30 Oct 2014

နာရီစုစုပေါင်း (၂၁၆) နာရီကြာမျှ ကမ္ဘာကြီးဟာ အလင်းရောင်လုံးဝမရှိတဲ့ အမှောင်ကမ္ဘာကြီး ဖြစ်နေလိမ့်မည်


NASA Report
27-10-2014

၂၀၁၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ကမ္ဘာကြီးဟာ(၆)ရက်တိုင်တိုင် အလင်းရောင်မရှိတဲ့ လုံးဝမဲမှောင်နေမယ့် အမှောင်ကမ္ဘာကြီး အဖြစ်ရောက်ရှိလာလိမ့်မယ်လို့ နာဆာ(NASA) အကြီးအကဲများက အတည်ပြုပြောကြားလိုက်ပါတယ်။


၂၀၁၄ ခုနှစ်၊ (၁၆-၁၂-၂၀၁၄)အင်္ဂါနေ့မှအစပြုပြီး (၂၂-၁၂-၂၀၁၄) တနင်္လာနေ့အထိ (၆)ရက်တိုင်တိုင် အလင်းရောင်လုံးဝမရှိတဲ့ အမှောင်ကမ္ဘာကြီးအဖြစ်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ နာဆာအဖွဲ့ကြီးမှ အတည်ပြုပြောကြားလိုက်ပါတယ်။ အဆိုပါ(၆)ရက်တာကာလအတွင်း (၃)ရက်တာ ကာလဟာ နေရောင်ခြည် လုံးဝမရောက်လာနိုင်တဲ့ ကမ္ဘာအဖြစ် ရှိနေမယ် လို့လည်းဆိုပါတယ်။ အကြောင်းကတော့ နေမှာဖြစ်ပေါ်လာမယ့် နေမုန်တိုင်းများ(Solar storms) ကြောင့် ထွက်ရှိလာမယ့် ဖုံမှန်(dust) များကြောင့် အာကာသထဲတွင် အမှိုက်သရိုက်များ (space debris) အမြောက်အများ ထွက်ရှိလာရာမှ နေရောင်ခြည်ရဲ့ ၉၀% ကို ဖုံးကွယ်သွားကြမှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါပေမယ့် နာဆာအကြီးအကဲကတော့ လူအများနေနဲ့ စိုးရိမ်စိတ်မလွန်ကဲကြရန် (မစိုးရိမ်ပါနဲ့လို့ ပြောတာမဟုတ်ပါ)၊စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကြရန်တိုက်တွန်းသွားပါတယ်။ ဒါဟာ နေမုန်တိုင်း ကျရောက်မှုရဲ့အကျိုးဆက်တစ်ခုဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀) အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ပြီး နာရီစုစုပေါင်း(၂၁၆)နာရီကြာမြင့်မှာ ဖြစ်ကြောင်းကိုလည်း
ပြောပြသွားခဲ့ပါတယ်။


အဆိုပါ(၆)ရက်တာအတွင်း ကာလဟာ ကမ္ဘာမြေကိုမကြာမှီရောက်လာတော့မယ်ဖြစ်လင့်ကစား ကမ္ဘာသူကမ္ဘာသားများအနေနဲ့ စိုးရိမ်ပူပန်စရာမလိုပါကြောင်း၊ ကမ္ဘာကြီးအနေနဲ့ ပြဿနာ ကြီးကြီးမားမားကြုံတွေ့စရာမရှိပါကြောင်း၊ အဲဒီကာလအတွင်း ဖြစ်လာနိုင်သမျှ အနောက်အယှက် တွေနဲ့ထိခိုက်မှုတွေကို ကာကွယ်ဖို့ကတော့ သဘာဝမဟုတ်တဲ့ အလင်းရောင်တွေ ကိုသာ အသုံးပြုကြ ဖို့ပဲရှိပါတယ်လို့ နာဆာအကြီးအကဲ တာဝန်ရှိ သူများက ပြောကြားသွားကြပါတယ်။

 
ဒေါက်တာထွန်းလွင်



0 comments:

Post a Comment