22 Dec 2014

၂၀၁၅ ခုနှစ် အစောပိုင်းတွင် 4G Lenovo စမတ်ဖုန်း သစ်နှစ်မျိုး အတွက် Intel အထောက်အပံ့ ပေးမည်


Lenovo သည် Intel မှအထောက်အပံ့ ပေးထားသည့် စမတ်ဖုန်းသစ် နှစ်မျိုးကို လာမည့်နှစ် အစောပိုင်းတွင် မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။ Intel သည် အဆိုပါ Lenovo ဖုန်းများအတွက် 64-bit Atom ပရိုဆက်ဆာနှင့် LTE-Advanced modem ချစ်ပ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်းဖုန်း နှစ်မျိုးအနက် တစ်မျိုးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ မိတ်ဆက် ပေးမည်ဖြစ်ပြီး ကျန်တစ်မျိုးကို အခြား နာမည်ကျော် ဈေးကွက်များအတွက် ဖြန့်ချိမည်ဟု သိရသည်။


အဆိုပါ သတင်းသည် ဇန်နဝါရီလ အစောပိုင်းတွင် လက်စ်ဗီးဂက်စ် မြို့၌ကျင်းပမည့် CES ပြပွဲမတိုင်မီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြပွဲတွင် Intel နှင့် Lenovo အပြင် အခြားနည်းပညာ ကုမ္ပဏီကြီးများက ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပြသ သွားမည်ဖြစ်သည်။
ထို့အပြင် Intel သည် လာမည့်နှစ် အစောပိုင်းတွင် ပထမဦးဆုံး 4G system-on-a-chip ကို SoFIA အမည်ဖြင့် မိတ်ဆက် ပေးဖွယ်ရှိသည်။ ပရိုဆက်ဆာ တစ်ခုနှင့် modem ပါဝင်သော ချစ်ပ်များသည် သီးခြား ပရိုဆက်ဆာနှင့် ရေဒီယို ချစ်ပ်များထက် အရွယ်သေးငယ်သလို စွမ်းအင်သုံးစွဲမှု နည်းပါးသောကြောင့် ဟန်းဆက် ထုတ်လုပ်သူများက မျက်စိကျလျက် ရှိသည်။ အဆိုပါချစ်ပ်သည် Intel က Qualcomm ၏ Snapdragon system-on-a-chip  နှင့်ယှဉ်ပြိုင် စေနိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref : CNET

internetjournal

0 comments:

Post a Comment