11 May 2014

မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါ


မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာနည်းသိဖို့လိုပါတယ်။

တချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့သဘောနဲ့ပြန်တော့ပေးကမ်းကြပါရဲ့။

ဒါပေမဲ့ သူတောင်းစားပေး ပေးနေကြတယ်။ ဒီလိုမပေးကြနဲ့။အသေအချာစည်းကမ်းတကျ ဖြစ်စေရမယ်။

မိဘကို အမြင့်မှာထိုင်ခိုင်း၊သားသမီးက ရိုးသေကျိုးနွံစွာ
အောက်မှာထိုင်၊လှူမယ့်ငွေကြေးပစ္စည်းခုံပေါ်တင်၊သားသမီးက လက်အုပ်ချီကန်တော့ပြီး ပေးလှူကြ။

တို့ဘုန်းကြီးတွေကို မင်းတို့လူတွေကရှိခိုးလှူဒါန်းကြသလိုပေါ့။
မိဘကျေးဇူးကို လျစ်လျူရှုတဲ့နှလုံးသားမျိုး သိမ်းပိုက်မထားမိစေနဲ့။

(တည်တောဆရာတော်ဘုရားကြီး)

Young Buddhist's Associationl


0 comments:

Post a Comment