Showing posts with label အချစ်ရေး. Show all posts
Showing posts with label အချစ်ရေး. Show all posts

3 Feb 2015

လေသူရဲမီးရှို့အသတ်ခံရမှု ISIS တုန်ခါသွားအောင် ဂျော်ဒန်တုံ့ပြန်မည်

 
IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့ဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ကတဆင့် ပြသလိုက်ပြီးတဲ့နောက် ဒီလုပ်ရပ်အပေါ် တုံ့ပြန်လက်စားချေမယ်လို့ ဂျော်ဒန်နိုင်ငံက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဂျော်ဒန်နိုင်ငံသားတွေရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ အလားတူ ကျုပ်တို့က လက်စားချေ အပြစ်ပေးရပါလိမ့်မယ်လို့ ဂျော်ဒန် ကြည်းတပ်ရဲ့ ပြောခွင့်ရသူ Mamdouh al-Ameri က ရုပ်သံကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားလိုက်ပါတယ်။
 
IS စစ်သွေးကြွတွေက ဂျော်ဒန်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အီရတ်အမျိုးသမီး တဦးကို မကြာခင် နာရီပိုင်းအတွင်းမှာ သေဒဏ် စီရင်ဖို့ ဂျော်ဒန်က စီစဉ်နေတယ်လို့ လုံခြုံရေးဘက်ဆိုင်ရာ သတင်းအရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
 
ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတဲ့ ဂျော်ဒန်ဘုရင် Abdullah က တိုက်လေယာဉ်မှူး Muath al-Kaseasbeh ကို သတ်ဖြတ်လိုက်တဲ့အတွက် ဂျော်ဒန်ပြည်သူတွေ ပိုပြီးတော့ ညီညွတ်သွားစေခဲ့တယ်လို့ ပြောဆိုပါတယ်။
 
အမေရိကန် သမ္မတ Barack Obama ကလည်း ကျနော့် အထင်တော့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ကျသွားအောင် နောက်ဆုံးမှာ လုံးဝအနိုင်ရသွားတဲ့အထိ ကြိုးပမ်းကြဖို့ ဆုံးဖြတ်ချက်က နှစ်ဆတိုးပြီး ခိုင်မြဲလာစေပါလိမ့်မယ်။ သူတို့ရဲ့ အယူအဆတွေ၊ လုပ်ရပ်တွေဟာ အတွေးအခေါ်မဲ့၊ ဘယ်လောက် အကျင့်သိက္ခာမဲ့တယ်ဆိုတာကို ပြသနေတာပါပဲ လို့ သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။
 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Mr. Ban Ki-moon ကလည်း ဂျော်ဒန်လေယာဉ်မှူးကို သတ်ဖြတ်ခဲ့တဲ့အပေါ် ပြစ်တင် ရှုံ့ချလိုက်ပြီး၊ IS အကြမ်းဖက်စစ်သွေးကြွတွေဟာ လူ့အသက်ကို အလေးမထားကြသူတွေ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
 
 
http://burmese.voanews.com/content/jordan-islamic-state/2627967.html


29 Jan 2015

အညွန့်မခူးတတ်သူများ

MYANMAR US

မြန်မာပြည်က မိန်းကလေးတော်တော်များများ အတီးအတ နိုင်လှတယ်။ အဟဲ… အဲဒီထဲမှာ ကျွန်တော့်မိန်းမတော့ မပါဘူး။ အသက်လေးဆယ်ကျော် အဖိုးကြီးကို ရအောင်ယူနိုင်ခဲ့လို့ သူမ မပါဘူးလို့ ကျွန်တော် ပြောတာပါ။ အဖိုးကြီးတယ်ဆိုတာ တန်ဖိုးကြီးတယ်ကို ဆိုလိုတာဆိုတော့ တော်ရုံတန်ရုံနဲ့ ဝယ်နိုင်ဖို့ခဲယဉ်းတယ်။ လေးဆယ်ကျော် ကျွန်တော်လို လူပျိုကြီးဆိုတာကလည်း အဖိုးကြီးလို့ သတ်မှတ်လို့ ရမယ်ထင်တယ်။ ဒီလိုအဖိုးကြီးတစ်ယောက်ကို အရယူနိုင်တဲ့ ကျွန်တော့်မိန်းမက အတတတော့ မဟုတ်ဘူး။


(စကားချပ် ။ ။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်များသည့်အတွက် လူပျိုကြီး ဖြစ်ရသည်။ ထို့ကြောင့် လူပျိုကြီးများသည် အတ္တကြီးသူများလို့ ဆိုနိုင်သည်။ အသက်ကြီးလေ အစဉ်းစားလွန်လေ၊ အတ္တကြီးလေ ဖြစ်သည်။ ထိုအတ္တများ လွင့်စင်သွားအောင် လုပ်ခဲ့သည့် ကျွန်တော့်မိန်းမကို ကျွန်တော် ချီးကျူးပါသည်။)


လူရယ်လို့ ဖြစ်လာရင် အသိုင်းအဝိုင်း မိသားစုနဲ့ နေကြရတာ ဓမ္မတာပါပဲ။ ဒီလိုနေနိုင်အောင်လည်း မိသားစုဘဝကို ထူထောင်ကြရတယ်။ ဒီအတွက် အိမ်ထောင်ပြုဖို့ဆိုတာ မလွှဲမသေ လိုအပ်ချက် တစ်ခုပဲ။ အိမ်ထောင်မပြုပဲနေနေတဲ့ မိန်းမတွေတွေ့ရင် ကျွန်တော့်အနေနဲ့တော့ “ဒီမိန်းမ အ,ကိုအ,လွန်းတယ်၊ အညွန့်မခူးတတ်ဘူး” လို့ ယူဆတယ်။ ဘာလို့ ဒီလိုယူဆသလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။
မြန်မာပြည်က မိန်းမတွေအဖို့ ယောက်ျားယူရတာ ခိုင်းနွားတစ်ကောင်ကို အလကားရလိုက်သလိုပါပဲ။ ကိုယ်ယူမယ့် ယောက်ျားအရွယ်ရောက်လာအောင် သူ့မိဘတွေက ကျွေးမွေးခဲ့ရတယ်။ ကိုယ်ဘာမှ ကျွေးမွေးစရာ မလိုခဲ့ဘူး။ အတတ်ပညာတွေတတ်အောင်လည်း သူ့မိဘတွေက သင်ပေးလိုက်တယ်။ ပညာသင်စရိတ်အတွက်လည်း ကိုယ်က ဘာမှ စိုက်ထုတ်စရာ မလိုဘူး။ ကြန်အင်လည်းစုံပြီ၊ ခိုင်းလို့ရမယ့် အရွယ်ရောက်တော့ ဘာအရင်းမှ စိုက်ထုတ်စရာမလိုဘဲ ယူပြီး ခိုင်းစားရုံပါပဲ။

နွားတစ်ကောင်ကို ခိုင်းစားဖို့ ခေါ်ထားပြီဆိုမှတော့ နွားစာကျွေးရမယ်၊ နောက်ချေး (ချီး) ကျုံးရမယ့် အလုပ်ကလေးလောက်ပဲ မပျင်းမရိ လုပ်ဖို့လိုတယ်။ အဲဒီအလုပ်တွေအတွက် ညည်းငြူနေစရာ မလိုဘူး ထင်တယ်။ နွားစားကျင်းထဲ ရေထည့်၊ ကောက်ရိုးခြောက်လေးတွေ ထည့်ပြီး ပုံမှန်ကျွေးနေရုံပဲ။ အလုပ်ပင်ပန်းတဲ့ နေ့မျိုးမှာ မြေပဲရိုးကလေးထည့်ကျွေးလို့ကတော့ နွားခဗျာ အားပါးတရ စားပြီး ကျေနပ်နေလေရဲ့။


ဒီလိုမျိုး နွားတစ်ကောင်ကို အလကားရဖို့ အခွင့်အရေးရှိပါရက်နဲ့ မယူတတ်တဲ့ မြန်မာပြည်က မိန်းမပျိုတွေကို အညွန့်မခူးတတ်ဘူးလို့ ပြောမိတာ ကျွန်တော့်ကိုယ်ကျွန်တော် လွန်တယ်လို့ မထင်ပါဘူးဗျာ။


သတိပြုစရာ
နွားဆိုတာကလည်း မြက်နုနုစိမ်းစိမ်းလေး မြင်ရင် စားချင်စိတ် ပေါ်တယ်။ သူများခြံထဲက မြက်တွေမစားအောင် နွားပိုင်ရှင်တွေအနေနဲ့ နွားကို ပါးခြုပ်တပ်ထားပေးရမယ်။ မြက်စိမ်းစိမ်းလေးတွေ မြင်ရရင် စားချင်စိတ်ပေါ်ပေမဲ့ “ငါဟာ အိမ်ထောင်သည်၊ ကလေးနှစ်ယောက်အဖေ” ဆိုတဲ့ အသိတရားပါးခြုပ်ကြီးကြောင့် ကိုယ့်အရှင်သခင် အစာမကျွေးသ၍ ဘာမှ မစားဖြစ်တော့ဘူး။ ဒါကြောင့် တစ်ခါတစ်လေ မြက်စိမ်းစိမ်းလေးမြင်ပြီး စားချင်စိတ်ပေါ်တဲ့အခါ ခွန်သန်းထွန်းရဲ့ “မြင်သာမြင် အကြင်ခက်တဲ့ ဒီဘဝအဖြစ်ဟာ ဪသာ်… ကျိန်စာရှိရင် ကျေပါစေ” ဆိုတဲ့ သီချင်းစာသားကို ညည်းနေတတ်တယ်။


ဆန္ဒမွန်
အရွယ်ရောက်ပြီးတဲ့မိန်းမတိုင်း နွားတစ်ကောင်စီ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကိုယ်ပိုင်မယ့်နွားက ခိုင်းနွားဖြစ်ဖို့က အရေးကြီးတယ်။ နွားပျင်း၊ နွားကပ်ကြား၊ ဗွေဆိုးတဲ့နွားဆိုရင် နွားပိုင်ရှင် စိတ်ဒုက္ခရောက်ရလိမ့်မယ်။ ခိုင်းနွားဟုတ်မဟုတ်ဆုံးဖြတ်တဲ့အခါ ကြန်အင်လက္ခဏာကို ကြည့်ကြတယ်။ ဒီလိုကြည့်တဲ့အခါ နွားရဲ့ဗွေကို အဓိကထားကြည့်ပြီး ဆုံးဖြတ်လေ့ရှိတယ်။


ဝန်ခံချက်
တက္ကသိုလ်တက်စဉ်တုန်းက သူများတွေမှာ ရည်းစားရှိကြတော့ ကိုယ်လည်း ရည်းစားရချင်ခဲ့တယ်။ ပိုးပန်းခဲ့တဲ့ မိန်းမတွေလည်း မနည်းခဲ့ဘူး။ ဘယ်သူမှ ပြန်မကြိုက်တော့ အသဲတွေကွဲပြီး၊ ကွဲသွားတဲ့အသဲတွေ ပြန်ဆက်ဖို့ ကော်ရည်ခေါက်ဆွဲ စားခဲ့ရတာလည်း မနည်းဘူး။ တစ်ယောက်ကြိုးစားလို့ အဆင်မပြေရင် နောက်တစ်ယောက် ထပ်ပြီး ကြိုးစားခဲ့တော့ သူငယ်ချင်းတွေက “ဘကြီးမောက်ရဲ့ အချစ်က ပျဉ်းမငုတ်တိုပင်ကြီးလိုပါလား။ ဒဏ်ရာဒဏ်ချက်ဘယ်လောက်များများ၊ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်တာနဲ့ ချက်ချင်းကို အညွန့်တလူလူ ပြန်ထွက်ပါလား” လို့ လူကို ခနဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ “တစ်ယောက်ပြီး တစ်ယောက်ချစ်ခဲ့ဖူးလို့၊ ငါ့နှလုံးသားကို လူတွေရှုတ်ချကြပေမဲ့၊ ဒီရှုတ်ချခံခဲ့ရတဲ့အချစ်တွေကို အရင်းတည်ပြီး၊ နောက်တစ်ယောက်ကို ထပ်ချစ်ရတာပါ” ဆိုပြီး ဖြေရှင်းချက် ပေးခဲ့တယ်။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကြိုးစားခဲ့သမျှ အဆင်မပြေတဲ့အခါတိုင်း စိတ်နာနာနဲ့ “ဒီမိန်းမတွေ အညွန့်ကို မခူးတတ်ဘူး” လို့ မှတ်ချက်ချမိရာကနေ ဒီစာလေး ဖြစ်လာရပါတယ်။

ဆယ်မောက်

http://nyanhline.com/media

26 Jan 2015

အိမ်ထောင်မပြုခင် သင့်ချစ်သူနဲ့အတူ ပြုလုပ်ထားဖူးသင့်တဲ့ အရာများ



ကိုယ့်ချစ်သူနဲ့အတူ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့အရာတွေ ရှိနေပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ဂဃနဏမသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမထဲ ၀င်လိုက်မိတယ်ဆိုရင်တော့ ဒီအိမ်ထောင်ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာတွေလည်း ရှုပ်ထွေးနိုင်ပါတယ်။ ခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်။ ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့သင့်တော်တယ်ဆိုလို့ အိမ်ထောင်ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်ကလူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ။ ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို ခုလို အကြံလေးတွေ ပေးချင်ပါတယ်။


၁။တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ကို ဖြစ်ဖူးထားရပါမယ်။

ကိုယ်အိမ်ထောင်ပြုမယ့် သူနဲ့ တစ်ခါဆိုတစ်ခါမှ ရန်ဖြစ်တာမျိုး မရှိဘူးလား။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် သဘောမတူညီတဲ့ ကိစ္စရပ်တွေ၊ နှစ်သားကြားက ဇြစ်လာနိုင်တဲ့ ပြသနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါ သလဲ။ သဘာဝကျကျပဲ ဆိုရမယ်ဆိုရင် အတွဲတိုင်းဟာ အနည်းဆုံး ပြသနာတစ်ခါ၊ နှစ်ခါ၊ ဒီ့ထက်မက တက်ဖူးကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိသွားတာမျိုး ကြုံရမှာ ဖြစ်သလို သူမကြိုက်တာ၊ ကိုယ်မကြိုက်တာတွေလည်း ပိုသိသွားမှာပါ။  ဒီလိုမျိုး ပြသနာတစ်ခါမှမတက်ဖူး၊ ရန်တစ်ခါမှမဖြစ်ဖူးတဲ့သူနှစ်ဦး အိမ်ထောင်ကျတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာရရင် သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ မသိနိုင်ပါဘူး။

 
၂။နှစ်ဦးစလုံးနဲ့ မရင်းနှီးတဲ့ နေရာဒေသတွေကို ခရီးအတူထွက်ဖူးထားရပါမယ်။

အိမ်ထောင်ပြုခြင်းဟာ စွန့်စားခန်းကြီးလို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာတွေကို မြင်တွေ့ ကြုံတွေ့ရမယ့် ခရီးရှည်ကြီးတစ်ခုလို့တော့ ပြောပါရစေ။ ဒီတော့ ဒီခရီးကို အတူသွားမယ့် လူနှစ်ယောက်မှာ မကြုံတွေ့ဖူးတဲ့ အရာတွေနဲ့ ကြုံလာရတဲ့အခါ၊ သူစိမ်းတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ ဘယ်လိုတုံပြန်မလဲ၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာမျိုးဟာ သင်တို့နှစ်ယောက်အတူ ခရီးသွားဖူးတဲ့အခါ သိသွားမယ့်အရာပါပဲ။ သင်တို့နှစ်ဦးမှာ အစီအစဉ်ကျကျ စဉ်းစားထားတာမျိုးတွေ ကြုံဖူးသွားမယ်။ ကိုယ်စီစဉ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုပြန်စဉ်းစားဆုံးဖြတ်ကြမယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားစရာ အသစ်အသစ်သော အရာတွေ အားလုံးဟာ သင်တို့အတူ ခရီးသွားဖူးထားပါမှ ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။


၃။နှစ်ဦးနှစ်ဖက်က မိသားစုဝင်တွေနဲ့ ရင်နှီးပြီးသား ဖြစ်ရပါမယ်။

အိမ်ထောင်ပြုတဲ့အချိန်ရောက်မှ ကိုယ့်ချစ်သူရဲ့ မိဘတွေ၊ မောင်နှမတွေကို မြင်တွေ့ဖူးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရည်းစားဘ၀မှာကတည်း တစ်အိမ်ကို တစ်အိမ် ၀င်ထွက်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဆိုရင် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တွေအကြောင်း၊ သူတို့ရဲ့  စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံစတာတွေကို အကဲခတ်နိုင်မှာ ဖြစ်သလို ကိုယ့်ချစ်သူအကြောင်းလည်း ပိုနားလည်လာပါလိမ့်မယ်။


၎။တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာသုံးသပ်ဖူးရပါမယ်။

ချစ်သူနှစ်ဦးမှာ တစ်ဦးက အလုပ်တွေ များလွန်းလို့ ကိုယ့်ကိုအချိန်မပေးနိုင်တာကြောင့် သိပ်မတွေ့ဖြစ်ကြဘူးဆိုတဲ့ စကားဟာ တကယ်တော့ စိတ်ကုန်ဖို့ ကောင်းလွန်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူအတွက်တော့ မရရအောင် အချိန်ဖဲ့ပေးတတ်ကြပါတယ်။ ဒါမှလည်း တစ်ဦးရဲ့အကြိုက်၊ တစ်ဦးရဲ့သဘောထားတွေကို နားလည်နိုင်မှာဖြစ်ပြီး နားလည်မှုဆိုတာလည်း ပိုရှိနိုင်မှာပါ။ ဒီလိုအချိန်ကျမှ တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်ရင်း ငါသူနဲ့ ဘ၀တစ်လျှောက်နဲ့ အတူနေဖို့ အဆင်ပြေမလားဆိုတာ တွေးရမှာပါ။


 http://www.trend.com.mm

2 Dec 2014

မလေးရှားတွင် ဗီဇာအတုနှင့် ထောင်ချခံရသည့် မြန်မာ ၅၀ ကျော် ပြန်လွတ်


 
ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။


မလေးရှားနိုင်ငံ၊ ရှားအလမ်း တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ချမှတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ကူညီပေးမှာဖြစ်တယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။


“ဟုတ်ပါတယ်။ ဒီကနေ့ အမိန့်ချပါတယ်။ ကျနော်တို့ လေယာဉ်လက်မှတ်တွေစီစဉ်ပြီး ပြန်ပို့မှာပါ။ ၅၂ ယောက်လုံးကို။ သံရုံးကနေ ကူညီပြီးပြန်ပို့ပေးမှာပါ။”


မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သားတွေကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။


ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီး ဒီကနေ့ လွတ်ငြိမ်းချမ်းသားခွင့်ရရှိတာဖြစ်ပါတယ်။


သူတို့ကို ဘယ်နေ့အတိအကျပြန်မယ်ဆိုတာမသိရသေးဘဲ သူတို့ပြန်နိုင်ရေးအတွက် စီစဉ်နေဆဲဖြစ်တယ်လို့လည်း ဦးမင်းမင်းဝင်းက ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။


ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာ သံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာလ ဆန်းပိုင်းမှာ  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။   မြန်မာအေးဂျင့် ၃ ဦးကတော့ အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။


  နော်နိုရင်း (ဒီဗွီဘီ)

20 Nov 2014

သင့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ရည်းစားဟောင်းကို သင့်ဘ၀ထဲက ထုတ်ပစ်ဖို့ နည်း (၅) သွယ်

Photo: သင့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ရည်းစားဟောင်းကို သင့်ဘ၀ထဲက ထုတ်ပစ်ဖို့ နည်း (၅) သွယ်
Friday, November 21, 2014

ကိုယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ပြီးသား ရည်းစားဟောင်းက ကိုယ့်ကိုဆက်တိုက်ဆိုသလို စိတ်အနှောင့်အယှက် ပေးနေတာမျိုးတွေ ကြုံဖူးပါသလား။ ဒီလိုအဖြစ်မျိုးတွေ ကြုံလာတဲ့အခါ ကိုယ့်ဘ၀ထဲက သူ့ကိုလုံးဝထုတ်ပစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေ ပြောပေးချင်ပါတယ်။

၁။အဆက်အသွယ် အားလုံး ဖြတ်တောက်ပစ်လိုက်ပါ။

တစ်ခါတစ်လေ ပြတ်ပြတ်သားသားလုပ်ရမယ့် အရာတွေ ရှိပါတယ်။ အဲ့ဒါကတော့ သူ့ကိုသာမက၊ သူ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပါ အဆက်အသွယ် ဖြတ်ပစ်လိုက်ဖို့ပါပဲ။ အပြင်မှာသာမက လူမှုကွန်ယက်တွေမှာလည်း အဆက်အသွယ် ဖြတ်လိုက်ပါ။ မဟုတ်လို့ကတော့ သူတို့က တစ်ဆင့် သင့်အတွက် စိတ်အနှောင့်အယှက်တွေ ၀င်ရောက်လာနိုင်သေးလို့ပါပဲ။

၂။သူနဲ့ပတ်သက်တဲ့ အရာတွေအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပါ။

ရည်းစားဟောင်းနဲ့ ကိုယ်ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ သေချာတယ်ဆိုရင် သူပေးထားသမျှ အရာတွေကို သိမ်းမထားပါနဲ့တော့။ ဆိုရှယ်မီဒီယာမှာလည်း ဖျက်စရာရှိတာတွေ ဖျက်ပြီး ကိုယ်ပြတ်သားကြောင်း ပြပါ။ အရက်သောက်မိတဲ့အခါ သူ့ဆီကို message တွေ ပို့မိတာမျိုး မဖြစ်အောင် ကိုယ့်ဘက်က ကြိုးစားပါ။ သူ့အသိုင်းအ၀ိုင်းနားထဲကို ကိုယ်အေးဆေးနေသွားမယ်၊ နေနိုင်တယ်ဆိုတဲ့အကြောင်းသာ ပြန်ရောက်ပါစေ။

၃။ရှင်းရှင်းလင်းလင်း နေထိုင်ပြုမူပါ။

ဒါဟာ ရည်းစားနဲ့ ကွဲခါစလူတွေအတွက် ခက်ခဲတဲ့ အရာတစ်ခုပါ။ ပြတ်ပြတ်သားသားနေနိုင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူ့ဘက်က ကိုယ့်ကို ဖုန်းဆက်တာမျိုးတွေ လုပ်တဲ့အခါ အားနာပါးနာ စကားပြန်ပြောတာမျိုးတွေ လုပ်မနေပါနဲ့။ ဒါတွေကနေ သူ့ဆီက ရုန်းမထွက်နိုင် ဖြစ်တတ်လို့ပါ။ သူက ကိုယ့်ကို တစ်ခေါက်လောက် တွေ့ချင်တယ်ဆိုရင်လည်း လက်မခံပါနဲ့။ ကိုယ့်စိတ်ကို ပြတ်သားနိုင်အောင် ကြိုးစားပါ။

၎။အားလုံးပြီးသွားပြီဆိုတာ ပြသနေထိုင်ပါ။

သူ့ကို လွမ်းဆွေးနေတဲ့ပုံမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ပါ။ လုပ်စရာရှိတဲ့အလုပ်တွေ ပုံမှန်အတိုင်းပြန်လုပ်ပါ။ သူငယ်ချင်းတွေနဲ့ လည်ပတ်ပါ။ ခရီးသွားတာမျိုး လုပ်နိုင်ပါတယ်။ အထူးသဖြင့် သူမရှိပဲ သင်ပျော်နိုင်တယ်ဆိုတာ ပြသလိုက်ပါ။

၅။ သင့်ဘေးနားအဖော်တစ်ယောက် ရှိနေပါစေ။

တစ်ခါတစ်လေ ကိုယ့်ရည်းစားဟောင်းက ကိုယ့်အလုပ်လုပ်တဲ့ ကုမ္ပဏီကို လိုက်လာတာမျိုး၊ အိမ်ပြန်တဲ့လမ်းမှာ ကိုယ့်ကိုစောင့်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ ကိုယ့်နောက်တောက်လျှောက် နောက်ယောင်ခံလိုက်နေတာမျိုး ကြုံရပြီဆိုရင် မိဘဆွေမျိုးသားချင်းတွေရဲ့ အကူအညီ၊ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ဖြစ်နိုင်ရင် ဘယ်သွားသွား ဘေးနားမှာ အဖော်တစ်ယောက် ရှိနေပါစေ။

Ref:yourtango.com
မေသော်
Trend Myanmar

 
ကိုယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ပြီးသား ရည်းစားဟောင်းက ကိုယ့်ကိုဆက်တိုက်ဆိုသလို စိတ်အနှောင့်အယှက် ပေးနေတာမျိုးတွေ ကြုံဖူးပါသလား။ ဒီလိုအဖြစ်မျိုးတွေ ကြုံလာတဲ့အခါ ကိုယ့်ဘ၀ထဲက သူ့ကိုလုံးဝထုတ်ပစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေ ပြောပေးချင်ပါတယ်။


၁။အဆက်အသွယ် အားလုံး ဖြတ်တောက်ပစ်လိုက်ပါ။

တစ်ခါတစ်လေ ပြတ်ပြတ်သားသားလုပ်ရမယ့် အရာတွေ ရှိပါတယ်။ အဲ့ဒါကတော့ သူ့ကိုသာမက၊ သူ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပါ အဆက်အသွယ် ဖြတ်ပစ်လိုက်ဖို့ပါပဲ။ အပြင်မှာသာမက လူမှုကွန်ယက်တွေမှာလည်း အဆက်အသွယ် ဖြတ်လိုက်ပါ။ မဟုတ်လို့ကတော့ သူတို့က တစ်ဆင့် သင့်အတွက် စိတ်အနှောင့်အယှက်တွေ ၀င်ရောက်လာနိုင်သေးလို့ပါပဲ။


၂။သူနဲ့ပတ်သက်တဲ့ အရာတွေအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပါ။


ရည်းစားဟောင်းနဲ့ ကိုယ်ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ သေချာတယ်ဆိုရင် သူပေးထားသမျှ အရာတွေကို သိမ်းမထားပါနဲ့တော့။ ဆိုရှယ်မီဒီယာမှာလည်း ဖျက်စရာရှိတာတွေ ဖျက်ပြီး ကိုယ်ပြတ်သားကြောင်း ပြပါ။ အရက်သောက်မိတဲ့အခါ သူ့ဆီကို message တွေ ပို့မိတာမျိုး မဖြစ်အောင် ကိုယ့်ဘက်က ကြိုးစားပါ။ သူ့အသိုင်းအ၀ိုင်းနားထဲကို ကိုယ်အေးဆေးနေသွားမယ်၊ နေနိုင်တယ်ဆိုတဲ့အကြောင်းသာ ပြန်ရောက်ပါစေ။


၃။ရှင်းရှင်းလင်းလင်း နေထိုင်ပြုမူပါ။

ဒါဟာ ရည်းစားနဲ့ ကွဲခါစလူတွေအတွက် ခက်ခဲတဲ့ အရာတစ်ခုပါ။ ပြတ်ပြတ်သားသားနေနိုင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူ့ဘက်က ကိုယ့်ကို ဖုန်းဆက်တာမျိုးတွေ လုပ်တဲ့အခါ အားနာပါးနာ စကားပြန်ပြောတာမျိုးတွေ လုပ်မနေပါနဲ့။ ဒါတွေကနေ သူ့ဆီက ရုန်းမထွက်နိုင် ဖြစ်တတ်လို့ပါ။ သူက ကိုယ့်ကို တစ်ခေါက်လောက် တွေ့ချင်တယ်ဆိုရင်လည်း လက်မခံပါနဲ့။ ကိုယ့်စိတ်ကို ပြတ်သားနိုင်အောင် ကြိုးစားပါ။


၎။အားလုံးပြီးသွားပြီဆိုတာ ပြသနေထိုင်ပါ။

သူ့ကို လွမ်းဆွေးနေတဲ့ပုံမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ပါ။ လုပ်စရာရှိတဲ့အလုပ်တွေ ပုံမှန်အတိုင်းပြန်လုပ်ပါ။ သူငယ်ချင်းတွေနဲ့ လည်ပတ်ပါ။ ခရီးသွားတာမျိုး လုပ်နိုင်ပါတယ်။ အထူးသဖြင့် သူမရှိပဲ သင်ပျော်နိုင်တယ်ဆိုတာ ပြသလိုက်ပါ။


၅။ သင့်ဘေးနားအဖော်တစ်ယောက် ရှိနေပါစေ။


တစ်ခါတစ်လေ ကိုယ့်ရည်းစားဟောင်းက ကိုယ့်အလုပ်လုပ်တဲ့ ကုမ္ပဏီကို လိုက်လာတာမျိုး၊ အိမ်ပြန်တဲ့လမ်းမှာ ကိုယ့်ကိုစောင့်နေတာမျိုးတွေ လုပ်တတ်ပါတယ်။ ကိုယ့်နောက်တောက်လျှောက် နောက်ယောင်ခံလိုက်နေတာမျိုး ကြုံရပြီဆိုရင် မိဘဆွေမျိုးသားချင်းတွေရဲ့ အကူအညီ၊ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ဖြစ်နိုင်ရင် ဘယ်သွားသွား ဘေးနားမှာ အဖော်တစ်ယောက် ရှိနေပါစေ။


Ref:yourtango.com
မေသော်
Trend Myanmar

4 Nov 2014

အွန်လိုင်းကနေ ချစ်သူရည်းစား ရှာဖွေဖို့ ဆုံးဖြတ်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက် (၄) ချက်

Photo: အွန်လိုင်းကနေ ချစ်သူရည်းစား ရှာဖွေဖို့ ဆုံးဖြတ်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက် (၄) ချက်
Tuesday, November 4, 2014

ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေး (သို့) ကောင်မလေးကို သင့်ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ထားပြီးပြီလား။ သင့်ချစ်သူကို အွန်လိုင်းကပဲရှာဖို့ ဆုံးဖြတ်ထားပြီလား။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဆောင်သင့်ရှောင်သင့်တဲ့ အချက်ကလေးတွေ ရှိလာပြီပေါ့။ သူနဲ့ကိုယ်နဲ့က အပြင်မှာလည်း မဆုံဖူးသေးတာမို့  ကိုယ်အနေနဲ့ ဘယ်လိုအချက်ကလေးတွေနဲ့ သူရဲ့စိတ်ဝင်စားမှုကို ရအောင်လုပ်မလဲဆိုတာကလည်း အရေးကြီးတာပဲလေ။

၁။ဟိုင်း၊ ဟယ်လို ဆိုပြီး ဘယ်တော့မှ သွားမခေါ်မိပါစေနဲ့။

သူက ကိုယ့်ပုံတွေမှာ Like လာလုပ်သွားတယ်၊ ကိုယ်နဲ့ပတ်သက်တဲ့စတေးတပ်စ်လေးတွေ တင်ထားမယ်၊ စသဖြင့် သင့်စိတ်ထဲ သူသင့်ကို စိတ်ဝင်စားနေမှန်း သေချာနေပြီမို့၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်ကစပြီး သူ့ကိုစကားစပြောသင့်ပြီလို့ ထင်နေတာမို့ သူ့ကို chat box ထဲက စကားပြောမယ်ဆိုရင် ဟိုင်း၊ ဟယ်လိုဆိုတာချည်း လေး၊ ငါးခါလောက်ပို့၊ အစပျိုးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဟိုင်းဆိုတာမျိုးဟာ လူတိုင်းကိုလည်း စကားစပြေမယ်ဆို ဒီစကားလုံးကိုသာ ရွေးရတာမို့ သူ့အတွက် ထူးခြားစေမယ့်အရာ မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဟိုင်း ...ဘယ်သူ၊ ဆိုပြီး သူ့နာမည်ထည့်ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို မေးမြန်းတာမျိုးလေးနဲ့ စတင်လိုက်ပါ။ ဒါဆို သူလည်း ပြန်ဖြေရ၊ ပြန်ပြောရ အဆင်ပြေသွားပြီပေါ့။

၂။ကိုယ့်ဘက်က လမ်းခင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။

ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ငါနင့်ကို စိတ်ဝင်စားတယ်လို့ တန်းပြောဖို့ မလိုပေမယ့် တစ်ဖက်က ငါ့ကိုများ စိတ်ဝင်စားနေသလားဆိုတဲ့ အတွေးမျိုး သူတို့တွေးမိစေအောင်တော့ ကြိုးစားလို့ရပါတယ်။ ဒါကို သူက ယောင်္ကျားလေးမို့၊ သူက မိန်းကလေးမို့ အရင်စလုပ်ပါစေလို့ တွေးဖို့ မလိုအပ်တော့ပါဘူးတဲ့။

၃။ဓာတ်ပုံတင်တဲ့အခါ စိတ်ဝင်စားစရာကောင်းအောင် ရွေးချယ်တင်ပါ။

လူမှုကွန်ယက်မှာ ဓာတ်ပုံတင်တဲ့အခါ selfie တွေချည်းတင်နေတဲ့မမတွေ၊ တစ်နေရာထဲမှာပဲ ပို့စ်မျိုးစုံနဲ့ ဓာတ်ပုံရိုက်တင်နေတဲ့ ကိုကိုတွေထက် တစ်ပုံဆိုရင်ဆိုသလောက် စိတ်ဝင်စားစရာကောင်းအောင် မတူညီကွဲပြားစွာ တင်တတ်တဲ့သူတွေကသာ တစ်ဖက်လူရဲ့ အာရုံစိုက်ခြင်းကို ခံရတာပါ။ ဒါ့ကြောင့် အလှဓာတ်ပုံတစ်ပုံပြီးရင်၊ နောက်တစ်ပုံက ကိုယ့်ရဲ့အလုပ်မှာ အလုပ်လုပ်နေတုန်း၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလုပ်နေတုန်း၊ ဒါမှမဟုတ် ခရီးထွက်နေတုန်းကပုံ၊ ရှုခင်းပုံ စသဖြင့် အပြောင်းအလဲလေးနဲ့ တင်တာမျိုး ဖြစ်သင့်ပါတယ်။

၎။ကိုယ့်ရဲ့ပရိုဖိုင်းဟာ ထူးခြားနေပါစေ။

သင့်ကို စိတ်ဝင်စားနေတဲ့သူကတော့ သင့်ပရိုဖိုင်းထဲက သင့်အကြောင့်ကို ၀င်ဖတ်ကို ဖတ်မှာပါ။ အဲ့ဒီအထဲက သင့်အကြောင်း ရေးသားထားတဲ့ စာတွေဟာ ရယ်စရာဟာသဖြစ်နေမယ်၊ ရိုးစင်းလွန်းနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် ဒါပဲလား၊ ဒီလောက်ပဲလားဆိုတဲ့ အတွေးမျိုး ၀င်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထူးခြားအောင် နေပါ။ တစ်ခြားလူတွေနဲ့ ကွဲပြားနေပါစေ။

Ref:womenshealthmag.com
မေသော် 
Trend Myanmar

 
ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေး (သို့) ကောင်မလေးကို သင့်ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့ထားပြီးပြီလား။ သင့်ချစ်သူကို အွန်လိုင်းကပဲရှာဖို့ ဆုံးဖြတ်ထားပြီလား။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဆောင်သင့်ရှောင်သင့်တဲ့ အချက်ကလေးတွေ ရှိလာပြီပေါ့။ သူနဲ့ကိုယ်နဲ့က အပြင်မှာလည်း မဆုံဖူးသေးတာမို့ ကိုယ်အနေနဲ့ ဘယ်လိုအချက်ကလေးတွေနဲ့ သူရဲ့စိတ်ဝင်စားမှုကို ရအောင်လုပ်မလဲဆိုတာကလည်း အရေးကြီးတာပဲလေ။


၁။  ဟိုင်း၊ ဟယ်လို ဆိုပြီး ဘယ်တော့မှ သွားမခေါ်မိပါစေနဲ့။


သူက ကိုယ့်ပုံတွေမှာ Like လာလုပ်သွားတယ်၊ ကိုယ်နဲ့ပတ်သက်တဲ့စတေးတပ်စ်လေးတွေ တင်ထားမယ်၊ စသဖြင့် သင့်စိတ်ထဲ သူသင့်ကို စိတ်ဝင်စားနေမှန်း သေချာနေပြီမို့၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်ကစပြီး သူ့ကိုစကားစပြောသင့်ပြီလို့ ထင်နေတာမို့ သူ့ကို chat box ထဲက စကားပြောမယ်ဆိုရင် ဟိုင်း၊ ဟယ်လိုဆိုတာချည်း လေး၊ ငါးခါလောက်ပို့၊ အစပျိုးတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ဟိုင်းဆိုတာမျိုးဟာ လူတိုင်းကိုလည်း စကားစပြေမယ်ဆို ဒီစကားလုံးကိုသာ ရွေးရတာမို့ သူ့အတွက် ထူးခြားစေမယ့်အရာ မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဟိုင်း ...ဘယ်သူ၊ ဆိုပြီး သူ့နာမည်ထည့်ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို မေးမြန်းတာမျိုးလေးနဲ့ စတင်လိုက်ပါ။ ဒါဆို သူလည်း ပြန်ဖြေရ၊ ပြန်ပြောရ အဆင်ပြေသွားပြီပေါ့။


၂။  ကိုယ့်ဘက်က လမ်းခင်းဖို့လည်း မတွန့်ဆုတ်ပါနဲ့။


ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ငါနင့်ကို စိတ်ဝင်စားတယ်လို့ တန်းပြောဖို့ မလိုပေမယ့် တစ်ဖက်က ငါ့ကိုများ စိတ်ဝင်စားနေသလားဆိုတဲ့ အတွေးမျိုး သူတို့တွေးမိစေအောင်တော့ ကြိုးစားလို့ရပါတယ်။ ဒါကို သူက ယောင်္ကျားလေးမို့၊ သူက မိန်းကလေးမို့ အရင်စလုပ်ပါစေလို့ တွေးဖို့ မလိုအပ်တော့ပါဘူးတဲ့။


၃။ ဓာတ်ပုံတင်တဲ့အခါ စိတ်ဝင်စားစရာကောင်းအောင် ရွေးချယ်တင်ပါ။


လူမှုကွန်ယက်မှာ ဓာတ်ပုံတင်တဲ့အခါ selfie တွေချည်းတင်နေတဲ့မမတွေ၊ တစ်နေရာထဲမှာပဲ ပို့စ်မျိုးစုံနဲ့ ဓာတ်ပုံရိုက်တင်နေတဲ့ ကိုကိုတွေထက် တစ်ပုံဆိုရင်ဆိုသလောက် စိတ်ဝင်စားစရာကောင်းအောင် မတူညီကွဲပြားစွာ တင်တတ်တဲ့သူတွေကသာ တစ်ဖက်လူရဲ့ အာရုံစိုက်ခြင်းကို ခံရတာပါ။ ဒါ့ကြောင့် အလှဓာတ်ပုံတစ်ပုံပြီးရင်၊ နောက်တစ်ပုံက ကိုယ့်ရဲ့အလုပ်မှာ အလုပ်လုပ်နေတုန်း၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလုပ်နေတုန်း၊ ဒါမှမဟုတ် ခရီးထွက်နေတုန်းကပုံ၊ ရှုခင်းပုံ စသဖြင့် အပြောင်းအလဲလေးနဲ့ တင်တာမျိုး ဖြစ်သင့်ပါတယ်။

၎။  ကိုယ့်ရဲ့ပရိုဖိုင်းဟာ ထူးခြားနေပါစေ။


သင့်ကို စိတ်ဝင်စားနေတဲ့သူကတော့ သင့်ပရိုဖိုင်းထဲက သင့်အကြောင့်ကို ၀င်ဖတ်ကို ဖတ်မှာပါ။ အဲ့ဒီအထဲက သင့်အကြောင်း ရေးသားထားတဲ့ စာတွေဟာ ရယ်စရာဟာသဖြစ်နေမယ်၊ ရိုးစင်းလွန်းနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် ဒါပဲလား၊ ဒီလောက်ပဲလားဆိုတဲ့ အတွေးမျိုး ၀င်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထူးခြားအောင် နေပါ။ တစ်ခြားလူတွေနဲ့ ကွဲပြားနေပါစေ။


Ref:womenshealthmag.com

မေသော်
Trend Myanmar

2 Nov 2014

သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကား မိန့်ကြား



အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-
၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူ
ဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်
သည့် စကားများ


လူကြီးမင်းများခင်ဗျား၊
ကောင်းသောနံနက်ခင်းပါ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။


ဘာသာတရားစတင်ပေါ်ပေါက်
--------------------------------------
ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါ
တယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည်
ကြောက်စိတ်ကိုအခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကို
ကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီ
ခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစု
တို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆို
ရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို
သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့
တာဝန်ရှိပါတယ်။


ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ
---------------------------------------------------------------------
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်
စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာ
ကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်
လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်
လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်
အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်း
ဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေ
နှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊
ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်
နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က
ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိ
ခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။


လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ
----------------------------------------------
ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့
တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား
ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်
သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊
ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာ
ဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍
နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်
ရာ ဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-
kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ
လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။


မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး
ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော
ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်း
ဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည်
ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။


ကမ္ဘာ့ကြောက်စရာကောင်းသော ဘာသာတရားတစ်ခု ရှိနေ
-------------------------------------------------------------------------
Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ
ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်း
မစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်
နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစၥလာမ္ဘာသာ
ထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်
ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်
ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့
တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြ
ပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့
သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။


မွတ်စလင်နိုင်ငံထူထောင်ဖို့ ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ
------------------------------------------------------------------------
အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်
ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့
ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာ
နိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံ
တောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်
နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်
ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်
ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်
ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး
ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်
ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံ
ထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။


ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ
----------------------------------------------------
ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့
ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်
တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီးစည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာ
နဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်
ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။
ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေ
ခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့
တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြ
စရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယား
တပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။


အင်္ဂလိပ်တွေထားခဲ့ ဆိုးမွေ
----------------------------------
အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်
တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာ
ပါပဲ။ အဲဒီပြဿ နာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာ
လွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်
တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှ
ကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်
များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim
State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာ
ပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေ
တောင်းဖို့ ကြိုးစားနေကြပါတယ်။


ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်
--------------------------------------------------------------
ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့
အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ
ထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။
Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာ
ကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်း
အုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်
နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။


ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်
သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။


လူကြီးမင်းများခင်ဗျား ------------

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ
ဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေး
ရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ
ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲ
ပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်
ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿ နာတွေ ပြေလည်
မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။


သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿ နာများ
ကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာ
ရပ်ခံလိုပါတယ်။


နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရ
က စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်
နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က
ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြ
ရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင်ဝိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာ
ရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီး
ပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့
လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွား
စွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ
ကြီးကြီးထား၍ ဤဘာသာရေး ပြဿ နာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက်
ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။


ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာ

www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

30 Oct 2014

အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်




ရန်ကုန်၊ အောက်တိုဘာ ၂၈

လျှပ် စစ်အန္တရာယ် ကင်းရှင်းစေရေးအ တွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊သုံးစွဲခြင်းများကိုတိကျသည့် အရေး ယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။


အောက်တိုဘာ ၂၈ရက်တွင်ကျင်း ပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ကွာလတီမမီသော လျှပ်စစ်ပစ္စည်းများကို မည်သူများ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်သုံးစွဲခွင့် ပြုထားသည်ဟူသည့် မေးခွန်းနှင့်စပ် လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



လျှပ်စစ်အန္တရာယ် ဖြစ်ပွားရ ခြင်းအကြောင်းအရင်း လေးမျိုးရှိ ပြီး ဓာတ်အားလိုင်းများ နိမ့်ကျပြတ် ကျမှု၊ သုံးစွဲသူများ သွယ်တန်းထား သည့် လျှစ်စစ်ကြိုးများ ပေါက်ပြဲ ပြတ်ကျမှု၊ အရည်အသွေးနိမ့်သည့် ပစ္စည်းများ သုံးစွဲမှု၊ လျှစ်စစ်အန္တရာယ် ကင်းရှင်းရေး ကာကွယ်ရေးအသိမရှိ မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည် ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဒုတိ ယဝန်ကြီး ဦးမော်သာထွေးက ပြော သည်။
ယင်းက ဆက်လက်ပြီး''သွယ် တန်းထားတဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်း တွေဟာ ကာလကြာရင်လည်း လဲဖို့ လိုသလို ဈေးပေါပေါနဲ့ ဖြစ်သလိုလုပ် ထားတဲ့ ပစ္စည်းတွေဆိုရင်လည်း ဝင် ရောက်စိစစ်ခြင်းတွေလုပ်တာတွေ ကို လျှပ်စစ်ဥပဒေနဲ့အညီ လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်''ဟုဆိုသည်။



လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဆွေးမြေ့လျှပ်စစ်ဓာတ် ကြိုးများ၊ ဟောင်းနွမ်းဓာတ်တိုင်များ၊ အန္တရာယ်ရှိလျှစ်စစ် သွယ်တန်းမှုများ နဲ့ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်း ခြင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဝေဖန်ထောက်ပြမှုများကို အကြိမ် ကြိမ်တိုက်တွန်းဆောင်ရွက်ခဲ့မှု အပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ပြုပြင်ဆောင်ရွက်မှု ကတိ ကဝတ်များပြုခဲ့သော်လည်း လျှပ်စစ် ကြောင့်သေဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လွှတ်တော် အတွင်း ဝေဖန်ပြောကြားခဲ့သည်။


''ကွာလတီမမီတဲ့ ပစ္စည်းတွေ ကို ပြည်သူတွေက သုံးကြတယ်။ ဒီ ကွာလတီမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ဘယ်ကနေဘယ်လို ခွင့်ပြုချက် တွေနဲ့ တင်သွင်းဖို့ ခွင့်ပြုထားတာ လဲ။ ကွာလတီမီမမီကို တာဝန်ရှိတဲ့ သူတွေကနေ တိုင်းတာစစ်ဆေးရမှာ ဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်အတွင်း မေးခွန်းထုတ်ပြော ဆိုသည်။



ယင်းအပေါ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော် သာထွေးက ''လျှပ်စစ်ပစ္စည်းတွေတင် သွင်းတာ သုံးစွဲတာဟာဥပဒေနဲ့ဆိုင် ပါတယ်။ ဒါကြောင့် လျှပ်စစ်ဥပဒေ ကို လွှတ်တော်အသီးသီးက အတည်ပြု ပြဋ္ဌာန်းပြီး နိုင်ငံတော်က မကြာခင် ထုတ်ပြန်တော့ မှာဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် တိကျတဲ့ အရေးယူမှု လုပ်ဆောင်ချက်တွေကို အတိကျဆုံး ဆောင်ရွက်နိုင်မယ့် နည်းဥပဒေတွေ ပါ ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။
 
YM, MP

‪#‎Democracytoday‬

ထိုင်းနိုင်ငံမှ ကြက်နှင့်ကြက်ဥတင်သွင်းမှု မရပ်တန့်ပါက ဥပဒေအရ အရေးယူမည်



ထိုင်းနိုင်ငံအတွင်းမှ တ ရားမဝင်တင်သွင်းလာသည့် ကြက်နှင့် ကြက်ဥများကြောင့် မွန်ပြည်နယ်အ တွင်း ကူးစက်ရောဂါများ ဖြစ်ပွားနိုင် သည့်အတွက် အရေးယူဆောင်ရွက် မည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ သိရသည်။


၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီ ၂ရက် တွင် မွန်ပြည်နယ်အတွင်းရှိ ကြက်၊ ဘဲ အဝယ်ဒိုင်များကို ကြက်၊ ဘဲများတင်ပို့ ခြင်းမပြုရန် ခေါ်ယူသတိပေးခဲ့ကာ အောက်တိုဘာ ၁ဝရက်တွင် ဒုတိယ အကြိမ်အနေဖြင့် ကြက်ဥ၊ ဘဲဥဒိုင်များ ကို ထိုကဲ့သို့ တရားမဝင်တင်သွင်းခြင်း မပြုရန် ကုန်သည်များအား ရှင်းပြခဲ့ ကြောင်း သိရသည်။


အောက်တိုဘာ ၂၆ရက်တွင် တ တိယအကြိမ် ခေါ်ယူရှင်းပြပြီးနောက် တရားမဝင် ကြက်နှင့်ကြက်ဥတင်သွင်း နေခြင်းကို မရပ်တန့်ပါက တိရစ္ဆာန် များ စနစ်တကျ မွေးမြူရေးနှင့်ထိန်း ကျောင်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု မွန် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင် သန်းဦးက ပြောသည်။

''တတိယအကြိမ်ရှင်းပြပြီးတော့ မှ ဆက်တင်သွင်းခဲ့မယ်ဆိုရင်တော့ ပိတ်ဆို့ဖမ်းဆီးမှု ပြုလုပ်မှာဖြစ်တယ်။ ဒီလိုလုပ်ရင် ကုန်သည်တွေနစ်နာမှုရှိ လာမယ်။ တစ်ယောက်မှမနစ်နာခင် အခုလို ပညာပေးမှု၊ အသိပေးမှုတွေ လုပ်ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။


တရားမဝင် တင်သွင်းလာသော အသားစားကြက်နှင့် ကြက်ဥများသည် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ရောဂါ ပိုးများ ကူးစက်နိုင်ခြင်း၊ ပြည်တွင်းမှ ကြက်ပေါက်နှင့် ကြက်ဥဖြန့်ချိနေသည့် လုပ်ငန်းရှင်များကို ထိခိုက်နိုင်သည့် အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မွန်ပြည်နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


လက်ရှိတွင် မွန်ပြည်နယ်အတွင်း ၌ ကြက်အရောင်းအဝယ်ဒိုင် သုံးဒိုင်ရှိ ပြီး ဒေသတွင်း ကြက်မွေးမြူသူများ ရောင်းချသည့် ကြက်အသားဈေးမှာ ကျပ် ၃၂ဝဝပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံ မှတင်ပို့သည့် ကြက်အသားဈေးမှာ ကျပ် ၃ဝဝဝ ဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

#TheYangonTimes

တစ်စုံတစ်ယောက်



သင်မှာ သင့်ကိုနားလည်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို စိတ်ရှည်သည်းခံပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို စစ်မှန်စွာချစ်ခင်နိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ဂရုစိုက်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို အလေးထားပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ဂုဏ်ယူလေးစားနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို နေ့စဉ် ဖုန်းမခေါ် စာမပိုပဲ မနေနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ပေးထားတဲ့ အချိန်တွေမှာ မပျက်ကွက်နိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ဆုံးရှုံးသွားရမှာကို ကြောက်နေတဲ့ တစ်စုံတစ်ယောက်
အဲလို တစ်စုံတစ်ယောက်ရှိနေပါက သူကိုပြန်ချစ်ခင်လိုက်ပါ ။

အဲဒီ တစ်စုံတစ်ယောက်ရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ခွင့်ပြုဖိုရန်အတွက် နောင့်နေးမနေပါစေနဲ့ ။
အဲဒီ တစ်စုံတစ်ယောက်ကို အရေးမပါတဲ့ မတိုက်ဆိုင်မှု အနည်းငယ်ကြောင့် သင့်လက်မှ လက်လွတ်ဆုံးရှုံးမှု ဖြစ်သွားဖို ခွင့်မပြုလိုက်ပါနဲ့ ။

အကယ်၍ သင့်က တစ်စုံတစ်ခု မှားယွင်းစွာပြုလုပ်မိခဲ့ရင် ၀န်ခံပြီး ခွင့်လွတ်ပေးဖို အတွက် တောင်းပန်လိုက်ပါ ။

အဲဒီတစ်စုံတစ်ယောက်ကို နူးညံသိမ်မွေ့စွာ ဆုတ်ကိုင်ထားလိုက်ပါ ။
အဲဒီတစ်စုံတစ်ယောက်ကို နားပူနားဆာ ဒုက္ခပေးမယ့်အလုပ်မျိုးမလုပ်မိပါစေနဲ့ ။
အဲဒီတစ်စုံတစ်ယောက်ကို ယုံကြည်စွာ သစ္စာရှိလိုက်ပါ ။

Credit to: Original Writer

နည်းစနစ်ကျကျအတွေးအခေါ်

23 Oct 2014

နွေးထွေးသောနားလည်မှု


မိန်းမဖြစ်သူက မီးဖိုထဲ ထမင်းဟင်းချက်နေတယ်။ ယောက်ျားဖြစ်သူက ဧည့်ခန်းမှာ ကျွန်တော်နဲ့ စစ်တုရင် ကစားနေတယ်။

"ခဏဝင်လာခဲ့ပါ..." မိန်းမ လှမ်းအော်တယ်။ အသံကျယ်ပေမယ့် နွေးထွေးသိမ်မွေ့တယ်။
ယောက်ျား ချက်ချင်းထသွားတယ်။ မီးဖိုနဲ့ဧည့်ခန်းက ခြေလမ်းသုံးလေးလမ်းသာ လှမ်းရတယ်ဆိုပေမယ့် သူအပြေးလေးသွားတယ်။


မီးဖိုကထွက်လာတဲ့ ယောက်ျားရဲ့လက်ထဲမှာ ခရမ်းချဉ်သီးတစ်ခြမ်းပါလာတယ်။ ခရမ်းချဉ်သီးကို တစ်ကိုက်ကိုက်ရင်း "ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ" လို့ ကျွန်တော့်ကို သူမေးတယ်။
"မင်း ခရမ်းချဉ်သီး ကြိုက်တယ်လား?"
"သိပ်မကြိုက်ဘူး.." ခရမ်းချဉ်သီး တစ်ကိုက်ကိုက်ရင်း မီးဖိုဖက်ကြည့်ပြီး သူပြန်ဖြေတယ်။
"သူဘာလို့ မင်းကို ခေါ်တာလဲ? ပြီးတော့ ဘာလို့ ခရမ်းချဉ်သီးပေးလိုက်တာလဲ"
"ငါ ကြိုက်တယ်လို့ သူထင်လို့" သူက ဆက်ပြောတယ်။


"မင်္ဂလာဆောင်စက ငါတို့ အရမ်းကြပ်တည်းတယ်။ ငါကလည်း မလည်မဝယ်ဆိုတော့... အိမ်မှာ ဟင်းချက်တိုင်း သူက ငါ့ပါးစပ်ထဲ ခရမ်းချဉ်သီး တစ်ဖတ် ထိုးထိုးထည့်ပေးတတ်တယ်။ အဲဒီတုန်းက ခရမ်းချဉ်သီးကို ငါကြိုက်တယ်။ ဒါပေမယ့် ခု သိပ်မကြိုက်တော့ဘူး"
"မင်းမကြိုက်ကြောင်း သူ့ကို ဘာလို့ မပြောပြတာလဲ?"
"ဘာလို့ ပြောရမှာလဲ? တကယ်လို့ သူကျွေးတဲ့ ခရမ်းချဉ်သီးကို ငါမကြိုက်မှန်း သူသိသွားရင် သူစိတ်မချမ်းသာဖြစ်မှာပေါ့"
အဲဒီ စစ်တုရင်ကစားပွဲမှာ သူနိုင်သွားတယ်။ မီးဖိုဖက် သူလှည့်ပြီး အသံကျယ်ကြီးနဲ့ "မိန်းမရေ.. ငါ နိုင်ပြီဟ.. နင်ကျွေးတဲ့ ခရမ်းချဉ်သီးကိုစားပြီး ငါ အားတွေတိုးလာတယ်။ အတွေးတွေ သွက်လာတယ်" လို့ အော်ပြောတယ်။


အချစ်က လှစ်ဟပြသဖို့လိုတယ်။ လူနှစ်ယောက် ပေါင်းသင်းတာ ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ထုတ်ဖော်ပြသမှုတွေဟာ အသေးအမွှားကိစ္စတစ်ခုလိုဖြစ်ပြီး လျစ်လျူရှူမိတတ်တယ်။
ရေနွေးတစ်ခွက်ထည့်ပေးတာ၊ စောင်ခေါက်ပေးတာ၊ နောက်ပြောင်ကျီစယ်တာကအစ အစာတစ်ခု ပါးစပ်ထဲ ခွံ့ထည့်ပေးတာကအဆုံး ဒါဟာ အချစ်ရဲ့အရိပ်အယောင်ကို လှစ်ဟပြတာဖြစ်တယ်။ ဂရုစိုက်၊ အလေးထားတာကို ထုတ်ဖော်ပြတာဖြစ်တယ်။


ရေနွေးကအပူလောင်တတ်တယ်၊ စောင်က ခေါက်စရာမလိုဘဲ ခေါက်တယ်၊ နောက်ပြောင်တဲ့စကားတွေက နည်းနည်းကြမ်းတယ်၊ အစားက စားမကောင်းဘူးဆိုပေမယ့် မငြင်းဆန်လိုက်ပါနဲ့ ..... သင်ငြင်းဆန်တာဟာ အပြုအမူတစ်ခုကို ငြင်းဆန်တာမဟုတ်ဘဲ အချစ်တစ်ခု၊ ဂရုစိုက်မှုတစ်ခုကို ငြင်းဆန်တာ ဖြစ်သွားတတ် လို့ပါပဲ။


Credit to Original Writer
K.K(ကနောင်)

4 Oct 2014

လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား

Photo: လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား
Saturday, October 4, 2014
 
အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက  ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com
Trend Myanmar

အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com

Trend Myanmar

14 Sept 2014

ခင်ပွန်းရဲ့ မေတ္တာကို ထာဝရ ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်း (၇) သွယ်

 
လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေ၀ယ်ခဲ့တာတောင် မကြာခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။ သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။
 

ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့ လုပ်ဆောင်ရမယ့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
 
 
(၁) တကိုယ်ရည် သန့်ရှင်းမှု ရှိပါ
 

ခင်ပွန်းဆိုတာ မိသားစုဝင်တစ်ဦးအနေနဲ့ အတူနေထိုင်တာ ကြာလာတဲ့အခါ ကိုယ်က သိပ်ကြီး သန့်ရှင်းလှပနေဖို့မလိုပဲ ဘိုသီဘတ်သီဖြစ်နေရင်တောင် ချစ်မယ်လို့ ထင်တတ်ကြပါတယ်။ ရေမွှေးမသုံးပဲ အပြင်ထွက်ရင်လည်း ရတယ်လို့ထင်ကြပါတယ်။ တကယ်တော့ သူတို့က အချစ်မပျက်တာမှန်ပေမဲ့ ဆွဲဆောင်မှုမရှိတော့တာလည်း အမှန်ပါပဲ။
 

စတင်တွေ့ဆုံခဲ့ကြတုန်းက ဘယ်လိုဆွဲဆောင်ခဲ့လဲ မိမိကိုယ်ကို ပြန်ဆန်း စစ်ကြည့်နော်။ ရေမိုးချိုး ဂျီးပြောင်နေအောင် တွန်းပြီး ရေမွှေးတွေလည်း တအားဆွတ်ထားခဲ့တယ်မလား။ ကိုယ့်ခင်ပွန်းက ကိုယ့်ကို မြတ်နိုးလို့ တစ်သက်လုံးတူတူနေဖို့ထိတောင် ဆုံးဖြတ်ခဲ့တာ သူ့ကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်လေ။ ဒီတော့ ရေပုံမှန်ချိုး၊ သွားမှန်မှန်တိုက်ပြီး အမွှေးနံ့သာလေးသုံး ရေမွှေးလေး ဆွတ်ကြနော်။ ဒါလည်း ခင်ပွန်းရဲ့ ပိုက်ဆံနဲ့ ၀ယ်လို့ရတာပဲလေ။
 

ဒီလိုလုပ်ရင် ခင်ပွန်းရဲ့ ပိုမိုဂရုစိုက်မြတ်နိုးမှုကို ရလာရုံတင်မဟုတ်ပဲ မိမိကိုယ်ကိုလည်း ပိုမိုကျေနပ်ပျော်ရွှင်လာ မှာပါ။ သူများတွေက လှတယ်လို့ ချီးကျူးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပြီး ပျော်တာပဲ မလား။ မွှေးပျံ့ တဲ့ရနံ့ဟာ လူကို စိတ်ကြည်နူးစေလို့ ရေမွှေးလေးတွေ သုံးလိုက်ကြပါစို့နော်။
 
 (၂) လှလှလေး ၀တ်ပါ


တကယ်တမ်းဝန်ခံရရင် ကျမကိုယ်တိုင်လည်း ပွယောင်းယောင်းအ၀တ်အစား ကို ကြိုက်တာပေါ့။ သက်တောင့်သက်သာရှိတယ်လေ။ ဂါဝန်တိုကျပ် ကျပ်လေးနဲ့ ဒေါက်မြင့်ဖိနပ်အစား ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ချင်တာပေါ့။ ဒါပေမဲ့ ၀တုတ်တုတ်ပုံစံဖြစ်နေတာ သိပ်တော့မကောင်းဘူးလေ။ ခင်ပွန်းသည်က အဲဒီသဘာဝအလှလေးကို သဘောကျနေရင်တောင် အပြောင်းအလဲအဖြစ် လှလှပပလေးတော့ မြင်ချင်မှာပေါ့။ ရှင်တို့ရဲ့ အ၀တ်ဘီရိုထဲမှာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကိုယ်ကျပ်ဂါဝန်တစ် ထည်လောက် တော့ ရှိကိုရှိမှာပါ။ ပွဲရှိရှိ မရှိရှိ လှလှပပလေး
ခဏခဏတော့ ၀တ်ပေးပေါ့။ ခင်ပွန်းသည်က တအံ့တသြနဲ့ ကြည့်မ၀ဖြစ်နေရင် ရှင်လည်း ပျော်မှာပဲလေ။



(၃) နှုတ်ခမ်းနဲ့ မျက်လုံးကို ဂရုစိုက်ပါ


နှုတ်ခမ်းနီ သို့မဟုတ် နှုတ်ခမ်းဆီ တစ်ခုခု လက်ကိုင်အိတ်ထဲ အမြဲထည့်ထား ပါ။ Eye Liner လည်းမရှိမဖြစ် အိတ်ထဲတည့်ထားဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်အရေးပေါ်လိုမယ်မှန်း မသိနိုင်ဘူးလေ။ နှုတ်ခမ်းနီ၊ eyeliner နဲ့ မျက်တောင်ကော့ဆေးထည့်ထားတဲ့ အိတ်က အရေးအကြီးဆုံးလို့ မိန်းကလေးတော်တော်များများ ယူဆသင့်ပါတယ်။ နှုတ်ခမ်းလေး ရွှန်းစိုနေပြီး မျက်လုံးထင်းနေရင် တကယ့်ကို လှသွားနိုင်လို့ ပါးနီတွေ၊ မိတ်ကပ်တွေထက် ပိုအရေးကြီးပါတယ်။



(၄) ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းပါ


အလှပြင်ခန်းမကို သွားပြီး တကိုယ်လုံးပေါင်းတင်တာကို ခဏခဏလုပ်ရမယ် လို့ မဆိုလိုပါဘူး။ အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရမယ့်နည်းတွေရှိပါတယ်။ လက်သည်းခြေသည်းလေးတွေကို အမြဲဂရုစိုက်ပါ။ လက်သည်း ဆိုးဆေး ပျက်နေတာ၊ ဂျီးတွေဝင်နေတာဟာ အရမ်းကိုရုပ်ဆိုးပါတယ်။ လက်သည်းခြေ သည်းပြုပြင်ဖို့ အလှပြင်ဆိုင်သွားဖို့ မတတ်နိုင်ရင်တောင် ကိုယ့်ဘာသာ အိမ်မှာ လုပ်လို့ရပါတယ်။ အနီရောင်လက်သည်းနီဟာ ချစ်မေတ္တာကို ကိုယ်စားပြုလို့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။ ခြေထောက်ကိုလည်း အမွှေးရိပ်လိုက်ပါ။



(၅) အတင်းတိုက်တွန်းတာမျိုးကို ရှောင်ပါ


ပြောရတာထက် လုပ်ရတာ ပိုခက်တာ လူတိုင်းအသိပါ။ ဒီတော့ ရှင်ပြောတဲ့အရာကို ခင်ပွန်းက မလုပ်သေးရင် ဘာမှမပြောသေးပဲ ဘယ်လိုနူးညံ့စွာပြောနိုင်မလဲ အရင်စဉ်းစားပါ။ တကယ့်ကို အလုပ်ဖြစ်တဲ့နည်းလမ်းလေးပါ။ ယောက်ျားတွေဟာ အလိုဆန္ဒသိပ်မများပေမဲ့ ခဏခဏ နားပူအောင်ပြောတာမျိုးကိုတော့မခံနိုင်ကြပါဘူး။ ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ခင်ပွန်းကို အပြစ်တင်ဝေဖန်မှုတွေနဲ့ မဆက်ဆံသင့်ပါဘူး။



“ရန်ပဲဖြစ်ချင်နေတဲ့ ဇနီးတစ်ယောက်နဲ့ နေမယ့်အစား လမ်းဘေးမှာပဲနေတာ ပိုကောင်းတယ်” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ခင်ပွန်းကို အတင်း ထိန်းချုပ် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ပြောင်းလဲစေချင်တာဟာ ဘ၀ကို ပိုကောင်းစေချင်လို့ဖြစ်ကြောင်း အေးအေးဆေးဆေးပြောပြ နိုင်ရင်တော့ ကောင်းပါတယ်။ အတင်းတိုက်တွန်းရုံနဲ့ မပြောင်းလဲနိုင်သလို ပြောင်းလဲခဲ့ရင်လည်း ခဏပါပဲ။ အေးဆေးနူးညံ့တဲ့ ဇနီးကောင်းမှသာ ခင်ပွန်းကို ပြောင်းလဲကောင်းမွန်လာစေတာပါ။



(၆)မိမိကိုယ်ကို ယုံကြည်မှုရှိပါ


မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အလှဆုံးပဲလို့ပြောလေ့ရှိကြပါတယ်။ တကယ်လည်းအမှန်ပါပဲ။ ကိုယ့်ခင်ပွန်းတောင်မှ ကိုယ့်ရဲ့ ယုံကြည်မှုပြည့်ဝခြင်း ကို သတိပြုမိတတ်ပြီး အိမ်ထောင်ရေး အတွက် လက်တွဲညီသူအဖြစ် ယုံကြည်လာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ရော ခင်ပွန်းကိုပါ ယုံကြည်မှုအပြည့် ထားပါ။ သံသယ၀င်တိုင်း မစွပ်စွဲသင့်ပါဘူး။ ရှင့်ကို ယုံပါတယ်လို့ လွယ်လွယ် လေးပြောလိုက်ရုံနဲ့ ရှင့်ခင်ပွန်းသည်က တကယ်ကို ၀မ်းသာကျေနပ်မှာပါ။ ခင်ပွန်းသည်အကြောင်း ကို သူငယ်ချင်းတွေဆီ မကောင်းမပြောပါနဲ့။ ရှင်က စိတ်ဆိုးတုန်းပြောမိတာဆိုရင်တောင် ရှင့်မိတ်ဆွေတွေက သူ့ကို မကောင်းသူအဖြစ်ပဲမြင်ကြတော့မှာပါ။



ခင်ပွန်းသည်ကို လိုလိုလားလား လက်ထပ်ခဲ့ပြီးမှ တစ်လှေတည်းစီး မိသားစုဝင် အချင်းချင်း မကောင်းပြောတာဟာ သိပ်ကို ၀မ်းနည်းစရာအဖြစ်ပါ။ ယုံကြည်လို့ပဲ လက်ထပ်ခဲ့တာမဟုတ်လား။ သူရဲ့ နဂိုအားနည်းချက်တွေကို အပြစ်တင်ရင်း သူ့ကိုယ်သူ ယုံကြည်မှုမဲ့အောင် မလုပ်ပါနဲ့။ သူလုပ်သမျှ မကောင်းဘူးလို့ဝေဖန်တာ၊ တခြားမိန်းမတွေကို ကြည့်လို့ စိတ်ဆိုးတာတွေဟာ ရှင့်ဘာသာ ယုံကြည်မှုမရှိလို့ဖြစ်ရတာပါ။ ရှင်ကိုယ်တိုင် သူ့အပေါ်ယုံကြည်မှုရှိမှ သူ့မေတ္တာကို ရဖို့ တကယ်သေချာနိုင်မှာပါ။



(၇) နှစ်ကိုယ်တူ ကြည်နူးဖွယ်ကာလတွေ ဖန်တီးပါ


ခင်ပွန်းနဲ့ ဇနီး ခပ်စိမ်းစိမ်းဖြစ်နေရင်တော့ အိမ်ထောင်ရေးမသာယာနိုင်ပါဘူး။ မိန်းမတွေဟာ ယောက်ျားတွေထက် အာရုံပိုများလို့ ခင်ပွန်းအပေါ် ဂရုစိုက်မှုလျော့နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ခင်ပွန်းသည်က တခြားမိန်းမဆီ စိတ်ယိုင်သွားရင်တော့ သူ့ကိုချည်းပဲ အပြစ်တင်ရုံနဲ့ မပြီးတော့ပါဘူး။ ဒီတော့ ခင်ပွန်းရဲ့ ယုယမှုကို ခံယူရင်း သူ့ကိုလည်း ပြန်လည်ယုယဖို့ အချိန်တစ်ခု ရအောင်ဖန်တီးပါ။
လူတိုင်းဟာ အလုပ်များပြီး ပင်ပန်းနွန်းနယ်ကြတာ အမှန်ဆိုပေမဲ့ ဒီအတွက်နဲ့တော့ ချစ်ခင်ကြင်နာ ဖို့ ပျက်ကွက်လို့ မဖြစ်ပါဘူး။ ဒါဟာ သိပ်ကို ဆိုးဝါးတဲ့ ဆင်ခြေပေးမှုပါ။ ခင်ပွန်းသည်က ချစ်မေတ္တာ လိုအပ်နေချိန် လျစ်လျူရှုတာဟာ တကိုယ်ကောင်းဆန်ခြင်းတစ်မျိုးပါပဲ။ သူ့ကို ရှင့်အနားမှာနေရင်း အိမ်အလုပ်တွေ ကူစေချင်ရင်တော့ သူ့ကို ကြင်နာပေးရမှာဖြစ်ပါတယ်။



အနှစ်ချုပ်ပြောရရင်တော့ တခြားအရာတွေထက် ရှင့်ရဲ့အိမ်ထောင်ရေးက ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးအဆင်မပြေရင် ကွဲကွာကြရင်တော့ အရာအားလုံး တစစီပြိုကွဲတတ်လို့ပါပဲ။ ကလေးတွေရှိနေရင်တောင် နှစ်ယောက်တည်းနေဖို့ အချိန်ကို ဖန်တီးပါ။ ချစ်ချစ်ခင်ခင်နဲ့ ၀ါသနာပါရာ တစ်ခုခု( သီချင်းဆို၊ ပန်းချီဆွဲ စသည်) ကို အတူတူ လုပ်ဆောင်ရင်း အချိန်ကုန်ဆုံးပါ။



ကိုယ့်ခင်ပွန်းကို တကယ်နှစ်သက်လို့ အိမ်ထောင်တစ်ခုပြုခဲ့ပြီးမှ သဘောထားကွဲလွဲတာ နားလည်မှုတွေ ညှိနိုင်းရခက်တာလောက်နဲ့ အနေဝေးကာ စိမ်းမသွားပဲ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ လှလှပပပြင်ဆင်ပြီး ချစ်စဖွယ်ကောင်းတဲ့ ဇနီးကောင်းလေးတွေ ဖြစ်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။
 


စုစည်းတင်ပြသူ – Win Pa Pa San


4 Sept 2014

အိမ်ထောက်ဘက်နေ့နံများ


အိမ်ထောက်ဘက်နေ့နံများ

 
ဦး သာ စိန် ပန်း ဒန်းလှကိုရှာ
ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်
ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်`

အိမ်ထောက်ရန်ဖက်
ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ
ဓ မ္မာ - စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က - သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်
အောင်ပ ကုလား ဆွေသား နောင်ရင်း
အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်
ဦးညို ခေမာ သုတ ဝေရီ
ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ - ကြေးနီး
တနင်္လာ - ပတ္တမြား
အင်္ဂါ - ရွှေ
ဗုဒ္ဓဟူုး - ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ ပုလဲ
စနေ သံ

ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ - တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် - ကဆုန်လမှာ စနေ - ကြာသပတေး
နယုန်ညွန့်စ - နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို - ၀ါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် - ၀ါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း - တော်သလင်းလတွင် ကြာသပတေး- စနေ သီတင်းကျွတ် ဆီ - သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း - တန်ဆောင်မုန်းလတွင် သောကြာ - ရာဟု
ချမ်းတုန် နတ်တော် နတ်တော်လတွင် တနင်္လာ - စနေ မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် အင်္ဂါ - ကြာသပတေး
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ - ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မလျော မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)

ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)

နယုန် ၀ါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)

ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ)
မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဲဂြိုလ်နေ ဂြိုလ်သက်များ
================
တနင်္ဂနွေ ဂြိုလ်သက် - ၆နှစ်
တနင်္လာ ဂြိုလ်သက် - ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် - ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် - ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် - ၁၉နှစ်
သောကြာ ဂြိုလ်သက် - ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် - ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ န၀င်းလို့ခေါ်ကြလေသည်။
 

27 Aug 2014

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ကားမီးရှို့မှုကျူးလွန်ဟုဆို


ရန်ကုန် သြဂုတ် ၂၆
မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော Keleta Sawit တွင် ယနေ့နံနက်ပိုင်းက မြန်မာ အလုပ်သမား များသည် မော်တော် ကားတစ်စီးကို မီးရှို့မှုကျူးလွန်ခဲ့ပြီး ၄င်းတို့ အလုပ်လုပ်သော စက်ရုံတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း New Straits Times သတင်းစာက ဖော်ပြ သည်။


 မြန်မာ အလုပ်သမား များသည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂ဝမိနစ်တွင် စီမံခန့်ခွဲမှုဆိုင်ရာ နားလည်မှုလွဲမှားခြင်းကြောင့် အလုပ် သမားအုပ်စုများကြားတွင်အဓိကရုဏ်းများစတင်ဖြစ်ပွားခဲ့သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာများတွင်ဖော်ပြသည်။


ပဋိပက္ခ စတင်ဖြစ်ပွား ပြီး နောက် မြန်မာအလုပ်သမားများသည် စက်ရုံအတွင်း၌ရပ်ထားသော မော်တော်ကားတစ်စီးကိုမီးရှို့ခဲ့ခြင်းကြောင့် အဆိုပါ မော်တော်ကားမှာ ပျက်စီးသွားခဲ့ပြီး စက်ရုံရှေ့ပိုင်းရှိနေရာအချို့ကို မီးစွဲလောင်ခဲ့ခြင်းကြောင့် ဒေသခံမီးသတ်တပ်ဖွဲ့မှလာရောက်
မီးငြှိမ်းသတ်ခဲ့ရသည်ဟုသိရသည်။


 ဒေသခံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၈မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စက်ရုံရှေ့ပိုင်းရှိနေရာ အချို့ ပျက်စီးသွားခဲ့သည်ဟုသိရသည်။ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုဖော်ပြသည်။

ပြည့်ဖြိုးနိုင်
The Union Daily

20 Aug 2014

ချစ်သူနှစ်ဦးအကြား ကြာရှည်ချင်ရင်...


ချစ်သူနှစ်ဦးအကြား ကြာရှည်ချင်ရင်...

တစ်ယောက်မှားနေရင် တစ်ယောက်ကထောက်ပြပေး
ပါ...


ပြသနာအသေးမွှားလေးတွေကို သဲသဲလှုပ်မဖြစ်ပဲ
လစ်လျှူရူထားပေးပါလိုက်ပါ...


နားလည်မှုအလွဲလေးတွေနဲ့ဘယ်လိုမျိုးစိတ်ဆိုး
နေကြပါစေ ပြန်အဆင်ပြေမဲ့နည်းလမ်းလေးတွေ
ရှာပါ...


တစ်ယောက်ရဲ့အခက်ခဲကိုတစ်ယောက်ကကူညီ
ဖြေရှင်းပေးပါ...


တစ်ယောက်နဲ့တစ်ယောက်ဘယ်အရာကိုပဲဖြစ်ဖြစ်
ဖုံးကွယ်မထားပဲ ပွင့်လင်းမှုရှိပါစေ...


အကြောင်းမျိုးမျိုးကြောင့်ကွဲကွာနေတာပဲဖြစ်ဖြစ်
သစ္စာရှိပေးပြီး ရိုးသားပေးပါ...


တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်ကဘယ်လောက်
အထိအရေးပါသလဲဆိုတာကို သိနိုင်ပါစေ...


လက်ရှိပိုင်ဆိုင်ထားရတဲ့အချစ်ကို တန်းဖိုးထားပေးပါ
မသေချာတဲ့အရာကို စိတ်မကူးမိပါစေနဲ့...


တစ်ယောက်ရဲ့အတိတ်တွေကိုတတ်နိုင်သလောက်
မေ့ထားပြီး အခုပစ္စုပ္ပန်မှာအဆင်ပြေအောင်ကြိုးစား
ပြီး အနာဂတ်အတွက်ပြင်ဆင်ပါ...


ကိုယ့်ကိုတကယ်ချစ်ပြီး နာလည်ပေးနိုင်တဲ့သူမျိုးကို
တွေ့တဲ့အခါ ထာဝရပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားပါ...
သူမရှိတော့တဲ့အခါ ကိုယ့်ဘဝတွက်အရာအားလုံး
အဓိပ္ပာယ်မဲ့သွားသလိုဖြစ်နေတတ်လို့ပါပဲ...

Phoe Phyu
Poem

19 Aug 2014

ချစ်ခြင်းမေတ္တာဆိုတာ


ချစ်ခြင်းမေတ္တာဆိုတာ

ဝေးနေ ၊ နီးနေခြင်းနဲ့ မဆိုင်ပါဘူး။
ဘယ်လောက်ပဲဝေးနေဝေးနေ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိနေမယ်
ကြင်နာနေမယ် ၊ နွေးထွေးနေမယ်ဆိုရင် သက်ဆုံးတိုင်ဘ၀ကို လျှောက်လှမ်းသွားလို့ရပါတယ်။

အခုခတ်က အင်တာနက်ခတ်လေ
နိုင်ငံတွေ ဝေးကွာနေတဲ့ သူတွေတောင် နေ့တိုင်းမြင်တွေ့ နေနိုင် ၊ အသံလေးတွေ ကြားသိနေနိုင်နေတာပဲလေ။

ဖုန်းဆက်တဲ့အခါ ကြင်နာစွာ ပြောဆိုပါ၊ နွေးထွေးစွာ ပြောဆိုပါ။ စိတ်ဆိုးစေမဲ့ စကားလုံးတွေကို ရှောင်ကျဉ်ပါ၊ သံသယကို အဝေးမှာထားပါ။

ကိုနဲ့အတူတူမရှိတာတောင်မှ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အနေအထားလေးကို သူသိအောင် ပြောပြပါ။ (ဥပမာ- နေတဲ့ အခန်းလေးက ဘယ်လို၊ သွားရတဲ့လမ်းလေးက ဘယ်လို ၊ ပေါင်းသင်းရတဲ့ သူတွေက ဘယ်လို) ဆိုတာလးကို ပြောပြပေးပါ။

အဲ့လိုပြောပြတဲ့ အခါ နှစ်ယောက်အတူတူ ရှိနေသလိုခံစားရတာပေါ့နော်။

ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုလေးတွေ ၊ သူ့ကို ဘယ်လောက်လွမ်းတယ်၊ သူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာလေးတွေပဲပြောကြမယ်ဆိုရင်

ဝေးကွာနေပေမယ့် မနွေးထွေးတဲ့ စုံတွဲတွေ ဘယ်မှာလာရှိနိုင်တော့မှာလဲ၊၊
 

17 Aug 2014

ယောက်ျားပီသကြပါစေ.......

 
ဆူးပေါ်ဖက်ကျလဲဖက်ပေါက်တယ်.. ဖက်ပေါ်ဆူးကျလဲဖက်ပေါက်တာပါပဲ..
မိန်းခလေးတစ်ယောက်ရည်းစားထားတယ်ဆိုတာ.. ဘ၀နဲ့ရင်းရတဲ့တိုက်ပွဲတစ်ခု .. ပန်းတစ်ပွင့်ဟာ မိခင်ပင်ရင်းရင်ခွင်က ဝေးကွာသွားတာနဲ့ညိုးနွမ်းရမှာအသေအချာပါ.. မြတ်နိုးတယ်ယူဆပြီး.. အခူးခံပန်းတစ်ပွင့်ကခူးယူသူကိုပဲပန်စေချင်ကြတာပါပဲ.. ဒီလိုပဲ.. ကိုယ့်ကိုချစ်လာတဲ့ယောက်ျားတစ်ယောက်
လက်ထဲမှာဘ၀ကိုရင်းပေးခဲ့တဲ့မိန်းမတစ်ယောက်ဟာ.. ထိုသူကိုပဲတစ်သတ်လုံး
လက်တွဲသွားချင်တာဟာ.. မိန်းမတိုင်းအမြဲမက်တဲ့အိမ်မက်တစ်ခုပါ..
 

အပျိုစင်ဘ၀ဆိုတာ.. မိန်းခလေးတစ်ယောက်အတွက်.. အသက်ထက်တောင်တန်ဖိုးရှိ့ပါတယ်တဲ့.. ဒါကြောင့်.. ယောက်ျားတစ်ယောက်ရဲ့ခံယူချက်နဲ့စိတ်ဓာတ်ရှိ့မယ်ဆိုရင်.. မိမိချစ်သူရဲ့အပျိုစင်ဘ၀ကို.. တန်ဖိုးထားပေးပါ..အသစ်ပြန်ပွင့်ဖူးနိုင်တဲ့ပန်းတစ်ပွင့်မဟုတ်လို့.. ဘယ်တော့မှခူးယူဖို့
မကျိုးစားမိပါစေနဲ့.. ခူးယူလိုက်ပီဆိုတည်းကညိုးနွမ်းသွားမှာအသေအချာပါပဲ..

 
ခူးယူမိခဲ့ရင်လဲ.. မလွင့်ပစ်ပါနဲ့.. ညိုးညိုးနွမ်းနွမ်း.. ဆွေးမြေ့မြေကျသွားသိတိုင်..တန်ဖိုးထားပါ.. မိန်းခလေးတစ်ယောက်က သူရဲ့အပျိုစင်ဘ၀ကိုပေးတယ်ဆိုတည်းကသူဘ၀တစ်လျှောက်လုံးစာကို မိမိအတွက်စတေးလိုက်ခြင်းပါပဲ..အပျိုစင်တစ်ယောက်ဟာ အအိုဖြစ်သွားဖို့ဆိုတာ.. မိနစ်ပိုင်းပဲကြာပေမယ့်..အအိုတစ်ယောက်ကအပျိုစင်ပြန်ဖြစ်ချင်တယ်ဆိုရင်တော့..
ရွှေငွေပုံပေးလဲမရနိုင်တော့ပါဘူး.. အခုခောတ်မှာ ဆယ်ခြောက်..ဆယ့်ခုနှစ်လောက်ထဲက.. ရည်းစားထားနေကြပီ.. ခောတ်စနစ်ရဲ့တိုက်စားမှု့ကြောင့်Living together တွေဖြစ်ကုန်ကြပီ.. မဖြစ်သင့်ပေမယ့်.. တားဆီးလို့မရတဲ့အပူချိန်လို အမြဲတမ်းမြင့်တတ်နေတာပါ..
အခုခောတ်ယောက်ျားတွေ.. အရွှယ်ရောက်တာနဲ့စမ်းသပ်ချင်ကြတယ်..စူးဆန်းချင်ကြတယ်.. မိမိတို့ရဲ့လက်တည့်စမ်းချင်တဲ့စိတ်ကူးက..တစ်ဖက်သားသူ ဘ၀နဲ့ရင်းရတာကို သတိပြုဆင်ခြင်ပါ..
"ဒီဆော်.. ငါမလုပ်ရင်သူများလုပ်မှာပဲ..သူများသားသမီး..မဖျက်ဆီးနဲ့ပြောတဲ့အခါမျိုးမှာတောင်..
မင်းကသူများသားသမီးမဖျက်စီးရင်..ကိုယ့်သားသမီးဖျက်စီးမှာလားဆိုတဲ့..တိရိစ္ဆာန်လိုလူစားတွေလဲရှိ့နေပါသေးတယ်.."

 
ဒီလိုအောက်တန်းကျတဲ့စိတ်ဓာတ်ရှိ့တဲ့လူတွေကိုကြားလဲကြားဖူးတယ်..လက်တွေ့လူ့ပတ်ဝန်းကျင်မှာမြင်လဲမြင်နေရပါတယ်.. မိမိမှာဒီလိုစိတ်ဓာတ်..မျိုးရှိ့နေခဲ့ရင် အခုချိန်ထဲက မိမိစိတ်ဓာတ်ကိုပြုပြင်ပါ..
အချိန်မှီမပြုပြင်သေးရင်.. ယောက်ျားပီသတဲ့စိတ်ဓာတ်ဖြစ်ဖို့နေနေသာသာတိရိစ္ဆာန်ထက်အောက်တန်းကျတဲ့အရာဖြစ်နေပီဆိုတာ.. သဘောပေါက်ပါ..
အခြေအနေတစ်ခုကြောင့်မှားယွင်းခဲ့ရင်လဲ..အမှားကိုတာဝန်ယူစိတ်ထားပါ..မိမိကိုကိုလူတစ်ယောက်လို့ယူဆရင်..
ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်လို့ယူဆရင်.. ကိုယ့်အမှားကိုတာဝန်ယူရဲရမှာပေါ့.. ဒါကြောင့်..
ညီမငယ်တို့လဲ..မိမိအပျိုစင်ဘ၀ကိုတန်ဖိုးထားပါ..သေလောက်အောင်ချစ်နေပါစေ.. တောင်းဆိုလာခဲ့ရင်လဲ..

 
အပျိုစင်ဘ၀ကိုတန်ဖိုးထားပါ.. ချစ်သူကိုဖျောင်းဖျပါ..မရဘူးဆိုရင်တော့.. ချက်ချင်းသာလမ်းခွဲလိုက်ပါတော့..
ဒီတစ်ချက်ထဲနဲ့.. မိမိကိုတစ်ကယ်ချစ်တာမဟုတ်ဖူးဆိုတာသေချာနေပီပဲ..
အရွယ်ရောက်စ ညီငယ်တို့ကိုပြောပြချင်တာက..စိတ်အလိုကိုလိုက်ပြီး.. လက်တည့်မစမ်းကြပါနဲ့..
သူများမြှောက်ပေးတိုင်းလဲ မလုပ်ကြပါနဲ့..မြှောက်ပေးသူနဲ့တွေ့ခဲ့ရင်လဲ နောက်နောင်
အပေါင်းအသင်းမလုပ်ပါနဲ့.. ထိုသူဟာ.. တိရိစ္ဆာန်ထက်တောင်.. အောက်တန်းကျတဲ့လူမျိုးဆိုတာ
သေချာနေပါပီ.. ဘ၀မှာမိမိပြုတဲ့အမှားကိုမိမိတာဝန်ယူရဲတဲ့ယောက်ျားပီသတဲ့.. လူတော်လူကောင်းများဖြစ်နိုင်ကြပါစေ..

(ဒီဆောင်းပါးကို Share ပေးပါ.. သင်ရဲ့တစ်ခါ Share လုပ်ကူညီခြင်းဟာ.. လူငယ်တစ်ယောက်ကနေ.. များစွာအထိ..ယောက်ျားပီသတဲ့စိတ်ဓာတ်နဲ့အသိရရှိ့လာနိုင်ပါတယ်...
မိန်းခလေး.. တစ်ယောက်ကနေ.. များစွာရဲ့အရှက်ကိုကာကွယ်နိုင်ပြီး..
အနာဂတ်.. မိခင်လောင်း.. ဖခင်လောင်းတွေ.. များပြားလာနိုင်မှာပါ.. )


ခောတ်သစ် မောင်ပေါ်ဦး
ပြန်လည်မျှဝေပေးပါတယ်
 

4 Aug 2014

အသည်း ကွဲတယ်ဆိုတာ တကယ်ရှိလို့ လား

 
အခုခေတ် ကလေးတွေက လူကြီးအဖြစ် မြန်ကြပါတယ်၊ အတတ် မြန်ကြ ပါတယ်။ ဒါ ဘာကြောင့်လဲ ဆိုရင် မိခင် ၀မ်းတွင်း ပဋိသန္ဓေ တည်ကတည်းက ကိုယ်ဝန်ဆောင် မိ ခင် နှင့် ကလေးအတွက် အားတိုး ဆေးများ၏ သက်ရောက်မှုများ၊ ခေတ်ကာလရေ စီးကြောင်း၏ စေ့ဆော်မှုများ၊ အင်တာနက် ကို မှားယွင်းစွာ အသုံးချမှု၏ ဘေးထွက် ဆိုးကျိုး များကြောင့် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲ တော်တော်များမှာ မူလတန်း ကျောင်းသား ကျောင်းသူ ဘ၀ကတည်းက အချစ်ကို အမြုတေလာတဲ့ ဇာတ်လမ်း များကလည်း အတုမြင် အတတ် သင်ရာရောက် လို့ နေပြန်ပါတယ်။ 
 

နှလုံးသားရှိသူ လူသားတိုင်း မည်သူမျှ သင်မပေး ပါဘဲလျက် သူ့ အလိုလို (က) အလွန်တရာ နက်ရှိုင်းတဲ့ ၅၂၈ ချစ်ခြင်းဖွဲ့ မေတ္တာကို ခံစားတတ် ကြသလို၊ (ခ) အလွန်တရာ သိမ်မွေ့ နက်နဲပြီး အနုပညာဆန်တဲ့ ၁၅၀၀ အချစ်ကို ခံစားတတ် ကြပါတယ်။ အဖိုးအဖွားတို့  ခေတ်က “ ပညာစုံမှ ကြင်ရာရှာ” ကြပါတယ် တဲ့။ အဖေအမေ တို့ ခေတ်မှာလည်း “ ဆယ်တန်း မအောင်သေး မချင်း စိတ်မကစားရ ” လို့  ပညတ်ခဲ့ ကြပါတယ်။ ခုခေတ်မှာတော့ အလယ်တန်း ကျောင်းသား ကျောင်းသူ အရွယ်ကတည်းက အချစ် အကြောင်းကို စာဖွဲ့ တတ်ကြပါပြီ။
 

“ ရတာမလို၊ လိုတာမရ ” တဲ့အခါ၊ အချစ်ကြောင့် မျက်ရည်ကျ အအိပ်ပျက် အစားပျက် ဖြစ်ရပြီး၊ ကျောင်းနေ ရွယ်များအတွက် ပညာရေး ထိခိုက်နိုင်သလို၊ တချို့  မိုက်ရူး ရဲဆန်သူ ဆယ်ကျော်သက် များ ကလည်း အရွဲ့ တိုက်ကာ လမ်းမှားရောက်ခြင်း၊ ဒေါသ တဏှာစိတ် မထိန်းနိုင်တော့ဘဲ တရားဥပဒေ ဘာင်ကျော်၍ ခြေလွန်လက် လွန်မိခြင်းတွေ ဖြစ်တတ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ချစ်သူကို အရွဲ့ တိုက်၍ ကားရှေ့ ဖြတ်ပြေးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား တစ်ဦးရဲ့  အဖြစ်ကတော့ နိုင်ငံတော်အတွက် အနာဂတ် လူငယ်တစ်ယောက် ဆုံးရှုံးရသလို၊ ကျန်ရစ်သူ မိသားစု အတွက် ၀မ်းနည်းကြေကွဲ အရှက်ရစေတဲ့အပြင်၊ ဗုဒ္ဓဘာသာအရ အဖန်ငါးရာ ငါးကမ္ဘာမို့  သံသရာ အတွက် ရင်လေးစရာ ပါဘဲ။ 
 

ချစ်ခင်စုံမက်၍ အိမ်ထောင်ပြုကြပြီးမှ တစ်ဦးတစ်ယောက် သစ္စာဖောက်၍ သော်လည်းကောင်း၊ အချို့  ချစ်သူ စုံတွဲများ မှာလည်း တစ်ဦးဦးက သစ္စာဖောက်ခြင်း၊ နားလည် မှုလွဲမှားခြင်း၊ ချစ်သူက မိမိကွယ်ရာ တခြားသူ တစ်ယောက်နှင့် ချစ်ကြိုးသွယ် (living together) နေခြင်း စတဲ့ သစ္စာပျက်ယွင်းမှုကို ကြုံတွေ့ ရတဲ့အခါ မျှော်လင့်ချက် ကြီြး ကီးဖြင့်  အချစ်ကြီး ချစ်လာမိသူခမျာမှာ သည်းခြေပျက်မတတ် ခံစားကြပါ တယ်။ ဒါကို “အသည်းကွဲတယ်” လို့ တင်စား သုံးနှုန်းကြပါတယ်။ 
 

နှလုံးသားရှိသူ လူသားပေမို့  အချစ်ကိုခံစားတတ်တာ မဆန်းပါ။ သို့ သော် ကိုယ်စိတ်နှလုံး ချွတ်ချုံကျ လောက်အောင် ခံစားမိတဲ့အခါ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်စေတာကြောင့် အောက်ပါ နည်းနာများကို ဖတ်ရှု၍ မိမိကိုယ်ကို ဆင်ခြင် သုံးသပ်စေ လိုပါတယ်။
 

(၁) ချစ်သူကို ဘယ်သော အခါမျှ “ကိုယ့်လူ” လို့ ၁၀၀ ရာခိုင်နှုန်း မမှတ်ယူထား သင့်ပါဘူး။ မမျှော်လင့်တဲ့ အချိန်မှာ မထင်မှတ်တဲ့ သတင်း “သူ့ လူ” လို့ ကြားလိုက် ရတဲ့အခါ၊ အင်မတန်မှကြေကွဲ ၀မ်းနည်းရတတ် လို့ ပါ။
 

(၂) ချစ်သူကို သံသယနဲ့ ချစ်ဘို့ ဆိုလိုတာမဟုတ်ပါ။ သတိလေး နဲ့ ချစ်ဘို့ အသိပေးခြင်းဖြစ်ပါတယ်။

(၃) သူတကယ်ဘဲ “ကိုယ့်လူ” မဖြစ်နိုင်တာ သေချာ သွားရင်တော့ ကြည်ဖြူ စွာ သွားခွင့်ပြု လိုက်ပါတော့။ အတင်းဖမ်း ဆွဲဆုပ်ကိုင်ထားရင် ၂-ဦး ၂-ဖက်စလုံး စိတ်ပင်ပန်း မွန်းကျပ်နေတော့ မှာပါ။
 

(၄) ဒေါသစိတ်တွေ နဲ့ စကားနာတွေထိုး မနေပါနဲ့ ။ ဒေါသပြယ်သွားတဲ့တနေ့ မှာ ကိုယ်ပြောခဲ့တဲ့ စကားတွေ အတွက်နောင်တ ရမဆုံး ဖြစ်ပါလေရော။ 
 

(၅) နှလုံးသားရှိသူ လူသားတိုင်းအတွက် အချစ်ဆိုတာ မရှိမဖြစ် အရာဆိုပေမယ့် ဘ၀ရပ်တည်မှုတွေ ဖြစ်တဲ့ ဥပမာ (စားဝတ်နေရေး/ မိသားစုရေး/ လူမျိုးဘာ သာရေး/ တိုင်ပြည်ရေး) နဲ့  ယှဉ်လာရင်တော့ အသည်းကွဲတယ် ဆိုတာ ခံစားမှု သက်သက် ကလေး မျှသာပါ။
 

(၆) ချစ်တော့ချစ်ပါ၊ အရမ်း မယုံမိပါစေနဲ့ ။ ချစ်သူက သစ္စာဖောက်ခဲ့ရင်၊ သိပ်ကြီး ပူဆွေး မနေပါနဲ့ ။ လူဦးရေ သန်းပေါင်း များစွာရှိတဲ့ ဒီကမ္ဘာပေါ်မှာ ကိုယ့်လိုအသည်း ကွဲဖူးတဲ့ သူတွေ ဒုနဲ့ ဒေးပါ။ အား မငယ်ပါနဲ့ ။ မိမိ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း လုပ်စရာတွေ အများကြီးပါ။
 

(၇) လူ့ ဘ၀ ရခဲတဲ့ ခဏတာမှာ၊ တစ်ဦးတစ်ယောက် ရဲ့  လောင်းရိပ်အောက် မှာ ကိုယ်စိတ် ၂-ပါး အညှိုး မခံသင့်ပါဘူး။ မိမိရဲ့ ကိုယ် မိမိရဲ့ စိတ်ကို မိမိသာ ပိုင်ပါတယ်။ 
 

(၈) အသိစိတ်က မည်သို့ ပင် ဖြေဖျောက် ထားသော်လည်း၊ မသိစိတ်က မေ့ပျောက်မရ ဖြစ်တတ်တာက “အချစ်” ပါ။ ဇွတ်တင်း မုန်းမေ့နိုင်အောင် ကြိုးစားနေရတာ ကလည်း လူကိုပို၍ ပင်ပန်း ခက်ခဲလှပါတယ်။ အဲဒီအခါ တရားဓမ္မကို နှလုံးသွင်းခြင်း၊ အဓိဌာန်ပုတီးစိပ်ခြင်း၊ အသိပညာ အတတ်ပညာ သင်တန်း တစ်ခုခုတက်ခြင်း စသည်ဖြင့် လောကီ လောကုတ္တရာ အကျိုးများစေမည့် နည်းလမ်းကောင်းကို ရှာဖွေပါ။


“ အချိန်ဟာ သမားတော်” “အချိန်ဟာ ဆုံးဖြတ်ပါလိမ့်မယ်” လို့  ရှေးရိုးစကား ရှိပါတယ်။ သို့ သော် ကျွန်မ အမြင်ကတော့ အချိန်ကို ပုံမချဘဲ မိမိစိတ်ကိုသာ ယတိပြတ် ဆုံးဖြတ်နိုင်မယ်ဆိုရင် *** အသည်းကွဲ တယ်ဆိုတာ တကယ်ရှိလို့ လား *** ရယ်လို့  ကြားတောင် မကြားဖူးတဲ့ စကားလုံးအဖြစ် အံ့သြလို့ တောင် နေမိမှာ အမှန်ပါ။
 

ချစ်တတ်သူတိုင်း ပျော်ရွှင်နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း။
 

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)