30 Oct 2014

မြို့ပတ်ရထားအားလုံးကို အဲကွန်းရထားများဖြင့်ပြောင်းလဲပြေးဆွဲမည်



ရန်ကုန်မြို့တွင်း၌ ယခု ပြေးဆွဲလျက်ရှိသည့် မြို့ပတ်ရထား များအားလုံးနေရာ၌ ၂ဝ၁၅ခုနှစ်တွင် အဲကွန်းရထားများဖြင့် ပြောင်းလဲပြေး ဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရထားသွားလာရေးအမှတ်(၇)မှ လက် ထောက် အထွေထွေမန်နေဂျာ ဦးဇော် ဖေစိန်က ပြောသည်။


ယင်းပြောင်းလဲမည့် အဲကွန်း ရထားများမှာ လက်ရှိပြေးဆွဲနေသည့် အဲကွန်းရထားများထက် ပိုမိုကောင်း မွန်စေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။


''ဒီပြောင်းလဲမယ့် အစီအစဉ်ကို လာမယ့် ၂ဝ၁၅မှာပြုလုပ်မှာပါ။ ပြု လုပ်ဖို့လဲသေချာပါတယ်။ ပြောင်းလဲ မယ့်ရထားတွေကလဲ လက်ရှိပြေးဆွဲ နေတဲ့ အဲကွန်းရထားတွေထက် ပိုအ ဆင့်မြင့်မှာပါ''ဟု ယင်းကပြောသည်။


ယင်းကဲ့သို့ ရထားများအား ပြောင်းလဲပြီးပါက နေ့စဉ်စီးနင်းသည့် ခရီးသည်များ အခက်အခဲမတွေ့ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်း ကဲ့သို့ပြောင်းလဲပြီးပါက ရထားစီးခရီး သည်များမှ ရထားများအား မဖျက် ဆီးရန် လိုအပ်ကြောင်းလည်း ယင်း က ဆက်ပြောသည်။


''ပြောင်းလဲမယ့်ရထားတွေက လက်ရှိပြေးဆွဲနေတဲ့ အဲကွန်းရထား တွေထက် အဆင့်မြင့်တဲ့ တွဲဆိုင်းတွေ ပါ။ ဒီလိုတွဲဆိုင်းတွေကို စီးနင်းသူ တွေ မဖျက်ဆီးကြဖို့ အရေးကြီးပါ တယ်''ဟု ဦးဇော်ဖေစိန်ကပြောသည်။


လက်ရှိတွင် ရန်ကုန်မြို့ပတ်ရ ထားအားလုံးနီးပါးမှာ စီးနင်းသူခရီး သည်များ၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးမှုများစွာရှိနေသဖြင့် ယင်း သို့ပြောဆိုခြင်းဖြစ်သည်။
ရထားပို့ဆောင်ရေးရှိ ရထား အားလုံးကို အဲကွန်းအသုံးပြုရထား များအဖြစ် ပြောင်းလဲနိုင်ရေးသည် ရထားပို့ဆောင်ရေး၏ ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း ထပ်မံသိရသည်။

#TheYangonTimes

0 comments:

Post a Comment