2 Feb 2015

မလေးရှားတွင် မွေးကတည်းက လက်ချောင်းများမပါသူကို လက်ချောင်းအတုတပ်ပေးရာ ရင်းဂစ် ၁ဝဝ မျှသာကုန်ကျ


ဂျော့ဂ်ျတောင်း၊ ဖေဖော်ဝါရီ ၁

မလေးရှားတွင် မုကရီမိဖ်ဇယ်လ် ရေမီဖ်ဇယ်လ်သည် မွေးဖွားစဉ်က သူ၏ ဘယ်ဘက်လက်ချောင်းများ ပါမလာခဲ့ချေ။ သို့ဖြစ်၍ သူ၏ ထို ဘယ်ဘက်လက်တွင် မကြာသေးမီ က လက်ချောင်းအတုများတပ်ပေး ထားလိုက်သည်။ လက်ချောင်းအတု ကလေးများ တပ်ခအတွက် ရင်းဂစ် ၁ဝဝမျှသာကုန်ကျသည်ဟု သိရသည်။

ရီဇယ်လ်၏ လက်ချောင်းအတု ကလေးများကို အင်္ဂလိပ်ကျောင်း ဆရာဟောင်း ဆူဂျာနာမို့ဒ်ရီဂျက်ဘ် အသက် ၄၇ နှစ်က ပြုလုပ်သည်။ 

ထိုလက်ချောင်းအတုများကို ပိုလီလက် တစ်အက်ဆစ်(PLA)ဟု ခေါ်သော ပလတ်စတစ်တစ်မျိုးကို အသုံးပြု လျက် 3-D Printer ဖြင့်ပြုလုပ်သည်။

မစ္စတာဆူဂျာနာထံမှ လက် ချောင်းအတုများကို ဇန်နဝါရီ ၃ဝ ရက်၌ လက်ခံရရှိသောအခါ မုကရီ သည် အံ့အားသင့်နေသည်ဟု သိရ သည်။

သူသည် သူ၏လက်ချောင်းအ တုများဖြင့် ရှေ့ဆက်၍ပညာသင်ယူ နိုင်ကြောင်း၊ လက်တွေ့စမ်းသပ်မှု များကိုလည်း ပြုလုပ်နိုင်ကြောင်းသူ နှင့်တစ်တန်းတည်းသား သူငယ်ချင်း နှစ်ယောက်ကဆိုသည်။
''ကျွန်တော်ကတော့ အင်္ကျီကြယ် သီးတပ်တာ၊ ရှူးဖိနပ်ကြိုးချည်တာ စတဲ့ နေ့စဉ်လုပ်နေကျအလုပ်တွေ ကို လုပ်နိုင်ပါပြီး ကျွန်တော်လက် ချောင်း အတုလေးတွေအတွက် ကျွန် တော်အတော်အံ့အားသင့်ရပါတယ်။ ကျွန်တော့်ကို ဘယ်သူကမျှ လူထူးလူ ဆန်းလိုကြည့်တာခံရမှာမဟုတ်တော့ ပါဘူး''ဟု မုကရီက ဆိုသည်။

The straits Times

‪#‎Democracytoday‬

0 comments:

Post a Comment