မြန်မာနိုင်ငံမှာ
ဒီနေ့ခေတ် လူငယ်တွေဟာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်ဆံခြင်းဆိုတဲ့
ယဉ်ကျေးမှု အသစ်တစ်ရပ်နဲ့ ရင် ဆိုင်နေရတယ်။ မဝေးလှတဲ့ အတိတ်ကာလမှာ
အဲဒီယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက် စစ်ယဉ်ကျေးမှု ဆိုတာရှိခဲ့တယ်။
စစ်ယဉ်ကျေးမှု
ဟာ လွတ်လပ်ခွင့်ကိုချုပ်ချယ်ကန့် သတ်တဲ့ ယဉ်ကျေးမှုဆိုတော့ လွတ်လပ်မှုကို
လိုလားတဲ့ လူငယ် တွေနဲ့ထိပ်တိုက်တိုးကြတာပေါ့။ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံး
အထိနာတယ်။ အဆုံးအရှုံးကြီး တယ်။ စစ်ယဉ်ကျေးမှုအလွန်
မြန်မာလူငယ်တွေရင်ဆိုင်နေရတာ လွတ်လပ်ပွင့်လင်းမှုကို အားပေးတဲ့ ယဉ်ကျေးမှု။
နိုင်ငံတကာ အဖွဲ့အစည်းများ (INGOs)ဆိုပါ တော့။ လွတ်လပ်မှုကို ဆောင် ကြဉ်းတဲ့
ဒီအဖွဲ့အစည်းတွေနဲ့ လွတ်လပ်မှုကိုမြတ်နိုးတဲ့ မြန်မာ လူငယ်တွေ အတူတကွအလုပ်
လုပ်ကြရင်း တွန်းမိ၊ တိုက်မိတာ တွေရှိလာတယ်။ အကူအညီ အထောက်အပံ့တွေ
မထိရောက်ဘူးဆိုတာ အပြင်ကတင်မဟုတ် ဘူး။ အတွင်းမှာလည်း ဝန်ထမ်းအချင်းချင်း၊
နိုင်ငံသားဝန်ထမ်းတွေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ အကြား လစာ၊
ခံစားခွင့်မမျှတဘူး။ ခွဲခြားဆက်ဆံမှုတွေရှိတယ် ဆိုပြီး အသံတွေထွက်လာတယ်။
INGO တွေမှာ အလုပ်လုပ်ပြီး အပြင်ရောက်သွားတဲ့သူတွေဆီက ဒါလားဟဲ့ INGO
ဆိုပြီး ရင်ဖွင့်သံတွေ နေရာ အနှံ့ကြား လာရတယ်။
လူ့လောကမှာ
ကိုယ့်လူ့ အဖွဲ့အစည်းအတွင်းမှာ အချင်း ချင်းပဲဖြစ်ဖြစ်၊ ကိုယ့်လူ့အဖွဲ့
အစည်းနဲ့ အခြားလူ့ အဖွဲ့အစည်း ပဲဖြစ်ဖြစ် အသွင်မတူသူအချင်း ချင်း
ထိပ်တိုက်တိုးမိကြရင်း ပဋိ ပက္ခတွေ၊ စစ်ပွဲတွေဖြစ် လာတတ် တယ်။ ဆိုကြပါစို့။
လူမျိုးတစ်မျိုး နဲ့တစ်မျိုး ပြဿနာဖြစ်တယ်။ ဘာသာတစ်ခုနဲ့တစ်ခု ပြဿနာ
ဖြစ်တယ်။ ဓလေ့မတူဘူး။ ထုံး တမ်းစဉ်လာမတူဘူး။ အတွေး အခေါ်၊ အယူအဆမတူဘူး။ ဒါ
ကြောင့်လည်း ကမ္ဘာ့ သမိုင်းမှာ စစ်ပွဲတွေနဲ့ချည်း ပြည့်နှက်နေ တယ်။
အဲဒီလိုယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးကြတာကို ဖြေ ရှင်း
ဆောင်ရွက်ဖို့ဆိုပြီး ကမ္ဘာ့ကုလ သမဂ္ဂလို၊ ဥရောပသမဂ္ဂလိုအဖွဲ့
အစည်းတွေပေါ်ပေါက်လာတယ်။ အာဖရိက၊ တောင်အမေရိကနဲ့ အာရှမှာလည်း
ဒေသဆိုင်ရာအဖွဲ့ တွေပေါ်လာတယ်။ နိုင်ငံတကာ မှာ လည်း နိုင်ငံတကာအဖွဲ့အစည်း
တွေမှိုလိုပေါက်လာတယ်။ အား လုံးရဲ့ရည်ရွယ်ချက်က အကူ အညီလိုတဲ့ သူတွေကို
အကူအညီပေးဖို့ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ပဋိပက္ခတွေ မဖြစ်ထွန်း၊
မပေါ်ပေါက်ဖို့ဖြစ်တယ်။ ဆိုရရင် နိုင်ငံတကာ ဆက်ဆံရေးမှာ
နိုင်ငံတကာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆိုတာ ဒုတိယကမ္ဘာစစ်အပြီးမှာ
အထင်အရှားဖြစ်ထွန်းပေါ်ပေါက် လာခဲ့ပြီး ၁၉၉၁ခုနှစ် ဆိုဗီယက်
ယူနီယံပြိုကွဲအပြီး အနောက်နိုင်ငံများရဲ့ ဒီမိုကရက်တစ်စံနှုန်းစံထားများ
ဝှဲချီးအောင်ပွဲခံချိန်မှာ အားကောင်းမောင်းသန် အရှိန်ရလာခဲ့တယ်။
မြန်မာနိုင်ငံမှာ
ကမ္ဘာ့ကုလ သမဂ္ဂ(UN)နဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေ (INGOs) ရှိခဲ့တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သို့ သော်နိုင်ငံတကာအဖွဲ့အစည်း (INGO)
ဆိုတဲ့ဝေါဟာရ ခေတ်စားလာတာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဆိုင်ကလုန်း
နာဂစ်ဝင်ရောက် တိုက်ခတ်ပြီးမှ သာဖြစ်တယ်။ နိုင်ငံအတွင်းရှိပြီးသား INGO
တွေလေး၊ ငါးဆမကကြီးထွားလာ သလို အဖွဲ့အသစ်တွေလည်း အများအပြား ဝင်ရောက်လာတယ်။
အဲဒီကာလကို မြန်မာနိုင်ငံရဲ့ INGOပထမလှိုင်းလို့ ယေဘုယျ သတ်မှတ်လို့ရတယ်။
ဝင်လာတဲ့ အဖွဲ့အများစု က ဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ INGO
တွေဖြစ်ကြတယ်။ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးတို့ (Child
Protection) သက်မွေးဝမ်း ကျောင်းတို့ (Livelihood) ဆိုတာ တွေ
ခပ်များများကြားခဲ့ရတယ်။
၂၀၁၁ ခုနှစ်မြန်မာနိုင်ငံမှာ အစိုးရသစ်
အပြောင်းအလဲနှင့် အတူ နောက်ထပ် INGO အမျိုး အစား အသစ်တွေ ဝင်လာတယ်။
မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကူညီထောက်ပံ့ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဝင်လာတာဖြစ်ပြီး သူတို့ဆီက ဒီမိုကရေစီတို့၊ လူ့
အခွင့်အရေးတို့ဆိုတဲ့ ဝေါဟာရ တွေမြိုင်မြိုင် ဆိုင် ဆိုင်ကြားလာရ ပြန်တယ်။
မြန်မာနိုင်ငံရဲ့ INGO ဒုတိယလှိုင်းဆိုပါစို့။ တကယ် တော့
နိုင်ငံတစ်နိုင်ငံမှာ INGO တွေဝင်ရောက်လုပ်ကိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ
အဲဒီနိုင်ငံက အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ဝင်ရောက်အစားထိုးလုပ်ကိုင်တာ
မဟုတ်ဘဲ အစိုးရကမလုပ်ဆောင် နိုင်၊ လုပ်ဆောင်ဖို့အခက်အခဲရှိတဲ့ နယ်ပယ်တွေမှာ
အကူအညီ သဘောမျိုးဝင်ရောက်အားဖြည့် လုပ်ကိုင်ကြခြင်းသာဖြစ်တယ်။ ဆိုရရင်
ယာယီသဘောဆောင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွား ရေးကျရင် အဲဒီနိုင်ငံမှာ
တက္ကစီ တွေများလာသ လို နိုင်ငံရေး၊ လူမှု ရေးလိုအပ်ချက်များပြားနေရင် လည်း
နိုင်ငံတကာအဖွဲ့အစည်း တွေဝင်ရောက်လာ တတ်တယ်ဆို တာသတိချပ်ဖို့လိုတယ်။ ဘာပဲ
ပြောပြော အကောင်းဘက်က ကြည့်ရင် INGO တွေများ လာ တော့ ပြည်တွင်းက လူငယ်ပညာ
တတ်တွေ အလုပ်ရတယ်။ အတွေ့အကြုံရတယ်။ ဟိုတယ်၊ တည်းခိုခန်းတွေလည်း လူဝင်
တယ်ပေါ့ဗျာ။
သို့သော် INGO တွေအပေါ် ဝေဖန်မှုတွေ အခုတစ်လောတိုး လာနေတယ်။
အသုံးအစွဲကြမ်းတယ်။ ဇိမ်ခံတယ်။ လစာတွေ အများကြီးယူတယ်။ အကူအညီငွေတွေ
မထိရောက်ဘူးစသည်ဖြင့် ဝေဖန်ကြတယ်။ အဲဒီလို ဝေဖန်မှု မျိုးဟာ INGO ပထမလှိုင်း
လောက်မှာ ကတည်းကရှိခဲ့ပေမယ့် အခု INGO ဒုတိယလှိုင်း မှာ
ဝေဖန်သံတွေပိုထွက်လာတယ်။ အထူးသဖြင့် INGO အတွင်းထဲမှာကို
ဝန်ထမ်းအချင်းချင်း ခံစားခွင့်တွေ မမျှတဘူး။ နိုင်ငံခြားသား အချင်းချင်း
ဂရုစိုက်တယ်။ ဒေ သခံ ဝန်ထမ်းတွေကို အလေးမထားဘူး။ ခွဲခြား ဆက်ဆံမှုတွေရှိတယ်။
အကျင့်ပျက်ခြစားမှုတွေရှိတယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဝေဖန် ကြတယ်။
နိုင်ငံခြား သားဆိုရင် အထင်တကြီးရှိတတ်တဲ့ မြန်မာတွေရဲ့စရိုက်က INGO
လုပ်ငန်းခွင်မှာ သူတို့နိုင်ငံတကာ ဝန်ထမ်းတွေနဲ့ နဖူးတွေ့၊
ဒူးတွေ့ရင်ဆိုင်လုပ်ကိုင်ရတဲ့အခါမှာ အံ့အားကြီး သင့်စေတယ်။ လိုရင်တစ်မျိုး၊
မလိုရင်တစ်မျိုး အာဏာရှင်ဆန်ဆန် လုပ်တာမျိုးတွေဟာ INGO လောကမှာ
အားလုံးမဟုတ်ပေမယ့် အတော်များများမှာ ရှိတယ်ဆိုတာ လုပ်တာကြာလေ သိလေ
ဖြစ်လာကြတယ်။
INGO ဆိုတာကလည်း ဒီနေ့ခေတ်မြန်မာလူငယ်တွေရဲ့
အဓိကအလုပ်အကိုင် အခွင့်အလမ်း တစ်ရပ်လိုဖြစ် လာတော့
အခုလိုဝေဖန်နေကြတာတွေအပေါ် အလေးထားဖို့ဖြစ်လာတယ်။ တကယ်တော့ မြန်မာနိုင်ငံ
သားတွေဟာ ဒီနေ့ခေတ်မှာ ယဉ်ကျေးမှုအသစ်တစ်ရပ်နဲ့
ရင်ဆိုင်ကြုံတွေ့နေရခြင်းသာဖြစ်တယ်။ အဲဒီ ယဉ်ကျေးမှုအသစ်က
နိုင်ငံခြားသားတွေပဲဖြစ်တယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပဲဖြစ်တယ်။
မြန်မာနိုင်ငံ ဆို အခုတစ်လော နိုင်ငံတကာမှာ သိပ်စိတ်ဝင်စားကြတော့ပြည်ပက
သုတေသီတွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကိုစုပြုံဝင်လာနေတယ်။
မြန်မာနိုင်ငံမှာရုံးခွဲမရှိရင်၊ သုတေသနမလုပ်ဘူးဆိုရင် ကိုယ်ခေတ်မမီသလို
ဖြစ်နေတယ်။ ဒီတော့ နိုင်ငံခြား သားနဲ့ မြန်မာတွေအထိအတွေ့ ကပိုများလာတယ်။
အဲဒီတော့ တစ်ယောက်အကြောင်း တစ် ယောက်ပိုသိလာကြတာပေါ့ဗျာ။
ယဉ်ကျေးမှုချင်းထိတွေ့ကြ
ပြီဆိုပါတော့။ အဲဒီယဉ်ကျေးမှု အသစ်အကြောင်း မဆက်ခင် မြန်မာပြည်သူတွေ
ထိတွေ့ခဲ့ရတဲ့ ယဉ်ကျေးမှုအဟောင်းက စစ်ယဉ် ကျေးမှုဗျ။ ၁၉၈၈ ကနေ ၂၀၁၀ ဆိုတော့
နှစ်ပေါင်းနှစ် ဆယ်မက ကြာခဲ့တယ်။ အဲဒီတုန်းက စစ်
ယဉ်ကျေးမှုရဲ့ဖိနှိပ်တဲ့သဘော သဘာဝနဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ မတရားမှုကို
အာမခံလိုတဲ့ယဉ် ကျေးမှု မကြာခဏထိပ်တိုက်တိုး ပြီး တိုင်းပြည်လည်းသိပ်နာခဲ့တာ
လား။ စစ်ယဉ်ကျေးမှုကာလ စာ ရေးသူတို့လူ့အဖွဲ့အစည်း ရှင်သန် ခဲ့ရတဲ့ကာလဟာ
သိပ်မွန်းကျပ် တယ်။ တရားမျှတမှုကိုလိုလား သူ၊ လွတ်လပ်ခွင့်ကို လိုလားသူ
တွေအဖို့ ရေနည်းနည်းလေးနဲ့ ရှင် သန်ရတဲ့ ငါးတွေလိုပဲ။ အဲဒီကာလ
မြန်မာတို့ရဲ့စံနှုန်းစံထား၊ တန်ဖိုး တွေ စာရိတ္တတွေဆိုတာ တစ်စစီ
ပျက်ယွင်းခဲ့ရ တယ်။ အစိုးရရုံး တွေမှာဆိုလည်း စစ်ယဉ်ကျေးမှု လွှမ်းတော့
မတရားခြစားမှုတွေ သိပ်များခဲ့တယ်။ ဒီလိုနဲ့ စစ်ယဉ် ကျေးမှုအလွန် INGO
ယဉ်ကျေးမှု ကာလမှာ ပညာတတ်မြန်မာလူ ငယ်တွေရဲ့ INGO တွေအပေါ် မကျေလည်မှုတွေ
တိုးလာပြန် တယ်။
တကယ်တော့ ဒါဟာ နိုင်ငံ တကာဆက်ဆံရေး သဘောသဘာဝပဲဖြစ်တယ်။ ဆိုလိုတာ နိုင်ငံတကာ ဆက်ဆံရေးမှာ တရားမျှတတယ်ဆိုတာမရှိဘူးလို့ ထင်တယ်။
တရားမျှတချင်ယောင်
ဆောင်တာပဲရှိတယ်။ အားလုံး ကိုယ့်အကျိုးစီးပွားအတွက် အလုပ်လုပ်နေကြခြင်း
သာဖြစ်တယ်။ကောင်းတယ်ဆိုလည်း ပါးပါးလေးပဲကောင်းကြလိမ့်မယ်။
ကိုယ့်နိုင်ငံမှမဟုတ်တာဘဲလေ။ ဒါဆို လူ့အခွင့်အရေးတို့၊
သာတူညီမျှမှုတို့ဆိုတာ ဘယ်မှာတုံးလို့ မေးစရာရှိတယ်။ လူ့အခွင့်အရေးတို့၊
သာတူညီမျှမှုတို့ ဆိုတာတွေကကိုယ့်အတွင်းမှာသာ ဖန်တီးဖော်ဆောင်ရမှာဖြစ်တယ်။
အပြောင်းအလဲဟာ အတွင်းကပဲလာရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ
ပံ့ပိုးကူညီရုံမျှသာဖြစ်တယ်။ အချိန်တန်ရင် အိမ်ပြန်ကြမှာသာ ဖြစ်တယ်။
အချို့က
နိုင်ငံတကာအဖွဲ့ အစည်းတွေအပေါ်မှာ အလွန် အမင်းအားကိုးတယ်။ သူတို့
အထောက်အပံ့ အပေါ်မှာ သာယာတယ်။ အထောက်အပံ့ဆို ဘယ်အထောက်အပံ့မှမကောင်းဘူး။
နိုင်ငံတကာ ဆက်ဆံရေးမှာ နေ့လယ်စာ အလကားမကျွေးဘူး ဆိုတဲ့ဆိုရိုးစကားရှိတယ်။
ဆိုလိုတာ အထောက်အပံ့ ဆိုတာနဲ့ နှောင်ကြိုးဆိုတာရှိတယ်။
နှောင်ကြိုးမိထားရင်လည်း ရုန်းရခက်တယ်။ ဒါကြောင့် ဒီနေ့ကာလမှာ INGOအတွင်းက
နိုင်ငံသားဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ INGO ပြင်ပ က INGOနဲ့
ဆက်သွယ်ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဒီ INGO ယဉ်ကျေးမှုနဲ့
လိုက်လျောညီထွေရှိဖို့ လိုတယ်။ ဆိုလိုတာ တချို့နေ ရာတွေမှာ အားမနာတမ်း
ပြောကြ၊ ဆိုကြဖို့ လိုတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်ကတောင်းမှသာ
ရမှာဖြစ်တယ်။
တချို့ INGO တွေဆို လူသားရင်းမြစ်ဖွံ့ဖြိုးရေးလို့သာ
အော်နေတာ။ ကိုယ့်အထဲက နိုင်ငံသားဝန်ထမ်းတွေ ကို ဘာမှ
လုပ်ပိုင်ခွင့်ပေးတာမဟုတ်ဘူး။ သူတို့ပဲ အားလုံးကျိတ်လုပ်၊ ပြီးမှသာ
နိုင်ငံသားဝန်ထမ်းတွေ ကို တောက်တိုမည်ရခိုင်းတာမျိုးရှိတယ်။ ဒီတော့
သူတို့ပြန်သွားရင် ဒီကဝန်ထမ်းတွေမှာ ဘာစွမ်းဆောင်ရည်
(Capacity)မှကျန်ခဲ့မှာမဟုတ်ဘူး။ စာရေးသူနိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုမှာ
အလုပ်လုပ်ဖူးတယ်။ ကိုယ့်နိုင်ငံသားဝန်ထမ်းအချို့ အမှားအယွင်းလုပ်မိရင်
ပြောလို့ကိုမဆုံးဘူး။ သူတို့နိုင်ငံခြားသားအချင်းချင်း အမှားအယွင်းဖြစ်ရင်
ရူးချင် ယောင်ဆောင်နေတယ်။ ဘယ် လောက်အမှားကြီးပါစေ။ အချင်း ချင်းချေကြ တယ်။
စစ်အုပ်ချုပ်ရေးကာလ အစ်ကိုကြီး၊ ညီလေး ယဉ်ကျေးမှုကို သွားအမှတ်ရစေ တယ်။
တကယ်တော့
INGO ယဉ် ကျေးမှုမှာ ယူတတ်ရင်အများကြီး ရတယ်။ ကိုယ့်ဘက်ကမညံ့ဖို့
တော့လိုတယ်။ အားမနာဖို့လို တယ်။ ဆိုလိုတာ နိုင်ငံတကာအဖွဲ့အစည်းဆိုတာ
နိုင်ငံခြားသား ပေါင်းစုံနဲ့ ဆက်ဆံရတာ ဆိုတော့ သင်ယူမှုဝန်းကျင်ကပိုကြီးတယ်။
ပိုကျယ်ပြန့်တယ်။ စာရေးသူဆို သူတို့ကို ဘာမှကြိုတင်အစီရင်ခံ မနေဘူး။
လုပ်ချင်တာလုပ်တယ်။ အဖွဲ့အစည်းရဲ့ဘောင်အတွင်းက ပေါ့နော်။
ပြီးမှအစီရင်ခံတယ်။ တင်ပြ တယ်။ ဒီတော့ သူတို့က စာရေးသူကို
ရှေ့ဆောင်နိုင်စွမ်း (Initiative) ရှိတယ်ဆိုပြီး အမှတ် ပေးကြတယ်။
အဲဒီလိုလုပ်တာ အမြဲမှန်တယ်တော့ မဟုတ်ဘူး။ အန္တရာယ်များတယ်။ သို့သော်
နောက်ကနေလိုက်မ လား၊ ရှေ့ ကနေသွားမလားဆိုရင် အန္တရာယ်များသည့်တိုင်
စာရေးသူကတော့ နောက်ကတစ်ခုကိုရွေးမှာပဲ။
ဒါကြောင့် စာရေးသူတို့ ဒီ
ယဉ်ကျေးမှုအသစ်နဲ့အလုပ်လုပ် တဲ့အခါမှာ အတွေးအခေါ်၊ အယူ
အဆတွေပြောင်းဖို့လိုတယ်။ သူ တစ်ကျပ်၊ ကိုယ်တစ်ကျပ်ဆိုတာ
မျိုးတော့တွက်လို့မရဘူး။ တစ်ခါ တလေ ဒီအဖွဲ့မကောင်းဘူးဆို ပေမယ့်
နောက်အဖွဲ့ကလည်း ဒီအဖွဲ့လိုပဲ မမျှတဘူးဆိုလည်း အတွင်းက တိုက်ကြ ရအောင်။
တိုက်ပွဲခေါ်သံဟာ အတွင်းကပဲ လာရမယ်။ လူ့သမိုင်းမှာ တောင်း ပွဲ၊
တိုက်ပွဲတွေဆိုတာ ဘယ်တော့ မှရပ်စဲမသွားဘူး။ အခုလည်း မရပ်ဘူး။
နောင်လည်းရပ်မှာ မဟုတ်ဘူး။ လူသားဆိုတာရှိနေ သမျှ တရားမမျှတဘူးဆိုတာရှိ
နေမယ်။ ပဋိပက္ခတွေရှိနေမယ်။ ဒါကြောင့် ကိုယ်ညံ့ရင် ကိုယ်သာ ခံရမှာဖြစ် တယ်။
တောင်းပွဲ၊ တိုက်ပွဲဆိုတာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက်ပဲဘောင်
ခတ်ထားတာမဟုတ်ဘူး။ တရား မျှတမှုအားနည်းတဲ့ မည်သည့်လူ့ အဖွဲ့အစည်းကိုမဆို
တောင်းဆို ပိုင်ခွင့်ရှိတယ်။
စာရေးသူတို့ မြန်မာလူငယ် တွေအနေနဲ့
ယဉ်ကျေးမှုအသစ်နဲ့ ထိတွေ့အလုပ်လုပ်ကြရင်း INGOတွေကို ကိုယ်နိုင်သလောက်
အတွင်းကပဲ ဝိုင်းဝန်းထိန်းကျောင်းကြစေချင်တယ်။ INGO တွေရဲ့ ရင်းမြစ်တွေကို
ကိုယ်နိုင်သလောက် ပါးပါးနပ်နပ်အသုံးချရင်း
ကိုယ့်ရဲ့တစ်ဦးချင်းသင်ယူမှုစွမ်းရည်၊ နိုင်ငံတကာ ဆက်ဆံရေး
စွမ်းရည်တွေကိုလည်း မြှင့်တင်ပြီး ယဉ်ကျေးမှုအသစ်ကို
နိုင်ငံတော်အကျိုးစီးပွားအတွက် ဝိုင်းဝန်းထိန်းကျောင်းကြပါလို့
ဒီဆောင်းပါးနဲ့တိုက်တွန်းပါရစေ။
အောင်အောင် (IR)