30 Oct 2014

အစိုးရအဆက်ဆက် အဂတိလိုက်စားမှုကြောင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး မအောင်မြင်ဟုဆို


 
မြန်မာနိုင်ငံတွင် ဘိန်းစိုက် ပျိုးမှု ပပျောက်ရေးအတွက် အစိုးရ အဆက်ဆက်မှ စီမံကိန်းများဖြင့် အ ကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ရခြင်းအ ကြောင်းအရင်းများထဲတွင် အဂတိ လိုက်စားမှုရှိခြင်း အချက်သည်လည်း အပါအဝင်ဖြစ်သည်ဟု ပအို့ဝ်လူငယ် အစည်းအရုံး(PYO)နှင့် တောင်တန်း ဒေသ လူမှုဖွံ့ဖြိုးရေးလှုပ်ရှားဆောင် ရွက်မှုအဖွဲ့(AHLSD) တို့ပူးပေါင်း ပြီး ဘိန်းနွံတွင်းက ငိုရှိုက်သံအမည် ဖြင့် အောက်တိုဘာ ၂၄ရက်က ထုတ် ဝေသော အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

AHLSD မှ ကိုခွန်ချန်ကီက ''ဘိန်းပပျောက်ရေးအတွက် စီမံကိန်း များချမှတ်တဲ့နေရာမှာ အဂတိလိုက် စားမှုပပျောက်ရေးအတွက် သက်ဆိုင် ရာအစိုးရအနေနဲ့လဲ အရေးယူပြစ် ဒဏ်ချမှတ်မှုတွေ လုပ်ဖို့လိုပါတယ်။ လွှတ်တော်မှာ ဘိန်းပပျောက်ရေးအ တွက် အတည်ပြုထားတဲ့ ဥပဒေတွေ ကိုလဲ အကောင်အထည်ဖော် ဆောင် ရွက်ဖို့လိုပါတယ်။ ပြည်သူတွေအနေ နဲ့လဲ ဒါအစိုးရတာဝန်ပဲဆိုပြီး မနေ သင့်ဘဲ ပူးပေါင်းပါဝင်ဖို့လဲလိုပါတယ်'' ဟု ပြောသည်။

တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ၁၉၆၄-၁၉၆၉ လေး နှစ် ဘိန်းပပျောက်ရေးစီမံကိန်း ချမှတ် ခဲ့သော်လည်း အစိုးရ၏ကာကွယ်ရေး တပ်ဖွဲ့များ စိုးမိုးထားသော ရှမ်းပြည် နှင့် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် ရှိဒေသများတွင် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုရာခိုင်နှုန်း ၈ဝ ရှိခဲ့သဖြင့်စီမံ ကိန်း မအောင်မြင်ခဲ့ဟု အဆိုပါအစီ အရင်ခံစာတွင် ဖော်ပြထားသည်။

မဆလအစိုးရလက်ထက်တွင် ၁၉၇၆-၁၉၉ဝ မူးယစ်ဆေးဝါးနှိမ်နှင်း ရေး ၁၅နှစ်စီမံကိန်းအား ကုလသမဂ္ဂ နှင့်ပူးပေါင်းပြီး ချမှတ်ခဲ့သော်လည်း အစိုးရ၏ 'ဖြတ်လေးဖြတ်'စစ်ဆင်ရေး ကြောင့် ဒေသခံများမှာ စပါး၊ ကောက်ပဲ သီးနှံများအစား ငွေဖြစ်လွယ်သည့် ဘိန်းကိုစိုက်ပျိုးခဲ့ကြသည်


နဝတအစိုးရလက်ထက်တွင် ၁၉၉၁ခုနှစ်၌ ကုလသမဂ္ဂနှင့်ပူးပေါင်း ပြီး ၁၉၉၉-၂ဝ၁၄ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ၁၅နှစ်စီမံကိန်းချမှတ်ခဲ့ သော်လည်း တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ဘိန်းစိုက်ပျိုးမှုမှာ ၃၃၂ ရာ ခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည် ဟု ဖော်ပြထားသည်။


PYO ၏စီမံကိန်းဦးစီးမှူး ကို ခွန်ဦးက ''စီမံကိန်းကိုငါးနှစ်ထပ်တိုး ထားတယ်လို့ပြောပါတယ်။ စီမံကိန်း အတွင်းမှာ တကယ်ထိထိရောက်ရောက် လုပ်သွားဖို့ပဲ တောင်းဆိုချင်ပါတယ်။ နှစ်တစ်နှစ်အနေနဲ့ စီမံကိန်းကာလ ဘယ်လောက် သတ်မှတ်ဖို့လိုတယ်လို့ တော့ မတိုက်တွန်းချင်ပါဘူး။ ဘိန်း ကိစ္စကြောင့် တခြားသော ရွေးကောက် ပွဲကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ ရပ်တန့် မသွားစေချင်ပါဘူး''ဟု ပြောသည်။


၁၉၆၄ ခုနှစ်မှ ၂ဝ၁၄ခုနှစ်ထိ အစိုးရအဆက်ဆက်မှ ဘိန်းပပျောက် ရေး စီမံကိန်းကြီးသုံးခုကို နှစ်ပေါင်း ၃၄နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ဒုတိယအများ ဆုံးဘိန်းထုတ်နိုင်ငံအဖြစ် ရပ်တည် နေဆဲဖြစ်သည်။
 

0 comments:

Post a Comment