Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

17 Feb 2015

"အာလူး သာကူး နှာဗူး ဂန်ဒူး" က တိုက်ဆိုက်မှုရှိတဲ့သူကို ရည်ရွယ်ပါတယ်ဆိုတဲ့ သားစိုး


  မြန်မာသံစဉ်သီချင်းတွေ နတ်သီချင်းတွေကို Techno သံစဉ်တွေနဲ့ပေါင်းစပ် ဖန်တီးနေတဲ့ အဆိုတော် သားစိုးတယောက် အခု တခါမှာလည်း အဲ့လိုပေါင်းစပ်ထားတဲ့ တေးစီရီးတခွေ ထွက်ဖို့ ရှိပါတယ်တဲ့။

စီးရီးနာမည်ကတော့ အဆန်းပါပဲ။ “အာလူး သားကူး နှာဗူး ဂန်ဒူး” ပါတဲ့။

“အဲဒီသီချင်းက ဘယ်သူရယ်လို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်ဘာသာတွေးမိပြီး ဒီအတိုင်းလေး ရေးလိုက်တာပါ။ ဘယ်သူကိုမှ ရည်ရွယ်ထားတာမဟုတ်လို့ တိုက်ဆိုင်မှုရှိသွားခဲ့ရင်လည်း အဲဒီသူကိုသာ ရည်ရွယ်ပါတယ်” လို့  အဆိုတော် သားစိုးက ဧရာဝတီကိုပြောပါတယ်။

ဒီတေးစီးရီးမှာ အလှူမင်္ဂလာ၊ ဗြော၊ နတ်ဒိုး၊ မီးဘေးရှောင် စတဲ့ တေးသီချင်းတွေကို ပြန်ပြီး Remix ပြုလုပ်ထားကာ Featuring အဆိုရှင်တွေအနေနဲ့ မေရှင်၊ ဘာဘူ၊ ဖြိုးကြီး၊ ချမ်းချမ်း၊ Lဆိုင်းဇီ၊ အိမ့်ချစ်၊ နဒီဝင့်နိုင်၊ ဇင်သူမိုး၊ ဆိုင်းညီရဲရင့်၊ ဗစ်တား၊ ရွာစားလေး ထက်အာကာနဲ့အဖွဲ့တို့က ပါဝင်ထားပါတယ်။

နောက်ပြီး ဘိုဘိုအင်တာတိန်းမန့်ကနေ တဆင့် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ကာ အခွေဝယ်ယူအားပေးမယ့် ပရိသတ်တွေကို သားစိုးက အမေရိကန်ပြည်ထောင်စု New York မြို့မှာရှိတဲ့ OBG အဖွဲ့ရဲ့ အခွေကို လက်ဆောင်အဖြစ် ပြန်ပေးသွားမှာပါတဲ့။

ဒ့ါထက် ခေါင်းစဉ်ဖြစ်တဲ့ “အာလူး သာကူး နှာဗူး ဂန်ဒူး” တေးသီချင်းကိုတော့ အရင် သီအိုရီ အဖွဲ့ ကတည်းက  လက်တွဲညီခဲ့တဲ့ အဆိုတော် ဘာဘူနဲ့ အတူတူ ရေးစပ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အာလူး သာကူး နှာဗူး ဂန်ဒူး” တေးစီးရီးကို လုပ်ထားတာ လေးနှစ်ကျော်ကြာပြီဖြစ်ပေမယ့်လည်း အခွေထဲက စာသားတွေကို အခုခေတ်နဲ့အညီ Current ဖြစ်အောင်လို့လည်း ပြန်လည်ဖြည့်စွက် သီဆိုထားပါတယ်တဲ့။

အခွေထဲမှာ ပါဝင်တဲ့ တေးသီချင်း စာသားတွေနဲ့ ပတ်သတ်ပြီးတော့ အဆိုတော် သားစိုးက  “အခွေက အရင်ခေတ် ဆင်ဆာရှိတဲ့အချိန်ဆိုရင် ကျွန်တော့်အခွေ တစ်ခွေလုံး ဆင်ဆာထိနိုင်တယ်” လို့လည်း ပြောပါတယ်။

သင်္ကြန်နားနီးတိုင်း Remix အခွေတွေကို ဖြန့်ချိလေ့ရှိတတ်တဲ့ အဆိုတော်သားစိုးရဲ့ “အာလူး သာကူး နှာဗူး ဂန်ဒူး” ကရော ဒီနှစ် သင်္ကြန်ရဲ့မဏ္ဍပ်တိုင်းမှာ နေရာယူထားနိုင်မလားဆိုတာကတော့…..။

ယုမွန်ကျော် 
 
 
 http://blog.irrawaddy.org/2015/02/blog-post_17.html

7 Feb 2015

ပထမဆုရသူခေါင်းပေါ်က သရဖူလုယူလွှင့်ပစ်တဲ့အလှမယ်



ဖေဖော်ဝါရီ ၆

ဘရာဇီးနိုင်ငံ မန်နာ့စ်မြို့ မှာကျင်းပခဲ့တဲ့ 2015 Miss Amazon အလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိသူက သရ ဖူရရှိသွားသူရဲ့သရဖူကို ပွဲအပြီးမှာ စင် ပေါ်တက်ပြီး ချွတ်ယူလွှင့်ပစ်ခဲ့ပါတယ်။

ဒုတိယဆုရရှိခဲ့တဲ့အလှမယ် ဟေရာလာရဲ့လုပ်ရပ်ကြောင့် ပြိုင်ပွဲကို တက်ရောက် အားပေးခဲ့တဲ့ပရိသတ်အား လုံးကို အံ့သြမှင်တက်သွားစေခဲ့ပါတယ်

ဟေရာလာသူမရဲ့လုပ်ရပ်အတွက် စိတ် ဆန္ဒရှိလို့လုပ်ခဲ့တာမဟုတ်ဘူးလို့ ခုခံပြော ကြားခဲ့ပြီး ပထမဆုရရှိသွားတဲ့ ကာရိုတို လီဒါရဲ့မိသားစုက သရဖူကို ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဘရာဇီးနာမည်ကျော်အနု ပညာရှင်ဝက်ဘ်ဆိုက် Ego ကို ပြောကြား ခဲ့ပါတယ်။

ဟေရာလာက အခုလိုလုပ် တာ မိမိအတွက်မဟုတ်ဘဲ အခြားပြိုင်ပွဲ ဝင်တဲ့သူတွေအတွက်သာဖြစ်တယ်လို့ ဆို ပါတယ်။

သရဖူလုယူလွှင့်ပစ်ခံရတဲ့ပထမ ဆုရအလှမယ်တိုလီဒါကတော့ အခုဖြစ် ရပ်အတွက် တစ်စုံတစ်ရာတုံ့ပြန်ပြော ကြားခဲ့ခြင်းမရှိဘဲ အလွန်စိတ်လှုပ်ရှား ဖွယ်ရာ ညတစ်ညဖြစ်ခဲ့ပြီး သူမရဲ့အိပ်မက် တွေအမှန်တကယ်ဖြစ်လာတာကို အား လုံးက ဂုဏ်ယူဝမ်းမြောက်ကြမှာပါလို့ ပြောကြားခဲ့ပါတယ်။

Ref: CBA
 
 
 

30 Jan 2015

ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmar ဟန်သီပါဝင်နေသည်။
အလှမယ် ၂၅ ဦးမှ ဆန်ခါ တင် ၁၃ ဦးစာရင်းတွင် ပါနိုင်ရန် ယနေ့မှစ၍ ဖေ့စ်ဘွတ်ခ်၌ မဲ ပေးနိုင်ပြီး နောက်ဆုံးတွင် အ လှဆုံးတစ်ဦးကို ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုဝက်ဘ်ဆိုက်မှ ရွေးချယ် သည်ကို မသိလိုက်ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ၂၅ ဦးအထိ ပါဝင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း Miss Supranational Myanmar 2014 ဟန်သီက ဆိုသည်။
‘‘ဒီအဆင့်ထိပါလာတဲ့ အ တွက်လည်း အရမ်းပျော်ပါတယ်။ ပြိုင်ပွဲတွေ အများကြီးထဲကမှ အ ယောက် ၆၀၀ ကို ပြန်ရွေးပြီးတော့ အယောက် ၁၀၀၊ အခု ၂၅ ယောက် အထိတောင် ပါတယ်ဆို တော့ အဲဒီလောက်ထိ မမှန်းထား ပါဘူး။ နောက်ပိုင်း အဆင့်တွေကို လည်း မမှန်းရဲပါဘူး။ ဒါပေမဲ့ အားပေးစေချင်ပါတယ်’’ ဟု အ လှမယ် ဟန်သီက ပြောသည်။

လက်ရှိတွင် ဂျာနယ်၊ မဂ္ဂ ဇင်းများအတွက် ဓာတ်ပုံများ ရိုက် ကူးဖြစ်နေပြီး ဖေဖော်ဝါရီလဆန်း ၌ ကြော်ငြာများ ရိုက်ကူးရန်ရှိကာ ဇာတ်ကားရိုက်ကူးမှုများလည်း လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

အလှမယ်ဟန်သီသည် ၂၀၁၄ တွင် ပိုလန်နိုင်ငံ၌ ကျင်းပ ခဲ့သည့် Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စား ပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Supranational Asia ဆုနှင့်Miss Internet ဆုတို့ ရရှိထားသူ ဖြစ်သည်။
 
 
7Day Daily

29 Jan 2015

ပြိုင်ဘက်မရှိသဖြင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် လူမင်းပြန်အရွေးခံရ

ဓာတ်ပုံ- ဇွဲဉာဏ်
 
 
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ခြင်းကို ယနေ့ (ဇန်န၀ါရီ ၂၇ ရက်) နံနက်တွင် ပြုလုပ်ခဲ့ရာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက် လက်ရှိဥက္ကဋ္ဌ ဦးလူမင်းကပင် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
‘‘ဥက္ကဋ္ဌနေရာကို ကျန်တဲ့လူတွေက ၀င်မပြိုင်ပါဘူး။ ဦးလူမင်းတစ်ယောက်ပဲ ၀င်ပြိုင်တာဖြစ်လို့ ပြိုင်ဘက်မရှိပါဘူး။ ကျန်တဲ့နေရာတွေအတွက်ကတော့ နှစ်ယောက်၊ သုံးယောက်ရှိရင် မဲနဲ့ ရွေးတယ်’’ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောသည်။

  
ကနဦးတွင် ဥက္ကဋ္ဌရာထူးအတွက် ပြန်လည်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း  ရွေးကောက်ပွဲကို စိတ်ဝင်စားသူ နည်းသောကြောင့် ဆုံးဖြတ်ချက်ပြင်လိုက်ကြောင်း လူမင်းက ပြောကြားခဲ့သည်။
ဒုဥက္ကဋ္ဌရာထူးတွင် ဦးအေးကြူလေးက ဒုဥက္ကဋ္ဌက ၁၊ ဦးဇော်မင်းက ဒုဥက္ကဋ္ဌ ၂ အဖြစ် ရွေးချယ်ခံခဲ့ရပြီး အတွင်းရေးမှူး ရာထူးအတွက် ဦးကိုကိုတင်က ရွေးချယ်ခံခဲ့ရသည်။


 http://7daydaily.com/story/30392#.VMruPy5IS01


26 Jan 2015

မယ်စကြ၀ဠာဆု ကိုလံဘီယာ အလှမယ် ရရှိ


မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ ကိုလံဘီယာ ပေါလီနာ ၀ီဂါက မယ်စကြ၀ဠာ အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။


အသက် ၂၂ နှစ်အရွယ် ၀ီဂါ ဟာ ပြိုင်ပွဲမှာ တင်ဆက်မှုတိုင်းမှာ အမှတ်အများဆုံးရ ရှိခဲ့သူဖြစ်ပါတယ်။

စီးပွားစီမံခန့်ခွဲရေး အထူးပြုနဲ့ ကိုလံဘီယာမှာ ကျောင်းတက်နေတဲ့ ၀ီဂါဟာ အသက် ၈ နှစ်အရွယ်ကတည်းက မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။


“အလှအပနဲ့ မက်မော စွဲမက်ဖွယ်ကို ဂရုစိုက်ရုံသာမက ကျွမ်းကျင်မှု၊ ထက်မြက်မှု၊ အလုပ်ကြိုးစားမှု စတဲ့ ဒီကနေ့ အမျိုးသမီးတွေကို ကိုယ်စားပြုရတဲ့ အိမ်မက် အကောင်ထည်ဖော်နိုင်တော့မယ်”လို့ ၀ီဂါက အစောပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။


သူနဲ့ အတူ 1st runner-up အဖြစ် အမေရိကန် ပြည်ထောင်စု အလှမယ်၊ 2nd runner-up အဖြစ် ယူကရိန်း အလှမယ်နဲ့ 3rd runner-up အဖြစ် နယ်သာလန် အလှမယ်တို့က ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံကိုယ်စားပြု  ၀တ်စုံဆုကိုတော့ အင်ဒိုနိးရှား ဓာတ်ပုံ အလှမယ်ဆုကိုတော့ ပူရာတိုရီကို အလှမယ်နဲ့  နှစ်လို ဖော်ရွေတဲ့ အလှမယ်အဖြစ် နိုက်ဂျီးရီးယား အလှမယ်တို့ကို ရွေးချယ်ခဲ့ပါတယ်။


ဒီပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု မီယာမီက ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။


မယ်စကြ၀ဠာ ပြိုင်ပွဲမှာ  နိုင်ငံပေါင်း ၈၈ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သလို  မြန်မာကိုယ်စားပြု  အလှမယ် သျှားထွဋ်အိန္ဒြာက ၀င်ပြိုင်ခဲ့ပါတယ်။


By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/78679


23 Jan 2015

ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ

ဒေါ်လာ ၃၀၀,၀၀၀ ကျော်တန် မယ်စကြာဝဠာ သရဖူ (သတင်းဓာတ်ပုံ- အင်ကြင်းနိုင်- VOA မြန်မာပိုင်း)
 
လာမယ့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈နာရီကျရင်တော့ ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူ ကို ဘယ်သူဆောင်း မလဲဆိုတာကို သိရမှာပါ။ ဒီသရဖူကို ဘယ်လို အဖိုးတန်ကျောက်တွေ လုပ်ထားပြီးတော့ ဘယ်လောက်တောင် တန်ဖိုးရှိသလဲ ဆိုတာကို မအင်ကြင်းနိုင်က ဆက်ပြောပြပါမယ်။


နာမည်ကျော် ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ ချီးမြှင့်မယ့် ဒီနှစ်အတွက် သရဖူဟာ အလွန် တန်ဖိုးကြီးတယ်၊ အလွန်ထူးခြားတယ်လို့ အဖွဲ့ရဲ့ အကြီးအကဲတွေက ပြောပါတယ်။ ဒီသရဖူကို တီထွင်ဖန်တီးဖို့အတွက် နာရီ အချိန်ပေါင်း ၃၀၀၀ လောက်ကြာခဲ့ပါတယ်။ သရဖူရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။


ဒီဟာကို တီထွင်ဖန်တီးတာနဲ့ပတ်သက်ပြီးတော့ Miss Universe အဖွဲ့ကြီးရဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးဖြစ်တဲ့  Shawn McClain ပြောပါတယ်။


" ဒီသရဖူကို စိန်တွေ၊ ဥဿဖယား ကျောက်တွေ၊ သလင်းကျောက်တွေနဲ့ လုပ်ထားတာပါ။ ဆိုတော့ ဒါက သိပ်ကို ဘေးအန္တရာယ်ကင်းတဲ့ သရဖူဖြစ်ပြီး မယ်စကြာဝဠာရဲ့ ခေါင်းပေါ်ကနေ ပြုတ်ကျမသွားနိုင်ပါဘူး။ ဒေါ်လာ သုံးသိန်းကျော် တန်ပြီး တချိန်လုံး လုံခြုံရေးနဲ့ ထားတာပါ။ နယူးယောက်မှာဆိုရင် လုံခြုံတဲ့ သေတ္တာနဲ့ထည့်ပြီး ဘဏ်မှာ အပ်ထားပါတယ်။ ဘယ်ဘဏ်ဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါကို ထုတ်ပြရတာ ကျနော်တို့အတွက် သိပ်ကို စိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။ တနင်္ဂနွေနေ့ညမှာ မယ်စကြာဝဠာ ကိုကြေညာပြီးရင်တော့ ရွေးချယ်ခံရတဲ့ မယ်စကြာဝဠာအသစ်ကို ဒီသရဖူဆောင်းပေးပြီး သူ့ဆီမှာ တစ်နှစ်တာ ရှိနေပါလိမ့်မယ်။"


အခုတနင်္ဂနွေနေ့မှာ ကျင်းပမယ့် မယ်စကြာဝဠာရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ဘယ်သူ သရဖူဆွတ်ခူးမလဲဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစားဖြစ်နေကြပါတယ်။

 
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)


7 Jan 2015

မြန်မာမယ်စကြ၀ဠာ ပန်ထွာဘုရင်မ

Miss Myanmar Universe အလှမယ် သျှားထွဋ်အိန္ဒြာ (ဓာတ်ပုံများ - Miss Myanmar Universe offilcial facebook)

 ကမ္ဘာ့အဆင့်မြင့်ဆုံးအလှမယ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ Miss Universe 2015 ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်နေတဲ့ ဒီပြိုင်ပွဲကြီးကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Miami ကမ်းခြေမှာ ကျင်းပပြုလုပ်နေတာပါ။

နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တဲ့ ဒီပြိုင်ပွဲကြီးဟာ အခုဆိုရင် ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေခြင်းပါ။

Miss Universe ပြိုင်ပွဲဝင် မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာဟာ အမျိုးသားဝတ်စုံပြိုင်ပွဲ၊ ရေးကူးဝတ်စုံပြိုင်ပွဲ၊ ညနေခင်းဝတ်စုံပြိုင်ပွဲတွေနဲ့ အတူ ဒိုင်လူကြီးတွေက မေးမြန်းလာမယ့် ဗဟုသုတဆိုင်ရာ မေးခွန်းတွေကို ဖြေကြားကြရမယ့် ပြိုင်ပွဲတွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ပြိုင်ပွဲဝင် အားလုံးထဲကမှ စကာတင် ၁၆ ယောက်ကို ပြန်လည်ရွေးထုတ်ယှဉ်ပြိုင်စေမှာပါ။ ဒီ ၁၆ ယောက်ထဲမှ ပြိုင်ပွဲဝင် ၁၅ ယောက်ကတော့ ဒိုင်လူကြီးတွေ အကဲဖြတ်အမှတ်ပေးပြီး ရွေးချယ်ခံထားရသူတွေဖြစ်ပြီး နောက်တယောက်ကတော့ Miss Universe ပြိုင်ပွဲကြီးရဲ့ တရားဝင်အွန်လိုင်းမဲပေးစနစ်က မဲအများဆုံး ရရှိလာမယ့် ပြိုင်ပွဲဝင်ပါပဲ။

ဒီမဲပေးစနစ်ကိုလည်း ပြိုင်ပွဲ ကျင်းပခါနီး တပတ် သို့မဟုတ် ၁၀ ရက်လောက်အလိုမှ စတင် မဲပေးခွင့်ရှိ မှာပါ။

မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာတယောက် သူယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတခုဖြစ်တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် အမျိုးသားဝတ်စုံ (National Costume) ပြိုင်ပွဲမှာ ပျုခေတ်က ပန်ထွာ ဘုရင်မရဲ့ အဆောင်အယောင်တွေနဲ့ ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။




 ပန်ထွာဘုရင်မရဲ့ ဘယ်လိုအဆောင်အယောင်တွေနဲ့ ဘာကြောင့် ပြိုင်ဖြစ်တာလဲဆိုတော့..

“သူ့ကိုဆင်ထားတာ ပန်ထွာဘုရင်မပုံစံ ဆင်ထားတာပါ။ ပန်ထွာဘုရင်မ လုပ်ဖြစ်တာကလည်း အခု ပျူမြို့ဟောင်းကို ပြန်ပြီးတော့ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းတယ်ဆိုတော့ ဒီဝတ်စုံကနေမှ ပျူလူမျိုး တွေ ပျူခေတ်အကြောင်းလေး မြန်မာပြည်နဲ့ပတ်သက်ပြီး နိုင်ငံတကာကို မက်ဆေ့ခ်ျပေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပန်ထွာဘုရင်မ၀တ်စုံလေးကို ဖန်တီးဖြစ်တာပါ။ ဒီဝတ်စုံနဲ့ပတ်သက်လို့ ကိုယ်တတ်နိုင်သလောက် သမိုင်းအထောက်အထား စာအုပ်တွေဖတ်ပြီးတော့မှ အနီးစပ်ဆုံး ဖန်တီးထားတာပါ။ ကိုယ်လည်း ပျူခေတ်ဆိုတာကြီးကို မမီခဲ့ဘူး။ အထောက်အထားဆိုတာကလည်း အရမ်းအတိအကျ အခိုင်အမာကြီးမရှိခဲ့ဘူး။ ကိုယ်လည်း အနီးစပ်ဆုံးတော့ ကြိုးစားပြီး ဖန်တီး ခဲ့ပါတယ်။ ကာလာရွေးချယ်မှုအပိုင်းကတော့ ကျမ အနီရောင်သုံးလိုက်တယ်ဆိုတာက ရဲရင့်တဲ့ ပန်ထွာဘုရင်မကို ပြချင်လို့ အနီရောင်ကို သုံးလိုက်တာပါ။ အနီရောင်မှာ ပိုရဲပြီးစိုတဲ့ဘက်ကို သုံးထား တယ်။ နောက် ချပ်ဝတ်တန်ဆာတွေဘာတွေကတော့ ရွှေဘက်ဖောက်တဲ့အရောင်ကို သုံးထားတယ်။ ဘုရင်မဖြစ်တာလည်းပါတယ်။ သူ့ အဆင်တန်ဆာတွေကို ရွှေနဲ့ ကြေးနဲ့ ရောပေးထားတယ်။ ဘာကြောင့်လည်းဆိုတော့ ပျူခေတ်က ကြေးတွေ ခေတ်စားတယ်။ သူတို့ရဲ့ အဆင်တန်ဆာတွေ သုံးတဲ့ ပန်းကန်ခွက်ယောက်တို့ တခြား လက်ကောက် လက်ပတ် ပိုက်ဆံကအစ လေ့လာမိသလောက် ကြေးတွေကို အရမ်းအသုံးပြုတယ်။ သူ့အကျီမှာ ထိုးတာတွေကိုလည်း ခေါင်း ဆောင်းတို့ နောက် ခါးက ဒွါဒရာတို့ လက်ပတ်တို့ကိုလည်း အကုန်လုံး ကြေးနဲ့ပဲ ဖန်တီးထားပါတယ်။ ကနုတ်ကိုလည်း ဗမာ ကနုတ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး ဗမာကနုတ်တွေနဲ့ပဲ ခေါင်းတို့ ဘာတို့မှာ အကုန်ပြန်ပြီး ဖန်တီးပေးထားပါတယ်။

နောက် အဆင်တန်ဆာတွေမှာသုံးတဲ့ ကျောက်တွေကလည်း မြန်မာပြည်မှာ ဒီလိုမျိုး မိုးကုတ်တွင်း ထွက် ကျောက်တွေရှိတယ်ဆိုတာကို ပြချင်တော့ ကျမက ကျောက်တွေအကုန်လုံးကို မိုးကုတ်တွင်း ထွက် အစစ်တွေ အသုံးပြုထားတယ်။ လိုအပ်တဲ့ ကျောက်တွေကို organization ကနေ ကျမကို စီစဉ်ပေးပါတယ်။ တွင်းထွက်ကျောက်အစုံ အလုံး ၆၀ ကျော်သုံးထားပါတယ်။” လို့ ဒီဝတ်စုံကို ဖန်တီး ပေးထားတဲ့ ဒီဇိုင်နာ မပုံ့ (My Favourite) က ဧရာဝတီဘလော့ဂ်ကိုပြောပါတယ်။

Miss Universe 2015 ပြိုင်ပွဲကြီးဟာ (၆၃) ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံပေါင်း ၈၉ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာပါ။





http://blog.irrawaddy.org/2015/01/blog-post_80.html

30 Dec 2014

အကယ်ဒမီပေးပွဲတွင် ရိုင်းစိုင်းသည့်စကားလုံးပြောဆိုမိခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ပြန်လည်တောင်းပန်



ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အကယ်ဒမီ ပေးပွဲတွင် ရိုင်းစိုင်းသည့် စကားလုံး ထွက်ဆိုလိုက်မိခြင်းအပေါ် မြန်မာ့ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြန်လည်တောင်းပန် လိုက်ကြောင်း သိရသည်။


''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ကျွန်တော်က ရုပ်သံတွေကနေပြီး တော့ တိုက်ရိုက်ထုတ်လွှင့်ပေးတာ ကို သတိမေ့ပြီးတော့ ပြောလိုက်တဲ့ စကားလုံးကြောင့် ပရိသတ်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ တကယ်တော့ ပြေတီဦးအပေါ်မှာ သူအကယ်ဒမီ ဆုရသွားလို့ ဘာမလိုမုန်းတီးစိတ်မှ မရှိဘဲ အရင်ကတည်းက အပြင်မှာ ပြောနေကျအတိုင်း ကျွန်တော်ပြော လိုက်မိတာပါ။ အဲဒီအတွက် အား လုံးကို တောင်းပန်ပါတယ်''ဟု ယင်း ကဆက်လက်ပြောသည်။


အဆိုပါ တောင်းပန်စကားအား ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွငှ်ုပှအမေံသအနူ ၌ မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုရရှိသူများအတွက် ကျင်းပ သည့် ဂုဏ်ပြုညစာစားပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံးဥက္ကဋ္ဌ ဦးလူမင်းသည် အကယ်ဒမီ ပေးပွဲည ပွဲပြီးခါနီးအချိန်တွင် အကယ် ဒမီဆုရရှိသူများအား မီဒီယာသမား များက မှတ်တမ်းဓာတ်ပုံ ရိုက်ယူနေ ချိန်၌ စင်မြင့်အထက်တွင် ထိုင်ပြီး မိုက်ကရိုဖုန်းကိုင်ထားကာ ယခုနှစ် အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိသည့် ထပ်ဆင့် အကယ်ဒမီပြေတီဦး၏ နာမည်အား ခေါ်၍ ''ပြေတီ ပြေတီ ဟေ့ကောင် ငါဒီဘက်မှာ ထိုင်နေတယ်။ အဲဒီဆု က ငါရမှ . .. -ီးပဲ''ဟု ပြောဆို ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံး ဥက္ကဋ္ဌမှ ယင်းကဲ့သို့ ပြောဆိုခဲ့ မှုများအား အကယ်ဒမီ ပြေတီဦး အနေဖြင့် မီဒီယာသမားများ၏ မေး မြန်းမှုများအား ဖြေကြားနေခြင်း ကြောင့် သိရှိခြင်းမရှိသော်လည်း ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ် လွှင့်မှုများ ဆက်လက်ထုတ်လွှင့်နေ ခြင်းကြောင့် ယင်းကဲ့သို့ ပြောဆိုခဲ့ သည့် ဦးလူမင်းအပေါ် ပရိသတ် အများစုမှ ဝေဖန်မှုများ ရှိခဲ့သည်။


ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းမှာ ဥက္ကဋ္ဌ ဦးလူမင်းနှင့် သရုပ်ဆောင် ပြေတီဦးတို့ အပြင်တွင် တွေ့ဆုံခဲ့သည့် အခါများ၌ ယင်းသို့ပင် တစ်ယောက် နှင့် တစ်ယောက် ခင်မင်မှုအရ နောက် ပြောင်ပြောဆိုလေ့ရှိသည်။

NN

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
 
--Yangon Media Group --

27 Dec 2014

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ



၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ..

အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်)

အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )

 

ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်)

အမျိုးသားဇာတ်ပို့ဆု - မင်းဦး (ဇာတ်ကား - နင်စေရင်)


 

အမျိုးသမီး ဇာတ်ပို့ဆု - ခိုင်သင်းကြည် (ဇာတ်ကား - စုန်းပြူး)

ရုပ်ရှင်နောက်ခံ တေးဂီတ ဆု - စန္ဒယားတင်ဝင်းလှိုင် (ဇာတ်ကား - ကြယ်စင်မော်ကွန်း)

14 Sept 2014

"ဦးရွှေရိုးနှင့် ဒေါ်မိုးအက" ဘယ်ကစ


ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင် အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။ မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ လှည့်လည်ကပြရ သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။


ထိုအက ဘယ်ကစ မြန်မာ့ယဉ်ကျေးမှုအနုပညာကို မြတ်နိုးတန်ဖိုးထားသူများ သိချင်ကြပေလိမ့်မည်။ ထိုအက ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၉၀)ကျော်ခဲ့ပြီ။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက် ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေဖလင် (နောင်သော် ဗ-၁ ဖလင်)မှ ဒါရိုက်တာ ဦးညီပု (မောင်ဘဌေး) ရိုက်ကူး ခဲ့သော တောမြိုင်စွန်က လွမ်းအောင်ဖန် အသံတိတ်ရုပ်ရှင် ဇာတ်ကားတွင် ဦးညီပု၏ ယောက်ဖတော်စပ်သူ ထိုစဉ်က ကာတွန်းအကျော်အမော် ဦးဘကလေးက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသူနှင့် တွဲဖက်ကပြခဲ့သည်။ ထိုဇာတ်ကားတွင် မင်းသားဦးညီပု၊ မင်းသမီးမခင်သစ်၊ ဦးဘကလေးက ဇာတ်ပို့၊ ဇာတ်လမ်းမှာ သတ္တုရှာဖွေရေး သမား လူငယ်တစ်ဦးနှင့် ဥစ္စာစောင့်မလေးတို့၏ ဒဏ္ဍာရီ ဆန်ဆန်အချစ်ဇာတ်လမ်း၊ ရုပ်ပြောင်းရုပ်လွှဲမိတ်ကပ် ပညာများ၊ ကင်မရာလှည့်စား (Camera Trick)များ၊ အထူးပြုလုပ်ချက် (Special Effect) များ ပေါင်းစပ်ပြီး အချစ်၊ အလွမ်းနှင့် ဟာသဇာတ်ကွက်များ ပုံဖော်ရိုက်ကူး ခဲ့ရာ ထိုကာလက အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။ မင်းသားဦးညီပုမှာ သတ္တုရှာဖွေရေး သမား မောင်ဘဌေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပီပြင်သည့် အတွက် ဦးညီပုသည် မောင်ဘဌေးအဖြစ် လည်းကောင်း၊ ဦးဘလေးသည် ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ် အကြိုက်တွေ့ခဲ့ သည့်အတွက် ဦးဘလေးသည် ဦးရွှေရိုးအဖြစ် လည်းကောင်း အမည်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မင်းသမီး၏ အထိန်းတော် ဒေါ်မိုးကို ဦးရွှေရိုးက နောက်ပိုးသောအခန်းမှာ ပရိသတ်များကား တဝါးဝါး၊ တဟားဟား၊ ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွန်တိုနှင့် ရေလိုက်ပက်သည့်အခန်းတွင် နန်းတော်ရှေ့ဆရာတင်၏ တေး သီချင်းက ရုပ်ရှင်ပိတ်ကားရှေ့တီးဝိုင်းမှ အားဖြည့်ပံ့ပိုး ပြန်သည့်အတွက် ဦးရွှေရိုးနှင့် ဒေါ်မိုးဇာတ်ဝင်ခန်းမှာ မြူးကြွ သွက်လက်ပြီး ပရိသတ်များ စွဲမက်မဆုံး တပြုံးပြုံး၊ ရုပ်ရှင်ကား ပြီးသွားသော်လည်း ပရိသတ် ပါးစပ်ဖျား တွင် မပြီး၊ အပ်ကြောင်းထပ်မျှ ပြောကြဆိုကြ။ ခေါင်းပေါင်း တလူလူ၊ မျက်ခုံးမွှေးတထူထူ၊ နှုတ်ခမ်း မွှေးတကားကား၊ မာဖလာလည်စည်းပဝါ တဖားဖား၊ တောင်ရှည်ပုဆိုးကွက်ကြားနှင့် ပုသိမ်ထီးဆောင်း ထားပြီး ထီးကို နောက်ကျွမ်းပစ်သကဲ့သို့ ပတ်လည်လှည့်ကာ ဝေ့ကာ ဝိုက်ကာ နှုတ်ခမ်းမွှေးက တလှုပ်လှုပ်တရွရွ၊ ခန္ဓာကိုယ်ကိုယိမ်းလိုက် နွဲ့လိုက်၊ ရှေ့တိုးနောက်ဆုတ်၊ အဖိုးကြီးတစ်ဦး ကဲ့သို့ ကွတကွတ ထီးကလေး တမမဖြင့် ကပြသွားပုံများမှာ ကကွက်တစ်မျိုးနှင့်တစ်မျိုး မရိုး၊ အိုးစည်ဒိုးပတ်များနှင့် အညီ စည်းဝါးတကျ ကခုန်သွားကြသည်မှာ ပညာသားပါလှ၏။ တွဲဖက်ကပြသူ ဒေါ်မိုးကလည်း ဦးရွှေရိုးနှင့် အပြိုင် အပေးအယူ အချိတ်အဆက် အတိုင်အဖောက် ညီလှ၏။


အပြောင်/အပြက်ဟုဆိုသော်လည်း ကြုံသလို လှုပ်ခါရမ်းပြီးမရ၊ စည်းဝါးတကျ ဟန်ပန်အမူအယာ ကကြိုးကကွက် ပီပြင်စွာ ရုပ်လုံးကပြရသည်။ သာမန်ကတတ်သူတို့ ထိုအကကို ရုတ်တရက်မကရဲ။ ရဲတင်းဖို့လိုသည်။ လက်ချင်းချိတ်ပြီး ဆွဲမွှေ့ဆွဲပစ်လိုက်သောအခန်း တင်ချင်း ပေါက်ကပြရသော အခန်းတို့မှာ ရဲရဲဝံ့ဝံ့ပီပြင်စွာကပြပါက အလွန်ကြည့်ကောင်းပြီး အနုပညာရသ မြောက်သော ယဉ်ကျေးမှုကကွက်ဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက "တောမြိုင်စွန်က လွမ်းအောင် ဖန်" ဇာတ်ကားမှ စသည်ဟု ဆိုပါရစေ။

တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)
MOI Webportal Myanmar

12 Sept 2014

အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

 
 
(ရန်ကုန်၊ စက်တင်ဘာ ၈ )

အနုပညာ လမ်းပေါ် စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။


”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရတာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ် လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။


”အနုပညာလောက မှာ အားကျတဲ့ လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာ တော့ ဦးကျော်သူတို့ ဇနီးမောင်နှံကို အား အကျဆုံးပဲ။ ခင်ဝင့်ဝါ အလှူတွေ၊ ပရ ဟိတ တွေမှာ ပါဝင်တာ ပေါ်ပြူလာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်မို့ လုပ်လာတာပါ” ဟု ၄င်းက ပြောသည်။


ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက် တာ ပန်းချီစိုးမိုး ရိုက်ကူးသည့် ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ဇာတ်သိမ်းပိုင်း ကို ရိုက်ကူးလျက် ရှိပြီး ချောင်းသာတွင် ဇာတ်ကား အသစ် သွားရိုက်မည် ဖြစ်သည်ဟု သိရသည်။


ထူးထူး
 
Popular Journal



2 Aug 2014

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား

2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်
K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။


2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။


ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု
 မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။


ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။


2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။


2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don’t Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။


Eleven Media


23 Jul 2014

Miss Supranational ခင်ဝင့်ဝါ သရဖူ ရုပ်သိမ်းခံရ




Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏ သရဖူ ပြန်လည်ရုပ်သိမ်း ခံလိုက်ကြောင်း သိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့ သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။ အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။

ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။ အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေး တာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ပါပဲ။ အဲဒီအတွက် Organization အပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တယ်လို့ မယူဆပါဘူး။ ခင်ဝင့်ဝါအစား Miss Supranational Philippiness 2013, runner-up ရခဲ့တဲ့ ဖိလစ်ပိုင်အလှမယ်က ဒီနှစ်ရတဲ့ Miss ကို လာပြီးတော့ သရဖူဆောင်းပေးမှာပါ”

“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆိုတာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ
သူ ဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကို စာချုပ်စည်းကမ်းလိုက်နာအောင် သတိပေးလိုက်တာပါ။

Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့ အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်း မလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်ဘယ်လိုတည်နိုင်မလဲလို့ ပြောခဲ့ပါတယ်။”

ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်း ခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားပြိုင် ခဲ့တယ်။ အခု သရဖူလွှဲခွင့်မရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခါတလေ ကြော်ငြာ၊ မဂ္ဂဇင်း cover တွေရိုက်ရင် ပြောဖို့ မေ့ကျန်ခဲ့ တာတွေလောက်ပဲရှိပါတယ်။ အနုပညာအလုပ်တွေ ဖြစ်တဲ့ Brand Ambassador တို့၊ ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ရင်လည်း Organization က လူကြီးတွေ ကိုယ်တိုင်ပါတယ်။ သူတို့လည်း လက်မှတ်ထိုးတယ်။ ဇာတ်ကားရိုက်တာတွေ ကိုလည်း အသိပေးပါတယ်။ Facebook တင်ရင်တောင်မှ ဖုန်းဆက်ပြီးပြော ပါတယ်။ ဒါပေမဲ့ အခုစာချုပ်ဖောက်ဖျက်တယ်၊ သရဖူဆောင်းခွင့် မပေးဘူး ဆိုတာ သိရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။

Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အချိန်ဆိုရင်လည်း အမြဲအချိန်မှန်၊ အချိန်ပြည့်ကြိုးစားခဲ့တယ်။ ခင်ဝင့်ဝါရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားကိုလည်း အားလုံးသိပါတယ်။ လူဆိုတာကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြစမြဲပါ။ ထုတ်ဖော်ပြောလို့ရတာရှိသလို၊ မရတာတွေလည်း ရှိပါတယ်။ တစ်နှစ်လုံး အကောင်းဆုံးဖြစ်အောင် နေခဲ့ပေ မယ့် အခု တစ်နှစ်ပြည့်ခါနီးကာမှ ဒီသတင်းကြားရတာ စိတ်မကောင်း ပါဘူး။ ပထမဆုံး သူတို့ ပျိုးထောင်ပေးခဲ့တဲ့ Miss တစ်ယောက်ဖြစ်လို့ ပရိသတ်အထင် လွဲစေမယ့် စကားတွေ မပြောစေချင်ပါဘူး။ ခင်ဝင့်ဝါအကောင်းဆုံးဖြစ်အောင် အမြဲနေခဲ့ပေမယ့် သရဖူလွှဲခွင့်မပေးဘူး။ စည်းကမ်းမလိုက်နာဘူးလို့ ပြောတာတွေကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုသွားခဲ့ပါရဲ့။

ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်ထဲမှာရှိနေတော့လည်း သူတို့သဘော ပဲပေါ့နော်။ သူတို့ဘက်က နဂို ၆ လလောက်ကတည်းက လွှဲပေးရမယ့် Miss ကို စောင့်ခိုင်းထားတာဆိုတော့ တမင်သက်သက်ချောက်ချတဲ့သဘောမှာ ရှိနေတယ်။ အင်တာဗျူးတွေဆိုရင်လည်း မဖြေပါနဲ့လို့ ပြောပါတယ်။ သူတို့နဲ့က စာချုပ်ရှိနေခဲ့ပြီး စာချုပ်မှာလည်း ဒီအကြောင်းအရာတွေက ပါနေတဲ့အခါ အန်တီတို့ဘက်က အမှားမရှိအောင်တော့ အတတ်နိုင်ဆုံးနေခဲ့ပါတယ်။ ပရဟိတဆိုလည်း လုပ်ခဲ့တာပဲလေ။ စာနယ်ဇင်းတွေမှာလည်း ပါနေတာပဲ။ အားလုံးလည်း သိပါတယ်။ အန်တီတို့ဘက်ကတော့ ဘာမှ မပြောတော့ပါဘူး။ စာချုပ်လည်းပြည့်ဖို့ တစ်လလောက်ပဲလိုတော့တာဆိုတော့လေ၊ သမီးကတော့ စိတ်မကောင်းဖြစ်နေတယ်။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေမှာလည်း ကြိုးစားနေတယ်။ ပရဟိတလည်း လုပ်နေရဲ့နဲ့ အကြောင်းမရှိအကြောင်းရှာ တာပါ။ တချို့နိုင်ငံတော်နဲ့ပတ်သက်တဲ့ပွဲတွေမှာ လူညီတဲ့အခါတွေမှာ တော့ အကြောင်းမကြားမိတာလေးတွေရှိပါတယ်”ဟု ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ်ခဲ့ပြီး ထိုစဉ်က Miss Supranation ပြိုင်ပွဲဝင်ရန်အတွက် အခြားမည်သည့်အေဂျင်စီနှင့်
မှ သာချုပ်ချုပ်ဆိုခြင်းမပြုရဟူသော စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်၍ Miss Golden Land Myanmar Organization နှင့် စာချုပ် ချုပ်ဆိုခဲ့သောကြာင့် Star&Model အေဂျင်စီ၏ တရားစွဲဆိုဖြင်းခံခဲ့ရပြီး ရော်ကြေးငွေသိန်း ၃၀ ပေးခဲ့ရဖူးသည်။

“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင်ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။

Credit : News Watch



19 Jul 2014

စည်းကမ်းချက်များ မလိုက်နာသဖြင့် အလှမယ်ခင်ဝင့်ဝါ Miss Supranation Myanmar 2014 ၂ဝ၁၄ ဆုရှင်အား သရဖူ ပေးအပ်ခွင့် ရရှိတော့မည်မဟုတ်ဟုဆို


ရန်ကုန်၊ ဇူလိုင် ၁၇ -Miss Golden Land Myanmar Organization နှင့်ချုပ်ဆိုထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိ ခြင်းကြောင့် အလှမယ် ခင်ဝင့်ဝါ သည် Miss Supranation Myanmar 2014 ဆုရှင်အား သရဖူ ပေးအပ်ခွင့်ရရှိ တော့မည်မဟုတ် Organization သတင်း ထုတ်ပြန်ချက်အရသိရသည်။


''ကျွန်တော်တို့ဘက်ကဒီတစ် ကြိမ်က အသိပေးတာပါ။ ကျွန်တော် Organization က ကမ်းလှမ်း တာတွေကိုလဲ သူကအကြောင်း အမျိုး မျိုးပြပြီးတော့ ငြင်းဆိုတာတွေရှိပါ တယ်။ နောက်ပြီးတော့သင်္ကြန်မှာ တုန်းကလဲ သူ့ကိုကျွန်တော်တို့မေးပါ တယ်။ ဘာလုပ်မလဲဆိုတော့ သူက တရားစခန်းဝင်မယ် ဆိုပြီးတော့ပြောပါတယ်။ ကျွန်တော်တို့ဘက်က ဒီ အတိုင်းသတင်းထုတ်ပြန်ခဲ့တယ်။နောက်ပြီးလဲကျရော သူကသင်္ကြန် မှာ ရုပ်ရှင်ရိုက်ရမယ်ဆိုပြီးတော့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့ပရဟိတလုပ်ငန်းတွေနဲ့ပတ် သက်ပြီးတော့မျက်နှာပျက်ရတာတွေလဲ ရှိပါတယ်။ ကျွန်တော်တို့ပေးထားတဲ့ မန်နေဂျာနဲ့ အနုပညာကြေးကိစ္စတွေ ကို ပြောဆိုရမယ့် အပိုင်းဆိုရင် သူဘာသာဈေးနှုန်းစကားပြောတာ တွေရှိလာတယ်။ ဒါကြောင့်ကျွန်တော် တို့ဘက်က သူ့ကိုဒီလိုမျိုးသတိပေး အကြောင်းကြားစာကိုလူသိရှင်ကြား ထုတ်ပြန်ရတာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန် ဇော်လတ်က ပြောသည်။


အလှမယ်ခင်ဝင့်ဝါသည် Miss Supranation Myanmar 2013 အဖြစ် တာဝန်ယူထားစဉ်ကာလအတွင်း Miss Golden Land Myanmar Organization နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်တွင် Organization အပေါ်လေးစားသောအား ဖြင့်အနုပညာလှုပ်ရှားမှုများပြုလုပ်ခြင်း၊ ရိုက်ကူးရေးများ ပြုလုပ်ရာ တွင် စာချုပ်ပါစည်းကမ်းချက်အရ Organization ထံမှာ ခွင့်ပြုချက် တောင်းခံရန်၊ အနုပညာလှုပ်ရှားမှု များ ပြုလုပ်ရာတွင် Organization ၏ လမ်းညွှန်စီမံချက်အပေါ်တွင် သာ ဆောင်ရွက်ရန်နှင့် Organization နှင့်မဟုတ်ဘဲ မိမိသဘောဆန္ဒ အတိုင်း လုပ်ဆောင်သည့် အနုပညာလှုပ်ရှား မှုများကိုလည်း Organization ထံ သို့ အသိပေးအကြောင်းကြားရမည် ဟု ချုပ်ဆိုထားခြင်းဖြစ်ကြောင်းသိရသည်။


စာချုပ်ပါစည်းကမ်းချက်များ အားအလှမယ် ခင်ဝင့်ဝါမှ တစ်နှစ် ထိလိုက်နာရမည်ဖြစ်သော်လည်း လိုက်နာခဲ့ခြင်းမရှိသည့်အတွက်ဇူ လိုင် ၁၄ရက်တွင် အဆိုပါသတိ ပေးထုတ်ပြန်ချက်အားထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါ ကိစ္စရပ်များနှင့် ပတ် သက်၍ အလှမယ်ခင်ဝင့်ဝါက ''အခု ညီမကို Organization ကနေပြီး တော့ သတိပေးစာထုတ်လိုက်တာ နဲ့ပတ်သက်ပြီးတော့ ဘာမှမပြော ချင်တော့ပါဘူး။ ညီမဘက်ကအ တတ်နိုင်ဆုံး စည်းကမ်းလိုက်နာခဲ့ ပါတယ်။ ပရဟိတတွေဆိုရင်လဲ ညီမတတ်နိုင်သမျှအားလုံးကို လုပ် ဆောင်နေပါတယ်။ Organization ကိုလဲ ညီမ လေးလေးစားစားဆက်ဆံ ပါတယ်။ ဒီလိုမျိုးဖြစ်တာကတစ်ဖက် နဲ့တစ်ဖက်အထင်လွဲနေကြတာလို့ ညီမကတော့ထင်ပါတယ်။ ညီမလုပ် သမျှကိစ္စရပ်တွေအားလုံးကို Organization ကို အစီရင်ခံစာတင်ပါတယ်''ဟုပြောသည်။


Miss Golden Land Myanmar Organization နှင့် အလှမယ်ခင်ဝင့်ဝါတို့ချုပ်ဆိုထား သည့်စာချုပ်မှာ စက်တင်ဘာလ တွင်ပြည့်မည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင့်ဝါသည် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် Miss Supranational 2013 ပြိုင်ပွဲကြီးတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ရာ
Miss Inter-net, Most Beautiful Woman in the World,Face of Miss Supra-national ဆုများရရှိခဲ့ကြောင်း သိရ သည်။

နွေးနွေး

#Democracytoday
Yangon Media Group


18 Jul 2014

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ပြည်တွင်းဒါရိုက်တာများသာ ရိုက်တော့မည်


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို မူလက ပြည်ပဒါရိုက်တာများနှင့် ပူးပေါင်းရိုက်ကူးရန် စီစဉ်ထားသော်လည်း အမြင်ကွဲပြားမှုများရှိနေ၍ ပြည်တွင်းဒါရိုက်တာများကသာ တာဝန်ယူရိုက်ကူးတော့မည်ဟု ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇူလိုင် ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။


“ဇာတ်ညွှန်းထဲက ဗိုလ်ချုပ်ဇာတ်ကောင်က ပြီးပြည့်စုံ(Perfect) နေတယ်လို့ သူတို့ ထင်ကြတယ်”ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။


ဇာတ်ညွှန်းရေးသားပြီးစီးသည့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတကာဒါရိုက်တာနှင့်ထုတ်လုပ်သူများကို ရှာဖွေခဲ့ရာ အမေရိကန် ဟောလိဝုဒ်မှထုတ်လုပ်သူ၊ ကနေဒါမှ ဒါရိုက်တာ၊ ပြင်သစ်မှ အသံနှင့် အမြင်ဆိုင်ရာကျွမ်းကျင်သူများကို ချိတ်ဆက်နိုင်ခဲ့ပြီး ပူးပေါင်းရိုက်ကူးရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။


၁၉၁၅ ခုနှစ်၊ ၁၉၄၀ ခုနှစ်၊ ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ် တက္ကသိုလ်မရောက်ခင်နှင့် တက္ကသိုလ်ရောက်ပြီး နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့ပုံများအပြင် ဗိုလ်ချုပ်လုပ်ကြံခံရသည့် နောက်ဆုံးကာလများအထိ အပိုင်းသုံးပိုင်းခွဲကာ သမိုင်းအခြေခံထားသည့် ဇာတ်ညွှန်းကို ချစ်ဦးညို၊ ကြည်စိုးထွန်းနှင့် မြမြင့်မိုရ်တို့က ရေးပေးထားခြင်းဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၁၂ ရက် ပခုက္ကူတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲအတွင်း ရုပ်ရှင်ဆိုင်ရာ မေးမြန်းမှုတစ်ခုကို ပြန်လည် ဖြေကြားရာတွင် ပြည်တွင်းဒါရိုက်တာများဖြင့်သာ ရိုက်ကူးတော့မည်ဟု ဆိုထားသည်။


“ကျွန်မတို့ရဲ့ အမြင်ချင်းက မတူဘူး။ကျွန်မတို့ ရုပ်ရှင်အဖွဲ့ ရှင်းပြတာက ဗိုလ်ချုပ်ရုပ်ရှင်ကို သမိုင်းအနေနဲ့ မြင်တယ်။ နိုင်ငံတကာရုပ်ရှင်ပညာရှင်တွေက ရုပ်ရှင်တစ်ခုအနေနဲ့ မြင်တယ်။ နောက်ဆုံးကျတော့ ကျွန်မတို့ ရုပ်ရှင်အဖွဲ့က သတ္တိရှိရှိနဲ့ ကိုယ့်ဘာသာကိုယ် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ရိုက်မယ်ဆို ပြီး ဆုံးဖြတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။


ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်တွင် ပြသနိုင်ရန် မူလက စီစဉ်ထားသော်လည်း ယခုမူ ၂၀၁၅ ခုနှစ်အတွင်းရောက်မှသာ ရိုက်ကူးမှု စတင်နိုင်တော့မည်ဟု ဖြစ်မြောက်ရေး အဖွဲ့ဝင်များက ပြောသည်။ ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူထားခြင်းဖြစ်သည်။


ဇာတ်ကားရိုက်ကူးမှုကို ဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြင့် အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။ အဖွဲ့တွင် ဦးသူရ(ဇာဂနာ)၊ လူမင်း၊ အရိုင်း၊ ဇော်သက်ထွေး၊ ၀ိုင်း၊ အိအိခိုင်၊ ကြည်ဖြူသျှင်၊ သူရကျော်၊ ဝေဠု ကျော်၊ ဦးမော်လင်းနှင့် ထွန်းအိန္ဒြာဗို စသည်ဖြင့်ပါဝင်ကြသည်။

Credit: Mizzima Burmese


15 Jul 2014

မြန်မာနိုင်ငံက ဈေးအကြီးဆုံး ရှိုးပွဲလာပြီ

 
 
မြန်မာနိုင်ငံမှာလာ ရောက်ဖျော်ဖြေမယ့် ကိုရီးယားနာမည်ကျော် Girl Band ဖြစ်တဲ့ 2NE1 ရဲ့ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကို အမြင့်ဆုံးကျပ်ကိုး သိန်းသတ်မှတ်ထားတယ်လို့ Bo Bo Entertainment မှသိရပါတယ်။

2NE1 ဖျော်ဖြေပွဲကို ယခင်က သြ Bo Bo Music နဲ့ Samsung Myanmar တို့ ပူးပေါင်းပြုလုပ်ဖို့ စီစဉ်ထားသော်လည်း အခက်အခဲတချို့ကြောင့် Living Sound Entertainment နဲ့ ဆက်လက်ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။

''အစကကျွန်တော်တို့ Samsung နဲ့ ပေါင်း လုပ်ဖို့စီစဉ်ထားတာပါ။ အကြောင်းအမျိုး မျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။ အခုပွဲ ကို Living Sound ကနေ ဦးစီးပြီးလုပ်မှာ ပါ။ သူတို့ကလဲပွဲကို 2NE1 In Myanmar Galaxy Stage အမည်နဲ့ပဲ ဆက်လုပ်သွား မယ်လို့သိရပါတယ်''လို့ Bo Bo Music Entertainment မှ ကိုဘိုဆန်းကပြော ပါတယ်။

2NE1 Myanmar ပွဲမှာ ပရိသတ်ကြိုက် မြန်မာအမျိုးသမီးအဆို တော်တစ်ဦးနဲ့ အမျိုးသားအဆိုတော်နှစ်ဦး တို့ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး 2NE1 အဖွဲ့ အပြင်အခြားအကအဖွဲ့ များရဲ့ ဖျော်ဖြေမှုများလည်းပါဝင်မှာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီဖျော်ဖြေပွဲကို သြဂုတ် ၂ ရက် မှာကျင်းပမှာဖြစ်ပေမယ့် သုဝဏ္ဏမိုးလုံလေ လုံအားကစားကွင်းမှာ ဖျော်ဖြေမှာမဟုတ် ဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခု မှာည ၇ နာရီမှ ၁ဝ နာရီအထိကျင်းပမှာ ဖြစ်ကာ လက်မှတ်ဈေးနှုန်းကို ကျပ် ၂၅ဝဝဝ၊ ၄၅ဝဝဝ၊ ၂၅ဝဝဝဝ၊ ၅ဝဝဝဝဝ၊ ၇ဝဝဝဝဝ နဲ့ ၉ဝဝဝဝဝ အထိသတ်မှတ်ထားပြီး ဇူ လိုင် ၂၁ ရက်မှာ လက်မှတ်ရောင်းချမယ့်နေ ရာများကို ကြေညာပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။

From: YMG


14 Jul 2014

လက်တစ်ဖက် မရှိတော့ပေမယ့် အလှမယ်ဆု ရရှိထားသူ


အေသင်အောင်

မသန်စွမ်း ဘ၀ကို ရောက်နေပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့ အသက် (၂၃) နှစ် အရွယ် နီကိုးလ်ကယ်လီဟာ အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါ ပြည်နယ်ရဲ့ အလှ မယ်ဆုကို ရရှိသွားခဲ့ပါတယ်။ နီကိုးလ်ကယ်လီဟာ အခြားပြိုင်ပွဲဝင် များစွာကို ကျော်ဖြတ်ပြီး ၂၀၁၄ အလှမယ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မွေးရာပါ လက်တစ်ဖက် ပါဝင် ခြင်းမရှိခဲ့ပေမယ့် တက္ကသိုလ်မှာ စီမံခန့်ခွဲ ဘာသာရပ်နဲ့ ဘွဲ့ရယူထားတဲ့ နီကိုးလ် ကယ်လီဟာ ဘ၀တူ မသန်စွမ်းသူတွေ အတွက် လေးစားအားကျစရာ ဖြစ်လာခဲ့ပါတယ်။ ဘာပဲလုပ်လုပ် ယုံကြည်မှုထားလုပ်ကိုင်ခဲ့တဲ့ နီး ကိုးလ်ကယ်လီ ဟာ လက်ရှိအချိန်မှာတော့ နယူးယောခ်မြို့မှာ အခြေချပြီး လုပ်ငန်းခွင် ၀င်ရောက်လျက်ရှိပါတယ်။


နီကိုးလ်ကယ်လီက ကျွန်မဟာ အလုပ်တစ်ခု လုပ်တိုင်း ချိန်ဆတွေးတော လုပ်လေ့ရှိပါတယ်။ စိတ်ညစ်စရာတွေ ရှိခဲ့ပေမယ့် အရှုံးမပေးခဲ့ပါဘူး။ အရာအားလုံးကို ကြိုးစားလုပ်ခဲ့လို့ ဘေ့ဘောကစားခြင်းကနေ ကခုန်ခြင်း၊ ဒိုင်ဗင်ထိုးခြင်းအထိ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်မအနေ နဲ့ ဘာမှမကြိုးစားရင် ဖြစ်လာမှာ မဟုတ်ပါဘူး လို့ ပြောသွားခဲ့ပါတယ်။ နီကိုးလ် ကယ်လီဟာ မသန်စွမ်းသင်တန်ကျောင်းတွေကို သွားရောက်ပြီး သူနဲ့ဘ၀ တူတွေကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ နီကိုးလ်ကယ်လီက မသန်စွမ်းဖြစ်နေတဲ့သူတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံရန် အလွန်အရေးကြီးကြောင်း၊ စိတ်ပိုင်း ဆိုင် ရာထိခိုက်မှုမရှိစေရေး အတွက် မိဘတွေကို သတိပေးမှုတွေ ပြုလုပ် သွားရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ နီကိုးလ်ကယ်လီဟာ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

Messenger


10 Jul 2014

အလှမယ် မေမြတ်နိုး၏ သရဖူ ကိုရီးယား ပြန်သိမ်းမည်မဟုတ်

ရန်ကုန်၊ ဇူလိုင်-၂

Miss Asia Pacific World အလှမယ် မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်မ သိမ်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက် တာကိုယ်တိုင် တောင်းပန်ထားခြင်း ကြောင့် သရဖူ ပြန်သိမ်းဖြစ်တော့
မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာ အလှမယ်မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်လည် သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ၎င်း၏တောင်းပန် မှုကြောင့် ပြန်လည်သိမ်း ယူတော့မည် မဟုတ်ကြောင်း မလှနုထွန်းက ပြောသည်။

မြန်မာအလှမယ်သည် သရဖူပိုင်ဆိုင်ထားပြီးသော်လည်း စာနယ်ဇင်းများနှင့် လုပ်ကိုင်ဆက်ဆံရာ တွင် မောက်မာခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ရက်များကို ငွေကြေးမရပါက ဖျက်သိမ်းခြင်း စသည့်များအပြင် သရဖူပိုင်ဆိုင်ထားသည့်အလှမယ်တစ်ယောက်အနေဖြင့် Professional မပီသခြင်းများကြောင့် သရဖူ၏ဂုဏ်သိက္ခာနှင့် အလှမယ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျ ဆင်းခြင်း တို့ကြောင့် ယခုကဲ့သို့ သရဖူပေးအပ်သည့် ကိုရီးယားအဖွဲ့အစည်းက ပြန်လည် ရုပ်သိမ်းရန် ကြေညာ လိုက်ခြင်း ဖြစ်ကြောင်း မလှနုထွန်းမှ တစ်ဆင့်သိရသည်။

" အစ်မကပြန်မသိမ်းဖို့ တောင်းပန်ထားပါတယ်။ ဒါ့ကြောင့်လည်း ကိုရီးယား အဖွဲ့အစည်းက ပြန်မသိမ်းဖြစ်တော့ပါ ဘူး။ လောလောဆယ်တော့ အစ်မတို့ ကြားမှာဘာညှိနှိုင်းဆောင်ရွက်မှုမှ မရှိပါဘူး။ စပွန်ဆာတွေဘက်ကို သူပျက်ကွက်မှုတွေများလို့ အစ်မလိုက်တောင်းပန်နေ ရတယ်။ အခု တစ်ရက်၊ နှစ်ရက်အတွင်း သူ အစ်မဆီ ပြန်လာပြီး ညှိညှိနှိုင်းနှိုင်း မဆောင်ရွက်ရင်တော့ အစ်မသူနဲ့လက်တွဲဖြုတ်လိုက်ရုံပါပဲ"ဟု မလှနုထွန်းက ပြောသည်။

လက်ရှိအချိန်တွင် အလှမယ် မေမြတ်နိုးနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ဖန်တီးရှင်၊ ဂျာနယ်မဂ္ဂဇင်းများတွင် ပျက်ကွက် မှုရှိပါက၎င်းထံတိုက်ရိုက်ဆက်သွယ်ပြောဆို ပေးရန် တောင်းဆိုကြောင်း မလှနုထွန်းကပြောသည်။

" ညီမအနေနဲ့တော့ ကိုယ့်ရဲ့ဆရာလည်းဖြစ်တယ်၊ ကျေးဇူးရှင်လည်းဖြစ်တဲ့ အတွက် ဘာမှဝေဖန်ပြောဆိုချင်တာမျိုး မရှိပါဘူး။ သရဖူကိုပြန်သိမ်းဖို့ ဆိုတာလည်း လုံးဝဖြစ်လာနိုင်မှာ မဟုတ်သလို ဘာအကြောင်းကြောင့်နဲ့မှလည်း ပြန်သိမ်း ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဘယ်ကောလာဟလသတင်းတွေကိုမှ ပြန်ဖြေရှင်းတာမျိုး မလုပ်ချင်သေးပါဘူး။ မကြာခင်မီဒီယာတွေက တစ်ဆင့်အများပြည်သူရှေ့ကို အမှန်အတိုင်း ဖွင့်ချပြောဆိုပေးသွားပါ့မယ်" ဟု Miss Asia Pacific World အလှမယ် မေမြတ်နိုးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။


အလှမယ်မေမြတ်နိုးနှင့် ၎င်း၏အကြားတွင် မည်သည့် စာချုပ်သဘော တူညီချက်မှ ချုပ်ဆိုထားခြင်းမရှိဘဲ ဇွန် ၁၅ ရက်က ချုပ်ဆိုရန် စီစဉ်ခဲ့ သော်လည်း ပျက်ကွက်ခဲ့ခြင်း ရှိကြောင်း သိရသည်။


အလှမယ်မေမြတ်နိုးသည် သရဖူရရှိသည့်အတွက် ဆုကြေးငွေ၏ ၃၀ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာသို့ ပေးအပ်ရမည် ဖြစ်သော်လည်း ၎င်းင်းအနေဖြင့် လက်ခံရ ရှိခြင်းမရှိသေးကြောင်း မလှနုထွန်းက ဖြည့်စွက် ပြောကြားသည်။


Miss Asia Pacific World ၂၀၁၄ အလှမယ် မေမြတ်နိုးသည် ကိုရီးယား နိုင်ငံဆိုးလ်မြို့တွင် မေ ၃၁ ရက်က ကျင်းပခဲ့သည့် ပြိုင်ပွဲသို့ ပထမဆုံး အကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးအကြိမ်သရဖူရရှိခဲ့သည့် အလှမယ်တစ်ဦးဖြစ် ကြောင်း သိရသည်။

 မေစနိုး
 စံတော်ချိန် နေ့စဉ်သတင်းစာ


7 Jul 2014

ဘာသာစကားမဲ့ အချစ်


မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။ 


ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ မကြာမီ ရုံတင်သွားမှာပါ။ ဇာတ်ကားရဲ့ ထိုင်းနာမည် ကတော့ "รักภาษาอะไร" ဖြစ်ပြီး - "အချစ်ဟာ ဘယ်ဘာသာ စကားလဲ" လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ "အချစ်ရဲ့ ဘာသာစကား" ပေါ့။ 

ထိုင်းလူမျိုး ခပ်မိုက်မိုက် တက်တူး ဆရာမလေး Kay အဖြစ် Kaew ၊ ရိုးသားတဲ့ မြန်မာအလုပ်သမားလေး Dan အဖြစ် အောင်နိုင်စိုး ၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ 

ဇာတ်ကား ထဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကို တွေ့နိုင် မှာဖြစ်ပါတယ်။ 


ဒီဇာတ်ကားကို ထုတ်လုပ်သူများရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပန်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေ ကြတဲ့ ရိုးရိုးသားသား မြန်မာ အလုပ်သမားတွေ အကြောင်း ထိုင်းလူမျိုးတွေကို သိစေချင်လို့ ဖြစ်ပါတယ် တဲ့။ 


အာဆီယံနိုင်ငံတွေ အားလုံး AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်းလေးက တဖက်တလမ်းကနေ အထောက်အကူ 
ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

Credit: Myanmar Pictures, รักภาษาอะไร / Facebook

 

ဧရာဝတီ

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေရောက် Miss Universe Myanmar ဆန်ခါတင် အလှမယ်များ



The Swimsuit Photo Making of Miss Universe Myanmar 2014 Finalists was held on Karon Beach of Phuket Island in Thailand on July 6, 2014. Miss Universe Myanmar 2014 Beauty Pageant will be held at the National Theater in Yangon on July 26, 20 finalists are vying for the crown.





















ref;Myanmar Celebrity