7 May 2014

ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်သို့ အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းသို့ SMS ပေးပို့နိုင်မည့် Myan Talk VOIP ဝန်ဆောင်မှုသစ် စတင်



အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VOIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Myan Talk ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။

Myan Talk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VOIP ဝန်ဆောင်မှုဖြစ်သည်။ နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ Myan Talk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း၊ အသုံးပြုခြင်းအတွက် လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးစရာမလိုကြောင်း သိရသည်။ ဖုန်းခေါ်ဆိုနိုင်သည့် အကောင့်သည် သက်တမ်းလွန်ရက်စွဲ (Expire Date) ရှိမည်မဟုတ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“အဓိကဝန်ဆောင်မှုကတော့ VOIP ဖုန်းခေါ်မှုအပြင် ထူးခြားတာက e-Commerce Website တွေအတွက် မြန်မာဖုန်းတွေနဲ့ ကမ္ဘာအနှံ့ရှိဖုန်းတွေကို တိုက်ရိုက် Mobile SMS ပို့လို့ရမှာဖြစ်ပါတယ်” ဟု Myan Talk မှ တာဝန်ရှိသူက ပြောသည်။ Myan Talk အား Windows, Android, iOS, BlackBerry, Nokia Symbian, Window Phone များမှတစ်ဆင့် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်ရှိရုံဖြင့် ကွန်ပျူတာမလိုအပ်ဘဲ Myan Talk \ Internet Phone Adapter များ အသုံးပြု၍လည်း ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းရှိ GSM, WCDMA, CDMA 800MHz, CDMA 450MHz, MEC Tel ဖုန်းစသည့် ဖုန်းအမျိုးအစားအားလုံး Myan Talk အကောင့်ရှိရုံဖြင့် အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာနေရာအနှံ့ရှိ မည်သည့် မိုဘိုင်းဖုန်းအမျိုးအစားကိုမဆိုလည်း Myan Talk Account ဖြင့်လည်း အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ Web Developer များ၊ Application Developer များအနေဖြင့်လည်း Myan Talk ကို အသုံးပြု၍ အွန်လိုင်း SMS လုပ်ဆောင်ချက်အား ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဆိုသည်။ ခေါ်ဆိုခခန့်မှန်းနှုန်းထားများအနေဖြင့် မလေးရှားနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ်၊ စင်ကာပူနိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ တရုတ်နိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ ထိုင်းနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ် အစရှိသည်ဖြင့် ခေါ်ဆိုနှုန်းထား အတိအကျကို ဖော်ပြပေးထားကြောင်း တွေ့ရသည်။ Myan Talk အား Desktop, Laptop, Mobile Phone, Tablet များမှတစ်ဆင့် အလွယ်တကူ ခေါ်ဆိုနိုင်မည်ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ www.myantalk.com တွင် အသေးစိတ်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုရာတွင် ဝက်ဘ်ဆိုက်၌ ငွေဖြည့်သွင်းလိုပါက MyanPay Online စနစ်ဖြင့် ငွေဖြည့်သွင်း၍ ရရှိနိုင်ကြောင်း သိရသည်။ Myan Talk Account User Name ကို ဖြည့်စွက်ကာ မိမိဖြည့်သွင်းလိုသော Top Up Amount ကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် MyanPay Express Checkout Buttom ကို နှိပ်၍ အော်ဒါမှာယူနိုင်ပြီး MyanPay ဖြင့် အွန်လိုင်းငွေပေးချေမှုစနစ် ပြုလုပ်ကာ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။ မိမိပေးပို့လိုက်သော Payment ကို တစ်ဖက်မှ လက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက် Myan Talk Account ထဲသို့ VOIP Credit များ ချက်ချင်းရရှိမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း
Internet Journal


စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရတဲ့ အမြန်လမ်း ဘယ်တော့ စိတ်ချရမလဲ


အစိုးရ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသည့် မနီလာ တစ်ယောက် တနင်္ဂနွေနေ့ည ရန်ကုန်ကနေ နေပြည်တော်ပြန်မယ် လုပ်တော့ အမေကစိတ်မချစွာ တ တွတ်တွတ်မှာနေသည်။
''သင်္ကြန်တွင်းမှာ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်က ကား တိုက်မှုတွေဆက်တိုက်ဖြစ်နေတော့ အမေကစိတ်ပူပြီးမှာနေတာ၊ အရင် ကတစ်ပတ်တစ်ခါပြန်လာနေတာ၊ အခုကိစ္စမရှိရင် ပြန်မလာနဲ့လို့ အမေပြောနေတယ်။ အဝေးပြေး ကားတွေကို စိတ်မချလို့တဲ့''ဟု မနီလာကဆိုသည်။

ယခုနှစ်ထဲမှာ ဇန်နဝါရီလမှ စပြီး သင်္ကြန်ပြီးကာလအထိ ယာဉ် တိုက်မှု ၁၄၇ မှုဖြစ်ပွားခဲ့ပြီး သေ ဆုံးသူ ၅၇ဦး၊ဒဏ်ရာရသူ ၂၆၂ဦး ရှိခဲ့ရာ ယခင်နှစ်နှင့်နှိုင်းယှဉ်ကြည့် လျှင်ယာဉ်တိုက်မှုသိသိသာသာတိုး လာကြောင်းအမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။
ယမန်နှစ်အတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုပေါင်း ၂၅၉ မှု ဖြစ်ပွားခဲ့ပြီး၊သေဆုံးသူဦးရေ ၁၁၃ ဦးနှင့် ဒဏ်ရာရသူ ၆၂၇ ဦးရှိခဲ့ ပြီး လက်ရှိနေ့စဉ်အမြန်လမ်းအသုံး
ပြုနေသည့် မော်တော်ယာဉ်စီးရေ မှာ ၅ဝဝဝမှ ၇ဝဝဝ ကြားရှိနေ ကြည့်ပါက ယခင်နှစ်များကနှင့် နှိုင်းယှဉ်သဖြင့် အမြန်လမ်းသုံးစွဲမှု မှာ မြင့်တက်နေဆဲဖြစ်သည်။
ယခုအမြန်လမ်းကိုနေပြည်တော် စတင်တည်ဆောက်သည့်အချိန် ၂ဝဝ၅ခုနှစ်တွင် စတင်ဖောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ်တွင် ရန်ကုန်မှမန္တလေးအထိ အပြီးတိုင် ဖောက်လုပ်နိုင်ခဲ့သည်။
''ဘုရားစာကိုမပြတ်ဆိုနော်။ အိပ်ပြီးလိုက်မသွားနဲ့၊၁၁၅မိုင်ရောက် ရင်ဖုန်းဆက်နော်''ဟု မနီလာ၏ အမေက မနီလာကို တတွတ်တွတ် မှာနေပါသည

ယာဉ်မတော်တဆမှု ဖြစ်ပွား ခြင်းကြောင့် ပျက်စီးနေသောလမ်း ပိုင်းများ၊ ယာဉ်မောင်းများနှင့်ယာဉ် များကိုစောင့်ကြည့်စစ်ဆေးသွား မည်ဖြစ်ကြောင်းရထားပို့ဆောင် ရေးဝန်ကြီးဌာနမှသိရသည်။
လမ်းပိုင်းဆိုင်ရာပြုပြင်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီးယာဉ်နှင့်ယာဉ် မောင်း စစ်ဆေးကြပ်မတ်မှုဆောင် ရွက်မည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှသိရသည်။
''စစ်ဆေးတာကတော့ ယာဉ် ထိန်းရဲရယ်၊ ပါဝင်တဲ့အဖွဲ့တွေ (အခြားဝန်ကြီးဌာနများ) ပူးပေါင်း စစ်ဆေးမယ်။ ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကစစ်မှာပါ။ ဘယ်လိုအခြေ အနေမှာစစ်မလဲဆိုရင်တော့သာမန် အခြေအနေမှာစစ်မယ်။ ရန်ကုန် အထွက်ရယ်၊ ၁၁၅ မိုင်ရယ်၊ နေပြည်တော်ရယ်၊ မိတ္ထီလာရယ်၊ တံခွန်တိုင်ရယ်၊ အဲ့ဒီမှာတော့ ယာဉ်အသုံးပြုခနဲ့ ယာဉ်နံပါတ်စစ် ဆေးတာတွေ ပြုလုပ်ပါမယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆန်းအောင် ကပြောသည်။

၂ဝ၁၄ခုနှစ် သင်္ကြန်ကာလ လေးရက်အတွင်း ယာဉ်မတော် တဆမှု ၂၂ မှုရှိခဲ့ပြီး ၁၆ ဦး သေဆုံးခဲ့ကာ ၄၃ဦးဒဏ်ရာရရှိခဲ့ ခြင်းကြောင့် အမြန်လမ်း၏လမ်း ပိုင်းဆိုင်ရာကို ပြုပြင်ရန်နှင့်ယာဉ် မောင်းများ၊ ယာဉ်များ၏ကြံ့ခိုင် မှုများကိုပြင်ဆင်ရန်အတွက် သက် ဆိုင်ရာကအလျင်အမြန်ဆောင်ရွက် သင့်ပြီဖြစ်သည်။
မတော်တဆမှုများနှင့်ပတ်သက် ၍ ယာဉ်တိမ်းမှောက်မှု လျော့နည်း ရေးအတွက် ဗဟိုကုန်လမ်းသယ် ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ် ကွပ်ကဲရေးအဖွဲ့ဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အမြန်လမ်းမပေါ်တွင် ယာဉ်တိမ်း မှောက်မှုမှာ လမ်းအသုံးပြုသည့် ယာဉ်နှင့် ယာဉ်မောင်းတို့၏ အား နည်းချက်ကြောင့်ယာဉ်တိမ်းမှောက် မှုဖြစ်ပွားရကြောင်း၊အဓိကအားနည်း ချက်မှာ လူ၏ပေါ့ဆမှုကြောင့်ဖြစ် ကြောင်းရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာအကြို ညှိနှိုင်းအစည်းအဝေးတွင် ပြော ကြားသည်။

အဝေးပြေးယာဉ်အားလုံးတွင် ယာဉ်မောင်းနှစ်ဦးအလှည့်ကျ မောင်းနှင်ရန်လိုအပ်ကြောင်း၊အရက် သေစာသောက်စားခြင်းနှင့် ယာဉ် မောင်းနေစဉ် လက်ကိုင်ဖုန်းများ ကိုင်ဆောင်ခြင်း မပြုလုပ်ရန်လို ကြောင်း၊ လမ်းမပေါ်တွင် မောင်း နှင်သည့် ဘတ်စ်ကားနှင့် ကိုယ်ပိုင် ယာဉ်များအားသက်တမ်းသတ်မှတ်
ပေးရန်လိုကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ဒါတွေကို သေချာစစ်ဆေးမယ်
==================
ယာဉ်အသုံးပြုသူများအနေဖြင့် ယာဉ်သက်တမ်းအနည်းဆုံး ၁ဝနှစ် နှင့်၁၅နှစ်သက်တမ်းသာမောင်းနှင် ခွင့်သတ်မှတ်ထားပြီး ယာဉ်ပုံစံမှာ ရောင်ပြန်ပြား၊မီးသတ်ဆေးဘူးတပ် ဆင်ခြင်း၊ အရေးပေါ်ထွက်ပေါက် ထားရှိခြင်းတို့ကို ယာဉ်မထွက်ခွာမီ စစ်ဆေးရမည်ဖြစ်သည်။

ထို့ပြင် ယာဉ်မောင်းနေစဉ် အတွင်း အရှိန်ပြင်းစွာမောင်းနှင်နှုန်း မရှိစေရန်အတွက်လည်း စစ်ဆေး မည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှ သိရသည်။ယခုနှစ်ဧပြီလဝက်အတွင်းမှာ ပင်
အမြန်လမ်း၌ အရှိန်ထိန်း ကိရိယာနှင့်ဖမ်းခဲ့ရသည့် အကြိမ် အရေအတွက် ၄၅ဝခန့်ရှိကြောင်း သိရသည်။

လမ်းပိုင်းဆိုင်ရာနှင့်ပတ်သက် ၍လည်း အမြန်လမ်းမကြီးနဘေး တွင် ခြံစည်းရိုးကာထားခြင်း၊ မြေ အောက်ဖြတ်လမ်းတည်ဆောက်ခြင်း၊ လမ်းမကြီးအကျယ်အဝန်း၊တံတား များနှင့် မျက်မမြင်ကွေ့နေရာများ၊ ယာဉ်ပြင်ဆင်ရေးစခန်းများ တည် ဆောက်ထားခြင်း၊ လူလုပ်အတား အဆီး (ဥပမာ-မသမာသူတွေက ညအချိန်ယာဉ်လမ်းကြောပေါ်မှာ ကွန်ကရစ်ဘလောက်တုံးများထား ခြင်း၊သစ်တုံးများပိတ်ဆို့ထားခြင်း) စသည်တို့ကို စစ်ဆေးကြပ်မတ် သွားမည်ဖြစ်ကြောင်းရထားပို့ဆောင်
ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးဆန်းအောင်က ပြောသည်။

ယင်းအစည်းအဝေးတွင်ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်လွင်ကအမြန်လမ်းမ ကြီးနှင့်ပတ်သက်၍လမ်းပိုင်းဆိုင်ရာ အားနည်းချက်များကိုနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊¤င်းလမ်းပိုင်းတွင် ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများသည် ယာဉ်မောင်းများလမ်းနှင့် ယာဉ် အခြေအနေတို့ကို ဆင်ဆင်ခြင်ခြင် မောင်းနှင်မှုမရှိခြင်းကြောင့် ယာဉ် မတော်တဆမှုဖြစ်ပွားကြောင်း၊ လက်ရှိနှစ်လမ်းသွားမှာ ကီလိုမီ တာ ၁ဝဝလျှင် မိုင် ၆ဝ နှုန်းထက် ပိုမိုပြီးမမောင်းပါက ယာဉ်တိမ်း မှောက်မှုအန္တရာယ်မရှိပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းများ သတိပြုလိုက်နာ ဆောင်ရွက်ရန် မြန်မာဘာသာဖြင့် သာမကအင်္ဂလိပ်ဘာသာဖြင့်လည်း ဆိုင်းဘုတ်များကို လမ်းဘေး၌ စိုက်ထူပေးလျက်ရှိပါကြောင်း၊ ညအချိန်တွင် တံတားရှည်များ၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဆိုလာမီးများတပ်ဆင်ပေးထားပါ
ကြောင်း၊လမ်းဘေးဝဲယာရှိကျေးရွာ များအနီးတွင် ကျွဲ နွားတိရစ္ဆာန်များ မဖြတ်သန်းနိုင်ရန် ခြံစည်းရိုးများ ကာရံပေးထားပါကြောင်း၊လမ်းဘေး
ကျေးရွာများမှ ယာဉ်ငယ်များအမြန် လမ်းမပေါ်သို့ ဥပဒေမဲ့သွားရောက် နေမှုကိုကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်းပြောသည်။

ခရီးသွားအာမခံများစတင်ပြုလုပ်ပေးလျက်ရှိ
==========================
အမြန်လမ်းခရီးသွားပြည်သူများ အတွက်အသက်အန္တရာယ်လုံခြုံမှုရှိ စေရန်နှင့်အာမခံထားနိုင်ရေးအတွက် အဝေးပြေးလမ်းမများဆိုင်ရာ အထူးခရီးသွားအာမခံကိုလည်း ယခုလ ၈ရက်မှ စတင်ရောင်းချ နိုင်ရေးအတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့်အတူပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်စိတ်ချလုံခြုံမှု အတွက် ယာဉ်အလုံးစုံအာမခံထား နိုင်ရေးအတွက်လည်း စီစဉ်ထား ရှိပြီးဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကဆိုသည်။
''အာမခံကို ယခုလ ၈ရက်နေ့ စမယ်။ ဒီ့ထက်ပိုကောင်းတဲ့အချက် ကတော့ မူလကဒီအာမခံကိုအဝေး ပြေးကားနဲ့ ခရီးသည်တွေအတွက် ပဲ ရည်ရွယ်ထားပေမယ့် တချို့က ပုဂ္ဂလိကကိုယ်ပိုင်ကားနဲ့သွားမယ်၊ တက္ကစီငှားပြီးသွားမယ်ဆိုတဲ့ပုဂ္ဂိုလ် တွေအတွက်လဲ ဒီအာမခံဝယ်ချင် တဲ့သူတွေရှိနေတယ်။ အဲဒီအတွက် ကြောင့် ဘာလုပ်လိုက်သလဲဆိုရင် ဒီအမြန်လမ်းမကြီးဆိုင်ရာ အထူး ခရီးသွားအာမခံကို မော်တော်ယာဉ် လိုင်းနဲ့သွားမှမဟုတ်ဘူး။ကိုယ်ပိုင် ယာဉ်နဲ့သွားတဲ့သူတွေအတွက်လဲ ဝယ်လို့ရအောင် လုပ်ပေးမယ်။

ကိုယ်ပိုင်ယာဉ်နဲ့သွားမယ့်ခရီးသည် တွေအနေနဲ့ နှစ်ယူနစ်အထိ ဝယ်ခွင့် ရှိတယ်''ဟုဒေါက်တာမောင်မောင် သိမ်းကပြောသည်။
ကိုယ်ပိုင်ယာဉ်ဖြင့် သွားမည့် ခရီးသည်များအနေဖြင့် အထူးခရီး သွားအာမခံကို နှစ်ယူနစ်အထိ ဝယ်ခွင့်ရှိပြီး တစ်စုံတစ်ခု ဖြစ်ခဲ့ပါ က လျော်ကြေးမှာအနည်းဆုံး ငွေ ကျပ် ၆၅ သိန်းအထိရမှာဖြစ် ကြောင်း သိရသည်။

''ကိုယ်ပိုင်ကားနဲ့ခရီးသွားမယ့် ခရီးသည်တွေ၊စင်းလုံးငှားခရီးသည်
တွေအတွက်လဲ ဝယ်ချင်ရင်ဝယ်လို့ ရအောင် လုပ်ပေးထားတယ်။ သူတို့လဲ နှစ်ယူနစ်အထိ ဝယ်လို့ ရတယ်။ ငွေကျပ် ၆ဝဝ ဖိုးဝယ် မယ်ဆိုရင် အကာအကွယ်အနေနဲ့ ၆၅သိန်းအထိရမယ်''ဟုဒေါက်တာ
မောင်မောင်သိမ်းကဆိုသည်။

မနီလာတစ်ယောက် ၁၁၅ မိုင် ရောက်ပြီဆိုတော့ အမေစိတ်ချမ်း သာစေရန် ဖုန်းဆက်ရမည့်အချိန်ကို ကြည့်လိုက်သည်။ ည ၁ဝ နာရီ ကားစီးလာတာကြောင့် ၁၁၅မိုင် (စားသောက်ရန်နားနေရာ)တွင် အချိန်က ည ၁ နာရီနီးပါးခန့်မှ ရောက်ရှိတာ ဖြစ်သည်။
ဖုန်းဝင်ဝင်ချင်းမှာပဲ ''သမီး အဆင်ပြေလား၊ အမေဘုရားစာဆို ပြီး သမီးဖုန်းဆက်တာကိုမျှော်နေ တာ''ဟူသော စိုးရိမ်ပူပန်သံကို ကြားလိုက်ရသည်။

ကြည်ပြာ၊ ဆုလဲ့ဝင့်
The Union Daily

အာဏာအလွဲသုံးစားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန် အမိန့်ချ


ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ အမိန့်ချ မှတ်လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၆နဲ့  ၂၆၈ အရ ၀န်ကြီးချုပ် တာဝန်ကို ဆက်ထမ်းဆောင်ဖို့ အရည်အချင်း ပျက်ယွင်းတယ်လို့ တခဲနက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အာဏာအလွဲသုံးစားမှုကို အထက်လွှတ်တော် အမတ်တဦး က ခေါင်းဆောင်ပြီး အဖွဲ့က ခုံရုံးကို မတ်လက တင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ  မစ္စတာ သာဝီကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူး ပြောင်းရွှေ့ခဲ့တာ ဥပဒေနဲ့ မညီ၊ တရားမျှတမှု မရှိဘူးလို့ ဆိုပြီး တင်ပြခဲ့တဲ့ အမှုကို ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး တရားသူကြီးတွေက ကန့်ကွက်သူ မရှိ ထောက်ခံ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ သာဝီကို နဂိုရာထူးမှာ ပြန်ထားဖို့ကိုလည်း ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ မစ္စတာ သာဝီ ကို ဖယ်ရှားခဲ့ပြီးနောက်မှာ ရဲချုပ်အသစ်အဖြစ် ၀န်ကြီးချုပ် ယင်းလပ်နဲ့ ဆွေမျိုးတော်စပ်တဲ့ ၀ီချီယန်က တာဝန်ယူခဲ့ပါတယ်။

မေ ၆ ရက်နေ့မှာ ဖွဲ့စည်းပုံခုံရုံးက ၀န်ကြီးချုပ် ယင်းလပ်၊ မစ္စတာ သာဝီ၊ ရဲချုပ် ၀ီချီယန်နဲ့ အထက်လွှတ်တော်အမတ် ပိုင်ဘွန်းတို့ကို စစ်ဆေးပါတယ်။

အထက်လွှတ်တော်အမတ်က ဒီလို တာဝန်အလွှဲအပြောင်းဟာ ၀န်ကြီးချုပ်က ဆွေမျိုးတော်တဲ့ လူတယောက်ကို ရဲချုပ်ခန့်ချင်လို့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တာလို့ ထွက်ဆို ခဲ့တယ်လို့ ဘန်ကောက်ပို့သတင်းစာမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က ချေပရာမှာတော့ အာဏာအလွဲသုံးစားလုပ်တာ မဟုတ်ဘဲ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာကို သုံးခဲ့တာလို့ ဆိုပါတယ်။ ယင်းလပ်ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ၀န်ကြီးချုပ်အဖြစ် ပထမဆုံး ကျမ်းသစ္စာကျိန်ဆိုပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကြောင့် အရင်လတွေကတည်းက ၀န်ကြီးချုပ်ကနေ နုတ်ထွက်ထားပြီး အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် တာဝန်ဆက်ယူနေတာ ဖြစ်ပါတယ်၊

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၆ လကြာနေပြီး ဖြစ်သလို ၀န်ကြီးချုပ် ယင်းလပ်ကို ထောက်ခံတဲ့သူတွေက တကယ်လို့ တရားရုံးက ၀န်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားလိုက်ရင် တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့အတွက် ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။

 By ဒီဗွီဘီ

သမဝါယမ ဝန်ကြီးဌာန ယခုနှစ်အတွင်း ကျပ်ဘီလီယံ ၁၉၀ ကျော်ချေးမည်

 
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ရည်ရွယ်ကာ ကျေးလက်ဒေသ များတွင် ချေးငွေများ ထုတ်ချေးပေးနေသော သမဝါယမ ဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း ချေးငွေ ကျပ်ဘီလီယံ ၁၉၀ ကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဇော်မျိုးက ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနသည် ပြည်တွင်းတွင် အသေးစားချေးငွေများ ထုတ်ချေးရန် တရုတ်နိုင်ငံ EXIM ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ချေးယူထားပြီး ယခုနှစ် မိုးရာသီတွင် ထုတ်ပေးမည့် ကန်ဒေါ်လာ သန်း ၅၀ အပါအဝင် ယခုနှစ်အတွင်း ကျပ်ဘီလီယံ ၁၉၀ ကျော် ထုတ်ချေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM ဘဏ်ထံမှ ချေးယူထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထဲမှ တစ်ဝက်ကို ပြီးခဲ့သည့် ဆောင်းသီးနှံ ကာလက ထုတ်ချေးခဲ့ပြီး ကျန်တစ်ဝက်ကို မေလမှ စ၍ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ထုတ်ချေးနေကြောင်း ၎င်းကဆိုသည်။ သမဝါယမ ဝန်ကြီးဌာနက ချေးငွေများ ထုတ်ချေးရာတွင် အမှန်တကယ် လိုအပ်နေသော ပြည်သူများကို ထုတ်ချေးရန်အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့်
 ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနသည် ချေးငွေ လုပ်ငန်းများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ EXIM ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူထားသည်။
ယင်းချေးငွေများကို ၁၀ နှစ် ပေးဆပ်ရမည် ဖြစ်ပြီး ပြန်လည်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်းနှင့် ညီမျှသည့်အတွက် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သမဝါယမ ဝန်ကြီးဌာနက လုပ်ဆောင်ခဲ့သော လုပ်ငန်းများ အကျိုးရှိမရှိကို ပြန်လည် ဆန်းစစ်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ကြ သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၁၃−၂၀၁၄) အတွင်း သမဝါယမ ဝန်ကြီးဌာနက ချေးငွေ ကျပ် ၁၄၅ ဘီလီ ယံကျော် ထုတ်ချေးခဲ့သည်။

The Voice Weekly

အမြန်လမ်းတွင် သဲပုံစေတီတည်မည်


ယာဉ်မတော်တဆမှု များကြောင့် သေဆုံးမှု မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်ရှိ ၁၁၆ မိုင်တွင် မေလ ၁၀ ရက် ည ၈ နာရီအချိန်နှင့် ၁၁ ရက်နေ့ နံနက်ခင်းများတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပွဲ မကျင်းပမီ မေလ ၇ ရက်၊ နံနက်ပိုင်းတွင် ၃၁ ဘုံသားများ ဖူးမြော်နိုင်ရန် သဲပုံစေတီ တည်ထားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က ပြောကြားသည်။ 

“နတ်ရေကန် ဆရာတော်ကြီးက နံနက် ၈ နာရီလောက်မှာ ဦးဆောင်တည်မှာပါ။ ရည်ရွယ်ချက်ကတော့ ဒီလမ်းပေါ်မှာ မကျွတ်မလွတ်သေးတဲ့ သူတွေကို ကျွတ်လွတ်အောင် ဒါနပွဲ ကျင်းပပြီး အမျှဝေ ဆုတောင်းပေးချိန်မှာ တည်ထားတဲ့ စေတီကို ဖူးတွေ့ရပြီး သူတို့ ဘဝဟောင်းကို ပြန်အမှတ်ရစေရေး အတွက်ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ဒါနပွဲကို ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဖြူးမြို့နယ် မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ပင့်သံဃာငါးပါးဖြင့် ယင်းနေရာတစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ် များကို ဆုတောင်း အမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ဦးဆောင်စီစဉ်သူ အချို့ထံမှ စုံစမ်းသိရှိရသည်။ 
 
“ဒီအမြန်လမ်းဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီးတွေ ခုတ်လဲပစ် လိုက်လို့ သူတို့တစ်တွေ နေစရာမရှိတာနဲ့ အခုလို အနှောင့်အယှက် ပေးနေသလား တွေးမိတယ်။ ဒါကြောင့် ဒီအမျှဝေပွဲကို စီစဉ်ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာမိုးမိုးခိုင်က ဆိုသည်။ မေလ ၁၀ ရက် ည ၈ နာရီအချိန်တွင် အစားအစာ ကျွေးမွေးခြင်း၊ တောစောင့်နတ်၊ တောင်စောင့်နတ် အပေါင်းတို့ကို တောင်းပန်ခြင်းများ ပြုလုပ်ကာ နောက်တစ်နေ့ နံနက်စောစောချိန်တွင် အမျှပေးဝေခြင်း၊ သစ်ပင်အစားထိုး စိုက်ပျိုးခြင်းများ ဝိုင်းဝန်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ယင်းပွဲ အစီအစဉ်အရ သိရသည်။ အဆိုပါ အကျွတ်အလွတ် ဒါနပွဲကို ဦးဆောင် စီစဉ်သူများနှင့် လိုက်ပါ လှူဒါန်းမည့် သူများသည် မေလ ၁၀ ရက် ည နေ ၃ နာရီအချိန် မန္တလေးမြို့မှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း၊ စိတ်ပါဝင်စား သူများသည် ဦးဆောင် စီစဉ်သူများ ဖြစ်သည့် ဒေါက်တာမိုးမိုးခိုင် ဖုန်း၀၂-၇၅၁၁၄၊ ၀၉-၂၀၅၁၁ ၂၂ နှင့် ဒေါ်မိုးလေး ၀၉၄၀၂၅၄၆၀၇၅ တို့ထံ ဆက်သွယ်နိုင်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု များကြောင့် လူသေဆုံးမှုများ များစွာဖြစ်ပေါ်နေပြီး ယင်းသို့ ဖြစ်ရခြင်းအပေါ် နည်းပညာ ရှုထောင့်မှကြည့်ကာ ယာဉ်မောင်းနှင်မှု၊ ယာဉ်ကြံ့ခိုင်မှု၊ လမ်းတည်ဆောက်မှု အနေအထားစသဖြင့် သုံးသပ် ဝေဖန်မှုများလည်း အများအပြား ပြုလုပ်လျက် ရှိသည်။

မန္တလေးမှ ရန်ကုန်မြို့တော်သို့ မကြာခဏ လာရောက်ရသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကမူ ယာဉ်များတွင် ခါးပတ် မပါရှိခြင်း၊ လမ်းတွင် ယာဉ်ရပ်နားစခန်း နှစ်နေရာ ရှိသော်လည်း တစ်နေရာ၌သာ ရပ်နားခြင်း၊ မောင်းနှင်ချိန် တိုလွန်းခြင်း၊ စပယ်ယာများက ယာဉ်မောင်းကို အထောက်အကူ မပေးနိုင်ခြင်းတို့ကို ပြင်ဆင်သင့်ကြောင်း အကြံပြု ပြောကြားသည်။

The Voice Weekly


အမှိုက်ကောက်မည့် စည်ပင် ကတိမတည် နာရေးကူညီမှုအသင်း အမှိုက်ကောက်မည်


နာရေးကူညီမှုအသင်း (ရန်ကုန်)က စည်ပင်သာယာကော်မတီ၏ ကတိမတည်မှုကြောင့် မကြာမီ တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် အမှိုက်ပြန်လည်ကောက်ယူတော့မည်ဖြစ်သည်ဟု နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မေ ၆ ရက်တွင် FFSS ရုံးချုပ်၌ ကျင်းပသည့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်” အစည်းအဝေးတွင် ပြောသည်။ ၂၀၁၃ ခုနှစ်အတွင်းက နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်ရန်ကုန်မြို့အတွင်းအမှိုက်ရှင်းလင်းရေးအတွက်ကောက်ယူမှုများလုပ်ဆောင် ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး လပိုင်းအတွင်းအမှိုက်များကောက်ယူသွားမည်ဟုဆိုခဲ့ခြင်းကြောင့်တစ်နှစ်ခန့်ကြာသည်အထိလုပ်ဆောင်ခြင်း မရှိသည့်အတွက် နာရေးကူညီမှုအသင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ် သည်ဟု ၎င်းက ပြောသည်။
 
ဒေါ်သန်းမြင့်အောင်က “မနှစ်တုန်းကကျွန်မတို့ကအမှိုက်လိုက်ကောက်တယ်၊ အစိုးရဌာနဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကခေါ်တားမြစ်တယ်။ သူတို့ လပိုင်းအတွင်း ဆောင်ရွက်မယ်ဆိုပြီး လပိုင်းအ တွင်း ကြေညာတယ်။ အခု ၁၁ ရက်ဆို တစ်နှစ်ပြည့်ပြီ။ အကောင်အထည် မပေါ်လာဘူး” ဟုပြောသည်။
အမှိုက်ကောက်ယူရေးအစီအစဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊၄၂ရပ်ကွက်တွင် စတင်လုပ်ဆောင်သွား မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင် ဆက်လက် ကောက်ယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့် ကျက်လုပ်သွားမည်ဖြစ်သည်။ ၂၀၁၃ခုနှစ်၊ မေလ ၁၁ ရက်တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်)မှ ဗဟို အလုပ်မှုဆောင်များက ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပအ၀ိုင်း ကားဂိတ်များတွင် အမှိုက်ကောက်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်မကောက် ရန် ခေါ်ယူတားမြစ်ခဲ့သဖြင့် အမှိုက်ကောက်ယူမှုလုပ်ငန်းစဉ်များ
ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အသင်း၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက “အစိုးရကို စော်ကားတာမဟုတ်ဘူး၊ အစိုးရက နေရာတိုင်း မလုပ်နိုင်တာရှိတယ်။တစ်ဖက်တစ်လမ်းကနေအစိုးရကိုရောကူညီရင်း ပြည်သူတွေကိုပါဝင်လာအောင် ဆောင် ရွက်ပေးနေတာပါ” ဟု ပြောသည်။ အမှိုက်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီရ ရှိနိုင်ရန် ညှိနှိုင်းပြောဆိုပြီး စတင် ကောက်မည့်ရက်ကို အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု လည်း ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။

အမှိုက်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ငွေကြေးများစွာ အသုံးချနိုင်မည် မဟုတ်ဘဲ အမှိုက်လိုက်လံကောက်ယူမည့် အဖွဲ့အစည်းများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်သားရစေ ရန်ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။

နာရေးကူညီမှုအဖွဲ့ဝင်အချို့မှာလည်း ကိုယ်ပိုင်ကားများဖြင့် အမှိုက်လိုက်လံကောက်ယူမှုများပြုပြီး ထို အမှိုက်များထဲမှ စနစ်တကျစွန့်ပစ်ရမည့်ပစ္စည်း၊ ပြန်လည် ချေဖျက်ကာ အသုံးပြုနိုင်မည့်ပစ္စည်း၊ ဆေးရုံမှ စွန့်ပစ်သည့် အန္တရာယ်ရှိသည့်ပစ္စည်းဟူ၍ ခွဲခြားထုပ်ပိုးမှုများလုပ်ကာ ပြန်လည် ချေဖျက်ရသည့်ပစ်္စည်းများမှ ၀င်ငွေများအား ချို့တဲ့သည့် ကလေးသူငယ်များ၊ ကျောင်းများသို့ လှူဒါန်းမှုပြုလုပ်နေသည်မှာ ၁၀ သိန်းဝန်း ကျင်ခန့်ရှိနေပြီဖြစ်သည်ဟု ဆောင်ရွက်နေသူ ကိုထိန်အောင်လင်းက ပြောသည်။

Mizzima - News in Burmese

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် ဗီဇာလျှောက်ရာ၌ တင်းကျပ်သောအခြေအနေများနှင့် ရင်ဆိုင်နေရ



မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ပြည်ဝင်ခွင့်လျှောက်ထားရာတွင် တင်းကျပ်သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံ တကာ ပြည်ဝင်ခွင့်စစ်တမ်းတစ် စောင်၌ ဖော်ပြသည်။ နိုင်ငံတ ကာ အဖွဲ့အစည်းတစ်ခုဖြစ်သော Henley & Part-ners က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ နိုင်ငံအသီးသီး ၏ ပြည်ဝင်ခွင့် တင်းကျပ်မှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ်မှာ ပြည်ပနိုင်ငံများသို့ ဝင်ရောက်ရာတွင် ဝင်ခွင့်ရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။ နိုင်ငံပေါင်း ၂၁၉ နိုင်ငံ၏ ပြည်ဝင်ခွင့်တင်းကျပ် မှုညွှန်းကိန်းကို အခြေခံ၍ အမှတ်ပေးထားသော စစ်တမ်းတွင် မြန်မာနိုင်ငံက အင်ဂိုလာ၊ အီရန်တို့နှင့်အတူ အဆင့်(၈၆)တွင် ရပ်တည်နေခြင်းဖြစ်ပြီး အီရတ်က အဆင့်(၉၂) နှင့် အာဖဂန်နစ္စတန်ကအဆင့် (၉၃)ဖြင့် နောက်ဆုံးနေရာတွင် ရပ်တည်နေကြသည်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ သည် နိုင်ငံခြား ပြည်ဝင်ခွင့် လျှောက်ထားရာ၌ အခက်အခဲများရှိနေပြီး အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်ရာတွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများနှင့် ရင်ဆိုင်နေရသည်။
 
‘‘နိုင်ငံကြီးတွေကို သွားမယ်ဆိုရင်တော့ ဗီဇာဝင်တဲ့အခါ အခက်အခဲရှိတယ်။ ကိုယ့်နိုင်ငံကလူတွေ သူတို့နိုင်ငံမှာ ပြောင်းရွှေ့ နေထိုင် အခြေချမယ်လို့ ထင်နေတယ်။ ပညာတတ်ဆိုရင် သူတို့က ပိုရစ်တယ်’’ဟု ပြည်ပနိုင်ငံများသို့ ခရီးသွားလာနေသော အမျိုးသမီးတစ်ဦးက ပြောသည်။ နိုင်ငံခြားသံရုံးများ တွင် ပြည်ဝင်ခွင့်လျှောက်ထားရာ၌ အသွားအပြန် လေယာဉ်လက်မှတ်၊ အလုပ်ခေါ်စာ၊ ဖိတ်ခေါ်စာနှင့် ပိုင်ဆိုင်မှုအထောက်အထားများ တင်ပြရန် စည်းမျဉ်းများကို သံရုံးအများစုက သတ်မှတ်ထားသည်။

‘‘အမေရိကန်ဗီဇာလျှောက်တဲ့ ကျောင်းသားတွေ ဗီဇာရဖို့ မလွယ်ဘူး။ ယူကေတို့၊ သြစတြေးလျတို့ကတော့ မိဘရဲ့ဝင်ငွေက ဘယ်ကဝင်လည်းဆိုတဲ့အချက်နဲ့ ဘဏ်စာရင်းကို သေချာပြနိုင်ရင် ဘာကြောင့် အဲဒီနိုင်ငံကိုသွားမှာလဲဆိုတဲ့ အကျိုးအကြောင်းခိုင်လုံမှုကို ပြနိုင်ရင်ဗီဇာရတယ်။ စင်ကာပူကတော့ အဲဒီနိုင်ငံတွေလောက် မဆိုးဘူး။ အဓိကကတော့ ကျောင်းသားရဲ့မိဘက ကျောင်းသားကို စင်ကာပူ မှာ ကျောင်းထားနိုင်မယ့် လုံလောက်တဲ့ ဝင်ငွေနဲ့ ဘဏ်စုငွေရှိဖို့ပဲ’’ဟု နိုင်ငံတကာပညာရေးဝန်ဆောင်မှု လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်ကို အခြေခံ၍ Henley & Partners က ထုတ်ပြန်ခဲ့သော ပြည်ဝင်ခွင့်တင်းကျပ်မှု ညွှန်းကိန်းတွင် စင်ကာပူနိုင်ငံက အဆင့်(၆)နှင့် မလေးရှားနိုင်ငံက အဆင့်(၉)တွင် ရပ်တည်နေပြီး ဖင်လန်၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံ သားများသည် ကမ္ဘာ့တစ်လွှား ခရီးသွားလာမှုအတွက် အကောင်းဆုံး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအဖြစ် အဆင့် (၁)တွင် ရပ်တည်နေသည်။
 
7 Day News Journal

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်

Photo: တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်
wednesday, May 7, 2014

မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅ ဒီဂရီစင်တီ ဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များမှာလည်း မကွေးမြို့တွင် ၁၄ ဒသမ ၁၊ ရန်ကုန်မြို့တွင် ၁၃ ဒသမ ၄၊ ကော့သောင်း မြို့တွင် ၁၃ ဒသမ ၈ နှင့် မော်လမြိုင် မြို့တို့တွင် ၁၃ ဒသမ ၂ အထိ မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

ယင်းအပြင် မေလ ၆ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်ထက် ၆ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်များ မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly
 
 
မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅ ဒီဂရီစင်တီ ဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များမှာလည်း မကွေးမြို့တွင် ၁၄ ဒသမ ၁၊ ရန်ကုန်မြို့တွင် ၁၃ ဒသမ ၄၊ ကော့သောင်း မြို့တွင် ၁၃ ဒသမ ၈ နှင့် မော်လမြိုင် မြို့တို့တွင် ၁၃ ဒသမ ၂ အထိ မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။
 
 
ယင်းအပြင် မေလ ၆ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်ထက် ၆ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်များ မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly


ဒေါ်လာ တစ်သန်းကျော်တန်သည့် ရွှေများ ရှာဖွေတွေ့ရှိ



ရိုက်တာ

ဖီလာဒဲလ်ဖီးရား၊ မေ ၆

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ပင်လယ်ရေ မျက်နှာပြင်အောက် ရှားပါးပစ္စည်းများ စုဆောင်းရှာ ဖွေရေး ကုမ္ပဏီမှ သမိုင်းဝင်အတ္တလန်္တိတ်သမုဒ္ဒရာရှိ သင်္ဘောပျက်အားရှာဖွေစဉ် ကာလတန်ကြေး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၃သန်း တန်ကြေးရှိ ရွှေ ၁၀၀၀ အောင်စကို တွေ့ရှိခဲ့ရသည်ဟု မေလ ၆ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ သင်္ဘောပျက်အား အခြားကုမ္ပဏီတစ်ခုမှ ပြန်လည်တူးဖော်မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် မှ စတင်၍ ရှာဖွေတူးဖော်ခဲ့ခြင်း မရှိတော့ကြောင်း Tempa-based Odyssey Marine ပင်လယ် ရေ အောက်ရှာဖွေရေးကုမ္ပဏီက မေလ ၅ ရက်က ပြောကြားသည်။ သင်္ဘောမှာ ၁၈၅၇ခုနှစ်တွင် ရွှေ ၂၁တန် နှင့်အတူ ကယ်ရိုလိုင်းနားတောင်ဘက်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဘဏ်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည်။

တူးဖော်ရရှိခဲ့သော ရွှေများတွင် ရွှေချောင်း ငါးချောင်းနှင့် ၁၈၅၇ ခုနှစ်က ဆန်ဖရန်စ္စကိုနှင့် ၁၈၅၀ ခုနှစ် ဖီ လာဒဲလ် ဖီးရားမြို့တွင် ရိုက်နှိပ်သည့် ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင် ဒင်္ဂါးပြား နှစ်ပြား ပါဝင်ခဲ့သည်။ ရွှေချောင်းများ၌ ထုတ်လုပ်သူ၏ တံဆိပ်ဖြစ်သော “assay-mark”ကို ရိုက်နှိပ်ထားပြီး ၉၆ ဒသမ ၅ ထရိုင် အောင်စမှ ၃၁၃ ဒသမ ၅ ထိ အလေးချိန် ရှိသည်။

ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင်ဒင်္ဂါးမှာ စုဆောင်းသူများထံတွင် ဒေါ်လာ ၅၀၀၀ တန်ကြေးရှိကြောင်းOdyssey ကုမ္ပဏီ၏ အရာရှိချုပ် မက်ခ်ဂေါ်ဒွန်က ပြောကြားခဲ့သည်။

Mizzima Burmese

အာရှဖလား၊ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်များနဲ့ စည်းကမ်းပိုင်းစောင့်ထိန်းရမယ့် မြန်မာကစားသမားများ



မြန်မာနိုင်ငံဘောလုံး သမိုင်းတစ်လျှောက် နှစ်ပေါင်း (၆၀) အတွင်း ကြုံတောင့်ကြုံခဲ အခွင့်အလမ်းတွေ ဖန် တီးရယူနိုင်မယ့် နိုင်ငံတကာပြိုင်ပွဲကြီးတွေကို လက်ရှိ မေလအတွင်းနဲ့လာမယ့် အောက်တိုဘာလအတွင်း မှာ မြန်မာလက်ရွေးစင်အသင်းတွေ ရင်ဆိုင်ရတော့မှာပါ။ မေလထဲမှာ မြန်မာ့ လက်ရွေးစင်အသင်းဟာ AFC Challenge Cup နောက်ဆုံးအဆင့်ပြိုင်ပွဲကို မော်လဒိုက်ဗ် နိုင်ငံမှာ သွားရောက် ကစားရမှာဖြစ်ပြီး တစ်ချိန်တည်းလိုလို အမျိုးသမီး လက်ရွေးစင်အသင်းကလည်း ဗီယက်နမ်နိုင်ငံမှာ အာရှ အမျိုးသမီးဖလား (AFC Women’s Asia Cup) ပြိုင်ပွဲကို သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်တမ်းအလိုက် ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းကလည်း လာမယ့် အောက်တိုဘာလထဲမှာ AFC U 19 ပြိုင်ပွဲကို အိမ် ရှင်အဖြစ် လက်ခံကစားရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲ သုံးရပ်စလုံးဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အတွက် အထူးအရေးပါနေတဲ့ ပြိုင်ပွဲတွေလို့ ဆိုနိုင်ပြီး လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ ဒီလို ပြင်ဆင်မှုတွေ ပြုလုပ်ရတဲ့ အကြောင်းအရင်းဟာ ဒီပြိုင်ပွဲတွေမှာ ရလဒ်ကောင်းယူနိုင်ခဲ့ရင် နောက်ထပ် ဆက်လက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတွေက မြန်မာ့ဘောလုံးလောကကို အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲပေးနိုင်ဖွယ်ရှိတဲ့ ပြိုင်ပွဲ တွေ ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ ဒါ့အပြင် ဒီပြိုင်ပွဲ သုံးရပ်စလုံးဟာ အာရှအဆင့်ပြိုင်ပွဲတွေ ဖြစ်ပြီး တစ် နှစ်အတွင်းမတူညီတဲ့ အတန်းသုံးတန်းမှာ ၀င်ရောက်ကစားနိုင်ဖို့ဆိုတာ အင်မတန် ခက်ခဲလှပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ဒီကိစ္စဟာ အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး မျှော်လင့်ချက်တွေ တောက်ပနေတဲ့ အချိန်ကာလတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် AFC Challenge Cup ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့မယ်ဆိုရင် လာမယ့် ၂၀၁၅ ခုနှစ်၊ သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် အာရှဖလား(Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာအသင်းအတွက် ၁၉၆၈ ခုနှစ် နောက်ပိုင်း နှစ် ပေါင်းများစွာ ဝေးကွာနေတဲ့ အာရှဘောလုံးစင်မြင့်ကို ပြန်လည် တက်လှမ်းနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ရွှေခတ် မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၉၆၈ ခုနှစ် အာရှဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ မှာ အီရန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယနေရာ ရပ်တည်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဟာ အရှေ့တောင် အာရှ ဒေသတွင်းမှာ မြန်မာတစ်သင်းသာ ရှိပါတယ်။ ဒါဟာ မြန်မာ့ဘောလုံးရဲ့ ပကတိ သမိုင်းမှတ်တမ်း ဖြစ်သလို၊ ဒီတာဝန်ကို လက်ဆင့်ကမ်း သယ်ဆောင်ဖို့ လက်ရှိမျိုးဆက်တွေရဲ့ ပုခုံးထက်ကို ရောက်ရှိလာ ခဲ့ပါပြီ။

ဒါပေမဲ့ အာရှတိုက်ရဲ့အမြင့်ဆုံးပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ကစားခွင့်ရဖို့ဆိုတာ စိတ်ကူးယဉ်နေရုံ၊ ဆုတောင်း နေရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘဲ ပေးဆပ်မှုများစွာ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းရဲမှသာ မျှော်လင့်နိုင်မှာ ပါ။ အထူးသဖြင့် အုပ်စုတွင်းမှာ တွေ့ဆုံရမယ့် ပြိုင်ဘက်အသင်းတွေကို ရင်ဆိုင်ဖို့ဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း အကောင်းဆုံး ပြင်ဆင်ထားဖို့လိုသလို၊ နည်းစနစ်၊ နည်းဗျူဟာပိုင်းပါ စနစ်တကျ ပြင်ဆင်ထားရမှာပါ။

အုပ်စုတွင်းမှာ အိမ်ရှင်မော်လဒိုက်ဗ်၊ ပါလက်စတိုင်း၊ကာဂျစ္စတန်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနည်း ငယ် အမှားအယွင်း လုပ်မိတာနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ လက် ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ခြေစမ်းပွဲတွေကစားဖို့ စီစဉ်နေတာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂) ရက်က သုဝဏ္ဏကွင်းမှာ စင်ကာပူကလပ် Singapore Lions 11 အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး (၂း၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ နည်းပြသစ်ရက်ဒီ လက်ထက် ပထမဆုံးနိုင် ပွဲဖြစ်ခဲ့ပြီး အသင်းအနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအနေနဲ့ နောက်ထပ် ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံကို သွားရောက်ကာ ထိုင်းကလပ် အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ထပ်မံကစားဖို့ စီစဉ်နေပြီး အဲဒီခရီးစဉ် ပြီးမှသာ နောက်ဆုံး လူစာရင်းကို အပြီးသတ် ရွေးချယ်မယ်လို့ သိရပါတယ်။တကယ်တော့ မြန်မာ့လက်ရွေးစင်အသင်းဟာ AFC Cha-llenge Cup ပြိုင်ပွဲမှာ အတွေ့အကြုံ အတော်အတန် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၀ အကြိမ်တွေမှာ အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့မှတ်တမ်း ရှိပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားလို အာရှအင်အားကြီးအသင်းကို မကျော်နိုင်ခဲ့ဘဲ စတုတ္ထနေရာနဲ့ နှစ်ကြိမ်ဆက် ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့အကြိမ်က ချန်ပီယံဖြစ်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ ပါဝင် ကစားမှာ မဟုတ်တဲ့အတွက် မြန်မာအသင်းအတွက် အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုနိုင်ပါတယ်။ အုပ်စုတွင်းပြိုင်ဘက်တွေရဲ့ ခြေအဆင့်အတန်းအရလည်း ကွာခြားမှုမရှိလှတာကြောင့် ပွဲတိုင်းကို ဖိဖိစီးစီး ကစားနိုင်ခဲ့မယ်ဆိုရင် အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင်အသင်းမှာ ရွေး ချယ်ထားတဲ့ ကစားသမားတွေကိုကြည့်ရင် Challenge Cup ပြိုင်ပွဲကိုကစားဖူးတဲ့ ကစားသမားတွေ ပါဝင် နေသလို၊ မျက်နှာသစ် လူငယ်ကစားသမားတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာ အသင်းဟာ လူကြီးလူငယ် ပေါင်းစပ်ထားတဲ့ မျှတတဲ့အသင်းလို့ဆိုနိုင်ပြီး ပြိုင်ပွဲမှာ ရလဒ်ကောင်းယူနိုင်ဖို့ အကောင်းဆုံး စုဖွဲ့မှုအဖြစ် သုံးသပ်ရပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အတွက် နောက်ထပ်ကြီးမားတဲ့ ဒုတိယ မျှော်လင့်ချက်တစ်ခုက အာရှ အမျိုးသမီး ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ၀င်ရောက် ယှဉ်ပြိုင် မှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် တရုတ်နိုင်ငံမှာ စခန်းဝင် လေ့ကျင့်ခြေစမ်းမှုတွေ ပြုလုပ်နေပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲကို အလွယ်တကူ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မေလထဲမှာ ခြေစစ်ပွဲတွေ ကစားခဲ့ရပြီး အဲဒီ ခြေစစ်ပွဲအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ သာ ယခုလို အာရှအမျိုးသမီး ဖလားပြိုင်ပွဲကို ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပ မှာဖြစ်ပြီး ထိပ်ဆုံးငါးသင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် ကနေဒါနိုင်ငံမှာကျင်းပမယ့် ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှ ဇုန်ကနေ ၀င်ရောက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အာရှအမျိုးသမီး ပြိုင်ပွဲမှာ အာရှ အင်အားကြီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်အသင်းတွေသာ ကြီးစိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဆိုရင်လည်း ဒီအသင်းတွေသာ ပုံမှန်ဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယားအသင်း ဟာ ပြီးခဲ့တဲ့ ၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်သင်းလုံး တားမြစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ ပြစ် ချက် နဲ့ ကမ်္ဘာ့ဘောလုံးအဖွဲ့ချုပ် င်္ှုင်္ဗ ပြိုင်ပွဲ ၀င်ရောက်ကစားခွင့် ပိတ်ပင်ခဲ့တာကြောင့် လစ်လပ်သွားတဲ့ မြောက်ကိုရီးယားနေရာမှာ အာဆီယံအသင်းတွေအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာခဲ့ တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ အာရှအင်အားကြီး တောင်ကိုရီးယား၊ တရုတ်၊ ဒေသတွင်းမဟာ ပြိုင်ဖက် ထိုင်းစတဲ့ အမျိုးသမီးအသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ခက်ခဲတဲ့စမ်းသပ်မှုတွေ မလွဲမသွေ ကြုံ တွေ့ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးအသင်းအနေနဲ့ တစ်ပွဲချင်းစီအတွက် တိကျသေချာ တဲ့ ပွဲစဉ်အစီအမံ (Game Plan) ကို ပြင်ဆင်ထားဖို့ လိုပါတယ်။ အထူးသဖြင့် အုပ်စုတွင်း ရင်ဆိုင်ရမယ့် တောင်ကိုရီးယားနဲ့ တရုတ်အသင်းကို ဂိုးပြတ်မရှုံးဖို့နဲ့ ရသလောက် ဂိုးသွင်းယူနိုင်ဖို့ ပြင်ဆင် ထားရမှာဖြစ် ပြီး အုပ်စုတတိယနေရာအတွက် ဒေသတွင်း ထိုင်းအသင်းကို မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပါတယ်။ဒီလို အနိုင်ရမှသာ တစ်ဖက်အုပ်စုက တတိယနေရာရ အသင်းနဲ့ နောက်ဆုံးအဆုံးအဖြတ် (Play-Off) ပွဲ ကို ကစားရမှာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ အမျိုးသမီးကမ္ဘာ့ဖလားအတွက် လက်ကျန်ဝင်ခွင့် တစ်နေရာကို သတ်မှတ်ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးသမိုင်းတစ်လျှောက် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ အခွင့် အလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအသင်းဟာ အဲဒီ လက်ကျန်နေရာကို ပိုင်ဆိုင်နိုင်ဖို့ ဒေသ တွင်းအသင်းတွေဖြစ်တဲ့ ထိုင်းနဲ့ဗီယက်နမ်ကို ကျော်ဖြတ်နိုင်မှသာ ဖြစ်နိုင်မှာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ပွဲတွေမှာ ဒေသတွင်းအသင်းတွေကို အသာမရခဲ့မှုဟာ ဒီပြိုင်ပွဲ အတွက် ဖိအားတွေ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့အိမ်ရှင်အာဆီယံအမျိုးသမီး ပြိုင်ပွဲတတိယနေရာ လုပွဲမှာ ဗီယက်နမ်အသင်း ကို အရှုံးပေးခဲ့ရသလို၊ ဆီးဂိမ်းအုပ်စုတွင်းမှာလည်း (၀း၁) နဲ့ ထပ်မံ အရှုံးပေးခဲ့ရပါတယ်။ အလားတူ ထိုင်း အမျိုးသမီးအသင်းကိုလည်း ဆီးဂိမ်း ဆီမီးဖိုင်နယ်အဆင့်မှာ သာမန်ပွဲချိန်အတွင်း (၁း၁) ဖြစ်ခဲ့ပြီး ပင်နယ် တီအဆုံးအဖြတ်မှာ (၁၀း၁၁) ဂိုးနဲ့ အလျှော့ပေးခဲ့ရပါတယ်။ ဒါ ကြောင့် ဒီတစ်ကြိမ် အာရှဖလားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ရှုံးကြွေး အကြေ အလည်ပေးဆပ်ပြီး ကနေဒါကို အရောက် လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးပြိုင်ပွဲက မြန်မာနိုင်ငံမှာ လက်ခံကစားမယ့် အာရှယူ ၁၉ (AFC U 19 Championship) ပြိုင်ပွဲ ဖြစ်ပါတယ်။ အာရှ ယူ-၁၉ ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၂၄) က Park Royal ဟို တယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ ယူ- ၁၉ အသင်းဟာ အီရန်၊ ယီမင်၊ ထိုင်းစတဲ့ ယူ-၁၉ အသင်းတွေနဲ့ အုပ်စု (က) မှာ ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲကို အောက်တိုဘာလ ၉ ရက်ကနေ ၂၃ ရက်အထိ ရန်ကုန်နဲ့ နေ ပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ရောက် ထိပ်ဆုံးလေးသင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဇုန် ကိုယ်စားပြု ၀င်ရောက်ကစားခွင့်ရ မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာယူ-၁၉ အသင်းအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်း ကို အမိအရယူနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ ကျန်ခဲ့တဲ့ ဧပြီလအတွင်းမှာ အာရှ ဖလားပြိုင် ပွဲဝင် အသင်းတစ်သင်းဖြစ်တဲ့ ဂျပန် ယူ-၁၉ အသင်းကို အိမ်ကွင်းမှာ ဖိတ်ခေါ်ခြေစမ်းခဲ့ပြီး မောင်မောင်စိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီခြေစမ်းပွဲ အနိုင်ရလဒ်ဟာ ယူ-၁၉ အသင်းအတွက် များစွာအဓိပ္ပာယ်ရှိခဲ့ပြီး အာရှအင်အားကြီး ဂျပန်အသင်းကို နှစ်ပေါင်း ၃၀ ကျော်မှာ ပြန်လည် အနိုင်ရရှိခဲ့ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ယူ- ၁၉ အသင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ယုံ ကြည်မှုကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့ပြီး အထောက်အကူ ရရှိစေခဲ့ပါတယ်။

ပြိုင်ပွဲအတွင်း အုပ်စုအဆင့်မှာ အာရှ အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ဆီမီးဖိုင်နယ် အဆင့် တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး အသင်းကို အထူးတလည် ပြင်ဆင်နေတာ တွေ့ရပါတယ်။ ယူ-၁၉ အသင်းဟာ ပြိုင်ပွဲပြင်ဆင်ချိန် ငါးလအတွင်း ဥရောပနိုင်ငံတွေအထိ သွားရောက်ပြီး လေ့ကျင့်ခြေ စမ်းဖို့ စီစဉ်နေတာ တွေ့ရပါတယ်။ ယူ-၁၉ အသင်းဟာ မြန်မာလက်ရွေးစင်အသင်းတွေအနက် ဥရောပ ကို ပ ထမဆုံးအကြိမ် သွားရောက်လေ့ကျင့် ခြေစမ်းတဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပြီး အဲဒီခရီးစဉ် က ပြိုင်ပွဲအပေါ် ဘယ်လောက် အတိုင်းအတာအထိ အထောက်အပံ့ပေးနိုင် မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေက အင်မတန် အရေးပါလှပြီး ဒီ ပြင်ဆင်မှုတွေကပဲ လက် ရွေးစင်အသင်းတွေရဲ့လားရာကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို ပြင်ဆင်မှုတွေထဲမှာ မြန် မာလက်ရွေးစင် အသင်းတွေအတွက် အဓိကထား ပြင်ဆင်ရမယ့်ကိစ္စက ကစားသမားတွေရဲ့ စည်းကမ်း ပိုင်း ဖြစ်ပါတယ်။ မြန်မာကစားသမားတွေဟာ ကွင်းတွင်းကွင်းပြင် စည်းကမ်းလိုက်နာမှုနဲ့ ပတ်သက်ရင် နာမည်ကြီး ကြပါတယ်။ ဒီဘက်ခေတ် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေရဲ့ စည်ကမ်း ဖောက်ဖျက်မှုက ပရိသတ်တွေ လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ၁၉၉၅ ချင်းမိုင် ဆီးဂိမ်းပြိုင်ပွဲကအစ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက ကစားခဲ့တဲ့ ၂၀၁၄အာရှ ယူ-၂၂ ပြိုင်ပွဲအဆုံး နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာကစား သမားတွေ ပွဲချိန်အတွင်း အထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီလို ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်တွေကို လေ့လာကြည့်မယ်ဆိုရင် အသင်းအတွက် စွမ်းစွမ်းတမံ ကာကွယ် ရင်း ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်မျိုးက အင်မတန်ရှားပါးပြီး ဖြစ်ရပ်အများစုက ကစားသမားတွေ ဥပဒေ စည်း ကမ်းဖောက်ဖျက်မှုကြောင့် ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်က ပိုများပါတယ်။ ဒါဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့သတိထားရမယ့် အရေးကြီးဆုံးအချက်ဖြစ်ပြီး ကစားသမားတစ်ဦး စည်းကမ်းဖောက်လို့ ထုတ်ပယ် ခံ လိုက်ရပြီဆိုတာနဲ့ လက်ရှိပြင်ဆင်မှုတွေ၊ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်တွေ အားလုံးဟာ သဲထဲရေ သွန်သလိုအဖြစ်မျိုး ကြုံတွေ့ရမှာပါ။ ဒါကြောင့် ခြေစွမ်းပိုင်းအပြင် စိတ်ဓာတ်စည်းကမ်းပိုင်းပါ အသားကျနေ အောင် ပြင်ဆင်ထားဖို့ လိုနေပြီး ကစားသမားတွေကို ကြိုတင်သတိပေးမှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါ ကြောင်း အပြုသဘော တင်ပြလိုက် ရပါတယ်။

Mizzima Burmese


PCO နေ့စားဝန်ထမ်းများကို အလုပ်ခန့်အပ်ပေးသွားမည်


မို့မို့ကြည်| ဗုဒ္ဓဟူးနေ့၊ မေလ ၇ ရက် ၂၀၁၄ ခုနှစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၀န်ကြီးဌာနမှ ခွဲထွက်ပြီး မိုဘိုင်းအော်ပရေတာအဖြစ် ပြောင်းလဲလုပ်ကိုင်ပြီးနောက်ပိုင်းတွင် လက်ရှိနေ့စားဝန်ထမ်းများဖြစ်သော PCO ၀န်ထမ်းများကို ကျွမ်းကျင်မှုပေါ် မူတည်ပြီး အလုပ်အကိုင်ခန့်ထားပေးရန်
ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာမှူး ဦးငွေသောင်းက မဇ္ဈိမကို ပြောသည်။

ယင်းသို့ အလုပ်အကိုင်ခန့်ထားရန် ဆွေးနွေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင် မည့် ဂျပန်ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။
ဦးငွေသောင်းက “ဖွဲ့စည်းမှုပုံစံက လူအင်အားနေရာ ချထားမှုပုံစံတွေမှာ ဂျပန်ကုမ္ပဏီဘက်က ပါလာမယ်၊ နည်းပညာပိုင်းဆိုင်ရာတွေမှာလည်း ဂျပန်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အားဖြည့်ဖွဲ့စည်းမယ်။

နောက်ပိုင်းမှာ PCO တွေက ၀န်ထမ်းတွေမရှိတော့ဘူး အဲဒီအတွက် PCO၀န်ထမ်းတွေကို ကျွမ်းကျင်တဲ့လုပ်ငန်းပေါ်မှာ မူတည် ပြီး အလုပ်ခန့်အပ်ပေးဖို့ ဆွေးနွေးနေပါတယ်” ဟု ပြောသည်။

ထို့ပြင် မြန်မာဆက်သွယ်ရေးလုပ်ငန်း နှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်း၍ ဖုန်းလိုင်းတိုးချဲ့ခြင်းလုပ်ငန်းများ၊ ပရို မိုရှင်းလုပ်ငန်းများ၊ Marketing ပိုင်းစသည့်လုပ်ငန်းများကို နိုင်ငံတကာနည်းတူ အဆင့်မြှင့်တင်လုပ်ဆောင် ပေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းသို့ PCO ၀န်ထမ်းများကို အလုပ်ခန့်ထားခြင်းနှင့် ပတ်သက်ပြီး ဆူးလေဘုရားအနီးရှိ PCO ဖုန်းဆိုင်မှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက “အခုဖုန်းတွေ ပိုများလာတော့ PCO သိပ်မသုံးကျတော့ဘူး၊ သုံးတဲ့ လူတော့ ရှိတယ်၊ လစာကလဲ သိပ်မရဘူး၊ ဖုန်းခေါ်တဲ့ လူတွေများမှ ပိုက်ဆံရတာဆိုတော့ အလုပ် သိပ်မဖြစ်တော့ ဘူး၊ အစ်မတို့ကို အလုပ်ပြန်ခန့်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ PCO စခန်းပေါင်း ၁၂,၅၀၀ ကျော်ရှိပြီး ၀န်ထမ်းအင်အား နှစ် ထောင်ကျော်နှင့် လည်ပတ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။ လက်ရှိ တွင် မြန်မာတစ်နိုင်ငံလုံး၌ PCO ၀န်ထမ်းပေါင်း သုံးသောင်းကျော်ရှိသည်ဟုလည်း ဦးငွေသောင်းကခန့်မှန်း ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နောက်ပိုင်းတွင် ၀န်ကြီးဌာနမှခွဲထွက်ပြီး ကိုယ်ပိုင် အော်ပရေတာ အဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်။ ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း အပါအ၀င် ပြည်ပအော်ပရေတာ နှစ်ခုနှင့် ပြည်တွင်း အော်ပရေတာ ရတနာပုံတယ်လီပို့ တို့က လုပ်ကိုင်မည် ဖြစ်သည်။

လက်ရှိတွင် ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

Mizzima - News in Burmese



မြို့တော်ဝန်အရေးမယူရဲတဲ့ ရန်ကုန်မြို့တွင်းမြေကျူးကျော်မှု


ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ကီလီလမ်းထောင့် အလုံ သင်္ဘောကျင်းဟောင်း နေရာတွင် မြန်မာ့ စက်မှုဆိပ်ကမ်းရှိ ကုမ္ပဏီတစ်ခုမှ ရန်ကုန်မြို့ ရေဆိုးထွက်ပေါက်နှင့် ရန်ကုန်မြစ်အတွင်း ပိုင်များရိုက်ကာ ကွန်ကရစ်များလောင်း၍ ကျူးကျော်နေမှုများ ဖြစ်ပေါ်နေသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန် ကိုယ်တိုင် အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ မြန်မာ့စက်မှု ဆိပ်ကမ်းကို ယခင် စက်မှုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်အောင်၏ သမီးနှင့် သားမက် ဖြစ်သူ ဦးကိုကိုထူးတို့ ပိုင်ဆိုင်သော မြန်မာ့အဏ္ဏ၀ါ စွမ်းအားရှင် ဂရု(ပ်)အက်စ် ကုမ္ပဏီက နှစ်ရှည် လုပ်ပိုင်ခွင့်ရပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အသုံးပြုလျှက် ရှိသည်။

အဆိုပါ ဆိပ်ကမ်းသည် မူလနေရာနှင့် ယခုနိုင်ငံတော်မှ ထပ်မံခွင့်ပြုသော နေရာနှစ်ခု ပေါင်းလျှင် ဧက ၇၀ခန့် ကျယ်ဝန်းသည်။ သို့သော် ယခုအခါ အဆိုပါ ကုပ္မဏီသည် ရန်ကုန်မြို့၏ ရေထွက်ပေါက် ဖြစ်သော ရွာသစ်ချောင်း ရေထွက်ပေါက် အတွင်းသို့ မြေနေရာတိုးချဲ့ ကျူးကျော်လျက် ရှိနေကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြစ် အတွင်းတွင်လည်း ပိုင်များရိုက် ကွန်ကရစ်များလောင်းပြီး ထပ်မံ ကျူးကျော်လျက်ရှိသည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့်လည်း အဆိုပါ ရန်ကုန်မြို့၏ ရေဆိုးထွက်ပေါက်ကို ကျူးကျော်ထားသဖြင့် ပြဿနာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦးက “အဲဒီကိစ္စက တိုင်စာတွေ ခဏခဏ တက်တယ်။ ဒါပေမဲ့ မြို့တော်ဝန်ကလည်း အရေးမယူရဲဘူး။ နောက်ဆုံး ကြားတာကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို တိုင်စာ ရောက်ပြီး ခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ သိရတယ်”ဟု Tomorrowသို့ ပြောပြသည်။

ရွာသစ်ချောင်း ရေဆိုးမြောင်းသည် ကျုံးကြီးလမ်း ရေဆိုးမြောင်းမှ ရေများကို ရန်ကုန်မြို့အတွင်း စွန့်ပစ်သည့် အဓိက မြောင်းကြီးတစ်ခု ဖြစ်သဖြင့် အဆိုပါ ရေမြောင်း အတွင်း အထိ ကျူးကျော်နေရာ ချဲ့ထွင်မှုကြောင့် ယခုလာမည့် မိုးရာသီတွင် ရန်ကုန်မြို့တွင်း ရေလွှမ်းမိုးမည်ကို အနီးနေ ပြည်သူများက စိုးရိမ်လျှက် ရှိကြသည်။

ရန်ကုန်-ဒလမြစ်ကူး တံတား ဆောက်လုပ်မည့် စီမံကိန်းရပ်ဆိုင်း သွားခြင်းနှင့် ပတ်သက်ပြီး လေ့လာသူ တစ်ဦးက “ခရိုနီနှစ်ယောက်ရဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နှစ်ခုက ရန်ကုန်မြစ်ထဲမှာ ရှိနေတယ်။ ရန်ကုန်ဒလတံတား ဆောက်ရင် သူတို့ ဆိပ်ကမ်းတွေဆီကို နိုင်ငံတကာ သင်္ဘောတွေ မ၀င်နိုင်တော့မှာ စိုးလို့တံတား အမြင့်က ဘယ်လောက် အထိရှိရမယ်ဆိုပြီး ဖိအားပေးတာကြောင့် ဆောက်ပေးမယ့်

ကိုရီးယား အစိုးရက ဘတ်ဂျက်မမှီတော့ပဲ နောက်ဆုတ် သွားတာ၊ ခေတ်မီတဲ့ နိုင်ငံတိုင်းမှာ မြစ်ထဲမှာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေ မရှိတော့ပေမယ့် အခုတော့ အေရှားဝေါနဲ့ မြန်မာ့စက်မှုဆိပ်ကမ်း နှစ်ခုက ရန်ကုန်မြစ်ထဲမှာ ရှိနေတယ်။ ဒီခရိုနီ နှစ်ယောက်ကလည်း အစိုးရ တာဝန်ရှိသူတွေကို အိတ်ထဲထည့်ထားတော့ ဘာစီမံကိန်းလုပ်လုပ် သူတို့ အကျိုးစီးပွား မထိခိုက်အောင် လုပ်နေရတဲ့ သဘောရှိတယ်”ဟု ရှင်းပြခဲ့သည်။

ယခု မြန်မာ့အဏ္ဏ၀ါ စွမ်းအားရှင် ဂရု(ပ်)အက်စ် ကုမ္ပဏီ လိမိတက်၏ ရန်ကုန်မြို့လယ် မြေနေရာ ကျူးကျော်မှုကိုလည်း အဖွဲ့အစည်းများစွာက မည်သည့် အဖြေထွက်မည်ကို ဂရုပြု စောင့်ကြည့်လျှက် ရှိကြောင်း သတင်းရရှိသည်။

Tomorrow


ထိုင်းတွင်သေဆုံး၊ ဒဏ်ရာရသူ ရှိသော်လည်း မြန်မာနိုင်ငံတွင် ထိခိုက်မှုမရှိ



ငလျင်ကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ ဘုရားဆင်းတုတော်၏ ဦးခေါင်းတော်မြေခခဲ့ပြီး ဘာသာရေးအဆောက်အအုံများ ပြိုကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ကို ဗဟို ပြု၍ လှုပ်ခတ်ခဲ့သော ငလျင်၏ နောက်ဆက်တွဲငလျင်ငယ်များ ငါးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနိုင်ငံတွင် သေဆုံးဒဏ်ရာရ မှုများရှိသော်လည်း မြန်မာနိုင်ငံ တွင် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။

ဥရောပ-မက်ဒီတေးနီးယန်း မြေငလျင်တိုင်းတာရေးစင်တာ (EMSC) ၏ ထုတ်ပြန်ချက်များအ ရ မေလ ၅ ရက် ညနေ ၅ နာရီခွဲ တွင်လှုပ်ခတ်ခဲ့သော ချင်းရိုင်ခရိုင် မြေငလျင်အပြီး၌ အဆိုပါနေရာ ကို ဗဟိုပြု၍ မေလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ အင်အား ရစ်ခ်ျ တာစကေး ၄ ဒသမ ၂ နှင့်အ ထက် မြေငလျင် ငါးခုဆက်တိုက် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။

မိုးလေ၀သနှင့် ဇလဗေဒ ဦး စီးဌာန၊ ငလျင်ဌာနကလည်း မေ လ ၆ ရက် နံနက် ၅ နာရီကျော် နှင့် ၇ နာရီခန့်တွင် အင်အားသေး ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ သည်ဟု အတည်ပြုပြောကြား သည်။

‘‘ငလျင်ကြီး လှုပ်ပြီးရင် ငလျင်လေးတွေက ဆက်တိုက် လှုပ်တတ်တယ်။ ဘယ်အတိုင်း အတာထိ၊ ဘယ်လောက်ထိ လှုပ် မယ်ဆိုတာကြိုပြောလို့ မရဘူး။ ဒါပေမဲ့ ကိုယ်နေတဲ့ အိမ်၊ ဒါမှမ ဟုတ် တိုက်ကကြံ့ခိုင်မှု အားနည်း နေတယ်ဆိုရင်တော့သတိထားရ မယ်’’ ဟု ငလျင်ဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာယဉ်မျိုးမင်းထွန်းက ပြော ကြားသည်။

မေလ ၅ ရက်က လှုပ်ခတ်ခဲ့ သော ငလျင်အပြီးတွင် မြေငလျင် ငယ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ သောကြောင့် တာချီလိတ်မြို့နယ် ရှိ ဒေသခံများမှ ယခင် ၂၀၁၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော တာလေ ငလျင်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်မှု များရှိနေသည်။

‘‘ဟိုဘက် (ထိုင်း) ကို အဓိ ကထားပြီး လှုပ်တယ်ဆိုပေမယ့် ဒီဘက်မှာ ပြင်းပြင်းထန်ထန် ဖြစ် လာမှာကိုတော့ ကြောက်တယ်။ ဒီနေ့ မနက် ၅ နာရီနဲ့ ၈ နာရီအ တွင်း သုံးခါလှုပ်သွားတယ်။ အ ပျက်အစီးတော့ ဒီဘက်မှာမရှိ သေးဘူး’’ ဟု တာချီလိတ်မြို့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဒေါ်သီ တာက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော ငလျင်နှင့် ယင်း၏ နောက်ဆက်တွဲငလျင်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ ရှမ်းပြည်နယ်၊ မန္တ လေး၊ နေပြည်တော်၊ ပဲခူးနှင့် ရန် ကုန်တိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှု များမရှိသေးကြောင်း၊ ငလျင်ဒဏ် ကြိုတင်ကာကွယ်ရေးနည်းလမ်း များကို လိုက်နာကျင့်သုံးရန် လို အပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာန ကယ်ဆယ် ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါငလျင်ကြောင့် မြန် မာနိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှု သ တင်းများ မရှိခဲ့သော်လည်း ထိုင်း နိုင်ငံတွင် လူတစ်ဦးသေဆုံး၍ ၂၃ ဦး ဒဏ်ရာရရှိကာ အဆောက်အ အုံအချို့ ပျက်စီးခြင်း၊ အဝေးပြေး ကားလမ်းမများ အက်ကွဲခြင်းနှင့် ဗုဒ္ဓဘာသာ စေတီ၊ ပုထိုးအချို့ ပြိုလဲမှုဖြစ်ပေါ်ခဲ့ပြီး နောက်ဆက် တွဲငလျင်လှုပ်ခတ်မှုများ ရှိခဲ့သည် ဟု CHANNEL NEWSASIA မီဒီယာက မေ ၆ ရက်တွင် ဖော်ပြခဲ့သည်။

ချင်ရိုင်းခရိုင်အတွင်း ရစ်ခ်ျ တာစကေး ၆ အဆင့် အင်အား ပြင်း ငလျင်သည် မြေအောက်အ နက် ၄ ဒသမ ၆ မိုင်မှ လှုပ်ခတ်ခဲ့ ရာ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အနေ ဖြင့် နောက်ဆက်တွဲငလျင်များ သတိထားရန် လိုအပ်သည်ဟု ဖော်ပြခဲ့ပြီး မိုးလေ၀သပညာရှင် များနှင့် ဘူမိဗေဒပညာရှင်များက လည်း သတိပေး ပြောကြားခဲ့ သည်။

နောက်ဆက်တွဲငလျင်များ ၏ ရိုက်ခတ်မှုအဖြစ် ရှမ်းပြည် နယ်အရှေ့ပိုင်း မြို့နယ်အချို့ ခံစားကြရသော်လည်း မြန်မာနိုင်ငံ တွင်း အခြားနေရာများ၌ မေလ ၆ ရက်ညနေထိ မေးမြန်းချက်များ အရ ငလျင်လှုပ်ခတ်မှု မရှိခဲ့ပေ။

7Day Daily


HTC ချစ်သူများအတွက် HTC One Mini 2 ထွက်လာနိုင်ကြောင်း သတင်းဓာတ်ပုံများ ထွက်ပေါ်လာ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/htc-htc-one-mini-2.html

ကယ်လီဖိုးနီးယား၊ မတ် ၆
နည်းပညာနှင့် ပတ်သက်သည့် လျှို့ဝှက်သတင်းများကို အစဉ်မပြတ်ထုတ်ပြန်နေသည့် evleaks မှ HTC One Mini 2 ဟု ယူဆရမည့် HTC ဖုန်းဓာတ်ပုံများကို မေ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
အရောင်များအနေဖြင့် မီးခိုးရောင်၊ ငွေရောင်နှင့် ရွှေရောင်တို့ ထွက်ရှိလာမည်ဖြစ်ပြီး ယခင်သတင်းများ ထွက် ပေါ်လာသည့်အတိုင်း One M8 တွင် အသုံးပြုထားခဲ့သည့် 4 megapixel အစား 13 megapixel ကို အစား ထိုး အသုံးပြုမည်ဖြစ်သည်ဟု evleaks က ဆိုသည်။

HTC အနေဖြင့် ၎င်း၏စွမ်းဆောင်ရည်မြင့် Ultrapixel ကင်မရာအား ဖုန်းအသစ်များတွင် ထည့်သွင်းအသုံးပြု သွားနိုင်သည်ဟု အများက ခန့်မှန်းထားရှိသော်လည်း HTC One Mini 2 တွင် dual lens ကိုလည်း အသုံးပြု ထားခြင်းမရှိဘဲ ယခင် Desire 816 တွင် အသုံးပြုထားခဲ့သည့် 13 megapixel အရည်အသွေးရှိ ကင်မရာ ကိုသာ ထပ်မံအသုံးပြုသွားနိုင်ချေ ရှိသည်။

အခြား ထွက်ပေါ်လာခဲ့သော သတင်းအရ HTC One Mini 2 တွင် Android 4.4 KitKat? Sense 6 UI နှင့် Snapdragon 400 processor ကို အသုံးပြုသွားမည် ဖြစ်သည်။ ယင်းတွင် ပါဝင်သော အစိတ်အပိုင်း များအရ HTC One Mini 2 မှာ အလယ်လတ်တန်း စမတ်ဖုန်းတစ်လုံးဖြစ်ပြီး HTC Desire 816 နှင့်များစွာ ဆင်တူသော်လည်း ထူးခြားသည်မှာ မကြာသေးခင်က ထွက်ရှိထားသည့် HTC One M8 ၏ ဒီဇိုင်းနှင့် တူ ညီနေခြင်းပင် ဖြစ်သည်။

Mizzima Burmese


အစားအစာ ရွေးစားပါ - ဒေါက်တာသက်ဦး



လူဖြစ်လာရင် မကင်းဆုံးအရာက အစားအသောက် မဟုတ်လား။ ရှင်သန်ဖို့၊ ဖွံ့ ဖြိုးဖို့၊ ကျန်းမာဖို့ အစား အသောက်ကို မှီခိုရပါတယ်။ စားကြတယ်၊ သောက်ကြတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ညလယ်စာ၊ သရေစာ အချိန်တိုင်းမှာ စားကြတယ်။ တချို့ကျတော့ အစားတွင်မက လာဘ်ပါ စားကြပြန်တယ်။ စားတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ စားတတ်မှသာ အစားအသောက်ရဲ့ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။ ကျန်းမာရေးနဲ့ပြည့်စုံပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေကသာ နေကောင်းထိုင်သာ အကျိုးရှိစေမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးဖို့ သော့ချက်လေးတွေ ရှိပါတယ်။

ကိုယ့်အတွက် ကိုက်ညီမယ့် ကယ်လိုရီပမာဏကို ချင့်ချိန်စားသုံးဖို့ပါ။ ကိုယ်က ဘယ်လောက် စွမ်းအင် သုံးသလဲ၊ ကိုယ်က ဘယ်လောက်စားသလဲ ဆိုတာပေါ့။ အဲဒါကို မချင့်ချိန်ရင်တော့ ကိုယ်အလေးချိန်တွေ တက်လာမှာပေါ့။ လူ့ခန္ဓာကိုယ်အတွက် တနေ့တာ လိုအပ်တဲ့ ကယ်လိုရီပမာဏက အကြမ်း အားဖြင့် ယောကျာ်းတစ်ယောက်မှာ ၂၅၀ဝ ကယ်လိုရီနဲ့ မိန်းမတစ်ယောက်မှာ ၂၀ဝ၀ ကယ်လိုရီမျှပါ။ လူများစုကို ကြည့်လိုက်ရင် ပိုစားနေတာတွေ့ရမှာပါ။ ဘယ်အစားအသောက် ဘယ်လောက်က ကယ်လိုရီ ဘယ်လောက်ဆိုတာကို မသိကြတာလည်းပါမှာပေါ့။

ကိုယ့်လူမျိုး ထုံးစံအရလည်း တွေ့ရင် စားလိုက်တာပဲ။ ဘာတွေညာတွေ ကြည့်မနေတော့ဘူး။
အစားအသောက်ကို အမည်စုံအောင် စားရမှာပါ။ ဒါမှလည်း အာဟာရဓာတ် မျိုးစုံအောင် ခန္ဓာကိုယ်က ရရှိမှာပါ။ ဓလေ့ထုံးစံအရ တစ်မည်တည်းကို တပုံတပင်စားကြတာ တွေ့ရမှာပါ။ ဒါလည်း မကောင်းတဲ့ အလေ့အထပါ။ ထမင်း၊ သားငါး၊ အသီးအရွက် စုံလင်ဖို့ လိုအပ်တာပါ။

အစားကောင်း အသောက်ကောင်း ဆိုတာ

အရသာတွေ စုံလင်နေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အခြေခံဖြစ်တဲ့ ကစီဓာတ်ပါတဲ့ ပင်မ အစာတွေ (ထမင်း၊ ပေါင်မုန့် စသဖြင့်)၊ ဟင်းသီး ဟင်းရွက်နဲ့  သစ်သီးဝလံတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အသား၊ ငါး၊ ဥ နဲ့ ပဲမျိုးစုံတွေ၊ အဆီနဲ့ သကြား ဓာတ်ပါဝင်တဲ့ အစာတွေ။ အဲသလို အခြေခံအစာ ၅ မျိုး ပါဝင်ရပါတယ်။
အဲဒီ အစာတွေထဲကမှ စားရမယ့် ပမာဏ အနည်းအများကို ချင့်ချိန်ပြီး လိုအပ်တဲ့ ကယ်လိုရီရအောင် တွဲစပ်စားသောက်ရပါတယ်။ အသေးစိတ် သိပ္ပံနည်းကျ လုပ်စားနေဖို့က နေ့စဉ်ဘဝမှာ အဆင်ပြေတာမှ မဟုတ်လေတော့ လက်တွေ့ကျကျ ကျန်းမာတဲ့ အစားအသောက်တွေ စားနိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။

ကစီဓာတ်များတဲ့ အစာတွေကို အခြေခံစားသုံးပါ

ကစီဓာတ်များတဲ့ အစားအသောက်တွေက လွယ်လွယ်ကူကူပဲ အနီးအနားမှာရှိနေတာပါ။ ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ဂျုံ စတာမျိုးတွေပေါ့။ အဲဒီထဲကမှ ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့ အခွံမနွှာတဲ့ အာလူးတွေကတော့ အမျှင် ဓာတ်တွေ ပိုပါဝင်ပြီး အဆာကြာကြာ ခံစေတာမို့ ပိုပြီးသင့်လျော်တယ်လို့ ညွှန်းကြပါတယ်။ အစာစားတဲ့ အချိန်တိုင်းမှာ ကစီဓာတ် ပါဝင်တဲ့အစာကို စားသုံးသင့်ပါတယ်။ အချို့က ကစီဓာတ်များများစားရင် ဝစေ တယ်ထင်ကြပေမယ့် တကယ်က အဆီတွေနဲ့ယှဉ်ရင် ကယ်လိုရီ ပိုနည်းပါတယ်။ ဆီးချို၊ သွေးချိုလို ရော ဂါတွေ ရှိနေရင်တော့ ချင့်ချိန်စားရမှာပေါ့။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ

တနေ့တာ စားသောက်မှုထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ မပါမဖြစ်ပါအောင် ကြိုးစားတာက ကျန်းမာရေးကို ဂရုစိုက်တာပေါ့။ ဘာမှရောစွက်မထားတဲ့ သဘာဝသစ်သီး ဖျော်ရည်မျိုး သောက်သုံးတာ၊ ဟင်းအားလုံးမှာ အသီးအရွက်တွေ ထည့်ချက်တာကလည်း အလွန်အဖိုးတန် အကျိုးရှိတာပါ။ နံနက်စာ စားချိန်မှာ ငှက်ပျောသီးလေးတလုံး စားလိုက်တာမျိုး၊ နေ့လယ် မုန့်စားတဲ့အခါ အသီးတခုခု စားလိုက်တာမျိုး အလေ့အကျင့်လေးတွေက မခက်လှပါဘူး။

ငါး များများစားပါ

ငါးဆိုတာက အသားဓာတ်အတွက် ကောင်းမွန်တဲ့ စားစရာဖြစ်ရုံမက ဗီတာမင်တွေ၊ သတ္တုဓာတ်တွေလည်း ပါဝင်တာပါ။ ဖြစ်နိုင်ရင် နေ့တိုင်းတောင် စားသင့်ပြီး အဆီကြွယ်ဝတဲ့ ငါးတွေလည်း စားဖြစ်အောင် ကြိုးစားပါ။ အဲဒီအဆီများတဲ့ ငါးတွေမှာပါဝင်တဲ့ လူတွေသိကြတဲ့ အိုမီဂါသရီးဆိုတဲ့ အဆီက နှလုံးရောဂါကို ကာကွယ်ပေးလို့ပါ။ ငါးတွေကို ငါးသေတ္တာလို ဘူးတွေ၊ ရေခဲစိမ်ထားတာတွေ၊ ကျပ်တင်ထားတာတွေ ဘယ်အရာမဆို စားသုံးနိုင်ပါတယ်။ သတိပြုစရာက ငါးသေတ္တာလို၊ ငါးကျပ်တင်လို အစာတွေမှာ ဆားဓာတ် များတတ်တယ် ဆိုတာပါပဲ။ ရေချို၊ ရေငန် ငါးမျိုးစုံ စားပါ။ အဆီများတဲ့ ငါးတွေစားပါ။ ငါးမရွေးပါနဲ့။ ဒါက ကျန်းမာရေးအတွက် အထောက်အကူပါ။

ပြည့်ဝအဆီတွေနဲ့ သကြားတွေ လျှော့ပါ

အစားအသောက်မှာ အဆီဓာတ် မပါမဖြစ် ပါဝင်သင့်ပေမယ့် ကိုယ်စားသုံးနေတဲ့ ဆီအမျိုးအစားနဲ့ ပမာဏ ကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဆီမှာက ပြည့်ဝအဆီနဲ့ မပြည့်ဝအဆီဆိုပြီး အဓိကခွဲ ထားတာပါ။ ပြည့်ဝ အဆီတွေက ကိုလက်စထရောလို မကောင်းတဲ့အဆီတွေ သွေးထဲမှာ တိုးလာစေပြီး နှလုံးရောဂါဖြစ်စေ တာပါ။ ပြည့်ဝအဆီတွေကို ချိစ်၊ မလိုင်၊ ထောပတ်၊ ဝက်အူချောင်းတွေနဲ့ ကိတ်မုန့်၊ ဘီစကစ် စတဲ့ သရေစာတွေမှာလည်း တွေ့ရပါတယ်။ အဲဒါတွေကို လျှော့ချပြီး မပြည့်ဝဆီ ပါဝင်တဲ့ ဟင်းသီးဟင်းရွက် ဆီတွေ၊ ငါးအဆီတွေနဲ့  အစားထိုး စားသုံးသင့်တာပါ။ အသားတွေကို ဝယ်ယူရင်လည်း အဆီနည်းတာကို ဝယ်ယူတာ၊ အဆီတွေကို လှီးထုတ်ပစ်တာ လုပ်ရမှာပါ။ အဆီတုံးကြီးတွေက သွားရည်တောက်တောက် ကျချင်စရာ ကောင်းပေမယ့် ကျန်းမာရေးတော့ မကောင်းစေဘူးလေ။

ခုခေတ်ထဲမှာ ဖောင်းပွများပြားလာတဲ့အရာကို ပြောပါဆိုရင် အချိုရည်ကလည်း ထိပ်ဆုံးလောက်က လိုက်နေတာပါပဲ။ တခြား သကြားဓာတ် အများကြီးပါဝင်တဲ့ စားစရာတွေနဲ့အပြိုင်ပေါ့။ အရက်ကိုတောင် အဝင်ကောင်းအောင် အချိုရည် ရောသောက်တဲ့ အလေ့အထ ဖြစ်လာသေးတာပဲ။ တပိုင်း နှစ်ဖုံးဆိုတာ မျိုးတွေ (အရက်တပိုင်းနဲ့ လစ်ပိုနှစ်ဖုံး) ပေါ့။ တကယ်တော့ သကြားဓာတ်က ကယ်လိုရီတွေ များလွန်းပြီး ဝိတ်တက်စေတဲ့ အရာပါ။ သွားပိုးစားစေတာမှာလည်း သူက တရားခံတဦးပေါ့။ သကြားပါတဲ့ အချိုရည်တွေ၊ အရက်ပါတဲ့အဖျော်ရည်တွေ၊ သကြား များတဲ့ သရေစာ မုန့်မျိုးစုံတွေက တတ်နိုင်သမျှ လျှော့ချပစ်ရမှာပါ။ သဘာဝအလျောက် သကြားပါဝင်တဲ့ သစ်သီးတို့ ၊ နို့တို့က အန္တရာယ်နည်းပါတယ်။ အစားအသောက်ဝယ် တိုင်း သကြားပါဝင်မှုကို ဖတ်ကြည့်ပါ။ ၁၀ဝ ဂရမ်မှာ သကြား ၂၂ ဒသမ ၅ ဂရမ် ထက်ပိုပြီး ပါဝင်နေရင် သကြားဓာတ် များနေပြီလို့ မှတ်လိုက်ပြီး ရှောင်ကြဉ်ပါ။ အညွှန်းမှာ ရေးထားတဲ့အတိုင်း အမှန်ဆိုရင်ပေါ့။

ဆားလျှော့စားပါ

ဆားကို အစားအသောက်တွေထဲ သီးသန့် ထည့်မစားဘဲတောင်မှ ဆားကို အစားလွန်နေတတ်ပါတယ်။ အသင့်စား အစားအသောက်တွေမှာ ဆားမပါတာ မရှိသလောက်မို့ပါ။ ဆားဓာတ်တွေ အစားများတာ က သွေးတိုးတက်စေပါတယ်။ နောက်ဆက်တွဲအဖြစ် နှလုံးရောဂါတွေ၊ လေဖြတ်တာတွေက အဆစ် လိုက်လာမှာပါ။ ဝယ်ယူလိုက်တဲ့ အစားအသောက်မှာ ဆား (salt) ပါဝင်မှုကို ဖတ်ကြည့်ပါ။ ၁၀ဝ ဂရမ်မှာ ဆား ၁ ဒသမ ၅ ဂရမ်ထက် ပိုပြီး ပါဝင်နေရင် ဆားဓာတ်များနေပြီလို့ မှတ်လိုက်ပြီး ရှောင်ကြဉ်ပါ။ အသက် ၁၁ နှစ် ကျော်လာပြီဆိုရင် တနေ့ ဆား ၆ ဂရမ်ထက် ပိုမစားသင့်တော့ပါဘူး။ ကလေးတွေကတော့ ပိုပြီးလျှော့စားရမှာပါ၊ ဆားလေး၊ ငံပြာရည်လေး ထပ်ထည့်ပြီးမှ စားတတ်တဲ့ အလေ့ကြီး ကို မြန်မာတွေ ဖျောက်ပစ်သင့်ပါပြီ။

ရေသောက်ပါ

တစ်နေ့ကို အရည် ၁ ဒသမ ၂ လီတာထက်ပိုပြီး သောက်သုံးရပါလိမ့်မယ်။ ဒီပမာဏက ကိုယ်သောက်ထား တဲ့ တခြားအရည်တွေအပြင် ထပ်ဆောင်းဖို့ပါ။ အယ်လ်ကိုဟောမပါတဲ့ အရည်တွေ၊ ရေ၊ နို့၊ သစ်သီး ဖျော် ရည်တွေသာ သောက်သင့်တာပါ။ အချိုရည် တွေကတော့ ရှောင်ကြဉ်သင့်တာပေါ့။ ရာသီဥတု ပူရင်၊ လှုပ်ရှားမှုများရင် အရည်ပိုသောက်ရပါလိမ့်မယ်။

နံနက်စာ မစားဘဲ မနေပါနဲ့

တချို့တွေရဲ့ မှားယွင်းတဲ့ အယူအဆက ဝိတ်လျှော့တယ်ဆိုပြီး နံနက်စာ မစားကြတာပါ။ လေ့လာသုတေ သန ပြုချက်တိုင်းလိုလိုက နံနက်စာစားတာကသာ ခန္ဓာကိုယ်အလေးချိန် ထိန်းနိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာစားတာကသာ ဝိတ်ထိန်းနိုင်တာပါတဲ့။ ဂျုံကြမ်းနဲ့လုပ်တဲ့ အစာတွေ၊ သစ်သီးဝလံတွေ ပါဝင်စေတာက ပိုပြီး အကျိုးရှိစေပါသတဲ့။

တက်ကြွလှုပ်ရှားစွာ နေထိုင်ပါ

အစားအသောက်တွေကို ကျန်းမာအောင် စီမံစားသုံးနေရုံနဲ့တော့ မပြည့်စုံပါဘူး။ စားတာတွေကို ပြန်ပြီး အသုံးချဖို့ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ သီးသန့် လေ့ကျင့်ခန်းတွေ မလုပ်နိုင်သည့်တိုင် အညောင်းထိုင်တာ မများစေဘဲ လှုပ်ရှားမှုလေးတွေတော့ လုပ်ပေးရမှာပါ။ စားတာများရင် များသလို ပိုလျှံသွားတဲ့ စွမ်းအင်တွေကို ပြန်လည်လျှော့ချဖို့ ပုံမှန်လမ်းလျှောက်တာလေး လောက်ကတော့ အပန်းမကြီးလှပါဘူး။

လူဖြစ်လာရင် အဓိကလိုအပ်တဲ့ အစားအသောက်ပင်လျှင် ချင့်ချိန်မျှတ စားသုံးတတ်မှသာ ကျန်းမာ သက်ရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ပါဝင်တဲ့ အာဟာရနဲ့  ပမာဏကို မျှတစေမှ အဆင်ပြေမှာပါ။ အစာကို ချင့်ချိန်စားသုံးပြီး ရှည်နေတဲ့ အသက်တာမှာ ကောင်းရာကောင်းကြောင်းလေးတွေ မလုပ်ဘဲ လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေသူ ဆိုရင်တော့ ကြိုက်သလို စားပါစေလေ။ တန်ဖိုးရှိ၊ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်ချင်ရင်ဖြင် စားသင့်တာပဲစားပါ၊ စားသင့်တဲ့ ပမာဏသာစားပါ။ မသင့်တာတွေကို အလွန်အကျူး မစားကြပါနဲ့။

ဧရာဝတီ Blog


ကမ္ဘာပျက်ရင် အမေရိကန်သမ္မတကို ကယ်ဆယ်မယ့် လေယာဉ်



Doomsday လို့ပဲ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီးတော့ အမေရိကန် သမ္မတ၊ အမေရိကန် ကာ ကွယ်ရေးဝန်ကြီး နဲ့ ထိပ်သီး ခေါင်းဆောင် ၃၊ ၄ ဦး အတွက် ရည်ရွယ်ပြီးတော့ တည်ဆောက်ထား တဲ့ လေယာဉ် ဖြစ်ပါတယ်။ အမေရိကန် Boeing ကုမ္မဏီက တည်ဆောက်ပြီး US Air Force ကို ပြန် လည်ရောင်းချခဲ့တာပါ။ ၁၉၇၄ ခုနှစ် တုန်းက ဖြစ်ပါတယ်။

တစ်စီးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၂၃ ဝန်းကျင် ရှိပြီး ယင်းဟာ ၁၉၉၈ ခုနှစ်က ဒေါ်လာဈေးနဲ့ တွက်ခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုရင် အတော် များမှာပါ။ စုစုပေါင်းလို့မှလည်း အစီးရေ ၄ စီးပဲ ရှိပါ တယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကလည်း ကမ္ဘာပျက်မတက် ပျက်ဆီးနေချိန်မှာ အမေရိကန် ထိပ်သီး ခေါင်းဆောင်များကို ကယ်ဆယ်ဖို့ ဖြစ်ပါတယ်။ အဓိကအားဖြင့် သမ္မတကို ကယ်မှာ ဖြစ်ပါတယ်။ တစ်စီး တစ်စီးမှာ လိုက်ပါ နိုင်တဲ့ လူဦးရေ ပမာဏကတော့ ၄၈ ဦးကနေ အများဆုံး ၁၀၀ ကျော်လည်း လိုက်ပါ နိုင်ပါတယ်။

ထူးခြားချက် အနေနဲ့ နျူကလိယ ဗုံး ပေါက်ကွဲမှု ဘယ်လိုမျိုးကို မဆို ခံနိုင်ရည် ရှိပါတယ်။ နျူကလိယ တောင် ခံနိုင်ရည် ရှိတယ် ဆိုရင် အခြား ပေါက်ကွဲမှုတွေ ခံနိုင်ရည် ရှိမရှိ မေးနေစရာ မလိုတော့ ပါဘူး။ လေကြောင်း၊ ကုန်းကြောင်းက ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ခံနိုင်ရည် ရှိပါတယ်။ ကမ္ဘာ့ အကြီးဆုံး Aircraft လို့လည်း စံချိန် တင်ထား ပါတယ်။ ဆီအပြည့် ဖြည့်ထားပြီးရင် လေပေါ်မှာ နေ့ ရက်ပေါင်း များစွာ ပြန်သန်း နိုင်ပါတယ်။ အစားအသောက်၊ ရိက္ခာ သာ အပြည့်ပါမယ် ဆိုရင် လေထဲမှာတင် ကာလကြာ နေနိုင်မှာ ဖြစ်ပါတယ်။

လေးစီး စလုံးဟာ အမေရိကန်မှာ Standby အဖြစ် ရှိနေ ပါတယ်။ ဆိုလိုရင်းက အကြောင်း အမျိုးမျိုးကြောင့် စစ်ဖြစ်ခဲ့ရင်၊ အရေးကြုံခဲ့ရင် သမ္မတ ရှိရာကို မိနစ်ပိုင်း အတွင်း အရောက် သွားနိုင်ဖို့ ပြင်ဆင်ထားခြင်း ဖြစ် ပါတယ်။ တကယ်လည်း သွားနိုင်ပါတယ်။ လေယာဉ် တည်နေရာက အမေရိကန် အလယ်ပိုင်း နီဘရားစကား ပြည်နယ်၊ အိုမဟာ မြို့က လေတပ် မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ လေယာဉ် အမည် က Boeing E-4 ဖြစ် ပါတယ်။ E-4B လို့လည်း ခေါ် ပါတယ်။ ရုရှား၊ တရုတ်ပြည် တို့ ကလည်း ယင်းကဲ့သို့ Survival လေယာဉ် တွေ လိုက်လံ ဖန်တီး ပေမယ့် အမေရိကန် E-4B ကို မမှီသေး ပါဘူး။ ခေတ်အဆက် ဆက် Upgrade ပြုလုပ် ထားပြီး အမြဲ ခေတ်မှီနေသေးတဲ့ လေယာဉ် ဖြစ်ကြောင်း သိရ ပါတယ်။

အသေးစိတ်ကို http://en.wikipedia.org/wiki/Boeing_E-4 မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)


၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး

Photo: ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး
Published on: May 7, 2014
Written by: ၀င်းမြင့်ကျော်

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် အသက် ၄၀ အောက် လူဦးရေ ၁၆၀၀ ကျော်သေဆုံးခဲ့ပြီး ကျပ်သန်း ပေါင်း ၈၀၀ ၀န်းကျင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ မေ ၆ ရက်တွင် သိရသည်။ ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ လစဉ်မြင့်တက်နေကြောင်း စာရင်းဇယားများအရ သိရသည်။

၂၀၁၄ ခုနှစ်၏ ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း မော်တော်ယာဉ်တိုက်မှု ၁၅၅၉ မှု၊ ဆိုင်ကယ်တိုက်မှု ၂၀၀၇ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ၈၂၅ မှု၊ အခြားယာဉ်တိုက်မှု ၉၃၂ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၃၂၃ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ကျား ၆၆၆၁ ဦးနှင့် မ ၂၉၂၀ တို့ ဒဏ်ရာရရှိခဲ့ပြီး ကျား ၁၃၀၈ နှင့် မ ၃၄၄ ဦးတို့ သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"တစ်နိုင်ငံလုံး ယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် လူသေဆုံးမှုတွေ မြင့်တက်လာပါတယ်။ ဒါတွေကို လျော့သွားဖို့ဆိုတာက ယာဉ်ထိန်းတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ လမ်းကိုအသုံးပြုနေတဲ့သူတွေအားလုံး ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာဖို့ လိုအပ်တယ်။ အခုလည်း ပညာပေးဆောင်ရွက်မှုတွေ တိုးချဲ့ထားပါတယ်။ ဖြစ်စဉ်တွေအားလုံးရဲ့ ရာခိုင်နှုန်း ၅၀ လောက်က မော်တော်ဆိုင်ကယ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ဆိုင်ကယ်စီးသူတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဦးထုပ်တွေ အခမဲ့ဖြန့်ဝေနေတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ကျပ်သန်းပေါင်း ၂၀၀ ကျော်၊ ဖေဖော်ဝါရီတွင် ကျပ်သန်းပေါင်း ၁၄၀ ကျော်၊ မတ်တွင် ကျပ်သန်းပေါင်း ၁၈၀ ကျော်နှင့် ဧပြီတွင် ကျပ်သန်းပေါင်း ၂၂၀ ကျော်တို့ ဆုံးရှုံးခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် အငှားယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
 လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် အငှားယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
 
 
၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် အသက် ၄၀ အောက် လူဦးရေ ၁၆၀၀ ကျော်သေဆုံးခဲ့ပြီး ကျပ်သန်း ပေါင်း ၈၀၀ ၀န်းကျင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ မေ ၆ ရက်တွင် သိရသည်။ ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ လစဉ်မြင့်တက်နေကြောင်း စာရင်းဇယားများအရ သိရသည်။

၂၀၁၄ ခုနှစ်၏ ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း မော်တော်ယာဉ်တိုက်မှု ၁၅၅၉ မှု၊ ဆိုင်ကယ်တိုက်မှု ၂၀၀၇ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ၈၂၅ မှု၊ အခြားယာဉ်တိုက်မှု ၉၃၂ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၃၂၃ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ကျား ၆၆၆၁ ဦးနှင့် မ ၂၉၂၀ တို့ ဒဏ်ရာရရှိခဲ့ပြီး ကျား ၁၃၀၈ နှင့် မ ၃၄၄ ဦးတို့ သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"တစ်နိုင်ငံလုံး ယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် လူသေဆုံးမှုတွေ မြင့်တက်လာပါတယ်။ ဒါတွေကို လျော့သွားဖို့ဆိုတာက ယာဉ်ထိန်းတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ လမ်းကိုအသုံးပြုနေတဲ့သူတွေအားလုံး ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာဖို့ လိုအပ်တယ်။ အခုလည်း ပညာပေးဆောင်ရွက်မှုတွေ တိုးချဲ့ထားပါတယ်။ ဖြစ်စဉ်တွေအားလုံးရဲ့ ရာခိုင်နှုန်း ၅၀ လောက်က မော်တော်ဆိုင်ကယ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ဆိုင်ကယ်စီးသူတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဦးထုပ်တွေ အခမဲ့ဖြန့်ဝေနေတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ကျပ်သန်းပေါင်း ၂၀၀ ကျော်၊ ဖေဖော်ဝါရီတွင် ကျပ်သန်းပေါင်း ၁၄၀ ကျော်၊ မတ်တွင် ကျပ်သန်းပေါင်း ၁၈၀ ကျော်နှင့် ဧပြီတွင် ကျပ်သန်းပေါင်း ၂၂၀ ကျော်တို့ ဆုံးရှုံးခဲ့သည်။

Written by: ၀င်းမြင့်ကျော်