22 Dec 2014

ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့ ပူးပေါင်း


Akamai Technologies ၏ ပြီးခဲ့သည့်နှစ် အစီရင်ခံစာအရ hacking နှင့်ဆက်နွှယ်သည့် နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၌ ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် အင်ဒိုနီးရှား နိုင်ငံရှိ လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ဆိုက်ဘာလုံခြုံမှုကို ကာကွယ်ပေး နိုင်မည်ဖြစ်ကြောင်း  ပြည်တွင်းသတင်း ပေါ်တယ်ဖြစ်သည့် Kompas မှဖော်ပြခဲ့သည်။


Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့သည် အင်ဒိုနီးရှား အစိုးရအနေဖြင့် လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများကို ဒီဂျစ်တယ် ဒုစရိုကမှုများ၏ အန္တရာယ်မှ ကာကွယ် ပေးရမည်ဟု ပြဋ္ဌာန်းထားသော နိုင်ငံ၏ မူပိုင်ခွင့် ဥပဒေ No.28/2014 အတိုင်း အပြောင်းအလဲ မရှိဆောင်ရွက် သွားမည်ဟုဆိုသည်။
“ဆိုက်ဘာ ဒုစရိုက်မှုနဲ့ mal-ware တိုက်ခိုက်မှုတွေက အရေးပါတဲ့ လုံခြုံရေး ပြဿနာတွေ ဖြစ်လာပါပြီ။ လူတစ်ဦး တစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက် တွေဟာ နေ့စဉ်နေ့တိုင်း ခိုးယူခံနေ ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းလုံခြုံမှုနဲ့ ဆော့ဖ်ဝဲအစစ်အမှန် အသုံးပြုခြင်းရဲ့အရေးပါမှုတွေကို လူမှုအသိုက် အဝန်းတွေနဲ့ တက္ကသိုလ်တွေမှာ ဝေမျှသွားမှာ ဖြစ်ပါတယ်”ဟု ဂျကာတာ ရဲမှူးကြီးဖြစ်သူ ဘူဒီဝစ်ဒ်ဂျာနာကိုက ဆိုခဲ့သည်။


Microsoft Indonesia မှ ဒါရိုက်တာ အကြီးအကဲဖြစ်သူ အင်ဒရီစ်ဒီယန် တိုရိုကလည်း “အင်ဒိုနီးရှား တစ်ဝန်းလုံးက သုံးစွဲသူတွေကို ကာကွယ်ပေးဖို့က Microsoft ရဲ့အဓိက ရည်ရွယ်ချက်ပါ” ဟု ပြောကြားခဲ့သည်။

Ref: TechInAsia

internetjournal

0 comments:

Post a Comment