30 Nov 2011

iPhone 4S နှင့် Galaxy S II - အမြင့်မှကျသည့်ဒဏ် ဘယ်သူခံနိုင်ပါ့မလဲ


 1091 iPhone4S_vs_Galaxy_S2_Durability_Test
SquareTrade မှ ကွန်ပျူတာဂုရုများကတော့ အီလက်ထရောနစ်ပစ္စည်း အသစ်များကို ဖျက်ဆီးရတာတာကို အလွန်တရာမှ ဝါသနာထုံပါတယ်။
ဤထုံးစံကို ဆက်လက်ထိန်းသိမ်းပြီး အခုလည်းပဲ အသစ်စက်စက် iPhone 4S ကိုသာမက Samsung Galaxy S II ကိုပါ ရက်ရက်စက်စက် အမြင့်မှပစ်ချပြီး မှတ်ကျောက်တင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ ဘယ်ဖုန်းက အနိုင်ရရှိခဲ့တယ်လို့ ထင်ပါသလဲ။ ခန့်မှန်း ကြည့်ကြတာပေါ့။
တစ်ခုသေချာတာကတော့ iPhone 4 ဟာလည်း လွန်ခဲ့သော ၁ နှစ်ခွဲကျော်က ဈေးကွက်တွင်းသို့ ရောက်ရှိလာပြီးနောက် ယင်း၏ မှန်ဖြင့်ပြုလုပ်ထားတဲ့ မျက်နှာပြင်နဲ့ ကျောပြင်တို့ဟာ ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇိုင်းမလှလို့ မဟုတ်ပါဘူး။ အကြမ်းလုံးဝ မခံနိုင်လို့ပါ။ iPhone 4S ကလည်း ထူးမခြားနားခဲ့ဘဲ iPhone 4 နဲ့ ချွတ်စွပ်တူတဲ့ ဒီဇိုင်းနဲ့ထွက်ရှိလာတဲ့အခါ Apple ပရိသတ်အတော် များများက စိတ်ပျက်ခဲ့ရပါတယ်။
SquareTrade ရဲ့ စမ်းသပ်မှုမှာလည်း chemically အဆင့်မြှင့်ထားတဲ့ မျက်နှာပြင်ဟာ ခါးအမြင့်နှင့် ပခုံးအမြင့်တို့မှ ပြစ်ချခံရတဲ့ဒဏ် ကို ခံနိုင်ခဲ့သော်လည်း ဖုန်း၏ကျောပြင်မှန်မှာမူ ကွဲထွက်သွားခဲ့ရသည်။ ဒါပေမယ့်လည်း iPhone 4S မှာ ကြမ်းပြင်နှင့် မျက်နှာအပ် လိုက်ရသည့် အချိန်တွင်မူ ရှေ့မျက်နှာစာမှန်မှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့သည်။
Galaxy S II ကတော့ ဤစမ်းသပ်မှုကို အပြည့်အဝ ခံနိုင်ရည်စွမ်းရှိကြောင်း သက်သေထူနိုင်ခဲ့သည်။ ပလတ်စတစ်ဖြင့် ပြုလုပ်ထား သည့် ကိုယ်ထည်မှာ ခါးအမြင့်နှင့် ပခုံးအမြင့်တို့မှ ပစ်ချသည့်ဒဏ်ကို ခံနိုင်ခဲ့ပြီး ပွန်းပဲ့ရုံသာ ရှိခဲ့သည်။ ရှေ့မျက်နှာစာ မှန်သားမှာ လည်း ကွဲထွက်သွားခြင်း၊ ပြုတ်ထွက်ခဲ့ခြင်း အလျဉ်းမရှိပေ။ မျက်နှာစာနှင့် ကြမ်းပြင့်ပေါ်ပြစ်ချသည့် အခါတွင်ပင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
ဒီလိုဆိုရင် သင့်ကိုယ်သင် လက်မမြဲတဲ့သူ ရှပ်ပြာတတ်သူလို့ သိနေတယ်ဆိုရင်တော့ အောက်မှာရှိတဲ့ ဗီဒီယိုကို ကြည့်ရှုပြီးမှသာ ဖုန်း အသစ်ကို ဝယ်ယူသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။ 
 



0 comments:

Post a Comment