11 May 2014

အအေးခံစရာမလိုတဲ့ အိမ်တွင်းပစ္စည်း(10) မျိုး



အိမ်ရှင်မအများစု မှားယွင်းစွာထားလေ့ရှိတဲ့ အယူအဆအမှားတွေကို ဆင်ခြင်နိုင်ဖို့ အတွက် ရေခဲသေတ္တာထဲမှာ အအေးမခံသင့်တဲ့ အရာဆယ်မျိုးကို ဖော်ပြပေးလိုက် ပါတယ်။ အဲဒါတွေကတော့.....

၁။ ငရုပ်သီးဆော့
အအီစာတွေ၊ အသားကင်၊ အခြောက်ကြော်တွေနဲ့တွဲဖက်ပြီးစားသုံး တတ်ကြပါတယ်။ အရည်ပျစ်ပျစ်ကို ဖန်ပုလင်း၊ကော်ပုလင်းတို့နဲ့ထုပ်ပိုးထားတဲ့အတွက် အိမ်ရှင်မအများစုက အချိန်ကြာလာတာနဲ့အမျှ မှိုနဲ့အဆိပ်အတောက်ဖြစ်မှာစိုးရိမ်တတ် ကြတာနဲ့ အအေးခံရေခဲသေတ္တာထဲမှာ မှားယွင်းစွာထည့်တတ်ကြပါတယ်။ တကယ် တော့ ဒီပစ္စည်းတွေကို စတင်ပြီးထုတ်လုပ်ချိန်ကတည်းက အခန်းအပူချိန်မှာ ထားရှိလို့ရအောင်နဲ့ အချိန်ကြာကြာခံအောင် နောက်ဆုံးထားရှိရမယ့်အချိန်ကိုပါ တစ်ပါးတည်းစီမံထုတ်လုပ်ပေးထားတာမို့ သုံးလို့မရတော့မှာကို စိုးရိမ်စရာမလိုပါဘူး။

၂။အာလူး

ဒါကမြေကြီးထဲကနေတူးပြီးရရှိလာတဲ့ ဥအမျိုးအစားလို့ဆိုရမှာပါ။ ပရိုတိန်း ဓာတ်ကြွယ်ဝပြီးတော့ အထားခံတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ သတိထား ရမယ့်အချက်အနေနဲ့က သူ့ကို တာရှည်အထားခံအောင်လို့တော့ ရေခဲသေတ္တာထဲ ထည့်ဖို့ မလိုပါဘူး။ အအေးဓာတ်က သူ့ရဲ့အရသာနဲ့ အာဟာရဓာတ်ကိုပျက်ပြယ်သွား လို့ပါပဲ။ ရိုးရိုးပလက်စတစ်အိတ်တွေနဲ့တောင် တာရှည်အထားခံနိုင်ပါတယ်။

၃။ပေါင်မုန့်
ဂျုံပေါင်မုန့်၊ဆန်ပေါင်မုန့်တွေကိုတော့ အအေးမခံမိဖို့ အထူးအရေးကြီးပါ တယ်။အအေးဓာတ်နဲ့ထိတွေလိုက်ပါကမာကြောပြီး ခြောက်လာတာရယ်ကြောင့်ပါ။ တာရှည်အထားမခံတဲ့အစားအစာမို့လို့ သာမန်အခန်းအပူချိန်မှာနဲ့ လေးရက်လောက် ထားရှိစားသုံးနိုင်ပါတယ်။

၎။ကြက်သွန်နီ
သူလည်းဥတစ်မျိုးပါပဲ။ သူ့ရဲ့အပြင်ခွံကို ခွာလိုက်ပါက ပူရှိန်းစူးရှတဲ့အနံ့ ထွက်ရှိလာတဲ့အတွက် ရေခဲသေတ္တာထဲမှာ အအေးခံထားရှိမိလိုက်ပြီဆိုရင်တော့ တခြား အရာတွေအားလုံးကို အနံ့စွဲသွားတော့တာပါပဲ။ သူလည်း အာလူးတို့လိုပဲ အိတ်တွေနဲ့သိမ်းဆည်းထားတာက ပိုပြီးတော့ အဆင်ပြေစေနိုင်ပါတယ်။

၅။အားသွင်းဓာတ်ခဲ
အအေးခံဖို့လုံးဝမလိုပါဘူး။အခန်းအပူချိန်မှာထားရှိတာနဲ့ကိုအ ဆင်ပြေနေပါပြီ။ အရမ်းအေးလွန်းရင်ပဲဖြစ်ဖြစ် ပူလွန်းရင်ပဲဖြစ်ဖြစ် ဓာတ်သတ္တုစွမ်းအင် ပြောင်းလဲစေနိုင်လို့ပါ။
၆။ကြက်သွန်ဖြူ ကြက်သွန်နီနဲ့အမျိုးအစားတူ အနံ့အသက်ပြင်းတဲ့ ဥတစ်မျိုးပါ။သူ့ ကိုလည်း အအေးခံပေးစရာမလိုပါဘူး။ အနည်းဆုံးတစ်လခွဲ နှစ်လအထားခံနိုင်ပါတယ်။

၇။ခရမ်းချဉ်သီး
နဂိုကတည်းက အရည်ထွက်တတ်တဲ့အသီးဆိုတော့ အအေးခံ၊ အစိုဓာတ်လုံးဝပေးစရာမလိုပါဘူး။ အနည်းငယ်အထားခံဖို့အတွက်ဆိုရင်တော့ ပလက်စတစ်အိတ်မသုံးပဲနဲ့ ခြောက်သွေ့သန့်စင်တဲ့ စက္ကူအိတ်နဲ့ဆိုရင်တော့ ပိုအဆင်ပြေပါတယ်။

၈။ကော်ဖီစေ့

အစိုဓာတ်ပေးလိုက်ရင် လုံးဝပျက်စီးသွားနိုင်တဲ့အရာပါ။ အကောင်းဆုံးက တော့ ဖန်ပုလင်းထဲ လေလုံအောင်ထားရှိရမှာပါ။

၉။လက်သည်းဆိုးဆေး

အိမ်ရှင်မပျိုမေတွေအများဆုံးသုံးစွဲကြမှာပါ။ အပူရှိန်လွန်ကဲတဲ့ နေရာမှာထားလိုက်ရင် ခြောက်သွားမယ်လို့စိုးရိမ်တာနဲ့ပဲ ရေခဲသေတ္တာထဲထည့်ပစ်လိုက် ကြတာပါ။ ဒါက မှားယွင်းနေပါတယ်။ တကယ့်မှာက အေးခဲသွားတတ်တဲ့ သဘောကိုမ သိလို့ပါ။ သာမန်အခန်းအပူချိန်မှာပဲ အချိန်ကြာအထားခံအသုံးပြုလို့ရပါတယ်။

၁၀။ဆောင်းတွင်းသီးသခွားမွှေး
သီး
ဖျော်ရည်များပြန်လည်ပြောင်းလဲအသုံး ပြုတတ်ကြတဲ့ အသီးအနှံတွေဖြစ်တဲ့ ၀က်သစ်ချသီးနဲ့ သခွားမွှေးသီးတို့ကတော့ သာမန်အပူချိန်မှာဆိုရင် တစ်လလောက်အထားခံနိုင်ပါ တယ်။

Team

0 comments:

Post a Comment