Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
27 Feb 2016
စစ်တပ်နှင့်ပြည်သူ တသားတည်းဖြစ်လိုလျှင် ပြည်ထဲရေးဌာနအား ပြည်ထောင်စုအစိုးရသို့လွှဲပါ
နိုင်ငံမှန်လျှင် ပြည်သူများရှိရမည်။ ပြည်သူများရှိလျှင် အစိုးရအဖွဲ့ရှိရမည်။ အစိုးရအဖွဲ့ရှိလျှင် ၀န်ကြီးဌာန များလည်း ရှိရပေသည်။ ထိုဝန်ကြီးဌာနများတွင် ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း မရှိမဖြစ် ၀န်ကြီးဌာနတခု အဖြစ် ပါဝင်သည်။ နိုင်ငံတနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများ စဉ်ဆက်မပြတ် ချောမွေ့စွာ လည်ပတ်စေသည့် မောင်းနှင်တံသည် ပြည်ထဲရေးဝန်ကြီးဌာနပင် ဖြစ်သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသည် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်တွင် အရပ်ဘက် အစိုးရလက်အောက်တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံ၏ အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေးတို့အား ဒီမိုကရေစီစံနှုန်းဖြင့် ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ ၀န်ကြီးချုပ်ဦးနုထံမှ ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားကာ စစ်အာဏာ ရှင်စနစ်ဖြင့် နိုင်ငံကို ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း ဗိုလ်ချုပ်နေ၀င်း၏ ပုံစံ သွင်းညွှန်ကြားမှုအတိုင်း တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားတို့ကို ကြမ်းကြမ်းတမ်းတမ်း စီမံခန့်ခွဲ လည်ပတ်စေခဲ့သည်။
၁၉၇၄ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်ပြီးနောက် တပါတီအာဏာရှင် အရပ်သား ပုံစံဖြင့် ရုပ်သေးသမ္မတတဦးထားရှိပြီး ဗိုလ်နေ၀င်းက နိုင်ငံကို ဆက်လက်ဦးဆောင်အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာနသည် အရပ်ဘက်အုပ်ချုပ်ရေးဆန်ဆန်ရှိခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားအား မလျော့မတင်း ပုံစံဖြင့် စီမံခန့်ခွဲခဲ့သည်။ သို့ရာတွင် ဗိုလ်နေ၀င်းသည် နိုင်ငံတော်၏ လိုအပ်ချက်များအရ ကျောင်းသားများ၊ ပြည်သူများ၊ သံဃာတော်များတို့က ဆန္ဒပြအုံကြွမှုတိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် စစ်တပ်ကို ခေါ်သွင်းစေပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းဖြိုခွင်းခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ်မှ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို သိမ်းပိုက်ခဲ့ပြီး ၀န်ကြီးဌာနအားလုံးအား စစ်တိုင်းမှူးများဖြင့် ဖွဲ့စည်းခဲ့ပေသည်။ နိုင်ငံကိုလည်း တည်ဆဲဥပဒေများနှင့်မဟုတ်ဘဲ ဥပဒေကဲ့သို့တည် စေသော အမိန့်ညွန့်ကြားချက် အာဏာများဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ခဲ့ပေသည်။ ထိုစဉ်ကရှိခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုခဲ့သည်။ 
ဗိုလ်နေ၀င်းအာဏာသိမ်းစဉ်က မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းကြောင်း နိုင်ငံတော်သို့ တရားဝင်မကြေညာသလို၊ ဗိုလ်သန်းရွှေ လက်ထက်တွင်လည်း ၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းကြောင်း နိုင်ငံတော်သို့ တရားဝင် ကြေညာခဲ့ခြင်း မရှိခဲ့ပါ။ သို့ဖြစ်ရာ စစ်အာဏာရှင်တို့သည် မရှိမဖြစ်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစုံတရာမရှိဘဲ နိုင်ငံတော်ကို ကြမ်းတမ်းရက်စက်စွာ အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်တပ်၏ အခန်းကဏ္ဍ အားသာစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်အာဏာရှင်တို့သည် ခေါင်းခေါက်ရွေးချယ်ထားသည့် ယင်းတို့၏ ကိုယ်စားလှယ်အများစုတို့ဖြင့် ၁၉၉၃ ခုနှစ်မှ စတင်ရေးဆွဲခဲ့ရာ ၂၀၀၈ ခုနှစ် မေလ နာဂစ်လေမုန်တိုင်းကြောင့် ပြည်သူအများစုသေကြေပျောက်ကွယ်ပြီး နိုင်ငံတ၀န်း ပူဆွေးသောက ရောက်နေစဉ်ကာလတွင် အပြီးသတ်နိုင်ခဲ့သည်။ ထို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီအများစုအနိုင်ရပြီး သမ္မတဦးသိန်းစိန် အစိုးရပေါ်ပေါက်ခဲ့သည်။
ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မ ၂၃၂ အပိုဒ် (ခ)(၂)အရ ကာကွယ်ရေးဦးစီးချုပ်သို့ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးသုံးဦးကို ရွေးချယ်အမည်တင်သွင်းခွင့် အာဏာပေးအပ်ထားခြင်း ဖြစ်သည်။ ဆိုလိုရင်းမှာ ထိုဝန်ကြီးသုံးဦးတို့သည် သမ္မတ၏လက်အောက်တွင် ရှိနေသော်လည်း စစ်ယူနီဖောင်းဝတ် တပ်မတော်သားများပင်ဖြစ်ရာ ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီမှုမရဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရှိပါ။
မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ဖြင့် အဓိကထား ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုဌာနကြီး လေးခု အနက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တခုတည်းကသာ လက်နက်ကိုင်ဆောင်ခွင့်ရှိပေရာ မြန်မာနိုင်ငံတွင် စစ်တပ်ပြီး လျှင် ဒုတိယမြောက် လက်နက်ကိုင်ဆောင်ခွင့်ရရှိသည့် အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အောက်တွင် ရဲတပ်ဖွဲ့အမျိုးအစားပေါင်း (၁၆)ဖွဲ့ခန့်ရှိပေရာ ထိုအဖွဲ့ထဲတွင် လုံထိန်းတပ်ခေါ် ရဲတပ်ရင်းများစွာ ဖွဲ့စည်းထားရှိသည်။ ထိုရဲတပ်ရင်းများသည် ပြည်သူတို့၏ လိုအပ်ချက်အရ ဆန္ဒပြအုံကြွမှုတိုင်းတွင် ရက်စက်စွာ ဖြိုခွင်းလေ့ရှိသည်မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ လက်ပံတန်းမြို့ နယ် အမျိုးသားပညာရေး ပြုပြင်ပေးရန် တောင်းဆိုသည့် သပိတ်စစ်ကြောင်းကို ရဲတပ်ရင်း (၁)၊ ရဲတပ်ရင်း (၁၀)နှင့် ရဲတပ်ရင်း (၁၁)တို့၏ အကြမ်းဖက်ဖြိုခွင်းမှုသည် ကမ္ဘာကျော် မှတ်တမ်းဝင်သည်အထိ ဖြစ်ခဲ့ပေသည်။
ထိုရဲတပ်ရင်းတို့၏ မဆင်မခြင် ဆောင်ရွက်မှုတို့၏ နောက်ဆက်တွဲ ဆိုးကျိုးပုံရိပ်တို့သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနပေါ်သို့ တိုက်ရိုက်လွှမ်းမိုးခဲ့သည်။ ပြည်ထဲရေးဝန်ကြီးသည်လည်း စစ်ယူနီဖောင်းဝတ် တပ်မတော်သားတဦးဖြစ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ဆောင်ရွက်ခဲ့မှုအ၀၀တို့၏ ပုံရိပ်သည်လည်း ကာကွယ်ရေးဦးစီးချုပ်ပေါ်သို့ တစုံတရာသက်ရောက်ခဲ့မည်ဆိုလျှင် မှားမည်မဟုတ်ပေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ (၂၀၀)အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပြည်ထဲရေးဝန်ကြီးသည် အဖွဲ့ဝင်တဦးအဖြစ် ပါဝင်ရကာ နိုင်ငံတော်သမ္မတသည် ကျင့်ထုံးဥပဒေပုဒ်မ (၄၉၁)အရ နိုင်ငံရေးအကျဉ်းသားအပါအ၀င် အခြားအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုသည့် အခါတိုင်း ကာလုံအဖွဲ့၏ သဘောထားမှတ်ချက်ယူရပေသည်။ ထိုကာလုံ၏ အဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး၏ သဘောထားမှတ်ချက်လည်း ပါဝင်သည်ဖြစ်ရာ သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ မဆိုစလောက်သာ ပါဝင်လွတ်မြောက်လာခြင်းသည် ပြည်ထဲရေးဝန်ကြီး၏ စေတနာအမှန်ကိုလည်း မှန်းဆရန် လိုအပ်လာပေသည်။
၁၉၆၂ ခုနှစ်မှသည် ယနေ့တိုင် ပြည်သူတို့သည် တပ်မတော်အပေါ် ကြောက်ရွံ့နေရဆဲရှိပြီး တပ်မတော်နှင့် ပြည်သူတို့သည် ရင်ဘတ်ချင်းဆက်နေရမည်ဖြစ်သော်လည်း ဝေးကွာနေဆဲ ဖြစ်သည်။ သို့ရာတွင် ၂၀၁၅ ခုနှစ် လောက်ကိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖုန်ကြားရှင်အဖွဲ့နှင့် တပ်မတော်သားတို့၏ တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သားများအပေါ် ပြည်သူတို့သည် ပြည်လုံးကျွတ်တခဲနက် ထောက်ခံ အားပေးခဲ့သည်။ ပြည်သူတို့၏ မေတ္တာမိုးများသည် တပ်မတော် ထုတရပ်လုံးပေါ်သို့ ရွာသွန်းခဲ့ခြင်းဖြစ်သည်။
သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့ရေကြီးရေလျှံမှုများတွင် တပ်မတော်တပ်ရင်းတပ်ဖွဲ့များသည် ရေကြီးရေလျှံဖြစ်နေဆဲ အရပ်ဒေသများသို့အရောက်သွားပြီး ပြည်သူများကို ကယ်ဆယ်နေကြသည့် ပုံရိပ်များ ကိုလည်း မီဒီယာများမှတဆင့် နိုင်ငံသူနိုင်ငံသားအားလုံး အချိန်နှင့်တပြေးညီ တွေ့ရှိခဲ့ကြရသဖြင့် တပ်မတော် သားများအပေါ် တလေးတစား ဂုဏ်ယူခဲ့ကြရသည်။ စာရေးသူကိုယ်တိုင် သာယာဝတီမြို့နယ် ဖိုးခေါင် ကျေးရွာသို့ ရေကြီးနစ်မြုပ်နေစဉ်ရောက်ရှိခဲ့ကာ တပ်မတော်သား ရာပေါင်းများစွာတို့သည် မိမိတို့၏ အသက်အန္တရာယ် မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက် နေသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။ သို့အတွက်လည်း စာရေးသူသည် တပ်မတော်သားများအပေါ် အထူးဂုဏ်ယူမိပါသည်။
သို့သော်ငြားလည်း တပ်မတော်သည် ပြည်သူတို့၏ ယုံကြည်အားထားရမှုနှင့် ဘယ်နေ့အာဏာသိမ်းမည်လဲ ဆိုသည့်အပေါ် ပြည်သူတို့က အမြဲတစေ စိုးရိမ်ကြောင့်ကြနေရဆဲဖြစ်၍ ပြည်သူနှင့် တပ်မတော်တသား တည်းဖြစ်ရန် အချိန်လိုအပ်နေဆဲဖြစ်သည်။ ထို့အတူ တပ်မတော်၏ စွမ်းရည်အရည်အသွေးနှင့် ပြည်သူတို့၏ ထောက်ခံမှု အနိမ့်အမြင့်တို့သည် တပ်မတော်အကြီးအကဲဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်၏ ဆင်ခြင်တုံတရား နှင့် စွမ်းဆောင်ရည်အပေါ် တိုက်ရိုက်တည်မှီနေပေရာ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ယူခဲ့ကြသည့် ဗိုလ်ချုပ်စမစ်ဒွန်းမှ သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ ရှစ်ဦးရှိခဲ့ရာ ထိုကာကွယ်ရေး ဦးစီးချုပ်တို့၏ တာဝန်ယူခဲ့စဉ်ကာလ တပ်မတော်၏ပုံရိပ်အကောင်းအဆိုး ပြည်သူတို့က သိရှိပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်။
လက်ရှိကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သံခင်းတမန်ခင်း အလွန်ကြွယ်ဝပြီး ခေတ်မီတပ်မတော်ဖြစ်အောင် စွမ်းဆောင်နိုင်သူ မြန်မာနိုင်ငံ၏ အကြီးအကဲဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူလက်တွဲပြီး ဆောင်ရွက်နိုင်သူ၊ အမြဲ ရွှင်ပြုံးချိုသာသည့် မျက်နှာထား ပိုင်ရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စာရေးသူက အကဲဖြတ်မိပါသည်။ စာရေးသူ၏ အကဲဖြတ် အယူအဆကို စာဖတ်ပရိသတ်များသည်လည်း လက်ခံလိမ့်မည်ဟု ယုံကြည်ပါသည်။
ဆိုရပါမူ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တခုတည်း မဟုတ်ပါ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည်လည်း ပါဝင်သည်ဖြစ်ရာ ထိုဦးစီးဌာနသည် ပြည်သူအများနှင့် တိုက်ရိုက် ဆက်ဆံ ရပြီး အုပ်ချုပ်ရေးအပိုင်းကို စီမံခန့်ခွဲဆောင်ရွက်ရသည့်ဌာနဖြစ် သည်။ ထို့အပြင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆင့်မှသည် ရပ်/ကျေး အထွေထွေ အုပ်ချုပ်ရေးအဆင့်အထိ ပါဝင်ရာ ယင်းအုပ်ချုပ်မှုအားလုံးကို စစ်တပ်မှလာသော ဒုတိယ ဗိုလ်ချုပ်ကြီးတဦးက ၀န်ကြီးအဖြစ် ကိုင်တွယ်ပြီး ဒုဝန်ကြီး နှစ်ယောက်သည်လည်း ဗိုလ်မှူးချုပ် အဆင့်များ ဖြစ်ရာ အရပ်ဘက်ဝန်ကြီးဌာနကို စစ်ဘက်မှတာဝန်ခံ တာဝန်ယူဆောင်ရွက်နေခြင်းသည် အံဝင်ခွင်ကျမဖြစ်ဘဲ လူ့ခန္ဓာကိုယ်နှင့် ဆင်ဦးခေါင်း တွဲဖက်ထားသည့် မဟာပိန္နဲနတ်မင်းကြီးလို ဖြစ်နေသည်။
ပြည်ထဲရေးဌာန၀န်ကြီးသည် ပြည်ထဲရေးကိစ္စအ၀၀ တာဝန်ခံ တာဝန်ယူဆောင်ရွက်နေမှုကို သမ္မတထံသို့ တင်ပြအစီရင်ခံရသလို တချိန်တည်းမှာပင် ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း အစီရင်ခံတင်ပြရပေသည်။ ထို့အတူ သမ္မတကြီး၏ လမ်းညွှန်မှုခံယူရသလို ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားမှတ်ချက်များကိုလည်း နာယူရပေသည်။ သို့ဖြစ်၍ ပြည်ထဲရေးဝန်ကြီးတဦးတည်းအနေဖြင့် လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက် နိုင်ခွင့်မရှိနိုင်သည်ကို သုံးသပ်မိပါသည်။
သို့ဖြစ်ရာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ (၂၃၂) အပိုဒ်(ခ) (၂)အရ ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၀န်ကြီး အမည်စာရင်းပေးသွင်းရမည့် ကာကွယ်ရေးဝန်ကြီးဌာန နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန သုံးခုအနက်မှ ပြည်ထဲရေးဝန်ကြီးဌာနကို ကာချုပ်ကြီးမှ အမည် စာရင်းမသွင်းဘဲ နိုင်ငံတော်သမ္မတ၏ လက်အောက်သို့ လွှဲပြောင်းပေးပြီး ကျန်ဝန်ကြီးဌာနနှစ်ခုကိုသာ ဆက် လက်ဆွဲကိုင်ထားရန် အချိန်တန်ပြီဟု ခံစားမိပါသည်။
ပွင့်လင်းစွာ ဆိုရပါမူ ကာချုပ်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတလက်အောက်သို့ လွှဲပြောင်းပေးခြင်းသည် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံး၏ ဘော်ဒီကို မထိခိုက်သလို ပုဒ်မ (၂၃၂) အပိုဒ်ခွဲ(ခ)(၂)ပါ ၀န်ကြီးဌာနသုံးခုအနက်မှ တခုကိုသာ စွန့်လွှတ်စေခြင်းသည် ကာချုပ်ကြီး၏ အမြော်အမြင်ကြီးမှုအဖြစ် ပြည်သူသို့ ရင်ဖွင့်ပြသလိုက်ခြင်းဖြစ်ပါလိမ့်မည်။
အချုပ်ဆိုရသော် အခြေခံဥပဒေက တပ်မတော်သို့ပေးအပ်ထားသည့် အခွင့်အရေးများကို အလုံးစုံရယူခြင်းမပြုဘဲ နိုင်ငံတော်အကျိုးမျှော်ပြီး လျှော့သင့်တန်လျှော့ရန်နှင့် တပ်မတော်သည် မူလကပင် အရပ်ဘက် ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှဲပြောင်းအပ်သင့်ပြီဖြစ်သည်။ ဤသို့ လွှဲပြောင်းအပ်လိုက်လျှင် တပ်မတော်သည် ပြည်သူနှင့် တသားတည်းဖြစ်လာမည်မှာ ဧကန်မလွဲဟု ဆိုလိုက်ချင်ပါသည်။
ဦးစံထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
၂၀၁၅/၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုမှာ နှစ်ပေါင်း ၅၀၀ အတွင်း အားအကောင်းဆုံး ဖြစ်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ပြောကြား
မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကို ဆင်ဟွာသတင်းဌာနမှ တွေ့ဆုံမေးမြန်းစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
    အယ်နီညို ရာသီဥတုမှာ မှတ်တမ်းများအရ ၁၅ ရာစုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၅/၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုမှာ နှစ်ပေါင်း ၅၀၀ အတွင်း အားအကောင်းဆုံး ဖြစ်ကာ နောက်ဆုံး တိုင်းတာချက်အရ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပြီး လာမည့် ဇွန်လအထိ အယ်နီညို ရာသီဥတု သက်တမ်း ရှိနေမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ယခု ဖြစ်ပွားနေသည့် အယ်နီညို ရာသီဥတုဒဏ်မှာ ယခင်ဖြစ်ပွားခဲ့ပြီးသော မှတ်တမ်း များထက် ပိုမို ပြင်းထန်နိုင်သဖြင့် အပူချိန် စံချိန်ကျိုး ကျော်လွန်နိုင်ပြီး နွေရာသီတွင် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းမှာ လွန်ကဲသည့် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆက်လက် ပြောကြားခဲ့သည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီးတို့ တွင် အပူချိန်သည် အနည်းဆုံး ၄၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၌ အနည်းဆုံး ၄၁ ဒီဂရီ စင်တီဂရိတ်ထိ ရှိနိုင်မည် ဖြစ်ကြောင်း ၊ ယင်းခန့် မှန်းချက် များထက် ကျော်လွန် သွားရန်သာ ရှိပြီး စံချိန်ကျိုးသည်မှာလည်း ဖြစ်သွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့် မှန်းထားသည်။
ယခုချိန်တွင် အယ်နီညို ရာသီဥတုကြောင့် အပူချိန်နှင့် ပတ်သက်၍ ပြောကြားရာတွင် ခရမ်းလွန် ရောင်ခြည်မှာ အလွန် မြင့်တက် နေပြီး နွေရာသီ၌ လွန်ကဲသည့် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ထိုကြောင့် အပူချိန် စံချိန်တင် မြင့်တက် ခြင်းများ ဖြစ်နိုင်ပြီး အပူချိန် မြင့်မားမှု ၊ အပူလွန်ကဲမှု ၊ အပူ ညွှန်းကိန်း ၊ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများကြောင့် လူ၏ ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။
ထို့ ပြင် အယ်နီညိုကြောင့် မုတ်သုံရာသီ ဝင်ရောက်မှုမှာ ယခုနှစ်တွင် နောက်ကျနိုင်ပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီ တိုင်းနှင့် မွန်ပြည်နယ်တို့ တွင် မုတ်သုံသည် မေ ၂၀ ရက်မှ ဝင်ရောက်နိုင်မည် ဖြစ်ပြီး မြစ်ဝ ကျွန်းပေါ် ဒေသတွင် မေလ ၂၅ ရက်မှ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ၊ အဆိုးဆုံးမှာ မြန်မာနိုင်ငံ အလယ်ပိုင်း ဖြစ်ကြောင်း မုတ်သုံ ဝင်ရောက်မည့် ရက်မှာ ပီပီပြင်ပြင် မရှိဘဲ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဇွန်လ ၁ ရက်မှ ဝင်ရောက်မည်ဟု ခန့် မှန်းထားသည်။
နွေရာသီ ကာလများ ဖြစ်သည့် မတ်လ ၊ ဧပြီလ နှင့် မေလတို့ တွင် အယ်နီညို ဖြစ်စဉ်၏ သက်ရောက်မှုများ ကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ နွေရာသီတွင် အပူချိန် မြင့်မားခြင်းစသည့် ရာသီဥတု အ‌ခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး ပူပြင်း ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းနှင့် အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အယ်နီညို ရာသီဥတု ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၁၉၉၇-၉၈ ခုနှစ်တွင် အပူချိန် စံချိန်တင် မြင့်တက် ခဲ့ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ၄၇.၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိခဲ့ပြီး ရန်ကုန်၌ ၄၂.၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် သမိုင်းတစ်လျောက် အပြင်းထန်ဆုံး ကြုံတွေ့ ရနိုင်သည့် အယ်နီညို ရာသီဥတုဒဏ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အယ်နီညို ရာသီဥတု အကျိုး သက်ရောက်မှု များကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲများ ၊ အပူဒဏ် ကာကွယ်ရေး လုပ်ငန်းများ ၊ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အပေါ် ကြိုတင်ပြင် ဆင် ထားရှိမှု ဆောင်ရွက်ထားရှိထားကြောင်း သိရသည်။
စိုက်ပျိုးရေး ၊ အစားအစာ ဖူလုံရေး ၊ စိုက်ပျိုးရေ ရရှိရေး ၊ ရေပေးဝေရေး ၊ သောက်သုံးရေ ဖူလုံရေး ၊ လျှပ်စစ်မီး ရရှိရေး ၊ ကျန်းမာရေး ၊ ငါးလုပ်ငန်း ၊ ရေကြောင်း သွားလာရေး ၊ ခရီးသွား လုပ်ငန်းများ စသည့် သက်ဆိုင်ရာ ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်နိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် နှိုးဆော်ထားသည်။
ထို့ ပြင် နွေရာသီနှင့် ရာသီဥတု ပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် အသက် အန္တရာယ် စိုးရိမ်ရသော အခြေအနေ အထိ ဖြစ်တတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
ကမ္ဘာ့ ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်နီညို (EL Nino) အကျိုး သက်ရောက် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု ကြုံတွေ့  ခံစားရမည့် ရေရှားပါးမှု ၊ အပူချိန် ပြင်းထန်မှု ၊ သောက်သုံးရေ ရှားပါးမှု ၊ ကျန်းမာရေး ပြဿနာများ ၊ စားရေရိက္ခာ ပြဿနာများ ၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် စီမံ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ် အား လွှတ်တော်၌ ဆွေးနွေး အတည်ပြုထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်  ပြင်းထန်သည့် အယ်နီညို ရာသီဥတုကြောင့် တရုတ်၊ အမေရိကန် ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများတွင် အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ရာ ရာသီဥတု ပြင်းထန်မှုကြောင့် လူပေါင်း ၂၂ ,၇၃၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေး ဆုံးရှုံးရမှုမှာ အမေရိကန်ဒေါ်လာ ၆၆.၅ ဘီလီယံ အထိ ရှိခဲ့သကဲ့သို့  မြန်မာနိုင်ငံအတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် ညှိနှိုင်းမှု ပြီးစီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပြီ
- ဒေါ်အောင်ဆန်းစုကြည်သည် သူမသမ္မတဖြစ်ရေး ဆက်လက် ကြိုးပမ်းတော့မည်မဟုတ်ဘဲ အစိုးအဖွဲ့ဝင်တဦးနေဖြင့် အစိုးရကို ကိုင်တွယ်ထိန်းသိမ်းသွားမည်
- ယခင်က ပြောဆိုထားသည့်အတိုင်း NLD က ရုပ်ပြသမ္မတ တဦးကိုရွေးကောက်တင်မြှောက်ပြီး သူမက သမ္မအထက်မှာ ရှိနေမည်
- ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးနေရာ ရယူမည့် အလားအလာ အားကောင်း
- တရားဝင် ထုတ်ဖော်ပြောကြားမထားသော်လည်း NLD အနေနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် မကြိုးပမ်းတော့ဟု သိရ
- ဒေါ်အောင်ဆန်းစုကြည်သည် အနည်းဆုံး ၂ နှစ် ဖွဲ့စည်းပုံကို လက်ရှိအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးခဲ့သည်ဟု တပ်မတော်နှင့်ရော NLD နှင့်ပါ နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရ
- ၅၉ (စ) မှအပ ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် အခြားသော ကိစ္စရပ်များကို ဧပြီလွန်မှ ဆက်လက်ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သဘောတူထား
- ဖွဲ့စည်းပုံးအခြေခံဥပဒေ အခန်း ၄ အပိုဒ် ၉၈ အရ လွှတ်တော်အနေနှင့် ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်သည့် အထူးအခွင့်အာဏာရှိပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုနည်းလမ်းကို အသုံးပြုရန် လေးလေးနက်နက် စဉ်းစားခဲ့သော်လည်း တပ်နှင့်ထိပ်တိုက် တွေ့ဆုံနိုင်သောကြောင့် ခြေ/ဥ ပြင်ဆင်းရေး မကြိုးစားတော့ရန် ဆုံးဖြတ်
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ/ချုပ် တွေ့ဆုံခဲ့သည့် ၃ ကြိမ်စလုံးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်
(ယနေ့ ၂၇-၂-၂၀၁၆ ဘန်ကောက်ပို့စ်က ဖော်ပြသော Larry Jagan ၏ Suu Kyi and army commander strike deal ဆောင်းပါးမှ ထုတ်နုတ်ချက်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
17 Sept 2015
အမလေး ရှား (ငါ ပြန်ခဲ့မယ်)
အမလေး ရှား
~~~~~~~~
ငါ ပြန်ခဲ့မယ်....
ဝဖီးနေတဲ့ အာရှကျား ခံတွင်းဝက_
မေဒေး မသိတဲ့ သူဌေးကြီး ဖ၀ါးအောက်က_
တစ်နေ့ ၁၂ နာရီ အလုပ်လုပ်ရတဲ့ စက်ရုပ်ဘ၀က_
တစ်နေ့အလုပ်ပျက်ရင် ၃ ရက်စာ လုပ်ခ ဖြတ်တဲ့ ဘူဇွာ ဥပဒေအောက်က_
လူကို လေချွန်ပြီးခေါ် ခြေထောက်နဲ့ ထိုးပြပြီး ခိုင်းတတ်တဲ့ ယဉ်ကျေးမှုကြားက_
အလုပ်ရှင်သူဌေးကို ကြောက်ရ_
လမ်းထွက်ရင် ရဲကိုကြောက်ရ_
အိမ်မှာ ညအိပ်ရင် အော်ပရာစီ ကြောက်ရ_
ပွဲစား လူလိမ်၊ ဂိုဏ်းစတား ၊အိန္ဒိယ
ရဲ ရေလာ ဖာသယ် အရက်အတု_
အမလေး ရှား နေရတဲ့ဘဝ
..........ထွီ...............
ဘုရင့်နောင်ကို အားနာပါရဲ့..
ဦးအောင်ဇေယျရေ တောင်းပန်ပါတယ်...
အာရှ ကျားတွေသနားမှ ချမ်းသာရမယ့်....
အာရှ နွားဘ၀မို့ပါ....
ဒါလေး ၀ရိန်ဆော်ပြီးရင်
ဒီကဗျာကို ဆက်ရေးပါ့မယ်...
ဒီတစ်လ အကြွေးကျေရင်တော့.....
စိတ်ချ......
စိတ်ချ......
မုတ်သုန်မိုးနဲ့ အတူ ငါပြန်ခဲ့မယ်...။
ကျော် န၀ဒေး(ခေတ္တ..မလေးရှား)
၁၅ .၆. ၂၀၁၃
—
15 Sept 2015
ရွှေဆိုင်တစ်ဆိုင် ရွှေ ၁၁ ပိဿာခန့်ဖောက်ထွင်းခိုးယူခံရ
ဖောက်ထွင်းခံရသည့်နေရာနှင့် ဖောက်ထွင်းကိရိယာများကို စစ်ဆေးကြည့်ရှုနေစဉ်(ဓာတ်ပုံ-အောင်မြင့်သောင်း)
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ရှိ မြင့်ရတနာရွှေ ဆိုင်ဖောက်ထွင်းခံရပြီး ရွှေထည် ၁၁ ပိဿာခန့် (ကာလတန်ဖိုး ကျပ်သိန်းရှစ်ထောင်ခန့်)ခိုးယူခံရ ကြောင်းသတင်းရရှိသည်။
စက်တင်ဘာ ၁၃ ရက်ည တွင် တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက်ရှိ မြင့်ရတနာရွှေဆိုင်ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း တန့်ဆည်မြို့မရဲတပ်ဖွဲ့မှူးဒုရဲမှူးစိန်ဝင်းကအတည်ပြုပြောကြားသည်။
‘‘ပြတင်းပေါက်ကို ကလန့်ပြီးတော့ဝင်တာ။ ဆိုင်ပိုင်ရှင်က လည်း မနက် ၅ နာရီလောက်မှ သိတာ။ ညဘယ်အချိန်ကဖောက် သွားမှန်းမသိဘူး။ ရွှေကအထည် တွေပါ။ ရောင်းထည်တွေပါ အထည်ပေါင်းစုံပေါ့။ ဆယ်ပိ ဿာကျော်လောက်ပေါ့။ တရားခံ ကိုစုံစမ်းနေတုန်းပါပဲ’’ဟု ဒုရဲမှူး စိန်ဝင်းကပြောသည်။
ရွှေဆိုင်ဖောက်ထွင်းခံရမှု နှင့်ပတ်သက်၍ တန့်ဆည်မြို့မ ရဲတပ်ဖွဲ့သို့  ဆက်သွယ်စုံစမ်းရာ ရွှေအထည် ၁၀ ပိဿာနှင့် ၉၈ ကျပ်သား (စုစုပေါင်း)၁၁ပိဿာ ခန့်ခိုးယူခံရပြီး ငွေခိုးယူခံရခြင်းမရှိကြောင်း တန့်ဆည်မြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စက်တင်ဘာ ၁၄ ရက်တွင် ရွှေတစ်ကျပ်သားပေါက်ဈေးမှာ ကျပ်ခုနစ်သိန်းခြောက်သောင်းကျော်ဖြစ်သည်။
‘‘ကျွန်းတံခါးကိုဖောက်ပြီး သံပန်းတံခါးတွေကိုထပ်ပြီးဖြတ် သွားတာလို့ သိရပါတယ်။ နောက် ပြီးပိုက်ဆံသိန်း ၂၀ လောက်လည်းပါသွားတယ်လို့ကြားတယ်’’ဟု တန့်ဆည်မြို့နေ ဦးအောင်မြင့် သောင်းကပြောသည်။
အဆိုပါရွှေဆိုင်ဖောက်ထွင်း ခံရမှုကို တန့်ဆည်မြို့မရဲတပ်ဖွဲ့ က ပုဒ်မ ၄၅၇ ဖြင့်အမှုဖွင့်အရေး ယူထားကြောင်း ဒုရဲမှူးစိန်ဝင်းက ပြောသည်။
www.7daydaily.com
မှိုင်းတိုက်သူများ
မှိုင်းတိုက်သူများ
“သူတို့က အရေးကြုံလာရင် ၁၉၄၇ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ထည့်ခဲ့တာလို့ ဗြောင်လိမ်တော့၊ ပြည်သူက အတောင်နှစ်ဆယ်ဝတ်တွေရဲ့ လျှာဟာ၊ သုံးတောင်ဝတ်မိန်းမ ပါးစပ်လောက်တောင် အမှန်စကား မပြောဘူးရယ်လို့ ထပ်အထင်သေးကြပြန်ပါရော . . . ”
----- ----- ----- ----- -----
၂၀၁၅ ရွေးကောက်ပွဲနီးလာတော့၊ လှုပ်ခတ်လာတဲ့ အခြေအနေတွေထဲမှာ ထူးခြားတာက ဒီ-ချုပ် ပါတီကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာတာနဲ့ လူထုကို ဘာသာရေးမှိုင်း၊ နက္ခတ်ဗေဒင် ယတြာမှိုင်းတွေနဲ့ တိုက်ခိုက်လာတာ ပါ။
ပါတီတခုက ဦးဆောင်ပြီး ကျင်းပတဲ့ တချို့ပွဲတွေမှာ အင်အယ်လ်ဒီကို တိုက်ခိုက်တဲ့စာတွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့စာရွက်တွေဝေပါတယ်။ ဒီလိုဝေတာ ပုဒ်မ ၁၈ နဲ့လည်း မငြိ၊ တခြား ပုဒ်မတွေနဲ့လည်း ငြိပုံမရပါဘူး။ ဒီနေ့ထိ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာမှာမှ အင်အယ်လ်ဒီကို အပုပ်ချတဲ့ စာတွေဝေတဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဥပဒေနဲ့အညီ ဖော်ထုတ်ပေးတာ၊ ဟန့်တားတာ၊ အရေးယူတာ လုံးဝမတွေ့ရပါဘူး။
ဒီလိုအောက်တန်းကျတဲ့နည်းသုံးလေ၊ အင်အယ်လ်ဒီကိုသနားပြီး မဲပေးမယ့် လူများလာလေဖြစ်ကြောင်း လူထုက သဘောပေါက်တယ်။ ဒီလို အောက်လမ်းနည်းတွေကို စီမံပေးနေတဲ့သူ တွေသာ မသိကြတာ။
စာရေးသူတို့ ငယ်ငယ်တုန်းကကြည့်ရတဲ့ ရာဇဝင်ကားတွေမှာ ဘုရင်ကို ပုဏ္ဏားက ဂုံးတိုက်လို့ မင်းသား၊ မင်းသမီးတွေ နှိပ်စက်ခံရပြီဆိုရင်၊ ရုပ်ရှင်ကြည့်ပရိသတ်က ပုဏ္ဏားနဲ့ ဘုရင်ကို မုန်းကြ။ မင်းသား၊ မင်းသမီးကို သနားကြရော။ မြို့ပေါ်က ရုပ်ရှင်ရုံတွေမှာတော့ ပရိသတ်က စိတ်နဲ့ပဲ ပုဏ္ဏားနဲ့ဘုရင်ကို မုန်းကြတာ။ တောမြို့ လေးတွေမှာဆို ဈေးလာဝယ်ရင်း ရုပ်ရှင်ဝင်ကြည့်တဲ့ တောသူတောင်သားတွေရှိတာကိုး။ သူတို့က ဟိုတုန်းက တမတ်တန်းခေါ်တဲ့ ရှေ့ဆုံးတန်းက ကြည့်ကြတာ။
ဒီတော့ ပုဏ္ဏားက ဘုရင်ကို ဂုံးချောပြီဆိုရင်၊ ပုဏ္ဏားကိုဆဲပြီး ပြောင်းဖူးရိုးတွေ၊ ခဲလုံးတွေနဲ့ ပိတ်ကားကို ပစ်ကြ ပေါက်ကြပါလေရော။ ဘုရင်ကိုတော့ ရှင်ဘုရင်လုပ်နေပြီး စဉ်းစားဥာဏ်မရှိရကောင်းလားဆိုပြီး ဆဲကြ၊ ပြောင်း ဖူးရိုးနဲ့ ပေါက်ကြပြန်ရော။
ခုလည်း ဒီ-ချုပ်ကို အောက်လမ်းနည်းတွေနဲ့ ကလေးစကားပြောရရင် ဘလိုင်းကြီးခွပ်နေတော့၊ လူတွေက နေနှင့်ဦး။ မဲထည့်ကိုထည့်လိုက်မယ် ဒီ-ချုပ်ကိုဆိုတဲ့ စိတ်ချဉ်ပေါက်မှုတွေဖြစ်လာရော။ ဗုဒ္ဓတရားတော်အရ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရတာပါ။ တဖက်က တိုက်ခိုက်နေသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ မဲနိုင်ရင် မြန်မာနိုင်ငံဟာ၊ မူဆလင်နိုင်ငံဖြစ်သွားမယ် ဘာညာသာရကာတွေနဲ့ တိုက်တာကိုး။
မြန်မာလူထုက အောက်လမ်းနည်းသုံးသူတွေထင်သလောက်၊ မတုံးမအကြတော့၊ ကဲ- တကယ်မူဆလင်နိုင်ငံ ဖြစ်မယ်ဆိုရင်တောင်၊ ဗုဒ္ဓဘာသာ အမည်ခံပြီး၊ မြို့လယ်ခေါင်မှာ ကိုယ့်ပြည်သူကို ပြန်သတ်၊ ရဟန်းသံဃာကို ပြန်သတ်သူတွေထက်စာရင် တော်သေးတာပဲလို့ ရွှဲ့ပြောသူတွေတောင် ရှိလာပါတယ်။
အခြေခံဥပဒေတွေကို လေ့လာထားတဲ့သူတွေက၊ ၁၉၄၇ ဥပဒေမှာ ရော၊ ၁၉၇၄ ဥပဒေမှာ ပါ သမ္မတဖြစ်ရမယ့် အရည်အချင်း ကန့်သတ်ချက်မှာ၊ သားသမီး ချွေးမ၊ သမက်တို့နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်မပါဘူးဆိုတာ သိကြတယ်။
သူတို့က အရေးကြုံလာရင် ၁၉၄၇ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ထည့်ခဲ့တာလို့ ဗြောင်လိမ်တော့၊ ပြည်သူက အတောင်နှစ်ဆယ်ဝတ်တွေရဲ့ လျှာဟာ၊ သုံးတောင်ဝတ်မိန်းမ ပါးစပ်လောက်တောင် အမှန်စကား မပြောဘူးရယ်လို့ ထပ်အထင်သေးကြပြန်ပါရော။ သူတို့က အရင်တုန်းက ရည်းစားအိမ်သွားဖို့ ဘတ်စ်ကားစီးခဲ့ရ တာတို့၊ တပ်ထဲဝင်ဖို့ စစ်သားစုဆောင်းရေးကို သူငယ်ချင်းက စက်ဘီးပေါ်တင်ပြီး လိုက်ပို့ရတာတို့ ( လိုင်းကားခ တမတ်မရှိလို့) ဆိုတာတွေကို ယောင်လို့တောင် သတိမရတော့ဘဲ၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့ စည်းစိမ် အလျှံအပယ်နဲ့ နေရတဲ့ဘဝတွေကိုး။ ပြည်သူကြားမဆင်းတော့ သူတို့ကို လူတွေ ဘယ်လောက်အထင်သေး တယ်။ ရွံ့ရှာစက်ဆုပ်ကြတယ်ဆိုတာ မသိကြတော့ဘူး။ ဒီလို အောက်တန်းစားနည်းတွေသုံးတဲ့အတွက် တကယ်ထိခိုက်နေတာက လုပ်ပေးသူတွေမဟုတ်ဘူး။ မမြင်ရတဲ့ မျက်နှာမည်းကြီးတွေ၊ လက်မည်းကြီးတွေဆို တော့ ဒီ- ချုပ်က အမြတ်ထွက်ပါတယ်။
လတ်တလော လာနေတဲ့ မှိုင်းက၊ ဗေဒင် နက္ခတ် ယတြာမှိုင်း။ ဒီမှိုင်းကတော့ လူထုအတွက် အသစ်မဟုတ်ပေ မယ့်၊ အလှူပွဲတွေမှာ တရားပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း၊ အင်အယ်လ်ဒီအဖွဲ့ မကောင်း ကြောင်းဝေတဲ့ စာရွက်တွေထက် ထိရောက်မှု ပိုရှိနိုင်တယ်။ မဲအတွက် မဟုတ်ရင်တောင်၊ ပြည်သူက အကောင်းမမြင်တဲ့ ခေါင်းဆောင်ဟောင်းတယောက်ရဲ့ပုံရိပ်ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီး၊ ဝေဝါးစေတာ၊ အတွေးထွေပြားစေတာတွေ ဖြစ်အောင်ကြိုးပမ်းမှုပါ။
ကမ္ဘာပေါ်က လူသားအားလုံး အတိတ်တွေ၊ နမိတ်တွေ၊ တန်ခိုးရှင်တွေ ဖန်တီးရှင်တွေကို ယုံကြကြောင်း၊ ဘာသာရေးစာပေတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စာပေတွေကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်။ မပြော ပလောက်တဲ့ လူနည်းစုလောက်သာ ဒီလိုယုံကြည်မှုတွေက ကင်းလွတ်ကြပါမယ်။
နောက်တချက်က လူ့သဘာဝပါ။ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အတိုင်း၊ လူက မိမိကိုယ်မိမိ အချစ်ဆုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့ အနာဂတ်ကို ကြိုသိချင်ကြတယ်။ ကိုယ်ရဲ့ အနာဂတ် ကောင်းသထက်ကောင်းအောင်၊ ဗေဒင်၊ နက္ခတ်၊ လက်ဖွဲ့ အဆောင် ယတြာ၊ လက္ခဏာ၊ ဓာတ်၊ နတ်တွေကိုလည်း အသုံးချဖို့ကြိုးစားကြတယ်။
ဒီအချက်တွေကို ကောင်းကောင်းနားလည်သဘောပေါက်သူတွေက၊ ဒီလို မိမိကိုယ်မိမိ ချစ်တဲ့ဇောကြီးပြီး၊ ဖြစ်ချင်တာတွေများတဲ့ လူတွေကို ကောင်းကောင်းလုပ်စားလို့ရလာပါတော့တယ်။ ဥပမာ - လူတွေဟာ ဗေဒင်၊ လက္ခဏာကို အပျော်မကြည့်ကြပါဘူး။ အခက်အခဲတခုကြုံရင်၊ ဖြစ်ချင်တဲ့ဆန္ဒက ကိုယ်လုပ်နိုင်စွမ်းထက် အများ ကြီးပိုနေရင်၊ ရိုးရိုးနည်းလမ်းသုံးလို့ မရတော့ဘူး။ နတ်တို့ ဓာတ်တို့ ဗေဒင်တို့ အားကိုးရတော့မယ်။ ဒီတော့ အပူရုပ်နည်းနည်းပေါက်နေသူကို ဗေဒင်ဆရာက၊ “ဝမ်းနည်းစရာ ကိစ္စတွေများနေပြီ မဟုတ်လားလို့“ စပြော ပြီး ကျုံးသွင်းနိုင်သလို၊ မျှော်လင့်ချက်နဲ့လာသူကိုတော့ “အကြံအစည်တွေက များနေတယ်။ ကြီးနေတယ်“ ဆိုတဲ့ စကားဦးသမ်းပြီး ကိုယ့်ဘက်ဆွဲယူရင်း အလိုက်အထိုက် ဟောလို့ရပြီလေ။ ဒီလောက်ပစ်သွင်းလိုက်ရင်၊ တဖက် ကလူက သူဘာကြောင့် လာကြောင်းစပြောတော့မှာကိုး။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က၊ တီဗွီပေါ်မှာ စာဖတ်သူတို့ ရုပ်သံလိုင်းကနေ နိုင်ငံကျော် ဗေဒင်နက္ခတ်ဆရာ စံဇာဏီဘိုက ၁၉၈၉ ကတည်းက ထောင်ထဲမှာ၊ ဆရာမင်းသိင်္ခက ၂၀၁၅ ဒီဇင်ဘာရောက်ရင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်မယ်လို့ ဟောခဲ့တယ်ဆိုလိုက်တာကိုး။
ဒီတော့ ၅၉(စ)နဲ့ကာကွယ်ထားတဲ့ကြားက၊ ဒါနဲ့တောင် မလုံလောက်သေးဘူးထင်လို့ အမျိုး၊ ဘာသာ၊ သာသနာ ခေါင်းစဉ်အောက်ရောက်အောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို အမဲဖျက်နေပါရဲ့ စံဇာဏီဘိုလို ဗေဒင်လက္ခဏာ အကျော်အမော်ကြီးက တီဗွီပေါ်ကနေ တိုင်းသိပြည်သိပြောလိုက်တော့ တဖက်က တော်တော်တုန်လှုပ်သွားပုံရ ပါတယ်။
ချက်ချင်း မနှေးမနှောင်းမှာပဲ ဗေဒင်နက္ခတ်ဟောစတမ်းသာမက ဘုရားဗျာဒိတ်တွေပါပါတဲ့ ပုဂ္ဂိုလ်ရေး ဘုန်း တော်ဘွဲ့တွေ ထွက်လာတော့တာပါပဲ။ စံဇာဏီဘိုပစ်လိုက်တဲ့ခဲက အဲဒီလောက်ကို အရှိန်ပြင်းပါတယ်။ ဒီတော့ စစ်ဗိုလ်လူထွက် ဗေဒင်နက္ခတ်ဆရာလေးကို သမတဲ့ သရောတဲ့ ဆောင်းပါးတွေ အလျှိုလျှို ထွက်လာပြန်ပါရော။ အင်း - ၂၀၁၅ ရွေးကောက်ပွဲ အကြိုလှုပ်ခတ်ပုံတွေက လိုင်းစုံလာပြီ။ မှိုင်းတိုက်ပုံစုံလာပြီ။
ကဲ - မြန်မာပြည်သူတို့ရေ၊ စာရေးသူက လူတတ်လူသိကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ခေါင်းအေးအေးနဲ့အတူ စဉ်းစားကြရအောင်နော်။ ပထမဆုံး စဉ်းစားရမှာက ဧရာမမှိုင်းလုံးကြီးကို စလွှင့်လိုက်တဲ့ နိုင်ငံကျော် ဆရာစံဇာဏီဘို အကြောင်း။ သူက ရိုးရိုး ဗေဒင်ဆရာ မဟုတ်။ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ထဲ ဝင်လိုက်ထွက်လိုက် လည်ပတ်နေသူ။ ပြီးတော့ ဘာကိုမှ အမှုမထားသလို အင်မတန် ကွက်ကျော်မြင်သူ။
၂၀၁၅ ဒီဇင်ဘာ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် အကြောင်းမဟုတ်ပေမယ့်၊ မဖြစ်ခဲ့ရင် လက်ရှိသူ့ ပရိသတ်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဗျာဒိတ်ရထားသူပါဆိုတဲ့၊ စစ်ဗိုလ်ဟောင်း ဗေဒင်ဆရာဇေယျာကိုရဲ့ ပရိသတ်ဖြစ်ကုန်မှာပေါ့။ ဘာကြောင့်ဆို ဆရာဇေယျာကိုကို ကျွန်မက ယသောဓယာလောင်းလား၊ ကျွန်တော် က အရှင်သာရိပုတ္တရာလောင်းလား မေးမယ့်လူတွေ တန်းစီကုန်မှာကိုး။
ဗေဒင်နက္ခတ်ဆရာဆိုတာ ဒီလောက်တော့ကြိုမြင်ပြီးသား။ ၁၉၈၉ တုန်းက ဆရာမင်းသိင်္ခဟောခဲ့တာလို့ပြော ထားတော့၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်တော့ရော၊ သူဘာမှဖြစ်မသွားဘူးလေ။ ဆရာမင်းသိင်္ခဆိုတာ လည်း ကွယ်လွန်ပြီမို့ ဘယ်သူက မမှန်တာတွေဟောသွားပါလိမ့်လို့ ဘယ်နေရာ လိုက်မေးကြ၊ ရန်တွေ့ကြရမှာ တဲ့တုန်း။
စံဇာဏီဘို ပစ်လိုက်တဲ့ခဲက တည့်တည့်မှန်သူတွေခမျာ ဘယ်လောက်တုန်လှုပ်သွားကြသလဲဆိုတဲ့ အဖြေက ဘုရားဗျာဒိတ်ပါရတဲ့သူအဖြစ် အနားယူစာဖတ်နေသူကြီးကို ပို့ဆောင်ပေးရပါတော့တယ်။ ချစ်လှစွာသောမြန်မာ ပြည်သူတွေနဲ့ စာရေးသူ ဆက်ဆွေးနွေးကြပါစို့ရဲ့။
မြန်မာအများစုက ဗုဒ္ဓဘာသာဝင်တွေပါ။ ဒါပေမဲ့ ခက်တာက ဗုဒ္ဓဘာသာကို အလေးအနက်သိသူနည်းပြီး၊ မိရိုးဖလာဗုဒ္ဓဘာသာ တွေများနေလို့၊ ဒီနိုင်ငံမှာ ဒီလို လှိမ့်လုံးတွေ၊ ဖိန့်လုံးတွေနဲ့ မှိုင်းတိုက်လို့ရနေတာပါ။
ဗုဒ္ဓဘာသာအများစုက ၅၅၀ ဇာတ်ကို ဘုရားလောင်းနုစဉ်ဘဝဖြစ်စဉ်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ကို ဘုရား လောင်းရဲ့နောက်ဆုံး ဆယ်ဘဝအဖြစ် လက်ခံထားကြပါတယ်။ တချို့ဗုဒ္ဓဘာသာဝင်တွေက ဒါကို လုံးဝမယုံကြ ပါဘူး။ နည်းနည်းမှမယုံတဲ့ အဘကြီးတယောက်အကြောင်း နောင်လိုအပ်ရင်ရေးပါမယ်။ ဒီမှာတော့ ယုံတဲ့ ရှုထောင့်က ရပ်ပြီး ရေးမှာပါ။
ဘုရားလောင်းနုစဉ်ဘဝဖြစ်စဉ် ဇာတ်တော် ၅၅၀ လို့ စာရေးသူတို့ ပြောကြရေးကြပေမယ့်၊ တကယ်က ဇာတ်တော် ၅၄၇ ပဲရှိတာပါ။ ဒီဇာတ်တော်တွေကို လေ့လာလိုက်ရင် ယေဘုယျအချက် ၄ ချက်တွေ့နိုင်ပါတယ်။ ဘုရားလောင်းက တိရစ္ဆာန်ပဲ ဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ ဖြစ်ရာဘဝမှာ ဥာဏ်ပညာကြီးမားတယ်။ တခြားသူတွေကို ကယ်တဲ့သူဖြစ်တယ်။ လမ်းညွှန်တဲ့သူဖြစ်တယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံတယ်။စွန့်ခြင်းကြီး ဆယ်ပါးကို စွန့်ပြီး ပါရမီဖြည့်တယ်၊ ဆိုတဲ့ အချက် ၄ ချက်ကို ဖြစ်ရာဘဝတိုင်းမှာ တွေ့နိုင်ပါတယ်။
ဘုရားလောင်းရဲ့နောက်ဆုံး ဆယ်ဘဝဆိုတဲ့ ဇာတ်ကြီးဆယ်ဘွဲ့မှာတော့ ဘုရားလောင်းက လူ့ဘဝတွေပဲ ကျင်လည်တော့တယ်။ ဒါပေမဲ့ ဇာတ်တော် ၅၅၀ တုန်းကလိုပဲ၊ ဥာဏ်ပညာကြီးမားတယ်။ ညည်းခံမှုကြီးမား တယ်။ ဇွဲလုံ့လကြီးတယ်။ စွန့်ခြင်းကြီး ဆယ်ပါးကိုစွန့်တယ်။ သူတော်ကောင်းတရား လက်ကိုင်ထားတယ်။ ဒါ ဘုရားမဖြစ်သေးတဲ့ အလောင်းအလျာဘဝမှာ ဖြည့်ရတဲ့ ဘုရားလောင်းရဲ့ ပါရမီတွေပါ။
ဒီတော့ စာဖတ်သူတို့ကိုယ်တိုင် လက်ရှိမြန်မာခေါင်းဆောင်တွေထဲမှာ ဒီအချက်တွေနဲ့ နီးစပ်သူ ဘယ်သူရှိသလဲ။ အဖြေရှာကြည့်ပါ။ ဘုရားအလောင်းဘဝတိုင်းထိန်းတဲ့ သီလရှိပါသေးတယ်။ ဘုရားအလောင်းက နုစဉ်ဘဝတွေ မှာ လူဆိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဇာတ်တော်တွေရဲ့အဆိုအရ ဘုရားလောင်းဟာ ကံငါးပါးအနက် ဘယ်ဘဝမှာမှ မုသာဝါဒ (လိမ်ညာ၊ မကောင်းပြောမှု)ကို မကျူးလွန်ခဲ့ပါဘူးတဲ့။
ကဲ မြန်မာတို့တတွေ ၁၉၆၂ နောက်ပိုင်း ည ၈ နာရီသတင်းကြေညာချိန်မတိုင်မီ တီးတဲ့တီးလုံးကို နောင်ပိန် နောင်ပိန်လို့ ပြောရမယ့်အစား၊ ဗြောင်လိမ် ဗြောင်လိမ် တိန် တိန်လို့ လူပျက်တွေပျက်ခဲ့တာ မှတ်မိကြမှာပါ။ အခုပဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သူ့ကိုမယုံကြသူများ ဥပဒေကို ယုံပါပြောနေပြီလေ။ လက်ရှိရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဘယ်သူက ခန့်တာတဲ့တုန်း၊ အဲဒီ ခန့်တဲ့သူနောက်မှာ ဘယ်သူရှိနေသတဲ့တုန်း ဆိုတာ လက်ရှိမြန်မာလူထု အသိပါပဲလေ။
ကဲ နေပြည်တော်က ဘုရားဗျာဒိတ်ရမြို့တော်၊ နေပြည်တော်ကို တည်ထောင်သူက ဘုရားလောင်းအဖြစ် ဗျာဒိတ်ရထားသူလို့ဆိုတာကို ဘုရားလောင်းဘဝဖြစ်စဉ်တွေနဲ့ ဆက်တိုင်းတာကြတာပေါ့။
ဘုရားလောင်းက ဖြစ်ရာဘဝမှာ အနစ်နာခံခဲ့တယ်။ လက်အောက်ငယ်သားနောက်လိုက်တွေ ကောင်းကျိုး ဆောင်ခဲ့တယ်။ နေပြည်တော်ဟာ လျှပ်စစ်မီးထိန်ထိန်ငြီးနေချိန်မှာ နေပြည်တော်နဲ့ မိုင်နည်းနည်းပဲဝေးတဲ့ အနီး အနားက ရွာတွေမှာ မီးလုံးဝမရတဲ့ ရွာအတော်များပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲနီးတော့ မီးရအောင်လုပ် ပေးတယ်ကြားရတာတွေ ရှိပါတယ်။
နေပြည်တော်တည်ဖို့ နေရာဖယ်ပေးရတဲ့ တောင်သူလယ်သမားတွေ၊ လျှော်ကြေးမရပေမယ့် ဒီနေရာတွေမှာ ဆောက်တဲ့ ဝန်ကြီးအိမ်၊ ဝန်ကလေးအိမ်၊ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအတွက် အိမ်တွေက နန်းတော်ကြီးတွေလိုပဲ ခန့်ညားလိုက်တာတဲ့။ အဲဒီမှာ နန်းတည်ပြီးတဲ့နောက် အလွန်ဆိုးသတင်းနဲ့ နာမည်ကြီးတဲ့ သမီးတော်တွေဆို တာ အမေအရွယ်တွေက ဒူးထောက်ခစားရတာဆိုပဲ။
အဲဒီ ပေတံနည်းနည်းနဲ့တိုင်းရင်တောင် စစ်ဗိုလ်ဟောင်း ဗေဒင်နက္ခတ်ပညာရှင်လေး အမွှမ်းတင်ပေးရတဲ့ ဗျာဒိတ် ရ ပုဂ္ဂိုလ်ကြီး ဘုရားလောင်း ဖြစ်နိုင်မဖြစ်နိုင် စာဖတ်သူများကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်နိုင်ကြပါပြီ။
ပညာရှင်တဦး လက်တွေ့ပြောသွားတာလေး မျှဝေပါဦးမယ်။ ၁၉၈၈ နောက်ပိုင်း ကုလသမဂ္ဂက စီးပွားရေး ဆိုင်ရာအဖွဲ့တဖွဲ့မှာ ထိပ်တန်းရာထူးတာဝန်ယူခဲ့သူတဦးဖြစ်တဲ့ ဦးသက်ထွန်းဆိုသူ မြန်မာပြည်ကို ပြန်လာ ပါတယ်။ အဲဒီတုန်းက နဝတ အစိုးရအုပ်ချုပ်နေပါတယ်။ ဦးသက်ထွန်းက မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်ပြီး စိုးရိမ်တယ်။ ဒါကြောင့် အဆင့်ဆင့်ကြိုးစားပြီး၊ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကြီးနဲ့ တွေ့ခွင့်တောင်းတယ်။ ကံအား လျော်စွာ တွေ့ခွင့်ရတယ်။ ဒီတော့ ဆရာကြီးဦးသက်ထွန်းက တိုင်းပြည်စီးပွားရေးနာလန်ပြန်ထူစေဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို ရှင်းပြတယ်။ ဒါပေမဲ့ ပြောရင်းကပဲ သူပြောတာတွေကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးဘာမှ နားမလည်ဘူးဆိုတာ သဘောပေါက်လာတယ်။
သူ့ကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးပြန်ပြောတဲ့စကားကတော့ ပက်လက်လန်စေတဲ့စကားပါတဲ့။ သစ်ခုတ်လို့ ချမ်းသာလာတဲ့ ခရိုနီလို့ အပြောခံနေရသူရဲ့နာမည်ကို ပါးစပ်က ရွတ်လိုက်ပြီး၊ အဲဒီလို လူ ၁၀ ယောက်လောက် တိုင်းပြည်မှာရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးကို ပူစရာမလိုတော့ဘူးလို့ ပြန်ပြောသတဲ့။ ဒါကိုကြားရတော့ စီးပွားရေးပညာရှင် တဦးအနေနဲ့ မြန်မာပြည်ရဲ့စီးပွားရေးအတွက် အတော် စိတ်မချမ်းမသာဖြစ်ခဲ့သူပါ။ ဒီလို ဥာဏ်ပညာရှုထောင့်အရ တိုင်းရင်လည်း ဘုရားဗျာဒိတ်ရ ဟုတ်၊ မဟုတ် ဆုံးဖြတ်လို့ရကြမှာပါ။
မြတ်စွာဘုရားပွင့်လာတာ၊ အဝိဇ္ဇာ (မသိမှု)ကို သိမှု (ဝိဇ္ဇာ)အဖြစ် သွန်သင်ဖို့ပါ။ ဗုဒ္ဓတရားမှာ အဓိကက အမှန်သိမှုဆိုတဲ့ ဥာဏ်ပါ။ လူတွေကို အမှန်သိစေဖို့မလုပ်ဘဲ၊ ရည်ရွယ်ချက်တခု၊ ကိုယ်ကျိုးစီးပွားတခု အတွက် အသိမှား အမြင်မှားတွေ သွတ်သွင်းပေးတာ၊ ဗုဒ္ဓလမ်းစဉ် မဟုတ်ပါဘူး။ ဒေဝဒတ်လမ်းစဉ်သာ ဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ ရာသက်ပန် ကုလားထိုင်ကို လူတယောက်တည်းက ထိုင်ပြီး လူအများကို အုပ်ချုပ် ခွင့်မရအောင် ကာကွယ်တဲ့ စနစ်ကျင့်သုံးတဲ့ နိုင်ငံရေးဝါဒပါ။ လူတွေကို လှည့်ဖျားပြီး ကြမ်းပိုးကို လိပ်လို့ ပြောသူကပြောပေမယ့်၊ မြန်မာပြည်သူတွေ ကိုယ်ပိုင်အသိဥာဏ်ခိုင်ခံ့နေရင်ကြမ်းပိုးကို ကြမ်းပိုးလို့ပဲမြင်လာမှာ ပါ။
အဲဒီလိုပဲ မှိုင်းတိုက်တာကို မှိုင်းလို့မြင်လာပါလိမ့်မယ်။ ကိုယ့်အသိဥာဏ်ကို ဝေဝါးစေသူတွေရဲ့ ရန်က လွတ်ချင်ရင် ကိုယ်ခံအားကောင်းဖို့ ပြင်ဆင်ရပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လာမယ့်မှိုင်းတွေကတော့ တလှိုင်းပြီး တလှိုင်းဖြစ်နိုင်တာမို့ သတိတမာန် ဥာဏ်မြေကတုတ် တည်ဆောက်ကြပါစို့။
ခင်နှင်းဦး
(မှတ်ချက်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက လောကနဲ့ လူသားတို့ကောင်းကျိုးကိုရှေးရှုပြီး ဗေဒင်သုံးပုံကို ကွယ်ဖျောက်ခဲ့တယ်လို့ ကျမ်းဂန်က ဆိုပါတယ်။)
ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်လျှင် တိုင်းပြည်နှင့်လူမျိုးပျက်စီးစရာမရှိကြောင်း နှင့် သူမ သမ္မတဖြစ်ရန် တစ်တိုင်းပြည်လုံးဆုတောင်းပေးရန် အရှင်ဆန္ဒာဓိက မိန့်ကြား
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လျှင် တိုင်းပြည်နှင့်လူမျိုးပျက်စီးသွားစရာ မရှိကြောင်း၊ ဗုဒ္ဓဘာသာလည်း မှေးမှိန်ပျောက်ကွယ်စရာမရှိကြောင်း၊ ထို့ပြင် သူမသမ္မတဖြစ်ပါက မြန်မာနိုင်ငံသည် ဘာသာခြားတိုင်းပြည် ဖြစ်သွားဖြစ်သွားရန်လည်း အကြောင်းမရှိကြောင်း တို့ကို ဇူလိုင်လ ၅ ရက်နေ့ စံတော်ချိန် သတင်းစာ အင်တာဗျူးတွင် မိန့်ကြားထားသည်။
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရုံနဲ့ ဦးပဉ္စင်းတို့ရဲ့ တိုင်းပြည်နဲ့လူမျိုး ပျက်စီးသွားစရာမရှိပါဘူး။ ဗုဒ္ဓဘာသာလည်း မှေးမှိန်ကွယ်ပျောက်သွားစရာ လုံးဝမရှိပါဘူး။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလို့ပါပဲ” ဟု အထက်ပါသတင်းရင်းမြစ်တွင် ဖော်ပြထားသည်။
ဆရာတော် အရှင်ဆန္ဒာဓိက သည် ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံတော်သမ္မတဖြစ်စေလိုကြောင်းကိုလည်းအောက်ပါအတိုင်း မိန့်ဆိုခဲ့သည်။
“ဦးပဉ္စင်းက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်သမ္မတကြီး ဖြစ်စေချင်တာပါ။ ဖြစ်ပါစေလို့ ဦးပဉ္စင်းကတော့ နေ့တိုင်းဆုတောင်းတယ်။ နိုင်ငံသူ၊နိုင်ငံသား အားလုံးကလည်း ဆုတောင်းပေးကြပါလို့ ဦးပဉ္စင်းက ပြောချင်ပါတယ်” ဟု ဖော်ပြထားသည်။ 
ဆရာတော် အရှင်ဆန္ဒာဓိကသည် အစိုးရနှင့် NLDပါတီ ကြားမနေဘဲ အမှန်တရားဘက်ကသာရပ်တည်မည် ဖြစ်ကြောင်း၊ အမှန်ကို သိလျှက်နှင့် ကြား နေခြင်းမှာ အမှားဘက်လိုက်ခြင်းပင်ဖြစ်ကြောင်း၊NLD ပါတီမှာ ပြည်သူချစ်သော ပါတီဖြစ်သောကြောင့် NLD ပါတီ၏ လက်ကိုင်တုတ်ဟု ပြောလျှင်လည်း ၀မ်းသာကြောင်းတို့ကို မိန့်ဆိုခဲ့သည်။
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရုံနဲ့ ဘာသာကွယ်စရာ အကြောင်းမရှိဘူး။ ဘာသာခြားတိုင်းပြည် ဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ လူကိုလူလို သဘောထားဖို့ လူကိုလူလိုမေတ္တာထားဖို့ဆိုတာကလည်း ဘာသာရေးအဆုံးအမ ပဲလေ။ အဲဒီ့တော့ ဒကာမကြီးက လူ့အခွင့်အရေးလှုပ်ရှားတယ်ဆိုတာက လူကိုလူလို သဘောထားတဲ့စိတ် အားကောင်းလာအောင်၊ လူသားချင်း ကိုယ်ချင်းစာတဲ့စိတ် အားကောင်းလာအောင်၊ လူသားချင်းစာနာတဲ့ ယဉ်ကျေးမှု ထွန်းကားလာအောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာလည်း ကွယ်ပျောက်သွား စရာအကြောင်းမရှိပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်လာပါက ဘာသာခြားများ နေရာရကြီးစိုးပြီး ဗုဒ္ဓဘာသာအတွက် စိုးရိမ်ဖွယ်ရာများရှိကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ၀ါဒဖြန့်မှုများရှိနေသည်။
ကိုးကား။ ။ ၅ရက် ၇လ ၂၀၁၅ နေ့ထုတ် စံတော်ချိန်
24 Jul 2015
တရားဝင်နိုင်ငံခြားသား အလုပ်သမားများအတွက် ဆေးကုသနှုန်းလျှော့ချသတ်မှတ်ရန် စတင်
မလေးရှား
သတင်း (24.7.2015)
မလေးရှားနိုင်ငံရောက် တရားဝင် ပါမစ် ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမား အားလုံးအတွက် မလေးရှားဆေးရုံများတွင် ဆေးကုသနှုန်း များကို လျှော့ချပေးရန် မလေးရှား အလုပ်ရှင်များ အသင်းမှ ယနေ့တရားဝင် ပြောကြားလိုက်ကြောင်း သိရသည် ။
ယခင် နိုင်ငံခြားသား အားလုံးအတွက် ဆေးကုသခွင့်ကို နိုင်ငံသားများ ထက် ပိုမို ကောက်ခံခဲ့မှုအရ
၁. ပြင်ပ လူနာ ( သာမာန်ဆေးကုသမှု ) အတွက် 23 ရင်းဂစ်
၂. အတွင်းလူနာ (အရေးပေါ်ဆေးကုသမှု) အတွက် 78 ရင်းဂစ် နှင့်
၃. အခြား အထူးကုသမှုများ မှာ များစွာ မြင့်မားကြောင်း
မလေးရှား အလုပ်ရှင်များ အဖွဲ့ချုပ် ညွန်ကြားရေးမှုး Datuk Shamsuddin Bardan က ယနေ့ Thestar သတင်းဌာနတွင်ပြောကြားထားကြောင်းသိရသည် ။
ဆက်လက်ပြီး ညွှန်ကြားရေးမှုးမှ တရားဝင် အလုပ်သမားများကို သင့်သင့်လျှောက်ပတ်စွာ ကိုင်တွယ်ပါက လက်ရှိ နိုင်ငံတွင်း ပြဿနာ ထက်ဝက်ခန့်ကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ။
မလေးရှားနိုင်ငံ အစိုးရ၏ 2015 ထုတ်ပြန်ချက်အရ တရားဝင် အလုပ်သမား နှင့် တရားမဝင် အလုပ်သမား အချိုး မှာ 1း1 ရှိနေခဲ့ပြီး အချိုး ခန့်မှန်းချက်မှားမှာမူ 1း2.5 အထိ ရှိကြောင်း ။
ယခု အလုပ်ရှင်များ အဖွဲ့ချုပ်၏ သဘောထားကို ဆက်လက်ကိုင်တွယ် ဖြေရှင်းပေးရန် ကျမ်းမာရေးဝန်ကြီးဌာန သို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်ကြောင်း ။
နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် စိုက်ပျိုးရေးမှ ဝန်ဆောင်မှု ကဏ္ဍ အထိ Levi ကြေး အစိုးရထံ တစ်နှစ်လျှင် 590 မှ 1580 အထိ ပေးဆောင်ထားပြီးဖြစ်သောကြောင့် နိုင်ငံတွင်း တရားဝင်လုပ်သားများ ၏ အခွင့်အရေး ကိုဆက်လက် နားလည်ပေးနိုင်ရန် လည်း အလုပ်ရှင်များ အဖွဲ့ချုပ်မှ အစိုးရထံ အသိပေးတင်ပြထားကြောင်း သိရသည် ။
မလေးရှားအစိုးရ ဘက်မှ သဘောထားပြန်ကြားမှုတွင် မလေးရှားနိုင်ငံအနေဖြင့် စင်္ကာပူ နိုင်ငံအား စံထား သင့်ကြောင်း စင်္ကာပူ နိုင်ငံတွင် တရားမဝင် အလုပ်သမားများအတွက် ထိရောက် ပြတ်သားသော အရေးယူမှုများရှိကာ တရားမဝင် အလုပ်သမား အရေအတွက် ကို သိသာစွာ လျှော့ချနိုင်ခဲ့ကြောင်း ..
သို့ကြောင့် မလေးရှား အစိုးရအနေဖြင့် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ထိရောက်စွာ ဆက်လက်ကိုင်တွယ်သွားမည် ဖြစ်ကြောင်း နှင့် ယခု ဖမ်းဆီးရရှိသူများ၏ အချက်လက်များကို ခိုင်မာစွာသိမ်းဆည်းပြီးမှ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့နေကြောင်းတို့ကို ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားကြောင်းကို မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိစေရန် တင်ဆက်ပေးရသည် ။
မလေးရှားရောက်မြန်မာများ
19 Jun 2015
“ကျွန်မကနှင်းဆီပါမောင်” ရုပ်ရှင် အွန်လိုင်းပေါ်ရောက်မှု ဖော်ထုတ်အရေးယူမည်
news
ရန်ကုန်မှာ ရုံတင်ပြသနေတဲ့ နာမည်ကြီး “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ မရရအောင်ဖော်ထုတ်ပြီး အရေးယူ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။
ရုပ်ရှင်ကို Myanmar Celebrities အင်တာနက်စာမျက်နှာမှာ အပိုင်း ၄ ပိုင်းခွဲ တင်ထား တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ ဇာတ်ကားထုတ်လုပ်တဲ့ ထားဝယ်ရုပ်ရှင်တို့ ပူးပေါင်း လုပ်ဆောင်နေကြတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ကျနော်တို့နဲ့ ကျွမ်းကျင်တဲ့သူတွေနဲ့ source (ရင်းမြစ်) တွေကို လိုက်နေတာပေါ့။ ခု လောလောဆယ် သက်တန့်သစ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တခုမှာလည်း တွေ့တယ်။ ၀ိုင်းပြီး ရှယ်တာတွေကတော့ ၁ သောင်းကျော်သွားပြီ။ ဒီအရုပ်အသံ အရည်အသွေးနဲ့ က  ဘယ်လို ဖြစ်နိုင်တယ်ဆိုတာ ပညာရှင်တွေနဲ့ ကောက်ချက်ချတဲ့အဆင့်ပဲ ရှိပါသေးတယ်။”
အစိုးရဌာနတွေဖြစ်တဲ့ ဆက်သွယ်ရေး၊ ပြန်ကြားရေးစတဲ့ ဌာနဆိုင်ရာတွေပါ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပြီး ကျယ်ပြန့်တဲ့အရေးကိစ္စတခု ဖြစ်တယ်လို့လည်း ဦးလူမင်းက ပြောပါတယ်။
အခုလို ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတခုလုံး အွန်လိုင်းပေါ် ရောက်သွားတဲ့ကိစ္စဟာ မြန်မာ့ရုပ်ရှင်နယ်ပယ်မှာ ပထမဆုံး ကြုံတွေ့ရတဲ့ ပြဿ  နာတခုဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောက အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်ချက်တရပ် ဖြစ်နေပါတယ်။
လတ်တလောမှာ ဗွီဒီယိုဈေးကွက်ပျက်ပြီး ရုပ်ရှင်တွေ ဦးမော့လာစအချိန်မှာ အခုလို လုပ်ဆောင်တာဟာ မြန်မာ့ရုပ်ရှင်ကို အသေသတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း  ရုပ်ရှင်အစည်း အရုံး  ဥက္ကဋ္ဌက မှတ်ချက်ပေးပြောပါတယ်။
ထားဝယ်ရုပ်ရှင်က ထုတ်လုပ်၊ ဒါရိုက်တာဝိုင်းရိုက်ကူးပြီး နေတိုးနဲ့ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကြတဲ့ “ကျွန်မကနှင်းဆီပါမောင်” ဇာတ်ကားဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပြီး ရုံတင်ချိန်မှာလည်း ပရိသတ်အားပေးမှု ကောင်းကောင်းရနေတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
 http://burmese.dvb.no/archives/98584
12 May 2015
အတန်းပညာမှာ မထူးချွန်ပေမယ့် အောင်မြင်ထင်ရှားသူ တချို့အကြောင်း(၂)
“အောင်မြင်သူ” ဆိုတာ ဘယ်လို လူကို ခေါ်ပါသလဲ။
ကိုယ်ကိုယ်တိုင်က အောင်မြင်ချင်သူ ဖြစ်ချင်ပေမယ့် အောင်မြင်ခြင်း ဆိုတာကို အဓိပ္ပာယ်အကောက်လွဲနေရင် အောင်မြင်လား၊ အောင်မြင်မှု မရှိသူလား ဆိုတာ သေချာခံယူဖို့ ခက်နေပါလိမ့်မယ်။ အောင်မြင်သူ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါရစေ။
အောင်မြင်သူ အတွက် အချက် ၅ ချက်နဲ့ ပြည့်စုံရမှာပါ။ ပထမ အချက်က ကိုယ်စိတ်ဝင်စားရာ ကိုယ်လိုလားရာကို လုပ်ဆောင်နိုင်ခြင်းဟာ အောင်မြင်ခြင်း တမျိုးလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် ကိုယ် မလုပ်ချင်တာကို မလုပ်ဘဲ နေနိုင်တာလို့လည်း ဆိုရမှာပါ။
ဒုတိယ အချက်က ကိုယ်လုပ်ကိုင်ဆောင်ရွက်ရာမှာ ကိုယ်တိုင်လည်း ပျော်မွေ့ နေနိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် မပျော်မွေ့ဘဲ လုပ်ကိုင်နေရသူဟာ အောင်မြင်သူ မဖြစ်နိုင်ပါဘူး။
တတိယ အချက်က ကိုယ်လုပ်ကိုင် ဆောင်ရွက်တာကို အများက အသိအမှတ်ပြု ဂုဏ်ယူစရာ ဖြစ်နေရပါမယ်။ တကယ်လို့ ကိုယ့်လုပ်ရပ် ကိုယ့်ပြုမူချက်က အများက အသိအမှတ်မပြု၊ အများအတွက် ဂုဏ်ယူစရာ မဖြစ်ဘူးဆိုရင် အောင်မြင်သူလို့ ပြောလို့ မရပါဘူး။ ထင်ရှားတဲ့ ခေါင်းဆောင်တွေ၊ ပညာရှင်တွေကို ကြည့်ပါ။ သူတို့ လုပ်ဆောင်ချက်တွေက အများက ဂုဏ်ယူစရာ ကောင်းသူ ဘယ်နှစ်ယောက် ရှိပါသလဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် မြန်မာပြည်မှာသာမက ကမ္ဘာက လေးစား အသိအမှတ်ပြုရတဲ့ ခေါင်းဆောင် မဟုတ်လား။
စတုတ္ထ အချက်က ကိုယ်လုပ်ကိုင်ချင်ရာ လုပ်ကိုင်ဆောင်ရွက်ခြင်းက ထိုက်သင့်တဲ့ ၀င်ငွေနဲ့လည်း ပြည့်စုံရမှာ ဖြစ်ပါတယ်။ ထိုက်သင့်တဲ့ ၀င်ငွေ မရဘဲ ဘ၀ တလျှောက်လုံး မပြည့်မစုံ နေထိုင်သွားရတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဖူးကြမယ် ထင်ပါတယ်။
နောက်ဆုံး ပဉ္စမ အချက်က ကိုယ်လိုပုဂ္ဂိုလ်တွေ မွေးထုတ်ပေးနိုင်ဖို့လည်း လိုပါတယ်။ တနည်းပြောရရင် တခြား သူတွေကိုလည်း အားပေးမြှင့်တင်ပေးနိုင်ရပါမယ်။ ဒါဟာ အောင်မြင်သူတွေရဲ့ အခြေခံကျတဲ့ အချက် ၅ ချက်ပါ။ ဒီ အချက်တွေဟာ အောင်မြင်သူတွေလို့ ပြောဆို သတ်မှတ်နိုင်တဲ့ ယေဘုယျ အချက် တချို့ပါ။ အတန်းပညာ အောင်မြင်သူ တွေလည်း အောင်မြင်သူ ဖြစ်နိုင်ပြီး အတန်းပညာ မတတ်မြောက် မသင်ယူခဲ့သူတွေဟာ အောင်မြင်သူ ဖြစ်နိုင်ကြောင်း အထက်ပါ အချက်တွေက ပြဆိုပါတယ်။
အခုဆက်ပြီး ပြောပြမှာက ပညာရေးမှာ (ကျောင်းသင်ပညာရေးမှာ) မထူးချွန်ပေမယ့် အောင်မြင်သူတွေလို့ သတ်မှတ်နိုင်တဲ့ ပုဂ္ဂိုလ် တဦးရဲ့ ဘ၀ ဖြတ်သန်းမှုအကြောင်းနဲ့ သင်ကြားသင်ယူခဲ့တဲ့ ပညာရပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းထက် ၀ါသနာပါရာ၊ စိတ်ဝင်စားရာ အလုပ်ကို လုပ်ကိုင်တာကြောင့် အောင်မြင်သူ တဦးရဲ့ အကြောင်းပါ။
Will Smith (၀ီလ်ဆမစ်သ်)
photo - deadline.com
Men In Black (MIB) လို့ခေါ်တဲ့ ကမ္ဘာကျော် သိပ္ပံဇာတ်ကားမှာ အဓိက သရုပ်ဆောင် အဖြစ်ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Will Smith ကို သတိပြုမိကြမယ် ထင်ပါတယ်။ ပြီးတော့ I, Robot ဇာတ်ကားများမှာ ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သူပါ။ သူရဲ့ သားငယ် Jaden ပါဝင်တဲ့ After Earth ဆိုတဲ့ ဇာတ်ကားကလည်း အောင်မြင်ထင်ရှားပါတယ်။ ဆက်လက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေဆဲလို့ သိရပါတယ်။ Will Smith ရဲ့ အမည်ရင်းက Willard Carroll Smith, Jr. ပါ။ သူ့ကို ၁၉၆၈ ခုနှစ်၊ စက်တင်ဘာ ၂၅ မှာ၊ ဖခင် Willard Carroll Smith Sr. နဲ့ မိခင် Caroline Bright တို့က မွေးဖွားခဲ့ပါတယ်။ သူ စတင်အောင်မြင်လာတာက ၁၉၈၅ ခုနှစ်က စပြီး ယနေ့ကာလ အထိ ဖြစ်ပါတယ်။ သူ့ရဲ့ ၀က်ဘ်ဆိုက်က www.willsmith.com ဖြစ်ပါတယ်။
သူဟာ အမေရိကန် ဇာတ်မြူးဇာတ်ကားတွေ၊ ဒရာမာကားတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ လူမည်း တဦးပါ။ ပြီးတော့ ထုတ်လုပ်သူ၊ ရက်ပါ စသဖြင့် ထင်ရှားတဲ့ ရုပ်မြင်သံကြား၊ ရုပ်ရှင်နဲ့ ဂီတတွေကို ဖန်တီးတင်ပြနိုင်ခဲ့သူပါ။ ၂၀၀၇ ခုနှစ်မှာ တော့ News Week မဂ္ဂဇင်းကြီးက ဟောလီးဝုဒ်ရဲ့ သြဇာအကြီးဆုံးလို့ ခေါ်ဝေါ်သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ရွှေကမ္ဘာလုံးဆု ၄ ကြိမ်၊ အကယ်ဒီဆု ၂ ကြိမ်နဲ့ အနုပညာလောကရဲ့ ထင်ရှားတဲ့ ဂရမ်မီဆု ၄ ကြိမ် ရရှိခဲ့ပါတယ်။
Dolph Lundgren (ဒေါ့လ်ဖ်လန်ဂရင်း)
photo - img-hd.com
“အာနိုးက ကျနော် အားကျခဲ့ရတဲ့ စံပြ ပုဂ္ဂိုလ်ပါ။ သို့ပေမယ့် ကျနော် သရုပ်ဆောင် ဖြစ်လာတော့ သူ့ကို ဒီလောက်ကြီး အားကျတာ မရှိတော့ပါဘူး။ ကျနော်က ရှောင်ကွန်နရီ၊ မဲလ်ဂစ်ဘ်ဆင် နဲ့ ဟယ်ရီဆင်ဖို့ဒ် တို့ကို ပိုပြီး နှစ်သက်လာ တယ်ဗျ။ ဒါပေမယ့် သူတို့ အားလုံးဟာ တကယ့်ကို လေးစားစရာ သရုပ်ဆောင်တွေပါ” လို့ ပြောတဲ့ ဆွီဒင်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင် ဒေါ့လ်ဖ်လန်ဂရင်း (Dolph Lundgren) အကြောင်း ဆက်လက်တင်ပြဦးမယ်။
သူ့ရဲ့ အောင်မြင်ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကား တချို့က ဗန်ဒိန်းနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ Universal Soldier ၊ The Sweeper ၊ The Expendables အပါအ၀င် အခြား အက်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။ သူ့ရဲ့ ဘ၀ ဖြစ်စဉ်က စိတ်ဝင်စားစရာပါ။
သူ့ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ငယ်နာမည်က Hans Lundgren ဖြစ်ပြီး သူ့အရပ်က ၆ ပေနဲ့ ၅ လက်မခွဲ ရှိတယ်လို့သိရပါတယ်။ သူဟာ အသက် ၁၃ နှစ်အထိ အဲဒီ မြို့မှာ နေထိုင်ခဲ့ရပြီးနောက် အဖိုးအဖွားများရှိရာ Nyland, Ångermanland, Sweden ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ သူ ပထမဦးဆုံး စိတ်ဝင်စားတဲ့ ဂီတနဲ့ ရသ အနုပညာအစား သူဟာ ဖခင်ရဲ့ ခြေရာနင်းနိုင်ဖို့ အင်ဂျင်နီယာဘွဲ့ကို ရွေးချယ် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဆွီဒင်နိုင်ငံရှိ Royal Institute of Technology မှာ တက်ရောက်ခဲ့ပြီး Master ဘွဲ့ကိုတော့ University of Sydney မှ ၁၉၈၂ မှာ ရရှိခဲ့ပါတယ်။ အဲဒီနောက် Fulbright ပညာသင်ဆု ရရှိခဲ့ပြန်ပါတယ်။ ၁၉၉၅ မှာတော့ Hidden Assasin ရုပ်ရှင်ဇာတ်ကားမှာ အစမ်းပါဝင် သရုပ်ဆောင်ရာကနေ အောင်မြင်တဲ့ သရုပ်ဆောင် ဖြစ်လာရသူပါ။
အလွန်အင်မတန် ရှက်ရွံ့တတ်တဲ့ သူ့ရဲ့ ခံယူချက်ကလည်း စိတ်ဝင်စားစရာပါ။
I've just tried to play my own game and treat everybody with respect. No matter who they are. That is something I'm proud of and I feel it will always pay off.
“ကျနော့်ကိုယ်ကျနော် ပြိုင်နေရတဲ့ ကစားပွဲကို ဆင်နွှဲနေပါတယ်။ အဲဒီမှာ ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ် လူတိုင်းကို လေးစားမှု အပြည့်နဲ့ပါ။ ဒီလိုလုပ်ဆောင်ပြီး အကျိုးအမြတ် ငွေကြေး တစုံတရာ ရတာကို ကျနော် ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။
အခု တင်ပြခဲ့တာက အောင်မြင်မှုရဲ့ သဘော၊ ကျေနပ် ပျော်ရွှင်မှုရဲ့ သဘောကို တင်ပြတာဖြစ်ပါတယ်။ ပညာတတ်ခြင်း၊ ပညာမတတ်ခြင်းထက် ကိုယ့်ကျေနပ်မှုနဲ့ ကိုယ့်ရွေးချယ်မှုကို ကိုယ့်ဘ၀ကို အားပေးမြှင့်တင်နိုင်ပါသလား၊ ကိုယ်တိုင်ရော ပျော်ရွှင်ပါရဲ့လား ဆိုတာ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
နိုင်စွမ်း
The Irrawaddy's Blog
အတန်းပညာမှာ မထူးချွန်ပေမယ့် အောင်မြင်ထင်ရှားသူ တချို့အကြောင်း (၁)
ဘ၀မှာ အဆင်မပြေ အဆင်မချောဘဲ ချို့ချို့ငဲ့ငဲ့ နေထိုင်ဖြတ်သန်းသွားရသူတွေ ကိုယ့်ဝန်းကျင်မှာ အများကြီး တွေ့ဖူးကြမယ် ထင်ပါတယ်။ ဘ၀မှာ မအောင်မမြင်ဖြစ်ပြီး ဘ၀ပျက်သွားသူတွေကို လေ့လာကြည့်ရင် အချက် ၃ ချက်ကြောင့် ကျဆုံးသွားရတယ်ဆိုတာ တွေ့ရပါတယ်။ ပထမတချက်က အတတ်ပညာ မတတ်မြောက်ကြလို့ပါ။ ဒုတိယ အချက်က အတတ်ပညာ တတ်မြောက်သော်လည်း ကိုယ့်ဘ၀ ယုံကြည်ရာ ရည်ရွယ်ရာကို တစိုက်မတ်မတ် လုပ်ဆောင်ဖို့ “ဇွဲ” မရှိတာကြောင့် ဆိုတာ တွေ့ရပါတယ်။ တတိယ အချက်ကတော့ အသိဗဟုသုတ နည်းပါးတာကြောင့် ဆိုတာ တွေ့ရပါတယ်။
ဒီနေရာမှာ အတတ်ပညာ ဆိုတာ အတန်းပညာ မဟုတ်ပါဘူး။ ပညာရေးမှာ မထူးချွန်ပေမယ့် အောင်မြင်ထင်ရှားသူတွေ အကြောင်း အပတ်စဉ် တင်ပြခဲ့ပါတယ်။ အံ့သြစရာ ကောင်းတာက အဲဒီအောင်မြင်ထင်ရှားသူတွေဟာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ ဖြစ်နေတာပါပဲ။ ပြီးတော့ သူတို့ဟာ ချမ်းသာကြွယ်ဝတဲ့ မိဘတွေက မွေးဖွားလာတာ မဟုတ်ဘဲ ကိုယ်တိုင်ကြိုးစားပြီး အောင်မြင်လာသူတွေဆိုတာ တွေ့ရမှာပါ။
အဲဒါကိုကြည့်ရင် အောင်မြင်တဲ့ ဘ၀ဆိုတာ အတန်းပညာပေါ်မှာ မူတည်နေတာ မဟုတ်ဘူးဆိုတာ သိမြင်နိုင်ပါတယ်။ ပညာရေးမှာ မအောင်မြင်ပေမယ့် အောင်မြင်သူတွေအကြောင်း တင်ပြပေးပါမယ်။ အဲဒီထဲမှာ အားကစားသမားတွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေလည်း ပါဝင်နေပါတယ်။
Christina Maria Aguilera (ခရစၥတီနာ မာရီယာ အဂြီလီရာ)
photo - mtvindia.com
သူမကို ၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ နယူးယောက်ရှိ Staten Island မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အခုဆိုရင် အသက် ၃၃ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ သူမ ငယ်စဉ်ကတည်းက မိဘတွေက ကွာရှင်းပြတ်စဲ ခဲ့တာကြောင့် သူမဟာ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းခဲ့ရတာပါ။ ငယ်စဉ်ကတည်းက ဟိုပြောင်း သည်ပြောင်း ပြောင်းရွှေ့နေထိုင်ခဲ့ရပေမယ့် သူမရဲ့ ခရစ္စတီနာလေးဟာ ငယ်စဉ်ကတည်းက အဆိုတော်ဖြစ်ဖို့ စိတ်ဆန္ဒ ပြင်းပြခဲ့ပါ တယ်။ ၁၉၈၉ ခုနှစ်မှာတော့ The All Nes Mickey Mouse Club က သူမကို ဖိတ်ခေါ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၁၉၉၉ မှာတော့ “Genie in a Bottle” သီချင်းနဲ့ စတင်အောင်မြင်သွားပါတယ်။ အဲဒီနောက် သူမဟာ သန်းချီတဲ့ သီချင်းခွေတွေရောင်းချရပြီး၊ ဆုတံဆိပ်တွေလည်း အများအပြား ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး အနုပညာရှင် ဂရမ်မီဆုလည်း ပါဝင်ပါတယ်။ သူမရဲ့ မိခင် တယောပညာရှင် Shelly Loraine က အမေရိကန်ဖွား တဦးဖြစ်ပြီး၊ ဖခင်ဖြစ်သူ Fausto Xavier Aguilera ကတော့ အီကွေဒေါနိုင်ငံဖွား ဖြစ်ပါတယ်။
သူမကို လွှမ်းမိုးတဲ့ ဂီတ ပညာရှင်တွေကတော့ Mariah Carey (မာရီယာ ကာရေး)၊ Whitney Houston နဲ့ Jannet Jackson (မိုက်ကယ်ဂျက်ဆင်ရဲ့ ညီမ) တို့ ဖြစ်တယ်လို့ သိရပါတယ်။
သူမရဲ့ ခင်ပွန်းက Jordan Bratman (ဂျော်ဒန် ဘရက်မင်း) ဖြစ်ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်၊ အေပြီ ၁၅ မှာ ကွာရှင်းပြတ်စဲခဲ့ပြီး ကလေးတယောက် မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။
သူမ ပြောတဲ့ ထင်ရှားတဲ့ စကားတွေက ဘရစ်နေစပီးယားနဲ့ ပတ်သက်ပြီး “ကျမတို့ တယောက်နဲ့ တယောက် မုန်းနေပါတယ် ဆိုတဲ့ ကောလာဟလက တကယ့်အမှန် မဟုတ်ပါဘူး။ မနှစ်သက်တာမျိုး ဘဲစားဘဲချေ ဆိုတာမျိုး မရှိဘူး။ ဘရစ်နေစပီးယား အောင်မြင်တာတွေနဲ့ ပတ်သက်ပြီး ကျမ ဂုဏ်ယူပါတယ်။ သူမက အရမ်းအလုပ်လုပ်တဲ့သူပါ။ ကျမ အထူးအထွေ ပြောစရာ မရှိပါ။ ဒါပေမယ့် ကျမမှာ သူမကို ချစ်ခြင်းတွေသာ ရှိနေပါတယ်” လို့ ပြောပါတယ်။
နောက်ပြီး သူမ ပြောတာ ရှိသေးပါတယ်။ အဲဒါကတော့ “ကျမ သီချင်းတွေ ဆိုနေတဲ့ အချိန်တိုင်း အဲဒီသီဆိုနေရတဲ့ အချိန်မှာ ကျမကို ကျမ ပိုင်တယ်ဆိုတာ ခံစားမိပြီး၊ ကျမရဲ့ အကောင်းဆုံး ဖွင့်ထုတ်ပြဖို့ပဲ ရှိပါတယ်။ ဂီတက ကျမကို ကိုယ့်အသိုက်အမြုံကို ပြန်တွေ့သလိုမျိုးခံစားရပါတယ်။ အဲဒီကနေပြီး တခြားသူတွေလည်း အသိုက်အမြုံ တွေ့ဖို့ ကျမ သီဆိုတဲ့ သီချင်းကနေ ရစေဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ နွေးထွေးတဲ့ အိမ်ရာအသိုက်အမြုံဆိုတာ လူတိုင်းအတွက် အထူးအဓိက အရေးပါတယ်လေ” လို့ ပြောပါတယ်။
Orlando Bloom (အော်လန်ဒို ဘလွမ်းမ်)
photo - guardianlv.com
Pirates of the Caribbean: The Curse of the Black Pearl ဇာတ်ကားနဲ့ အထူးထင်ရှားလာတဲ့ ရုပ်ရှင်သရုပ်ဆောင် အော်လန်ဒို ဘလွမ်းမ် အကြောင်း ဆက်လက်တင်ပြပေးပါဦးမယ်။
သူ့ကို ၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့၊ အင်္ဂလန်နိုင်ငံ ကင်တာဘာရီမှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ဖခင်က Herry Bloom ဖြစ်ပြီး၊ လူထုအခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ သူ့ အသက် ၄ နှစ်သားမှာပဲ ဖခင်ဖြစ်သူဟာ လေဖြတ်ပြီး ကွယ်လွန်သွားခဲ့တာကြောင့် မိခင်(Sonia) ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ကြီးပြင်းလာသူပါ။
သူဟာ ကင်တာဘာရီမှာရှိတဲ့ St. Edmunds School ကိုတက်ရောက်ခဲ့ပါတယ်။ အနုပညာအလုပ် အတော်များများကို လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းကပွဲတွေမှာ ပါဝင် ကပြခဲ့သလို ကိုယ့်အရပ် ကိုယ့်ဇာတ် ဖျော်ဖြေမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် မိခင်ဖြစ်သူက ကဗျာစာပေ ရေးသားခြင်းကို အားပေးတာကြောင့် ကဗျာတွေလည်း ရေးသားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် British American Drama Academy မှာ ပညာသင်ဆု ရရှိခဲ့ပြီး၊ အခြား လူငယ် သရုပ်ဆောင်တွေလိုပဲ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ၁၉၈၆ မှာ Casuality ၊ ၁၉၉၇ မှာ Mdisomer Murder ၊ ၁၉၉၉ မှာ Smack the Pony ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
သူဟာ ၂၀၁၀ ခုနှစ်မှာ ဇူလိုင် ၂၂ ရက်နေ့မှာ Miranda Kerr နှင့် အိမ်ထောင်ကျခဲ့ပြီး ကလေးတယောက် မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ တရားဝင် ကွာရှင်းတာမျိုး မဟုတ်ဘဲ ကွဲကွာ နေတယ်လို့ သိရပါတယ်။
သူပြောတဲ့ မှတ်သားစရာ စကားတချို့ကို ဆက်လက်တင်ပြပါဦးမယ်။
ချစ်ခြင်းတရားနဲ့ ပတ်သက်ပြီး “ကျနော်ဟာ ချစ်ခြင်းထဲမှာ ချစ်နေမိတာပါ။ အဲဒီလို ချစ်နေချိန်မှာ သူမ အကြောင်း မစဉ်းစားဘဲ မနေနိုင်အောင်ပါပဲ” လို့ ဆိုပါတယ်။ သူ့ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း “ကျနော် လုပ်ကိုင်နေရတဲ့ အလုပ်က မာရသွန် အပြေးသမားတယောက်လိုပါပဲ။ မြန်မြန်ပြေးဖို့ ဆိုပြီး ကျနော် မမြင်ပါဘူး။ ရေရှည်ခံနိုင်ရည်က အဆုံးအဖြတ် ပေးသွားမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။
နိုင်စွမ်း
Irrawaddy Blog
ထိုင်းလူပွဲစားများ တောထဲတွင် ပစ်ထားခဲ့သည့် မြန်မာ ၄၆ ဦးကို ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ရှိ
တောထဲတွင် ထပ်မံတွေ့ရှိခဲ့သည့် မြန်မာလုပ်သားများအား တွေ့ရစဉ်။
Photo-Manager Online
 ထိုင်းလူပွဲစားများ တောထဲတွင် ပစ်ထားခဲ့သည့် မြန်မာ ၄၆ ဦးကို ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ရှိ
(တောအတွင်း မြန်မာ ၁၅၀ ဦးခန့် ရှိနိုင်သေးကြောင်း ကယ်တင်ခံခဲ့ရသူများမှာ ပြောကြားခဲ့ဟုဆို)
ရန်ကုန်၊ မေ ၁၁-
လူကုန်ကူးခံရပြီး အစာရေစာ ပြတ်လပ်နေသည့် မြန်မာ ၄၆ဦးအား Chumphon နယ်မြေ တောစပ်အနီး တောင်ကြား တွင် ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ ရှိသဖြင့် ကယ်တင်လာခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင် Chumphon နယ်မြေ တောစပ်တွင် လူကုန်ကူးသူများမှ တောထဲတွင် ပစ်ထားခဲ့သဖြင့် အစာ ရေစာပြတ်လပ်ကာ နီးစပ်ရာ ရွာ များသို့ အစားအစာများလာရောက် တောင်းခံခဲ့ချိန်တွင် ရွာသူကြီးမှ ထိုင်း လုံခြုံရေးတပ်ဖွဲ့သို့သတင်းပို့ခဲ့ခြင်း ကြောင့် မေ ၈ ရက်တွင် မြန်မာနိုင်ငံ သား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုထပ်မံကာ အဆိုပါတောအတွင်း သို့ ထိုင်းအာဏာပိုင်များမှ လူအင် အားသုံး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး မေ ၉ ရက် နေ့လယ်ပိုင်းက အစာ ရေစာပြတ်လပ်ကာ ဒုက္ခရောက်နေ ကြသည့် မြန်မာနိုင်ငံသား အမျိုး သား ၄၁ ဦးနှင့် အသက် ၁၂ နှစ်မှ ၄၄ နှစ်အတွင်းရှိအမျိုးသမီး ခြောက် ဦးတို့ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်း သတင်းဌာန၏ ဖော်ပြချက်အရ သိ ရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို မြန်မာဘက်မှလူပွဲစားများက ကော့သောင်းမြို့အနီးရှိ မာရမ်း ကျေးရွာမှတစ်ဆင့် ကရာ့ဘူရီမြစ် (ပါချန်မြစ်)ကိုဖြတ်ကာ ထိုင်းဘက် ကမ်းရှိလူ ပွဲစားများထံပို့ဆောင်ခဲ့ ကြောင်း၊ ထိုင်းလူပွဲစားအဖွဲ့မှ Chumphon တောင်ပေါ်ရှိ ၄င်း တို့၏ စခန်းသို့ခေါ်ဆောင်ခဲ့ကြောင်း၊ အဆိုပါမြန်မာလုပ်သားများသည် အလုပ်လုပ်ရန် တစ်ဦးကို ပို့ဆောင်ခ (ပွဲစားခ)တစ်ဦးလျှင် ထိုင်းငွေ ဘတ် ၇ဝဝဝ ပေးခဲ့ရကြောင်း စစ်ဆေးချက် များအရ သိရသည်။
လက်ရှိတွင် လူဦးရေ ၇ဝကျော် ရှာဖွေကယ်တင်ထားနိုင်ပြီး ယခုဒုတိ ယအကြိမ် ကယ်တင်နိုင်ခဲ့သည့် ၄၆ ဦးတွင် ၂၉ဦးကို ထိုင်းပွဲစားများမှ ထိုင်းနိုင်ငံတောင်ပိုင်းတွင်အလုပ်လုပ် ရန်ပို့ဆောင်မည်ဖြစ်ပြီး ကျန် ၁၇ဦး ကို မလေးရှားနိုင်ငံသို့ပို့ဆောင်ရန် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ် ချက်များတွင် ဆိုထားကြောင်း မန်နေဂျာ အွန်လိုင်းက ဖော်ပြထား သည်။
၎င်းတို့အားလုံးကို သေနတ် အရှည်များကိုင်ဆောင်ထားသည့် ထိုင်းပွဲစားအဖွဲ့မှဦးဆောင်ကာ စစ် ဆေးရေးဂိတ်များ ကို ရှောင်ကွင်း နိုင်ရန်အတွက်တောတောင်ထဲတွင် သုံးရက်သုံးည တိုင်လမ်းလျှောက် ဖြတ်ကျော်ခဲ့ရကြောင်း၊ ထို့နောက် တောထဲတွင်ရှိသည့် ယာယီစခန်း တွင်ထားရှိပြီးနောက် ကားဖြင့် ခေါ် ဆောင်သွားရာတွင် စစ်ဆေးရေးဂိတ် များတင်းကျပ်ထူပြောသဖြင့်ပွဲစားများ မှ မြန်မာများကို တောထဲသို့ ပြန် လည်ခေါ်ဆောင်ကာ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း နှစ်ရက်တိုင် အစား အစာများ မရရှိသဖြင့် ဆာလောင် မွတ်သိပ်နေကြရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ (MAT) မှ ကိုစော မောင်က'' အခုတွေ့တဲ့ အယောက် ၇ဝကျော်လုံးက မြန်မာနိုင်ငံနေရာ အရပ်ရပ်ကလာတဲ့မြန်မာနိုင်ငံသား တွေပါ။ မြန်မာလို့ မသတ်မှတ်တဲ့ သဘောနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ မသိချင်ယောင်ဆောင်မနေ ပါနဲ့''ဟု ¤င်း၏အမြင်ကိုပြောသည်။
အဆိုပါလူကုန်ကူးသူများမှ ရုပ် ရည်ချောမောသည့် အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် ၇ လ အရွယ်ကလေးငယ်တစ်ဦး တို့ကို ခေါ် ဆောင်သွားကြောင်းနှင့် ¤င်းသား အမိနှစ်ဦးနှင့်ပတ်သက်၍ တစ်စုံ တစ်ရာမတွေ့ရှိသေးသလို စစ်ဆေး မေးမြန်းချက်များ အရ တောအတွင်း တွင် ထပ်မံစွန့်ပစ်ခဲ့သည့် မြန်မာ ၁၅ဝ ဦးခန့်ရှိနိုင်သေးကြောင်း ကယ်တင်ခံ ခဲ့ရသူများ၏ထွက်ဆိုသည့် စစ်ချက် များအား မန်နေဂျာအွန်လိုင်း သတင်း ဌာနမှ ဖော်ပြထားသည်။
¤င်းဖြစ်ရပ်များနှင့်ပတ်သက် ၍ ထိုင်းအာဏာပိုင်များမှ ဖော် ထုတ်အရေးယူနိုင်ရေးဆက် လက် ဆောင်ရွက်လျက်ရှိနေပြီး ပထမအကြိမ် ကယ်တင်နိုင်ခဲ့သည့် ၂၈ဦးတွင် ပါဝင်သည့် အမျိုးသမီးငယ် လေးဦး အဓမ္မပြုကျင့်ခံရမှုကိုလည်း စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ဆိုထား သည်။
ZCH
Ref : https://www.facebook.com/democracytodaynewspaper
22 Apr 2015
ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲမှာ ၁၁၁၂ နေရာဝင်ရောက် ယှဉ်ပြိုင် မည်
 လူငယ်ဖိုရမ် ၂၀၁၄ ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းတွင် ပြုလုပ်စဉ်။ Photo:Usdp Yangon
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက မဲဆန္ဒနယ်မြေ အားလုံး အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင့် တစ်ရာကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီရဲ့ ဗဟိုကော်မတီဝင် တွေက ပြောပါတယ်။
လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေ အပြင် လွှတ်တော်မှာ လက်ရှိ ကိုယ်စားလှယ်ဖြစ်နေ သူတွေကို ဦးစားပေးပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အဆိုပြုထားတာတွေရှိတယ်လို့ ပါတီဗဟိုကော်မတီဝင် ဗိုလ်မှူးတင့်ဇော်က ပြောပါတယ်။
"ကြံ့ဖွံ့ပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲ မှာ နိုင်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်ပေါ့၊ အဲ့ဒီကိုယ်စားလှယ်တွေကိုတော့ ၂၀၁၅ မှာဝင် ဖို့တော့ ပါတီတွေ နဲ့ သဘောထား ရှိပါတယ်၊ ၂၀၁၀ တုန်းကနိုင်တယ်၊ နိုင်ပြီးတော့ လွှတ်တော်ထဲရောက် တယ်၊ လွှတ်တော်ထဲရောက်ပြီးတော့ အစိုးရအဖွဲ့ထဲမှာ တာဝန်ပေးတယ်၊ အစိုးရအဖွဲ့ထဲ ရောက်နေတဲ့အချိန် မှာ ပါတီတာဝန်တွေ မထမ်းဆောင်ရတော့ဘူး၊ ၂၀၁၅ မှာရွေးခံဖို့ ဆန္ဒရှိလား ဆိုတဲ့သဘောထားတွေမေးပါ တယ်၊ ဆန္ဒရှိတယ်၊ ပါတီကလည်းလိုလား တယ်ဆိုရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေပြီးတော့ ဒီပုဂ္ဂိုလ်ကိုတော့ ဝန်ကြီး၊ ဒုဝန်ကြီးဝင်သင့်တယ်ထင်ရင်တော့ သူတို့ဝင်ရမှာပေါ့၊ ဦးရွှေမန်းက လည်းရွေးပါမယ်၊ ဦးအောင်ခင်မြင့်လည်းရွေးပါ့မယ်၊ လူကြီးတွေပြန်ရွေးဖို့လည်း အဆိုပြုတာပေါ့၊ သူတို့ရဲ့ အရှိန်အဝါကိုလည်း ပါတီကလိုချင်တာပေါ့"
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြည်သူ့လွှတ်တော်အတွက် ၃၁၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၅၉ ဦး နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အတွက် ၆၃၉ ဦး စုစုပေါင်း ၁၁၁၂ ဦးရဲ့ ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ တင်ပြထားတယ်လို့ သိရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး ကော်မတီကို ပါတီ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၄၃ ဦးက တာဝန်ယူ လုပ်ကိုင်နေပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို လာမယ့် ဇွန်လအတွင်းမှာ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လက်ရှိ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ် ၈၈၂ ဦး နေရာရရှိထားတဲ့ ပါတီဖြစ်ပါတယ်။
21 Apr 2015
မူလတန်း ကျောင်းသားများကို ယခုနှစ်မှစ၍ ကျောင်းဝတ်စုံ အခမဲ့ ပံ့ပိုးပေးမည်
ရန်ကုန်၊ ဧပြီ ၁၉
အခမဲ့ မူလတန်းပညာရေး စီမံကိန်းအတွက် လာ မည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ ယူနီဖောင်းများ အခမဲ့ပံ့ပိုးပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ဧပြီလ ၂၄ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
ယခင် ကျောင်းလခကြေးနှင့် ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပံ့ပိုးပေးရာမှ လာမည့်နှစ်မှစ၍ ကျောင်းဝတ်စုံ ကိုပါ ပံ့ပိုးပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၄ ရက် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေး မှူးများက တင်သွင်းသော ကျောင်းသားစာရင်းများအလိုက် ကျောင်းဝတ်စုံများ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့အမျိုးသမီးဖိုရမ်တွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားထားပြီး ဖြစ်သည်။
ပညာရေး ဝန်ကြီးဌာနက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားတိုင်းအတွက် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ယခင်က မူလတန်းအဆင့် ကျောင်းသားတိုင်းကို ငွေကျပ်တစ်ထောင်စီ ထောက်ပံ့ပေးခြင်းကိုမူ လာမည့်နှစ်တွင် မပံ့ပိုးတော့ကြောင်း ပညာရေး ဝန်ထမ်းများ ထံမှ သိရှိရသည်။
ကျောင်းဝတ်စုံ ပံ့ပိုးပေးရန် ကျောင်းသား၊ ကျောင်းသူ စာရင်းကို ကြိုတင်တောင်းခံထားခြင်း မရှိသေးကြောင်း၊ ပညာရေးမှူးများ ဆွေးနွေးပွဲပြီးမှသာ ကျောင်းဝတ်စုံ ပံ့ပိုးပေးမည့် အစီအစဉ် အပြည့်အစုံ ကို သိရှိမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဧပြီလ ၂၄ ရက်တွင် ကျင်းပမည့် ပြည်နှင့်တိုင်း ပညာရေးမှူးများ ဆွေးနွေးပွဲတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ၏ ကုစားစာမေးပွဲ အစီအစဉ်များ၊ ပြဋ္ဌာန်းစာအုပ် ဖြန့်ဝေမှု အခြေ အနေနှင့် ထူးချွန်ကျောင်းများ စီစဉ်ရွေးချယ်ခြင်းတို့ကို တိုင်ပင်ဆွေးနွေးကြမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာထားသည်။
ပညာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ ၅ ဒသမ ၉၆ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့သည်။
The Voice Journal
18 Apr 2015
ရွှေကျင်ဂိုဏ်းက ဒေါ်အောင်ဆန်းစုကြည်ကို သံဃာ့မိခင်ဘွဲ့ချီးမြှင့်
DASSK
 ရန်ကုန် (မဇ္ဈိမ) ။ ။ ရွှေကျင်သာသနာပိုင် သံဃာဂိုဏ်းက ပစ္စည်းလေးပါးဒါယိကာ၊ သံဃာမိခင်ဘွဲ့ဖြစ်သည့် စတုပစ္စယ သံဃာ့မာတာ ဘွဲ့တံဆိပ်ကို အပ်နှင်းလိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊  ဘဒ္ဒန္တအဂ္ဂိယက ဧပြီလ ၁၈ရက်တွင် မဇ္ဈိမသို့ မိန့်ကြားသည်။
"အင်မတန်ကြီးကျယ်တဲ့ ဘွဲ့ပါ၊ သံဃာတွေရဲ့မိခင်ဆိုတာ၊ အဲဒီဘွဲ့ကို ပေးအပ်ခဲ့တာ၊ အဓိကက ပစ္စည်းလေးပါးကို သံဃာတွေအတွက် မိခင်အဖြစ် ထောက်ပံပေးတဲ့ အဓိပ္ပါယ်ရှိတယ်" ဟု ဘဒ္ဒန္တအဂ္ဂိယ က မိန့်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇၊ ၂၈နှင့် ၂၉ ရက်ထိ သုံးရက်ကြာ မှော်ဘီမြို့နယ်တွင်း ပြုလုပ်သည့် ၁၉ကြိမ်မြောက် ရွှေကျင်သာသနာပိုင် သံဃာ့အစည်းအဝေးက ဆုံးဖြတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘွဲ့သည် သာသနာရေးအတွက် အကျိုးပြုခြင်း၊ နိုင်ငံရေးအတွက် သာသနာကို အသုံးချကာ ဆောင်ရွက်ခြင်းမရှိခြင်း စသည့် အချက်များအပေါ် မူတည်ကာ ရွှေကျင်သာသနာပိုင်ဂိုဏ်းဝင် သံဃာတော်များ အားလုံး၏ ဆုံဖြတ်ချက်ဖြင့် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ရွှေကျင်သာသနာပိုင်သံဃာ့ဂိုဏ်းမှ ချီးမြှင့်တာနဲ့ ပက်သက်ပြီး စာပေးပို့တာတို့ အကြောင်းကြားတာတို့ မရသေးဘူး၊ မသိသေးပါဘူး" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင်းမှ စတင်ခဲ့သည့် ပဋိပက္ခများတွင် ဝင်ရောက် ပြောဆို၊ ဖြေရှင်းမှုများမရှိဟု ဆိုကာ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ လူမူကွန်ယက်အပါအ၀င် အခြား လူမူကွန်ယက် ဝက်ဆိုဒ်များ၊ တရားဟောပြောသည့် နေရာများတွင်ပါ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများလည်း ရှိနေသည်။
http://www.mizzimaburmese.com
26 Mar 2015
မိဘနှစ်ပါးကို သတ်ပြီး ချက်ပြုတ် စားသောက်တဲ့ သားမိုက်ကို သေဒဏ် ချမှတ်
  ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မှုခင်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မှု ပြုလုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမှုဟာ ဟောင်ကောင် ဒေသ တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တဲ့ အထိ  ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သားအရင်းက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက် ခဲ့တာကြောင့် ဖြစ်ပါတယ်။
    အသက် (၃၁)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဟင်နရီချောင်ဟာ အသက် (၆၃)နှစ်ရှိပြီ ဖြစ်တဲ့ မိခင်နဲ့  အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဖခင်တို့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ် စားသောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဦးခေါင်းတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ မိဘတွေနဲ့ စကားများ ပြီးနောက် သူငယ်ချင်း ဖြစ်သူရဲ့အိမ်ကိုခေါ် သွားပြီး  သတ်ဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။
  ဟင်နရီချောင်ဟာ ပီယာနိုတီးခတ်သူ တစ်ဦး ဖြစ်ပြီး၊ ဘ၀ကို ပေါ့ပေါ့တွေးခဲ့ တာကြောင့် မိဘတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ မိဘနှစ်ပါးက အလုပ်လုပ်ဖို့ တွန်းအားပေး တာနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ခဲ့ပါတယ်။ ပာင်နရီချောင်ရဲ့ အစ်ကိုဖြစ်သူဟာ မိဘနှစ်ပါး ပျောက်ဆုံးနေ တာမို့ စုံစမ်းရာမှ တစ်ဆင့် ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
 ဟင်နရီချောင်ပာာ မိဘတွေပျောက်နေ တာကို တရုတ်ပြည်မကြီး သွားလည်ခဲ့ တယ်လို့ လိမ်ညာခဲ့ ပါတယ်။ ဒီနောက် ဟင်နရီချောင်ကို စုံစမ်းခဲ့ရာမှာ သူ့ သူငယ်ချင်းအိမ်က ရေခဲသေတ္တာထဲမှာ မိဘနှစ်ပါးရဲ့ ဦးခေါင်းတွေကို သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ ဦးခေါင်းတွေကို သိမ်းဆည်းပြီး ကျန်တဲ့ အပိုင်းအစတွေကို ချက်ပြုတ်စားသောက် လိုက်ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ပါတယ်။ အလောင်းတွေကို ဖျောက်ပစ်လိုတာကြောင့် ဒီလိုလုပ်ခဲ့ခြင်း ဖြစ်ပုံရ တယ်လို့ ယူဆထား ပါတယ်။
 တရားသူကြီးကတော့ ဟင်နရီချောင်ရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတာ ကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
 ဟင်နရီချောင်ဟာ ဒီဖြစ်ရပ်ကို မကျူးလွန်ခင် ခြောက်လ အလိုမှာ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဟင်နရီချောင်ရဲ့ သူငယ်ချင်း ဖြစ်သူဟာ ပူးပေါင်း ကြံစည်ခဲ့ပေမယ့် ထောင်ဒဏ် တစ်နှစ်သာ ချမှတ်ခံရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟင်နရီချောင်ဟာ သူငယ်ချင်းဖြစ်သူရဲ့ မိဘတွေကိုပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ တာကြောင့် ကူညီပေးခဲ့ ရတာ ဖြစ်ပါတယ်။
အေသင်အောင်
The Messenger Media
မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ
မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ
အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။
မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား ကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်းဌာနက စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံကတဆင့် Benjina ရွာကို ငါးဖမ်းဖို့ အဓမ္မ ပို့ဆောင် စေခိုင်းခံရတဲ့ ငါးဖမ်းအလုပ်သမား ၄၀ ကျော်ကို တနှစ်တာကာလအတွင်း တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
ငါးဖမ်းအလုပ်သမားတွေဟာ သောက်ရေသန့်မရှိဘဲ လှေပေါ်မှာ နာရီ ၂၀ ကနေ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး လုပ်ခအနေနဲ့ မရသူတွေ ရှိသလို ရတဲ့သူတွေကလည်း အနည်းအကျဉ်းသာ ရကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာ ခဏတဖြုတ် အနားယူရင် လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာတွေ၊ ပင်လယ်ပြင်မှာ သေဆုံးသူတွေ ရှိတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးဖြစ်တဲ့ ငါးဖမ်းလုပ်သား ကိုလှိုင်မင်းက ပြောပါတယ်။
အမေရိကန်တွေနဲ့ ဥရောပနိုင်ငံသားတွေ ငါးစားမယ်ဆိုရင် ကျနော်တို့ကို သတိရသင့်ပါတယ်။ ပင်လယ်ကြမ်းပြင်မှာ အရိုးတွေ တောင်လို ပုံနေလိမ့်မယ်၊ လူအရိုးတွေ တောင်လိုပုံနေမှာပါ လို့ ကိုလှိုင်မင်းက ဆိုပါတယ်။
Benjina က ဖမ်းဆီးရရှိတဲ့ ငါးနဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ ဆိပ်ကမ်းက တဆင့် ကုန်တိုက်ကြီးတွေ စားသောက်ဆိုင်တွေနဲ့ စည်သွတ်ဗူးအဖြစ် ပြုပြင်ပြောင်းလဲပြီး အမေရိကန်နိုင်ငံက တိရစ္ဆာန်အစာ ရောင်းတဲ့ဆိုင်တွေကို နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။
အမေရိကန်ရှိ ကုန်စုံဆိုင်တချို့နဲ့ Kroger ၊ Albertsons ၊ Safeway ၊ Wal-Mart၊ Sysco စတဲ့ ကုန်တိုက်တွေအပြင် ဥရောပနဲ့ အာရှနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။
ငါးဖမ်းအလုပ်သမားဟောင်း တဦးဖြစ်တဲ့ ကိုလှဖြိုးကတော့ ယခင်က လှေပေါ်မှာ သေတဲ့အလုပ်သမားဆိုရင် လှေကြီးကြပ်သူက အလောင်းကို ရေထဲပစ်ချလိုက်တာပဲလို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ကုမ္မဏီတွေရဲ့ တောင်းဆိုချက်အရ လှေပေါ်မှာ သေဆုံးသူရှိပါက ငါးဖမ်းလုပ်သားတွေရဲ့ တာဝန်ကျစာရင်းနဲ့အညီ အလောင်းကို Benjina ကျွန်းအထိ ပြန်သယ်လာတယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံသားတွေ နေထိုင်ရာ Benjina ကျွန်းပေါ်က တောထဲမှာတော့ သချိုင်းမြေပုံ ၆၀ ကျော်လောက် ရှိနေပါတယ်။
အသက်အန္တရာယ်ကြားက လုပ်ကိုင်နေရတဲ့ ငါးဖမ်းသမားအချို့က မိမိတို့ အိမ်ပြန်လိုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
 BBC Burmese
ဧပြီလအတွက် လစာမှစ၍ ၀န်ထမ်းလစာတိုးပြီ
 နိုင်ငံဝန်ထမ်းလစာများအား အနိမ့်ဆုံးလစာ တစ်သိန်းနှစ်သောင်းကျပ်မှ အမြင့်ဆုံးလစာ ကျပ်ငါးသိန်း အထိ တိုးမြှင့်ပေးလိုက်ပါတယ်။  ကာကွယ်ရေး ဦးစီးချုပ်ရဲ့  လစာကိုတော့  ၁၂ သိန်းကနေ သိန်း ၃၀ အထိ တိုးမြှင့် ပေးထားပါတယ်။ လစာနှုန်းထားများ တိုးမြှင့်မှုကြောင့် မူလက ပေးအပ်ထားတဲ့ ရှားပါးစရိတ် သုံးသောင်းကျပ်ကိုလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
http://www.thithtoolwin.com