Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့၏ မိုဘိုင်းဖုန်း
ခေါ်ဆိုခများအား စက္ကန့်နှင့် တွက်ချက် ကောက်ခံသည့် စနစ်သို့ ယနေ့မှ
စတင်ပြောင်းလဲ လိုက်ပြီ ဖြစ်သည်။
ယခင်က တစ်မိနစ် မပြည့်သော ဖုန်းခေါ်ဆိုခများ အတွက် ဖုန်းပြောဆိုခ ကုန်ကျမှုများတွင် တစ်မိနစ်စာ ဖြတ်တောက်သော်လည်း ယနေ့နံနက် ၆ နာရီမှ စတင်၍ စက္ကန့်ဖြင့်သာ တွက်ချက် ကောက်ခံတော့မည်ဖြစ်သည်။
ထို့ကြောင့် ယနေ့မှစတင၍ Ooredoo ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ် ဆိုမှုများတွင် စက္ကန့်ခြောက်ဆယ် မပြည့်ပါက သတ်မှတ်နှုန်းထား ဖြစ်သည့် တစ်မိနစ် ၂၅ ကျပ် ကျသင့်တော့မည် မဟုတ်ကြောင်း သိရသည်။ Ooredoo ၏ ထုတ်ပြန်ချက်တွင် ဥပမာအားဖြင့် ၄၇ စက္ကန့်သာကြာချိန်ရှိသော ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေမှာ ၁၉.၅ ကျပ်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
Internet Journal