30 Oct 2014

ဒီဇင်ဘာလကုန်တွင် လူဦးရေ၏ ၂၅သန်းအထိ ကွန်ရက်ဖြန့်ကြက်နိုင်တော့မည်ဟု အော်ရီဒူးပြော


၂ဝ၁၄ခုနှစ် ဒီဇင်ဘာလကုန် ပိုင်းတွင် နိုင်ငံလူဦးရေ၏ ၂၅သန်းအ ထိ ဖုန်းသုံးစွဲနိုင်မည့် ကွန်ရက်ဖြန့်ကြက် မှုကိုလုပ်ဆောင်နိုင်တော့မည်ဟု အော် ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီက ထုတ် ဖော်ကြေညာလိုက်သည်။


အောက်တိုဘာ ၁ဝရက်တွင် နောက် ဆုံးကောက်ယူရရှိသည့်အချက်အလက် များအရ အော်ရီဒူးမြန်မာ၏နောက်ဆုံး ပေါ် မျိုးဆက်သစ်ကွန်ရက်က လွှမ်း ခြုံဖြန့်ကြက်လိုက်နိုင်မှု ပမာဏသည် လူဦးရေ ၁၂ ဒသမ၅သန်းအထိရှိနေပြီ ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏စီးပွား ရေးလုပ်ငန်းများဆိုင်ရာဌာန၏ အမှု ဆောင်အရာရှိဦးကျော်မင်းစိုးက ဆို သည်။


ရန်ကုန်မြို့တော်နှင့် တိုင်းဒေသကြီး အတွင်းတွင် စုစုပေါင်း ၄၄ မြို့နယ်ရှိ သည့်အနက် အောက်တိုဘာလကုန် ပိုင်းတွင် စုစုပေါင်း ၃၉ မြို့နယ်အထိ ကွန်ရက်ဖြန့်ကြက်နိုင်တော့မည်ဖြစ် ၍ ရန်ကုန်မြို့တော်၏အကျယ်အဝန်း ၉၅ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်မည် ဟု သိရသည်။


ထို့ပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စုစုပေါင်း ၂၈မြို့ နယ်အနက် ၁၇မြို့နယ်ကို အောက်တို ဘာလကုန်ပိုင်းတွင် ကွန်ရက်လွှမ်းခြုံ ထားနိုင်မည်ဟု အော်ရီဒူးမြန်မာအမှု ဆောင်အရာရှိချုပ်က ဆိုသည်။

0 comments:

Post a Comment