30 Oct 2014

အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်




ရန်ကုန်၊ အောက်တိုဘာ ၂၈

လျှပ် စစ်အန္တရာယ် ကင်းရှင်းစေရေးအ တွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊သုံးစွဲခြင်းများကိုတိကျသည့် အရေး ယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။


အောက်တိုဘာ ၂၈ရက်တွင်ကျင်း ပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ကွာလတီမမီသော လျှပ်စစ်ပစ္စည်းများကို မည်သူများ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်သုံးစွဲခွင့် ပြုထားသည်ဟူသည့် မေးခွန်းနှင့်စပ် လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



လျှပ်စစ်အန္တရာယ် ဖြစ်ပွားရ ခြင်းအကြောင်းအရင်း လေးမျိုးရှိ ပြီး ဓာတ်အားလိုင်းများ နိမ့်ကျပြတ် ကျမှု၊ သုံးစွဲသူများ သွယ်တန်းထား သည့် လျှစ်စစ်ကြိုးများ ပေါက်ပြဲ ပြတ်ကျမှု၊ အရည်အသွေးနိမ့်သည့် ပစ္စည်းများ သုံးစွဲမှု၊ လျှစ်စစ်အန္တရာယ် ကင်းရှင်းရေး ကာကွယ်ရေးအသိမရှိ မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည် ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဒုတိ ယဝန်ကြီး ဦးမော်သာထွေးက ပြော သည်။
ယင်းက ဆက်လက်ပြီး''သွယ် တန်းထားတဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်း တွေဟာ ကာလကြာရင်လည်း လဲဖို့ လိုသလို ဈေးပေါပေါနဲ့ ဖြစ်သလိုလုပ် ထားတဲ့ ပစ္စည်းတွေဆိုရင်လည်း ဝင် ရောက်စိစစ်ခြင်းတွေလုပ်တာတွေ ကို လျှပ်စစ်ဥပဒေနဲ့အညီ လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်''ဟုဆိုသည်။



လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဆွေးမြေ့လျှပ်စစ်ဓာတ် ကြိုးများ၊ ဟောင်းနွမ်းဓာတ်တိုင်များ၊ အန္တရာယ်ရှိလျှစ်စစ် သွယ်တန်းမှုများ နဲ့ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်း ခြင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဝေဖန်ထောက်ပြမှုများကို အကြိမ် ကြိမ်တိုက်တွန်းဆောင်ရွက်ခဲ့မှု အပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ပြုပြင်ဆောင်ရွက်မှု ကတိ ကဝတ်များပြုခဲ့သော်လည်း လျှပ်စစ် ကြောင့်သေဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လွှတ်တော် အတွင်း ဝေဖန်ပြောကြားခဲ့သည်။


''ကွာလတီမမီတဲ့ ပစ္စည်းတွေ ကို ပြည်သူတွေက သုံးကြတယ်။ ဒီ ကွာလတီမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ဘယ်ကနေဘယ်လို ခွင့်ပြုချက် တွေနဲ့ တင်သွင်းဖို့ ခွင့်ပြုထားတာ လဲ။ ကွာလတီမီမမီကို တာဝန်ရှိတဲ့ သူတွေကနေ တိုင်းတာစစ်ဆေးရမှာ ဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်အတွင်း မေးခွန်းထုတ်ပြော ဆိုသည်။



ယင်းအပေါ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော် သာထွေးက ''လျှပ်စစ်ပစ္စည်းတွေတင် သွင်းတာ သုံးစွဲတာဟာဥပဒေနဲ့ဆိုင် ပါတယ်။ ဒါကြောင့် လျှပ်စစ်ဥပဒေ ကို လွှတ်တော်အသီးသီးက အတည်ပြု ပြဋ္ဌာန်းပြီး နိုင်ငံတော်က မကြာခင် ထုတ်ပြန်တော့ မှာဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် တိကျတဲ့ အရေးယူမှု လုပ်ဆောင်ချက်တွေကို အတိကျဆုံး ဆောင်ရွက်နိုင်မယ့် နည်းဥပဒေတွေ ပါ ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။
 
YM, MP

‪#‎Democracytoday‬

0 comments:

Post a Comment