Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

13 Jan 2015

အသားအရေ ကောင်းခြင်းအတွက် သခွားသီး



သခွားသီးဟာ မြန်မာ လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ ပြောရင်လည်း မမှားပါဘူး။
သခွားသီး အစိမ်းကို သုပ်စားကြသလို၊ ထမင်းဝိုင်းမှာ ငါးပိ ရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံး တတ်ကြပါတယ်။ အကင်ဆိုင် တွေမှာ သခွားသီးကို အရှည်လိုက် လေးတွေ လှီးထားပြီး အချဉ်ရည်နဲ့ တို့လို့ စားသုံး လာတတ်ကြပါတယ်။


တချို့ အိမ်ရှင်မတွေ ကတော့ သခွားသီးကို အသားဟင်း ချက်တဲ့ အထဲမှာထည့်ပြီး ချက်တာပဲ ဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ် ပေးပါတယ်။
ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်း ငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက် လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ် မအားလပ်သူ တွေနဲ့ သဘာဝ ပစ္စည်းများ တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ် ကြပါတယ်။


သခွားသီးဟာ စားသုံးလို့ ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက် အကူပေးတဲ့ အသီး တစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင် အနှံ့ ကပ်ပေးရင် အသားအရေကို တင်းရင်းစေပြီး မျက်နှာလည်း ကြည်လင် စေပါတယ်။ 


သဘာဝတရားက ပေးစွမ်းတဲ့ ပေါင်းတင်ဆေး ဖြစ်တာမို့ တစ်ကိုသာ အသုံးပြု ချင်တဲ့ ပျိုမေတွေ အတွက် သဘာဝ ပေါင်းတင်ဆေး တစ်မျိုးပါ။ ကြိုက်နှစ်သက် သူများ ပြုလုပ် ကြည့်လို့ ရပါတယ်။ သခွားသီးကို စားသုံးခြင်းဖြင့် အစာချက်(Diet ) တဲ့ နေရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ သခွားသီးဟာ အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တာမို့ စားသုံးပေးရင် ဆီးကိုလည်း ရွှင်စေပြီး မိမိ အသားအရေ အတွက်လည်း အသုံးတည့်တဲ့ သခွားသီးကို ပုံမှန်လေး စားသုံး ပေးပါလို့ တိုက်တွန်းစကား ဆိုပါရစေ။ ။


ကင်ဆာအသစ်တစ်ခု တွေ့ရှိ

     

   
လူတိုင်း ဖုန်းကိုင်ထားတဲ့ ဒီခေတ်မှာ ကျန်းမာရေးအတွက် တကယ်အရေးကြီးလို့ ဖတ်ဖြစ်အောင်ဖတ်ပြီး Like & Share လုပ်ဖြစ်အောင်လုပ်ပေးပါ။ 

ကင်ဆာအသစ်တစ်ခု တွေ့ရှိ

အမေရိကကာ Dr. Brian Berry ဆိုသူဟာ လူသားတွေမှာ ဖြစ်နိုင်တဲ့ ကင်ဆာအသစ်တွေ့ရှိထားတယ်လို့ဆိုပါတယ်။ 

အဲဒီ ရောဂါဟာ ငွေရောင် နိုင်ထရိုအောက်ဆီဂျင်ကနေ ဖြစ်နိုင်ကြောင်း ပြောပြထားပါတယ်။
သတိပေးထားတာက: ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပေါ့။
ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်။ 


အရေးကြီးတဲ့ ကျန်းမာရေး အကြံပြုချက်:

၁။ ဖုန်းလာရင် ဘယ်ဘက်နားကပဲ ဖြေစကားပြောပါ

၂။ ဆေးသောက်တဲ့အခါ ရေခဲရေတွေနဲ့မသောက်ပါနဲ့

၃။ ညနေ 5 နာရီနောက်ပိုင်း သိပ်များများ မစားပါနဲ့

၎။ ရေကို မနက်ပိုင်းမှာ များများသောက်ပြီး၊ ညဘက်တွေမှာ လျှော့သောက်ပါ

၅။ ညဘက် 10 နာရီနဲ့ မနက် 4 နာ၇ီကြားမှာ ကောင်းကောင်းအိပ်ပါ

၆။ အစားအစာနဲ့ ဆေးသောက်ပီးနောက် ချက်ချင်း မလဲလျောင်းပါနဲ့

၇။ ဖုန်းဘတ္တရီက နောက်ဆုံး အတုံးလေးကျန်တဲ့ အခါ ဖုန်းအ၀င်လက်မခံပါနဲ့၊ အဲဒီအချိန်မှာ 
 ဖုန်းရဲ့ ရောင်ခြည်ဖြာထွက်နှုန်းက 1000 ကြိမ်လောက် အားပြင်တဲ့အတွက်ပါ---တဲ့။ 


နောက်သူပြောထားပါသေးတယ်---- ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး သင်ဂရုစိုက်မလိုတဲ့သူတွေဆီလည်း Share ပေးဖို့ပေါ့။

ကြင်နာမှုက ဘာမှ ကုန်ကျမှု မရှိကြောင်းကိုလည်း သူပြောထားပါသေးတယ်။
လွယ်လွယ်နဲ့ကင်ဆာဖြစ်စေနိုင်တဲ့ အခြေနေကို ရှောင်နိုင်ကြပါစေ!

ဘာသာပြန်မချောတာကြောင့် နားလည်ပါ-----

မေတ္တာဖြင့်

Must Read And Share

**********************


Dr. Brian Berry of the United States has found new cancer in human beings, caused by Silver Nitro Oxide. Whenever you buy recharge cards, don’t scratch with your nails, as it contains Silver Nitro Oxide coating and can cause skin cancer. Share this message with your loved ones.

Important Health Tips:
1. Answer phone calls with the left ear.
2. Don't take your medicine with cold water....
3. Don't eat heavy meals after 5pm.
4. Drink more water in the morning, less at night.
5. Best sleeping time is from 10pm to 4 am.
6. Don’t lie down immediately after taking medicine or after meals.
7. When phone's battery is low to last bar, don't answer the phone, bcos the radiation is 1000 times stronger.
Can you Share this to people you care about?
I just did,
Kindness costs nothing
But Knowledge is power
Share and Tag at least with five friends

















28 Nov 2014

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ




ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။ 


၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါများအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။

--
Ref: medic-facts
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


ညအိပ်ယာဝင်လျှင် မီးဖွင့် အိပ်စက်သင့်လား၊ မီးပိတ် အိပ်စက်သင့်လား



အမှောင် လုံးဝချထားတဲ့ အခန်းထဲမှာ အိပ်စက်အနားယူခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပဋိဇီဝလုပ်ငန်းဆောင်တာ Metabolism တွေကို ပုံမှန်လည်ပတ်စေနိုင်တယ်လို့ ယနေ့သိပ္ပံ ပညာရှင်များက ယုံကြည်နေကြပါပြီ။ ညအိပ်စဉ် (သို့) ညအိပ်ခါနီးမှာ မိုဘိုင်းဖုံးများ ခေတ်ပေါ်လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ TV၊ ကွန်ပျုတာ၊ tablets စသည်တို့ကို အသုံးပြုခြင်းဟာ ခန္ဓာကိုယ်တွင်းရဲ့ နာရီ body-clock နဲ့ကိုက်ပြီး လုပ်ဆောင်ရတဲ့ ပဋိဇီဝလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုကြပါတယ်။


လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရလည်း ပကတိမှောင်မဲနေသော အခန်းတွင်းမှာ အိပ်စက်ပါက လိုအပ်သော ဟော်မုန်းများနှင့် စားသုံးထားသော အစားအစာများမှ တစ်ဆင့် မိမိခန္ဓာကိုယ်မှ ပြန်လည်သုံးစွဲဖို့energy စွမ်းအင်ကို ပုံမှန်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
သဘာဝမဟုတ်တဲ့ အလင်းရောင်ခြည်များ (ဥပမာ - ဖုန်း screen သို့ မီးချောင်းများ) ဟာ ညအိပ်နေစဉ် ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်ပေးရာမှာ အထောက်အကူပြုတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။


ထိုအီလက်ထရောနစ် အသုံးအဆောင်များမှ ထွက်သော အပြာရောင် အလင်းတန်းများဟာ မနက်အိပ်ယာထ အလင်းရောင်ခြည်နှင့်တူသောကြောင့် ညဘက်တွင် ထွက်သည့် hormone များပုံမှန်ထွက်ခြင်းကို ၀င်ရောက်နှောင့်ယှက်နိုင်ပါတယ်။



Granada university မှ သိပ္ပံ ပညာရှင်များမှ ကြွက်များတွင် လေ့လာစမ်းသပ်ရာမှာတော့ melatonin ဟော်မုန်းဟာ အ၀လွန်ရောဂါ (obesity) နဲ့ ဆီးချို၊၊ သွေးချို ရောဂါ (diabetes) ကိုကူညီတိုက်ဖျက်ပေးနိုင်တာကို တွေ့ရပါတယ်။ Melatonin ဟော်မုန်းဟာ ပုံမှန်အားဖြင့်လည်း နေ့နှင့်ည ဆိုင်ရာ ဆိုင်ရာ ပဋိဇီဝတာဝန်များ (Circadium rhythm) အတွက် အရေးပါတဲ့ signal ကိုပေးသော ဟော်မုန်းတစ်ခု ဖြစ်တဲ့ အတွက် အထက်ပါလေ့လာတွေ့ရှိချက်ဟာ လူသားများအတွက်ပါ မှန်ကန်နေနိုင်ကြောင်း ဖော်ပြထားပါတယ်။


ဒါကြောင့် melatonin ဟော်မုန်းကို ပုံမှန် ထွက်စေနိုင်ရန် အိပ်စက်အနားယူရာမှာ အခန်းကို လုံးဝအမှောင်ချပြီး အိပ်စက်ရန် ကြိုးစားသင့်ကြောင်း အကြံပေးထားတယ်ဆိုတာကို စာဖတ်သူများအား ပြန်လည်မျှဝေလိုက်ရပါတယ်။

--------------------------------------------------------------------

နေခြည် (ဆေး - ၁)
Reference : The Telegraph

18 Nov 2014

ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်


 
ကင်ဆာဆဲလ်တွေကိုတောင်သေစေနိုင်တဲ့ အံသြဖွယ်အစွမ်းနဲ့ ဖျော်ရည်
(အာလူး+မုန်လာဥနီ+ပန်းသီး)
 

ရှေးကတည်းကအဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့အစွမ်းထက်ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။
 

welcome to peace က
တော့ယုံကြည်စွာလုပ်ဆောင်သောက်သုံးပါပြီး။ကြည့်ရှုသူမိတ်ဆွေများလည်လိုက်သောက်စေချင်ကြပါတယ်။တကယ်သောက်လို့ "ကောင်းမှကောင်း "စိတ်ချလိုက်စမ်းပါ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။
ကောင်းကျိုးသာရစေတဲ့အစွမ်းထက်(အာလူး+မုန်လာဥနီ+ပန်းသီး)ဖျော်ရည်ဖြစ်ပါတယ်။
 

ဒီဖျော်ရည်ကို အာလူး(?)%၊ မုန်လာဥနီ
(?)%၊ပန်းသီး(?)%မိမိတို့လိုအပ်သလောက်အချိုးအစားတူညီပေါင်းစပ်ပြီး ဖော်စပ်လို့ လည်ရပါတယ်။
 
လိုအပ်သလောက်ဖော်စပ်ပြီးအစဉ်သင့်သောက်သုးံနိုင်ရအောင်မိမိတို့ လိုလပ်သလောက်ချိန်ဆအသုးံပြုလုပ်ဆောင်ပြီးရေခဲသေတ္တာမှာထား၍လိုအပ်တဲ့အချိန်တွေမှာအရသာရှိစွာခံစားသောက်သုံးနိုင်ကြပါစေ။သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ (သံပုရာသီး၊ရှောက်သီး၊သံပရိုသီး)တို့ကိုလည်းလိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။
 

ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့.....
 

( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
 

( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊
ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။
ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
 

( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း
ကာကွယ်ပေးပါတယ်။
 

( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။
 

( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊
မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
 

( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။
 

( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
 

( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
 

( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန်
တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။
 

( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
 

( ၁၁ ) ဥာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။
 

( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။
ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို
ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
 

( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။
ရောဂါတော်တော်များကိုသက်သာအောင်အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။
 

ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်
နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။
၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။ပာုတ်ပါတယ်…
သောက်လိုက်ကြပါစို့ …
 

welcome to peaceနှင့်
အတူစိတ်ဆန္ဒတူညီဝိရိစိုက်အားထုတ်အတူသောက်လိုက်ကြပါစို့ …
ကြည့်ရှုဖတ်ရှုသူအားလုးံကိုယ်စိတ်နှလုးံကျန်းမာချမ်းသာကြပါစေ…
မှ- welcome to peace

Nay Myo Thwin

14 Nov 2014

ဘ၀မှာ ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း (၁ဝ) ချက်



ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။


(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။


(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။


(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။


(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။


(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊ မိမိရဲ့စံချိန်များ ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။


(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး စားသုံးနိုင်ပါတယ်။


(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက် စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။


(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။


(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။


(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။


အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကိုးကား မြ၀တီ ကျန်းမာရေး

 

30 Oct 2014

ထိုင်းနိုင်ငံမှ ကြက်နှင့်ကြက်ဥတင်သွင်းမှု မရပ်တန့်ပါက ဥပဒေအရ အရေးယူမည်



ထိုင်းနိုင်ငံအတွင်းမှ တ ရားမဝင်တင်သွင်းလာသည့် ကြက်နှင့် ကြက်ဥများကြောင့် မွန်ပြည်နယ်အ တွင်း ကူးစက်ရောဂါများ ဖြစ်ပွားနိုင် သည့်အတွက် အရေးယူဆောင်ရွက် မည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ သိရသည်။


၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီ ၂ရက် တွင် မွန်ပြည်နယ်အတွင်းရှိ ကြက်၊ ဘဲ အဝယ်ဒိုင်များကို ကြက်၊ ဘဲများတင်ပို့ ခြင်းမပြုရန် ခေါ်ယူသတိပေးခဲ့ကာ အောက်တိုဘာ ၁ဝရက်တွင် ဒုတိယ အကြိမ်အနေဖြင့် ကြက်ဥ၊ ဘဲဥဒိုင်များ ကို ထိုကဲ့သို့ တရားမဝင်တင်သွင်းခြင်း မပြုရန် ကုန်သည်များအား ရှင်းပြခဲ့ ကြောင်း သိရသည်။


အောက်တိုဘာ ၂၆ရက်တွင် တ တိယအကြိမ် ခေါ်ယူရှင်းပြပြီးနောက် တရားမဝင် ကြက်နှင့်ကြက်ဥတင်သွင်း နေခြင်းကို မရပ်တန့်ပါက တိရစ္ဆာန် များ စနစ်တကျ မွေးမြူရေးနှင့်ထိန်း ကျောင်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု မွန် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင် သန်းဦးက ပြောသည်။

''တတိယအကြိမ်ရှင်းပြပြီးတော့ မှ ဆက်တင်သွင်းခဲ့မယ်ဆိုရင်တော့ ပိတ်ဆို့ဖမ်းဆီးမှု ပြုလုပ်မှာဖြစ်တယ်။ ဒီလိုလုပ်ရင် ကုန်သည်တွေနစ်နာမှုရှိ လာမယ်။ တစ်ယောက်မှမနစ်နာခင် အခုလို ပညာပေးမှု၊ အသိပေးမှုတွေ လုပ်ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။


တရားမဝင် တင်သွင်းလာသော အသားစားကြက်နှင့် ကြက်ဥများသည် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ရောဂါ ပိုးများ ကူးစက်နိုင်ခြင်း၊ ပြည်တွင်းမှ ကြက်ပေါက်နှင့် ကြက်ဥဖြန့်ချိနေသည့် လုပ်ငန်းရှင်များကို ထိခိုက်နိုင်သည့် အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


လက်ရှိတွင် မွန်ပြည်နယ်အတွင်း ၌ ကြက်အရောင်းအဝယ်ဒိုင် သုံးဒိုင်ရှိ ပြီး ဒေသတွင်း ကြက်မွေးမြူသူများ ရောင်းချသည့် ကြက်အသားဈေးမှာ ကျပ် ၃၂ဝဝပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံ မှတင်ပို့သည့် ကြက်အသားဈေးမှာ ကျပ် ၃ဝဝဝ ဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

#TheYangonTimes

17 Oct 2014

နို့ဆီ အကြောင်း သတိထားစေဖို့


အံ့သြစရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။
မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရတာပေါ့ လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီကရတာတဲ့ ..။ ဟုတ်လို့လား ...လို့အံ့သြတကြီးမေးလိုက်တယ်။


fill pounder နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင် ရောင်းရန်အရည်အသွေး
မမှီသောစားအုန်းဆီဖြင့်ပြုလုပ်ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီပေပါများ
ကွန်တိန်နာဖြင့်လာချကြောင်း


အန္တရာယ်ရှိ၍ မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့
ဆွေမျိုးမိတ်သင်္ဂံဟများကို လိုက်လံသတိပေးပါသည်။နို့ဆီကို ချိုသာသော ဈေးနှုန်းဖြင့်  များစွာထုတ်နိုင် ပါ သည်။ 


သို့သော် မြန်မာနိုင်ငံတွင် နွားမွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ် ရန် မဖြစ်နိုင် မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။
 

ယခုခေတ်တွင် ...
အသက်၂၀ကျော် လူငယ်များတွင် သွေးတိုးရောဂါ တွေ့နေရပါပြီ။ လေဖြတ်တာ
တွေလဲဖြစ်နေကြပါပြီ။ သွေးတွင်း cholesterol ကို အဆမတန် တက်စေပြီး သွေးကြော များကျဉ်းစေ ပိတ်စေ သော နို့ဆီက အသံတိတ်လူသတ်သမားဖြစ်မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။


ဘယ်သူသေ သေ င တေ မာ ပြီး ရောဆိုတဲ့ စီးပွားရေးသမားတွေဟာ
ဘယ်သူတွေလဲဆိုတာ အားလုံးသိကြမှာပါ။


ဒီသတင်းကြားပြီး ပြည်သူများအတွက် စိုးရိမ်ရပါသည်။
သူငယ်ချင်းများ အားလုံး၊ မိမိ ဆွေမျိုးမိတ်ဆွေ အားလုံးကို ဖြန့်ဝေပေးပါ။
 
 
(သဲသဲ - တောင်ကြီး)
 

16 Oct 2014

နှလုံးရောဂါ ဖြစ်ရခြင်း အကြောင်းရင်း




ယခုရက်ပိုင်း အတွင်းမှာပင် မိတ်ဆွေ နှစ်ဦး နှလုံးရောဂါဖြင့် ညအိပ်နေရင်း သေဆုံး သွားကြသည်။ တစ်ဦးမှာ တောင်တက် စက်ဘီးစီး သမား ဖြစ်သဖြင့် ကျန်းမာရေး အလွန် ကောင်းသည်ဟု ထင်ရသူ ဖြစ်ပြီး ရုတ်တရက် နှလုံးရပ်ပြီး ဆုံးသွားသည် ဆိုသောအခါ လူတိုင်း မယုံကြည်နိုင် ဖြစ်ရသည်။ 


မနေ့ကမှ မိတ်ဆွေ အပေါင်းအသင်း များနှင့် ရယ်မော ပျော်ရွှင် နေသေးသည်။ လေ့ကျင့်ခန်း မှန်မှန် လုပ်နေလျှင် နှလုံးရောဂါ မဖြစ်နိုင်ဟု ယူဆနေခြင်းမှာ မမှန်ကန် သလို ဖြစ်နေသည်။


အခြားတစ်ဦးမှာ မိမိ သွားနေကျ ဘုရားတစ်ဆူတွင် စားပွဲခုံတစ်ခု၊ ကြေးစည် တစ်လုံးဖြင့် အလှူခံ ဖြတ်ပိုင်း ရေးပေးသူ အသက်(၇ဝ) ကျော်အရွယ် အဘိုးတစ်ဦး ဖြစ်သည်။ သူသည် ဘုရားရိပ်၊ တရားရိပ်တွင် အေးချမ်းစွာ နေပြီး ဝါတွင်းရော ဝါပပါ ဥပုသ် ရက်ရှည် စောင့်သူဖြစ်သည်။ သက်သတ်လွတ် အမြဲစားသူ ဖြစ်သဖြင့် နှလုံး အဆီတိုးပြီး သွေးကြော ပိတ်စရာ အကြောင်းလည်း မရှိပေ။ သူ၏ တစ်ခု တည်းသော ပြစ်ချက်မှာ အားလျှင် ဖက် ဆေးပေါ့လိပ်ကြီး ကို မီးညှိပြီး ဖွာနေတတ်သည်။ ညနေစာ၊ ညစာမစား ဆေးလိပ် သာလျှင် သူ၏ အဖော်ဖြစ်သည်။


နှလုံးရောဂါ သည် အဆီအဆိမ့် စားပြီး အငြိမ်းစား နေသူများ၏ ရောဂါ ဖြစ်သည်ဟု ဆိုသော်လည်း ပြင်းထန်သော လေ့ကျင့်ခန်း လုပ်ခြင်း ကိုလည်း မကြိုက်ပေ။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မီးခိုး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ လောင်ကျွမ်းပြီး ထွက်လာသည့် ကားအိပ်ဇောမှ အငွေ့များ ကြောင့်လည်း နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်သည်။

 
ဆေးလိပ်၊ ဆေးပေါ့လိပ် သောက်သူ များလည်း နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်သည်။ အထူးသဖြင့် အစာ မရှိချိန်နှင့် ညအိပ်ရာ ဝင်ချိန်တွင် ဆေးလိပ် သောက်သူ များသည် နှလုံး အမောဖောက် ရောဂါဖြင့် သေဆုံးလေ့ ရှိသည်ဟု ဆိုသည်။ ဆေးလိပ် အငွေ့ကို တစ်ဆင့်ခံ ရှူရှိုက် မိသူများ တွင်ပင် နှစ်ကြာလျှင် နှလုံးရောဂါ ရနိုင်သည်ဟု ဆိုသည်။
ဈေးချိုတော်တွင် ဆိုင်ထွက်သော မိတ်ဆွေ တစ်ဦးမှာ ရင်ကျပ်နှင့် နှလုံးရောဂါ စတင် ဝင်ရောက် လာသဖြင့် အထူးကု ဆရာဝန်ကြီး နှင့်ပြပြီး ကုသ နေရသည်။ သူသည် အသက်(၅ဝ) ကျော်သာ ရှိသေးသည်။ သူ၏ ပြစ်ချက်ကို လေ့လာ ဆန်းစစ် ကြည့်သောအခါ သူ၏ ဆိုင်ခန်းမှာ ထောင့်ကျပြီး အလင်းရောင် အဝင်နည်းကာ ခြင်ကိုက် သဖြင့် ခြင်ဆေးခွေ နှစ်ခွေကို အမြဲ ထွန်းထားသည်။ 


ထို ခြင်ဆေးအငွေ့ များကို တစ်နှစ်လုံး ရှူရှိုက် ပြီးနောက် သူ့တွင် ရင်ကျပ် အမောရောဂါ ရလာခြင်း ဖြစ်သည်။ ယခုအခါ သူသည် နှလုံးဆရာဝန် ၏ အကြံပေးချက် အရ နံနက်တိုင်း ကျုံးနဘေးတွင် လမ်းလျှောက်ပြီး လေ့ကျင့်ခန်း လုပ်နေ ရသည်ကို တွေ့ရသည်။ သူ၏ ဖြစ်ရပ်ကို ကြည့်ပြီး ခြင်ဆေးခွေ ထွန်းသူများကို အသိပညာ ပေးဖို့ လိုအပ်ကြောင်း တွေ့ရပေသည်။


လူ၏ ခန္ဓာကိုယ်တွင် ရှိသော အင်္ဂါ အစိတ်အပိုင်း များသည် အိပ်စက်ချိန်တွင် အနားရကြ သော်လည်း လုံးဝ အနားမရဘဲ သေသည်အထိ အလုပ်လုပ် သွားရသော အင်္ဂါမှာ နှလုံးကြွက်သား များပင် ဖြစ်သည်။ ကြွက်သား များဖြင့် ညှစ်ခြင်း၊ ကျုံ့ခြင်း၊ ပွခြင်း အလုပ်များကို စက္ကန့်မလပ် လုပ်ဆောင်ရင်း ခန္ဓာကိုယ် အနှံ့အပြားသို့ သွေးများ ရောက်အောင် ပို့ဆောင် ပေးနေရသည်။ 


ခန္ဓာကိုယ် အစွန်အဖျားမှ ဟောင်းညစ် သွားသော သွေးများကို သွေးပြန်ကြော များမှ တစ်ဆင့် ပြန်လည် သိမ်းဆည်း ရသည်။ အမှတ်မထင် ပြုမူမိသော အမှား တစ်ခုကြောင့် နှလုံးရောဂါ ဖြစ်ပြီး မမျှော်လင့်ဘဲ နှလုံး တိုက်ခိုက်မှု ခံရကာ သေဆုံး နိုင်သည်ကို သတိပြု ကြဖို့လိုသည်။ သင့်တင့်သော လေ့ကျင့်ခန်း မလုပ်ခြင်း၊ လေ့ကျင့်ခန်း လုပ်မှု လွန်ကဲခြင်း၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ဓာတုဗေဒ ပစ္စည်း အငွေ့အသက် များရှူရှိုက် မိခြင်းတို့ကို အထူး သတိပြု ကြစေ လိုသည်။


ကြည်မြင့်လွင် (မုဒြာ)
 


ပန်ကာနှင့်အိပ်စက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်



အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကိုထိခိုက်စေသည်။
အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသောကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။အချို့ကလက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်-

(၁)အသံ
ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအ သေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက်ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။


(၂)ရုတ်တရက်ကလေးများသေဆုံးမှုများ
ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ကို ဖြစ်စေ သည်ဟုသိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီးသလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်းစနစ်ကို ထိခိုက်စေသည်ဟု သိရသည်။


(၃)ခြောက်သွေ့သောလေ
ပန်ကာမှလေကို ခြောက်သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့်ပါးစပ်မှ လေပြွန်ကိုခြောက် သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်းမရှိချေ။


(၄)ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်း
နေ့အချိန်ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ်၍ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသော ပန်ကာမှလေများကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းအ တွင်း လေလမ်းကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေးသင့်သည်။


Health Updates Journal


သက်ရှည်ကျန်းမာ
 



သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "


 
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။


အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။


သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။
ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။


အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။


ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။


" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။


ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။


ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။
နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။


ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။


အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
မေတ္တာဖြင့် ... မြစိုး

သက်ရှည်ကျန်းမာ


13 Oct 2014

အရက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကာကွယ်ရေး နှိုးဆော်


နှစ်စဉ် ကမ္ဘာ့ လူဦးရေသန်း ၂ဝဝဝ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံး နေကြပြီး သန်း ၈ဝ နီးပါးသည် အရက်ကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစား နေရကြောင်း၊ လူငယ် အမျိုးသား၊ အမျိုးသမီး များသည်ပင် အရက်ဆိုင် ထိုင်ကာ အရက် သောက်သုံးမှု များကို တွေ့ရှိ ရကြောင်း၊ အရက် သောက်သုံးမှု ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားသော ရောဂါများ အပြင် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွား ခြင်းကြောင့် သေဆုံးမှု ပိုမို များပြားခြင်း၊ လူမှုရေး ပြဿနာများ၊ ရာဇဝတ်မှုများ ပိုမို များပြား လာကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ စစ်တမ်းများ အရ တွေ့ရှိ ရသည်။


အရက် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ ဖြစ်သော အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ် နိုင်သည်။


ထို့အပြင် အရက်ကြောင့် ဖြစ်သော နောက်ဆက်တွဲ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာ ဖြစ်သော အရက်မူး ခြင်းကြောင့် ရာဇဝတ်မှု များကို ဆင်ခြင်မှု ကင်းမဲ့စွာ ပြုမူခြင်း၊ စိတ်ဖောက် ပြန်ခြင်း၊ စိတ်ကြွ၊ စိတ်ကျရောဂါ ဖြစ်ခြင်း၊ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်း နှင့် သတ်သေခြင်း၊ သံသယ လွန်ခြင်း၊ အတက်ရောဂါ ဖြစ်ခြင်း၊ ညအိပ် မပျော်သော ရောဂါရရှိခြင်း၊ မှတ်ဉာဏ် လျော့ပါး ပျက်စီးခြင်း၊ ဦးနှောက် ပျက်စီး၍ သူငယ်ပြန် ရောဂါဖြစ်ခြင်း နှင့် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးများ ထိခိုက်ပြီး သက်တမ်းစေ့ မနေရခြင်း တို့ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အသက်အရွယ် မရွေး အရက် သောက်သုံးခြင်း ကို ရှောင်ကြဉ်ရန် လိုအပ် သကဲ့သို့ အရွယ် မရောက်သေး သူများ၊ အမျိုးသမီး များကို အရက် ဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်စေရန် နှင့် မသောက်သုံး စေရန်လည်း လိုအပ်သည်။


သို့ဖြစ်ပါ၍ အထက် ဖော်ပြပါ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ မဖြစ်ပေါ် စေရန် အရက် သောက်သုံးမှုမှ လုံးဝ ရှောင်ကြဉ်ခြင်း၊ အထူးသဖြင့် အလွန်အကျွံ သောက်သုံးခြင်း၊ စွဲလမ်းစွာ သောက်သုံးခြင်း မှ ရှောင်ကြဉ်ရန် နှင့် အရက်စွဲ ရောဂါ ဖြစ်နေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့်ကျန်းမာရေးဌာန များတွင် ဆောလျင်စွာ ပြသ၍ စနစ်တကျ ကုသမှု ခံယူကြပါရန် ကျန်းမာရေး ၀န်ကြီးဌာန မှ တိုက်တွန်း နှိုးဆော်ထားသည်။

 

1 Oct 2014

ဗောက်ထခြင်းကို အကောင်းဆုံးတုန့်ပြန်ခြင်း


 


 
ယနေ့ခေတ်လူကြီးလူငယ်မရွေးအထူးသဖြင့်မိန်းကလေးများမှာ ဗောက်ထခြင်းကြောင့် မိမိရဲ့ခေါင်းတစ်ခုလုံးယားယံပြီးဗောက်ဖတ်လေးများဦးခေါင်းအနှံ့ပျံ့နှံ့တတ်သည့် ဗောက်ထသည့် မှိုရောဂါတစ်မျိုးကိုရင်ဆိုင်ကြရလျက်ရှိပါတယ်။ ဗောက်ထခြင်းဟာမိန်းကလေးများသာမက အမျိုးသားများတွင်ဖြစ်ပွားတတ်ပြီး ဗောက်ထခြင်းကို အကောင်းမွန်ဆုံး တုန့်ပြန်ကာကွယ်ခြင်းမရှိပါက အခြားသော မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါတယ်။


ဒါ့အပြင်ယနေ့ခေတ်မှာလှပပြီးဆွဲဆောင်မှုရှိတဲိ့န်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ဦးခေါင်းမှာဗောက်တွေထနေလို့မဖြစ်ပါဘူး။ ထို့အတူပဲ ဆွဲဆောင်မှုရှိသော ယောကျာ်းလေးတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ဦးခေါင်းမှာ အဖြူရောင်ဗောက်ဖတ်တွေထပြီးအချိန်ပြည့်ဦးခေါင်းကိုကုတ်နေလို့လဲ မဖြစ်ပါဘူး။ ဒါကြောင့် ယခုတစ်ပတ် NewsWatch Journal ရဲ့ကျန်းမာရေးနှင့်အလှအပ ကဏ္ဍကနေ ပျိုပျိုအိုအို ယောကျာ်းလေး၊ မိန်းကလေးများဆွဲဆောင်မှုအပြည့်ရှိပြီး ဗောက်ရှင်းတဲ့ဦးခေါင်းပိုင်ရှင်များဖြစ်ဖို့ ဗောက်ထခြင်းကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။
 

၁။ ဗိုက်တာမင်ဓါတ်များကြွယ်ဝပါစေ

လူတစ်ယောက်ရဲ့ ဦးရည်ပြားကျန်းမာရေးဟာ ထိုလူရဲ့ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓါတ်ဘယ်လောက်ကြွယ်ဝသလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေတာကြောင့် ဗိုက်တာမင် အေ၊ ဘီ နှင့် စီ ဓါတ်များပေါကြွယ်ဝတဲ့ အစားအစာများကို စားသောက်သင့်ပါတယ်။ ၎င်းအဟာရဓါတ်တွေဟာခန္ဓာကိုယ်ရဲ့ သွေားလှည့်ပတ်မှုစနစ် (Circulatory System) အတွက်မရှိမဖြစ်လိုအပ်သလို ဆဲလ်ကြီးထွားရေးကဏ္ဍမှာလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ၎င်းဓါတ်များဟာ သွေးအတွင်းရှိဆဲလ်များ၏ခုခံစွမ်းအား (immune system) ကိုအထောက်အကူဖြစ်စေတာကြောင့် ဦးရည်ပြားမှာဗောက်ထခြင်းကို အကောင်းဆုံး ကာကွယ်နိုင်ကြပါတယ်။၎င်းဗိုက်တာမင်ဓါတ်တွေပြည့်ဝစွာပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် စတော်ဘယ်ရီသီးစတဲ့အသီးတွေကို စားသုံးသင့်ပါတယ်။


၂။ သင့်ရဲ့ ဘီး နှင့် မိတ်ကပ်လိမ်းချယ်သည့်စုတ်တံများကို ဆေးကြောပါ

မျက်နှာမှာ မိတ်ကပ်လိမ်းချယ်သည့်အခါ အသုံးပြုတဲ့ စုတ်တံများကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးကြောကြပါသလို ဦးခေါင်းရဲ့ ဦးရည်ပြားရောဂါများအထူးသဖြင့် ဗောက်ထခြင်းရောဂါကိုကုသကာကွယ်ရန်အတွက် မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ ဘီးများကိုအခါအားလျော်စွာ ဆေးကြောသင့်ပါတယ်။ ဘီးမှာကပ်နေတဲ့ ဆံပင်များကို ဖယ်ထုတ်ပြီး ပန်ကန်ဆေးဆပ်ပြာနှင့်ဆေးကြောပါ၊ ပြီးနောက် ရေနွေးနှင့် အဖြူရောင် ရှာလကာရည် တို့ရောစပ်ထားသောအရည်ထဲတွင် နာရီဝက်ဝက်ခန့် စိမ်ကာ ဆေးကြောပေးခြင်းကို နှစ်ပတ်တစ်ကြိမ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းအားဖြင့်လည်း ဗောက်ထခြင်းရောဂါကိုကာကွယ်ပါ။


၃။ ဆေးပါဝင်သော ခေါင်းလျှော်ရည်ကိုအသုံးပြုပါ
ဇင့်ဓါတ်ဟာ ဗောက်ထခြင်းရောဂါကိုအကောင်းမွန်ဆုံးတွန်းလှန်နိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့် ဓါတ်ဟာ ဗက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်စွမ်းရှိသလို ခန္ဓာကိုယ်မှ ဆဲလ်များပြောင်းလဲမှုများကိုလည်းနှေးကွေးအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်။ မိမိတို့ကြိုက်နှစ်သက်ပြီး အစွမ်းထက်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ကြပြီး ဦးရည်ပြားကို Moisturize (အစိုဓါတ်ရရှိအောင်) ပြုလုပ်ပေးနိုင်သော ခေါင်းလျှော်ရည်မျိုးက ဗောက်ထခြင်းကိုကာကွယ်ရာမှာ ပိုမိုအစွမ်းထက်ပါတယ်။


၎။ အလှပြင်ဆိုင်တွင် ကုသမှုပြုလုပ်ခြင်း

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က စပြီး ဗောက်ထခြင်းနှင့်ပတ်သက်ပြီး လူတွေနားလည်ခဲ့တာကပုခုံးပေါ်မှာရှိနေတဲ့အဖြူရောင်ဗောက်ဖတ်လေးတွေဟာ ဦးခေါင်းရဲ့ဦးရည်ပြားပေါ်ကနေကျလာတာဟု ဖြစ်သည်။ ဒါကြောင့်
ဗောက်ထခြင်းကို အလှပြင်ဆိုင်သွားပြီးကုသလိုသူများအတွက် ဦးရည်ပြားအသစ်ပြုပြင်ခင်း (Scalp Renew) လို့လူသိများတဲ့ ကုသခြင်းမျိုးပြုလုပ်ရပါမယ်။ ဦးရည်ပြားအသစ်ပြုပြင်ခြင်း (Scalp Renew) ဆိုတာ ဦးရည်ပြားမှာရှိတဲ့ အဆီးပိုများကိုဖယ်ရှားခြင်းဖြစ်ပြီး ၎င်းကုသမှုကို ရက် ၃၀ မှ ၄၅ ရက်လျှင် တစ်ကြိမ်စီပြုလုပ်သင့်ပါတယ်။ ကျန်းမာသန်စွမ်းသော ဦးရည်ပြားပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက်လည်း ဦးရည်ပြား အသစ်ပြုပြင်ခြင်း ( Scalp Renew) ကုသမှုကိုမိမိတို့နှင့်နီးစပ်ရာ အလှပြင်ဆိုင်များတွင် ကုသမှုခံယူလိုက်ပါ။


၅။ မိမိမှာ ဘာကြောင့် ဗောက်ထသလဲ သိအောင်လုပ်ပါ။

လူတစ်ယောက်နှင့်တစ်ယောက် ဗောက်ထခြင်းပမာဏဟာ မတူညီပါဘူး။ ဒါ့အပြင် ကုသရေးနည်းလမ်းကိုလည်းလူအားလုံးအတွက်တစ်မျိုးတည်းအသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နှင့် တစ်ယောက်ဗောက်ထရောဂါဖြစ်ပွားမှု ရဲ့အရင်းအမြစ်အကြောင်းရင်းက တူညီမှုမရှိလို့ပါပဲ။ အဓိက ဗောက်ထခြင်းနည်းလမ်းအားဖြင့် pityiaris capitis simplex နှင့် pityriasis steatoides ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ pityiaris capitis simplex ဟာ စိတ်ဖိအားများပြားခြင်း၊ အစားအသောက်မမှန်ခြင်းနှင့် ရေဓါတ်ခမ်းခြောက်ခြင်းများကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပွားပါက ဦးရည်ပြားဟာ ခြောက်သွေ့လာပြီးဦးရည်ပြားယားယံခြင်းများဖြစ်ပေါ်စေသည်။ထိုကဲ့သို့ဖြစ်ပေါ်ပါက အစွမ်းထက် ခေါင်းလျှော်ရည်များကိုအသုံးပြုကာကုသနိုင်ပါတယ်။ ဒုတိယတစ်မျိုးဖြစ်တဲ့ pityriasis steatoides ကတော့ အဆီဓါတ်များပြားသော ဦးရည်ပြားများတွင်ဖြစ်ပေါ်တတ်ပြီး ထိုကဲ့သို့ဖြစ်ပေါ်နေသူတစ်ဦးကတော့ သက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံဆွေးနွေးသင့်သည်ဟု သိရသည်။


http://www.lyhealthcare.com/ဗောက်ထခြင်းကို-အကောင်းဆ/

အောင်ဟိန်းခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်



၁- ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာအသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း
(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို့  ဖေါ့ဘူးတွေ
တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်

၂-ကြက်သားမှုန့် တွငိလည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့် ထက်ပင်ပိုမိုဆိုးရွာစေပါသည်။

၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကို
ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာသုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို
ရှောင်ကြဉ်သင့်ပါတယ်။

၎-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်
နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသောအဆိပ်မှုန့် ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်များသည်လည်း
ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။

၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ
ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။
ထို့ အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။

၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကိုဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။

၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့် များ
သည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်
တင်သွင်းသော နှို့မှုန့် များနှင့်၎င်းတို့ ဖြင့် ပြုလုပ်သော မုန့် ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။

၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့် အစားအသုံးပြုသော Creamer မှာ မလေးရှားတွင်
စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကိုတရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့် နေအောင်ကြိတ်ပြီး
Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန့် များသည် သွေးတိုးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

၉- အချို့သော အသီအနှံများတွင် လူသေကောင်
မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။

၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်
၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ ကိုစားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာ
အစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေသည်။

အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှ
တချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဒီမိုမင်း
၂.၈.၂၀၁၄
၁၁း၃၀မိနစ် (နေ့ လည်)
https://www.facebook.com/364484143692148/photos/a.364489287024967.1073


23 Sept 2014

အများပြည်သူသိရှိရန် " မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ " အသိပေးနှိုးဆော်ချက်




၁။ ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကာ အကျိုး အာနိသင် ရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ် လျက်ရှိပါသည်။


၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ အောက် ဖော်ပြပါ ဆေးဝါး(၅)မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရားမဝင် ဆေးဝါးများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။


၃။ အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကိုဝယ်ယူသုံးစွဲခြင်း မပြုကြ ရန်နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူ သုံးစွဲပါရန် အသိပေးအပ်ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူများ အနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက သတင်းပေးပို့ အကြောင်းကြားနိုင် ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။


၎။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ (၁၈)အရ တရားစွဲဆို အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။



ကျန်းမာရေးဝန်ကြီးဌာန
The Mirror Daily


12 Sept 2014

မအိုဆေး...




အရက်ကို မအိုဆေးဟူ၍ သုံးနှုန်းပြီး ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ရုတ်တရက် ဘယ်လိုပါလိမ့်ဆိုပြီး နားမလည်သလို ဖြစ်သွားပါသည်။ ဆုံးအောင် ဖတ်လိုက်မှပဲ သဘောပေါက် သွားပါသည်။ ဆိုလိုတာကတော့ အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့ သူဟာ မအိုလိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလို့ အရက်ကို မအိုဆေးလို့ တင်စားခေါ်တာ ဖြစ်လေသည်။ အရက် အလွန်အကျွံ သောက်ပြီး တွေ့ရာအိပ်လို့ လေဖြတ်သွား တာတွေ၊ အသည်း ကင်ဆာဖြစ်တာတွေ၊ အသည်းမှာ ဆန်ခါပေါက်ဖြစ်ပြီး အသက်ငယ်ငယ် ရွယ်ရွယ် လေးဆယ်ကျော် ငါးဆယ်လောက်တွေမှာ သေကုန်ကြတာ။ ဒါ့ကြောင့် အရက်ကို မအိုဆေးလို့ခေါ်တာ ဖြစ်လေသည်။


ကျွန်တော်တို့ ရပ်ကွက်လမ်းထိပ်မှာ အရက်ဖြူဆိုင်လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေးနဲ့ အရက်ဆိုင်တစ်ဆိုင် ရှိပါ သည်။ ဆိုင်ရှေ့ကနေ ဖြတ်သွားတိုင်း ဆိုင်ထဲမှာ အမြဲတမ်းလိုလို လူတွေစည်ကားနေတာ တွေ့ရသည်။ အရက် ဆိုင်ထဲကို ၀င်သွားတဲ့သူတွေ ဆိုင်ထဲက ထွက်လာတဲ့သူတွေကို ကြည့်လိုက်တော့ လက်လုပ်လက်စား ဆင်းရဲသား လူတန်းစားတွေပဲ ဖြစ်သည်။ မျက်နှာတွေက ဖောသွပ်သွပ်ပုံစံတွေနဲ့ လူတွေက တုန်တုန်ချည့်ချည့်ပုံစံ၊ ငေးငေးငိုင်ငိုင်ပုံစံတွေ ဖြစ်နေသည်။ အရက်ကို အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သောက်ကြသည်။ တချို့က စီးပွားရေး အဆင်မပြေလို့ သောက်သည်၊ စိတ်ညစ်လို့ သောက်သည်။ တချို့က အောင်မြင်လို့သောက်သည်၊ ပျော်လို့သောက်သည်။ တချို့က မသောက်ရမနေနိုင်လို့သောက်သည်။ အပေါင်းအသင်းကောင်းလို့သောက်သည်။


အရက်သမားတွေက ပုံစံအမျိုးမျိုးနဲ့ဖြစ်သည်။ တချို့က သောက်ပြီးတော့ သွေးဆူသည်။ တချို့က စကားများသည်။ ရမ်းတတ်သေးသည်။ ပြဿနာရှာသည်။ မိသားစုတစ်ခုမှာဆိုရင် အိမ်ထောင်ဦးစီးက အရက်သောက်လာလို့ကတော့ မိသားစုအားလုံး စိတ်ညစ်ရသည်။ စကားပြောလို့ဆိုလို့ မကောင်းတော့။ အရက်သမားတစ်ယောက်၏ ဆိုးကျိုးသည် သူကိုယ်တိုင်သာမက သူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သူ့သားသမီးအထိပါ ရိုက်ခတ်နိုင်လေသည်။ အရက်မူးနေလို့ကတော့ မကောင်းမှုလုပ်ရမှာ မကြောက်တော့။ ဘာမဆို လုပ်ရဲကိုင်ရဲဖြစ်လာသည်။ ဒါ့ကြောင့် မကောင်းမှုလုပ်တဲ့နေရာမှာ အရက်ကိုရဲဆေးအဖြစ် သောက်ကြသည်။


မြန်မာနိုင်ငံတွင် အရက်သောက်သုံးခြင်း အပါအ၀င် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်လူဦးရေ ၁၅၀၀ ခန့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ရှိနေပြီး၊ ယခု ၂၀၁၄ ခုနှစ် ပထမခြောက်လအတွင်း၌ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ သူဦးရေ ၉၀၀ ခန့်ရှိကြောင်း စစ်တမ်းတစ်ခုက ဆိုပါသည်။ မိမိကိုယ်မိမိ အဆုံးစီရင်သူအများစုဟာ စိတ်ကျရောဂါ ဖြစ်နေသူများ ဖြစ်သည်။ စိတ်ကျရောဂါဖြစ်နေသူများထဲမှ အရက်ကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါဝေဒနာရှင်တွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေက အများဆုံးဖြစ်သည်ဟု ဆိုပါသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ သန်း ၂၀၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံး ကြကြောင်း၊ သန်း ၈၀ နီးပါးသည် အရက်၊ ယမကာကြောင့်ဖြစ်သည့် နာမကျန်းမှုများ ဖြစ်နေကြောင်းနှင့် အသက် ၁၅ နှစ်အထက် လူတစ်ဦးသည် တစ်နှစ်လျှင် အရက် ၆ ဒသမ ၂ လီတာသောက်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက် သုံးသူများထဲမှ ၂၅ ရာခိုင်နှုန်းသည် တရားမ၀င်ရောင်းချသောအရက်ကို သောက်သုံးနေကြကြောင်း သတင်းတစ်ခု က ဆိုပါသည်။


အရက်သောက်သည့်အခါ တစ်ကြိမ်တစ်ခါ များများသောက်လျှင်ပင် အရက်သောက်သည်ဟု သတ်မှတ်ထားပြီး တစ်ပတ်အတွင်း အနည်းဆုံးတစ်ကြိမ်အဖြစ် အီသနော အရက်ပြန်ပါဝင်မှု ရာခိုင်နှုန်း ၆၀ ရှိသော အရက် သို့မဟုတ် ယမကာအရည် တစ်ခုခုသောက်ခဲ့လျှင် အရက်သောက်သည်ဟု သတ်မှတ်ထားကြောင်း၊ ထိုကဲ့သို့ အရက်သောက်သူများသည် အမေရိကန်၊ အာဖရိက၊ ဥရောပတိုက်ရှိ နိုင်ငံများတွင် လူဦးရေ၏ ရာခိုင်နှုန်း ၃၀ အထက်တွင်ရှိနေပြီး မြန်မာနိုင်ငံတွင်မူ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် ထိုကဲ့သို့ သောက်သုံးသူများသည် မတော်တဆ ထိခိုက်မှု၊ ခိုက်ရန်ဒေါသဖြစ်ပြီး လူကိုပါ ထိခိုက်ဒဏ်ရာရစေမှု အများဆုံးဖြစ်ကြောင်း သိရသည်။


အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများ အပါအ၀င် အရက်ကို စွဲစွဲမြဲမြဲသောက်သူများသည် အရက်ကြောင့် အစာဝင်သည့်လမ်းကြောင်း အာခံတွင်းမှစ၍ အစာမျိုသည့်ပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမမှအသည်း၊ ကစီအိမ်၊ ကျောက်ကပ် စသည့် အရေးကြီးအစိတ်အပိုင်းများကို အရက်၏အဆိပ်ကြောင့် ပျက်စီးစေကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသာမက ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး စစ်တမ်းများက ဆိုပါသည်။


မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူသတ်မှု၊ ဒုစရိုက်မှု၊ ကားတိုက်မှုစသော မကောင်းမှုပြုလုပ်သူများကို စစ်ဆေးကြည့် လိုက်လျှင် အရက်စသည့် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရတာများလေသည်။ မြန်မာနိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးလူငယ်များတွင် အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာသည်။ အရက်သောက်သုံးသူများ၏ ရာခိုင်နှုန်း ၇၀ မှာ တရားဝင်တင်သွင်းထားခြင်းမရှိသည့် အရည်အသွေးမမီ အရက်များဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ များ၏ အရက်သောက်သုံးမှုနှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်းက သုတေသနပြုလုပ်ခဲ့ရာ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အရက်သောက်သုံးမှုနှုန်းမှာ ယခင်ကထက် ၂၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်းနှင့် ယင်းတို့အနက် အရှေ့တောင်အာရှနိုင်ငံများမှာ ၆၈ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ဥရောပနိုင်ငံ အပါအ၀င် အခြားအရက် သောက်သုံးမှုနှုန်း များပြားသည့် နိုင်ငံများထက် နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရ သည်။


မြန်မာနိုင်ငံတွင် ရန်ကုန်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များရှိ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၅၀၀၀ နီးပါးကို သုတေသန ပြုလုပ်ချက်အရ အရက်ဖြူသောက်သုံးမှုမှာ ၄၅ မှ ၇၅ ရာခိုင်နှုန်း၊ ၀ီစကီသောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်း အောက်၊ ရိုးရာခေါင်ရည် သောက်သုံးမှုမှာ ၁၀ ရာခိုင်နှုန်းနီးပါး၊ ဘီယာသောက်သုံးမှုမှာ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသုတေသန ပြုလုပ်ချက်များအရ သိရသည်။


ရပ်ကွက်ထဲက ဆင်းရဲသားလူတန်းစားများသည် အမိန့်ရ အရက်ဖြူဆိုင်လေးများမှာ အရည်အသွေးမမီတဲ့ အပေါစား အရက်များကို နှစ်ရာဖိုး၊ သုံးရာဖိုး စသည် သွားသွားသောက်နေကြသူများဖြစ်သည်။ အရက်သည် တန်ဖိုးနည်းပြီး အပေါစားဖြစ်လေ လူကိုဒုက္ခပေးမှု များလေဖြစ်လေသည်။ သူတို့ကိုကြည့်ရတာက အသားအရေ တွေက ပွယောင်းယောင်း၊ မျက်နှာတစ်ခုလုံးက ဖောပြီးနီနေသည်။ လက်ချောင်းတွေက တုန်တုန်ချည့်ချည့်။ ထိုသူတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သေကုန်ကြပြီး ဒါကို သင်ခန်းစာယူရကောင်းမှန်း မသိကြ။ အရက်ဆိုင်မှာ လူက စည်ကားမြဲ။ နောက်တက်လူငယ်များကလည်း လက်တည့်စမ်းလို့ကောင်းတုန်းပင်။ အရက်သမား တစ်ယောက် အိုသည်အထိ နေသွားတာ မတွေ့ဖူးသလောက် ရှားသည်။ သူတို့သည် မအိုလိုက်ကြရ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ပျက်ကြတာ များပါသည်။


အိုသည်အထိ ကျန်းကျန်းမာမာ နေချင်လျှင်တော့ အရက်ဆိုတဲ့ မအိုဆေးကိုတော့ ရှောင်ကြည်နေရပေလိမ့်မည်။ အရက်သောက်သုံးမှု လျော့နည်းသွားပါလျှင် ဒုစရိုက်မှုများလည်း နည်းပါးသွားပေလိမ့်မည်။

(ဆောင်းပါးရှင် - စိုးခိုင်ညိန်း)
 
 
Eleven Media Group


4 Sept 2014

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ


 
 
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက် တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်း ကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

Ref-healthnews

ကျော်လင်းနိုင် (ရိုးရာလေး)