11 May 2014

လူသားများ မဖူးမြင်ရသော စေတီထူး (၃) ဆူ



၁။ စူဠာမဏိစေတီတော်
 
တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရား၏ဆံတော်မြတ်အား ဋ္ဌာပနာ၍
သိကြားမင်းတည်ထားသော စေတီဖြစ်၍အမြင့် ယူဇနာ (၃၀)ရှိ၏။

 
၂။ဒုဿစေတီတော်

သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတွင်အနာဂါမ်ပုဂ္ဂိုလ် ဗြဟ္မာဖြစ်သော(ဃဋိကာရဗြဟ္မာ)ကြီးက မြတ်စွာဘုရား၏
ဝတ်လဲတော်ကို ဋ္ဌာပနာ၍ တည်ထားသော စေတီဖြစ်၍အမြင့် ယူဇနာ(၁၂) ရှိ၏။

 
၃။မ ဟေသရ စေတီတော်

ဟိမဝန္တာတောင် အတွင်းရှိ မန္ဒာဂီရိအမည် ရှိသောတောင် မှမ ဟေသရနတ်မင်းသည် မြတ်စွာဘုရားရှင် နှင့်
တန်ခိုးရှင်ပြိုင် ရာ ရူံးနိမ့်ပြီးမြတ်စွာဘုရားထံ ဥပါသကာအဖြစ်ခံယူခဲ့သည်။ မြတ်စွာဘုရားရှင် အားရုပ်ပွားတော်သဏ္ဌာန်ကို ကိုးကွယ်ခွင့်ပေးရန်လျှောက်ထားရာ ခွင့်ပြုခဲ့သဖြင့်ရတနာခုနစ်ပါးနှင့် ဆန်းကျယ်သောကျောင်းတော်ကြီး ဆောက်လုပ်ပြီးဂန္ဓကုဋိတိုက် ဖန်ဆင်းကာ
လက္ခဏာတော်ကြီးငယ်တို့နှင့်တင့်တယ်သောဘုရားရှင် ၏ ရုပ်တုတော်ကို ပြုလုပ်၍
မျောက်မင်းတစ်ကောင် ကို အခြံအရံနှင့်တကွကျောင်းပရိဘောဂကို ပြုပြင်
ဆောင် ရွက် ရန် အပ်နှံထား၏။

အရှင် ဥာဏော


0 comments:

Post a Comment