Showing posts with label ဗုဒ္ဓဝင်. Show all posts
Showing posts with label ဗုဒ္ဓဝင်. Show all posts

5 Feb 2017

♦ နိဗ္ဗာန်ကြီး ပေါ်ပေါက်လာရခြင်း အကြောင်း ♦

Image may contain: 1 person, indoor

♦ နိဗ္ဗာန်ကြီး ပေါ်ပေါက်လာရခြင်း အကြောင်း ♦
********************************

မိလိန္ဒမင်းကြီးက အရှင်နာဂသိန်ကို
`အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလျှောက်လိုက်တယ်။
ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။


`ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´
`ရှိပါတယ်´၊ ဥပမာအားဖြင့် ၀ါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ၀ါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ၀ါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လဲ မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လဲ မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လဲ မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ၀ိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ၀ါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။


ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ ၀ိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ မရှိဘူးလို့ မှတ်လိုက်ပါ။ 
ဒီအတိုင်းပဲ ခန္ဓာရဲ့ ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာဖြစ်ဖြစ်၊ ၀ိညာဏက္ခန္ဓာဖြစ်ဖြစ် ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင် မီးနဲ့ တူတဲ့နိဗ္ဗာန်ဟာ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲတဲ့။


ဝါးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဘယ်ဝါးမှာမှ မီးရှိနေတာမဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့်သာလျှင် မီးထွက်လာရသလို ခန္ဓာကို အနိစ္စတရားနဲ့ ရှု၊ မဂ္ဂတရားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ နိဗ္ဗာန်ပေါ်လာပါလိမ့်မယ်။ 


ဒါဖြင့် နိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ မရထိုက်ဘူး။
နိဗ္ဗာန်မရှိဘူးလားမေးရင်တော့ ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းတာဟာဖြင့် ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့ အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာတာပဲ။


ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းမှာ ရှိသလားဆိုရင်လဲ မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂ တိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ မတိုက်တဲ့ပုဂ္ဂိုလ်မှာတော့ မရှိဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက ဖြစ်ပျက်၊ ဉာဏ်က မဂ် မကွဲစေနဲ့။ ခန္ဓာဖြစ်ပျက် ဉာဏ်မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်လဲ ဆုံးပါရော မီးပွင့်တာအမှန်ပါပဲ။
ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့ ပွတ်ဖန်များသဖြင့် မီးထွက်ရသလို အနိစ္စနဲ့ မဂ္ဂ ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂ မတိုက်ရင် ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့နိဗ္ဗာန်က ထွက်မလာဘူး။


တိုက်ဖန်များတော့ ကိလေသာက ပါးပါး ပါးပါး သွားလို့ ကိလေသာဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသောမီးဟာ ထွက်လာရတယ်။ ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲဆိုရင်တော့ ကိလေသာမဝေးသေး ပွတ်တိုက်မှုနှေးသေးလို့ပဲ။


ဒါကြောင့် အနိစ္စနဲ့ မဂ္ဂ မတိုက်ရင် ရကို မရဘူးလို့သာ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကိလေသာကို မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က အနိစ္စ၊ မြင်တာက မဂ္ဂ။ မဂ်ဝင်တော့ ပဋိစ္စသမုပ္ပါဒ် ရှေ့ဆက်လို့မရတော့ဘူး။ ရှုစရာသာပေါ်လာလို့ ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ်။ ကိလေသာဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။
ကြပ်ကြပ်သာ ရှုလို့ရှိရင် ကိလေသာဝေးပြီး နိဗ္ဗာန်ကြီးဟာ ပေါ်ထွက်လာရမယ်လို့ ယုံကြည်ထားလိုက်ပါ။


ကျမ်းကိုး
ဦးကံညွန့်၏ နိဗ္ဗာန်အကြောင်း သိမှတ်ဘွယ်ရာ(၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ)
လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ 
နှင့်
By ashintayzaniya (အရှင်တေဇနိယ အုတ်ဖို)


စိတ်၏ စေရာ

မဟာသောတာပန် အကြောင်း တစေ့တစောင်း

Image may contain: one or more people, sky, outdoor and nature



မဟာသောတာပန် အကြောင်း တစေ့တစောင်း 
****************************

"မဂ်" လေးပါးရှိတဲ့ အနက် ပထမဦးဆုံး မဂ် ကျရင် သောတာပန် ဖြစ်ပြီဆိုတာတော့ ..ဓမ္မမိတ်ဆွေတို့  သိပြီးသားဖြစ်ကြမှာပါ။

"မဂ် မသိ၊ ဖိုလ် နဲ့ ညှိ " ဆိုတဲ့ စကားရပ်အတိုင်း ...အစပျိုးရရင်တော့
မဂ် က"အသေ၊ ဖိုလ် က "အရှင်" ပေါ့။ 

"မဂ်"လေးပါး မှာ ဆိုင်ရာလေးပါး ကျပြီးရင် "မဂ်"က ဆက်ပြီး၊ မဖြစ်ပေါ်တော့တဲ့အတွက်ကြောင့် "သေလေးပါး"လို့ သတ်မှတ်တာပါ။

ဖိုလ်လေးပါးမှာ သူနဲ့ ဆိုင်ရာ ဖိုလ်ကို အကြိမ်ကြိမ်ဝင်စားနိုင်တဲ့ အတွက်ကြောင့် "ရှင်လေးပါး"ဟု ခေါ်ဆိုတာဖြစ်ပါတယ်။

" သောတာပန်"အတွက်ဆိုရင် "မဂ်"ဟာ တစ်ကြိမ်သာဖြစ်ခဲ့ပြီး "ဖိုလ်ဥာဏ်"သည် အကြိမ်ကြိမ်ပြန်ဝင်စားရရှိနိုင်ပါတယ်။

ဝိပသနာဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး သောတာပန်ဆိုင်ရာ "မဂ်" ဟာ တစ်ကြိမ်သာကျပြီး ဖိုလ်ဇော သည် နှစ်ကြိမ်၊ တချို့သုံးကြိမ်ကျပြီး ပြန်လည်ဆင်ခြင်တဲ့ ဥာဏ်ဖြစ်ပေါ်ပြီး တော့ ပထမအဆင့် အောင်မြင်တယ်လို့ ခေါ်ပါတယ်။ အရှင်းဆုံးပြောရရင် "သောတာပန်" ဖြစ်တယ်ပေါ့။ 


ဓမ္မမိတ်ဆွေတို့ ဟာ မိမိဟာ သောတာပတ္တိမဂ်ကျ၊ မကျသိချင်ရင်တော့ ..
"ဖိုလ်ဥာဏ်"ဆိုတာ ဟာ ဆိုင်ရာ"မဂ်ဥာဏ်"အတွက် အကြိမ်ကြိမ် ပြန်လည်ဝင်စားရရှိနိုင်တဲ့ အတွက်ကြောင့်.."ဖိုလ်"ဝင်စားကြည့်လို့ ရနိုင်ရင်တော့ "သောတာပန်" ဖြစ်ပြီလို့ သေချာပေါက်ပြောနိုင်ပါတယ်။

ဒီတော့" ဖိုလ် "စိတ်မျိုး ဖြစ်အောင် ဖိုလ်ဝင်စားတော့မယ်ဆိုရင်...

အရင်ဆုံးတစ်ခုရှင်းပြပါရစေ...

"ဉာဏ်စဉ် (၁၆)ပါး" ဆိုတာရှိပါတယ်။အရင် စာမျက်နှာတွေမှာလည်း ဖေါ်ပြခဲ့ဘူးပါတယ်။ဒီနေရာမှာတော့ ဒီ( ၁၆ ) ပါးလုံးကို မဖေါ်ပြတော့ပါဘူး။

ဝိပဿနာရှုတဲ့အခါ သာမာန်ပုထုဇဉ်တွေအနေနဲ့  စပြီးအားထုတ်တော့မယ်ဆိုရင်ဉာဏ်စဉ် (၁၆)ပါး မှာရှိတဲ့ "နာမရူပ ပရိစ္ဆေဒ ဉာဏ်" မှ စပြီး ဖြစ်ပေါ်ပါတယ်။

"နာမရူပ ပရိစ္ဆေဒ ဉာဏ်" ဆိုတာ ဘာလည်း ဆိုတော့..
"ရုပ် နာမ် ခွဲခြားသိတဲ့ဉာဏ်"..ဖြစ်ပါတယ်။ တရားအားထုတ်ရင်း ရှုဖန်များလာရင်.. ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ပိုင်းခြားသိလာတော့...

"နာမရူပပရိစ္ဆေဒဉာဏ်"ဆိုတာရလာပါတယ်။ ဒါ ပုထုဇဉ် မှာ စဖြစ်တဲ့ ပထမဆုံး ဉာဏ်စဉ်ပါ။


သောတာပန် ဖြစ်ပြီးသား အရိယာ ကတော့ " ဥဒယဗ္ဗယဉာဏ်" လို့ ခေါ်တဲ့...
ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်တဲ့ ဉာဏ် ကစပြီး ဖြစ်ပေါ်ပါတယ်။ ( မဟာစည်ဆရာတော်ဘုရား ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲစာမျက်နှာ ၄၃ မှာလည်း ပြဌာန်းထားပါတယ် )


ဓမ္မမိတ်ဆွေတို့  အဲဒီလို ရှုမှတ်နေတဲ့ အစ မှာ အဖြစ်အပျက် နှစ်ပါးလုံးကို သိလျက် " ဥဒယဗ္ဗယဉာဏ်" ဖြစ်ပေါ်နေပြီးတော့..သူ့ ဉာဏ်စဉ် အတိုင်း တိုးတက်၊တိုးတက် လာပြီးမကြာမီ အချိန်တစ်ခုမှာ အနူးညံ့ဆုံး၊ အသိမ်မွေ့ ဆုံး၊ အကောင်းဆုံး မှတ်သိမှုဖြစ်တဲ့ " သင်္ခါရုပေက္ခာဉာဏ်"သို့  ရောက်ရှိသွားပါလိမ့်မယ်။ ရုပ်၊ နာမ် ဓမ္မသင်္ခါရ တွေကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်တဲ့....

"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာပါတယ်။

တစ်ကယ်တန်း မဂ်ဖိုလ် သို့ ရောက်ပြီးသောသူရဲ့ စိတ်ထားဟာ အရင်တုန်းက စိတ်ထားနဲ့ မတူဘဲ ထူးခြားလာတာ ကိုယ့်ဖာသာကိုယ်သိသာပါတယ်။

ဥပမာ...

ဘဝအသစ်တစ်ခု ပြောင်းလဲ လာသလို ထင်ရတတ်ပါတယ်။ ယုံကြည်မှု ၊ကြည်ညိုမှု ၊ကြည်လင်မှု သဒ္ဓါ တွေဟာ အလွန် ထက်သန်စွာဖြစ်တတ်ပါတယ်။ အဲဒီ သဒ္ဓါ အဟုန်ကြောင့် ပီတိ ၊ပဿဒ္ဓိ တို့ လည်းလွန်ကဲစွာ ဖြစ်နေတတ်ပါတယ်။ ဝမ်းသာမှု သုခ ဟာ လည်း အလိုလိုပင် ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီ သဒ္ဓါ၊ ပီတိ ၊ပဿဒ္ဓိ ၊သုခ တို့ က လှိုက်လှိုက်လှဲလှဲ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အတွက်ကြောင့် မဂ်ဖိုလ်သို့  ရောက်ပြီးခါစ မှာ ရှုမှတ် ပေမယ့်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်သေးတာလည်း ရှိတတ်ပါတယ်။


ဒါပေမယ့် နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်း ဖြစ်စေ ကြာလွန်တဲ့ အခါမှာ အဲဒီ သဒ္ဓါ တို့ ဟာ အားနည်းသွားပါလိမ့်မယ်။ အဲဒီအခါမှာ ပိုင်းပိုင်းခြားခြား သိနိုင်ပြီးတော့ အမှတ်ကောင်းသွားပါလိမ့်မယ်။ တချို့ ပုဂ္ဂိုလ်တွေ ဟာ မဂ်ဖိုလ် သို့ ရောက်ပြီးခါစမှာ ဘယ်လို ဖြစ်လည်းဆိုတော့..


ဝန်ပေါ့သွားသလိုမျိုး ၊မမှတ်ချင်တော့သလို၊ အားရသွားသလိုမျိုး အဲဒီလိုစိတ်တွေ ဖြစ်တတ်ပါတယ်။အဲဒီလိုဖြစ်တဲ့ သောတာပန် က နဂိုကတည်းကမိမိဟာ "သောတာန်ပန်"ဖြစ်ရင်တော်ပြီ၊ "သောတာပတ္တိမဂ်ဖိုလ် " လောက်ကိုဘဲ ရည်မှန်းခဲ့တဲ့ အတွက်ကြောင့် ရောင့်ရဲမှုသာ ဖြစ်တယ် လို့  ယူဆ ရပါတယ်လို့ ..မဟာစည်ဆရာတော်ဘုရား ကြီး က ရေးသားဖေါ်ပြထားပါတယ်။


အဲဒီလို ဉာဏ်အား ပြည့်တဲ့အခါမှာ "သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်အာရုံ " ကို အယင် ကလိုပင် ကူးပြောင်းပြီး..
"ဖိုလ်စိတ်"အစဉ်ဖြစ်ပေါ်နေပါလိမ့်မယ်။


ဒီ "ဖိုလ်စိတ်"ဟာ "အရင်တုန်းက လို အချိန်ကို မပိုင်းခြားတော့ဘဲ တစ်ချို့ ဖိုလ်ဝင်စားသူတွေမှာ..
" တစ်ခါတစ်လေ ခဏလေးသာဖြစ်တတ်ပါတယ်။တစ်ခါတစ်လေ..၅မိနစ်လောက်၊ ၁၀မိနစ် ၊၁၅မိနစ်၊ နာရီဝက်၊ တနာရီ လောက် စသည်ဖြင့် အချိန် ကြာမြင့်စွာလည်း ဖြစ်တတ်ပါတယ်။


"အဋ္ဌကထာ" ထဲမှာတော့..တစ်နေ့ လုံး၊တစ်ညလုံး သော်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။တကယ်လို့ အချိန်ကာလပိုင်းခြားပြီး အဓိဋ္ဌာန်ထားတဲ့ ကာလပတ်လုံး လည်း ဖြစ်တတ်သည် ဟု မိန့် ဆိုထားပါတယ်။အခုမျက်မှောက်ကာလမှာလည်း သမာဓိ၊ ဝိပဿနာ ထက်သန်တဲ့ သူတွေမှာတော့ ၁နာရီ ၊၂နာရီ ၊၃နာရီ စသည်ဖြင့် ပိုင်းခြားထားသည့်အတိုင်း ကြာမြင့်စွာ "ဖိုလ်"တည်တံ့နေသည်ကို တွေ့ ကြရပါတယ်။

ထားပါတော့...

"ဖျက်လိုမှဘဲ ပျက်ပါစေ" ဆိုတဲ့ အဓိဌာန် နဲ့ အရင်ကတည်းက ပိုင်းခြားထားရင်လည်း အလိုမရှိတဲ့ အခါကျမှသာ ကောင်းစွာ ထပါတယ်။ဒါပေမယ့် တနာရီ ၊နှစ်နာရီ ကြာတဲ့ ပုဂ္ဂိုလ် အဖို့ ဆင်ခြင်တဲ့ စိတ်တွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ်...အဲဒီစိတ်တွေ ကို ၄-ချက်၊ ၅-ချက် လောက် မှတ်လိုက်ရင်တော့ "ဖိုလ်" ကို တဖန်ရောက်သွားပြန်ပါတယ်။ အဲဒီနည်း နဲ့ လည်းပဲ အားရသည့်တိုင်အောင် နာရီပေါင်းများစွာ တည်တံ့နေတာကိုလည်း တွေ့ ကြရပါတယ်။အဲဒီ " ဖိုလ် "စိတ်တွေ ဖြစ်နေတဲ့ အခိုက် မှာ "သင်္ခါရ" အလုံးစုံချုပ်ငြိမ်းသော နိဗ္ဗာန်အာရုံ မှာဘဲ စိတ် ဟာ တည်တံ့လျက်ရှိနေပါတယ်။


နိဗ္ဗာန်အာရုံ ကလွဲပြီး တစ်ခြားအာရုံကို မသိပါဘူး။ နိဗ္ဗာန် ဆိုတာကလည်း ဒီလောက၊ တစ်ပါးသော လောကတို့ နဲ့ ဆိုင်တဲ့ ရုပ်နာမ် သင်္ခါရ တရား၊ ပညတ်တရား တို့ မှ အလွတ် သီးခြားသဘောတရား ဖြစ်ပါပေတယ်။ ဒါ့ကြောင့်မို့ ဖိုလ် ဝင်စားနေတဲ့ အချိန်မှာ မိမိခန္ဓာကိုယ်ဟာ ဒီလောက တစ်ပါးသော လောကတို့ ရဲ့ အကြောင်းကို ဘာမျှ သတိမရပါဘူး၊ သိလည်းမသိပါဘူး၊ ကြံစည် စဉ်းစားမှု တွေဟာလည်းလုံးဝ ကင်းစင်နေပါတယ်။မြင်စရာ၊ ကြားစရာ၊ ထိစရာ ၊ နံစရာ အာရုံတွေ ထင်ထင်ရှားရှားရှိနေပေမယ့်လည်း ဘာကိုမျှ မသိတော့ပါဘူး။


"အပ္ပနာဇဝနံ ဣရိယာပထမ္ပိ သန္နာ မေတိ" ဟု ဆိုတာ နဲ့  အညီ ဣရိယာပုထ် လည်း ခိုင်ခံ့နေပါတယ်။ ထိုင်ပြီး ဝင်စားနေရင် ထိုင်တဲ့ ကိုယ်အမူအရာဟာ မူလက အတိုင်းဘဲ တည်တံ့လျက်ရှိနေပါတယ်။ ယိမ်းယိုင်ခြင်း၊ ညွတ်ကျခြင်း၊ ယွင်းပျက်ခြင်း မရှိပါဘူး။ ဖိုလ် စိတ် အစဉ်ပြတ်သွားသောအခါမှာ သင်္ခါရငြိမ်းတဲ့ သဘော၊ အဲဒီ ငြိမ်းရာကို ရောက်နေတဲ့ သဘောတွေကို ဆင်ခြင်မှုဖြစ်စေ၊ ပုံသဏ္ဌာန် စတဲ့ အာရုံတစ်မျိုးမျိုးကို တွေ့ မြင်မှုဖြစ်စေ၊ ရှေးဦးစွာ ထင်ရှားဖြစ်တတ်ပါတယ်။


အဲဒီနောက် မှတ်မြဲ မှတ်ခြင်း၊ ကြည်လင်ခြင်း၊ ဆင်ခြင်ခြင်း စတဲ့ စိတ်တို့ ဟာ ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်ကြပါတယ်။ မှတ်နေတာကို ဆက်မှတ်နေပေမယ့်လည်း အစ မှာ ပီသ ကြမ်းတမ်းတဲ့ အဖြစ်အပျက် ကို သိပြီး ခပ်ကျဲကျဲသာ ဖြစ်တတ်ပေမယ့် ဝိပဿနာ အထူးအားကောင်းလာတဲ့ အခါ "ဖိုလ်" မှ ထခါစ မှာ လည်း အမှတ်မကျဲဘဲ ကောင်းမြဲပင်၊ သိမ်သိမ်မွေ့ မွေ့ နဲ့ ကောင်းနေတာလည်းရှိနေသေးပါတယ်။


အဓိကအချက်က "ဖိုလ်"ကို မြန်မြန်ရောက်ရန်၊ ဖိုလ်ဝင်စားမှု ကြာကြာတည်တံ့ဖို့ အတွက် ၊ ဆောက်တည်မှုကို အားမထုတ်ခင်ကတည်းက ကြိုတင်ပြီး ပြုလုပ်ဖို့ လို ပါတယ်။ မှတ်နေတဲ့ အချိန်ကျမှ ဆောက်တည်မှုအတွက် ကြောင့်ကြမှု၊ တောင့်တမှုကို မပြုအပ်ပါဘူး။ ဝိပဿနာ အားမပြည့်သေးဘူး ဆိုရင်တော့ အမှတ် အထူးကောင်းနေတဲ့ အချိန်မှာ ကြက်သီးထ တာတို့ ၊ သမ်း တာတို့ ၊ ခန္ဓာကိုယ်တုန်လှုပ်တာတို့ ၊ ရှိုက်တာ တို့ တွေ ဖြစ်ပြီးတော့ အမှတ်ကျဲသွား သည်လည်း ရှိတတ်ပါသေးတယ်။


မှတ်နေရင်း မှတ်နေရင်း အထူးကောင်းလာတဲ့ အချိန် မှာ "ရောက်တော့ မှာဘဲ" လို့ ဆင်ခြင်မိတဲ့အတွက် အမှတ်ကျဲသွားသည်လည်း ရှိပါသေးတယ်။ဓမ္မမိတ်ဆွေတို့  မဆင်ခြင်မိစေကြစေဖို့  အထူးဂရုပြုသင့်ပါတယ် ။
အကယ်၍ပေါ့လေ ဓမ္မမိတ်ဆွေ အနေနဲ့ ဆင်ခြင်မိရင်၊တွေးမိလိုက်ရင်တောအဲဒီ "ဆင်ခြင်မှု" "တွေးတောမှု"ကို မိမိရရ မှတ်ပါလို့ တိုက်တွန်းပါတယ် ။


အဲဒီလို ကျဲကျဲသွားတာကို အကြိမ်များစွာ မကြာခဏ တွေ့ ရပြီး မှ "ဖိုလ်" ကို ရောက်တဲ့သူလည်းရှိတတ်ပါတယ်။ သမာဓိ ဉာဏ်အားနည်း နေရင်တော့ သောတာပန် ပုဂ္ဂိုလ်ဟာ ဖိုလ် သို့ မြန်မြန်မရောက်တတ်ပါဘူး၊ ရောက်ရင်လည်း ကြာကြာမတည်တံ့ တတ်ပါဘူး။ ဒါကတော့ "ဖိုလ်"ဝင်စားတဲ့ ပုံစံဖြစ်ပါတယ်။အဲဒီလို "ဖိုလ်" ဝင်စားနိုင်ပြီဆိုရင်တော့ သေချာပေါက် "သောတာပန်" ဖြစ်တယ် လို့ ပြောနိုင်ပါတယ်။ 

ဘယ်လိုဘဲ ဖြစ်စေ..

ဓမ္မမိတ်ဆွေ ကိလေသာ ကို သတ်တယ် ဆိုတာ"မဂ်"၊ ရုပ်ဓာတ်၊နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက် လို့ ဆိုတဲ့အတိုင်း၊ ဒါမှမဟုတ် သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမှီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမှီ၊ "မဂ်သဘာဝ"၏ ချုပ်ပြတ်ပုံမျိုး လို "မဂ်အတု" များလည်း သေချာပေါက် ပေါ်ပေါက်ကြပါသေးတယ်။


လေ့လာထားရသလောက်မျှဝေရရင်....

၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြု လွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊

၂။ ကြောင့်ကြပူပန်ခြင်းကင်းနေတဲ့ စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊

၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိမ်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၎။ ဝီရိယထား၊ သမာဓိအား နှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားပြီး တစ်မှတ်စာလောက် လစ်လပ်သွားတတ်ခြင်း၊

၅။ အမြင်ကလည်းမတိုး၊ ရိုးအီပျင်းရိလာပြီးတော့ အားထုတ်ရတဲ့ ဆန္ဒအားတွေ ယုတ်လျော့ နိမ့်ပါးသွားပြီး ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၆။ နုလွန်သောအတွေ့ မှာ အသိက မလိုက်နိုင်တော့တဲ့ အတွက်ကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ် သွားတတ်ခြင်းများပင်ဖြစ်ပါတယ်။

တကယ်တော့ အဲဒီခြောက်မျိုးဟာ သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှ ဖြစ်တဲ့ မသိပြတ်မျိုးချည်းဘဲ ဖြစ်ကြပါတယ်။ 

မဂ်အစစ်ကား …
မဂ် ကျတာ နဲ့  တစ်ပြိုင်နက် ထပ်ချပ်မကွာ "ဖိုလ်" လို့ ခေါ်တဲ့ ကိလေသာ သေဆုံးသွားမှု ရဲ့ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ "ဖိုလ် နှင့် မဂ်" တစ်ဆက်တည်းသာ ဖြစ်ပါသည်။

မဂ်အတုတို့ကား …
မလစ်လပ်ခင် ကတည်းက အေးလည်းအေး၊မှေးလည်းမှေး အဖြစ်ဖြင့် ဥပေက္ခာ ကပေးသော သာမန် အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာတော့ပါဘူး။

တစ်ကယ်တော့"မဂ်" ဆိုတာ သူနဲ့ ဆိုင်ရာ ကိလေသာ ကို သတ်ဖြတ်ချလိုက်ခြင်း၊" ဖိုလ်" ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် "မဂ် နှင့် ဖိုလ်" တို့ဟာအကြောင်းခံ နဲ့  အကျိုးဆက် ခွဲဖျက် မရစကောင်းသော အတွဲများသာ ဖြစ်ကြသောကြောင့်....
စာရေးသူမိမိရဲ့ သဘောထားကို ပြောရရင်... "မဂ်အစစ်" ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုဘူးလို့ ထင်ပါတယ်။

အတုအစစ် "ခွဲခြားနည်း" မည်သူ့ထံမှလည်း နည်းခံနေစရာ လိုမယ်လည်း မထင်ပါဘူး။ "မဂ်မသိ ဖိုလ် နဲ့ ညှိ " စကားပမာ ချုပ်ပြတ်မှုသိတဲ့ အသိရဲ့ နောက်မှာ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်၊ မလိုက်ဖြင့် ချိန်ကိုက်သိနိုင်ကြောင်း ကိုသာ တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။


( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••
ကိုးကား- မဟာစည်ဆရာတော်ဘုရားကြီး ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲ အား ဖတ်ရှုယင်းစာမျက်နှာ ၄၃ မှ ကောက်နုတ်၍ လည်းကောင်း၊ (မဟာစည်နာယက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီ)"သောတာပန်" စာမျက်နှာမှလည်းကောင်း၊ ရွှေကျောင်းကုန်းဆရာတော် (မဟာဗောဓိမြိုင်ဆရာတော်) ဝနဝါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ် ပူဇော်ပါသည်။





7 Jun 2014

မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ မဟာမုနိဘုရားကြီး သမိုင်းအကြောင်း ပုံတော်စုံ


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက် သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။


မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ရက္ခပူရတိုင်းဓညဝတီပြည်သို့ နောက်ပါ ရဟန္တာ ၅၀၀နှင့်တကွ ဒေသစာရီကြွချီတော်မူသောအခန်း။

မဟာမုနိရုပ်ရှင်တော်သည် မြန်မာနိုင်ငံ၌ ရှေးကျသော ရုပ်ပွားတော်ကြီးဖြစ်သည်။ ဘုရားလက်ထက်တော်၌ ဗုဒ္ဓကိုယ်တော်တိုင်က “ညီတော်မဟာမုနိ” ဟူသော ဘွဲ့ဖြင့် ခေါ်ဆိုခဲ့ကြောင်း သမိုင်းစာတမ်းတွင် တွေ့ရ သည်။ အခြားသမိုင်းစာများတွင် “ရက္ခိုက်ဘုရားကြီး” ဟူ၍ လည်းကောင်း “ရခိုင်ဘုရားကြီး” ဟူ၍ လည်း ကောင်း ရေးကြသည်။ အခေါ်အပြောလည်း ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် “ARAKAN PAGODA” ဟု ရေးသား ဖေါ်ပြကြသည်။ ပြည်သူအများက ထူးမြတ်သော မဟာမုနိ ရုပ်ရှင်တော်ကို “မဟာမြတ်မုနိ” ဘုရား ကြီးဟူ၍လည်း ခေါ်ကြသည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ကိန်းအောင်းစံပယ်လျက်ရှိ သည်။ မူလတည်ရာဌာနသည်ကား ရခိုင်ပြည် ဓညဝတီမြို့ဟောင်း၏ မြောက်ဘက်တွင် ဂန္ဓကုဋိကျောင်း တော်ကြီး၌ တည်ရှိခဲ့သည်။

စန္ဒသူရိယမင်းသည် သေလာဂီရိတောင်၌ ဘုရားရှင်သီတင်းသုံးတော်မူသည်ကို ကြားတော်မူ၍ သွားရောက်ဖူးမြော်ရာ လမ်းတွင်အမှောင်ကျ၍ ရောင်ခြည်တော်ဖြင့် ပြတော်မူခန်း။

မြတ်စွာဘုရားသခင်အား ရက္ခပူရဓညဝတီရွှေနန်းတော်သို့ ပင့်ဆောင်၍ အထူးထူးသော ဆွမ်းဘောဇဉ်တို့ဖြင့် ပူဇော်ပြီး တရားနာယူကြခန်း။
ရခိုင်ပြည်ရှင် စန္ဒသူရိယမင်းသည် (၆၅) တင်းသော ရတနာတို့ဖြင့် မြတ်စွာဘုရား၏ ကိုယ်ပွားရုပ်ထုတော်ကို သွန်းလောင်းပြုလုပ်တော်မူခန်း။
မြတ်စွာဘုရားသည် မိမိကိုယ်ပွားတော်အဖြစ် သွန်းလုပ်ပြီးသော ရုပ်ထုတော်ကို မင်းနှင့်တကွ ကြည်ညိုရန် ရင်ငွေ့တော်ဖြင့် ခုနှစ်ခါထည့်တော်မူခန်း။
ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်၍ သီရိဂုဋ်တောင်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ခန်း။
အမရပူရမြို့ ဗဒုံမင်းတရား၏သားတော်ကြီး အိမ်ရှေ့ဥပရာဇာသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို ပင့်ဆောင်ရန် ထွက်တော်မူခန်း။
ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်၍ သီရိဂုဋ်တောင်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ခန်း။

ဓညဝတီရခိုင်ပြည်ရှိ ကြေးရုပ်ကြီးများနှင့် အမြောက်သေနတ်ကြီးများကို ပင်လယ်ခရီးမော်တင် ကရစ်၊ ရေကြောင်းဖြင့် အမရပူရနေပြည်တော်သို့ သယ်ဆောင်ခန်း။
မဟာမုနိရုပ်ရှင်တော်မြတ် တောင်ကုတ်တောင်ကြားလမ်းမှ တော်တောင်အထပ်ထပ်ကို ခက်ခဲစွာကျော်ဖြတ်၍ ပင့်ဆောင်ခန်း။
မဟာမုနိရုပ်ရှင်တော်မြတ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းမြို့မှ အမရပူရရွှေမြို့တော်သို့ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပင့်ဆောင်လာခန်း။
မဟာမုနိရုပ်ရှင်တော်မြတ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းမြို့မှ အမရပူရရွှေမြို့တော်သို့ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပင့်ဆောင်လာခန်း။
စစ်ကိုင်းတောင်ခြေ အောင်မြေသို့ရောက်သောအခါ ဘိုးတော်ဗဒုံမင်းတရား ကိုယ်တိုင်ရေသို့ ဆင်း၍ ကြိုယူပင့်ဆောင်ခန်း။
၁၁၄၇-ခု သီတင်းကျွတ်လတွင် ဗဒုံမင်းတရားကြီးသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို တက်သေးဆိပ်မှ ဂန္ဓကုဋိတိုက်တော်သို့ ပင့်ဆောင်လာတော်မူသောအခန်း။
ဗဒုံမင်းတရားသည် မဟာမုနိရုပ်ရှင်တော်မြတ်ကို အမရပူရမြို့ မြောက်ဘက် မုခ်လေးမျက်နှာရှိ ဂန္ဓကုဋိတိုက်တော်ဆောက်၍ ရေစက်ချလှူဒါန်းခန်း။
ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားနှင့် မြောက်နန်းစံမိဖုရားတို့သည် ဂန္ဓကုဋိတိုက်တော်ယိုယွင်းသည်ကို ပြုပြင်မွမ်းမံ၍ ရေစက်သွန်းချတော်မူခန်း။
၁၂၄၆-ခု ဝါဆိုလဆန်း (၉)ရက်နေ့တွင် သီပေါမင်း လှူဒါန်းသော စလွယ်တော် ဒုယင်တော် သပိတ်တော် ယပ်တော်တို့ကို မဟာမုနိဘုရားသို့ ပင့်ဆောင်လာခန်း။
၁၂၄၆-ခု ဝါဆိုလဆန်း (၁၃)ရက်နေ့တွင် သီပေါမင်းနှင့် စုဖုရားလတ်တို့သည် မကိုဋ်တော်နှင့်စလွယ်တော်တို့ကို တင်လှူ၍ ရေစက်တော်သွန်းချတော်မူခန်း။
၁၂၅၈-ခုနှစ်တွင် ဘိုးတော်ဘုရား၏ ဂန္ဓကုဋိတိုက်တော်ကိုငုံ၍ ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်း ပိသုကာများ လက်ရှိတိုက်တော်ကို တည်ဆောက်နေပုံ။
၁၉၄၅-ခုမှ ၁၉၄၈-ခု ဒုတိယကမ္ဘာစစ်အတွင်း မဟာမုနိရုပ်ရှင်တော်မြတ်ကို ဆရာတော် သံဃာတော်များက နေ့ညမပြတ် စောင့်ရှောက်ကြပုံ။
နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ အမွှေးနံ့သာများဖြင့် မျက်နှာသစ်တော်မူနေပုံ။
နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ရွှေတံပူဖြင့် ပွတ်တိုက်ပူဇော်နေပုံ။
 
နံနက်အာရုဏ်တက်ချိန်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ပိုး ဖဲ ကတ္တီပါတို့ဖြင့် အထပ်ထပ်ပူဇော်နေပုံ။

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အံ့ချီးဘွယ် (၈)ဖြာ

၁။ မကောင်းသော ကျေးငှက် သတ္တဝါတို့သည် ရုပ်ရှင်တော်မြတ်ကြီး၏ ရွှေပြသာဒ် အပေါ်သို့ လွှားကျော် ခုန် ပျံ နားနေခြင်းငှာ မဝံ့ခြင်း။
၂။ ရုပ်ရှင်တော်မြတ်၏ ရွှေမျက်နှာတော်သည် ထွန်းပေါ်ထွက်စသော လပြည့်ဝန်းကဲ့သို့ အမြဲ ထွန်းလင်း တောက်ပ ရောင်တော်မြတ်ကို စွန့်လွှတ်တော်မူခြင်း။
၃။ မိစ္ဆာယူမှား ဒုဿိလပဂ္ဂိုလ်တို့သည် ရုပ်ရှင်တော်မြတ်အား ရှုကြည့် ဝင်ဖူးသော် သောက်ရှူးပမာရွှေမျက်နှာ တော်သည် ညိုပြာမှောင်လျက် အရောင်တော်မထွက်ဘဲ မှေးမှိန်နေခြင်း။
၎။ ရုပ်ရှင်တော်မြတ်၏ သဏ္ဍာန်တော်ကို ပုံတူဓာတ်ကူး၍ ရေးသား သွန်းလုပ်သော်လည်း ပုံတော်အတူ၊ စံတူ မရနိုင်ခြင်း။
၅။ တရားဆိုင်၊ အမှုပြိုင်၊ အနိုင်အရှုံး၊ ကျင့်သုံးမုသား၊ ကျိန်ဆိုငြားသော်၊ ဒိဌလက်ငင်း၊ ပျက်ယွင်းထိရောက် စေနိုင်သော တန်ခိုးတော် ကြီးမားခြင်း။
၆။ ရဟန်းရှင် ပြည်သူအများတို့သည် သဒ္ဓါတရား၊ တိုးပွားတက်ကြွသောကြောင့် သိန်းသောင်းမကသော ရွှေ ဆိုင်းတို့ဖြင့် ရက်ညောင်းနှစ်များ နေ့တိုင်း ကပ်လှူကြပါသော်လည်း ပြေပြစ်သန့်စင်၊ ပြည့်ဖြိုးလွင်သော ကိုယ် တော်ပကတိ ရှိခြင်း။
၇။ တစ်ဆယ့်နှစ်လ၊ မည်သည့်အခါသမယမဆို၊ ပွဲတော်အသွင် နေ့စဉ် ဘုရားဖူးလာရောက်ကြသည့် ရှင်လူ ပရိသတ်တို့ မစဲ စည်ကားလျှက်ရှိခြင်း။
၈။ တန်ခူး၊ ကဆုန် စသော သင်္ကြန်အတာ၊ ညောင်ရေခါ၌ ဝဲယာရှေ့နောက် အိုးကြီး အိုးငယ်တို့နှင့် ရေ သပ္ပာယ်ကြပါသော်လည်း ရှေ့တော်ဝယ်အပါး၌ ရေမတား၊ မတည်နိုင်သော တန်ခိုးတော်မြတ်ကြီးခြင်း တို့ ဖြစ်ပါတယ်။

မဟာမုနိသမိုင်းလင်္ကာ

သုံးဆယ့်နှစ်ပါး ထင်ရှားအရာ လက္ခဏာကြီး နေမီးသဖွယ် ရှစ်ဆယ်လက္ခဏာ ရောင်ခြောက်ဖြာနှင့် မဟာမုနိ မည်ရှိထင်ပေါ် ရုပ်တော်ကို နတ်ကျော်သိကြား သွန်းငြားသောခါ ပြီးရုံသာလျှင် မြတ်စွာဘုရား တပည့် သားနှင့် တန့်နားတုံလျှင်း သီတင်းသုံးရန်ဗိမာန်ကျောင်းကြီး ဆောက်ပြီးကပ်လှူ တောင်းဆုယူ၏။ ပြည်သူရတနာ များစွာမှူးမတ် ခြံရံပတ်လျက် မိုးနတ်သိကြားနတ်သားဝိသုကြုံ ဆောင်ဘုံမကွာ ရတနာရွှေငွေတစ် ကုဋေ ကို ရွှေပန်းတောင်းမှာ ထည့်ပြီးခါလျှင်ရတနာဆင်ဖြူ တင်တော်မူ၍ ထီးဖြူမိုးမှ ဓညဝတီ သိင်္ဂီရွှေရောင် တပြောင်ပြောင်မှ ရှေ့တောင်ရပ်ခွင် ဆောင်ယူကျင်၍ မြသွင်မှိုင်းအိ တန်ခိုးရှိသည် သီရိဂုတ်တောင် ဗွေထိပ်ခေါင် ကို ညီအောင်ပြင်ဆင် မဏ္ဍပ်ခွင်နှင့် သဘင်ထူးပြား အခြားခြားလျှင် နတ်များတန်ဆာ ဆင်ယင်ကာတည် သုဓမ္မာဇရပ် ပြာသာဒ်ဝင်းဝင်း မတူလျှင်းပဲ ထူးကဲသာယာ များစွာပဉ္ဇင်း သဘင်ခြိမ့်ခြိမ့် တသိမ့်သိမ့် လျှင် ပျော်ရွှင် မှုတ်တီး နားမငြီးသည်။ ပွဲကြီးသဘင်ထူးဆန်းတည်း။

မိုးနတ်ဗြဟ္မာ များစွာစည်းဝေး ချီးကြွေးညံညံ ကောင်းကြီးသံဖြင့် မိုးယံဘဝဂ် ဝှန်တက်ကြော်ငြာ ဇမ္ဗူချာထက် တစ်ရာထီးဆောင်း မင်းပေါင်းခြံရံ ညီလာခံလျက် စံစံပပ သူရိယစန္ဒာ ဗြဟ္မာသိကြား နတ်များညီညွတ် မှုတ်ခတ်ကျူးလွင် ပဉ္ဇင်းပြီးစီး မဏ္ဍာပ်ကြီးတွင် ရှင်တော်ကိုယ်စား ရုပ်ပွားဆင်းတု သွန်းပြုသောခါ နှစ်ကောဇာဟု တစ်ရာ့နှစ်ဆယ် စွန်းဝယ်သုံးခု ရတုဂိမ္မ နွေလကဆုန် ပူဟုန်ပြင်းစွာ ဝိသာခါနှင့် မကွာယှဉ်မှတ် ရက်မြတ် ဗုဒ္ဓ ညဦးကလျှင် စ၍သွန်းရာ ထိုအခါတွင် တေဇာတန်ခိုး တက်တိုးဝှန်ဝေ ဖြစ်စေခြင်းငှာ အဓိဌာဖြင့် မဟာပုရိသ လောကကြေးမုံ သုံးလူ့မျက်ဖျော် ရွှေကိုယ်တော်ငွေ့ လက်တော်ပွေ့လျက် ထည့်၍ကြည့်ရှု သဗ္ဗညုတ ကြပ်မသွန်းလုပ် ရုပ်တုတော်ကြီး ထိန်ညီးလျှံပြေး ကြာသာပတေးတွင် ပြီးအောင်မြင်၏ သုံးခွင်ဘုံလူ နတ်လူဗြဟ္မာ သတ္တဝါတို့ ရှုတာတည့်တည့် မျက်စိ၌တွင် ရှင်တော်ဘုရား နှစ်ပါးရည်တူ နှစ်ဆူမပျက် တစ်ပြိုင်နက်လျှင် ပွင့်သည်ထင်၏ ပြည်ရှင်မင်းများ နတ်အများနှင့် သိကြားဗြဟ္မာ ဝမ်းမြောက်ကာလျှင် များစွာပူဇော် ရွှင်ပျော်စိတ်နူး သာဓု သာဓု ခေါ်ပြုအသံ ပဲ့တင်လျှံရှင့် မိုးယံဘဝဂ် ကျော်ဝှန်တက်သည်။ အုတ်ကျက်နတ်လူသောင်းသောင်းတည်း။

[မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးသမိုင်း ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) မှကူးယူမျှဝေခြင်း ဖြစ်ပါသည်] အန်တီတင့်ထံမှ ထပ်ဆင့် ကူးယူဖော်ပြထားသည်...။


14 May 2014

ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ



ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ

ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်။
 
 BBC
 

13 May 2014

မြတ်စွာဘုရား၏ နောက်ဆုံးသာဝက




ရှင်အာနန္ဒာကား နွမ်းလျနေသောဘုရားရှင်ကို ခြေဆုံးခေါင်းဆုံးဖူးလိုက်၊ မိမိ၏ ရှေ့ရေးနောင်ရေး တွေးလိုက်နှင့် တလှိုက်လှိုက် ပူဆွေး၍ ဘုရားရှင်နှင့် မနီးမဝေး ကျောင်းတိုင်ကို
မှီလျက် ရိုက်ကြီးတငင် ငိုကြွေးနေ၏။

ထိုအချိန်မှ “သုဘဒ္ဒပရိဗိုဇ်”သည် မိုးသောက်ယံ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မည့် သတင်းကိုကြား၍ ပြဿနာမေးလျှောက်ရန်မြတ်စွာဘုရားအထံသို့ တိုးဝင်လာရာ ရှင်အာနန္ဒာက
သုံးကြိမ်တိုင်တိုင် တားမြစ်လေသည်။

သုဘဒ္ဒပရိဗိုလ်နှင့် ရှင်အာနန္ဒာတို့ အချီအချေ ပြောဆိုနေသော စကားကို မြတ်စွာဘုရား ကြားတော်မူ၍ ရှင်အာနန္ဒာအား မတားမြစ်ရန် မိန့်တော်မူ၏။

သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား - လာက၌ မိမိကိုယ်ကို ဘုရားဟု ၀န်ခံ၍နေကြသော
ပူရဏကဿပ စသော ဆရာကြီးတို့သည် သဗ္ဗညုတဉာဏ်ရသော ဘုရားဟုတ် - မဟုတ်ကို မေးလျှောက်သည်။ မြတ်စွာဘုရားက ထိုသို့ မေးလျှောက်ရန် တားမြစ်တော်မူ၏။

ြ
မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်အား -

“မဂ္ဂင်ရှစ်ပါးကျင့်စဉ် မရှိသော အယူဝါဒ၌ ကိလောသာငြိမ်းသော အရိယာများ မဖြစ်ပေါ်နိုင်၍
အချည်းနှီးဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါးကျင့်စဉ် ရှိသော ဤသာသနာတော်၌သာ ကိလေသာ ငြိမ်းသူ အရိယာရှိပုံ။
ဤသာသနာတော်၌ ရဟန်းတို့သည် ကိုယ်တိုင်လည်းကျင့်၊တဆင့်လည်း ဟောပြကာ ကောင်းစွာကျင့်ကြံနေသမျှ
ကာလပတ်လုံး ဤလောက၌ ရဟန္တာ မဆိတ်သုဉ်းနိုင်ကြောင်း” ဟောပြတော်မူ၏။

သုဘဒ္ဒပရိဗိုဇ်လည်း သာသနာဘောင်သို့ ၀င်ရောက်ကာ ရဟန္တာဖြစ်ပြီး မြတ်စွာဘုရား၏ “နောက်ဆုံးသာဝက”ဖြစ်ပေတော့သည်။ ရာသီဥတုကလည်းကြမ်း၊ သွေးဝမ်းရောဂါကလည်း ပြင်းထန်စွာ
ဖိစီးသည့်ကြားက (၂၅)ထောက်တိုင်တိုင် တန့်နား၍ “ကုသိနာရုံ” အရောက် ဆင်းရဲ ပင်ပန်းခံကာ
ကြွသွားတော်မူသည်မှာ ပဓာနအားဖြင့် တစ်ဦးတည်းသော သုဘဒ္ဒပရိဗိုဇ်အား ချေချွတ်တော်မူရန်ဖြစ်သည်။
ကရုဏာကြီးမားတော်မူလှပါပေ၏။

၄၅-၀ါ တိုင်တိုင် သတ်မှတ်ထားသော နေ့စဉ် ဆောင်ရွက်မြဲ လုပ်ငန်းစဉ်အရ ကိုယ်တော်အင်အားချည်းနဲ့၍
ယဲ့ယဲ့မျှသာ ရှိတော့သော ဤနောက်ဆုံးနေ့မှာပင် ပြုလုပ်မြဲလုပ်ငန်းစဉ်ကို ဖျက်တော်မမူ။
ညဉ့်ဦးယံ၌ မလ္လာမင်းသားတို့အား ဟောကြား၍ ၊ညဉ့်လယ်ယံ၌ သုဘဒ္ဒအား သီးခြား ချီးမြှောက်တော်မူသည်။

( ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော်
အခြေံခံအဆင့် စာအုပ်မှ -)

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


သာသနာ့အလံ တီထွင်သူ


သာသနာ့အလံ တီထွင်သူ အမှန်
====================
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် (http://www.buddhistchannel.tv/index.php?id=43%2C4030%2C0%2C0%2C1%2C0) မှ မှီငြမ်းရေးသားပါသည်။

အရှင်သုနန္ဒာလင်္ကာရ

The birth of the Buddhist flag
By D.C. Ranatunga, Sunday Times, April 29, 2007

12 May 2014

ကဆုန်လပြည့်နေ့ - Vesākha Day


ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။
စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။


မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။
ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ 
 
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
 
 မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ 
 
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ 
 
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ 
 
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။ ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

စာဖတ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…

https://www.facebook.com/World0fWisdom

......................အောင်ဦး.....................
http://www.dhammaratha.com/
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
...................................

ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏။
မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု)


World Of Wisdom


11 May 2014

လူသားများ မဖူးမြင်ရသော စေတီထူး (၃) ဆူ



၁။ စူဠာမဏိစေတီတော်
 
တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရား၏ဆံတော်မြတ်အား ဋ္ဌာပနာ၍
သိကြားမင်းတည်ထားသော စေတီဖြစ်၍အမြင့် ယူဇနာ (၃၀)ရှိ၏။

 
၂။ဒုဿစေတီတော်

သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတွင်အနာဂါမ်ပုဂ္ဂိုလ် ဗြဟ္မာဖြစ်သော(ဃဋိကာရဗြဟ္မာ)ကြီးက မြတ်စွာဘုရား၏
ဝတ်လဲတော်ကို ဋ္ဌာပနာ၍ တည်ထားသော စေတီဖြစ်၍အမြင့် ယူဇနာ(၁၂) ရှိ၏။

 
၃။မ ဟေသရ စေတီတော်

ဟိမဝန္တာတောင် အတွင်းရှိ မန္ဒာဂီရိအမည် ရှိသောတောင် မှမ ဟေသရနတ်မင်းသည် မြတ်စွာဘုရားရှင် နှင့်
တန်ခိုးရှင်ပြိုင် ရာ ရူံးနိမ့်ပြီးမြတ်စွာဘုရားထံ ဥပါသကာအဖြစ်ခံယူခဲ့သည်။ မြတ်စွာဘုရားရှင် အားရုပ်ပွားတော်သဏ္ဌာန်ကို ကိုးကွယ်ခွင့်ပေးရန်လျှောက်ထားရာ ခွင့်ပြုခဲ့သဖြင့်ရတနာခုနစ်ပါးနှင့် ဆန်းကျယ်သောကျောင်းတော်ကြီး ဆောက်လုပ်ပြီးဂန္ဓကုဋိတိုက် ဖန်ဆင်းကာ
လက္ခဏာတော်ကြီးငယ်တို့နှင့်တင့်တယ်သောဘုရားရှင် ၏ ရုပ်တုတော်ကို ပြုလုပ်၍
မျောက်မင်းတစ်ကောင် ကို အခြံအရံနှင့်တကွကျောင်းပရိဘောဂကို ပြုပြင်
ဆောင် ရွက် ရန် အပ်နှံထား၏။

အရှင် ဥာဏော


ဗုဒ္ဓသာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ 
***************************************

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။
ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။
ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---၁။နီလရောင်ခြည်တော်။ ၂။ပီတရောင်ခြည်တော်။ ၃။လောဟိတ ရောင်ခြည်တော်။ ၄။သြဒါတရောင်ခြည်တော်။ ၅။မဉ္ဇိဋ္ဌရောင်ခြည်တော်။ ၆။ပဘဿရ ရောင်ခြည်တော် စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

၁။နီလရောင်ခြည်တော် နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ဆံတော်, မုတ်ဆိတ်တော်,မျက်ဝန်းတော်တခို,စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။

၂။ပီတရောင်ခြည်တော် ၀ါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၃။လောဟိတ ရောင်ခြည်တော် အနီရောင်အဆင်းရှိပြီးမြတ်ဗုဒ္ဓ၏အာတော်, လျှာတော်,နှုတ်ခမ်းတော်, ခြေဖ၀ါးတော်,လက်ဖ၀ါးတော်, ခြေသည်းတော်,လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၎။သြဒါတရောင်ခြည်တော် အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏သွားတော်,စွယ်တော်, အရိုးတော်, မျက်ဖြူတော်,ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၅။မဉ္ဇိဋ္ဌရောင်ခြည်တော် ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၆။ပဘဿရ ရောင်ခြည်တော် ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။
မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။

စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး)ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။
၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။
၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။

မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။
မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ကြည်ညိုသဒ္ဓါ ပွားများခဲ့ရပေသည်။
ဗုဒ္ဓသာသနာ့အလံတော်သည် ဗုဒ္ဓဘုရားရှင်၏သာသနာ တည့်တံ့ပြန့်ပွားရာ နေရာတိုင်းတွင် ကြည်ညိုသဒ္ဓါ ပြည့်ဝစွာဖြင့် တလွင့်လွင့် ပျံ့လွင့်လျက် ရှိနေမည် ဖြစ်သည်။
ကျမ်းကိုး။ ။ ဆရာချစ်ဆွေ-ဘထွေးလေး၏ဗုဒ္ဓသာသနာ့ အလံတော်နှင့် သြကာသကန်တော့ခန်း(ဓမ္မဒါနစာအုပ်)မှ ဖြစ်ပါသည်။
စိမ့်စမ်း (ပညာရေး)

Credit To>> ကို သီရိ

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆) မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။

ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---၁။နီလရောင်ခြည်တော်။ ၂။ပီတရောင်ခြည်တော်။ ၃။လောဟိတ ရောင်ခြည်တော်။ ၄။သြဒါတရောင်ခြည်တော်။ ၅။မဉ္ဇိဋ္ဌရောင်ခြည်တော်။ ၆။ပဘဿရ ရောင်ခြည်တော် စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။
၁။နီလရောင်ခြည်တော် နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ဆံတော်, မုတ်ဆိတ်တော်,မျက်ဝန်းတော်တခို,စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။

၂။ပီတရောင်ခြည်တော် ၀ါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၃။လောဟိတ ရောင်ခြည်တော် အနီရောင်အဆင်းရှိပြီးမြတ်ဗုဒ္ဓ၏အာတော်, လျှာတော်,နှုတ်ခမ်းတော်, ခြေဖ၀ါးတော်,လက်ဖ၀ါးတော်, ခြေသည်းတော်,လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၎။သြဒါတရောင်ခြည်တော် အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏သွားတော်,စွယ်တော်, အရိုးတော်, မျက်ဖြူတော်,ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၅။မဉ္ဇိဋ္ဌရောင်ခြည်တော် ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၆။ပဘဿရ ရောင်ခြည်တော် ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။

မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။

စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး)ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။

၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။

၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။
မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။

မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ကြည်ညိုသဒ္ဓါ ပွားများခဲ့ရပေသည်။

ဗုဒ္ဓသာသနာ့အလံတော်သည် ဗုဒ္ဓဘုရားရှင်၏သာသနာ တည့်တံ့ပြန့်ပွားရာ နေရာတိုင်းတွင် ကြည်ညိုသဒ္ဓါ ပြည့်ဝစွာဖြင့် တလွင့်လွင့် ပျံ့လွင့်လျက် ရှိနေမည် ဖြစ်သည်။
ကျမ်းကိုး။ ။ ဆရာချစ်ဆွေ-ဘထွေးလေး၏ဗုဒ္ဓသာသနာ့ အလံတော်နှင့် သြကာသကန်တော့ခန်း(ဓမ္မဒါနစာအုပ်)မှ ဖြစ်ပါသည်။

စိမ့်စမ်း (ပညာရေး)

  ကို သီရိ

5 May 2014

ဘာသာအသီးသီးပေါ်ထွန်းချိန်


ဘာသာအသီးသီးပေါ်ထွန်းချိန်
ဟိန္ဒူဘာသာ - BC 5000
ထေရဝါဒဗုဒ္ဓဘာသာ - BC 589
ခရစ်ယာန်ဘာသာ - AD 01
အစၥလာမ္ဘာသာ - AD 570
ဘာသာအလိုက္ဘုရားမ်ား
ဗုဒၶဘာသာ - (ဗုဒၶ)
ဟိႏၵဴဘာသာ - ( ဣသြာရ)
ဂ်ဴးဘာသာ - (ေယဟိုးဝါ)
ခရစ်ယာန်ဘာသာ- (ဂေါ့ဒ်)
အစ္စလာမ်ဘာသာ - (အလ္လာဟ်)
ဘာသာအသီးသီး ပေါ်ထွန်းရာဒေသများ
ဟိန္ဒူဘာသာ/ဗုဒ္ဓဘာသာ - အိန္ဒိယ
ခရစ်ယာန်ဘာသာ/ဂျူးဘာသာ- အစ္စရေး
အစ္စလာမ်ဘာသာ - ဆော်ဒီအာရေဗျ
ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့
အိန္ဒိယနိုင်ငံအတွင်း ၆ ဖွဲ့
အိန္ဒိယနိုင်ငံပြင်ပ ၃ ဖွဲ့
အိန္ဒိယနိုင်ငံပြင်ပ ၃ဖွဲ့ဟူသည် သီဟိုဠ် သုဝဏ္ဏဘူမိ ယောနကတိုင်းတို့ဖြစ်သည်။ ယခင်
ယောနကတိုင်းဆိုသည်မှာ ယခုမွတ်စလင် ဒေသများဖြစ်သည်။
ဘာသာအသီးသီးတို့၏သက်တမ်း
ဟိန္ဒူဘာသာ - နှစ်ပေါင်း ၅၀၀၀ကျော်
ဗုဒ္ဓဘာသာ - နှစ်ပေါင်း ၂၆၀၀
ခရစ်ယာန်ဘာသာ - နှစ်ပေါင်း ၂၀၁၃
အစ္စလာမ်ဘာသာ - နှစ်ပေါင်း ၁၄၃၁
ဒေသအလိုက် ကိုးကွယ်သူဦးရေ
ခရစ်ယာန်ဘာသာ - သန်း ၁၆၀၀
အစ္စလာမ်ဘာသာ - သန်း ၁၃၀၀
ဟိန္ဒူဘာသာ - သန်း ၉၀၀
မဟာယာနဗုဒ္ဓဘာသာ - သန်း ၆၅၀
ထေရဝါဒဗုဒ္ဓဘာသာ - သန်း ၁၅၀
 
အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)


4 May 2014

နှစ်ခါ မရှုံးပါစေနဲ့

          

------------
ကိုယ့်ကို သူများက အပြစ်ပြောလာ၊ ကဲ့ရဲ့ ရှုတ်ချလာ၊ တိုက်ခိုက်နှောက်ယှက်လာတဲ့အခါ အဲဒီအရာတွေအပေါ်မှာ လိုက်ခံစားပြီး တုန်လှုပ်ခြောက်ခြားမှုတွေ မဖြစ်ပါစေနဲ့။ ဖြစ်သွားရင် တိုက်ခိုက်သူတွေရဲ့  တိုက်ပွဲမှာ ကိုယ်ကကျရှုံးသွားတာပါပဲ။ သူတို့က ကိုယ့်ကိုအဲဒီလိုဖြစ်အောင် တမင်လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်ကပါသွားရင် သူတို့အနိုင်ရသွားမှာဖြစ်ပြီး ကိုယ်ကတော့ ကိုယ့်ရဲ့ခံနိုင်ရည်ရှိမှုလည်းရှုံး၊ သူတို့တိုက်ပွဲမှာလည်း ရှုံးသွားတာဖြစ်တဲ့အတွက် နှစ်ခါရှုံးသွားတော့တာပါ။

တိုက်ခိုက်တဲ...့သူဆိုတာကတော့ သူ့အလုပ်သူလုပ်မှာပါပဲ။ ကိုယ့်ဘက်ကတော့ ဘယ်လိုပဲတိုက်တိုက် ခံနိုင်ရည်ရှိအောင် နေလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုအာရုံ၊ ဘယ်လိုကြုံကြုံ ကိုယ့်ဘက်က လက်ခံမှဖြစ်တာပါ။ လက်မခံရင် ဘာမှမဖြစ်ပါဘူး။ ဆိုပါစို့။ တိုက်ခိုက်သူက စကားနဲ့တိုက်ခိုက်တဲ့အပေါ်မှာ ကိုယ်ကလိုက်ခံစားမိရင် ဒါဟာ ကိုယ်ကလက်ခံလိုက်တဲ့ သဘောပါပဲ။ လက်ခံရင် လက်ခံတဲ့သူကအရှုံး၊ ပြီးတော့ အဲဒီအာရုံအပေါ်မှာ ထပ်ပြီးခံစားနေမယ်ဆိုရင်လည်း နောက်ထပ်တစ်ခါ ထပ်ရှုံးတော့တာပေါ့။

ဒါကြောင့် ဘဝမှာ အခါခါ မရှုံးမိစေဖို့ ကြုံလာသမျှ အာရုံတွေမှာ လိုက်ပြီးမခံစားမိပါစေနဲ့၊ အကျိုးမရှိတဲ့ အရာတွေအပေါ်မှာ ဘယ်သူက ဘယ်လိုပေးပေး၊ ဘယ်လိုတိုက်ခိုက်တိုက်ခိုက် ကိုယ့်ဘက်ကတော့ လက်မခံမိပါစေနဲ့၊ မယူမိပါစေနဲ့။ ယူမိရင် အပူမိတတ်ပြီး အပူမိရင် အတူညှိဖို့လည်း မဖြစ်တော့တာကို သတိပြုဆင်ခြင်လို့ အရှိတရားကို အသိတရားနဲ့ ညှိကြဖို့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ


24 Apr 2014

သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်



သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်အား ဖူးမြင်နိုင်ပါသည်။

အသမ္ဘိန္နဓါတ်တော် .၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။

(၁) နဖူးသင်းကျစ်တော်ဓါတ် ဗြဟ္မြာ့ပည်၌ တစ်ဌာန၊

(၂) အထက် လက်ယာ စွယ်တော်နှင့်၎င်းညပ်ရိုးတော်ဓါတ် ၂-ဆူ
တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊

(၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊

(၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
(၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရ) သင်းတွဲပြည်၌ တစ်ဌာန၊

(၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာနဟု မူလကျမ်းဂန်တို့ကဆို၏၊

 

23 Apr 2014

ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်း

ကဆုန်လ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။

ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။

တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။


ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။

ကဆုန်လပြည့် ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား

၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။

၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။

၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။

၎။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။

ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။

 ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။

ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

 http://www.wiradhamma.com/



21 Apr 2014

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ


ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ (Tallest Statues in the World) အကြောင်းကို ဗဟုသုတ ရရှိအောင် ဖော်ပြ ပေးလိုက်ပါတယ်။

(၁) Spring Temple Buddha

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် ရုပ်တုကတော့ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပါတယ်။ မှတ်တမ်းအရ အမြင့် ၁၂၈ မီတာ(ပေ ၄၂ဝ) ရှိသော်လည်း ကြာဖူး၊ ပလ္လင်အမြင့်နဲ့ အောက်ခံပါဆို စုစုပေါင်း ၂ဝ၈မီတာ (၆၈၂ ပေ) ရှိပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။


(၂) Laykyun Sekkya (လေးကျွန်းစကြာ၊ မုံရွာ)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှာ ကိုးကွယ်တော်မူ ထားတဲ့ လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးဟာ

၁၉၉၆ ခုနှစ်မှာ စတင်တည်ထားပြီး ၂ဝဝ၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ၁၁၆ မီတာ (၃၈၁ ပေ) အမြင့်ရှိတယ်လို့ တရားဝင် မှတ်တမ်းတင် ထားပါတယ်။

(၃) Ushiku Daibutsu

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရုပ်ပွားတော်ပါ။ မီတာ ၁ဝဝ (ပေ ၃၆ဝ) မြင့်ပြီး အောက်ခံခုံ အပါအဝင် မီတာ ၁၂ဝ (၃၉၄ ပေ) မြင့်ပါတယ်။

၁၉၉၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ဂျပန်နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

(၄) Nanshan Haishang Guanyin

မြန်မာတို့သိကြတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပြီး ၁ဝ၈ မီတာ (၃၅၄ ပေ) မြင့်ကာ ၂ဝဝ၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ ရေပြင်မှာ တည်ထားတာပါ။

Myawady News



9 Feb 2014

ဘုရားရှင်တိုင်းမစွန့်လွှတ်ပဲသုံးဆောင်ေ တ်ာမူသည့်နေရာမြတ်ကြီးလေးပါး


အဝိဇဟိတဌာနကြီး ၄ပါး
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡
၁။ မဟာဗောဓိပင်၏အောက် ရတနာပ လ္လတော်နေရာဌာန

၂။ မိဂဒါဝုန်တော ဓမ္မစကြာတရားဟော ရာဌာန

၃။ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သီ တင်းသုံးရာ ဂန္ဓကုဋီတိုက်တွင်ခင်းထားေ သာ ညောင်စောင်းခြေကျရာဌာန

၎။ တာဝတိံသာနတ်ပြည်မှဆင်းသက်၍ သင်္ကဿနဂိုရ်မြို့တော်တံခါး၌ မြတ်စွာ ဘုရားပထမခြေချရာဌာန။ (လက်က်ျြာေ ခတော်ရာဌာန) ဟူ၍လေးဌာနရှိ၏။ထိုေ လးဌာနမှာ ` ပွင့်တော်မူပြီးသော ဘုရား ရှင်တိုင်း၏ ´ ဌာနချည်းသာဖြစ်ပါသည်။ ဌာနပြောင်းလွဲခြင်းမရှိပါ။တစ်နေရာတည်းသာဖြစ်ပါသည်။

{{ ဆောင် }}
ပလ္လင်,ဓမ္မစက် ဆင်းသက်,ခြေကျ
ဌာနညောင်စောင်း လေးပါးပေါင်း
ခါညောင်းမစွန့်ရာ။ ။

(မဟာဝိသုဒ္ဓရုံဆရာတော်)

သုတ်မဟာဝါအဋ္ဌကထာ ၁၇။ ဗုဒ္ဓဝံသအ ဋ္ဌကထာ ၃၅၁။

မသိရှိသေးသော ဗုဒ္ဓဘာသာဝင်သူတော် စင်များအတွက် ပြန်လည်မျှဝေပေးလိုက် ပါသည်။့ 


https://www.facebook.com/photo.php?fbid=539175089513660&set=a.351047714993066


6 Jan 2014

သာသနာ့ အာဇာနည်

" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
 ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ
 
 
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

 
Ref : http://moethihaaung.blogspot.com
 

26 Nov 2013

လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိမှု ဗုဒ္ဓမွေးဖွားရက်ကို ပြောင်းသွားစေနိုင်

နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီ ကျောင်းတော်အား ရှေးဟောင်းသုတေသန မြေတူးပညာရှင်များက ခိုင်မာသော သမိုင်းသက်သေ အထောက် အထားများကို ရှာဖွေတူးဆွ နေခဲ့ကြသည် (ဓာတ်ပုံ – National Geographic)
ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။

နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။

ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။

“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။

ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏ မယ်တော်ဖြစ်သူ မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း နောင်အခါ တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။

ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။ နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြားယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု သတ်မှတ်ကြသည်။

ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင် စိုက်ထူ၍ အလေးအမြတ်ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ ပြန်လည်တွေ့ရှိကာ ၀တ်ပြုရန်အတွက် မာယာဒေ၀ီ ဘုရားကျောင်း အဖြစ်ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေ၀ီ ဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။

လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည်။

အဆိုပါလေ့လာမှုကို အမျိုးသား ပထ၀ီဝင်အသင်းကြီး (National Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။

နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ် ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။

“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်” ဟု Coningham ကပြောသည်။

တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများ အောက်ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း Coningham က ပြောသည်။

ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို ၀ိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်းများကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း Coningham ကဆိုသည်။ အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ တွေ့ရသည်ဟုလည်း သိရသည်။

အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ ရုပ်ကြွင်းများတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေ သော ရွှံ့ခင်းကြမ်းပြင်က ၀ိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင် သို့မဟုတ် ဗောဓိပင်ဖြစ်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။

ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း သိရသည်။

“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ” ဟုလည်း Coningham က ပြောသည်။

၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန် သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။

သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ ၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။

“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သားအကာအရံများ ၀ိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့် သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။

သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့် ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။

“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင် သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်” Julia Shaw ကပြောသည်။

“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင် အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း သူက ထပ်ပြောသည်။

အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်း ထပ်မံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။

“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု အင်္ဂလန်နိုင်ငံ  Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။


Ref & Credit : ဧရာဝတီ


6 Sept 2013

ဗုဒ္ဓဘာသာဝင်တွေဟာ အုတ်ပုံကြီးကို ရှိခိုးဦးချနေကြတာမဟုတ်ပါ




ပုံတော်မှန်းပြီး ဂုဏ်တော်ကိုရှိခိုးကြတာဖြစ်ပါတယ်။ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်

တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန်(သောတာပတ္တိမဂ်မပါဝင်)
(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး
ကင်းစင်သည့် နိဗ္မာန်တရားမြတ်

Wing Mg

Ref : http://shwenewnews.blogspot.com/2013/09/blog-post_2958.html