5 Aug 2014

ကွမ်းစားဆေး နှင့် ကွမ်းပေါင်း နှပ်ဆေးများ စားသုံးမှုကြောင့် သွားဖုံး ၊ ပါးစောင်ကင်ဆာ ဖြစ်ပွားမှု များပြားလာ

 ကောလင်း ၊ ၅-၈-၂၀၁၄  မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြား လာသည်နှင့် အမျှ အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့် ဆေးပြင်းများကို စားသုံး နေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ်များကို လူငယ်အများစု စားသုံးမှု ပိုမို များပြား လာကြသည်။ ယခင်က ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး တို့ဖြင့်...

ဗုဒ္ဓပုံတော် မင်ကြောင်ထိုးသူ ပြည်နှင်ဒဏ်ပေးခံရ

 မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသည်တစ်ယောက်ဟာ သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေကို ဆေးမင်ကြောင် ရေးထိုးထားတဲ့ အတွက် သက်ဆိုင်ရာက ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံသား Mr Polley Jason Scott ဟာ ဇနီးဖြစ်သူနဲ့အတူ မြန်မာနိုင်ငံကို ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့ပြီး...

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဟူစတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် John Henry Skillern ရဲ့ e-mail အတွင်းမှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဓါတ်ပုံ ၃ ပုံခန့််ကို Google က ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်များဆိုင်ရာ အမျိုးသားရေးဋ္ဌာနကို အကြောင်းကြားခဲ့တာလို့...

ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား

အောင်ထက်ခိုင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းငယ်တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား တွေ့ရစဉ် ဩဂုတ် ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေးလေးရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်းအတွင်းရှိ တိုက်အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်မှုကြောင့် တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား စည်ပင်သာယာနှင့်...