့အရေးပါမှုတွေကို လူမှုအသိုက် အဝန်းတွေနဲ့ တက္ကသိုလ်တွေမှာ ဝေမျှသွားမှာ ဖြစ်ပါတယ်”ဟု ဂျကာတာ ရဲမှူးကြီးဖြစ်သူ ဘူဒီဝစ်ဒ်ဂျာနာကိုက ဆိုခဲ့သည်။
Microsoft Indonesia မှ ဒါရိုက်တာ အကြီးအကဲဖြစ်သူ အင်ဒရီစ်ဒီယန် တိုရိုကလည်း “အင်ဒိုနီးရှား တစ်ဝန်းလုံးက သုံးစွဲသူတွေကို ကာကွယ်ပေးဖို့က Microsoft ရဲ့အဓိက ရည်ရွယ်ချက်ပါ” ဟု ပြောကြားခဲ့သည်။
Ref: TechInAsia
internetjournal
MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ
(ဓာတ်ပုံ-ကျော်ဇင်သန်း)
MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှုအားလုံးကို ပြည်သူတွေသက်သက်သာသာနဲ့ သုံးနိုင်မယ့် နှုန်းထားတစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးစောထူးသာကပြောသည်။
MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက်အသုံးပြုခများနှင့် ဆင်းမ်ကတ်ဝယ်လျှင် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရသည့်ဝန်ဆောင်မှု များပါဝင်ပြီးအခြားသောဝန်ဆောင်ခများကိုလည်းလျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံလျက်ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုက ဖုန်းပြောခတစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်  နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင်အထိ ရောင်းချပေး ထားပြီး အဆိုပါအရေအတွက်မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူအားလုံး၏ ၉၀ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှုစာရင်းများအရသိရသည်။
http://7daydaily.com
အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ
အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ
(၁) သင့်ဘေးနာကလူ
သင့်ဘေးနားက လူဟာ သင့်ရဲ့ အကောင့်ကို ခိုးကြည့်ပြီး အပ်လိမ့်မယ်။ လက်ခံ
လိုက်တာနဲ့ သင်ဘယ်လို ပုံစံ ဘာအင်္ကျီ ၀တ်ထား သလဲ ဆိုတာကို ခန့်မှန်း
ပြောဆိုလိမ့်မယ်။ နောက်ပြီး သင့်ရဲ့ လက်ကိုင်ဖုန်း ပုံစံနှင့် အသေးစိတ်ကို သူက ပြောလိမ့်မယ်။ ဒီအချက် ကတော့ အင်တာနက်ဆိုင် ထိုင်ကြသူတိုင်း ဖြစ်တတ်တဲ့
ပြဿနာ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကတော့ မိန်းကလေးများ သတိထား သင့်ပါတယ်။ 
(၂) မတော်တရော်များ ကြည့်ခြင်း
တစ်ခါတစ်လေ သတိမေ့ပြီး အင်တာနက်ပေါ်မှာ မတော်တရော် ဇာတ်လမ်းများ ဒါမှမဟုတ် ဓာတ်ပုံများကို စိတ်အား ထက်သန်စွာ ကြည့်နေ တတ်တယ်။ ဘေးလူတွေကပါ
မိမိကြည့်နေတဲ့ အရာတွေကို အာရုံစိုက်လာပြီး အထင်သေး ခံရတတ်တယ်။
အထူးသဖြင့် အမျိုးသားတွေ သတိထား သင့်ပါတယ်။
(၃) ဓာတ်ပုံတွေ ကျန်ခဲ့ခြင်း
တစ်ခါတစ်လေမှာ မိမိဖုန်းနဲ့ ချိတ်ဆက်ပြီး သုံးလေ့ရှိတယ်။ အဲလိုသုံးတဲ့ အခါမှာ အင်တာနက်ဆိုင်မှ ကွန်ပျူတာထဲကို ခဏတာ ဓာတ်ပုံများ Save လုပ်ထား
တတ်တယ်။ ပြန်တဲ့အခါ ဖျက်ပစ်ဖို့ မေ့နေပြီး နောက်လူတွေ ၀င်လာတဲ့ အခါ
ယူသုံးခြင်းကို ခံရနိုင်ပါတယ်။ ဒီအတွက်ကြောင့် သတိထားပါ။
(၄) အသံကျယ်ကြီး ဖုန်းပြောခြင်း
မိတ်ဆွေ သူငယ်ချင်း ချစ်သူ အစရှိသူတို့နှင့် အင်တာနက်ကနေ နားကျပ်တပ်ပြီး
စကားပြောတဲ့ အခါ ရုတ်တရက် မေ့လျော့နေပြီး အသံ အကျယ်ကြီး
အော်မိတတ်တယ်။ မိမိအတွက် မကောင်း သလို တစ်ပါးသူတွေ အတွက်လည်း
စိတ်အနှေင့် အယှက်ဖြစ်စေ နိုင်ပါတယ်။
(၅) Log Out လုပ်ဖို့ မေ့ကျန်ခဲ့ခြင်း
အရေးအကြီးဆုံးပါ။ အင်တာနက်ဆိုင်မှာ အကောင့်ကို Log Out လုပ်ဖို့ မေ့ကျန်ခဲ့လေ့ ရှိကြတယ်။ အဲလို မေ့ကျန်တဲ့ အခါမှာ တစ်ချို့ကတော့ ပိတ်ပေး သလို တစ်ချို့ကတော့ မပိတ်ပေးဘဲ မိမိပုံစံဖြင့် သုံးလေ့ရှိကြတယ်။ တစ်ချို့အင်တာနက် ဆိုင်တွေက တစ်ယောက် သုံးပြီးတိုင်း Restart ချတတ်ကြပေမယ့် တစ်ချို့ ဆိုင်တွေကို မချပေးပါဘူး။ ဒါကြောင့် သတိထားပါ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
21 Dec 2014
မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ
မန္တလေး-မြစ်ကြီးနား မီးရထားခရီးကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီတခုက ဒီဇင်ဘာလ ၂၂ ဒီနေ့ကစပြီး တာဝန်ယူပြေးဆွဲနေပြီ ဖြစ်ပါတယ်။
မြန်မာ့မီးရထားရဲ့ ပထမဆုံးပုဂ္ဂလိက လွှဲပြောင်းပေးလိုက်တဲ့ မီးရထားခရီးစဉ်ဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေက အရင်နှုန်းထားတွေထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားပါတယ်။ မီးရထားပေါ်မှာ ရေ၊ မီးရရှိပြီး သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်လို့ ရထားပေါ်မှာ နေ့လယ်စာကျွေးမယ့် အစီအစဉ်လည်း ပါရှိတယ်လို့ အဲ့ဒီကုမ္ပဏီက ကြေညာထားပါတယ်။
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ ရထားတွဲဆိုင်းနှစ်ဆိုင်းနဲ့ အစုန်အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး ရိုးရိုးတန်းရထားလက်မှတ် ကျပ် ၈၃၀၀၊ အထူးတန်း ၁၆၅၀၀ ကျပ် ဖြစ်ပါတယ်။
By  ဒီဗွီဘီ
"သုဂတိဘုံသို့ ဘဝကူးနည်း သေနည်း"
မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။
မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။
ေ  သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။ မနောကံ အလုပ် ၊ စိတ်ထဲက နှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများ မလုပ်နိုင်တော့ ဘူး ။ လုပ်သလောက်ဟာကလေး တိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။
ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံး ချုပ်မယ့် ပုံစံကို တိတိကျကျ ရေးဆွဲ ထားရမည် ။ ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါ နှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ ညစဉ် အိပ်ယာ ဝင်တိုင်း တကယ်သေခါ နီး အချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြု လေ့ကျင့် ထားရမည် ။ မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုး ကို ထပ်ကာ ထပ်ကာ မီးထိုး ပေးနေရမည် ။ တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်း ငါးမျိုး အနက် ကြိုက် နှစ်သက်ရာ တစ်မျိုး ကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြင်ထား ရမည် ။
  သေနည်း ငါးမျိုး
၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။
၂။ ဒါန နှင့် ဘဝ ကူး နည်း ။
၃။ သီလ နှင့် ဘဝ ကူး နည်း ။
၎။ သမထ နှင့် ဘဝ ကူး နည်း ။
၅။ ဝိပဿနာ နှင့် ဘဝ ကူး နည်း ။
သရဏဂုံ နှင့် ဘဝ ကူး နည်း ။
*********************
သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့်
နေသွားပါ ။သေခါ နီးမှာ
ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
သံဃံ သရဏံ ဂစ္ဆာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
လို့ အဓိပာယ် ပါ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ သရဏဂုံ နှင့်
ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။
ဒါန နှင့် ဘဝ ကူးနည်း
++++++++++++
ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလောဆယ် လှူ နေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါနကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။
မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။
သီလနှင့် ဘဝ ကူးနည်း
****************
နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ်ကို ငြိမ်အောင် ထားပါ ။ မိမိ သီလကို နှလုံးသွင်းပြီး သီလ နုဿတိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
သမထ နှင့် ဘဝ ကူး နည်း
xxxxxxxxxxxxxxxxxx
သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့  လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။
ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။
ဝိပဿနာ နှင့် ဘဝ ကူးနည်း
++++++++++++++++
ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿနာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
( မိုးကုတ် ဆရာတော်ဘုရား ကြီး ၏ ဝေဒနာ ကုန်ပျောက် နိဗ္ဗာန် ပေါက် တရား တော်မှ ဝိပဿနာ နှင့် ဘဝ ကူး နည်း ကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။
ဘုရား ရှင်က သေနည်း ၆=မျိုး ဟော ကြား ထားပါသည် ။
ပုထုဇဉ် တို့၏ သေ နည်း က ၃-မျိုး ၊
သောတာပန်- သကဒါဂါမ် ၊ အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း -၆-မျိုး ရှိပါသည် ။
အဲဒီ အထဲက မှ ဆရာတော် ကြီး ဟော ကြားထား သော ပုထုဇဉ် တို့ အတွက် အသင့်တော်ဆုံး သေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်း ကတော့ ဘုရားရှင် နှင့် တပည့်သား တို့ ထံ မှ ကြား နာရသည့် တရား အတိုင်း ဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍ သေနည်း ဖြစ် ပါသည် ။
ေ သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။ အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း က ဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစား ပြီး အကျင့် လုပ်ထား ရမည် ။ ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ ။ သံသရာ ဝဋ် ဆင်းရဲ မှ မရုန်း ထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေ စေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း ၊ ဖြစ်သည် ။ ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပ္ပာဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွား နိုင်သည် ။) ။ ။
စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ…
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု…
ဆုတောင်း ပေးရင်း…
မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော…
သာသနာ့ ဟိတကာရီ.အရှင်ကုဏ္ဍလ- နေသိုက်ဈာန်(လမှုး)
Credit to : အလင်းတမန်
20 Dec 2014
6P ပါမစ်များ သက်တမ်းတိုးခွင့် 1 နှစ်ထပ်မံခွင့်ပြုမည်
မလေးရှား
အထူးသတင်း (18.12.2014)
 လွန်ခဲ့သော 2011 ကစတင်အကောင်ထည်ဖော်ခဲ့သည့် မလေးရှားအစိုးရ၏ 6P အစီအစဉ်တွင် အလုပ်ရှင်များဖြင့် တရားဝင် ပါမစ်လျှောက်ထားသူများအတွက် နောက်ထပ်တစ်နှစ် ထပ်မံခွင့်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ် မလေးရှားသတင်းစာများတွင် ညနေသတင်းအဖြစ်ဖော်ပြထားခဲ့သည် ။
မလေးရှားအစိုးရမှ လက်ရှိ အလုပ်သမားပြတ်လပ်မှု ပြဿနာများ စတင်ကြုံတွေ့လာနေရသောကြောင့် စုစုပေါင်း အလုပ်သမား ၃ သိန်း ၅ သောင်း ၂ ထောင် (အလုပ်ရှင် နှင့် အလုပ်သမားမှန်ကန်စွာလျှောက်ထားသူများ) ကို နောက်ထပ်တစ်နှစ် ပါမစ်သက်တမ်းတိုးခွင့်တရားဝင် ခွင့်ပြုလိုက်ကြောင်း ယနေ့ သတင်းများတွင် တရားဝင်ဖော်ပြပါရှိပါသည် ။
ပြည်ထဲရေးဝန်ကြီးဌာနမှ ဆက်လက်ပြီး အဆိုပါ အလုပ်သမားများအနေဖြင့် 2015 တွင် ပါမစ်ကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေးထားပြီဖြစ်ကြောင်းနှင့် လက်ရှိတိုင်းပြည်တွင်း အလုပ်သမားရှားပါးလာမှုကို ထိန်းချုပ်ရန် နှင့် စီပွားရေးမကျဆင်းရန် ဆက်လက်ခွင့်ပြုရကြောင်းပြောကြားခဲ့သည် ။
သို့ကြောင့် 6P အစီအစဉ်တွင် ပါမစ်လုပ်ထားသူများသည် အလုပ်သမားလိုအပ်ချက်အရ အထောက်အထား မှန်ကုန်မှု ၊ လုပ်ငန်းရှင်၏ ထောက်ခံမှု နှင့် လိုအပ်သောနေရာများ အတွက် ပါမစ်သက်တမ်းတိုးခွင့် တစ်နှစ် ထပ်မံရရှိမည်ဖြစ်ကြောင်း ယနေ့တရားဝင်ကြော်ငြာခြင်းကို မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြင့် 6P ပါမစ်သမားများအတွက် ဝမ်းမြောက်စေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါသည် ။
Ref : Thestar Online
မလေးရှားရောက်မြန်မာများ Official Facebook Page www.facebook.com/mmrinmy
Houng Naing Lung @ စနေသား
အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွား
တောင်သမန်အင်းအတွင်းမှ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်
အမရပူရမြို့နယ် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရှင်းလင်းခြင်းမရှိသဖြင့် ပတ်ဝန်းကျင်တွင် အနံ့ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းရှိရာ ဦးပိန်တံတား အရှေ့မြောက်ဘက် ကမ်းစပ်တစ်လျှောက်တွင်  ငါးသေများကို ဒီဇင်ဘာ ၁၉ ရက်ကတွေ့ရှိခဲ့ရပြီး ငါးအသေပုပ် အနံ့များကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ဆိုသည်။
“အခုလို ငါးအသေတွေ ရေပြင်မှာ ပေါ်နေတာ သုံး၊ လေးရက် လောက်ရှိနေပြီ။ မနေ့ကဆိုရင် တံတားအရှေ့ဘက် ၀ဲယာတစ်လျှောက် ကမ်းစပ်ရေပြင်မှာ ငါးအသေတွေ မြင်မကောင်းအောင် ဖွေးနေတာပဲ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေတောင် ဓာတ်ပုံရိုက်ယူနေတာ တွေ့ရတယ်။ အနံ့ကလည်း တံတားနားမရောက်ခင် တစ်ပြလောက်ကတည်းက ဆိုးဆိုးရွားရွားနံနေတာ” ဟု ဦးပိန်တံတားမှ ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။
တောင်သမန်အင်း ရေကျချိန်တွင် အင်းအတွင်းရှိ ငါးအချို့သေဆုံးမှုနှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ယခုကဲ့သို့ အကောင်အရေအတွက် များပြားခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။
“ရေကျချိန်မှာ ငါးအသေတွေ ကမ်းနံဘေးကပ်တာတော့ နှစ်စဉ်အနည်းအကျဉ်း ဖြစ်လေ့ရှိတယ်။ ရေများချိန်မှာဆိုလည်း စက်ရုံတွေက ရေဆိုးစီးဝင်မှုတွေ ဖြစ်တဲ့အချိန်မှာ အင်းအတွင်းက ငါးတွေမူးပြီး ရေပေါ်မှာ ပေါ်နေတတ်တယ်။ အခုဖြစ်တာက ငါးမွေးမြူသူတွေအနေနဲ့ ငါးဖော်ရမယ့်အချိန်မှာ မဖော်ဘဲ ယင်းထဲမှာ ငါးတွေပိတ်မိနေသလိုဖြစ်ပြီး သေဆုံးတာဖြစ်နိုင်တယ်” ဟု တောင်သမန်ကျေးရွာရှိ ရေလုပ်သားတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငါးအများအပြား သေဆုံးမှု ဖြစ်ပေါ်နေသော်လည်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေးအကြောင်း ကြားမှုများမရှိသေးကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် “ငါးသေဆုံးမှု ဖြစ်နိုင်တာကတော့ ရေညစ်ညမ်းတာတွေ၊ အဆိပ်ချတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ငါးသေတွေကို မမြင်ရသေးတဲ့အတွက် ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ တီလားဗီးယား ငါးမျိုးတွေက ရေညစ်ညမ်းမှုကိုခံနိုင်တယ်။ အကြမ်းခံနိုင်တဲ့ ငါးတွေဖြစ်တဲ့အတွက် ဘာကြောင့်ဖြစ်တာသိဖို့ကို ရေအရည်အသွေး တိုင်းတာမှုတွေ၊ ငါးသေတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ အဖြေကိုအတိအကျ ပြောနိုင်မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အင်းကမ်းစပ်တစ်လျှောက် သေဆုံးနေသည့် ငါးများမှာ တစ်ပြကျော်ခန့်ရှိပြီး ငါးသေများကို အင်းသူကြီးနှင့် သက်ဆိုင်ရာမှ ရှင်းလင်းဆောင်ရွက်ပေးမှု မရှိသေးဘဲ ဒေသခံများက ကောက်ယူကာ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
- See more at: http://news-eleven.com/madalay-others/%E1%80%A1%E1%80%99%E1%80%9B%E1%80%95%E1%80%B0%E1%80%9B%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%99%E1%80%94%E1%80%B9%E1%80%A1%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%84%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%AF%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%A1%E1%80%BB%E1%80%95%E1%80%B6%E1%80%B3%E1%80%9C%E1%80%AF%E1%80%AD%E1%80%80%E1%80%B9-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8#sthash.nI2XORqU.ZxJdbdZ4.dpuf
တောင်သမန်အင်းအတွင်းမှ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်
အမရပူရမြို့နယ် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရှင်းလင်းခြင်းမရှိသဖြင့် ပတ်ဝန်းကျင်တွင် အနံ့ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းရှိရာ ဦးပိန်တံတား အရှေ့မြောက်ဘက် ကမ်းစပ်တစ်လျှောက်တွင်  ငါးသေများကို ဒီဇင်ဘာ ၁၉ ရက်ကတွေ့ရှိခဲ့ရပြီး ငါးအသေပုပ် အနံ့များကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ဆိုသည်။
“အခုလို ငါးအသေတွေ ရေပြင်မှာ ပေါ်နေတာ သုံး၊ လေးရက် လောက်ရှိနေပြီ။ မနေ့ကဆိုရင် တံတားအရှေ့ဘက် ၀ဲယာတစ်လျှောက် ကမ်းစပ်ရေပြင်မှာ ငါးအသေတွေ မြင်မကောင်းအောင် ဖွေးနေတာပဲ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေတောင် ဓာတ်ပုံရိုက်ယူနေတာ တွေ့ရတယ်။ အနံ့ကလည်း တံတားနားမရောက်ခင် တစ်ပြလောက်ကတည်းက ဆိုးဆိုးရွားရွားနံနေတာ” ဟု ဦးပိန်တံတားမှ ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။
တောင်သမန်အင်း ရေကျချိန်တွင် အင်းအတွင်းရှိ ငါးအချို့သေဆုံးမှုနှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ယခုကဲ့သို့ အကောင်အရေအတွက် များပြားခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။
“ရေကျချိန်မှာ ငါးအသေတွေ ကမ်းနံဘေးကပ်တာတော့ နှစ်စဉ်အနည်းအကျဉ်း ဖြစ်လေ့ရှိတယ်။ ရေများချိန်မှာဆိုလည်း စက်ရုံတွေက ရေဆိုးစီးဝင်မှုတွေ ဖြစ်တဲ့အချိန်မှာ အင်းအတွင်းက ငါးတွေမူးပြီး ရေပေါ်မှာ ပေါ်နေတတ်တယ်။ အခုဖြစ်တာက ငါးမွေးမြူသူတွေအနေနဲ့ ငါးဖော်ရမယ့်အချိန်မှာ မဖော်ဘဲ ယင်းထဲမှာ ငါးတွေပိတ်မိနေသလိုဖြစ်ပြီး သေဆုံးတာဖြစ်နိုင်တယ်” ဟု တောင်သမန်ကျေးရွာရှိ ရေလုပ်သားတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငါးအများအပြား သေဆုံးမှု ဖြစ်ပေါ်နေသော်လည်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေးအကြောင်း ကြားမှုများမရှိသေးကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် “ငါးသေဆုံးမှု ဖြစ်နိုင်တာကတော့ ရေညစ်ညမ်းတာတွေ၊ အဆိပ်ချတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ငါးသေတွေကို မမြင်ရသေးတဲ့အတွက် ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ တီလားဗီးယား ငါးမျိုးတွေက ရေညစ်ညမ်းမှုကိုခံနိုင်တယ်။ အကြမ်းခံနိုင်တဲ့ ငါးတွေဖြစ်တဲ့အတွက် ဘာကြောင့်ဖြစ်တာသိဖို့ကို ရေအရည်အသွေး တိုင်းတာမှုတွေ၊ ငါးသေတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ အဖြေကိုအတိအကျ ပြောနိုင်မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အင်းကမ်းစပ်တစ်လျှောက် သေဆုံးနေသည့် ငါးများမှာ တစ်ပြကျော်ခန့်ရှိပြီး ငါးသေများကို အင်းသူကြီးနှင့် သက်ဆိုင်ရာမှ ရှင်းလင်းဆောင်ရွက်ပေးမှု မရှိသေးဘဲ ဒေသခံများက ကောက်ယူကာ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
http://news-eleven.com
မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေ ၃ သန်းရှိလာ
ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေသည် ၃ သန်း ပြည့်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် အိုင်စီတီ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။
မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေသည် ၂၀၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook သုံးစွဲသူ ၃ သန်းအနက် ၂.၈ သန်းသည် မိုဘိုင်းထုတ်ကုန်များပေါ်မှတစ်ဆင့် အသုံးပြုကြခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ ကွန်ပျူတာဖြင့် အသုံးပြုကြသူများ ဖြစ်သည်။ မိုဘိုင်းထုတ်ကုန် ၂.၈ သန်းအနက် Android ဖုန်းများမှတစ်ဆင့် အသုံးပြုသူ ဦးရေမှာ ၂.၆ သန်းရှိသည်။
Facebook သုံးစွဲသူ ၃ သန်းအနက် ၁.၈၆ သန်း (၆၂ ရာခိုင်နှုန်း) မှာ အမျိုးသားများဖြစ်ပြီး ၁.၀၈ သန်း (၃၆ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်သည်။ ကျန် ၂ ရာခိုင်နှုန်းမှာ နှစ်သက်ရာ လိင်အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာပြီးနောက် တိုးတက်လာခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းမှ Facebook သုံးစွဲသူများအနက် အသက် ၂၀ မှ ၃၀ နှစ်ကြား သုံးစွဲသူဦးရေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း သုံးစွဲသူ အရေအတွက်၏ ၅၇ ရာခိုင်နှုန်းရှိသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူဦးရေမှာ ၃၈၀,၀၀၀ ရှိသော်လည်း အသက် ၅၀ မှ ၆၅ နှစ်ကြား သုံးစွဲသူဦးရေမှာ အနည်းဆုံးဖြစ်ပြီး အသုံးပြုသူ ၈၈,၀၀၀ သာ ရှိသည်ဟု အထက်ပါ အေဂျင်စီမှ သိရသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူအရေအတွက် တစ်နှစ်ကျော်အတွင်း သုံးဆ မြင့်တက်လာခြင်း နှင့် ပတ်သက်၍ Amara Digital Marketing Agency မှ အမှုဆောင်အရာရှိချုပ် ဒေါ်ချမ်းမြေ့ခိုင်က
“စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ Facebook မှာ သုံးစွဲမှုများလာတာဟာ အရောင်းမြှင့်တင်ရေး နယ်ပယ်တစ်ခု တိုးလာတာပါပဲ။ ပြည်တွင်းက လူတွေရဲ့ အကြိုက်ကို နားလည်ပြီး Social Media ကို ထိထိရောက်ရောက် သုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းက ပြိုင်ဘက်တွေထက် တစ်ပန်းသာပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
အင်တာနက်ဂျာနယ်
17 Dec 2014
===========================================
--------------------------------------------------------------------------------------
(Unicode Version)
---------------------
Google မှ ဘာသာစကားအသစ် ၁၀ မျိုးကို ဘာသာပြန်မှုအတွက် ထောက်ပံ့ပေးလိုက်ပြီး မြန်မာ(burmese) ဘာသာစကားလည်း ပါ၀င်လာ
===========================================
Google မှ သူတို့၏ ထုတ်ကုန်တစ်ခုဖြစ်သော translate.google.com တွင်ဘာသာပြန်ထောက်ပံ့မှု မရသေးသော ဘာသာစကား ၁၀ မျိုးကို ဘာသာပြန်စနစ်ထောက်ပံ့ပေးနိုင်မှုအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ရာ အဆိုပါ ဘာသာစကား ၁၀ မျိုးတွင် မြန်မာ(Burmese) ဘာသာစကားလဲ ပါ၀င်လာပြီဖြစ်ပါတယ်။ အဆိုပါ ဘာသာစကား ၁၀ မျိုးမှာ အာဖရိကရှိနိုင်ငံတစ်ချို့နှင့် အာရှမှနိုင်ငံတစ်ချို့တို့ ပါ၀င်ပြီး အာဖရိကနိုင်ငံများမှ Chichewa(မော်လ၀ီ နှင့် အခြား) ၊ malagasy(မလာဂတ်စကား) နှင့် Sesotho(လီဆိုသို နှင့် တောင်အာဖရိက) တို့ပါ၀င်ပြီး အာရှနိုင်ငံများမှ Karzakh( ကာဇက်စတန်) ၊ Tajik (တာဂျီကစ်စတန်) ၊ မြန်မာ(မြန်မာ) ၊ Sinhala(သီရီလကာငျ်) နှင့် Sundanese (အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကၽွန်း) တို့ ဖြစ်ပါတယ်။
ထိုအတွက် ယခင်က မရရှိသေးသော နိုင်ငံတကာဘာသာစကားများကို ဘာသာပြန်ဆိုမှုကို translate.google.com ကို အသုံးပြုကာ ဘာသာပြန်ဆို နိုင်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ဘာသာပြန်ဆိုနိုင်မှုအတွက် ထောက်ပံ့ပေးတဲ့ ဖောင့်စနစ်ကတော့ ယူနီကုဒ်ဖောင့်စနစ် (ဥပမာ - မြန်မာ ၃ ၊ ပိတောက် အစရှိသဖြင့်) (မှတ်ချက် - ယခု လူသုံးများနေသော ဇော်ဂျီဖောင့်မှာ ယူနီကုဒ်ဖောင့်မဟုတ်ပါ) ဖြစ်ပါတယ်။ အသုံးပြုလိုသူများ ၊ စမ်းသပ်လိုသူ များအတွက် www.translate.google.com နှင့် Google Play Store ရှိ Google Translate apk တို့ကို ရယူကာ ဘာသာပြန်ဆိုနိုင်ပြီး ယူနီကုဒ်နှင့် ပတ်သက်ပြီး သိရှိလိုသည်များ ၊ မေးမြန်းလိုသည်များအတွက် လူမှုကွန်ယက် ဂရုဖ်တစ်ခု ဖြစ်သော https://www.facebook.com/groups/mmUnicode တွင်လည်း ၀င်ရောက်မေးမြန်းလေ့လာနိုင်ပါတယ်။
 Yangon Media Group
လူသတ်တရားခံများအားလုံးကို ရဲမှ မဖမ်းဆီးနိုင်သေးသဖြင့် ပီနန်ရောက် မြန်မာလူမျိုးများ ညဖက် အသွားအလာ ဆင်ခြင်လျက်ရှိ
လူသတ်တရားခံများအားလုံးကို ရဲမှ မဖမ်းဆီးနိုင်သေးသဖြင့် ပီနန်ရောက် မြန်မာလူမျိုးများ ညဖက် အသွားအလာ ဆင်ခြင်လျက်ရှိ
မလေးရှားနိုင်ငံ ပီနန်ဒေသတွင် မြန်မာနိုင်ငံသား ၂၃ ဦးထက်မနည်းအား အဖွဲ့ ၂ ဖွဲ့က ဆက်တိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျွန်းတောင်ပိုင်း တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် ညပိုင်း အပြင်ထွက်ခြင်းကို ရှောင်လာကြသည်။
ယခင်အပတ်က ပီနန်ရဲတပ်ဖွဲ့မှ ဖြန့်ဝေခဲ့သည့် လူသတ်တရားခံအဖြစ် သံသယ ရှိသူ ဘင်္ဂါလီ ၂ ဦးမှာလည်း ပီနန်မှ ထွက်ပြေးသွားပြီဟု ယူဆရကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ ထိုနည်းတူစွာ တင်္နလာနေ့က မြန်မာများကို သတ်ဖြတ် ခဲ့ကြောင်း ၀န်ခံခဲ့ထားသူ ၁၂ ဦးထဲမှ ၃ ဦးက ပီနန်ရဲမှ ရမာန် ထုတ်ခဲ့သည်။ ရဲများက ၄င်းတို့အား ခေါင်းစွပ်မစွပ်ထားသော်လည်း ၄င်းတို့က မျက်နှာများကို အင်္ကျီဖြင့် ကွယ်ထားသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။
လူသတ်မှုများမှာ ယခုနှစ်အစောပိုင်းကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် လများတွင် ပိုမိုများပြားလာခဲ့သည်။ လူသတ်သမားများ လွတ်နေသေးကြောင်း ရဲတပ် ဖွဲ့ကပြောကြားပြီးနောက် မြန်မာနိုင်ငံသား များကြားတွင် ထိတ်လန့်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ လူသတ်သမားများအား လိုက်လံဖမ်းဆီးနေပြီး အခြေအနေအား ထိန်းချုပ်ထားနိုင်သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားသော်လည်း လူအများက စိုးရိမ်လျက်ရှိသည်။
စက်ရုံနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံ သားအများစုမှာ ညနေပိုင်း၊ ညပိုင်း တွင် အပြင်ထွက်ခြင်းမပြုတော့ဘဲ မဖြစ် မနေသွားရမည့် ကိစ္စရှိလျှင် အဖွဲ့လိုက်သာသွားလာကြသည်။
ဘေယန် လီလက်စ်ရှိ ပရိဘောဂစက်ရုံ ၁ ခုတွင် လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် ဦးမောင်မြင့်က “ကျွန်တော် တို့ ၀ယ်စရာရှိရင် အနီးဆုံး စူပါ မားကတ်ကို သွားပြီး ၀ယ်ပြီးတဲ့အခါ အိမ်ကိုတန်းပြန်ပါတယ်” ဟု ပြောကြား သည်။ 
ဗီယက်နမ်အလုပ်သမား ၂ ဦးအပါအ၀င် သူငယ်ချင်း ၅ ဦးနှင့် အတူနေထိုင် သည့် ဦးမောင်မြင့်က မြန်မာနိုင်ငံ သားများ အသတ်ခံရသည့် သတင်းကြား ရသည့် အခါ တုန်လှုပ်မိသည်ဟုဆိုသည်။ 
“ညနေပိုင်းတွေမှာ ဟိုဟိုဒီဒီ သွားဖို့၊ စက်ဘီး စီးဖို့ အန္တရာယ် မကင်းတော့ ပါဘူး”ဟု ပီနန်တွင် ၃ နှစ်ကြာနေထိုင် ခဲ့သည့် ဦးမောင်မြင့်ကဆို သည်။ ၎င်းနှင့် အခန်းဖော်များမှာ လူသတ်မှု သတင်းကြားပြီးချိန်မှစ၍ အလုပ်ပြီးချိန် တွင် ဘယ်မှမသွားဘဲ အိမ် သို့ပြန် ကြသည်ဟု ဆိုသည်။
ရာလူးရှိကော်ဖီဆိုင် ၁ ဆိုင်တွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် ရှမ်း အမျိုးသမီးနော်စောဘွာက “မြို့ထဲမှာ လျှောက်မသွားဖို့ အလုပ်ရှင်က သတိပေး ထားပါတယ်။ သွားစရာရှိရင် အဖွဲ့လိုက်ပဲသွားကြပါတယ်” ဟု ဆိုသည်။ အသတ်ခံရသည့် မြန်မာနိုင်ငံသားများ၏ ဓါတ်ပုံအား ဒေသခံ တရုတ် သတင်းစာများတွင် တွေ့မြင်ခဲ့ ရပြီး ရက်ရက်စက်စက်အသတ်ခံရခြင်းအတွက် စိတ်မကောင်းဖြစ်မိသည်ဟု နော်စောဘွာကဆိုသည်။ 
“အလုပ် ပြီးရင် အပြင် သွားလေ့ရှိပေမယ့် ရာလူးမှာ လူသတ်မှုတွေဖြစ် လာပြီးတော့ မထွက်တော့ ပါဘူး။ လူသတ်မှုတွေက မြန်မာနိုင်ငံသားတွေကို ဦးတည်တဲ့ အတွက် အခု အရမ်းအန္တရာယ်များပါတယ်”ဟု ၎င်းကပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသားများအား သတ်ဖြတ်သည့် အဖွဲ့သစ်တစ်ဖွဲ့ရှိနေကြောင်း ပီနန် ရဲတပ်ဖွဲ့က ပြောကြားသည်။ ရာလူးရှိ ဘုရားကျောင်း ၁ ခု ၏ ရှေ့ တွင် မြန်မာနိုင်ငံသား ၁ ဦး လည်ပင်းလှီးဖြတ်အသတ်ခံရပြီး နောက် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ပါဝင်သူများအား ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် ထိုအဖွဲ့သစ်မှာ ပီနန် ကျွန်းပေါ် တွင် လှုပ်ရှားသည်ဟုယုံကြည်ရကြောင်း ပြည်နယ်ရဲမှူး အဗ္ဗဒူရာဟင် က ဆိုသည်။ လူသတ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ သားများအား စစ်ဆေးရာတွင် တိုးတက်မှုများရှိနေပြီး မြန်မာနိုင်ငံ သား ၃ ဦး အား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟုဆိုသည်။ ၎င်းတို့မှာ တမန်တွန် ဆာဒွန်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မိုယာယာခန်ရာဖီ၊ အသက် ၂၀ ကျော်အရွယ် လော့မန်းနှင့်ဂီမက်ဟု သိထားသူတစ်ဦး တို့ဖြစ် သည်။ ရဲ တပ်ဖွဲ့က အခြေအနေအား ထိန်းချုပ်ထားနိုင်သဖြင့် စိုးရိမ်ခြင်းမရှိဟု ရဲမှူးက ဆိုသည်။
ပီနန်တွင် မြန်မာရွှေ့ ပြောင်းလုပ်သား ၆၀,၀၀၀ ကျော်ရှိပြီး ခိုလှုံခွင့်တောင်းခံ သူနှင့် ဒုက္ခသည်အများအပြားပါဝင်သည်။ မြန်မာနိုင်ငံ တွင် ၂၀၁၂ ပဋိပက္ခ များဖြစ်ပွားပြီးနောက်ပိုင်း နေရပ်မှစွန့်ခွာလာသည့် နိုင်ငံမဲ့ဘင်္ဂါလီ ၁၀၀,၀၀၀ ကျော်အတွက် ပီနန်ပြည်နယ်မှာ အဓိက ဦးတည်ရာနေရာ တစ်ခုဖြစ် သည် ဟု ဆိုသည်။
KHTun
The Ladies News Journal
အောက်လမ်းမှ ပြန်သူများအားထပ်မံဖမ်းဆီး မြန်မာ ၇၆ ဦး ထပ်မံဖမ်းခံရ
မလေးရှား (အထူး)
သတင်း (16.12.2014)
မလေးရှားနိုင်ငံ KEDAH ခရိုင်ရှိ ဘုကစ်ကာယုဟီတမ် တွင် ယနေ့ပြုလုပ်သော တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ (UPP) မ၏ စီမံချက်အရ မလေးရှားနိုင်ငံမှ တရားမဝင် ထွက်ခွာမည့် သူ စုစုပေါင်း ၇၆ ဦး အား Kampung Pandan Satu တွင် ယနေ့နံနက် 9 နာရီက ထပ်မံဖမ်းဆီးရရှိကြောင်း ယနေ့ညနေထုတ် သတင်းတွင် ဖော်ပြထားခဲ့သည် ။
Kedah အထူးဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင် Noor Mohamed Shaik Alauddin မှ ယခုဖမ်းဆီးရေးအတွက် ပြည်သူများ၏ သတင်းပေးချက်များစွာပါဝင်ကြောင်းကိုထည့်သွင်းပြောကြားသွားခဲ့သည် ။
ယနေ့ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသား ၇၆ ဦး (အရေတွက်အများဆုံး) ပါဝင်ကာ မည်သည့်အထောက်အထားမှ မရှိသူ အမျိုးသား ၆၅ ဦး နှင့် အမျိုးသမီး ၇ ဦး နှင့် ပါမစ်သက်တမ်းလွန်နေသူ ၄ ဦး စုစုပေါင်း ၇၆ ဦးအား တစ်စုတည်းဖမ်းဆီးမိခဲ့ကြောင်း သတင်းဌာနများက ဖော်ပြထားခဲ့သည် ။
ဖမ်းဆီးရရှိသူများအနေဖြင့် အသက် ၁၇ မှ ၆၁ နှစ် ကြား ဖြစ်ကြောင်း ၊ အဆိုပါ ၇၆ ဦးလုံး ဂျိုဟိုး ၊ ကွာလာလမ်ပူ ၊ ပီနန်း နှင့် ကူလင်းတို့တွင် တရားမဝင်နေထိုင်နေကြသူများဖြစ်ကြောင်း နှင့် အခကြေးငွေဖြင့်တရားမဝင်ထွက်ခွာရန် ကြိုးစားသူများဖြစ်ကြောင်း ယနေ့သတင်းဌာနများတွင်ဖော်ပြထားသည် ။
ထပ်မံပြီး Noor Mohamed မှတရားမဝင် ထွက်ခွာသူများကို အဆိုပါဖမ်းမိသောအိမ်တွင် ညကတည်းက စုစည်းထားကာ ချောင်းလွန်ကားဂိတ်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ။
အထောက်အထား မရှိသူများအား ပုဒ်မ ၆(၁)(ခ) တရားမဝင်နေထိုင်မှု ဥပဒေ 1959/63 ဖြင့်လည်းကောင်း ၊ အခြား ရက်လွန်နေထိုင်သူ ၄ ဦးကိုမူ ပုဒ်မ ၁၅(၁)(ခ) အရ လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ။
ဖမ်းဆီးထားသူများအား လဝက သို့လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ။
Kedah ပြည်နယ် တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ UPP ၏ ခေါင်းဆောင် မှ ၂၀၁၄ ဒီဇင်ဘာ တစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖမ်းဆီးရရှိသူ စုစုပေါင်း 274 ဦးရှိကြောင်း နှင့် ထိုထဲတွင် မြန်မာနိုင်ငံသား အများဆုံးပါဝင်ကြောင်းကို ယနေ့သတင်းဌာနများသို့ အတည်ပြုသတင်းထုတ်ပြန်ကြောင်း မလေးရှားရောက်မြန်မာများ သိရှိရန် ဖော်ပြပေးသည် ။
မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy
4 Dec 2014
လိပ်ကျွန်းလူသတ်မှု စွဲချက်ပေါင်း ၇ ခုဖြင့် တရားရုံးတင်
ဓာတ်ပုံ – မင်းဦး
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရားခံ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို  ကော်စမွီခရိုင် အစိုးရရှေ့နေကောင်စီဘက်က တရားလိုပြုကာ အမှုပေါင်း ၇ မှုနဲ့ တရားရုံးတင်လိုက်ပါတယ်။
မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတဦးဖြစ်တဲ့ ခွန်အမ်းဖွန်း ဆုန်ထောင်းန်က “အစကသိထားတာက ၅ မှုပေါ့နော်။ ဒီနေ့မှာတော့ စွဲချက်စုစုပေါင်း ၇ မှုရှိတယ်လို့ ခရိုင်တရားသူကြီးက ပြောပါတယ်ရှင့်။ ထိုင်းနိုင်ငံထဲကို တရားမ၀င် ခိုးဝင်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု၊ ပူးပေါင်းပြီး ဒေးဗစ်ကို သတ်တဲ့အမှု၊ ပူးပေါင်းပြီး ဟဲန်နာကို မုဒိမ်းကျင့်မှု၊ အမှုမှန်ကို ဖျောက်ဖျက်ဖို့အတွက် ဟဲန်နာကိုသတ်တာက တမှု၊ ဒေးဗစ်ရဲ့ တယ်လီဖုံးကို ခိုးတာက တမှု၊ လုယက်မှုက တမှုပါ ပါတယ်” လို့ ပြောပါတယ်။
အမှုတွဲမှာလည်း နဂိုက စာမျက်နှာပေါင်း ၈၀၀ ကျော်ပဲ သိရပေမယ့် ဒီကနေ့မှာတော့ စုစုပေါင်း ၉၀၀ ကျော်ရှိပြီး အမှုကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ကော်စမွီခရိုင်တရားရုံးမှာ စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။
တရားခံတွေဘက်ကနေ ချေပပေးနိုင်ဖို့ ဒီအမှုတွဲကို အရင်လေ့လာဖတ်ရှုရမှာမို့ ကော်ပီကူးခွင့် တောင်းခံခဲ့ပေမယ့် အားလုံးမရသေးပဲ အစိတ်အပိုင်းတချို့သာ ရရှိခဲ့ပါတယ်။
သူတို့ ရှေ့နေအဖွဲ့ကတော့ တရားခံတွေ ဘက်ကနေ အတတ်နိုင်ဆုံး ချေပပြောဆိုပေးသွားမှာဖြစ်ပြီး၊ အစောပိုင်းကတည်းကလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရားခံ လူငယ် ၂ ဦးအနေနဲ့  ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့  ထိုင်းရှေ့နေက ပြောသွားပါတယ်။
ဗြိတိန်နိုင်ငံသား ဒေးဗစ် မဲန်လာ ၂၄ နှစ်နဲ့ ဟဲန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။
  နန်းမြနဒီ (ဒီဗွီဘီ)
2 Dec 2014
မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် တယ်လီနော်ဖုန်းကွန်ရက် တိုးချဲ့မည်
တယ်လီနော် မြန်မာကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ်ပေါင်း ၁၂၀ ကျော် မှာ တယ်လီဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
တယ်လီနော်ဟာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ ဖုန်းဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မကြာခင်တိုးချဲ့သွားဖို့ မျှော်မှန်းထားတယ်လို့ တယ်လီနော် မြန်မာရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေရာတွေက ဒီဇင်ဘာအတွင်း ကျနော်တို့ဝန်ဆောင်မှုပေးဖို့ရာထားတဲ့နေရာတွေပါ။ ဒါပေမယ့် စမယ့် ရက်ကတော့ အတိအကျမပြောနိုင်သေးဘူး။ အဓိကက တာဝါတိုင်ပြီးတာ အပေါ်မူတည်တာပေါ့။ တာဝါတိုင်ဆောက်တဲ့ အပေါ်မှာလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။ သတ်မှတ်ထားတဲ့ တာဝါတိုင်အရေအတွက် ပြည့်ပြီဆိုတော့မှ ကျနော်တို့ က ၀န်ဆောင်မှုစပေးလို့ရမှာ။”
လတ်တလော ပြည်တွင်း ဈေးကွက်ထဲမှာ တယ်လီနော် ဖုန်း ဆင်းမ်ကတ် ၂ သန်းကျော်ဖြန့်ချိထားပြီး မရောင်းရသေးတဲ့ ဆင်းမ်ကတ်ပေါင်း ၃ သိန်းကျော်ကျန်ရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ အသစ်ထပ်မံ ဖြန့်ချိရောင်းချဖို့ အတွက်လည်း ဆင်းမ်ကတ် အရေအတွက် ၁၀ သန်းကျော် ကုမ္ပဏီက အဆင်သင့်စီစဉ်ထားတယ်လို့သိရပါတယ်။
နယ်တွေမှာအသုံးပြုဖို့ တယ်လီနော် ဆင်းမ်ကတ်တွေ ကြိုတင်ဝယ်ယူထားသူတွှေအနေနဲ့ လက်ရှိအချိန်မှာ သုံးလို့ရနိုင်မှာ မဟုတ်ပေမယ့် ကွန်ရက်စဖွင့်တာနဲ့ အသုံးပြုလို့ ရနိုင်မယ်လို့ ဆိုပါတယ်။
တယ်လီနော်ဆင်းမ်ကတ်တွေကို မြန်မာ ကျပ်ငွေ ၁၅၀၀ နဲ့ပဲ ဆိုင်ခွဲတွေမှာ အလွယ်တကူဝယ်ယူနိုင်အောင် ရောင်းချပေးနေပြီး ဈေးတင်ရောင်းချတဲ့ ဆိုင်တွေမှာ မ၀ယ်ကြဖို့လည်း တယ်လီနော်ကုမ္ပဏီ က အကြံပြုပါတယ်။
နော်ဝေ အခြေစိုက် တယ်လီနော် မြန်မာကုမ္ပဏီဟာ ပြည်တွင်းမှာ တယ်လီဖုန်း အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ နိုင်ငံခြား ကုမ္ပဏီ နှစ်ခုထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ ဖုန်းဝန်ဆောင်မှု စတင်ခဲ့တာပါ။
မကြာသေးခင် သီတင်းပတ်တွေအတွင်းကတော့ ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သွားခဲ့မှုကြောင့် ပြည်တွင်းမှာ တယ်လီနော်အပါအ၀င် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒီဗွီဘီ