5 May 2014

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

Photo: လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ
Saturday, May 3,2014

မြန်မာ့လက်ဝှေ့ကို ဝါသနာပါလွန်းသဖြင့် နိုင်ငံအနှံ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ လိုက်လံထိုးသတ်ရင်း ရှုံးသည့်အခါ ပါလာသည့် အင်္ကျီ၊ ပုဆိုးလေးတွေကို ပေါင်နှံရောင်းချပြီး အိမ်ပြန်ခဲ့ရသည့် လက်ဝှေ့သမားတယောက်ရဲ့ ဘဝ၊ မိဘတွေက လက်ဝှေ့ထိုးသည့် အလုပ် ကို လုံးဝ သဘောမတူသဖြင့် ရလာသည့် ဒဏ်ရာဒဏ်ချက်တွေကို ကိုယ့်ဘာသာ ကြိတ်မှိတ် ဆေးကုရတဲ့ ဘဝ၊ လက်ဝှေ့ထိုးခြင်းဖြင့် အမြင့်ဆုံးဆုငွေ ကျပ် နှစ်ထောင်အထိ ရခဲ့ဖူးတဲ့ လက်ဝှေ့သမားတယောက်ရဲ့ ဘဝ စတဲ့ လက်ဝှေ့လောက ခရီးရှည်ကို ဖြတ် သန်းခဲ့ဖူးသော လက်ဝှေ့သမားကြီး ဦးဒေါင်းနီသည် ယခုအခါတွင် သူဝါသနာပါသော လက်ဝှေ့သမားဘဝနှင့် နီးစပ်သည့် လက်ဝှေ့ နည်းပြဆရာ၊ လက်ဝှေ့ဒိုင်တဦးအဖြစ် အသက်မွေးဝမ်းကျောင်းရင်း ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

မြန်မာ့လက်ဝှေ့လောက၌ “ဒေါင်းနီ” ဆိုသည့် နာမည်သည် တခေတ်တခါကတော့ ဒီနေ့ခေတ် လက်ဝှေ့သမားတွေဖြစ်သည့် တွေ့မရှောင်နှင့် လုံးချော တို့ကဲ့သို့ပင် နာမည်ကျော်ခဲ့ဖူးလေသည်။ လက်ဝှေ့ သမား ဒေါင်းနီဆိုပြီး မြန်မာ့ လက်ဝှေ့လောကတွင် မှတ် တိုင် တတိုင် ခိုင်မာစွာစိုက်ထူခဲ့သော ဦးဒေါင်းနီ သည် ယခုဆိုလျှင် အသက် ၆၃ နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပါရမီ-ချော်တွင်းကုန်း လမ်းမကြီးနံဘေး ရပ်ကွက်လေး၏ လမ်းကျဉ်းလေးတခုထဲတွင်ရှိသော ၂၀ – ၆၀  ပေ အိမ်လေး တလုံးထဲတွင် ထိုင်နေသော ဦးဒေါင်းနီကို တွေ့ရသည်။ ကျန်းမာရေး သိပ်ကောင်းပုံမရသော ဦးဒေါင်းနီက သူဝါသနာပါသော လက်ဝှေ့လောက အကြောင်းကိုတော့ အားမာန်ပါပါပြောပြသည်။

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊ ဒုတိယအလံ၊ တတိယအလံတို့ ရခဲ့ဖူးတယ်” ဟု သူက ဧရာဝတီကို အစချီပြီးပြောပြခဲ့သည်။

ဦးဒေါင်းနီ လက်ဝှေ့စထိုးခဲ့သော ၁၉၇၀ ဝန်း ကျင်နှစ်များတုန်းကတော့ ဒီနေ့ခေတ်လို ရွှေခါးပတ် ဆိုတာ မပေါ်သေးဘဲ အလံလုပွဲဆိုတာပဲရှိသေးသည်။ ကြားပွဲ၊ ဒုတိယအလံ၊ တတိယအလံ၊ စတုတ္ထအလံ လုပွဲ ဆိုတာမျိုးတွေပဲ ရှိသေးသည်။

“ဦးတို့ခေတ်က လက်ဝှေ့သမားဖြစ်ဖို့ မလွယ်ဘူး၊ လက်ဝှေ့ထိုးမယ်ဆိုရင် ကြားပွဲအဆင့်ရှိတဲ့သူမှ၊ ကြားပွဲတွေထိုးဖူးမှ စင်ပေါ်တက် ထိုးလို့ရတာကိုး၊ ကြားပွဲလို့ခေါ်တဲ့ ၃ ချီပွဲလောက်တော့ ထိုးဖူးရမယ်၊ အဲဒီလောက် ထိုးကြိတ်လာခဲ့ပြီးတော့မှ စိန်ခေါ်ပွဲတွေ ဘာတွေတက်ထိုးသင့်တာ၊ အခုက ပွဲလေး ၁ ပွဲ၊ ၂ ပွဲထိုးရသေးတယ်၊ လက်ဝှေ့သမား အမည်ခံလိုက်ကြတာပဲ” ဟု ဦးဒေါင်းနီက လက်ရှိ လက်ဝှေ့လောက ကို ဝေဖန်သည်။

ဒီနေ့ခတ်မှာ လက်ဝှေ့ကောင်းကောင်း မထိုး တတ်မီ ငွေရေးကြေးရေး စကားပြောကြတာ၊ ကိုယ်နဲ့ ယှဉ်ပြိုင်ထိုးမယ့် လူရဲ့အဆင့် အတန်း အနေအထား စသဖြင့် မေးရမယ့်အစား ဈေးဘယ်လောက်ရမှ ထိုးမယ် ဆိုတာမျိုး ပြောကြတာ၊ ကိုယ်ကျွမ်းကျင် သလောက် ထိုက်တန်တဲ့ နှုန်းလောက်သာ ရမှာကို သတိမပြုကြတာမျိုးတွေ လက်ဝှေ့လောကမှာ အများကြီး ဖြစ်နေသည်ဟုလည်း သူက ဆိုသေးသည်။

မြန်မာ့လက်ဝှေ့ကို တကယ် ပရော်ဖက်ရှင်နယ် ထိုးနိုင်တဲ့သူက ရာဂဏန်းပင် မရှိတော့ဘဲ သူတလူ ငါတမင်း ပုံမျိုးဖြင့် မြန်မာ့ လက်ဝှေ့က တဖြည်းဖြည်း တိမ်ကောလာနေပြီဟုလည်း သူ့အပြောအရ သိရသည်။

“ကြာရင် မြန်မာ့လက်ဝှေ့က ပျောက်သွား နိုင်တယ်၊ အခုလူတွေက လက်ခမောင်းတောင် ကောင်းကောင်း မခတ်တတ်ကြဘူး၊ အနည်းဆုံးတော့ အရန်ပွဲတွေလောက်တော့ ထိုးသင့်တယ်၊ တို့ တုန်းက တော်တော်လေးကို ထိုးယူရတာ၊ အလံလု ပွဲဆို တနေ့တည်း ၁၆ ယောက်ထိုးရတာ၊ ပတ်လည် ထိုးရတာ၊ တနေ့တည်း အပြတ်ပဲ၊ ရှုံးထွက် ထိုးရတာ၊ ဖိုင်နယ်ရောက်မှ ပိုက်ဆံက ၅၀ဝ၊ ၁၀ဝ၀ လောက် ရတာ” ဟု ဦးဒေါင်းနီက သူတို့တုန်းက အနေအထားနှင့် နှိုင်းယှဉ်ကာ ပြောပြသည်။

မြန်မာ့လက်ဝှေ့မှာ လက်ခမောင်း ဘယ်လိုခတ် ရတာ၊ အဖြည်၊ အဖြုတ်တွေ ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘဲ၊ ထိုးဆို တက် ထိုးကြပြီး ဘာပညာမှမပါ၊ ဗလာလက်သီး ဆိုတာမျိုးနှင့် ခုတ်တာလား၊ ထုတာ လား၊ ထောင်းတာလားဆိုတာတောင် မသိကြဘဲနှင့် လက်ဝှေ့ကို တက်ထိုးနေကြတာမျိုးတွေ တွေ့နေရပြီဟုလည်း သူက စိတ်ပျက်လက်ပျက် ပုံစံနှင့် ပြောသေးသည်။

“လက်ဝှေ့ဆိုတာက စထိုးကတည်းက နိုင်ရ မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝါသနာဆိုတဲ့ ခံယူချက် ရှိဖို့လိုတယ်၊ ပိုက်ဆံကတော့ လူတိုင်းလိုချင်တာ ပေါ့ကွာ၊ တို့ဆို လက်ဝှေ့ထိုးလာခဲ့တာ ဖအေသေ၊ မအေသေတောင် မမီဘူးလေကွာ၊ အခုက လက်ဝှေ့ သမား စိတ်ဓာတ် မရှိဘူး၊ ရေရှည်ကို မကြည့်ဘူး၊ ငါဆိုတဲ့စိတ်နဲ့ တကိုယ်တည်းကောင်းစားရေးပဲ လုပ်ချင်နေကြတာ။ အခုကြည့်လိုက်ရင် စင်ပေါ်မှာ အနစ်နာခံပြီး ထိုးခဲ့တဲ့သူက သိပ်မရှိတော့ဘူး” ဟု ဦးဒေါင်းနီက ဆိုသည်။

မြန်မာ့လက်ဝှေ့ကို တကယ် ဝါသနာပါသူတွေ နည်းလာသည်ကတကြောင်း၊ နိုင်ငံတော်ရဲ့လက်ဝှေ့ အပေါ်မှာ ပံ့ပိုးမှု နည်းလာသည် က တကြောင်း၊ လက်ဝှေ့ပြိုင်ပွဲတွေ မလုပ်နိုင်တော့တာက တကြောင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် လက်ရှိ အချိန်တွင် မြန်မာ့လက်ဝှေ့ ပျောက်ကွယ်မည်ကိုပင် စိုးရိမ်နေရသည့် အခြေအနေကို ရောက်နေပြီဟုလည်း သူကပြောသည်။

“အခု နိုင်ငံတော်က လုပ်နေတဲ့ပုံစံက မြန်မာ့ လက်ဝှေ့ကို ပိုပျောက်အောင်လုပ်သလို ဖြစ်နေတယ်၊ အခု ဆီးဂိမ်းမှာတောင် မြန်မာ့ လက်ဝှေ့ဆိုပြီး မပါတော့ဘဲ မွေရိုးရာလက်ဝှေ့ အောက်မှာ သွားထိုးခဲ့ရတာ၊ ဘာပဲဖြစ်ဖြစ် မွေဖြစ်သွားတဲ့အတွက် ထိုင်း လက်ဝှေ့အောက်ကို ရောက်သွားရတယ်၊ မြန်မာ့ လက်ဝှေ့ ဆိုတဲ့ နာမည်ကို မခံနိုင်တော့ဘဲ မွေထိုင်း ဖြစ်သွားတာကိုတော့ လုံးဝ စိတ် မကောင်း ဘူး” ဟု သူ့ခံစားချက်ကို ပြောပြသည်။

“ဦးပြောနေတာ ၁၀ နှစ်လောက် ရှိပြီ။ ကြာလို့ ရှိရင် မြန်မာ့လက်ဝှေ့က ပျောက်လိမ့်မယ်လို့။ မြန်မာ့ လက်ဝှေ့က ထိုးမယ့်သူတွေရော၊ လက်ဝှေ့ရဲ့ ခံစားချက်တွေရော၊ နောက် ပြီးတော့ လက်ဝှေ့ပွဲ လုပ်တဲ့ သူတွေရော၊ အကုန်လုံးရဲ့အားတွေ လိုတယ်” ဟု သူ့ အမြင်ကို ဆိုသေးသည်။

ငွေရေးကြေးရေးကို အဓိကမထား ဘဲ ဝါသနာ တခုကိုသာ အရင်းတည်ပြီး မြန်မာပြည်အနှံ့ လှည့်လည် လက်ဝှေ့ ထိုး သတ်နေ ခဲ့ သော ဦးဒေါင်းနီသည် တခါတရံ လဲစရာပုဆိုး အင်္ကျီ မပြည့်စုံသော အခြေ အနေမျိုးကိုပင် ကြုံခဲ့ရဖူးသည်။

“လက်ဝှေ့ပွဲ နိုင်ရင်တော့ ဝယ်ဝတ်နိုင်ပေမယ့် ရှုံးတဲ့အခါမျိုးဆိုရင်တော့ ကိုယ့်ရှိတဲ့ အင်္ကျီ လေး၊ ပုဆိုးလေးတွေ ပေါင်နှံပြီး အိမ်ပြန် ရတာ၊ ဒီကြားထဲ မိဘက သဘောမတူတော့ အိမ်ပြန်ရင်လည်း မျက်နှာကောင်း မရဘဲနဲ့ ဒဏ်ရာတွေသာ အဖတ်တင်ခဲ့သေးတာ” ဟု သူက ပြန်ပြောင်း ပြောပြသည်။

လက်ဝှေ့ကို ဝါသနာ ကြီးလွန်းလှသော ဦးဒေါင်းနီသည် မြန်မာပြည်အနှံ့ လှည့်လည်သွားလာ ထိုးသတ်ရင်း သူ့အသက် ၃၂ နှစ်အရွယ်တွင်တော့ ကရင်ပြည်နယ် သံတောင် ဒေသဘက်ကို ရောက်ရှိခဲ့ကာ လက်ဝှေ့ပွဲတပွဲကို ထိုးသတ်ဖြစ်ခဲ့သည်။ ထို ပွဲတွင် ထိုစဉ် က နာမည်ကျော် လက်ဝှေ့သမားတဦး ဖြစ်သူ တိုင်းကျော် ဆိုသူနှင့် ထိုးသတ်ရင်း တိုင်းကျော် သည် သူ၏ထိုးချက်ကြောင့် သေဆုံး သွားခဲ့ရသည်။

“အဲဒီတုန်းက သူက ၂၇ နှစ်၊ ဦးက ၃၂ နှစ် လောက်ရှိတယ်၊ သူက လက်ဝှေ့ကျော်ပေါ့၊ အဲဒီပွဲ မှာ သူသေသွားတယ်၊ ငါလည်း တော် တော်စိတ် မကောင်းဖြစ်သွားပြီး နောက်ပိုင်း ၁ ပွဲ ၂ ပွဲထိုးပြီး မထိုးတော့ဘူး၊ သူက ကလေးနှစ်ယောက် ကျန်ခဲ့ တယ်၊ အဲဒီပွဲနိုင်တာ ပိုက်ဆံ ၁၅၀ ပဲ ရတာ” ဟု အတိတ်ကို ပြန်လည်မှန်းဆရင်း ဦးဒေါင်းနီက ဆိုသည်။

ရွှေ တကျပ်သားကို ၃၅၀ ကျပ် ပေးရသော ခေတ်တွင် လက်ဝှေ့ပွဲတွေ ယှဉ်ပြိုင်ထိုးသတ်ရင်း သူ အများဆုံးရခဲ့ဖူးသော ငွေမှာ ၂၀ဝ၀ ကျပ်ဖြစ် သည်ဟုလည်း ဦးဒေါင်းနီက ပြောသည်။

“အဲဒီနောက်ပိုင်း နားလိုက်တယ်၊ ဒိုင်ချုပ် ပြောင်းလုပ်တယ်၊ ထိုးခဲ့တဲ့သက်တမ်းတလျှောက်မှာ ရှုံးတာလည်း ရှိတယ်၊ နိုင်တာလည်း ရှိတယ်၊ နိုင်တာကတော့ များတယ်၊ ပထမဆုံး စထိုးတဲ့ပွဲက နိုင်တယ်၊ ဦးက ပညာအရည်အချင်းလည်း သိပ်မရှိဘူး၊ ဝါသနာအရ လက်ဝှေ့ပဲ လိုက်ထိုးခဲ့တာ”ဟု သူက ပြောသည်။

လက်ဝှေ့တမျိုးကိုသာ အသက်မွေးဝမ်းကျောင်း အဖြစ် ဝါသနာအရင်းခံ ထိုးခဲ့ပြီး အသက်ကြီးလာ၍ လက်ဝှေ့ မထိုးနိုင်တော့သော  ယခုအချိန်တွင်တော့ စားဝတ်နေရေး ပြဿနာကို ဦးဒေါင်းနီ ရင်ဆိုင်လာရသည်။

“လက်ဝှေ့ပဲ ထိုးစားလာတော့ အခု ဘာ အလုပ်မှလည်း ကောင်းကောင်း မလုပ်တတ်ဘူး၊ အိမ်ထောင်က အသက် ၃၂ နှစ်လောက် မှာ ကျ တယ်၊ ဒီကြားထဲ နှလုံးသွေးကြောကျဉ်းလို့ ဆေးရုံ တက်ရသေးတယ်” ဟု သူကဆိုသည်။

လက်ဝှေ့နဲ့ ပတ်သက်ပြီး ဖွဲ့ထားသည့် အဖွဲ့ချုပ်များထံမှလည်း မည်သည့် အထောက်အပံ့မျိုးမှ သူ မရရှိခဲ့ဘူးကြောင်းလည်း သိရ သည်။

“ငါးပြားတစေ့မှ ခံစားခွင့်ပေးခဲ့တာ မရှိဘူး၊ တို့က လက်ဝှေ့ပွဲတွေမှာ လိုက်အော်ဟစ်ပေးနေတာ ဝါသနာပါလို့လိုက်လုပ်နေတာ၊ အမျိုးသမီးက ဈေးရောင်းပြီး ရှာကျွေးလို့ ထမင်းမငတ်တာ” ဟု သူက သူ့လက်ရှိ အခြေအနေကို နာကျည်းသံဖြင့် ဆိုသည်။

သို့သော် သူက မြန်မာ့လက်ဝှေ့ ခေတ်ကောင်းစဉ် ကာလတွေတုန်းကတော့ လက်ဝှေ့ပြိုင်ပွဲတွေမှာ နည်းပြလုပ်ရင်း ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများဆီသို့ ရောက်ရှိခဲ့ဖူးသူဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံ က သူတို့ဆီတွင် လာရောက်နေထိုင်ရန် ကမ်းလှမ်းခဲ့ သည် ကို ငြင်းပယ်ခဲ့သူလည်း ဖြစ်သည်။

ယခုအချိန်တွင်တော့ ဦးဒေါင်းနီသည် မိဘ အမွေအနှစ်အဖြစ် ရရှိသည့် ငွေကျပ် ၄၀ဝ ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသော အိမ်ကလေးမှာနေထိုင်ရင်း မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် ခုံဒိုင်ချုပ်၊ နည်းပြချုပ် တာဝန်များယူရင်း မြန်မာ့လက်ဝှေ့ဖွံ့ဖြိုးရန် မျိုးဆက်သစ် များ များ မွေးထုတ်ရမည်ဟူသော စိတ်ကူး အိပ်မက်များနှင့် ဆက်လက်ရှင်သန် နေထိုင်လျက်ရှိသည်။

သူ နောက်ဆုံးပြောလိုက်သည့် စကားတခွန်းကတော့ သူ့ဘဝ သူ့အတွေ့အကြုံတွေ အားလုံးကို ကိုယ်စားပြုနေသည်။

“တို့နိုင်ငံမှာ လက်ဝှေ့ထိုးပြီးတော့ အသက် မွေးဝမ်းကျောင်း လုပ်လို့မရနိုင်ဘူး”
http://burma.irrawaddy.org 
 
http://burma.irrawaddy.org/

“၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆုကို ထူးဖောင်ဒေးရှင်း ရရှိ”

Photo: “၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆုကို ထူးဖောင်ဒေးရှင်း ရရှိ”
Saturday, May 3,2014

ယနေ့ မေလ (၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ သမ္မတအိမ်တော်ဝင်း၊ ငုရွှေဝါ ခမ်းမတွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် ထူးဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ ပထမဆု” ကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
အဆိုပါ အခမ်းအနားသို့ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၊ အမှူဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတမှ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုကို ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ လက်ခံရယူခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကျန်းမာရေး ပညာရေး အဆင့်အတန်းမြှင့်တင်ရန်၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ဆုများကို သက်ဆိုင်ရာ ဒေသများမှ အဆိုပြု တင်ပြလာသည့် အသင်းအဖွဲ့များအလိုက် လှုပ်ရှားဆောင်ရွက်မှု ကဏ္ဍများပေါ်တွင် မူတည်ပြီး စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။ အကောင်းဆုံးရွေးချယ်ခဲ့သည့် အသင်းအဖွဲ့များအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ကလေးသူငယ်၊ အမျိုးသမီးနှင့် မသန်စွမ်းသူများ ၊ သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ရပ်ရွာအတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမျိုးဘာသာမရွေး ကူညီဆောင်ရွက်ပေးနိုင်ခြင်း ၊ အခမဲ့နာရေးကူညီမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာရေးကဏ္ဍ အနေဖြင့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရန် အတွက် ဝေးလံခေါင်ပါးသည့် ဒေသများတွင် ပညာရေးအခြေခံ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်း၊ ချို့တဲ့သည့် ကလေးသူငယ်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ လှူဒါန်းထောက်ပံ့ခြင်း၊ ကျောင်းနေပြင်ပ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်း ၊ ကျန်းမာရေး အနေဖြင့် ဆေးရုံ၊ ဆေးပေးခန်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ လူနာတင်ယာဉ်များနှင့် အရေးပေါ်လူနာများအား အခမဲ့ကူညီပို့ဆောင်ပေးခြင်း၊ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ၊
ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကဏ္ဍများတွင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လမ်းတံတားနှင့် အခြေခံအဆောက်အဦများ၊ လျှပ်စစ်မီးရရှိရေးနှင့် ရေကောင်းရေသန့်ရရှိရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ခြင်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ထားသည့် လူမှုရေးအဖွဲ့များ အထဲမှ ထူးဖောင်ဒေးရှင်းသည်
“နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆု” ကို ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရခြင်း ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် စတင်ဖွဲ့စည်းသည့် အချိန်မှစပြီး အဖွဲ့ကြီး၏ ရည်ရွယ်ချက်များ ပေါက်မြောက် အောင်မြင်စေရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်၊ အထူးသဖြင့် ဝေးလံခေါင်ပါးသည့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး တို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းသည် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ၊ အခြားလူမှုရေး အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း ၊နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာစေခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကူညီပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ခြင်း စသည့် ထူးချွန်ပြောင်မြောက်သည့် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုအတွက် ရွေးချယ်ခဲ့ရခြင်းဖြစ်ပါသည် ဟုဆုရွေးချယ်ရေးအဖွဲ့မှ တင်ပြသွားခဲ့ပါသည်။
Today Myanmar

ယနေ့ မေလ (၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ သမ္မတအိမ်တော်ဝင်း၊ ငုရွှေဝါ ခမ်းမတွင် ပြုလုပ်သည့် ၂၀၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် ထူးဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ ပထမဆု” ကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
အဆိုပါ အခမ်းအနားသို့ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၊ အမှူဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတမှ ပေးအပ်ချီးမြှင့်သည့် အဆိုပါဆုကို ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ လက်ခံရယူခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကျန်းမာရေး ပညာရေး အဆင့်အတန်းမြှင့်တင်ရန်၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စသည့် မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ဆုများကို သက်ဆိုင်ရာ ဒေသများမှ အဆိုပြု တင်ပြလာသည့် အသင်းအဖွဲ့များအလိုက် လှုပ်ရှားဆောင်ရွက်မှု ကဏ္ဍများပေါ်တွင် မူတည်ပြီး စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။ 
 
အကောင်းဆုံးရွေးချယ်ခဲ့သည့် အသင်းအဖွဲ့များအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ကလေးသူငယ်၊ အမျိုးသမီးနှင့် မသန်စွမ်းသူများ ၊ သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ရပ်ရွာအတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမျိုးဘာသာမရွေး ကူညီဆောင်ရွက်ပေးနိုင်ခြင်း ၊ အခမဲ့နာရေးကူညီမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာရေးကဏ္ဍ အနေဖြင့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရန် အတွက် ဝေးလံခေါင်ပါးသည့် ဒေသများတွင် ပညာရေးအခြေခံ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်း၊ ချို့တဲ့သည့် ကလေးသူငယ်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ လှူဒါန်းထောက်ပံ့ခြင်း၊ ကျောင်းနေပြင်ပ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်း ၊ ကျန်းမာရေး အနေဖြင့် ဆေးရုံ၊ ဆေးပေးခန်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ လူနာတင်ယာဉ်များနှင့် အရေးပေါ်လူနာများအား အခမဲ့ကူညီပို့ဆောင်ပေးခြင်း၊ ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ၊
ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကဏ္ဍများတွင် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လမ်းတံတားနှင့် အခြေခံအဆောက်အဦများ၊ လျှပ်စစ်မီးရရှိရေးနှင့် ရေကောင်းရေသန့်ရရှိရေးတို့အတွက် ဆောင်ရွက်ပေးခဲ့ခြင်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ထားသည့် လူမှုရေးအဖွဲ့များ အထဲမှ ထူးဖောင်ဒေးရှင်းသည်
“နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုရေးအကျိုးပြုမှု အကောင်းဆုံး လူမှုရေးအသင်းအဖွဲ့ဆု” ကို ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရခြင်း ဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းသည် စတင်ဖွဲ့စည်းသည့် အချိန်မှစပြီး အဖွဲ့ကြီး၏ ရည်ရွယ်ချက်များ ပေါက်မြောက် အောင်မြင်စေရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်၊ အထူးသဖြင့် ဝေးလံခေါင်ပါးသည့် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး တို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းသည် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ၊ အခြားလူမှုရေး အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း ၊နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာစေခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကူညီပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ခြင်း စသည့် ထူးချွန်ပြောင်မြောက်သည့် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုအတွက်
 ရွေးချယ်ခဲ့ရခြင်းဖြစ်ပါသည် ဟုဆုရွေးချယ်ရေးအဖွဲ့မှ တင်ပြသွားခဲ့ပါသည်။

Today Myanmar

ပြည်တွင်းသတင်းသမားများအတွက် ကျင့်ဝတ်များ စာနယ်ဇင်းကောင်စီထုတ်ပြန်

ပြည်တွင်းစာနယ်ဇင်းသမားများ လေးစားလိုက်နာသင့်သည့် သတင်းမီဒီယာကျင့်ဝတ်ကို ၂၇ချက်ကို မေလ ၃ရက် တွင် စာနယ်ဇင်းကောင်စီက ထုတ်ပြန်လိုက်သည်။ စာနယ်ဇင်းကောင်စီက သတင်းမီဒီယာ ကျင့်ဝတ် များကို အတည်ပြုထုတ်ပြန်သည့် အခမ်းအနားကို မေလ ၃ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ 
 
သတင်းမီဒီယာကျင့်ဝတ်တွင် စာနယ်ဇင်းသမားတိုင်း လေးစားလိုက်နာရမည့် မီဒီယာဌာနများ၏ တာဝန်ဝတ္တရားများ၊ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှု၊ သတင်းရင်းမြစ်ကို ကာကွယ်ခြင်း၊ ကိုယ်ရေး လွတ်လပ်ခွင့်နှင့် အများပြည်သူအကျိုးစီးပွား၊ ရာဇ၀တ်မှုများ၊ လူမှုစံနှုန်းများနှင့်ဖီလာဖြစ်သေ အပြုအမူ များကို ဖြစ်ပေါ်စေသည့် သတင်းပေးပို့မှုများကို ရှောင်ကြဉ်ရမည့်အချက်၊ ပြည်သူလူထု အတွင်း ဖြစ်ပေါ်နေ သည့်ဆန္ဒပြမှုများနှင့် ပြည်တွင်း နိုင်ငံရေးမငြိမ်သက်မှုများကို သတင်းရေးသားရာတွင်လိုက်နာရမည့်အချက်၊ ရာဇ၀တ်မှုခင်းသတင်းများကို ရယူရာတွင် ရှောင်ကြဉ်ရမည့် အချက်များ၊
ရုပ်သံလွှင့် အစီစဉ်များခေါင်းစဉ် တပ်ခြင်းနှင့် မထုတ်လွှင့်မီ ကြိုတင်အသိပေးကြေငြာခြင်း အစရှိသည့် သတင်းသမားတိုင်းလိုက်နာရမည့် အချက်ပေါင်း ၂၇ချက်ဖြင့် သတင်းမီဒိယာကျင့်ဝတ်များကို တိကျ စွာ ပြဌာန်းထုတ်ပြန်ထားသည်။ စာနယ်ဇင်းကောင်စီ(ယာယီ)၏ အဖွဲ့ဝင်ကိုဇော်သင်ထွေးက "ပြည်တွင်း စာနယ်ဇင်းများအနေဖြင့် ကျင့်ဝတ်နှင့်ညီသည့် သတင်းများ ရေးသားဖော်ပြ လာစေရန်နှင့် အစိုးရအုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုခြင်း များရှိ လာပါက သတင်းသမားများဘက်က ကျင့်ဝတ်နှင့်ညီသည့် သတင်းများရေးသားခြင်းကို ကာကွယ် တင်ပြနိုင် ရန် ဖြစ်သည်"ဟု အခမ်းအနားတွင် ပြောသည်။
၎င်းက “ သတင်းသမားတွေကို တရားစွဲဆို၊ အရေးယူတာတွေရှိလာတဲ့အခါ သတင်းသမားတွေဘက်က လည်း ကျင့်ဝတ်နဲ့ညီတဲ့ သတင်းတွေ ရေးသားပါတယ် ဆိုတဲ့ အချက်ကို ပြောလို့ရသွားမယ်။ ကျင့်ဝတ်နဲ့ ညီတဲ့ သတင်းရေးသားသူတွေကိုလည်း စာနယ်ဇင်းကောင်စီဘက်က ကာကွယ်ပေးသွားမယ်" ဟုပြော သည်။ 
 
 သတင်းမီဒီယာကျင့်ဝတ်ကို စာနယ်ဇင်းကောင်စီအပါအ၀င် MJN, MJA, MJU အစရှိသည့် သတင်းမီဒီယာအဖွဲ့စည်းများက လက်မှတ်ရေးထိုး အတည်ပြုကာ ထုတ်ပြန်ခြင်းဖြစ်ပြီး ကျင့်ဝတ်စာအုပ်ကို လည်း ဂျာနယ်တိုက်၊ ရုပ်သံဌာနများ၊ သတင်းစာတိုက်များသို့ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
သံတော်ဆင့်ဂျာနယ်သတင်းထောက် ဦးအောင်မင်းက "သတင်းကျင့်ဝတ်တွေဆိုတာ တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ပဲ လိုက်နာခဲ့ရတယ်၊ အခုလို အတိအကျ ထုတ်ပြန်ကြေငြာလိုက်တဲ့အတွက် ကြိုဆိုပါတယ်" ဟု ပြောသည်။ ယင်းအပြင် ပြည်တွင်းရှိ သတင်းထောက်များ၊ သတင်းအယ်ဒီတာများသိရှိလိုက်နာစေရန် စာနယ်ဇင်းကောင်စီက ဇွန်လမှစတင်ကာ သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ သင်တန်းများပေးသွားမည်ဖြစ် သည်။ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်ဦးကိုကိုက “ကျင့်ဝတ်ဖောက်ဖျက်ရင် ပြစ်ဒဏ်မပေးပါဘူး၊ 
 
အရေးယူတာတွေမရှိပါဘူး၊ ကျင့်ဝတ်မလိုက်နာခြင်းသည် သတင်းသမားရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးနဲ့သာ သက်ဆိုင်သွားပါလိမ့်မယ်”ဟုပြောသည်။ Centre ofLaw and Democracy မှ MR Toby Mendelက “မီဒီယာကျင့်ဝတ်ကို ထုတ်ပြန်နိုင်လိုက်ခြင်းက မြန်မာစာနယ်ဇင်းလောကရဲ့ အရေးကြီးလှတဲ့
အောင်မြင်မှုတစ်ခုလို့ မြင်ပါတယ်။ အတည်ပြုထုတ်ပြန်ဖို့က လွယ်ကူဆုံးဖြစ်ပြီး ထုတ်ပြန်လိုက်တဲ့ ကျင့်ဝတ်ကို လေးစားလိုက်နာဖို့ ဆောင်ရွက်ရာမှာ အခက်ခဲဆုံး ဖြစ်တယ်လို့ ပြောချင်ပါတယ်” 
ဟုပြောသည်။
 
  စာနယ်ဇင်းကောင်စီအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလကပင်မကွေးမြို့၊ ပဲခူးမြို့၊ မန္တလေး၊ မော် လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ ရန်ကုန်တွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ စာနယ်ဇင်းသမားများ၊ သတင်းစာဆရာများ၏ ဆွေးနွေးအကြံပြုချက်များကို ရယူ၍ သတင်းမီဒီယာကျင့်ဝတ် ကို ရေးဆွဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါ သတင်းစာကျင့်ဝတ်ကို ရေးဆွဲပြဌာန်းနိုင်ရန် IMS (International Media Support) က ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။

Mizzima

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်

Photo: NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်
Sunday, May 4, 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
 
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံ က ပြော ကြားသည်။
 
မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စား လှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လ တစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာ တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်

Photo: မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်
Sunday, May 4, 2014

မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံလော က်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။
သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့် ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေ အ တွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင် ဆဲလ်ဖွံ့ဖြိုး မှု ကို လေ့ လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံး ချမှုနိုင်မှုတွေ အတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည် အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေ ရဲ့ ဝှေးစေ့ အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ

Photo: အသားထဲ စမတ်ဖုန်းအရွယ် Chip သွင်းသူ
Sunday, May 4, 2014

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒ ပညာနဲ့ ဟက်ကာ ပညာတတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။
သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစား သွား ပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်း က သွေးကြော လည်ပတ်မှုကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင် (ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။
သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက်လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင်လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။
Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။

Ref:mashable
အောင်ခမ်း ( ရိုးရာလေး )

SAW ရုပ်ရှင်မဟုတ်ပါဘူး။ တကယ့်အပြင်မှာ Tim Cannon လို့အမည်ရတဲ့ ဇီဝ ဗေဒပညာနဲ့ ဟက်ကာ ပညာ တတ်ကျွန်းသူ ပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။
 
သူ့ရဲ့  စတန့်ထွင်မှုကြောင့်လည်း အင်တာနက် စာမျက်နှာတွေမှာ ရေပန်းစားသွားပါတယ်။ အမတ်ဖုန်း အရွယ် ရှိတဲ့ Chip ကို လက်ထဲထည့်ပြီး ချုပ်ထားတာကို မြင်တွေ့ရမှာပါ။ Bluetooth Connection ရပြီး အပြင်က စမတ်ဖုန်းနဲ့ ဆက်သွယ်လို့ရအောင် လုပ်ထားပါတယ်။ အတွင်းက သွေးကြောလည်ပတ်မှု ကို ခြေရာခံပြီး ပုံမှန်မဟုတ်ရင်(ဖျားရင်) စမတ်ဖုန်းကို လှမ်းအကြောင်းကြားပါတယ်။ ကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ပုံမှန် report လုပ်ပေးမယ့် ပစ္စည်းဖြစ်ကြောင်း ဆိုပါတယ်။

သို့ပေမယ့် သူထည့်ထားပုံက လန့်စရာကြီးပါ။ သာမန်လူတစ်ယောက်အနေနဲ့ သူလုပ်သလိုတော့ လိုက် လုပ်ကြမှာ မဟုတ်ပါဘူး။ အရွယ်လည်းသေးပြီး ထည့်ရလည်းလွယ်ကူမယ့် Chip မျိုးကိုတီထွင် လို့ ပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအခါကျရင် Chip တစ်ပြားထည့်ခြင်းအတွက် ဒေါ်လာ ၅၀၀ ယူမယ်လို့ ဆိုပါတယ်။ လက်ရှိ စမ်းသပ်ထားမှုကိုတောင် အခြား ပြုလုပ်ချင် သူများအတွက် ဒေါ်လာ ၂၀၀ နဲ့ ပြုလုပ်ပေး မယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်သူမှ မထည့်ရဲ ပါဘူး။

Skin Tatoo ဆိုပြီး ခေတ်စားနေချိန် Bio Hacker ဖန်တီးတဲ့ Tim Cannon ဟာလည်း လူစိတ်ဝင်စားမှု များလာကြောင်း သိရ ပါတယ်။

Ref:mashable
အောင်ခမ်း ( ရိုးရာလေး )

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လ အလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား

Photo: ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား
Sunday, May 4, 2014

မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနားသို့ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေးချမ်း  ရေး၊ ပြည်နယ်တွင်းစီးပွားရေးမူဝါ ဒများကို ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က တင်ပြအပြီးတွင်း ပြည်ထောင်စု လွှတ်တော်နာယကမှယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးစကားတွေကျွန်တော် ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ၆ လအလို မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုအပြီးပြင် ဆင်ရေးဆွဲဖို့ကျွန်တော့်သဘော ထားကိုလည်းပေးပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ဖို့  ဆိုရင်ပြည်နယ်တွင်းတည်ငြိမ်အေး ချမ်းဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဖို့နေနေသာသာ၊ဖြစ်ပေါ် လာတဲ့ဒုက္ခသည်များကိုသက်သာ  အောင်ဆောင်ရွက်ပေးရ၊ ပြန်လည်  နေရာချထားရေးတွေဆောင်ရွက်  ပေးရနဲ့ သူများတွေရှေ့တစ်လှမ်း ပြီးတစ်လှမ်းတိုးနေတဲ့အချိန်မှာ နောက်ကြောင်းပြန်နေရတယ်။ ပြဿနာတစ်ခုဒုက္ခတစ်ခုတွေ့တိုင်း ဒီဟာကြီးကခက်ခဲတယ်ဆိုပြီး လက်မှိုင်ချအရှုံးပေးလို့တော့မဖြစ် ဘူး။ ရခိုင်သားတွေစည်းလုံးညီညွတ်  မှုတကယ်ရှိရင်အခက်အခဲကိုကျော် လွှားနိုင်မယ်ဒီနေရာမှာဥပဒေနဲ့ စည်းကမ်းကိုလည်းသိရမယ်။ စည်းကမ်းဆိုတာ တိုက်တွန်းမှု စည်းကမ်း၊တားမြစ်မှုစည်းကမ်း Do and Don't  ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းကဆိုသည်။
ရခိုင်အမျိုးသားညီလာခံမှ ပြည်ထောင်စုအစိုးရထဲတွင် တိုင်း ရင်းသားကိုယ်စားလှယ်များပါဝင် မှုအရေအတွက် သတ်မှတ်ပေးရေး၊  တရားစီရင်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်အဖွဲ့များမှာလည်းတိုင်း ရင်းသားများပါဝင်ရေး၊ ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်းသက်ဆိုင် ရာအစိုးရအဖွဲ့က တိုက်ရိုက်အုပ် ချုပ်ခွင့်ရရှိရေးတို့တောင်းဆိုလိုက်  ကြောင်း သိရသည်။    

Hot News

မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနား သို့ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏ သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေး ချမ်း  ရေး၊ ပြည်နယ် တွင်း စီးပွားရေးမူဝါ ဒများကို ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က တင်ပြအပြီး တွင်း ပြည်ထောင်စု လွှတ်တော်နာယကမှယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး စကားတွေ ကျွန်တော် ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ၆ လအလို မှာ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးပြင် ဆင်ရေးဆွဲဖို့ကျွန်တော့်သဘော ထားကိုလည်းပေးပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်ဖို့  ဆိုရင်ပြည်နယ်တွင်းတည်ငြိမ်အေး ချမ်းဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဖို့နေနေသာသာ၊ဖြစ်ပေါ် လာတဲ့ဒုက္ခသည် များကို သက်သာ  အောင်ဆောင်ရွက်ပေးရ၊ ပြန်လည်  နေရာချထားရေးတွေဆောင်ရွက်  ပေးရနဲ့ သူများတွေရှေ့ တစ်လှမ်း ပြီးတစ်လှမ်းတိုးနေတဲ့အချိန်မှာ နောက်ကြောင်းပြန်နေရ တယ်။ ပြဿနာတစ်ခု ဒုက္ခ တစ်ခုတွေ့ တိုင်း ဒီဟာကြီး က ခက်ခဲတယ်ဆိုပြီး လက်မှိုင်ချအရှုံးပေးလို့တော့မဖြစ် ဘူး။ ရခိုင်သားတွေ စည်းလုံးညီညွတ်  မှုတကယ် ရှိရင်အခက်အခဲကိုကျော် လွှားနိုင်မယ်ဒီနေရာမှာဥပဒေနဲ့ စည်းကမ်းကို လည်း သိရမယ်။ စည်းကမ်းဆိုတာ တိုက်တွန်းမှု စည်းကမ်း၊တားမြစ်မှုစည်းကမ်း Do and Don't  ဖြစ်ပါ တယ်”ဟု သူရဦးရွှေမန်းကဆိုသည်။

ရခိုင်အမျိုးသားညီလာခံမှ ပြည်ထောင်စုအစိုးရထဲတွင် တိုင်း ရင်းသားကိုယ်စားလှယ်များပါဝင် မှုအရေ အတွက် သတ်မှတ်ပေးရေး၊  တရားစီရင်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်အဖွဲ့များမှာလည်းတိုင်း ရင်းသား များ ပါဝင်ရေး၊ ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်းသက်ဆိုင် ရာအစိုးရအဖွဲ့က တိုက်ရိုက်အုပ် ချုပ်ခွင့်ရရှိရေး တို့တောင်း ဆိုလိုက်  ကြောင်း သိရသည်။   

Hot News

ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အမြန်နှုန်း တိုင်းတာရေးစက် အလုံး ၂၀ ထပ်မံတပ်ဆင်

Photo: ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အမြန်နှုန်း တိုင်းတာရေးစက် အလုံး ၂၀ ထပ်မံတပ်ဆင်
Sunday, May 4, 2014

 သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော မော်တော်ယာဉ် များကို ယာဉ်အန္တရာယ် ကင်းရှင်း စေရေးအတွက် ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်များဖြင့် စောင့်ကြည့်မှုမှာ ထိရောက်သဖြင့် ရန်ကုန် - မန္တလေး အမြန်လမ်းမ ပေါ်တွင် မြန်နှုန်း တိုင်းတာရေး စက် အလုံး ၂၀ ကို ထပ်မံ တပ်ဆင် ဆောင်ရွက် နေကြောင်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ရှိ ရဲတပ်ဖွဲ့မှ သိရသည်။

ယခင်က အမြန်နှုန်း အရှိန်တိုင်းတာ ရေးစက် ၁၄ လုံး တပ်ဆင်ထားပြီး စက်ကိရိယာ များကို ထိုင်းနိုင်ငံမှ မှာယူ တင်သွင်းကာ မတ်လပိုင်းမှ စတင် လုပ်ဆောင် ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်ခွင့်ပြု ထားကြောင်း ၊ ယာဉ်မတော်တဆ မှုအများဆုံး ဖြစ်ပွားသော Light Truck ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်း ခွင့်ပြုထားပြီး သတ်မှတ်နှုန်းထက် ပိုမို မောင်းနှစ်ပါက မြန်နှုန်း တိုင်းတာ စောင့်ကြည့်စက် များမှ သတိပေး အချက်ပြမှု ပြုလုပ်သွားကာ မှတ်တမ်းတင် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမ တစ်လျှောက် ခရီးသွားများ လုံခြုံရေး အတွက် ရဲစခန်း ၁၅ ခု ၊ ရဲကင်း ၄၀ ဖြင့် စောင့်ကြပ်မှု ပေးထားပြီး အမြန်နှုန်း တိုင်းတာရေးစက် များကို မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ တို့ရှိ ကြား မိုင်တိုင် များတွင် အသွားအပြန် လမ်းများ၌ တပ်ဆင် ထားကြောင်း သိရှိရသည်။

(လင်းသစ်)

Themyawadydaily
 
သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော မော်တော်ယာဉ်များကို ယာဉ်အန္တရာယ် ကင်းရှင်း စေရေး အတွက် ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်များဖြင့် စောင့်ကြည့်မှုမှာ ထိရောက်သဖြင့် ရန်ကုန် - မန္တလေး အမြန် လမ်းမ ပေါ်တွင် မြန်နှုန်း တိုင်းတာရေး စက် အလုံး ၂၀ ကို ထပ်မံ တပ်ဆင် ဆောင်ရွက် နေကြောင်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ရှိ ရဲတပ်ဖွဲ့မှ သိရသည်။
ယခင်က အမြန်နှုန်း အရှိန်တိုင်းတာ ရေးစက် ၁၄ လုံး တပ်ဆင်ထားပြီး စက်ကိရိယာ များကို ထိုင်းနိုင်ငံမှ မှာယူ တင်သွင်းကာ မတ်လပိုင်းမှ စတင် လုပ်ဆောင် ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်ခွင့်ပြု ထားကြောင်း ၊ ယာဉ်မတော် တဆ မှုအများဆုံး ဖြစ်ပွားသော Light Truck ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်း ခွင့်ပြုထားပြီး သတ်မှတ်နှုန်းထက် ပိုမို မောင်းနှစ်ပါက မြန်နှုန်း တိုင်းတာ စောင့်ကြည့်စက်များမှ သတိပေး အချက်ပြ မှု ပြုလုပ်သွားကာ မှတ်တမ်းတင် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမ တစ်လျှောက် ခရီးသွားများ လုံခြုံရေး အတွက် ရဲစခန်း ၁၅ ခု ၊ ရဲကင်း ၄၀ ဖြင့် စောင့် ကြပ်မှု ပေးထားပြီး အမြန်နှုန်း တိုင်းတာရေးစက် များကို မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ တို့ရှိ ကြား မိုင်တိုင် များတွင် အသွားအပြန် လမ်းများ၌ တပ်ဆင် ထားကြောင်း သိရှိရသည်။

(လင်းသစ်)
Themyawadydaily

မလေးမှာ မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

Photo: မလေးမှာ မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ
Sunday, May 4, 2014

တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့လပိုင်း ကစပြီး မလေးရှားအစိုးရက စီမံချက်ချ ဆောင်ရွက်လာရာမှာ စနေနေ့ ညဥ့်နက်ပိုင်း အချိန်  ကွာလာလမ်ပူမြို့ဆင်ခြေဖုန်းက စားသောက်ဆိုင်တန်းမှာ ၀င်ရောက် ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား(၄၀)ကျော် အဖမ်းခံ လိုက်ရပါတယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကွာလာလမ်ပူမြို့နဲ့ ၁၂မိုင်အကွာ ဖူချောင်းအရပ်ဒေသမှာရှိတဲ့ Tesco စူပါမားကက်နားက ညဥ့်နက်ပိုင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းကို မလေးရဲနဲ့ လ၀က အင်အားစုက ရှောင်တခင် ၀င်ရောက် စစ်ဆေးရင်း မြန်မာနိုင်ငံသားတွေ နဲ့ အခြားနိုင်ငံခြားသား အလုပ်သမားတွေကို စနေည သန်းခေါင် အချိန်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား(၄၀)ကျော်ပါသွားတယ်လို့ အလုပ်သမားရေး ကူညီ ဆောင်ရွက်နေတဲ့ ကိုလတ်က VOAကို ပြောပါတယ်။

"ည ၁၂နာရီခွဲမှာ အင်မီဂရေးရှင်းနဲ့ ရဲတွေ လာဖမ်းသွားတယ်။ လာဖမ်းသွားတဲ့ အကြောင်းအရင်းကတော့ သူတို့ အော်ပရေးရှင်းလုပ်တာပေါ့။ အဲ့လာဖမ်းတော့ တိုင်ဘားမှာ လုပ်နေတဲ့ ရောင်းနေတဲ့ မြန်မာတွေ ပါသွားတယ်။ အဓိက ဝင်သွားတာကတော့ စားသောက်ဆိုင်ကို ဝင်သွားတာ။ လောလောဆယ် ပြန် လွတ် လာတယ်။ မလာဘူးဆိုတဲ့ သတင်းက ကျနော်တို့ ပြန်မရသေးဘူး။ ခန့်မှန်းခြေ ဘယ်လောက်လောက်ပါသွားမလဲဆိုတော့ မြန်မာက ၄၀၊ ၅၀လောက်တော့ ပါမယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာတွေ စည်တဲ့နေရာလေဗျာ။ တိုင်းရင်းသားတွေ အားလုံးရှိကြတယ်။"

အဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။ သူတို့ ရင်ဆိုင်ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ကိုလတ်က ပြောပြပါတယ်။

"ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတော့၊ UNHCR ကဒ်အတုကိုင် ထားတဲ့သူတွေ၊ လောလောဆယ် ကမ့်ထဲကို သွားရမယ်။ ထောင်သုံးလကျမယ်။ ကြိမ်ဒဏ် ပါရင်လည်း ပါမယ်။ အဲ့ဒီ့အထဲမှာ တချို့ကတော့ ဘာမှ မရှိဘူးဆိုရင် သေချာပေါက် ကတော့ သုံးလနဲ့ ကြိမ်ဒဏ်ပါသွားပြီ။ ဘာ Document မှ မရှိတဲ့ သူတွေအတွက်ကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ ဒီဟာတွေအားလုံးကို မြန်မာသံရုံးအနေနဲ့ စိစစ်ပြီးတော့ ကူညီ  ပေးမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက် နည်းနည်းရှိတာပေါ့။"

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့  ပတ်သက်လို့ မြန်မာ သံရုံးဖက်က ဆောင်ရွက်ပေးတဲ့ အနေအထားကို ကိုလတ်က ရှင်းပြပါတယ်။

" ဖမ်းသွားပြီးတဲ့အခြေအနေမျိုးမှာ သူတို့က ပြန်ထုတ်ပေးတယ်။ ဒါကလဲ အပြင်ကလူတွေ လိုက်ပြီး လုပ်မှပါ။ သူတို့နဲ့ပတ်သက်ရာ၊ ပတ်သတ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းတွေက လိုက်လုပ်ပြီး CI သွားလျှောက်ပေးတာတို့၊ ကိစ္စတွေ အားလုံး လုပ်ပေးမှပဲ၊ သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာရှိပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာ အလုပ်သမားတွေ ကိစ္စနဲ့ပတ်သက်လို့ရှိရင် ဘာလိုခေါ်မလဲ တာဝန်ယူခြင်းဟာ ၅၀% တောင် မရှိပါဘူး ခင်ဗျာ။ သံရုံးက တာဝန်မယူတာကိုပြောတာ။ ကျနော်တို့ ဒီနိုင်ငံမှာက လောလောဆယ်က ဗီဇာသတ်သတ် မသတ်သတ် တစ်လ ကို ပုံမှန်သုံးသိန်းလောက် ရှာလို့ရတယ်။ မြန်မာပြည်မှာ မရမယ့်အတူတူ သူတို့က ဒီမှာအဲ့တာတွေကို ခံစားပြီးတော့ ကြိတ်မှိတ်ပြီးတော့ လုပ်နေကြတာ။"

မြန်မာသံရုံး သဘောထားကိုသိနိုင်ဖို့ VOA ဆက်သွယ်ပေမယ့် ရုံးပိတ်ရက်ဖြစ်နေ တာကြောင့် အဆက်သွယ်မရခဲ့ပါဘူး။ မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေ မိမိနိုင်ငံပြန်ကြဖို့နဲ့ မပြန်ပဲ ရှာတွေ့ခဲ့ရင် ဖမ်းဆီး အရေးယူမယ်လို့ ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာထားတာပါ။

ဒါပေမယ့်လဲ မလေးရှားခရီးသည် တင်လေယာဉ်ပျောက်ဆုံးချိန် ကစလို့ ရွှေ့ပြောင်းအလုပ်သမားတွေ ရှာဖွေဖမ်းဆီးမှု ခေတ္တရပ်တန့်သွားခဲ့ပြီး အခုရက်ပိုင်းတွေမှာ အဖမ်းအဆီးတွေ ပေါ်လာနေတာပါ။

အလုပ်ပွဲစားကတဆင့် CALLING ဆိုတဲ့အစီအစဉ်နဲ့ မလေးရှားမှာ လာရောက် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁)သိန်းခွဲ ၀န်းကျင်လောက်ရှိပြီး ၊ တရားဝင်ရော တရားမ၀င်ပါ အားလုံးစုစုပေါင်း မြန်မာနိုင်ငံသား ၃သိန်း နီးပါး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။

ဉာဏ်ဝင်းအောင် (ဗွီအိုအေမြန်မာပိုင်း)

တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့လပိုင်း ကစပြီး မလေးရှားအစိုးရက စီမံချက်ချ ဆောင်ရွက်လာရာမှာ စနေနေ့ ညဥ့်နက်ပိုင်း အချိန်  ကွာလာလမ်ပူမြို့ဆင်ခြေဖုန်းက စားသောက် ဆိုင်တန်းမှာ ၀င်ရောက် ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား(၄၀)ကျော် အဖမ်းခံ လိုက်ရပါ တယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။
ကွာလာလမ်ပူမြို့နဲ့ ၁၂မိုင်အကွာ ဖူချောင်းအရပ်ဒေသမှာရှိတဲ့ Tesco စူပါမားကက်နားက ညဥ့်နက်ပိုင်းဖွင့် တဲ့ စားသောက်ဆိုင်တန်းကို မလေးရဲနဲ့ လ၀က အင်အားစုက ရှောင်တခင် ၀င်ရောက် စစ်ဆေးရင်း မြန် မာနိုင်ငံသားတွေ နဲ့ အခြားနိုင်ငံခြားသား အလုပ်သမားတွေကို စနေည သန်းခေါင် အချိန်မှာ ဖမ်းဆီးသွားခဲ့ တာဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား(၄၀)ကျော်ပါသွားတယ်လို့ အလုပ် သမားရေး ကူညီ ဆောင်ရွက်နေတဲ့ ကိုလတ်က VOAကို ပြောပါတယ်။

"ည ၁၂နာရီခွဲမှာ အင်မီဂရေးရှင်းနဲ့ ရဲတွေ လာဖမ်းသွားတယ်။ လာဖမ်းသွားတဲ့ အကြောင်းအရင်းကတော့ သူတို့ အော်ပရေးရှင်းလုပ်တာပေါ့။ အဲ့လာဖမ်းတော့ တိုင်ဘားမှာ လုပ်နေတဲ့ ရောင်းနေတဲ့ မြန်မာတွေ ပါသွား တယ်။ အဓိက ဝင်သွားတာကတော့ စားသောက်ဆိုင်ကို ဝင်သွားတာ။ လောလောဆယ် ပြန် လွတ် လာ တယ်။ မလာဘူးဆိုတဲ့ သတင်းက ကျနော်တို့ ပြန်မရသေးဘူး။ ခန့်မှန်းခြေ ဘယ်လောက်လောက် ပါသွား မလဲဆိုတော့ မြန်မာက ၄၀၊ ၅၀လောက်တော့ ပါမယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာတွေ စည် တဲ့နေရာလေဗျာ။ တိုင်းရင်းသားတွေ အားလုံးရှိကြတယ်။"

အဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။ သူတို့ ရင်ဆိုင်ရမယ့် အခြေ အနေတွေနဲ့ပတ်သက်ပြီး ကိုလတ်က ပြောပြပါတယ်။

"ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတော့၊ UNHCR ကဒ်အတုကိုင် ထားတဲ့သူတွေ၊ လောလောဆယ် ကမ့်ထဲကို သွားရမယ်။ ထောင်သုံးလကျမယ်။ ကြိမ်ဒဏ် ပါရင်လည်း ပါမယ်။ အဲ့ဒီ့အထဲမှာ တချို့ကတော့ ဘာမှ မရှိဘူး ဆိုရင် သေချာပေါက် ကတော့ သုံးလနဲ့ ကြိမ်ဒဏ်ပါသွားပြီ။ ဘာ Document မှ မရှိတဲ့ သူတွေ အတွက်ကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ ဒီဟာတွေအားလုံးကို မြန်မာသံရုံးအနေနဲ့ စိ စစ်ပြီးတော့ ကူညီ  ပေးမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက် နည်းနည်းရှိတာပေါ့။"

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့  ပတ်သက်လို့ မြန်မာ သံရုံးဖက်က ဆောင်ရွက်ပေးတဲ့ အနေအထားကို ကိုလတ်က ရှင်းပြပါတယ်။

" ဖမ်းသွားပြီးတဲ့အခြေအနေမျိုးမှာ သူတို့က ပြန်ထုတ်ပေးတယ်။ ဒါကလဲ အပြင်ကလူတွေ လိုက်ပြီး လုပ်မှ ပါ။ သူတို့နဲ့ပတ်သက်ရာ၊ ပတ်သတ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းတွေက လိုက်လုပ်ပြီး CI သွားလျှော က်ပေး တာတို့၊ ကိစ္စတွေ အားလုံး လုပ်ပေးမှပဲ၊ သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာရှိပါတယ်။ ဒီမှာရှိနေ တဲ့ မြန်မာ အလုပ်သမားတွေ ကိစ္စနဲ့ပတ်သက်လို့ရှိရင် ဘာလိုခေါ်မလဲ တာဝန်ယူခြင်းဟာ ၅၀% တောင် မရှိပါဘူး ခင်ဗျာ။ သံရုံးက တာဝန်မယူတာကိုပြောတာ။ ကျနော်တို့ ဒီနိုင်ငံမှာက လောလောဆယ်က ဗီဇာသတ်သတ် မသတ်သတ် တစ်လ ကို ပုံမှန်သုံးသိန်းလောက် ရှာလို့ရတယ်။ မြန်မာပြည်မှာ မရမယ့်အတူတူ သူတို့က ဒီမှာအဲ့တာတွေကို ခံစားပြီးတော့ ကြိတ်မှိတ်ပြီးတော့ လုပ်နေကြတာ။"

မြန်မာသံရုံး သဘောထားကိုသိနိုင်ဖို့ VOA ဆက်သွယ်ပေမယ့် ရုံးပိတ်ရက်ဖြစ်နေ တာကြောင့် အဆက် သွယ် မရခဲ့ပါဘူး။ မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေ မိမိနိုင်ငံပြန်ကြဖို့နဲ့ မပြန်ပဲ ရှာတွေ့ခဲ့ ရင် ဖမ်းဆီး အရေးယူမယ်လို့ ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာထားတာပါ။

ဒါပေမယ့်လဲ မလေးရှားခရီးသည် တင်လေယာဉ်ပျောက်ဆုံးချိန် ကစလို့ ရွှေ့ပြောင်းအလုပ်သမားတွေ ရှာဖွေဖမ်းဆီးမှု ခေတ္တရပ်တန့်သွားခဲ့ပြီး အခုရက်ပိုင်းတွေမှာ အဖမ်းအဆီးတွေ ပေါ်လာနေတာပါ။

အလုပ်ပွဲစားကတဆင့် CALLING ဆိုတဲ့အစီအစဉ်နဲ့ မလေးရှားမှာ လာရောက် အလုပ်လုပ်နေ သူ မြန်မာနိုင်ငံသား (၁)သိန်းခွဲ ၀န်းကျင်လောက်ရှိပြီး ၊ တရားဝင်ရော တရားမ၀င်ပါ အားလုံးစုစုပေါင်း မြန် မာနိုင်ငံ သား ၃သိန်း နီးပါး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။

ဉာဏ်ဝင်းအောင် (ဗွီအိုအေမြန်မာပိုင်း)

လိုင်စင်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပါက ရာသက်ပန် လိုင်စင် ပိတ်သိမ်းမည်

မော်တော်ယာဉ် မတော်တဆမှု ဖြစ်သော ယာဉ်မောင်း အများစုမှာ တရားရုံး၌ ထွက်ဆိုရာတွင် လိုင်စင်မရှိဟုသာ ထွက်ဆိုမှု ပြုကြ၍ လိုင်စင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အပြင် ရာသက်ပန် လိုင်စင် ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။ယာဉ်မတော်တဆမှု များပြားခြင်းကြောင့် ကညနက မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဥပဒေအသစ်များ ထပ်မံထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။“၂၀၁၀ တုန်းက ဥပဒေကို အခုမှ ပြန်ပြင်လိုက်တာပါ။ ကျွန်တော်တို့က လိုင်စင်ပိုင်းပဲ လုပ်မှာ ပါ။ ထောင်ဒဏ်တွေ ဘာတွေကတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားရုံးပိုင်းနဲ့ ဆိုင်တာပါ” ဟု ၎င်းကပြောဆိုသည်။

ယခုနောက်ပိုင်းတွင် ယာဉ်တိုက်မှု အများစုမှာ တရားရုံးအထိ ရောက်ရှိသူ နည်းပါးနေပြီး ထွက်ပြေးတိမ်းရှောင်သူ ပိုမို များပြားကြောင်း ၎င်းကဆိုသည်။“ကျွန်တော်တို့လည်း ယာဉ်မောင်းနေတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း ယာဉ်တိုက်မှုဖြစ်ပြီ ဆိုတာနဲ့ ထွက်ပြေး တိမ်းရှောင်သွားတယ် ဆိုတာပဲ တွေ့နေ ကြားနေရပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ဥပဒေ ထုတ်ပြီးရင် ကြပ်မတ် လုပ်ဆောင်မှလည်း ထိရောက်မှု ရှိမှာပါ။ ဥပဒေထုတ်ပြီး ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အသက် ၃၀ အရွယ် ယာဉ်မောင်း အမျိုးသားက ပြောဆိုသည်။၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာဉ်တိုက်မှု ၅၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး ၃၄ ဒသမ ၀၈ ရာခိုင်နှုန်းခန့်သည် စုံစမ်းစစ်ဆေးဆဲ ဖြစ်၍ ကျန် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်းမှာ ပြီးပြတ်ပြီး အမှုများ ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' ( ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

Photo: မိမိ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့ အားလုံး ပါဝင် ဖော်ဆောင်
Monday, May 5, 2014

ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊

မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။

ယနေ့သည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်မှု တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံ သွားမည့် ဘက်စုံပညာ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက် လူငယ်များကို တစ်စု တစ်စည်းတည်း တွေ့ဆုံဂုဏ်ပြု စကား ပြောကြားခွင့် ရသည့်နေ့ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော် အတွက် မင်္ဂလာ အပေါင်းဖြင့် ပြည့်စုံ သည့် နေ့ရက်ဖြစ်ကြောင်း၊

ယခုလို မင်္ဂလာရှိသည့် အခမ်းအနားကို တက်ရောက် လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ကြောင်းလည်း ဆုမွန် ကောင်းတောင်း အပ်ပါကြောင်း။ မိမိတို့ မြန်မာ နိုင်ငံတွင် လက်ရှိစာရင်း ဇယားများအရ အသက် ၁၅ နှစ်မှ ၂၉နှစ် အရွယ် လူငယ်ပေါင်း ၁၆သန်းခန့် ရှိပါကြောင်း၊ ဒီလူငယ် မောင်မယ်များသည် တိုင်းပြည်၏ အဖိုးထိုက် တန် ဆုံးသော လူ့စွမ်းအား အရင်းအမြစ် ဖြစ်ပြီး အနာဂတ် နိုင်ငံတော် အတွက် အားထားရမည့် အင်အားစုများပင် ဖြစ်ပါကြောင်း၊ 

ထိုလူငယ် အင်အားစုများကို ''အရေအတွက်မှ အရည်အချင်း သို့''ဆိုသည့် စွမ်းရည်မြှင့်တင် မှုများ၊ လမ်းမှန် ရောက်ရှိရန် ပို့ဆောင်မှုများ ပြုလုပ် ပေးနိုင်လျှင် နိုင်ငံတော်၏ ရည်မှန်း ချက် ဖြစ်သည့် ''ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေးသည် မလွဲမသွေ အောင်မြင်မှာပင် ဖြစ်ပါကြောင်း။

''ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး''ဆိုသည့် စကားရှိပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ များတွင် တာဝန်ယူသွားရမည့် သူများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်တိုင်းသည် ကိုယ်ကာယ ကျန်းမာသူများ၊ ဥာဏစွမ်းရည် ထက်မြက်သူများ၊ အကျင့် စာရိတ္တ ကောင်းမွန် သူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ၊ ဗဟုသုတ ပြည့်စုံသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တ ဗလနှင့် ဘောဂ ဗလ ဆိုသည့် ဗလငါးတန်ဖြင့် ပြည့်စုံနေရန် လိုအပ်ပါကြောင်း။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈) ခုနှစ်၊ ပုဒ်မ ၃၃တွင် လူငယ်များနှင့် ပတ်သက်၍ ''နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်''ဟု ဖော်ပြထား သကဲ့သို့ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ဃ)တွင်လည်း ''ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေး စနစ် ဖော်ဆောင်ရမည်''ဟု ပြဋ္ဌာန်း ထား ပါကြောင်း၊ ပြဋ္ဌာန်းချက် များနှင့် အညီ နိုင်ငံတော် အနေဖြင့်လည်း အနာဂတ် နိုင်ငံ့ သားကောင်းများ ဖြစ်လာမည့် ယနေ့ လူငယ် မောင်မယ်များ လျှောက်လှမ်း သင့်သည့်လမ်း များ ချောမွေ့ရန် ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊

ယခုလို ဆောင်ရွက်နေခြင်းသည် အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံမှု၊ အမြော် အမြင်ကြီးသော ဆောင်ရွက်ချက်၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ခိုင်မာသော အာမခံ ချက် ဖြစ်သည်ကို တပ်မတော် အနေဖြင့် လေးနက်စွာ ခံယူပြီး မောင်တို့ မယ်တို့ကို ယခုလို တွေ့ဆုံ ဂုဏ်ပြုစကား ပြောကြားရခြင်း ဖြစ်ပါကြောင်း။

မောင်တို့မယ်တို့ အထဲက ဘက်စုံပညာ ထူးချွန် လူငယ်များသည် သက်ဆိုင်ရာ ကျောင်းအလိုက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ထူးချွန် လူငယ် စစ်ဆေးမှုများကို အဆင့်ဆင့် စစ်ဆေး ရွေး ချယ် ခံခဲ့ရသူများပင် ဖြစ်ပါကြောင်း။

အလားတူ ထူးချွန်ကြက်ခြေနီ လူငယ်များသည်လည်း ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နေပြည်တော် ကောင်စီ နယ်မြေ စုစုပေါင်း နယ်မြေ ၁၇ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၅၆ခု တို့တွင် ဖွဲ့စည်းထားသည့် ကြက်ခြေနီ အသင်းများမှ ရွေးချယ်ရေးမူ (၁ဝ)ချက် နှင့်အညီ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး သင်တန်း တွင် ထူးချွန်စွာ အောင်မြင်သူများ၊ သက်ဆိုင်ရာအဖွဲ့များတွင် တက်ကြစွာဦးဆောင် ပါဝင်သူများ၊ ကြက်ခြေနီ လူမှု ကရုဏာ လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက် ခဲ့သူများ ပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့သည်လည်း ကြီးမားသော သမိုင်းအစဉ်အလာ ရှိသည့် အဖွဲ့ကြီး ဖြစ်ပါကြောင်း၊ ၁၉၂ဝပြည့်နှစ်တွင် စတင် ထူထောင်ခဲ့သည့် ကင်းထောက် လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက်ဖြစ်ပြီး တာဝန်သိသော နိုင်ငံသား တစ်ယောက် ဖြစ်ရန် လေ့ကျင့် တည်ဆောက် ပေးသည့် လုပ်ငန်း ဖြစ်၍ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံသား တစ်ဦးချင်း၏ ''တာဝန်သိမှု''၊ ''ပူးပေါင်း ဆောင်ရွက် တတ်မှု''တို့ကို ဖော်ဆောင် သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကင်းထောက် မောင်မယ်များကိုလည်း နိုင်ငံတစ်ဝန်းရှိ ကင်းထောက် သင်တန်းများ ဖွင့်လှစ်ပြီး ဖြစ်သည့် အခြေခံ ပညာကျောင်း များမှ ကျောင်း အလိုက် စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုနှစ် အတွင်းမှာပင် ဘက်စုံပညာ ထူးချွန် လူငယ်များသည် ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့မှာ လေ့လာရေးနှင့် လူငယ် တွေ့ဆုံပွဲတို့ ကိုပြုလုပ်ခဲ့ပြီး ထူးချွန် ကြက်ခြေနီ လူငယ်များ သည် တည်းခိုရေး စခန်းတွင် စခန်းချ နေထိုင်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်း၊ လေ့လာရေး ခရီးများ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ကင်းထောက် မောင်မယ် များသည် လည်း ပြင်ဦးလွင်တွင် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ (Jamboree) ကို ပြုလုပ် ခဲ့ကြပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် နိုင်ငံတော် အနေဖြင့် မနေ့က မေလ ၃ရက်နေ့မှာ ထူးချွန် လူငယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲနှင့် နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ညစာ စားပွဲများကို တစ်ရက်တည်း တစ်ပေါင်းတည်း ဂုဏ်ပြု ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ် လူငယ်များ အနေဖြင့် နိုင်ငံ့ စွမ်းဆောင် ရည်ဆု ရရှိ သူများအား စံပြုအတု ယူပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရှေ့တန်းမှ ဦးဆောင် လိုသော ခေါင်းဆောင်များ အဖြစ် မိမိကိုယ်မိမိ မျှော်မှန်းပျိုး ထောင် လိုသည့် ခံယူချက်၊ ယုံကြည်ချက်များ ဖြစ်ပေါ်လာမည် ဆိုသည်ကို ယုံကြည်မိပါကြောင်း။

နိုင်ငံတော်၏ ''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက် နေသည့် တပ်မတော် အနေဖြင့်လည်း လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင် စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တပ်မတော် အခြေခံ ပညာကျောင်းများနှင့် တပ်မတော် ပညာရေး ကျောင်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ ထဲက ထူးချွန် ကျောင်းသား/ သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အတွက် ရေကြောင်း ပညာနှင့် လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ တပ်မတော်မှ တာဝန်ယူပြီး ရေကြောင်း လူ

ငယ် အခြေခံ သင်တန်း၊ လေကြောင်းလူငယ် အခြေခံသင်တန်း တို့ကို တပ်မတော် ရေတပ်စခန်း၊ လေတပ်စခန်းရှိရာ မြို့များတွင် ယခုနှစ် မှစပြီး ဖွင့်လှစ် ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်မှ လူငယ်များအား ယခုလိုပြုစု ပျိုးထောင်မြေ တောင်မြှောက်ပေးခြင်းဖြင့် လူငယ်များ ဥာဏ်ရည် မြင့်မားရုံသာမက မိမိကိုယ်ကို ယုံကြည် အားကိုးသည့် စိတ်ဓာတ်များဖြင့် အများအကျိုးကို သယ်ပိုး ဆောင်ရွက် လိုသူများ၊ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင် တတ်သူများ၊ ဦးဆောင်မှု ပေးနိုင်သူများ၊ အမိန့်နာခံ တတ်သူများ၊ ပြုမူပြောဆို ကြံစည်မှုတို့တွင် စံနမူနာပြ ဖြစ်သူများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နှစ်သက်မြတ်နိုး ထိန်းသိမ်း စောင့်ရှောက်တတ် သူများ၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် ခိုင်မာစေရန်အတွက် အဘက်ဘက်က ယုံကြည် အားကိုး ရသည့် နိုင်ငံ့ အကျိုးပြု လူငယ်လူရွယ်များ ဖြစ်ပေါ် လာစေမှာ လည်း ဖြစ် ပါကြောင်း။

ထူးချွန်လူငယ်မောင်မယ်များ ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုက အားထားရမည့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်မည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် သွားကြပါဟု မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့၏ ကြိုးစား အားထုတ်မှုများ သည် ပေါက်မြောက် အောင်မြင် ပြီး နိုင်ငံတော်၏ နယ်ပယ် အသီးသီးတွင် ထူးချွန် ထက်မြက်သော ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟု လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ဆုမွန်ကောင်း တောင်းပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြုလုပ်သော ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုနှုတ် ခွန်းဆက် စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအ ခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ်မောင်မယ် များသည် ဇေယျာသီရိ ဗိမာန်အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝတ်စုံ အမျိုးမျိုး၊ မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်များ၊ တပ်မတော် (လေ)တွင် အသုံး ပြုနေသည့် လေယာဉ် ပုံစံငယ်များ၊ လေသူရဲ များ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ် များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ အသီးသီးမှ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ အတွက် တပ်မတော် စက်ရုံ များမှ ထုတ်လုပ်သည့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များနှင့် စားသောက် ဖွယ်ရာများအား လက်ဆောင် ပေးအပ်ပြီး ဘက်စုံပညာ ထူးချွန်နှင့် ထူးချွန် ကြက်ခြေနီ လူငယ် မောင်မယ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သည်။

ထို့နောက် မြဝတီ တေးဂီတ အဖွဲ့မှ တေး သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်း အနား တက်ရောက် လာကြသူများ၊ ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များက ကြည့်ရှု အားပေးကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ် များအား ရင်း ရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား အပြီးတွင် ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များသည် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးပြခန်း၊ တပ်မတော်(ရေ) ပြခန်း၊ တပ်မတော် (လေ) ပြခန်း နှင့် ပြင်ပပြကွက်များ ဖြစ်သော တပ်မတော် (ကြည်း)မှ အမြောက်များနှင့် တိုက်ခိုက်ရေး ယာဉ်များ၊ တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များအား ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိ သူများက သိရှိလိုသည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
 
ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။
 
ယနေ့သည် အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်မှု တာဝန်များကို လက်ဆင့်ကမ်း အမွေဆက်ခံ သွားမည့် ဘက်စုံပညာ ထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက် လူငယ်များကို တစ်စု တစ်စည်းတည်း တွေ့ဆုံဂုဏ်ပြု စကား ပြောကြားခွင့် ရသည့်နေ့ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော် အတွက် မင်္ဂလာ အပေါင်းဖြင့် ပြည့်စုံ သည့် နေ့ရက်ဖြစ်ကြောင်း၊
ယခုလို မင်္ဂလာရှိသည့် အခမ်းအနားကို တက်ရောက် လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ကြောင်းလည်း ဆုမွန် ကောင်းတောင်း အပ်ပါကြောင်း။ မိမိတို့ မြန်မာ နိုင်ငံတွင် လက်ရှိစာရင်း ဇယားများအရ အသက် ၁၅ နှစ်မှ ၂၉နှစ် အရွယ် လူငယ်ပေါင်း ၁၆သန်းခန့် ရှိပါကြောင်း၊ ဒီလူငယ် မောင်မယ်များသည် တိုင်းပြည်၏ အဖိုးထိုက် တန် ဆုံးသော လူ့စွမ်းအား အရင်းအမြစ် ဖြစ်ပြီး အနာဂတ် နိုင်ငံတော် အတွက် အားထားရမည့် အင်အားစုများပင် ဖြစ်ပါကြောင်း၊ 
 
ထိုလူငယ် အင်အားစုများကို ''အရေအတွက်မှ အရည်အချင်း သို့''ဆိုသည့် စွမ်းရည်မြှင့်တင် မှုများ၊ လမ်းမှန် ရောက်ရှိရန် ပို့ဆောင်မှုများ ပြုလုပ် ပေးနိုင်လျှင် နိုင်ငံတော်၏ ရည်မှန်း ချက် ဖြစ်သည့် ''ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေးသည် မလွဲမသွေ အောင်မြင်မှာပင် ဖြစ်ပါကြောင်း။''ယနေ့ လူငယ်၊ နောင်ဝယ်လူကြီး''ဆိုသည့် စကားရှိပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ များတွင် တာဝန်ယူသွားရမည့် သူများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်တိုင်းသည် ကိုယ်ကာယ ကျန်းမာသူများ၊ ဥာဏစွမ်းရည် ထက်မြက်သူများ၊ အကျင့် စာရိတ္တ ကောင်းမွန် သူများ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများ၊ ဗဟုသုတ ပြည့်စုံသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တ ဗလနှင့် ဘောဂ ဗလ ဆိုသည့် ဗလငါးတန်ဖြင့် ပြည့်စုံနေရန် လိုအပ်ပါကြောင်း။ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈) ခုနှစ်၊ ပုဒ်မ ၃၃တွင် လူငယ်များနှင့် ပတ်သက်၍ ''နိုင်ငံတော်သည် လူငယ်များ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်''ဟု ဖော်ပြထား သကဲ့သို့ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ဃ)တွင်လည်း ''ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေး စနစ် ဖော်ဆောင်ရမည်''ဟု ပြဋ္ဌာန်း ထား ပါကြောင်း၊ ပြဋ္ဌာန်းချက် များနှင့် အညီ နိုင်ငံတော် အနေဖြင့်လည်း အနာဂတ် နိုင်ငံ့ သားကောင်းများ ဖြစ်လာမည့် ယနေ့ လူငယ် မောင်မယ်များ လျှောက်လှမ်း သင့်သည့်လမ်း များ ချောမွေ့ရန် ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊ယခုလို ဆောင်ရွက်နေခြင်းသည် အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံမှု၊ အမြော် အမြင်ကြီးသော ဆောင်ရွက်ချက်၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ခိုင်မာသော အာမခံ ချက် ဖြစ်သည်ကို တပ်မတော် အနေဖြင့် လေးနက်စွာ ခံယူပြီး မောင်တို့ မယ်တို့ကို ယခုလို တွေ့ဆုံ ဂုဏ်ပြုစကား ပြောကြားရခြင်း ဖြစ်ပါကြောင်း။
မောင်တို့မယ်တို့ အထဲက ဘက်စုံပညာ ထူးချွန် လူငယ်များသည် သက်ဆိုင်ရာ ကျောင်းအလိုက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ထူးချွန် လူငယ် စစ်ဆေးမှုများကို အဆင့်ဆင့် စစ်ဆေး ရွေး ချယ် ခံခဲ့ရသူများပင် ဖြစ်ပါကြောင်း။
 
အလားတူ ထူးချွန်ကြက်ခြေနီ လူငယ်များသည်လည်း ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နေပြည်တော် ကောင်စီ နယ်မြေ စုစုပေါင်း နယ်မြေ ၁၇ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၅၆ခု တို့တွင် ဖွဲ့စည်းထားသည့် ကြက်ခြေနီ အသင်းများမှ ရွေးချယ်ရေးမူ (၁ဝ)ချက် နှင့်အညီ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး သင်တန်း တွင် ထူးချွန်စွာ အောင်မြင်သူများ၊ သက်ဆိုင်ရာအဖွဲ့များတွင် တက်ကြစွာဦးဆောင် ပါဝင်သူများ၊ ကြက်ခြေနီ လူမှု ကရုဏာ လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက် ခဲ့သူများ ပင် ဖြစ်ပါကြောင်း။မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့သည်လည်း ကြီးမားသော သမိုင်းအစဉ်အလာ ရှိသည့် အဖွဲ့ကြီး ဖြစ်ပါကြောင်း၊
 
 ၁၉၂ဝပြည့်နှစ်တွင် စတင် ထူထောင်ခဲ့သည့် ကင်းထောက် လုပ်ငန်းသည် နိုင်ငံရေး၊ စစ်ရေး မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက်ဖြစ်ပြီး တာဝန်သိသော နိုင်ငံသား တစ်ယောက် ဖြစ်ရန် လေ့ကျင့် တည်ဆောက် ပေးသည့် လုပ်ငန်း ဖြစ်၍ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် နိုင်ငံသား တစ်ဦးချင်း၏ ''တာဝန်သိမှု''၊ ''ပူးပေါင်း ဆောင်ရွက် တတ်မှု''တို့ကို ဖော်ဆောင် သွားနိုင်မည် ဖြစ်ပါကြောင်း၊ 
 
ကင်းထောက် မောင်မယ်များကိုလည်း နိုင်ငံတစ်ဝန်းရှိ ကင်းထောက် သင်တန်းများ ဖွင့်လှစ်ပြီး ဖြစ်သည့် အခြေခံ ပညာကျောင်း များမှ ကျောင်း အလိုက် စနစ်တကျ ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း။
ယခုနှစ် အတွင်းမှာပင် ဘက်စုံပညာ ထူးချွန် လူငယ်များသည် ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့မှာ လေ့လာရေးနှင့် လူငယ် တွေ့ဆုံပွဲတို့ ကိုပြုလုပ်ခဲ့ပြီး ထူးချွန် ကြက်ခြေနီ လူငယ်များ သည် တည်းခိုရေး စခန်းတွင် စခန်းချ နေထိုင်၍ သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်း၊ လေ့လာရေး ခရီးများ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ကင်းထောက် မောင်မယ် များသည် လည်း ပြင်ဦးလွင်တွင် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ (Jamboree) ကို ပြုလုပ် ခဲ့ကြပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် နိုင်ငံတော် အနေဖြင့် မနေ့က မေလ ၃ရက်နေ့မှာ ထူးချွန် လူငယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲနှင့် နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ညစာ စားပွဲများကို တစ်ရက်တည်း တစ်ပေါင်းတည်း ဂုဏ်ပြု ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ် လူငယ်များ အနေဖြင့် နိုင်ငံ့ စွမ်းဆောင် ရည်ဆု ရရှိ သူများအား စံပြုအတု ယူပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရှေ့တန်းမှ ဦးဆောင် လိုသော ခေါင်းဆောင်များ အဖြစ် မိမိကိုယ်မိမိ မျှော်မှန်းပျိုး ထောင် လိုသည့် ခံယူချက်၊ ယုံကြည်ချက်များ ဖြစ်ပေါ်လာမည် ဆိုသည်ကို ယုံကြည်မိပါကြောင်း။

နိုင်ငံတော်၏ ''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက် နေသည့် တပ်မတော် အနေဖြင့်လည်း လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင် စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တပ်မတော် အခြေခံ ပညာကျောင်းများနှင့် တပ်မတော် ပညာရေး ကျောင်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ ထဲက ထူးချွန် ကျောင်းသား/ သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အတွက် ရေကြောင်း ပညာနှင့် လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ တပ်မတော်မှ တာဝန်ယူပြီး ရေကြောင်း လူ

ငယ် အခြေခံ သင်တန်း၊ လေကြောင်းလူငယ် အခြေခံသင်တန်း တို့ကို တပ်မတော် ရေတပ်စခန်း၊ လေတပ်စခန်းရှိရာ မြို့များတွင် ယခုနှစ် မှစပြီး ဖွင့်လှစ် ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်နှင့် တပ်မတော်မှ လူငယ်များအား ယခုလိုပြုစု ပျိုးထောင်မြေ တောင်မြှောက်ပေးခြင်းဖြင့် လူငယ်များ ဥာဏ်ရည် မြင့်မားရုံသာမက မိမိကိုယ်ကို ယုံကြည် အားကိုးသည့် စိတ်ဓာတ်များဖြင့် အများအကျိုးကို သယ်ပိုး ဆောင်ရွက် လိုသူများ၊ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင် တတ်သူများ၊ ဦးဆောင်မှု ပေးနိုင်သူများ၊ အမိန့်နာခံ တတ်သူများ၊ ပြုမူပြောဆို ကြံစည်မှုတို့တွင် စံနမူနာပြ ဖြစ်သူများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နှစ်သက်မြတ်နိုး ထိန်းသိမ်း စောင့်ရှောက်တတ် သူများ၊ ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် ခိုင်မာစေရန်အတွက် အဘက်ဘက်က ယုံကြည် အားကိုး ရသည့် နိုင်ငံ့ အကျိုးပြု လူငယ်လူရွယ်များ ဖြစ်ပေါ် လာစေမှာ လည်း ဖြစ် ပါကြောင်း။

ထူးချွန်လူငယ်မောင်မယ်များ ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုက အားထားရမည့် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်မည့် နိုင်ငံ့ သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် သွားကြပါဟု မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့၏ ကြိုးစား အားထုတ်မှုများ သည် ပေါက်မြောက် အောင်မြင် ပြီး နိုင်ငံတော်၏ နယ်ပယ် အသီးသီးတွင် ထူးချွန် ထက်မြက်သော ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟု လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ဆုမွန်ကောင်း တောင်းပါကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ ပြောကြား လိုပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြုလုပ်သော ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုနှုတ် ခွန်းဆက် စကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအ ခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘက်စုံ ပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ်မောင်မယ် များသည် ဇေယျာသီရိ ဗိမာန်အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝတ်စုံ အမျိုးမျိုး၊ မြန်မာ့ တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်များ၊ တပ်မတော် (လေ)တွင် အသုံး ပြုနေသည့် လေယာဉ် ပုံစံငယ်များ၊ လေသူရဲ များ၏ ဝတ်စုံများနှင့် အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ် များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ အသီးသီးမှ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ အတွက် တပ်မတော် စက်ရုံ များမှ ထုတ်လုပ်သည့် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည် ထုပ်များနှင့် စားသောက် ဖွယ်ရာများအား လက်ဆောင် ပေးအပ်ပြီး ဘက်စုံပညာ ထူးချွန်နှင့် ထူးချွန် ကြက်ခြေနီ လူငယ် မောင်မယ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သည်။

ထို့နောက် မြဝတီ တေးဂီတ အဖွဲ့မှ တေး သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်း အနား တက်ရောက် လာကြသူများ၊ ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များက ကြည့်ရှု အားပေးကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ် များအား ရင်း ရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား အပြီးတွင် ဘက်စုံပညာ ထူးချွန်၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များသည် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်၍ တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးပြခန်း၊ တပ်မတော်(ရေ) ပြခန်း၊ တပ်မတော် (လေ) ပြခန်း နှင့် ပြင်ပပြကွက်များ ဖြစ်သော တပ်မတော် (ကြည်း)မှ အမြောက်များနှင့် တိုက်ခိုက်ရေး ယာဉ်များ၊ တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များအား ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိ သူများက သိရှိလိုသည်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်

ရန်ကုန်၊ မေ ၎

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ် အချို့ကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ တက္ကသိုလ် ပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျောင်းတွေကို ဖျက်လိုက်မယ်လို့တော့ မဟုတ်ပါဘူး။ အဆောင်တစ်ခုမှာ တစ်ခြမ်းက ကွန်ပျူတာတက္ကသိုလ်၊ တစ်ခြမ်းက နည်းပညာတက္ကသိုလ် ထားမယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

ထားဝယ်၊ ကျောက်ြဖူနှင့် သီလဝါတို့တွင် အကောင်အထည် ဖော်နေသော အထူးစီးပွားရေးဇုန်များ အတွင်း ဝင်ရောက်လာမည့် စက်ရုံအမျိုးအစားနှင့် လိုအပ်မည့် အလုပ်သမား အရေအတွက်ပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင် အလုပ်သမားများ မွေးထုတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ တောင်းဆိုသော အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အလုပ်အကိုင် အဆင်သင့်ဖြစ်အောင်၊ ချိတ်ဆက်မိအောင်၊ ဘယ်လို စက်ရုံတွေ ဝင်လာမလဲ၊ အလုပ်သမား ဘယ်လောက် လိုအပ်မလဲ ဆိုတာကို Data ကောက်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တက္ကသိုလ် နေရာများတွင် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း၊ သင်တန်း အမျိုးအစားအလိုက် သုံးလမှ ခြောက်လအထိ ကြာမြင့်ဖွယ်ရှိကြောင်း ၎င်းကပြောဆိုသည်။

တက္ကသိုလ်များ ပူးပေါင်းလိုက်၍ လစ်လပ်လာမည့် ကျောင်း ၁၀ ကျောင်းနှင့် အသုံးမပြုသည့် အဆောက်အအုံဟောင်း အချို့ကို ပြင်ဆင်၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည့် အတွက် သင်တန်းကျောင်းပေါင်း ၂၀ ကျော်အထိ အကောင်အထည်ဖော်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပညာရှင်အဖွဲ့နဲ့ ဝန်ကြီးဌာန ထိပ်တိုက်တွေ့နေပြီ။ ပညာရှင်က ပိတ်ရမယ်။ ဝန်ကြီးဌာနကျတော့ ပြည်သူ့အသံ နားထောင်ပြီးမှ လုပ်မယ်ပြောတယ်” ဟု ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အခြေစိုက်သော အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ဦးအောင်ဝင်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လုပ်သား လိုအပ်ချက်အရ အင်ဂျင်နီယာ ဘွဲ့ရများထက် ကျွမ်းကျင်ပညာရှင်များကိုသာ လိုအပ်လျက် ရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ် အချို့တွင် ဆရာအရေအတွက် ရှားပါးခြင်း သို့မဟုတ် ကျောင်းသားနည်းပါးခြင်းတို့ ဖြစ်ပေါ်နေသည့် အတွက် ယင်းတက္ကသိုလ်များကို ပိတ်သိမ်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေရချိန်တွင် အင်ဂျင်နီယာဘွဲ့ရများ များပြားနေပြီး ကျွမ်းကျင်အလုပ်သမား ရှားပါးလျက် ရှိကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် စက်မှုလက်မှု အထက်တန်းကျောင်း၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် စုစုပေါင်း ၆၀ ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် စက်မှုဇုန်များ အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု ချမှတ်ပြီး တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့သည်။

ယခင်က စက်မှုအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် နည်းပညာတက္ကသိုလ် အနည်းငယ်သာ ရှိပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးခဲ့သည်။

ယင်းနောက် အစိုးရနည်းပညာ ကောလိပ်များကို ၁၉၉၉ ခုနှစ် ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ခဲ့ပြီး ယင်းကောလိပ်များကို တက္ကသိုလ်အဖြစ် ၂၀၀၇ ခုနှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။

ယင်းကြောင့် နယ်ဒေသများရှိ နည်းပညာတက္ကသိုလ် အများစု၏ သက်တမ်းမှာ ခုနစ်နှစ် ဝန်းကျင်သာ ရှိသေးသည်။

The Voice Weekly

မြန်မာနိုင်ငံတွင် လက်နက်ပေါင်းနှစ်သန်းခန့် ရှိ

 မြန်မာနိုင်ငံတွင် တရားဝင်နှင့် တရားမ၀င်ကိုင်ဆောင်ထားသည့် လက်နက်အရေအတွက်မှာ နှစ်သန်းခန့်ရှိနေသည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်၏ မေလ ၄ရက်တွင် ထုတ် ပြန်သော နိုင်ငံတကာလက်နက် ကိုင်ဆောင်မှု ထိန်းချုပ်တားဆီး ရေးဆိုင်ရာ စစ်တမ်းတွင် ယခုကဲ့ သို့ ဖော်ပြထားခြင်းဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင်အ ဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ လက်နက်ကိုင်ဆောင်ထားသည့်အရေအတွက်ကို စစ်တမ်း ကောက်ယူထားခြင်းဖြစ်ပြီး အစိုးရ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ  ကိုင်ဆောင်ထားသည့်အရေအတွက်ကို သီးသန့်ဖော်ပြထားသည်။

အစိုးရတပ်မတော်မှ ကိုင် ဆောင်ထားသော လက်နက်အ ရေအတွက်မှာငါးသိန်းခွဲကျော်ရှိပြီး ရဲတပ်ဖွဲ့ကိုင်ဆောင်ထားသော လက်နက်မှာ တစ်သိန်းကျော်ရှိ ကြောင်းဖော်ပြထားသည်။ အစိုး ရက တပ်မတော်အင်အားကို ထုတ်ဖော်ပြောလေ့  မရှိသော် လည်း စစ်ရေး လေ့လာစောင့် ကြည့်သူများက တပ်ဖွဲ့ဝင် ငါးသိန်းကျော်ရှိကြောင်း ခန့်မှန်းထား သည်။ ရဲတပ်ဖွဲ့ဝင်အင်အားမှာ ခု နစ်သောင်းခွဲဝန်းကျင်ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး၁၂ ဖွဲ့ရှိပြီး အဖွဲ့ငယ်များမှာလည်းဆယ်နှင့်ချီ၍ရှိသည်။

၁၉၇၀ပြည့်နှစ်မှ ၂၀၁၁ခုနှစ်အထိထွက်ရှိခဲ့သော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပြုစုထားသည့် လက်နက်ကိုင် ဆောင်ခြင်းဆိုင်ရာစာတမ်းပေါင်း  ၃၈ခုအပေါ် မူတည်၍ စစ်တမ်း ကောက်ယူတွက်ချက်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၈နိုင်ငံ အနက် မြန်မာနိုင်ငံသည် တရား ၀င်နှင့်တရားမ၀င်လက်နက်ကိုင် ဆောင်မှုစာရင်းတွင် အဆင့် ၃၄ နေရာ၌ ရပ်တည်လျက်ရှိပြီး လက် နက်များကြောင့် မြန်မာနိုင်ငံတွင် ၂၀၀၀ပြည့်နှစ်မှ ၂၀၀၈ခုနှစ်အထိ လူပေါင်းတစ်သောင်းနီးပါးသေ ဆုံးခဲ့ရသည်ဟု အဆိုပါစစ်တမ်း (www.gunpolicy.org/firearms/region/myanmar) တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှတ် တမ်းများအရ အရေးကြီးအမှုစာ ရင်းတွင် ထည့်သွင်းထားသည့် လက်နက်မှုမှာ အနည်းဆုံးအမှုစာ ရင်းတွင်ပါဝင်ပြီး ဖမ်းဆီးထား သည့် လက်နက်မှုအများစုမှာ မူး ယစ်ဆေးဝါးရောင်းဝယ်သူများ နှင့် ဆက်စပ်နေကြောင်းနေပြည် တော်မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီးဝင်းမြင့်ကပြောသည်။

ယခုနှစ်များအတွင်း မြန်မာ နိုင်ငံ၌ မြို့လယ်ကောင်ရွှေဆိုင်များကို လက်နက်ကိုင်၍ ဓားပြတိုက်မှုများ၊ တရားခံများက ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့်ပြန်လည် ပစ်ခတ်မှုများ၊ နိုင်ငံခြားသားများတွင် လက်နက်ကိုင်ဆောင်ထားမှုများ၊ တရားရုံးတွင် လက်နက်ကိုင် ခြိမ်းခြောက်၍ တရားခံအားကယ် ထုတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ပြည်သူလူထုသည်လုံ ခြုံရေးအရ စိုးရိမ်မှုများရှိနေသည်။

မြန်မာနိုင်ငံတွင် လက်နက် မှောင်ခိုဈေးကွက်မရှိသော်လည်း မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ် မြို့များမှတစ်ဆင့် အိန္ဒိယဘက်သို့ လက်နက်မှောင်ခိုရောင်းဝယ်မှုအ ချို့ရှိနေကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လက်နက် ကိုင်ဆောင်မှုကို မှုခင်းဖြစ်စဉ်များ တွင် အရေးကြီးအမှု(၁၀)မျိုးတွင် ထည့်သွင်းပြီးဥပဒေအရထိန်းချုပ် ထားပြီးတစ်နှစ်လျှင် လက်နက်မှု ပေါင်း ၁၀ မှုကျော်ဖြစ်ပွားလျက်ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းများတွင်ဖော်ပြထားသည်။

7 Day Daily

သွားတိုက်တံသိမ်းနည်း အမှား (၄) မျိုး

ခံတွင်းနှင့်သွားများ သန့် ရှင်းစင်ကြယ်စေဖို့ အတွက် သွားတိုက်တံတွေကမရှိမဖြစ်ပါ။ သို့ သော် သွားတိုက်တံတွေမှာ ဘက်တီး ရီးယား မှိုပိုးတွေကပ်ငြိနေမယ်ဆိုရင်တော့ သွားနှင့်သွားဖုံးများ ပျက်စီးစေရုံမျှမက၊ ခံတွင်းရောဂါများဖြစ်လာနိုင်တာကြောင့် သွား တိုက်တံကို သန့် သန့်  ရှင်း ရှင်းထားပေးဖို့  အထူးလိုအပ်လှပါတယ်။ တစ်ကိုယ်ရေသန့် ရှင်းရေးအတွက် တစ်နေ့  ၂-ကြိမ် သွား တိုက်လေ့ ရှိကြသော်လည်း၊ သတိမထားမိတဲ့ သွားတိုက်တံသိမ်းနည်းအမှားမျိုးတွေ မပြုမိကြစေဖို့ အတွက် အောက်ပါအတိုင်း အကြံပြု လိုက်ပါရစေ။

အမှား (၁) အိမ်သာ(သန့် စင်ခန်း)နှင့် ၆ ပေ အတွင်းမှာသိမ်းထားခြင်း။

မျက်နှာသစ်ဘေစင် နှင့် အိမ်သာတို့ ကို တွဲလျက်ထား၍သုံးခြင်းက အန္တရာယ်ကိုလွယ် ထားခြင်းဖြစ်ပါတယ်။ အဘယ်ကြောင့်ဆို သော် မျက်စေ့ဖြင့်မမြင်နိုင်တဲ့ မစင်အညစ် အကြေး နှင့် ၄င်းအနံ့ အသက်ဆိုးတွေက သွားတိုက်တံမှာ ကယ်ငြိသွားကြတာ ကြောင့်၊ ထိုသွားတိုက်တံဘရက်ရှ်တွေက မိလ္လာထိုင်ခုံထက်ပို၍ ညစ်ပတ်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တံကို အိမ်သာ (သန့် စင် ခန်း)နှင့် အနည်းဆုံး ၆ ပေထက် ပိုဝေးတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

အမှား(၂) ပလပ်စတစ်ဗူးထဲမှာ သိမ်းထားခြင်း။

သွားတိုက်တံကို သုံးပြီးတဲ့အခါတိုင်း ရေစင်စင်ဆေးဖို့ လိုအပ်ပြီး၊ ၍ ရေမခိုအောင်းနိုင်တဲ့ ပလပ်စတစ် ခြင်းတောင်း(ကြဲကြဲ)လေး ထဲမှာသိမ်းရပါမယ်။ သွားတိုက်တံရဲ့ ဘရက်ရှ် ကိုအပေါ်ဖက်မှာထား၍ လက်ကိုင်ပိုင်းကတော့ ခြင်း တောင်းထဲမှာ စိုက်ထောင်၍သိမ်းပေးပါ။ သွားတိုက်တံတွေကို ပလပ်စတစ်ပါကင်ဗူးဖြင့် ထုပ်ပိုးရောင်းချလေ့ရှိသော်လည်း၊ အ သုံး ပြုပြီးတဲ့အခါမှာတော့ ထိုပလပ်စတစ်ဗူးခွံထဲ သိမ်းမထားသင့်တော့ပါဘူး။ ဤသို့ သိမ်းမိပါ က သွားတိုက်တံရှိ ရေအကြွင်းအကျန် များက ပလပ်စတစ်ဗူးထဲမှာ လေလုံ၍ မှိုပိုးများပေါက်ပွားလာစေတတ်လို့ ပါ။

အမှား(၃) မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးခြင်း။

အချို့ သူများက သွားတိုက်တံကို မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးပိုးသတ်လေ့ရှိကြပါတယ်။ ထို နည်းက လွန်စွာမှားယွင်းတဲ့နည်းဖြစ် ပါတယ်။ များသောအားဖြင့် သွားတိုက်တံတွေကို ပလပ် စတစ်၊ စီလီကွန်၊ နိုင်လွန် တွေဖြင့်ပြုလုပ်ထားကြပြီး ၄င်းပလပ်စတစ် အမျိုးအစားတွေကို မီးဖို မှာအပူငွေ့ ပေးလိုက်တဲ့အခါ၊ bisphenol-A(BPA) ခေါ် ဓာတုဓာတ်ပစ္စည်းတစ်မျိုး ထွက်ရှိလာ ပါတော့ တယ်။ ထိုဓာတ်က ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေတဲ့အပြင်၊ ကျားမသဘာ ၀ မြုံခြင်းကိုပါဖြစ်စေတတ်ပါတယ်။ အကောင်းဆုံး နည်းကတော့ သွားတိုက်တံတစ်ချောင်းကို အများဆုံး ၃-လထက်ပို၍မသုံးဘဲ အသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့် သွား တိုက်တံ သုံးပါ။ ဖြစ်နိုင်ရင် သွားတိုက်တံမသုံး မီ ရေခပ်နွေးနွေးဆပ်ပြာတို့ ဖြင့်စိမ်၍ သန့် စင်ေ ဆးကြောပြီးမှသုံးပါ။

အမှား(၄) ခံတွင်းသန့် ဆေး မှားယွင်းစွာရွေးချယ်မိခြင်း။

ယေဘုယျအားဖြင့် လူသားအားလုံး၏ ခံတွင်းထဲမှာ oral microbiome(ခေါ်)ကျန်းမာတဲ့ ဘက်တီးရီးယားပိုးတွေ သန်းချီ၍ ရှိနေ ကြပြီး၊ ထိုအကျိုးပြုဘက်တီးရီးယားတွေ က ပြင်ပ ပိုးမွှားတွေ ခံတွင်းထဲသို့ အန္တရာယ်မပြုနိုင်အောင် ခုခံစောင့်ရှောက်ပေးပါတယ်။ သို့ သော် သွားဖြူစေဖို့ အတွက် detergent ကြေးချွတ်ဆေး များများပါတဲ့သွား တိုက်ဆေး များ နှင့် alcohol ပါဝင်မှုများတဲ့ ခံတွင်း သန့် စင်ဆေးရည်တွေက ထိုအကျိုးပြု oral microbiome ဘက်တီးရီးယားတွေကို အားယုတ်စေတာကြောင့် ခံတွင်းကျန်မာရေး ကို အထောက်အကူ မဖြစ်စေနိုင်တော့ပါဘူး။ ဒါကြောင့် ပုံမှန်သွားတိုက်ဆေးကိုသာသုံးပါ။ တကယ်လိုအပ်မှသာ alcohol ဓာတ်ပါဝင်မှု နည်းတဲ့ ခံတွင်းသန့် စင်ဆေးရည်ကို ရွေးချယ်သုံးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)

(ကိုးကား… Dr. Gerry Curatola, founder of Rejuvenation Dentistry)

ဆိုကရေးတီးပြောတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

သိပြီးသူများလည်း သိပြီးမှာပါ။ မသိသေးသူများကို ထပ် မျှဝေလို ပါတယ်။ လူငယ် တစ်ယောက်ဟာ ဆိုကရေဆီကို တွေ့တော့ အောင်မြင်မှုရဲ့ လျှို့ဝှက် ချက် ဟာ ဘာလဲ ဆိုတာ သိချင်ကြောင်း မေးပါတယ်။ ဒါနဲ့ ဆိုကရေတီး ဟာ နောက်တစ်နေ့ မနက် မြစ်ဆိပ်မှာ တွေ့ရအောင်လို့ ချိန်းလိုက် ပါတယ်။

မြစ်ဆိပ်မှာ တွေ့တော့ ဆိုကရေတီးဟာ လူငယ်ကို ရေထဲခေါ်သွား ပါတယ်။ ရေက လည်ပင်း အထိ ရောက်ချိန် မှာတော့ ဆိုကရေတီးဟာ လူငယ် ခေါင်းကို ရေထဲ နှစ်ချ လိုက် ပါတယ်။ လူငယ်က ရုန်းဖို့ ကြိုးစား ပေမယ့် အားပိုသန်တဲ့ ဆိုကရေးတီး လက်ကြောင့် မရုန်းနိုင် ပါဘူး။ ပင်ပန်းလောက်ပြီ၊ မရုန်းနိုင်တော့လောက်ဘူး ဆိုမှ ရေပေါ် ခေါင်းပြန်ထောင် ပေး လိုက်ပါတယ်။ ပြီးတော့ ကမ်းပေါ် ပြန်ခေါ် တက်ပြီးတော့ လူငယ်ကို ရေနှစ်နေချိန်မှာ ဘာလိုအပ် လဲ လို့ မေးပါတယ်။ ဒါနဲ့ လူငယ်က အသက်ရှူဖို့ လေလိုအပ်တယ် လို့ ဖြေ ပါတယ်။ ဒါနဲ့ ဆိုကရေတီးက 'အေး မင်း ရေနှစ်နေတုန်း လေကို အငမ်း မရ လိုအပ်နေသလိုပဲ အောင်မြင်မှု ဆိုတာကို လိုအပ်လာရင် အောင်မြင်မှု အတွက် လျှို့ဝှက်ချက် ဆိုတာ မရှိတော့ဘူး'

သင်ခန်းစာ

ဟုတ်ပါတယ်။ လူတိုင်းဟာ အောင်မြင်မှုကို လိုလားကြ ပေမယ့် ပြင်းပြတဲ့ စိတ်ဆန္ဒ (Strong Desire or Will Power) ပါရှိမှု ကျတော့ နည်းပါ တယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ဆိုတာ နေ့ရော ညာပါ အောင်မြင်မှု ရရှိ ရမယ် လို့ စိတ်ထဲမှာ ကိန်းအောင်း ရေရွတ် နေပြီး ကြိုးစား နေသူဟာ တစ်နေ့ မဟုတ် တစ်နေ့ ရပါတယ်။ ယင်း စိတ်ကလည်း လူကို အမျိုးမျိုး ထိန်းကျောင်း ပြုပြင်ပေး သွား ပါတယ်။ လိုရာ ပန်းတိုင်ကို သယ်ဆောင် သွားပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ ခဏတာ မဟုတ်ပဲ အချိန် အတော် ကြာကြာ အောင်မြင်မှု ရရှိဖို့ သွားရောက်တဲ့ ပန်းတိုင် အထိ ရှည်လျားဖို့လဲ လို အပ် ပါတယ်။ ကောက်ရိုးမီး ပမာ ခဏတာ တောက်လောင် ရုံနဲ့လည်း မလုံ လောက် ပါဘူး။

ယင်းဟာ အောင်မြင်မှုရဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက် ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

ဘုရင့်နောင် ပဲဈေးကွက် ငွေကြေး သိန်းပေါင်းသောင်းချီ အရှုပ်တော်ပုံ ထပ်မံပေါ်ပေါက်

ရန်ကုန်၊ မေလ ၎

မြန်မာနိုင်ငံ၏ အကြီးဆုံး လယ်ယာထွက်ကုန် ဈေးကွက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ပဲဈေးကွက်တွင် ကျပ်သိန်းပေါင်း သောင်းချီသော ငွေကြေး အရှုပ်အရှင်းတစ်ခု ထပ်မံဖြစ်ပေါ်လျက် ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေလ ၄ ရက်မှ စတင် ကိုင်တွယ်လျက် ရှိပြီး ပြဿနာ အားလုံးကို ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းက ဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြဿနာ ဖြစ်နေတာ ဟုတ်ပါတယ်။ ကျပ်သိန်းပေါင်း သိန်းချီ ဆိုတာတော့ မဟုတ်ပါဘူး။ ပမာဏက အဲလောက် မများဘူး။ အခု တွေ့ရသလောက်ပေါ့လေ။ ဖြစ်ရတဲ့ အကြောင်းကတော့ ပေးစရာ ရှိတာနဲ့ ရစရာ ရှိတာ မမျှတာပါ” ဟု အမည်မဖော်လိုသည့် အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ငွေကြေး အရှုပ်အရှင်းကို ဖြေရှင်းဆဲဖြစ်၍ ကုမ္ပဏီအမည်နှင့် ပိုင်ရှင်ကို ဖွင့်မပြောလိုသေးကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ယင်းငွေကြေး ပြဿနာသည် ကျပ်သိန်းပေါင်း သောင်းချီ ဖြစ်သည်ဟု ဆိုသော်လည်း ဘုရင့်နောင် ပဲဈေးကွက်တွင်မူ ငွေကြေး ကျပ်သိန်းပေါင်း နှစ်သိန်းခန့် အရှုပ်အရှင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ပဲလုပ်ငန်းရှင် အသိုင်းအဝန်းထံမှ သိရသည်။

“တို့စီးပွားရေး လောကကြီးကတော့ သွားပါပြီကွာ။ လူတွေက စီးပွားရေးတွေ ကျနေတဲ့အချိန်။ ဒီပိုက်ဆံတွေက နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး။ အားလုံးကို အကျိုးသက်ရောက်မှု ရှိတယ်” ဟု ဘုရင့်နောင်အခြေစိုက် ပဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ငွေကြေး အရှုပ်အရှင်း ဖြစ်ပေါ်သည့် ပုဂ္ဂိုလ်သည် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပေးရန်ရှိ၊ ရရန်ရှိ စာရင်းများကို မရှင်းနိုင်သောကြောင့် ၎င်း၏ ပစ္စည်းပိုင်ဆိုင်မှု စာရင်း၊ ရရန်ရှိနှင့် ပေးရန်ရှိ ငွေစာရင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ တင်ပြထားပြီး ရရန်ရှိ ငွေကြေးနှင့် ပေးရန်ရှိ ငွေကြေးတို့ မျှတပါက ပြဿနာ ပြေလည်မည် ဖြစ်ကြောင်း ပြည်ပပို့ ပဲလုပ်ငန်းရှင် ဒေါက်တာမြတ်စိုးက ပြောကြားသည်။

မြန်မာဘက်မှ ပဲကုမ္ပဏီတစ်ခုနှင့် ပြည်ပကုမ္ပဏီများ အကြား အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းခန့် တန်ဖိုးရှိ ငွေကြေး အရှုပ်အရှင်း တစ်ခု ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ပေါ်ပေါက်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်မျာ အသင်းချုပ် (UMFCCI)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းတို့က ဝင်ရောက် ဖြေရှင်းပေးခဲ့ကြသည်။

မြန်မာ့ဆန်ဈေးကွက်သည် ထိန်းချုပ်မှုများသည့် ဈေးကွက်တစ်ခု ဖြစ်နေချိန်တွင် ငွေကြေးအရှုပ်အရှင်း မကြာခဏ ဖြစ်ပေါ်နေသော မြန်မာ့ပဲဈေးကွက်သည် အထိန်းအချုပ် ကင်းမဲ့သော ဈေးကွက် ဖြစ်လျက်ရှိကြောင်း ပြည်တွင်းကုန်သည်များက ဝေဖန်လျက် ရှိသည်။

The Voice Weekly