4 Sept 2014

အိမ်ထောက်ဘက်နေ့နံများ


အိမ်ထောက်ဘက်နေ့နံများ

 
ဦး သာ စိန် ပန်း ဒန်းလှကိုရှာ
ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်
စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်
ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်
ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်`

အိမ်ထောက်ရန်ဖက်
ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ
ဓ မ္မာ - စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်
သော က - သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်
အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်
ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်
အောင်ပ ကုလား ဆွေသား နောင်ရင်း
အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်
ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်
ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်
နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်
ဦးညို ခေမာ သုတ ဝေရီ
ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်
ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်
သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်
ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ
တနင်္ဂနွေ - ကြေးနီး
တနင်္လာ - ပတ္တမြား
အင်္ဂါ - ရွှေ
ဗုဒ္ဓဟူုး - ကျောက်သံပတ္တမြား
ကြာသပတေး -ငွေ
သောကြာ ပုလဲ
စနေ သံ

ရက်ရာဇာ ရွေးနည်း
တန်ခူး သာလှ - တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး
ထွန်းပ ကဆုန် - ကဆုန်လမှာ စနေ - ကြာသပတေး
နယုန်ညွန့်စ - နယုန်လမှာ အင်္ဂါ
အောင်လှဝါဆို - ၀ါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး
သာလိုဝါခေါင် - ၀ါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ
မြတောင် တော်သလင်း - တော်သလင်းလတွင် ကြာသပတေး- စနေ သီတင်းကျွတ် ဆီ - သီတင်းကျွတ်လတွင် အင်္ဂါ
သောရီ တန်ဆောင်မုန်း - တန်ဆောင်မုန်းလတွင် သောကြာ - ရာဟု
ချမ်းတုန် နတ်တော် နတ်တော်လတွင် တနင်္လာ - စနေ မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ
မိညိုတပို့တွဲ တပို့တွဲလတွင် အင်္ဂါ - ကြာသပတေး
ထဲဝင်တပေါင်း တပေါင်းလတွင် စနေ - ဗုဒ္ဓဟူး
ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း
တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မလျော မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)

ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)

နယုန် ၀ါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)

ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ)
မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဲဂြိုလ်နေ ဂြိုလ်သက်များ
================
တနင်္ဂနွေ ဂြိုလ်သက် - ၆နှစ်
တနင်္လာ ဂြိုလ်သက် - ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် - ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် - ၁၇ နှစ်
ကြာသပတေး ဂြိုလ်သက် - ၁၉နှစ်
သောကြာ ဂြိုလ်သက် - ၂၁ နှစ်
စနေ ဂြိုလ်သက်- ၁၀ နှစ်
ရာဟုဂြိုလ် - ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ န၀င်းလို့ခေါ်ကြလေသည်။
 

0 comments:

Post a Comment