3 Jun 2014

ဘောင်းဘီထဲမှာ ငှက် ၆၆ ကောင်ထည့်လာတဲ့ ခရီးသည် ကျူးဘားလေဆိပ်မှာ ဖမ်းမိ


အမေရိကန်ကို ပျံသန်းမယ့် လေကြောင်းနဲ့ လိုက်ပါမယ့် ခရီးသွား အမျိုးသားတစ်ဦးကိုတော့ ငှက်ငယ်ပေါင်း ၆၆ကောင်ကို တရားမ၀င် သယ်ဆောင်မှုနဲ့ ကျူးဘားလေဆိပ်မှာ ဖမ်းဆီးမိခဲ့ပါတယ်။

သူဟာ အဆိုပါ ငှက်ငယ်ပေါင်းများစွာကို သူ့ရဲ့ ဘောင်းဘီထဲမှာ ဖွက်၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အကောက်ခွန် အရာရှိကနေ လုံခြုံရေးအရ ရှာဖွေ စစ်ဆေးစဉ်မှာ ငှက်အသံကြားတာကြောင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဦးစွာသူက  သူ့ရဲ့မြေးအတွက် လက်ဆောင်အနေနဲ့ ပေးဖို့ ငှက်သားပေါက်တစ်ကောင်သာ သယ်ခဲ့တယ်လို့ ပြောပေမယ့် သူ့ရဲ့ ဘောင်းဘီကို ချွတ်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့ချိန်မှာတော့ သူ့ရဲ့ ဘောင်းဘီထဲမှာ ဖွက်ပြီး သယ်ယူလာတဲ့ ငှက်ပေါင်း များစွာကို တွေ့ခဲ့ရပါတယ်။

အဲဒီငှက်တွေကတော့ ရှားပါးတဲ့ ငှက်မျိုးစိတ်တွေ ဖြစ်ပြီး ဒါဟာ တမင်ရည်ရွယ်ပြီး ရှားပါး တိရစ္ဆာန်တွေကို တရားမ၀င် သယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူများက ပြောပါတယ်။

သူ့ကိုတော့ လေဆိပ်စစ်ဆေးရေး တာဝန်ရှိသူများက ပုံမှန်မဟုတ်ဘဲ ဖြေးဖြေးသက်သာ လမ်းလျှောက်နေတဲ့ အသွင်အပြင်ကြောင့် အခန်းတစ်ခန်းကို ခေါ်ပြီး လုံခြုံရေး အရ စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ အခြေအနေ မဟန်မှန်း သိတာကြောင့် သူဟာ ငှက်တစ်ကောင်တည်းကိုသာ လက်ဆောင် အဖြစ် သယ်ယူခဲ့တယ်လို့ လိမ်ညာခဲ့ပုံရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘောင်းဘီထဲမှာ ဖွက်ပြီး သယ်လာတဲ့ ငှက်ပေါင်း ၆၆ကောင်ကိုတော့ အလွယ်တကူပဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

World-Myanmar News
ref: dailymail.co.uk


0 comments:

Post a Comment