11 May 2014

မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်

Photo: မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်
Monday, May 12, 2014

မိုးရာသီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမျိုးမျိုးသောမှိုတို့ ဖူးပွင့်လာကြသည်။ သဘာဝ အလေ့ကျ ပေါက်သောမှိုနှင့် စီးပွားဖြစ်စိုက်ပျိုးသော မှိုဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ မှိုတို့၏ အဆင်းသဏ္ဌာန် သည် မြင်ရသူအပေါင်းအား စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ရာသီပေါ်သီးနှံ ဖြစ်သည့်အပြင်

တစ်နှစ်မှ တစ်ကြိမ်တစ်ခါ သာ ပေါပေါများများ တွေ့ရ၍ လူတို့မက်မက်မောမော ရှိကြသည်။

လွန်ခဲ့သော ဘီစီရာစု နှစ်ပေါင်းများစွာ ကတည်းက တရုတ်လူမျိုးတို့သည် အစားအစာ အဖြစ်သော် လည်းကောင်း၊ ဆေးဝါးအဖြစ်သော် လည်းကောင်း မှိုကိုစတင် အသုံးပြုခဲ့ကြသည်ဟု သမိုင်းအထောက် အထားများအရ သိရသည်။ စား၍ရသော မှိုတို့တွင် ကျန်းမာရေးကို အထောက်အကူပြုသော အာဟာရဓာတ်နှင့် ဂုဏ်သတ္တိများစွာ ပါဝင်ပေ သည်။ မှိုတွင်ပါဝင်သော ရှုပ်ထွေးကစီဓာတ် (Polysaccharides) များသည် လူ၏ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေ သည်။ Triterpenes ဟုခေါ်သော စတီးရွိုက်နှင့်တူသည့် မော်လီကျူးငယ် များသည် ခန္ဓာကိုယ် ရောင်ရမ်းမှု ကို လျော့ပါးသက်သာ စေနိုင်သည်။ အမျိုးသမီးများတွင် မဟော်မုန်း (Estrogen)ကို ဖြစ်စေသည့် Aromatase အင်ဇိုင်းကို နှောင့်ယှက်ဟန့်တား နိုင်သဖြင့် ရင်သားကင်ဆာ ဖြစ်ပွားလာနိုင်မှုကို လျှော့ချပေးသည်။

အသီးအရွက် တော်တော်များများတွင် တွေ့ရလေ့မရှိသည့် ဘီဝမ်း၊ ဘီတူး၊ ဘီသရီးနှင့် ဘီဖိုက်တို့ကဲ့သို့ ဗီတာမင်ဘီ အုပ်စုများ မှိုတွင်ပါဝင်သည်။ ခန္ဓာကိုယ်၌ ကယ်လ်စီယမ် စုပ်ယူနိုင်ရန် လိုအပ်သော ဗီတာမင်ဒီအပြင် အရေးပါသော သတ္တုဓာတ်များ ဖြစ်သည့် ပိုတက်စီယမ်၊ ဖော့စ်ဖောရပ်၊ ဇင့်နှင့် မဂ္ဂနီဆီယမ်တို့ကို မှိုတွင်များစွာ တွေ့ရသည်။ ဆီလီနီယမ်ကဲ့သို့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းမျိုးပါ ပါဝင်ပေသည်။ အမျှင်ဓာတ်များစွာ ပါဝင်သော မှိုသည် တစ်အောင်စလျှင် ကယ်လိုရီ ၂ဝ သာ ပါဝင်သဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများနှင့် သင့်လျော်သည်။ အသားဓာတ် ပါဝင်သည့် အတွက်လည်း သက်သတ်လွတ် သမားများ စားသုံးရန်သင့်သည်။ ယခု အခါ အချို့မှိုမျိုးစိတ် တို့ကို ပဋိဇီဝ ပိုးသတ်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုလာကြသည်။ လင်ဇီးကဲ့သို့ မှိုမျိုးစိတ် များကိုလည်း ဈေးကွက်ဝင် အားဆေးများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းမှာ မှို၏ အစွမ်းသတ္တိများ ပင်ဖြစ်ပေသည်။

မြန်မာလူမျိုးများသည် မှိုကို အမျိုးမျိုးကြော်ချက် စားသုံးကြသည်။ မှိုဆီပြန်ချက်၊ မှိုချဉ်စပ်ဟင်းဟူ၍ သီးသန့်တစ်မျိုး တည်း စားသုံးသည့်အပြင် ကန်စွန်းရွက်၊ ကင်ပွန်းချဉ်၊ အသားအမျိုးမျိုးတို့နှင့် ရောနှောချက်ပြုတ် စားသုံးလေ့ရှိ သည်။ မှိုနှင့်ရောစပ် ၍ မစားသင့်သော အစားအစာများလည်း ရှိသေးသည်။ ၎င်းတို့မှာ မှိုနှင့် ကြက်ဟင်းခါးသီး၊ မှိုနှင့်ခံသီး၊ မှိုနှင့်ပဲကျားလှော်၊ မှိုနှင့်ပျားရည်/ နို့ရည်၊ မှိုနှင့် ဖောင်စီးကဏန်း၊ မှိုနှင့်ယုန်သား၊ မှိုနှင့် ချေချေးခါးတို့ ဖြစ်သည်။ စား၍မရသော မှိုအချင်းချင်း (ဥပမာ-ကောက်ရိုးမှိုနှင့် ဖက်ဆွတ်မှို)ကိုလည်း တွဲဖက်၍ မစားသုံးသင့်ပေ။ စားသုံးရန်မှိုကို ဈေးမှဝယ်၍သော် လည်းကောင်း၊ ကိုယ်တိုင်ခူးဆွတ်၍ သော်လည်းကောင်း ရရှိကြသည်။ ကျေးလက်ဒေသများ၌ မိုးရာသီတွင် မှိုကိုဟင်းစား တစ်မျိုးအနေဖြင့် တောထဲတောင်ထဲမှ တကူးတက ရှာဖွေခူးဆွတ်ကာ နှစ်သက်စွာ စားသုံးကြသည်။ မှိုရသည့် မျက်နှာဖြင့် နဂိုဟင်းထက် မှိုဟင်းကို မက်မောကြသည်။

ထိုကဲ့သို့ မှိုကိုကိုယ်တိုင် ခူးယူစားသောက်သည့်အခါ လူကိုအန္တရာယ် မပေးသော၊ အဆိပ်အတောက် မဖြစ်သော မှိုဖြစ်ရန် အရေးကြီးသည်။ မြန်မာပြည်တွင် တွေ့ရများသော စား၍ရသည့်မှိုများမှာ တောင်ပို့မှို၊ ဖက်ဆွတ်မှို၊ ကောက်ရိုးမှို၊ ဆန်ကွဲမှို၊ နို့မှို၊ သစ်တုံးမှို၊ မှိုမွှေး၊ မှိုဥနှင့် စိုက်ပျိုးရေးမှိုတို့ဖြစ်သည်။ မမြင်ဖူး၊ မတွေ့ဖူးသော မှိုများကို ခူးယူ၍ မစားသုံး သင့်ပေ။ ကမ္ဘာပေါ်တွင် မှိုမျိုးကွဲပေါင်း ၄၅ဝဝဝ ခန့်ရှိသည့်အနက် ၂ဝဝဝ ကျော်သာ စား၍ရသော၊ လူကိုဘေးဥပဒ် မဖြစ်သော မှိုများဖြစ်သည်။ ၎င်းတို့အနက် အမျိုးပေါင်း ၂ဝ ကျော်ကိုသာ စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသည်။ သို့ဖြစ်ရာ စား၍ရသောမှိုနှင့် စား၍မရသောမှိုဟူ၍ ခွဲခြားတတ်ရန် မှာလည်း အလွန် အရေးကြီးသည်။

အဆိပ်အတောက်ပါသော မှိုတို့သည် အချိန်အခါမဟုတ်ဘဲ ဖူးပွင့်တတ်သည်။ အရောင်လှပ တောက်ပြောင်သည်။ အနံ့စူးရှ ဆိုးရွားသည်။ မှိုရိုးတံတွင် ကြီးမားတုတ်ခိုင်သော ''ခြေချင်း''ပါတတ်သည်။ မှိုထီးရွက် အပေါ်ဘက် မျက်နှာပြင် တွင် အစက်အပြောက်များ ပါတတ်သည်။ မှိုထီးရွက်နှင့် ခြေချင်းအကြားတွင် အကွင်းပို၊ အဖုပိုများပါ တတ်သည်။ မသန့်ရှင်း ညစ်ပတ်သော နေရာများ၊ အညစ်အကြေးများ အနီးတွင် ပေါက်တတ်သည်။ ၎င်းသွင်ပြင် လက္ခဏာများအပြင် အဆိပ်အတောက် ရှိကြောင်းကို စမ်းသပ်ကြည့်နိုင်သည်။ မှိုရိုးတံကို ချေကြည့် သည့်အခါ မည်းနက်သွား ပါက၊ နို့ရောင်အရည်များ ထွက်လာပါက အဆိပ်အတောက် ပါဝင်နိုင်သည်။

ဆားရည်ထဲတွင် အဆိပ်အတောက် ရှိသောမှိုကို ထည့်ကြည့်ပါက မှိုထီးရွက်၏ အောက်ဘက် မျက်နှာပြင်များ ပြာသွား၊ နက်သွားသည်။ ဆားရည်လည်း အရောင်ပြောင်းလဲသွားသည်။ မှိုဟင်းချက်သော အိုးထဲသို့ ငွေကြိုးမျှင် တစ်ခု ထည့်ကြည့်ပါက အဆိပ်အတောက်ရှိလျှင် ၎င်းငွေကြိုး၏ အရောင်မှာ အနက်ရောင်အဖြစ် ပြောင်းလဲသွား သည်။ အဆိပ်ရှိသော မှိုတို့တွင် သေမင်းဦးထုပ်ခေါ် Amanita halloides အုပ်စုဝင်မှိုသည် စားပြီးနာရီပိုင်း၊ ရက်ပိုင်းအတွင်း အသည်းနှင့် ကျောက်ကပ်များ ပျက်စီးသေဆုံးနိုင်သည်။ အချိန်မီ အသည်းနှင့် ကျောက်ကပ် အစားပြန်ထိုးနိုင်မှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ Psilocybin ကဲ့သို့ မှိုမျိုးနွယ်စု တို့သည်လည်း စားသုံးသည် သူအား အမြင်အကြား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ စိတ်ကယောက် ကယက်ဖြစ်ခြင်း စသည်တို့ကို စားပြီး နာရီပိုင်းအတွင်း ခံစားရနိုင်သည်။ အခြားသော လူကိုအသက်အန္တရာယ် ထိခိုက်စေသည် အထိ ဒုက္ခပေးနိုင်သော မှိုအမျိုးအစားပေါင်း များစွာလည်း ရှိသေးသည်။

အများစုသော မှိုတို့သည် စားသုံးသူတို့နှင့် မတည့်သည့်အခါ အော့အန်ခြင်း၊ မျက်စိများပြာလာခြင်း၊ မူးဝေလာခြင်း၊ ရုတ်တရက် ပြင်းထန်စွာ ဝမ်းဗိုက်နာကျင်ခြင်း၊ ချွေးစေးများ၊ တံတွေးများ အလိုလိုထွက်လာခြင်း၊ နှလုံးခုန်နှုန်း အသက်ရှူနှုန်း မြန်လာခြင်း၊ ဝမ်းသွားခြင်းတို့ကို ဖြစ်စေနိုင်သည်။ မှိုအဆိပ်ပြင်းထန်ပါက အသက်ဆုံးရှုံးရသည် အထိ အန္တရာယ်ရှိသည်။

''အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုတ်“ ဟူသော စကားအရ အဆိပ်ရှိသော မှိုကို မှားယွင်းစွာ စားသုံးမိလျှင် အစားတစ်လုတ်ထဲနှင့်ပင် အသက်သေဆုံး သွားနိုင်သည်။ မှိုအဆိပ်သင့်ရခြင်း၏ အဓိကအကြောင်း ရင်းမှာ အဆိပ်ရှိသောမှိုကို စား၍ရသော မှိုဟုယူဆပြီး စားသုံးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ''ဥစ္စာကံစောင့် အသက် ဥာဏ်စောင့်'' ဟူသည့်အတိုင်း စား၍ရသောမှိုနှင့် အဆိပ်ရှိသော မှိုတို့ကို အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်၍ စားသုံးရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

မြ၀တီ
 
 မိုးရာသီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမျိုးမျိုးသောမှိုတို့ ဖူးပွင့်လာကြသည်။ သဘာဝ အလေ့ကျ ပေါက်သောမှိုနှင့် စီးပွားဖြစ်စိုက်ပျိုးသော မှိုဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ မှိုတို့၏ အဆင်းသဏ္ဌာန် သည် မြင်ရသူအပေါင်းအား စားချင် စိတ်ကို ဖြစ်ပေါ်စေသည်။ ရာသီပေါ်သီးနှံ ဖြစ်သည့်အပြင်

တစ်နှစ်မှ တစ်ကြိမ်တစ်ခါ သာ ပေါပေါများများ တွေ့ရ၍ လူတို့မက်မက်မောမော ရှိကြသည်။

လွန်ခဲ့သော ဘီစီရာစု နှစ်ပေါင်းများစွာ ကတည်းက တရုတ်လူမျိုးတို့သည် အစားအစာ အဖြစ်သော် လည်းကောင်း၊ ဆေးဝါးအဖြစ်သော် လည်းကောင်း မှိုကိုစတင် အသုံးပြုခဲ့ကြသည်ဟု သမိုင်းအထောက် အထားများအရ သိရသည်။ စား၍ရသော မှိုတို့တွင် ကျန်းမာရေးကို အထောက်အကူပြုသော အာဟာရဓာတ်နှင့် ဂုဏ်သတ္တိများစွာ ပါဝင်ပေ သည်။ မှိုတွင်ပါဝင်သော ရှုပ်ထွေးကစီဓာတ် (Polysaccharides) များသည် လူ၏ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေ သည်။ Triterpenes ဟုခေါ်သော
စတီးရွိုက်နှင့်တူသည့် မော်လီကျူးငယ် များသည် ခန္ဓာကိုယ် ရောင်ရမ်းမှု ကို လျော့ပါးသက်သာ စေနိုင်သည်။ အမျိုးသမီးများတွင် မဟော်မုန်း (Estrogen)ကို ဖြစ်စေသည့် Aromatase အင်ဇိုင်းကို နှောင့်ယှက် ဟန့်တား နိုင်သဖြင့် ရင်သားကင်ဆာ ဖြစ်ပွားလာနိုင်မှုကို လျှော့ချပေးသည်။

အသီးအရွက် တော်တော်များများတွင် တွေ့ရလေ့မရှိသည့် ဘီဝမ်း၊ ဘီတူး၊ ဘီသရီးနှင့် ဘီဖိုက်တို့ကဲ့သို့ ဗီတာမင်ဘီ အုပ်စုများ မှိုတွင်ပါဝင်သည်။ ခန္ဓာကိုယ်၌ ကယ်လ်စီယမ် စုပ်ယူနိုင်ရန် လိုအပ်သော ဗီတာမင်ဒီအပြင် အရေးပါသော သတ္တုဓာတ်များ ဖြစ်သည့် ပိုတက်စီယမ်၊ ဖော့စ်ဖောရပ်၊ ဇင့်နှင့် မဂ္ဂနီဆီယမ်တို့ကို မှိုတွင်များစွာ တွေ့ရသည်။ ဆီလီနီယမ်ကဲ့သို့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းမျိုးပါ ပါဝင်ပေသည်။ အမျှင်ဓာတ်များစွာ ပါဝင်သော မှိုသည် တစ်အောင်စလျှင် ကယ်လိုရီ ၂ဝ သာ ပါဝင်သဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများနှင့် သင့်လျော်သည်။ အသားဓာတ် ပါဝင်သည့် အတွက်လည်း သက်သတ်လွတ် သမားများ စားသုံးရန်သင့်သည်။ ယခု အခါ အချို့မှိုမျိုးစိတ် တို့ကို ပဋိဇီဝ ပိုးသတ်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုလာကြသည်။ လင်ဇီးကဲ့သို့ မှိုမျိုးစိတ် များကိုလည်း ဈေးကွက်ဝင် အားဆေးများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းမှာ မှို၏ အစွမ်းသတ္တိများ ပင်ဖြစ်ပေသည်။

မြန်မာလူမျိုးများသည် မှိုကို အမျိုးမျိုးကြော်ချက် စားသုံးကြသည်။ မှိုဆီပြန်ချက်၊ မှိုချဉ်စပ်ဟင်းဟူ၍ သီးသန့်တစ်မျိုး တည်း စားသုံးသည့်အပြင် ကန်စွန်းရွက်၊ ကင်ပွန်းချဉ်၊ အသားအမျိုးမျိုးတို့နှင့် ရောနှောချက်ပြုတ် စားသုံးလေ့ရှိ သည်။ မှိုနှင့်ရောစပ် ၍ မစားသင့်သော အစားအစာများလည်း ရှိသေးသည်။ ၎င်းတို့မှာ မှိုနှင့် ကြက်ဟင်းခါးသီး၊ မှိုနှင့်ခံသီး၊ မှိုနှင့်ပဲကျားလှော်၊ မှိုနှင့်ပျားရည်/ နို့ရည်၊ မှိုနှင့် ဖောင်စီးကဏန်း၊ မှိုနှင့်ယုန်သား၊ မှိုနှင့် ချေချေးခါးတို့ ဖြစ်သည်။ စား၍မရသော မှိုအချင်းချင်း (ဥပမာ-ကောက်ရိုးမှိုနှင့် ဖက်ဆွတ်မှို)ကိုလည်း တွဲဖက်၍ မစားသုံးသင့်ပေ။ စားသုံးရန်မှိုကို ဈေးမှဝယ်၍သော် လည်းကောင်း၊ ကိုယ်တိုင်ခူးဆွတ်၍ သော်လည်းကောင်း ရရှိကြသည်။ ကျေးလက်ဒေသများ၌ မိုးရာသီတွင် မှိုကိုဟင်းစား တစ်မျိုးအနေဖြင့် တောထဲတောင်ထဲမှ တကူးတက ရှာဖွေခူးဆွတ်ကာ နှစ်သက်စွာ စားသုံးကြသည်။ မှိုရသည့် မျက်နှာဖြင့် နဂိုဟင်းထက် မှိုဟင်းကို မက်မောကြသည်။

ထိုကဲ့သို့ မှိုကိုကိုယ်တိုင် ခူးယူစားသောက်သည့်အခါ လူကိုအန္တရာယ် မပေးသော၊ အဆိပ်အတောက် မဖြစ်သော မှိုဖြစ်ရန် အရေးကြီးသည်။ မြန်မာပြည်တွင် တွေ့ရများသော စား၍ရသည့်မှိုများမှာ တောင်ပို့မှို၊ ဖက်ဆွတ်မှို၊ ကောက်ရိုးမှို၊ ဆန်ကွဲမှို၊ နို့မှို၊ သစ်တုံးမှို၊ မှိုမွှေး၊ မှိုဥနှင့် စိုက်ပျိုးရေးမှိုတို့ဖြစ်သည်။ မမြင်ဖူး၊ မတွေ့ဖူးသော မှိုများကို ခူးယူ၍ မစားသုံး သင့်ပေ။ ကမ္ဘာပေါ်တွင် မှိုမျိုးကွဲပေါင်း ၄၅ဝဝဝ ခန့်ရှိသည့်အနက် ၂ဝဝဝ ကျော်သာ စား၍ရသော၊ လူကိုဘေးဥပဒ် မဖြစ်သော မှိုများဖြစ်သည်။ ၎င်းတို့အနက် အမျိုးပေါင်း ၂ဝ ကျော်ကိုသာ စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသည်။ သို့ဖြစ်ရာ စား၍ရသောမှိုနှင့် စား၍မရသောမှိုဟူ၍ ခွဲခြားတတ်ရန် မှာလည်း အလွန် အရေးကြီးသည်။

အဆိပ်အတောက်ပါသော မှိုတို့သည် အချိန်အခါမဟုတ်ဘဲ ဖူးပွင့်တတ်သည်။ အရောင်လှပ တောက်ပြောင်သည်။ အနံ့စူးရှ ဆိုးရွားသည်။ မှိုရိုးတံတွင် ကြီးမားတုတ်ခိုင်သော ''ခြေချင်း''ပါတတ်သည်။ မှိုထီးရွက် အပေါ်ဘက် မျက်နှာပြင် တွင် အစက်အပြောက်များ ပါတတ်သည်။ မှိုထီးရွက်နှင့် ခြေချင်းအကြားတွင် အကွင်းပို၊ အဖုပိုများပါ တတ်သည်။ မသန့်ရှင်း ညစ်ပတ်သော နေရာများ၊ အညစ်အကြေးများ အနီးတွင် ပေါက်တတ်သည်။ ၎င်းသွင်ပြင် လက္ခဏာများအပြင် အဆိပ်အတောက် ရှိကြောင်းကို စမ်းသပ်ကြည့်နိုင်သည်။ မှိုရိုးတံကို ချေကြည့် သည့်အခါ မည်းနက်သွား ပါက၊ နို့ရောင်အရည်များ ထွက်လာပါက အဆိပ်အတောက် ပါဝင်နိုင်သည်။

ဆားရည်ထဲတွင် အဆိပ်အတောက် ရှိသောမှိုကို ထည့်ကြည့်ပါက မှိုထီးရွက်၏ အောက်ဘက် မျက်နှာပြင်များ ပြာသွား၊ နက်သွားသည်။ ဆားရည်လည်း အရောင်ပြောင်းလဲသွားသည်။ မှိုဟင်းချက်သော အိုးထဲသို့ ငွေကြိုးမျှင် တစ်ခု ထည့်ကြည့်ပါက အဆိပ်အတောက်ရှိလျှင် ၎င်းငွေကြိုး၏ အရောင်မှာ အနက်ရောင်အဖြစ် ပြောင်းလဲသွား သည်။ အဆိပ်ရှိသော မှိုတို့တွင် သေမင်းဦးထုပ်ခေါ် Amanita halloides အုပ်စုဝင်မှိုသည် စားပြီးနာရီပိုင်း၊ ရက်ပိုင်းအတွင်း အသည်းနှင့် ကျောက်ကပ်များ ပျက်စီးသေဆုံးနိုင်သည်။ အချိန်မီ အသည်းနှင့် ကျောက်ကပ် အစားပြန်ထိုးနိုင်မှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ Psilocybin ကဲ့သို့ မှိုမျိုးနွယ်စု တို့သည်လည်း စားသုံးသည် သူအား အမြင်အကြား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ စိတ်ကယောက် ကယက်ဖြစ်ခြင်း စသည်တို့ကို စားပြီး နာရီပိုင်းအတွင်း ခံစားရနိုင်သည်။ အခြားသော လူကိုအသက်အန္တရာယ် ထိခိုက်စေသည် အထိ ဒုက္ခပေးနိုင်သော မှိုအမျိုးအစားပေါင်း များစွာလည်း ရှိသေးသည်။

အများစုသော မှိုတို့သည် စားသုံးသူတို့နှင့် မတည့်သည့်အခါ အော့အန်ခြင်း၊ မျက်စိများပြာလာခြင်း၊ မူးဝေလာခြင်း၊ ရုတ်တရက် ပြင်းထန်စွာ ဝမ်းဗိုက်နာကျင်ခြင်း၊ ချွေးစေးများ၊ တံတွေးများ အလိုလိုထွက်လာခြင်း၊ နှလုံးခုန်နှုန်း အသက်ရှူနှုန်း မြန်လာခြင်း၊ ဝမ်းသွားခြင်းတို့ကို ဖြစ်စေနိုင်သည်။ မှိုအဆိပ်ပြင်းထန်ပါက အသက်ဆုံးရှုံးရသည် အထိ အန္တရာယ်ရှိသည်။

''အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုတ်“ ဟူသော စကားအရ အဆိပ်ရှိသော မှိုကို မှားယွင်းစွာ စားသုံးမိလျှင် အစားတစ်လုတ်ထဲနှင့်ပင် အသက်သေဆုံး သွားနိုင်သည်။ မှိုအဆိပ်သင့်ရခြင်း၏ အဓိကအကြောင်း ရင်းမှာ အဆိပ်ရှိသောမှိုကို စား၍ရသော မှိုဟုယူဆပြီး စားသုံးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ''ဥစ္စာကံစောင့် အသက် ဥာဏ်စောင့်'' ဟူသည့်အတိုင်း စား၍ရသောမှိုနှင့် အဆိပ်ရှိသော မှိုတို့ကို အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်၍ စားသုံးရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

မြ၀တီ

သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့

Photo: အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့
Monday, May 12, 2014

နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။

ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားလေ့ရှိသည်။

မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ခြင်းသာ ဖြစ်ပါသည်။

“ပြောစရာ၊ ဆိုစရာတွေ အားလုံးက ပြောလည်းပြောပြီးသွားပြီ။ ပြည့်စုံသွားပြီဆိုတော့ သမ္မတကြီးအနေနဲ့ အမေးအဖြေ ထပ်လုပ်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အမေးအဖြေကဏ္ဍ မလုပ်တော့တာပါ” ဟု သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက် ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး ပြုလုပ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အား မေးခွန်းမေးမြန်းခွင့်ရခဲ့သော သတင်းထောက်များမှာ သတင်းစဉ်၊ MRTV-4 နှင့် မြ၀တီ သတင်းဌာနများမှ သတင်းထောက်များသာ ဖြစ်သည်။

မေ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပြီးဆုံးသည့် မေ ၁၁ ရက် ညနေ ၅ နာရီတွင် သမ္မတဦးသိန်းစိန်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ယခုထိပ်သီး အစည်းအဝေးသည် အာဆီယံအဖွဲ့သို့ မြန်မာဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ရွေးချယ်ထားသည့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ ၎င်းဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ လက်ရှိတည်ဆောက်နေသော ဒီမိုကရေစီစနစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

“အနာဂတ်ကို အလေးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ အာဆီယံအသိုက်အ၀န်းရဲ့ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်များကိုလည်း ဘယ်လိုရွေးချယ် ချမှတ်သွားကြမလဲ ဆိုတာကိုပါ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်” ဟု သမ္မတကဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့အား ကျစ်လစ်ခိုင်မာပြီး ရည်ရွယ်ချက်များပြည့်မြောက်အောင် အာဆီယံအဖွဲ့အစည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန်အတွက်လည်း ဆွေးနွေးအမြင် ဖလှယ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ မလေးရှားလေကြောင်းလိုင်း၊ သဘာဝဘေးအန္တရာယ်ကိစ္စ အစရှိသည့် ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သော်လည်း တင်းမာမှုများ ရှိနေပြီး အများစိတ်ဝင်စားနေကြသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့်ပတ်သက်၍ အတိအကျ ပြောဆိုမှုများ မပြုလုပ်ခဲ့ပေ။

ရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကိုယ်စား သြစတြေးလျနိုင်ငံ၊ ဘရစ်ဇဘိန်းမြို့၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရမည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုက်အ၀န်းကို အကောင်အထည်ဖော်ရေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံခေါင်းဆောင်များ အနေနဲ့ အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

Eleven Media Group 

မေ ၁၁ ရက်ကပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန် ရှင်းလင်းပြောကြားစဉ်
မေ ၁၁ ရက်ကပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန် ရှင်းလင်းပြောကြားစဉ်

 Photo: အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့ Monday, May 12, 2014 နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။ ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားလေ့ရှိသည်။
 
 မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ ၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ခြင်းသာ ဖြစ်ပါသည်။ “ပြောစရာ၊ ဆိုစရာတွေ အားလုံးက ပြောလည်းပြောပြီးသွားပြီ။
 
 ပြည့်စုံသွားပြီဆိုတော့ သမ္မတကြီးအနေနဲ့ အမေးအဖြေ ထပ်လုပ်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အမေးအဖြေကဏ္ဍ မလုပ်တော့တာပါ” ဟု သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက် ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။ ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး ပြုလုပ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အား မေးခွန်းမေးမြန်းခွင့်ရခဲ့သော သတင်းထောက်များမှာ သတင်းစဉ်၊ MRTV-4 နှင့် မြ၀တီ သတင်းဌာနများမှ သတင်းထောက်များသာ ဖြစ်သည်။ မေ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပြီးဆုံးသည့် မေ ၁၁ ရက် ညနေ ၅ နာရီတွင် သမ္မတဦးသိန်းစိန်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။ 
 
အဆိုပါ ရှင်းလင်းပွဲတွင် ယခုထိပ်သီး အစည်းအဝေးသည် အာဆီယံအဖွဲ့သို့ မြန်မာဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ရွေးချယ်ထားသည့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ ၎င်းဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ လက်ရှိတည်ဆောက်နေသော ဒီမိုကရေစီစနစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။ “အနာဂတ်ကို အလေးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ အာဆီယံအသိုက်အ၀န်းရဲ့ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်များကိုလည်း ဘယ်လိုရွေးချယ် ချမှတ်သွားကြမလဲ ဆိုတာကိုပါ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်” ဟု သမ္မတကဆိုသည်။ 
 
ထို့ပြင် အာဆီယံအဖွဲ့အား ကျစ်လစ်ခိုင်မာပြီး ရည်ရွယ်ချက်များပြည့်မြောက်အောင် အာဆီယံအဖွဲ့အစည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန်အတွက်လည်း ဆွေးနွေးအမြင် ဖလှယ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ မလေးရှားလေကြောင်းလိုင်း၊ သဘာဝဘေးအန္တရာယ်ကိစ္စ အစရှိသည့် ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သော်လည်း တင်းမာမှုများ ရှိနေပြီး အများစိတ်ဝင်စားနေကြသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့်ပတ်သက်၍ အတိအကျ ပြောဆိုမှုများ မပြုလုပ်ခဲ့ပေ။ ရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကိုယ်စား သြစတြေးလျနိုင်ငံ၊ ဘရစ်ဇဘိန်းမြို့၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရမည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ 
 
“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုက်အ၀န်းကို အကောင်အထည်ဖော်ရေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံခေါင်းဆောင်များ အနေနဲ့ အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။ Eleven Media Group မေ ၁၁ ရက်ကပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန် ရှင်းလင်းပြောကြားစဉ်
 နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။

ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက် များ၏ မေးမြန်းချက်ကို ဖြေကြားလေ့ရှိသည်။

မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက် များ၏ မေးခွန်း များကို ဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာ ရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြား ရှင်းလင်းခဲ့ခြင်းသာ ဖြစ်ပါသည်။

“ပြောစရာ၊ ဆိုစရာတွေ အားလုံးက ပြောလည်းပြောပြီးသွားပြီ။ ပြည့်စုံသွားပြီဆိုတော့ သမ္မတကြီးအနေနဲ့ အမေးအဖြေ ထပ်လုပ်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အမေးအဖြေကဏ္ဍ မလုပ်တော့တာပါ” ဟု သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက် ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး အပြီး ပြုလုပ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေ ကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အား မေးခွန်းမေးမြန်းခွင့်ရခဲ့သော သတင်းထောက်များမှာ သတင်းစဉ်၊ MRTV-4 နှင့် မြ၀တီ သတင်းဌာနများမှ သတင်းထောက်များသာ ဖြစ်သည်။

မေ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပြီးဆုံးသည့် မေ ၁၁ ရက် ညနေ ၅ နာရီတွင် သမ္မတဦးသိန်းစိန်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ယခုထိပ်သီး အစည်းအဝေးသည် အာဆီယံအဖွဲ့သို့ မြန်မာဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ရွေးချယ်ထားသည့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ ၎င်းဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ လက်ရှိတည်ဆောက်နေသော ဒီမိုကရေစီစနစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

“အနာဂတ်ကို အလေးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ အာဆီယံအသိုက်အ၀န်းရဲ့ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်များကိုလည်း ဘယ်လိုရွေးချယ် ချမှတ်သွားကြမလဲ ဆိုတာကိုပါ ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်” ဟု သမ္မတကဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့အား ကျစ်လစ်ခိုင်မာပြီး ရည်ရွယ်ချက်များပြည့်မြောက်အောင် အာဆီယံ အဖွဲ့အစည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန် အတွက်လည်း ဆွေးနွေးအမြင် ဖလှယ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မီဒီယာများသို့ ပြောကြား ခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ မလေးရှားလေကြောင်းလိုင်း၊ သဘာဝဘေးအန္တရာယ်ကိစ္စ အစရှိသည့် ကိစ္စများကို ဆွေးနွေးနိုင် ခဲ့ကြကြောင်း ပြောကြားခဲ့သော်လည်း တင်းမာမှုများ ရှိနေပြီး အများစိတ်ဝင်စားနေ ကြသည့် တောင် တရုတ်ပင်လယ် အရေးကိစ္စနှင့်ပတ်သက်၍ အတိအကျ ပြောဆိုမှုများ မပြုလုပ်ခဲ့ပေ။

ရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကိုယ်စား သြစတြေးလျနိုင်ငံ၊ ဘရစ်ဇဘိန်းမြို့၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရမည့်အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုက်အ၀န်းကို အကောင်အထည်ဖော်ရေး ဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံခေါင်းဆောင်များ အနေနဲ့ အတည်ပြု ထုတ်ပြန်နိုင် ခဲ့ခြင်း ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

Eleven Media Group

ကန်တော့ခြင်းနှင့် ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များ

 အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟုနှစ်မျိုးရှိသည်။
(ကန်တော့ဆိုသည်မှာ အကုသိုလ်ကို ကန် ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုပါသည်။)

"ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များမှာ"
(က) အပါယ်လေးပါး
အပါယ်ဟူသည်မှာ ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့်မရသော
အရပ်ကို အပါယ်ဘုံဟုခေါ်သည်။
အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံဟု (၄)မျိုးရှိသည်။
 
(ခ)ကပ်သုံးပါး
၁။ သတ္ထန္တရကပ်- လက်နက် အမျိုးမျိုးဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
၂။ ရောဂန္တရကပ်- အနာရောဂါအမျိုးမျိုးဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
၃။ ဒုဗ္ဘိက္ခန္တရကပ်- အစာအာဟာရ ငတ်မွတ်ခေါင်းပါး ရှားပါး ငတ်ပြတ် သဖြင့်သေကြေပျက်စီးရသော ခေတ်ကာလ။
( သတ္ထ ၊ ရောဂ ၊ ဒုဗ္ဘိက္ခ၊ မှတ်ကြ ကပ်သုံးပါး)
 
(ဂ) ရပ်ပြစ်ရှစ်ပါး
၁။ ဘုရားပွင့်ဆဲကာလ ငရဲ၌ ဖြစ်ရခြင်း
၂။ တိရစ္ဆာန်ဘဝ ဖြစ်ရခြင်း
၃။ ပြိတ္တာ အသူရကာယ်ဘဝ ဖြစ်ရခြင်း
၎။ ရုပ်တရားသာရှိ၍ နာမ်တရားမရှိသော အသညသတ်ဗြဟ္မာ၊
နာမ်တရားသာရှိ၍ ရုပ်တရားမရှိသော အရူပဗြဟ္မာဘုံ၌ ဖြစ်ရခြင်း
၅။ ပစ္စန္တရာဇ် တိုင်းစွန်နယ်ဖျား ဇနပုဒ်၌ ဖြစ်ရခြင်း
၆။ မိစ္ဆာဒိဋ္ဌိဝါဒရှိနေသူဖြစ်ခြင်း(ဗုဒ္ဓဝါဒမှတပါးအခြားအယူကိုယူနေခြင်း)
၇။ တရားတော်ကို နားလည်နိုင်သောÓဏ်မရှိသူဖြစ်ခြင်း
၈။ ဘုရားမပွင့်သောအခါ လူဖြစ်ရခြင်း။
 
(ဃ) ရန်သူမျိုး ငါးပါး
(၁) ရေ (၂) မီး (၃) သူခိုး (၄) အမွေခံ သားဆိုး သမီးဆိုး (၅) မင်းဆိုး
 
(င) ဝိပတ္တိတရား လေးပါး
၁။ ကာလဝိပတ္တိ- လူအများ အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးသော အချိန်အခါဖြစ်ခြင်း
၂။ ဂတိဝိပတ္တိ- အပါယ်လေးပါးတို့၌ ဖြစ်ရခြင်း
၃။ ဥပဓိဝိပတ္တိ- ရုပ်ဆင်းအင်္ဂါ ချို့ယွင်းပျက်စီးခြင်း
၎။ ပယောဂဝိပတ္တိ- ကိုယ်မှု နှုတ်မှုကို ပယောဂဟုဆို၏။ အသိအလိမ္မာမရှိ, သတိ ဝီရိယလည်းမရှိဘဲ ပြုမှု၊ပြောမှု ကြံစည်မှုကို ပယောဂဝိပတ္တိဟုခေါ်ပါသည်။
 
(စ) ဗျသနတရား ငါးပါး
၁။ ဉာတိဗျသန- ဆွေမျိုးများ သေကြေပျက်စီးခြင်း
၂။ ဘောဂဗျသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
၃။ ရောဂဗျသန- အနာရောဂါဖြစ်ခြင်း
၎။ ဒိဋ္ဌိဗျသန- မိစ္ဆာအယူကို ယူခြင်း
၅။ သီလဗျသန- အကျင့်သီလ ပျက်စီးခြင်း
 
(အရှင်စန္ဒဇောတိ (သာသနာနွယ်)
နှလုံးသားအာဟာရ

သက်သတ်လွတ်သမားများ သိထားရမည့် အချက် (၄)ချက်

သက်သတ်လွတ်စားသူအနေဖြင့် အောက်ပါအချက်(၄)ချက်ကို လျှော့နည်းကြပါတယ်။
 
၁။ ပရိုတင်းဓါတ်လျှော့နည်းခြင်
၂။ ဗိုက်တာမင်ချို့တဲ့ခြင်း
၃။ ကယ်လိုရီလျှော့နည်းခြင်း
၎။ သတ္ထုဓါတ်များအားနည်းခြင်း
 
၁။ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန်
အသားမစားလို့ လျှော့နည်းနေတဲ့ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန် တိုဟူး၊ ပဲမျိုးစုံနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွတ်တို့ကို စားသုံးပေးပါက ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာသည့်အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ပဲကို ၂မျိုး ၃မျိုးသာ မဟုတ်ပဲ ပဲမျိုးစုံစားပေးဖို့ လိုအပ်ပါတယ်။
 
၂။ ဗိုက်တာမင်ဓါတ် ပြန်လည်ပြည့်ဝလာစေရန်
သွေးနီဆဲလ်များ ဖွဲ့စည်းရန်၊ နဗ်ဆဲများဖွဲ့စည်းရန်၊ DNA တည်ဆောက်ရန် ခန္ဓာကိုယ်အတွင်း ဗိုက်တာမင်ဓါတ် ရှိဖို့လိုအပ်ပါသည်။ အသားဓါတ်တွင်ပါဝင်သော ဗီတာမင် B12 ကို သက်သတ်လွတ်သမားများ ချို့တဲ့နေသည့်အတွက် စိတ်ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ အနံ့ခံအာရုံပျက်ခြင်း၊ ထုံကျင်ခြင်းနှင့် ဆီး၊ ၀မ်းမထိန်းနိုင်သောရောဂါတို့ ဖြစ်တတ်သည်။ ထိုကြောင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများစားသုံးပေးပါ။၊ ဗီတာမင် B12 ဆေးကို မှီဝဲပေးပါ။
 
၃။ ကယ်လိုရီလျှော့နည်းခြင်း
အစုံကို စားသုံးသူများထက် သက်သတ်လွတ်သမားများက ကယ်လိုရီဓါတ် အားနည်းနေပါသည်။ ထို့ကြောင့် ကယ်လိုရီဓါတ်ပြည့်ဝလာစေရန် အခွံမာသီးအစေ့များနှင့် သစ်သီးမျိုးစုံတို့ကို စားသုံးပေးပါ။
 
၎။ သတ္ထုဓါတ်များအားနည်းခြင်း
သံဓါတ်၊ ကာစီယမ်ဓါတ်နှင့် ဇင့်ဓါတ်အားနည်းပါက သွေးအားနည်းခြင်း၊ အရိုးပါးခြင်း၊ အမျိုးသားဟော်မုန်းဓါတ်အားနည်းခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် သံဓါတ်ပြည့်ဝစေရန် ကွေကာအုတ်၊ လိမ္မောသီးဖျော်ရည်တို့ကို သောက်ပေးပါ။ သံဓါတ်များစွာပါဝင်သည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွတ်များများ စာပေးပါ။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။

Ref: We love vegetarians
ကျန်းမာရေးသတင်းများ

ကိုယ်ကအရင် စပြင်ကြစို့

တစ်ခါတလေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင်
မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေမှာ
ကိုယ်ကအရင်စပြီး ဘယ်နှစ်ခါများ လျော့ချဖူးသလဲလို့။ ကိုယ်ကအရင် စပြီးတောင်းပန်တာ၊
ကိုယ်ကအရင်စပြီး ခွင့်လွှတ်ပေးတာ၊ ကိုယ်ကအရင်စပြီး သည်းခံတာ စသဖြင့်
ဘယ်နှစ်ခါများ လုပ်ဖူးသလဲလို့ပေါ့။မလုပ်ဖြစ်တာ များပါတယ်။

တစ်ချို့ ကိုယ်ကမှားနေမှန်း သိပေမယ့် ကိုယ့်မာနနဲ့ကိုယ်၊
ကိုယ်ဂုဏ်နဲ့ကိုယ်၊ ကိုယ့်အတ္တနဲ့ကို အလိုလို မာန်တက်ပြီး အမှန်ကို ဝန်ခံရဲတဲ့ သတ္တိ မရှိတော့
မထူးပါဘူးဆိုပြီး ကိုယ်ကအရင်စပြုပြင်ဖို့ မလုပ်ဖြစ်ကြတတ်ပါဘူး။

တကယ်ဆိုရင် ဘဝမှာ နေရတဲ့ အခိုက်အတန့်လေးဟာ
ဘာမှအကြာကြီး မဟုတ်ပါဘူး။ ညီညီညွတ်ညွတ် ၊ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ တစ်ဦးအကျိုးကို တစ်ဦးက
လိုလားတဲ့ မေတ္တာတရားလေးနဲ့သာ နေထိုင်နိုင်ကြရင်လောကကြီးဟာ သိပ်ကိုချမ်းသာမှာ အမှန်ပါပဲ။

ဆိုတော့ကား။ ဘယ်သူတွေ ဘယ်လိုပဲ မာန်ခံနေပါစေ၊
ဘယ်သူတွေ ဘယ်လိုပဲ တင်းနေပါစေ ၊ကိုယ့်ကိုကိုယ်တော့ မာန်တွေလျော့ဖို့၊
ကိုယ်ကအရင်စပြီး ခွင့်လွှတ်ဖို့၊ ကိုယ်ကအရင်စပြီး သည်းခံဖို့၊
ကိုယ်ကအရင်စပြီး မေတ္တာထားဖို့ ကြိုးစားကြည့်လိုက်ပါ။
အဲဒီလို ပြုပြင်လိုတဲ့ စိတ်လေးနဲ့သာ အားလုံးက ကိုယ်ကအရင်စပြီး လျော့ချနိုင်ရင် ကိုယ်လည်းငြိမ်းချမ်း၊
သူလည်းငြိမ်းချမ်း၊ လောကကြီးလည်း ငြိမ်းချမ်းသွားမှာ အမှန်ပါပဲ။
သေချာတာကတော့ လျော့ချနိုင်တဲ့သူဟာ အရင်ဆုံး
အပူသက်သာသွားမယ်ဆိုတာ အသေအချာပါပဲ။

မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်လမ်း (၁၀) ချက်

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာ သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေများပါတယ်။

ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင်ရဲ့အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အောက်ပါအကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။

၁။ ကိုယ်ဟန်အနေအထားမမှန်ရင် ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင်ထိန်းသိမ်းဖို့ အရေကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ ကိုယ်ဟန်အနေအထားမမှန်ရင် တင်းတောင့်နေတတ်တဲ့အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်အနေအထား မှန်ကန်ဖို့ သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာဖိစီးမှုကြောင့် ခေါင်းကိုက်တာအတွက်တော့ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးတာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။

၂။ စိုစွတ်တဲ့အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တဘက်တစ်ထည်ကိုစိမ်ပြီး ရေညှစ်ပါ။ ပြီးရင်နာကျင်နေတဲ့နေရာပေါ်အုပ်ထားပါ။

၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ပုံစံကတော့ မျက်စိတွေရဲ့နောက်ဘက်နားမှာ နာကျင်မှုခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။

၎။ ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက်အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ်နားပေးဖို့လိုအပ်ပါတယ်။

၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေဆီကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာတတ်ပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ပခုံးတွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။

၆။ အစာမစားဘဲ နေတာဟာလည်းခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့်အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။

၇။ ရေများများသောက်ပါ။ ရေဟာခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ်အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပါ။

၈။ လဲလျောင်းနေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကိုဖြေလျှော့အနားရစေပြီး ခေါင်းကိုက်သက်သာစေပါတယ်။

၉။ အကိုက်အခဲပျောက်ဆေးတွေက ခေါင်းကိုက်သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏခေါင်းကိုက်တိုင်း အကိုက်အခဲပျောက်ဆေး အမြဲလိုလိုသောက်နေတာက မကောင်းပါဘူး။ သင့်မှာ အစာအိမ်နာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေးသောက်ပါ။

၁၀။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေကတော့ သူတို့စားတဲ့အစာတွေကို မှတ်တမ်းထားဖို့လိုပါတယ်။ တချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

ဆေးပညာဆိုင်ရာဆောင်းပါးများ

  မြ၀တီ

လူသားများ မဖူးမြင်ရသော စေတီထူး (၃) ဆူ

၁။ စူဠာမဏိစေတီတော်
 
တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရား၏ဆံတော်မြတ်အား ဋ္ဌာပနာ၍
သိကြားမင်းတည်ထားသော စေတီဖြစ်၍အမြင့် ယူဇနာ (၃၀)ရှိ၏။

၂။ဒုဿစေတီတော်

သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတွင်အနာဂါမ်ပုဂ္ဂိုလ် ဗြဟ္မာဖြစ်သော(ဃဋိကာရဗြဟ္မာ)ကြီးက မြတ်စွာဘုရား၏
ဝတ်လဲတော်ကို ဋ္ဌာပနာ၍ တည်ထားသော စေတီဖြစ်၍အမြင့် ယူဇနာ(၁၂) ရှိ၏။

၃။မ ဟေသရ စေတီတော်

ဟိမဝန္တာတောင် အတွင်းရှိ မန္ဒာဂီရိအမည် ရှိသောတောင် မှမ ဟေသရနတ်မင်းသည် မြတ်စွာဘုရားရှင် နှင့်
တန်ခိုးရှင်ပြိုင် ရာ ရူံးနိမ့်ပြီးမြတ်စွာဘုရားထံ ဥပါသကာအဖြစ်ခံယူခဲ့သည်။ မြတ်စွာဘုရားရှင် အားရုပ်ပွားတော်သဏ္ဌာန်ကို ကိုးကွယ်ခွင့်ပေးရန်လျှောက်ထားရာ ခွင့်ပြုခဲ့သဖြင့်ရတနာခုနစ်ပါးနှင့် ဆန်းကျယ်သောကျောင်းတော်ကြီး ဆောက်လုပ်ပြီးဂန္ဓကုဋိတိုက် ဖန်ဆင်းကာ
လက္ခဏာတော်ကြီးငယ်တို့နှင့်တင့်တယ်သောဘုရားရှင် ၏ ရုပ်တုတော်ကို ပြုလုပ်၍
မျောက်မင်းတစ်ကောင် ကို အခြံအရံနှင့်တကွကျောင်းပရိဘောဂကို ပြုပြင်
ဆောင် ရွက် ရန် အပ်နှံထား၏။

အရှင် ဥာဏော

နိုင်ငံတော်၏ အလုပ်သမားများ

‘‘အ၀တ်လျှော် ပေးရ တယ်။ မီးပူတိုက်ပေးရတယ်။ လုံချည်တောင် လျှော်ခိုင်းတယ်။ သနပ်ခါးသွေးပေးရတယ်။ ချက်တာပြုတ်တာ၊ သန့်ရှင်းရေးကိစ္စအားလုံး လုပ်ပေးရတယ်။ နင်းနှိပ်ပေးရတယ်။ အိမ်ဖော်မဟုတ်ဘဲ အိမ်ဖော်တစ်ယောက်လို လုပ်နေရတယ်။ ဒီကြားထဲ အပြစ်မလွတ်ဘူး။ မထင်ရင် မထင်သလို အပြောအဆိုခံရပါတယ်။

ရုံးရောက်ရင်လည်း ဝေယျာဝစ္စအကုန်လုပ်ပေးရတယ်။ ရေပူရေအေး တောင်းတာပေးရတယ်။ ကော်ဖီ ဖျော်ပေးရတယ်။ ထမင်းချိုင့်ဖွင့်ပေး၊ သိမ်းပေးရတယ်’’

ဒီစကားတွေ ပြောပြတာက သာမန် အရပ်သူတစ်ယောက် မဟုတ်ဘူး။ အိမ်အကူ လုပ်သား တစ်ယောက်မဟုတ်ဘူး။ ဆယ် တန်းမအောင်၊ ဘွဲ့မရဘဲ အလုပ် ၀င်လုပ်နေတဲ့သူ မဟုတ်ဘူး။ ဆွေမျိုးတော်စပ်လို့၊ ကျေးဇူးခံ၊ ကျေးဇူးစား မကင်းရာ မကင်း ကြောင်းမို့ လုပ်ပေးနေရတဲ့သူ လည်း မဟုတ်ဘူး။ အတန်းပညာ အားဖြင့် မဟာဘွဲ့တစ်ခု ရထား တယ်။ အစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကနေ တိုက်ရိုက် ရွေးချယ်ခန့်ထားတဲ့ ဆရာမငယ်တစ်ဦး ဖြစ်ပါတယ်။

ကျုပ်မိတ်ဆွေ ဆရာမလေး က သူကိုယ်တိုင် ကြုံတွေ့ရတာ ကို ပြန်ပြောပြနေတာပါ။ ကျုပ် ဖြင့် အံ့ကိုသြလို့။ သူ့အထက်လူ ကြီးက အပျိုကြီးတဲ့။ နယ်မှာလာ ပြီး တာဝန်ထမ်းတာမို့ ရုံးကပေးတဲ့ လိုင်းခန်းမှာ နေတယ်လို့ဆိုပါ တယ်။ ဌာနမှာရှိတဲ့ အငယ်တန်း ၀န်ထမ်းတွေကို နိုင်ရာနိုင်ရာ ခေါ် ခေါ်ပြီး အလှည့်ကျ ခိုင်းတတ် တယ်လို့ သိရပါတယ်။ အချို့က လည်း အကျင့်ပါ အရိုးစွဲနေတဲ့ ‘‘ဖား’’စိတ်ဓာတ်နဲ့ လိုလိုလားလား လုပ်ပေးတတ်ကြတယ်လို့ ပြောပြ ပါတယ်။ မလွှဲမရှောင်သာလို့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေ တွေကို လာပြီးထိခိုက်ပတ်သက် မှာစိုးလို့ လုပ်ပေးကြရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ကျုပ်နားလည်ထားတာက အစိုးရ၀န်ထမ်းဆိုတာ ခန့်အပ် ထားတဲ့ ရာထူးအဆင့်တာဝန်နဲ့ အညီ အစိုးရရဲ့ ယန္တရားလည်ပတ် မှုမှာ ပါဝင်လုပ်ဆောင်ဖို့ ပြည်သူ ကို အလုပ်အကျွေးပြုဖို့ ဖြစ်ရပါ မယ်။ ရာထူးကြီးမြင့်သူတွေအ တွက် သီးသန့်ခန့်အပ်ထားတဲ့ ယာဉ်မောင်း၊ ထမင်းချက်၊ ဥယျာဉ်မှူးဆိုသူတွေတောင် သူတို့တာဝန်ယူရတဲ့ အရာရှိကြီးတွေ နိုင်ငံ့ တာဝန်ကို တင်းပြည့်ကျပ်ပြည့် ထမ်းရွက်နိုင်ဖို့ အထောက်အပံ့ ပေးရမှာ အဓိကဖြစ်ပါတယ်။

အရာရှိကြီးများရဲ့ ဇနီး မယား၊ သမီးသားမြေးများ ဈေးဝယ်လိုက်ပို့ဖို့၊ ကျောင်းပို့ ကျောင်းကြိုလုပ်ဖို့ ဘုရားဖူးအလှူအတန်းသွားဖို့၊ ညရေးညတာ ကိုယ်ရေးကိုယ်တာကိစ္စကအစ အချိန်မတော်လင်းအားကြီး ခေါ်တဲ့အချိန်တိုင်း ထသွားကြရတာကလည်း ၀န်ထမ်းငယ်တွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ၀န်ထမ်းငယ်တွေခမျာ သူတို့ အထက်အဆင့်ဆင့်အရာရှိကြီးများရဲ့ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုကိစ္စများကို တွဲဖက်ထမ်းဆောင်နေကြရတာ။ ကျုပ်တို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နိုင်ပါတယ်။

တချို့ ၀န်ထမ်းငယ်တွေ မှာ နိုင်ငံတော်က ခန့်အပ်ထားတဲ့ မူလတာဝန်ဝတ္တရားများကို လုံးဝ ထမ်းဆောင်စရာ မလိုတော့ဘဲ သူတို့ကို ကင်းလွတ်ခွင့် (Pass) ပေးထားတဲ့ အထက်လူကြီးအနား မှာပဲ တစ်ချိန်လုံး နေပေးကြရ တာလည်း ရှိပါတယ်။ လူကြီးဗေ ဒင်မေးသွားရင်လည်း လိုက်ပို့ရ တယ်။ တရားထိုင်သွားရင်လည်း လိုက်ပြီး စောင့်ပေးရတယ်။ ဆံပင်ညှပ်ဆိုင်၊ ဗြူတီပါလာဆိုင် သွားရင်လည်း အဖော်လိုက်ပေး ကြရတယ်။ ရုံးအားရက်မျိုးမှာ လူ ကြီးက စီးပွားရေးလုပ်ငန်းချဲ့ထွင် ဖို့၊ အိမ်ခြံမြေကွက် ၀ယ်ယူဖို့ စုံ စမ်းမေးမြန်းလှည့်လည်ရာမှာ လည်း မငြင်းဆန်နိုင်ဘဲ လိုက်ကြ ရတယ်။ ဒီလိုဖြစ်စဉ်တွေ အများ ကြီးရှိပါတယ်။

မြန်မာ့ဝန်ထမ်း အဖွဲ့အစည်းများအကြားမှာ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ လုပ်ပိုင်ခွင့် တွေနဲ့အတူ လွဲမှားပြီး ဘက်လိုက်မှုရှိတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုများကြောင့် နိုင်ငံတော်ရဲ့ ၀န်ဆောင်မှု၊ ထုတ်လုပ်မှုကဏ္ဍများစွာမှာ ဆုံးရှုံးမှုများစွာ ရှိနေတယ်လို့ ဆိုချင်ပါတယ်။ မြန်မာ့လူနေမှုပုံစံ အရင်းခံအကြောင်းတရားများနဲ့ အပြန်အလှန် နားလည်မှုများ၊ အပေးအယူလုပ်မှုများ။ အဂတိလိုက်မှုများ ပေါင်းစပ်လိုက်တဲ့အခါ ‘အကျင့်ပျက်ဝန်ထမ်းများ’ လို့ ဆိုနိုင်မယ့် အလွှာကြီးတစ်ခု အားကောင်းစွာ တည်ရှိနေပါတော့တယ်။

ရာထူးငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ၀န်ထမ်းအား လုံးသည် နိုင်ငံတော်ရဲ့ လခစား အလုပ်သမားများ ဖြစ်ပါတယ်။ အလုပ်သမားဆိုတာ ကိုယ်ယူ ထားတဲ့ အခကြေးငွေနဲ့ ညီမျှ အောင် အလုပ်လုပ်ရပါမယ်။ ပို၍ပို၍ ကောင်းအောင်၊ လုပ်နိုင်အောင်လည်း အားထုတ်နေရပါ မယ်။ ခိုမယ်၊ ကပ်မယ်၊ အခွင့်အရေးယူမယ်ဆိုရင် မသင့်တော်ပါ ဘူး။ နိုင်ငံတော်ရဲ့ အလုပ်သမားတွေထဲမှာ တောင်သူလယ်သမား တွေ၊ ကာယဉာဏလုပ်သားတွေ၊ ပုဂ္ဂလိက၊ အစိုးရ၀န်ထမ်းတွေ၊ စီမံကွပ်ကဲအုပ်ချုပ်သူတွေ အားလုံးပါပါတယ်။

လုပ်ငန်းတစ်ခုဟာ ပိုင်ရှင် က စိတ်စေတနာကောင်းရှိမယ်၊ ဖွဲ့စည်း လည်ပတ်ရပ်တည်မှု လည်း ခိုင်မာမယ်၊ အလုပ်သမား တွေကလည်း ကြိုးစားမယ်ဆိုရင် အောင်မြင်မှာ သေချာပါတယ်။ နိုင်ငံတော်ကို ပိုင်တာက အထက် မှာ ဖော်ပြခဲ့တဲ့ အလုပ်သမားတွေ အပါအ၀င် ကျုပ်တို့ပြည်သူတစ် ရပ်လုံး ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံ တော်ရဲ့ ပိုင်ရှင်ဟာ နိုင်ငံတော်ရဲ့ အလုပ်သမားတွေပဲ ဖြစ်နေပြန် ပါတယ်။ ဒါကြောင့် ကျုပ်တို့ အားလုံးရဲ့ တာဝန်က ပိုပြီးကြီးပါ တယ်။

ယိုယွင်းချည့်နဲ့မှုများစွာကို တည့်မတ်ဖို့ ပြန်လည်အရှိန်ယူစ ပြုနေတဲ့ ကျုပ်တို့နိုင်ငံတော်ကို ဆက်လက်လည်ပတ်ခရီးနှင်ဖို့ ပိုင်ရှင်တစ်ဖြစ်လဲ ကျုပ်တို့ အ လုပ်သမားတွေ ညီညီညွတ်ညွတ် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါပေ မဲ့ အလုပ်သမားဆိုတာ ထိုက်သင့် တဲ့လစာ၊ ထိုက်သင့်တဲ့ အခွင့်အ ရေးရမှ အလုပ်လုပ်ချင်စိတ်ရှိမှာ ဖြစ်ပါတယ်။ လစာနဲ့ အသုံးစရိတ် မကာမိ၊ မလုံလောက်တဲ့အခါ အ လုပ်သမားတွေက ထွက်ပေါက် ရှာတတ်ကြပါတယ်။ ရပိုင်ခွင့် တွေ၊ လုပ်ပိုင်ခွင့်တွေကို လောဘ မသတ်နိုင်တဲ့အခါ အကြီးအကဲ အသီးသီးက ထင်တိုင်းကြဲတတ် ကြပါတယ်။

ဒီဆောင်းပါး စစချင်းမှာ ကျုပ်တင်ပြခဲ့သလိုပဲ ကိုယ့်အ လုပ်ကို မလုပ်ရ၊ ကိုယ့်တာဝန်ကို မထမ်းရ၊ မိသားစုအရေးကိစ္စ ထက် ကိုယ့်အထက်က လူကြီး မင်းများရဲ့ ပိုင်စိုးပိုင်နင်း စေခိုင်း မှုများကြောင့်လည်း နစ်နာထိ ခိုက်နေရသူတွေ အများကြီးရှိပါ တယ်။ နိုင်ငံ့ဝန်ထမ်း အကြီးအကဲ တွေကလည်း အာဏာကို အလွဲ သုံးစား မလုပ်သင့်ပါဘူး။ လက် အောက်ငယ်သား အစိုးရ၀န်ထမ်း တွေကလည်း တာဝန်ကို ရှောင် လွှဲပြီး လူကြီးအနားမှာ ကပ်မနေ သင့်ပါဘူး။

တစ်လတစ်လ နိုင်ငံတော် နဲ့ ပြည်သူအတွက် ဘာမှ မလုပ် လိုက်ရဘဲ လစာမှန်မှန် ထုတ်နေ သူတွေများနေဦးမယ်ဆိုရင် ဒီမို ကရေစီနိုင်ငံတော်သစ်အတွက် အဟန့်အတားဖြစ်နေဦးမှာပါပဲ။ ကျုပ်တို့ အားလုံးဟာ တက်ညီ လက်ညီ ရုန်းကန်နေကြရမယ့် နိုင်ငံတော်ရဲ့ အလုပ်သမားတွေ ဖြစ်တယ်ဆိုတာ မမေ့ဖို့ အရေး ကြီးပါတယ် ။   ။

7day

မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါ

မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာနည်းသိဖို့လိုပါတယ်။

တချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့သဘောနဲ့ပြန်တော့ပေးကမ်းကြပါရဲ့။

ဒါပေမဲ့ သူတောင်းစားပေး ပေးနေကြတယ်။ ဒီလိုမပေးကြနဲ့။အသေအချာစည်းကမ်းတကျ ဖြစ်စေရမယ်။

မိဘကို အမြင့်မှာထိုင်ခိုင်း၊သားသမီးက ရိုးသေကျိုးနွံစွာ
အောက်မှာထိုင်၊လှူမယ့်ငွေကြေးပစ္စည်းခုံပေါ်တင်၊သားသမီးက လက်အုပ်ချီကန်တော့ပြီး ပေးလှူကြ။

တို့ဘုန်းကြီးတွေကို မင်းတို့လူတွေကရှိခိုးလှူဒါန်းကြသလိုပေါ့။
မိဘကျေးဇူးကို လျစ်လျူရှုတဲ့နှလုံးသားမျိုး သိမ်းပိုက်မထားမိစေနဲ့။

(တည်တောဆရာတော်ဘုရားကြီး)

Young Buddhist's Associationl

မျက်နှာပေါ်တွင် အမာရွတ် လုံးဝမရှိချင်ဘူးဆိုရင်

လူတစ်ယောက်အတွက် မျက်နှာဟာ နံပါတ် ၁ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာပေါ်တွင် အမည်းစက်များ အမာရွတ်များ ရှိနေခြင်းဟာ သင့်ကို လွန်စွာပင် ကြည့်မကောင်းအောင် ဖြစ်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှ အမာရွတ်များ လုံးဝမရှိရလေအောင်

(၁) မျက်နှာပေါ်မှာ ဝက်ခြံပေါက်ပါက လက်သည်းဖြင့် ကုတ်တာ ညစ်တာ စတာတွေကို မလုပ်ပါနဲ့။

(၂) ဝက်ခြံကို စူးချွန်များဖြင့် ဖောက်ပစ်တာမျိုးကို မလုပ်ပါနဲ့။

(၃) မျက်နှာပေါ်မှာ ဝက်ခြံ ဒါမှမဟုတ် အခြားအဖုတွေ ပေါက်နေချိန်မှာ မျက်နှာကြေးကြွတ်ဆေးများ အသုံးမပြုမိ ပါစေနဲ့။

(၄) မျက်နှာပေါ်မှာ ဝက်ခြံ ဒါမှမဟုတ် အခြားအဖုတွေ ပှုနေသော အဝတ်များနှင့် မအုပ်မိအောင် အထူး ဂရိုစိုက်ပါ။

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆံပင်နှစ်ခွ ဖြစ်ခြင်းအတွက် ကာကွယ်နည်းများ

ဆံပင်နှစ်ခွဖြစ်လို့ စိတ်ညစ်နေသူများ အတွက် ကောင်းမွန်သောနည်းလမ်းကောင်း များနှင့် ရှောင်ကြဉ်သင့် သည့် အရာတွေကိုရေးသားပေးလိုက်ရပါတယ်။

(၁) ဆေးဆိုးခြင်းကို ဖြစ်နိုင်ရင် မလုပ်ပါနဲ့။

(၂) နေ့စဉ်ခေါင်းဖြီးပေးပါ။

(၃) ဆံပင်ကို ပြင်းထန်သော လေများတိုက်ခတ်မှု မရှိအောင် နေထိုင်ပါ။

(၄) ကောင်းမွန်သော ခေါင်းလျော်ရည်များကိုသာ အသုံးပြုပါ။

(၅) ဦးရေပြားအား နှိပ်နှယ်ပေးပြီး ရေနွေ့ငွေ့ပေးမှုများ လုပ်ပါ။

(၆) အရည်အသွေး ကောင်းမွန်သော ခေါင်းလိမ်းဆီများကိုသာ လိမ်းပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

မန်စီးတီး ချန်ပီယံ ဖလား ဆွတ်ခူး

  ပရီးမီးယားလိဂ် နောက်ဆုံးနေ့ပွဲစဉ်တွေ မေလ ၁၁ ရက် တနဂင်္နွေနေ့ ယူကေ စံတော်ချိန် ညနေ ၃ နာရီမှာ တပြိုင်တည်း စကစားပါတယ်။

ဇယားထိပ်မှာ ပြေးနေတဲ့ မန်စီးတီးက လန်ဒန်က ဝက်စဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ ကစားရပါတယ်။

မန်စီးတီးက ဒီပွဲမကစားခင်အထိ ဒုတိယနေရာက လစ်ဗာပူးလ်နဲ့ နှစ်မှတ်ကွာနေပြီး ဂိုးကွာခြားမှုမှာလည်း အပြတ်သာနေတာမို့ ဒီပွဲမှာ သရေကျပြီး တမှတ်ရရင်တောင် ဂိုးအသာနဲ့ ဗိုလ်စွဲမှာပါ။

တကယ်တန်း ကစားတော့ မန်စီးတီးက နာဆာရီ၊ ကုမ်ပနီတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်နိုင်ခဲ့ပါတယ်။

လစ်ဗာပူးလ်ကတော့ နယူးကတ်ဆယ်နဲ့ ကစားရတာမှာ တစ်ဂိုး အရင်ပေးလိုက်ရပါတယ်။ ဒုတိယပိုင်းကျမှ သူတို့ရဲ့ ဂိုးသွင်းစက်တွေဖြစ်ကြတဲ့ ဆွာရက်စ်နဲ့ စတားရစ်ခ်ျတို့က နှစ်ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် မန်စီတီးကလည်း ဟိုဖက်မှာ နိုင်လိုက်လို့ ချန်ပီယံဖလားကိုတော့ မန်စီတီးပဲ ထိုက်ထိုက်တန်တန် ရယူသွားပါတော့တယ်။

ဒီနှစ် ရာသီအပြီးမှာ မန်စီးတီးက စုစုပေါင်း အမှတ် ၈၆ မှတ်၊ ဂိုးအသာ ၆၅ ဂိုး ရခဲ့ပြီး လစ်ဗာပူးလ်ကတော့ ၈၄ မှတ်နဲ့ ဂိုးအသာ ၅၁ ဂိုးနဲ့ ဘောလုံးရာသီကို အဆုံးသတ်ခဲ့ကြတာပါ။

ချယ်လ်ဆီး၊ အာဆင်နယ်

မန်နေဂျာတွေထဲမှာ ဘယ်သူက နှာတဖျား အသာရသွား ခဲ့ပါသလဲ

နောက်ဆုံးနေ့ပွဲတွေမှာ ချယ်လ်ဆီးက တန်းဆင်းရပြီး ဖြစ်နေတဲ့ ကားဒစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယနေရာနဲ့ ကြေနပ်လိုက်ရပါတယ်။ သူရခဲ့တဲ့ စုစုပေါင်း အမှတ်က ၈၂ မှတ်ပါ။

စတုတ္ထနေရာရသွားတဲ့ အာဆင်နယ်ကတော့ နောရစ်ခ်ျကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဟားလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ အဲဗာတန်ကတော့ နံပတ်ငါးနေရာ ရပါတယ်။ သူ့နောက်မှာတော့ တော့တင်ဟန် ဟော့စပါးစ်က နံပတ် ၆၊ ဒီနှစ်မှာ ခြေပျက်လှတဲ့ မနှစ်က ချန်ပီယံ မန်ယူကတော့ ဖလားတခုမှလည်းမရ ဥရောပပွဲတွေနဲ့လည်း လာမယ့် နှစ်မှာ ဝေးလို့ နံပတ် ၇ နေရာနဲ့ပဲ ကြေနပ်လိုက်ရပါတယ်။ နောက်ဆုံးနေ့ပွဲစဉ်မှာလည်း ဆောက်သမ်ပတန်ကို တစ်ဂိုးစီ သရေပဲ ကစားသွားနိုင်ခဲ့ပါတယ်။

နောရစ်ခ်ျ၊ ဖူလ်ဟမ် နဲ့ ကားဒစ်တို့ကတော့ အောက်တန်းဆင်းသွားကြရပြီ ဖြစ်ပါတယ်။

ဒီနှစ် ဘောလုံးရာသီအတွက် ဂိုးအများဆုံးသွင်းသူဆုတွေကိုတော့ လစ်ဗာပူးလ်က တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆွာရက်စ်က ၃၁ ဂိုးနဲ့ ပထမ၊ စတားရစ်ခ်ျက ၂၁ ဂိုးနဲ့ ဒုတိယရပါတယ်၊ သူတို့နောက်မှာတော့ မန်စီးတီးက ယာယာတိုရေက ၂၀ ဂိုး၊ မန်စီးတီးကပဲ အဂွားရိုးက ၁၇ ဂိုး၊ မန်ယူက ဝိန်းရူနီက ၁၇ ဂိုး အသီးသီး သွင်းခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဦးသိန်းစိန် မိန့်ခွန်းပြောကြား

မန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေစဉ်အတွင်း မှာ ဒေသ တွင်း ရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တဲ့ သဘောတူစာချုပ် အပြီးသတ်ရေးဆွဲနိုင်ဖို့ကို ဦးစားပေးဆောင်ရွက်မယ့် အစီအစဉ်ကို ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်ပါတယ်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်လှစ်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ညနေပိုင်းမှာ နိုင်ငံတော်သမ္မတက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲ ပူးပေါင်းဆောင်ရွက်မယ့်အထဲ မှာ ပြည်သူ ဗဟိုပြု အာဆီယံအဖွဲ့ဖြစ်လာဖို့ ကြိုးပမ်းသွားမှာ ဖြစ်သလို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ တစ်ခုတည်းသော ဈေးကွက် ဖြစ်လာရေး ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးမှာ အားလုံး လက်ခံနိုင်မယ့် အကောက်ခွန်စနစ် တစ်ခု ဖြစ်လာရေး စတဲ့ ၂ဝ၁၅ အလွန် အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက်တွေ ကိုလည်း အဖွဲ့ဝင် နိုင်ငံအားလုံးက သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှု၊ အကူအညီပေးနိုင်မှုတွေမှာ ထိရောက်မှုရှိအောင် ရှိထားပြီးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက် နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်တွေ ကိုလည်း ပိုမိုထိရောက်အောင် ကြိုးပမ်းဖို့ကိုလည်း အဖွဲ့ဝင်တွေက သဘောတူခဲ့ကြပါတယ်။

RFA Burmese

ဗုဒ္ဓသာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ 
***************************************

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။
ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။
ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---၁။နီလရောင်ခြည်တော်။ ၂။ပီတရောင်ခြည်တော်။ ၃။လောဟိတ ရောင်ခြည်တော်။ ၄။သြဒါတရောင်ခြည်တော်။ ၅။မဉ္ဇိဋ္ဌရောင်ခြည်တော်။ ၆။ပဘဿရ ရောင်ခြည်တော် စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

၁။နီလရောင်ခြည်တော် နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ဆံတော်, မုတ်ဆိတ်တော်,မျက်ဝန်းတော်တခို,စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။

၂။ပီတရောင်ခြည်တော် ၀ါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၃။လောဟိတ ရောင်ခြည်တော် အနီရောင်အဆင်းရှိပြီးမြတ်ဗုဒ္ဓ၏အာတော်, လျှာတော်,နှုတ်ခမ်းတော်, ခြေဖ၀ါးတော်,လက်ဖ၀ါးတော်, ခြေသည်းတော်,လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၎။သြဒါတရောင်ခြည်တော် အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏သွားတော်,စွယ်တော်, အရိုးတော်, မျက်ဖြူတော်,ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၅။မဉ္ဇိဋ္ဌရောင်ခြည်တော် ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၆။ပဘဿရ ရောင်ခြည်တော် ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။
မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။

စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး)ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။
၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။
၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။

မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။
မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ကြည်ညိုသဒ္ဓါ ပွားများခဲ့ရပေသည်။
ဗုဒ္ဓသာသနာ့အလံတော်သည် ဗုဒ္ဓဘုရားရှင်၏သာသနာ တည့်တံ့ပြန့်ပွားရာ နေရာတိုင်းတွင် ကြည်ညိုသဒ္ဓါ ပြည့်ဝစွာဖြင့် တလွင့်လွင့် ပျံ့လွင့်လျက် ရှိနေမည် ဖြစ်သည်။
ကျမ်းကိုး။ ။ ဆရာချစ်ဆွေ-ဘထွေးလေး၏ဗုဒ္ဓသာသနာ့ အလံတော်နှင့် သြကာသကန်တော့ခန်း(ဓမ္မဒါနစာအုပ်)မှ ဖြစ်ပါသည်။
စိမ့်စမ်း (ပညာရေး)

Credit To>> ကို သီရိ

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆) မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။

  ကို သီရိ

ယောက်ျားများကိုထိန်းနည်း

ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယောက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောယောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်းဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။ မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။

၃. လူကိုထိန်းနည်း
နံပါတ်သုံးနည်းကိုအသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။ ဘယ်ယောက်ျားမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။

၎. မိမိကိုယ်ကိုယ်ထိန်းနည်း

နံပါတ်လေးနည်းကိုအသုံးပြုသော မိန်းကလေးသည် အသိဉာဏ်ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။ ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကိုပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုယ်မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ်ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မိန်းကလေးတစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင်နေခြင်းမဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေးဖြစ်ရမည်။
အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောက်ျားသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။ မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်းဘဝကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။

မိမိကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။
သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ။

နိုင်းနိုင်းစနေ

မိန်းကလေးတစ်ယောက် ကြွေလာအောင် ဖုန်းပြောနည်း

သင်နဲ့ ကောင်မလေး မြင်ဖူးကြမယ်၊ ဆုံဖူးကြမယ်၊ အဲ့ဒီနောက် သူ့ကို ကြိုက်မိမယ်၊ အဲ့ဒီ့ကတဆင့် ကောင်မလေး ကို ကြွေစေချင်လာလိမ့်မယ်။ ဒါတွေက သင်ဖြစ်နေနိုင်တဲ့ စိတ်အခြေအနေတွေပါ။ ဟုတ်တယ် ဆိုရင်တော့ ဆက်ဖတ်ပေါ့။ ကောင်မလေး ကြွေလာအောင် လုပ်တဲ့နေရာမှာ ကြိုးစားဖို့လိုတယ်။ လူကိုယ်တိုင်တွေ့ပြီး ဆွယ်နိုင်ရမယ်။ အဲ့ဒီ့တော့် ဖုန်းနဲ့စကားပြောရတဲ့ အဆင့်ကတည်းက တစ်ဝက်လောက် သေချာနေဖို့လိုတယ်။ ဖုန်းထဲမှာ သူရဲ့အမူအရာတွေ၊ စိတ်အခြေအနေတွေကို သေချာမသိနိုင်ပေမယ့် သူရဲ့လေသံ ကိုတော့ ခံစားကြည့်လို့ရနိုင်ပါတယ်။ အဲ့ဒီ့ လေသံကိုခွဲခြားသိရှိပြီး ဖုန်းပြောတဲ့အခါ သူမစိတ်ကျေနပ်မှုရှိအောင် ပြောပေးရမှာပါ။

၁။ ဖုန်းခေါ်ရမယ့် အချိန်ကောင်းကိုသိအောင်လုပ်ပါ။
တစ်နေ့တာ အတွင်းမှာ အဆင်ပြေရင်ပြေသလို ဖုန်းမခေါ်ပါနဲ့။ တစ်နေ့ကို အကြိမ် ၂၀ လောက်လည်း ဖုန်းမဆက်ပါနဲ့။ သူ့ကိုဘယ်အချိန်မှာ ဖုန်းခေါ်ရင် အဆင်ပြေတယ်ဆိုတာကို သိထားအောင်လုပ်ပါ။ နေ့လည်စာစားတဲ့အချိန်၊ အလုပ်ကနေ အိမ်ကိုပြန်လာတဲ့အချိန်၊ ဒါမှမဟုတ် ညနက်မှ ခေါ်တာမျိုးပေါ့။ ဘယ်အချိန်မှာ ဖုန်းခေါ်ရင် အဆင်ပြေတယ်ဆိုတာသိပြီဆိုရင်တော့ စကားဦးလမ်းကြောင်းတဲ့ဖို့သာ စဉ်းစားပေတော့။

၂။ ဘာပြောရမယ်ဆိုတာ သိပါ။
ကောင်မလေးနဲ့ ဖုန်းပြောတဲ့အခါ ဘာမဟုတ်တဲ့ အကြောင်းအရာတွေ ပြောနေမယ်၊ အီနေမယ် ဆိုတာ သိပါတယ်။ အဲ့ဒီ့လိုတွေ လဲပြောသင့်သလို အလုပ်အကြောင်း၊ အလုပ်မှာ ဘယ်လောက်အခက်တွေ့တယ် ဆိုတဲ့ အကြောင်းတွေကို ဘယ်တော့မှ မပြောပါနဲ့။ သူက သောကတက်စာ တွေကို ပြန်ရတဲ့ ဆောင်းပါးရှင် မဟုတ်ပါဘူး။ သူဟာ သင်ကြွေစေချင်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ လက်ရှိသူမ ဘ၀မှာ ဖြစ်ပျက်နေတာ တွေနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ရှိကြောင်းပြတဲ့ စကားမျိုးတွေလဲ ပြောပေးပါ။ သူ့မိဘတွေအကြောင်း၊ သူ့အလုပ်အကိုင် အကြောင်းတွေကို နောက်မှမေးပါ။ အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်မယ့် စကားလမ်းကြောင်းကို သူ့ဟာသူ ဆက်ခင်းသွားပါလိမ့်မယ်။ သင့် အရင်ကောင်မလေး အကြောင်းကို လုံးဝမပြောမိပါစေနဲ့။ လုံးဝ ကန့်သတ်ချက်ပါ။

၃။ စိတ်ပါဝင်စားမှုကို ပြပါ။
သူအခုလက်ရှိ ဖြစ်နေတဲ့ ဘ၀အကြောင်းကို စိတ်ပါဝင်စားမှု ရှိကြောင်းပြပါ။ သူ့မိဘတွေအကြောင်း၊ သူ့အလုပ်အကိုင် အကြောင်းတွေကို နောက်မှမေးပါ။ အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်မယ့် စကားလမ်းကြောင်းကို သူ့ဟာသူ ဆက်ခင်းသွားပါလိမ့်မယ်။

၎။ ပျားသကာလိုချိုချို စကားကို ပြောပါ။
သင်သာ ဖုန်းထဲမှာ စကားကို ညှင်ညှင်သာသာနဲ့ ချိုချို ပြောနိုင်ရင် သူက ကြွေကောင်းကြွေလာနိုင်ပါတယ်။ စကားကို ဒေါသတကြီးနဲ့ မပြောမိပါစေနဲ့။ သူ့ကိုချစ်တဲ့စိတ်ကို သာ လွှမ်းမိုးထားစေပြီး အဲ့ဒီ့ချစ်စိတ်နဲ့သာ စကားပြောပါ။

၅။ မလိမ်ပါနဲ့။
သင် လိမ်ပြောချင်စိတ် ဖြစ်ကောင်းဖြစ်မိ ပါလိမ့်မယ်။ ဖုန်းပြောနေတုန်း ရုပ်ရှင်ရိုက်မယ်(လုပ်ကြံဇာတ်ခင်း)၊ ရှေ့နောက်မညီတဲ့ စကားမျိုးတွေ ပြောမယ်ဆိုရင် တစ်ခုခုတော့ မှားနေပြီဆိုတာ သူသိလိုက်မှာပါ။ သင့်ရည်ရွယ်ရင်းတွေ အပေါ် သူမက သံသယ၀င်လာပြီ၊ ဒါမှမဟုတ် သင့်အပေါ် ယုံကြည်စိတ် ကင်းမဲ့လာပြီ ဆိုရင်တော့ အဆင်းဘီးတပ်ဆင်း သလိုပဲ ဖြစ်တော့မှာပါ။

၆။ အာရုံစိုက် နားထောင်တတ်သူကောင်း တစ်ယောက် ဖြစ်ပါစေ။
သူပြောတဲ့ အကြောင်းအရာတွေကို နားမထောင်ဘူးဆိုရင်တော့ အချိန်တွေ ဖြုန်းတာနဲ့ အတူတူပါပဲ။ သူ့ရဲ့ပြောစကားတွေကို ရာနှုန်းပြည့် အာရုံစိုက်နားထောင်ပါ။

၇။ နှစ်ယောက် စလုံး စိတ်ဝင်စားမယ့် အကြောင်းတွေကို ပြောပါ။
သူစိတ်မ၀င်စားတဲ့ အကြောင်းတွေကို ပြောနေရင် သူမ ပျင်းလာပါလိမ့်မယ်။ အဲ့ဒီ့အတွက် နှစ်ယောက်စလုံး စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ရွေးပြောပါ။

၈။ (တတ်နိုင်မယ်ဆိုရင်) သီချင်းဆိုပြပါ။
ဒီအချက်နဲ့ ပတ်သက်လို့ သင့်အတွက် အဆန်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားကြည့် သင့်ပါတယ်။ သင်သာ အသံကောင်းမယ်ဆိုရင် ဖုန်းထဲကနေ သီချင်းဆိုပြ သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဂီတာလေးတီးပြီးတော့ပေါ့။ ဖုန်းထဲကနေ ကြွေသွားမှာ ညွတ်လာမှာ အသေအချာပါပဲ။

Ref:mensxp
myet shin
world myanmar

ရှိသမျှ စည်းစိမ် အကုန်ရောင်းလို့ ဆင်းရဲကလေးငယ် များကို ကျွေးမွေးသူ သန်းကြွယ်သူဌေး

noble person
 
ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်က Scott Neeson လို့ အမည်ရပြီး 20th Century Fox ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေးမှာ ၁၀ နှစ်ကြာ ဥက္ကဌ အဖြစ် ဦးဆောင်လုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။

သူ့လက်ထက်မှာ တိုက်တန်းနစ် ရုပ်ရှင်၊ X Men, Braveheart, Independence Day, Star War တို့လို အောင်မြင်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ် နိုင်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲ ပါဝင်ခဲ့ ပါတယ်။ သက္ကရာဇ် ၂၀၀၃ ခုနှစ် အရောက်မှာတော့ 20 Centry မှ ထွက်ခွာပြီး ကမ္ဘောဒီးယားကို သွားပါတယ်။ ကမ္ဘောဒီးယားက အမှိုက်ပုံတွေ ပေါ်မှာ အမှိုက်ကောက်၊ အသက်မွေး ဝမ်းကျောင်း ပြုနေတဲ့ ကလေး ငယ်တွေကို မြင်တော့ သနား နာကျင်တဲ့ ဝေဒနာ ခံစား ရပြီး နောက်တော့ ဖောင်ဒေးရှင်း တစ်ခု ထောင်ဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။

ရှိသမျှ အိမ်၊ ကား၊ ဇိမ်ခံရွက်လှေနဲ့ စည်းစိမ် အားလုံး အားလုံး တစ်ခု မကျန် အကုန် ရောင်းချပြီး သူ့ဖောင်ဒေးရှင်းမှာ ရင်းနှီးလိုက်ပါတယ်။ အခု ဆိုရင် သူ့ကျွေးမွေး ထောက်ပံ့မှုကြောင့် ကလေးပေါင်း တစ်ထောင်ကျော် ဆင်းရဲတွင်းမှ လွတ်ခဲ့ ပါပြီ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို တာဝန်ယူလို့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ လက်ရှိမှာလည်း ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

မိမိ စည်းစိမ်ကို တွယ်တာ၊ သက်ညာမှု မရှိပဲ တစ်ပါး ဆင်းရဲ အားနွယ့်သူကို သနား၊ ကြင်နာ ကူညီတဲ့ Scott Neeson  ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။        

အောင်ခမ်း (ရိုးရာလေး)