MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှုအားလုံးကို ပြည်သူတွေသက်သက်သာသာနဲ့ သုံးနိုင်မယ့် နှုန်းထားတစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးစောထူးသာကပြောသည်။
MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက်အသုံးပြုခများနှင့် ဆင်းမ်ကတ်ဝယ်လျှင် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရသည့်ဝန်ဆောင်မှု များပါဝင်ပြီးအခြားသောဝန်ဆောင်ခများကိုလည်းလျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံလျက်ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုက ဖုန်းပြောခတစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင်အထိ ရောင်းချပေး ထားပြီး အဆိုပါအရေအတွက်မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူအားလုံး၏ ၉၀ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှုစာရင်းများအရသိရသည်။
http://7daydaily.com
0 comments:
Post a Comment