2 Feb 2015

မင်းကွန်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝကျော်ဝန်းကျင်က နစ်မြုပ်ခဲ့သည်ဟုယူဆရသော ရှေးဟောင်းလှေကြီးအား ဖော်ယူလျက်ရှိ



စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁

ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သည့် စစ်ကိုင်း မြို့နယ် မင်းကွန်းရွာတွင် ဧရာဝတီ မြစ်ကမ်းပါးပြိုရာမှ တွေ့ရှိခဲ့သည့် လွန် ခဲ့သည့်နှစ် ၂ဝဝ ဝန်းကျင်က နစ်မြုပ် ခဲ့သည်ဟုယူဆရသော ရှေးဟောင်း ကျွန်းလှေကြီးအား ယခုအခါ မင်းကွန်း လေးဌာနဆရာတော်ကြီးများကဦး ဆောင်၍ ပြန်လည်ဆယ်ယူလျက် ရှိကြောင်း သိရသည်။

အဆိုပါလှေကြီးကို ဇန်နဝါရီ ၄ရက်က ဧရာဝတီမြစ်ကမ်း ဖောင် တော်သီဆိပ်တွင် ကမ်းပါးပြိုရာမှ လှေဦးပိုင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ဇန်နဝါရီ ၂၉ရက်မှ စတင်ကာ နစ်မြုပ်လှေကြီးအား စတင်ဖော် ဆောင်နေခြင်းဖြစ်ကြောင်း၊ ဦးမြင့် သိန်းဦးဆောင်သည့်အဖွဲ့မှ လူအင် အား ၁၅ယောက်၊ စက်လှေသုံးစင်း ကိုအသုံးပြုကာ ဘာလီကြိတ်ဖော် သည့်နည်းစနစ်နှင့်ဖော်နေခြင်းဖြစ် ကြောင်း သိရသည်။

ယခုအခါ လှေကြီး၏တံကူကြီး နှစ်ခုနှင့်ဘေးကာတန်းသစ်သားပြား ကြီးနှစ်ချောင်းတို့ကို ဖော်ယူရရှိ ထားကြောင်း၊ လှေကြီး၏တံကူကွေး ကြီးများမှာ ထုခြောက်လက်မခန့်ရှိ ပြီး အချင်းငါးပေ ခြောက်လက်မခန့် ရှိကြောင်း၊ လှေကြီးမှာ ထွင်းလှေဖြစ် ပြီး အလျားပေ ၆ဝခန့်ရှိမည်ဟု လှေဖော်အဖွဲ့သားများက ခန့်မှန်း ကြကြောင်း၊ အဆိုပါလှေကြီးမှာ ရေအနက် ၁၅ပေခန့်အောက်ရွှံ့နွှံထဲ တွင် နစ်မြုပ်နေခြင်းဖြစ်ပြီး ရေဝဲ ရှိနေသဖြင့် လှေဖော်အဖွဲ့များအ နေဖြင့် ခက်ခက်ခဲခဲဖော်ယူနေကြရ ကြောင်း၊ လှေကြီးဖော်ဆောင်သည့် နေရာသို့ စိတ်ဝင်စားစွာလာရောက် ကြည့်ရှုနေသူများနှင့်လည်း နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။

''လှေကြီးဖော်နေတာ သုံးရက် ရှိနေပြီ။ ဘေးတန်းပျဉ်ချပ်ကြီးတွေ နဲ့လှေတံကူကြီးတွေပဲ ဖော်လို့ရသေး တယ်။ ရေငုပ်သမားတွေကရေအောက် ငုပ်ပြီး ကြိုးချည်တယ်။ အပေါ်က စက်လှေကြီးနှစ်စင်းမှာ တန်းပစ်ပြီး ဘာလီကြိတ်ပြီး ဆွဲတင်ကြတယ်။ ဝဲဂယက်ကလဲရှိပြီး ရွှံ့ညွန်ထဲမှာ နစ် မြုပ်နေတာဖြစ်လို့ ခက်ခက်ခဲခဲဖော် နေတာကို တွေ့ရတယ်''ဟု မင်းကွန်း ဒေသခံပန်းချီဆရာကိုစုက ပြော ပြသည်။

အဆိုပါ ရှေးဟောင်းလှေကြီး သည် သက္ကရာဇ် ၁၁၅၈ခုနှစ်ခန့် ဘိုးတော်ဘုရားလက်ထက် မင်းကွန်း ရွာတွင် ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီးတို့ လာရောက် တည်ထားစဉ်က နစ်မြုပ်နေခဲ့သည့် ရှေးဟောင်းလှေကြီးဟု ယူဆရသည်။

ဖောင်တော်သီဆိပ်ကမ်းအနီးတွေ့ရှိခြင်းဖြစ်၍ မင်းကွန်းခေါင်းလောင်း ကြီးအား နန်းတော်ကျွန်းတွင် သွန်း လုပ်ပြီး မင်းကွန်းဘက်ကမ်းသို့ လှေ ဖောင်များနှင့်သယ်ယူရာတွင် အသုံး ပြုခဲ့သည့်လှေကြီး တစ်စင်းဖြစ်မည် ဟု ယူဆကြသည်။

၁၉၇၉ခုနှစ်က နန်းတော်ကျွန်းဘက်မှ ရွှေပိန်းချ ရှေးဟောင်းသစ်ထွင်းလှေကြီး တစ် စင်းကို တူးဖော်တွေ့ရှိခဲ့ဖူးကြောင်း၊ အဆိုပါလှေကြီးမှာ အလျား ၇၉ပေ၊ လှေဝမ်းအကျယ် ငါးပေခွဲရှိကြောင်း၊ ရှေးဟောင်းသုတေသနဌာနမှ ပြန် လည်ပြုပြင်ကာ အမရပူရမြို့နယ် သပြေတန်းခံတပ်တွင် ထိန်းသိမ်း ပြသထားကြောင်း၊ ယခုတွေ့ရှိသည့် လှေကြီးသည်လည်း သပြေတန်းခံ တပ်တွင် ထိန်းသိမ်းပြသထားသည့် လှေကြီးအရွယ်ရှိလိမ့်မည်ဟု ခန့်မှန်း ထားကြကြောင်း သိရသည်။

NDML

ဓါတ်ပုံ - ရှေးဟောင်းလှေကြီးအား ဖော်ယူနေသည်ကို တွေ့ရစဉ်။

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment