30 Oct 2014

နိုဝင်ဘာလာမည့် ကန်သမ္မတအိုဘားမားလုံခြုံရေးအတွက် နိုင်ငံတကာ၊ အာဆီယံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်မည်


(၂၅)ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိ ကန်သမ္မတ၏လုံခြုံရေးကို နိုင်ငံတကာ ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားမည်ဟု နိုင်ငံတော်အဆင့်မြင့်အ ရာရှိတစ်ဦးက အောက်တိုဘာ ၂၈ရက် တွင်ပြောသည်။


''လုံခြုံရေးကတော့ အမြင့်ဆုံး ဆောင်ရွက်ထားပါတယ်။ အသေးစိတ် တော့ပြောလို့မရဘူး။ နိုင်ငံတကာရဲတပ် ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်'' ဟု ပြောသည်။

အမေရိကန်သမ္မတသည် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတက်ရောက်ရန် နေပြည်တော် သို့နိုဝင်ဘာ ၉ ရက်တွင်ရောက်ရှိမည် ဖြစ်ပြီး ၁၃ ရက်တွင် မြန်မာနိုင်ငံမှပြန် လည်ထွက်ခွာမည်ဖြစ်သည်။ 


ယခုအချိန် တွင် အမေရိကန်သမ္မတနှင့် ၄င်း၏ဝန် ထမ်းများတည်းခိုနိုင်ရန် ကမ္ဘာ့အဆင့် မီကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်သုံးလုံး ငှားရမ်းထားလျက် ရှိကြောင်း သတင်း များလည်းထွက်ပေါ်လျက်ရှိသည်။


အရပ်သားအစိုးရသစ်လက်ထက် တွင် အမေရိကန်သမ္မတအိုးဘားမား ခရီးစဉ်သည် မြန်မာနိုင်ငံသို့ဒုတိယအ ကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။ 


ပထမအကြိမ်ခရီးစဉ်တွင် မြန်မာ နိုင်ငံရေးအတိုက်အခံခေါင်းဆောင် များ၊ တိုင်းရင်းသားအဖွဲ့များနှင့်တွေ့ဆုံ ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်း ပြောဆိုခဲ့သည်။

0 comments:

Post a Comment