24 Jun 2014

ဘောလုံးပွဲ (သို့မဟုတ်) ကျည်ဆံမပါသော စစ်ပွဲ

ဘောလုံးပွဲ (သို့မဟုတ်) ကျည်ဆံမပါသော စစ်ပွဲ
ဘရာဇီးနှင့် ခရိုအေးရှားပွဲ တွင် ဘရာဇီးက ဂိုးသွင်းယူစဉ် (ဓာတ်ပုံ – Reuters)

နိုင်ငံကိုယ်စားပြုအသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ဘောလုံးပွဲကို နိုင်ငံအချင်းချင်းဖြစ်တဲ့ စစ်ပွဲနဲ့ နှိုင်းယှဉ်ကြတယ်။ ဘောလုံးပွဲဟာ အမျိုးသားရေးစိတ်ဓာတ်တွေ တရားဝင်ပြသခွင့်ရတဲ့ ကစားနည်း ဖြစ်သလို၊ အာဏာရှင်အစိုးရတွေက အသုံးချတဲ့ အားကစားနည်းတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပွဲကို အမျိုးသားရေး ဇာတ်သွင်းတာကို တချို့က ဝေဖန်ကြပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို မြန်မာတွေလည်း အိပ်ရေးပျက်ခံအားပေးကြတယ်။ ကမ္ဘာ့ အဆင့်အတန်းမမီလို့ မြန်မာအသင်း မပါပေမယ့် ကိုယ်ကြိုက်တဲ့ အသင်းကို မွေးစား အားပေးကြတယ်။ ကိုယ့်နိုင်ငံ အသင်းမဟုတ်လို့ နိုင်နိုင်၊ ရှုံးရှုံး ခံစားရလည်း ခဏပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာတုန်းက မြန်မာအသင်း ရှုံးသလိုမျိုး ကြေကွဲခံစားရမှာ မဟုတ်တာ သေချာပါတယ်။


နိုင်ငံတကာမှာ ယှဉ်ပြိုင်ကြတဲ့အခါ ဘယ်လို အားကစားနည်းတွေထဲမှာ ဘောလုံးကတော့ လူကြိုက်အများဆုံး၊ အကျယ်ပြန့်ဆုံး အားကစားပါပဲ။ ကိုယ့်နိုင်ငံအသင်း အနိုင်၊ အရှုံးဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ဂုဏ်သိက္ခာအထိ သက်ဆိုင်တယ်။ အင်္ဂလိပ်တွေကဆိုရင် အင်္ဂလန်ဘောလုံးအသင်း နည်းပြတာဝန်ဟာ ၀န်ကြီးချုပ်တာဝန်ပြီးရင် ဒုတိယ အရေးအကြီးဆုံးလို့ အဆိုရှိပါတယ်။

ရယ်စရာ မောစရာလိုလို ပြောကြတာဆိုပေမယ့် တစိတ်တပိုင်းမှန်တဲ့ ဟာသပါ။ ဒီနေ့ တကမ္ဘာလုံးမှာ ကစားနေကြတဲ့ ဘောလုံး ကစားနည်းကို  ဖြန့်ဖြူးခဲ့တဲ့ လူမျိုးကလည်း အင်္ဂလိပ်လူမျိုးတွေ ပါပဲ။
ဒါပေမယ့် ဘောလုံးပွဲကို အမျိုးသားရေးဇာတ်သွင်းတာကို လက်မခံနိုင်တဲ့သူတွေထဲမှာ နာမည်ကျော် အင်္ဂလိပ်စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ်လည်း ပါဝင်တယ်။ ဘောလုံးပွဲကြောင့် နိုင်ငံတွေ အချင်းချင်းကြားမှာ ချစ်ကြည်ရင်းနှီးမှု ရတယ်ဆိုတာကို ဂျော့ခ်ျအော်ဝဲလ် က လက်မခံပါဘူး။ အားကစား စိတ်ဓာတ် (the sporting spirit) ဆိုတဲ့ သူရဲ့အက်ဆေးတပုဒ်မှာ ဘောလုံးပွဲတွေကို အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ကစားကြမယ်ဆိုရင် သေနတ်မပစ်တဲ့ စစ်ပွဲတပွဲနဲ့ အတူတူပါပဲလို့ အပြစ်တင်ခဲ့တယ်။ ဘောလုံးပွဲနဲ့ အမျိုးသားရေး ၀ါဒ ရောထွေးနေရင် အပြိုင်အဆိုင် စိတ်ဓာတ်တွေ၊ အမုန်းတရားတွေကို ဆွပေးသလိုပဲလို့ အပြစ်တင်ခဲ့တယ်။

အမျိုးသားရေး စိတ်အခံနဲ့ ကစားတဲ့အခါ ကစားပွဲဟာလည်း ဘယ်တော့မှ မျှတတဲ့ ကစားပွဲမဖြစ်နိုင်ဘူး။ အမုန်းတရားတွေ၊ မနာလိုဝန်တိုမှုတွေ၊ မာန်နထောင်လွှာတာတွေကြောင့် ကစားပွဲစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီး ရုန်းရင်းဆန်ခတ်နဲ့ ပွဲပျက်သွားတာများတယ်လို့ ရေးထားပါတယ်။ ဒုတိယ ကမ္ဘာစစ် အစောပိုင်းကာလ ၁၉၄၁ မှာ ရေးခဲ့တဲ့ အက်ဆေး ဖြစ်လို့ အဲဒီကတည်းက အငြင်းပွားခဲ့ရပြီး အခုထိ အငြင်းပွားစရာ အယူအဆပါ၊ စစ်ဖြစ်နေတဲ့အချိန်မှာ ဘောလုံးပွဲကို ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ သဟဇာတဖြစ်ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကစားဖို့မဖြစ်နိုင်ဘူးလို့ ဂျော့ခ်ျအော်ဝဲလ်က မြင်တာကို နားလည်နိုင်ပါတယ်။


ဒါပေမယ့် ဘောလုံးပွဲကတော့ အပျော်အားကစားဆိုတဲ့ ဘောင်ကို ကျော်ပြီး နိုင်ငံရေးနဲ့ အမျိုးသားရေးနယ်ထဲကနေ နောက်ပြန်လှည့်လို့ မရတော့ပါဘူး။  ဖောက်ကလန်ကျွန်းစစ်ပွဲနဲ့ ရှုံးတဲ့ အာဂျင်တီးနားသားတွေက ၁၉၈၆ ကမ္ဘာ့ဖလားမှာ မာရာဒိုနာက အင်္ဂလန်အသင်းကို ဒိုင်မမြင်အောင် လက်နဲ့ ပုတ်သွင်းပြီး နိုင်တော့ “ဘုရားပေးတဲ့လက်” ဆိုပြီး ပျော်ကြတယ်။ ၁၉၅၄ မှာ ဂျာမန်အသင်းက ဟန်ဂေရီ အသင်းကို အနိုင်ရတော့လည်း စစ်ရှုံးပြီး သိမ်ငယ်နေတဲ့ ဂျာမန်တွေ ပျော်ကြ အောင်ပွဲခံကြတယ်။ ၁၉၈၈ ဥရောပ ချန်ပီယံဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဟော်လန် အသင်းက ဂျာမန် အသင်းကို အနိုင်ရတဲ့အခါ ဟော်လန်သားတွေက ဂျာမန်ကို လက်စားချေနိုင်တာပဲ ဆိုပြီ လမ်းပေါ်မှာ နေ့ရောညပါ အောင်ပွဲခံကြတယ်။

 လူအုပ်ကြီးဟာ ၁၉၄၅ မေလမှာ လွတ်လပ်ရေးရတဲ့ အချိန်က အောင်ပွဲခံတဲ့လူဦးရေထက် ပိုများတယ်လို့ ဆိုတယ်။ အခုအထိလည်း ဥရောပမှာ ဘောလုံးပွဲနဲ့ အမျိုးသားရေးဝါဒ ဒွေးရောယှက်တင် ဖြစ်မှုက လုံးဝပျောက်သွားတော့ မဟုတ်ပါဘူး။ ဒါပေမယ် အရင်လောက် မပြင်းထန်တော့ပါဘူး။ ဂျာမနီ အသင်း နိုင်သွားလို့ အရင်လို ကမ္ဘာစစ်ခံစားချက်နဲ့ တွဲပြီး မခံမရပ်နိုင် မဖြစ်ကြတော့ပါဘူး။ စစ်ပွဲတွေ အလွန် ဥရောပဟာ ပိုပေါင်းစည်းသွားသလို ဘောလုံးပွဲ ယဉ်ကျေးမှုကလည်း ပိုပြီး သဘောထားကြီးတဲ့ဘက်၊ သဟဇာတဖြစ်မှုဘက်ကို တဖြည်းဖြည်း ပြောင်းလာပါတယ်။

ဒါပေမယ့် ဂျော့ခ်ျအော်ဝဲလ်ရဲ့ အက်ဆေးထဲမှာပါတဲ့ မြန်မာပြည်မှာကတော့ အခုအထိ မပြောင်းလဲသေးပါဘူး။ ဂျော့ခ်ျအော်ဝဲဟာ မြန်မာပြည်မှာ ရဲဝန်ထမ်းအဖြစ် နှစ်အနည်းငယ်နေထိုင်ခဲ့ပြီး မြန်မာပြည် နောက်ခံကားထားပြီး Burmese Days ကို ရေးသားခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာပြည်မှာ သူကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲတွေမှာ ဆိုရင် ဘောလုံးကွင်းထဲကို ပရိသတ်တွေ မ၀င်နိုင်အောင် ရဲတွေ အလုံးအရင်းနဲ့ ပိတ်ထားရတယ်။ တခါက မြန်မာပြည်က ဘောလုံးပွဲမှာ ပွဲရှိန်တက်နေတုန်း အဆုံးအဖြတ် အချိန်မျိုးမှာ လူအုပ်ကြီးက ရဲတွေကို ထိုးဖောက်ပြီး တဖက်အသင်းရဲ့ ဂိုးသမားကို ၀ိုင်းချုပ်ထားတဲ့ အထိ ဖြစ်တယ်လို့ ရေးထားတယ်။


ဒီဘက်ခေတ်မှာလည်း နေ့စဉ်ဘ၀မှာ စိတ်ပျက်နေကြတဲ့ မြန်မာပြည်သူတွေဟာ ခံစားချက်တွေကို ဖွင့်ထုတ်ချင်လို့ ဘောလုံးပွဲတွေကို သွားကြ၊ အစိုးရကို မကျေနပ်တာနဲ့ ဘောလုံးကွင်းမှာ အော်ဟစ်ဆဲဆိုကြ၊ အဆင်မပြေမှုမျိုးစုံ မကျေနပ်ချက်မျိုးစုံကြောင့် ရန်ဖြစ်လွယ်တဲ့ အကြောင်းတွေကို Animal Farm (ခြေလေးချောင်း တော်လှန်ရေးလို့ သခင်ဘသောင်းက ဘာသာပြန်တယ်)၊ 1984 တို့လို အကြွင်းမဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး စာအုပ်တွေ ရေးသားခဲ့တဲ့ ဂျော့ခ်ျအော်ဝဲလ် သိရင် ဘယ်ပြောမလဲလို့ သိချင်မိပါတယ်။  ဒီလိုပဲ အာဏာရှင် အစိုးရက ဘောလုံးပွဲတွေကို အလွန်အကျွံ အမျိုးသားရေးဇာတ်သွင်းပြီး မစားရ၀ခမန်း၊ လူတွေကို အာရုံလွှဲဖို့ အသုံးချတာကို တွေ့ရရင် ဘောလုံးပွဲအပေါ် ဂျော့အော်ဝဲလ်ရဲ့ အဆိုးမြင်တာ ပိုတောင် ဆိုးသွား နိုင်မလားလို့ တွေးမိပါတယ်။

လူသားတွေရဲ့ အမျိုးသားရေးဝါဒ အကြောင်းကို ပါမောက္ခ ဘန်နီဒစ် အန်ဒါဆင် (Benedict Anderson) က ၁၉၈၃ ခုနှစ်မှာ စိတ်ကူးယဉ် လူ့အဖွဲ့အစည်းများ “Imagined communities” ဆိုတဲ့ စာအုပ်တအုပ်ရေးခဲ့တယ်။ အကျဉ်းချုပ်ကတော့ နိုင်ငံတွေဆိုတာဟာ စိတ်ကူးထဲက နိုင်ငံရေး လူ့အဖွဲ့အစည်းလို့ ဆိုတယ်။ နိုင်ငံတခုထဲက လူတွေဟာ အချင်းချင်း အပြင်မှာ မဆုံဖူး၊ စကားမပြောဖူးကြပေမယ့် စိတ်ကူးနဲ့ ချိတ်ဆက် တည်ဆောက်ထားကြတယ်။ ဥပမာ အိုလံပစ်လို နိုင်ငံတကာ အားကစားပွဲမှာ မိမိနိုင်ငံသားတွေ ယှဉ်ပြိုင်တဲ့အခါမျိုးမှာ ဒါ ငါတို့ နိုင်ငံကိုယ်စားပြု၊ ငါတို့ နိုင်ငံသား ဆိုတဲ့ ခံစားချက်က ပေါ်လာတာမျိုးပါ။  ဒီလို အဖွဲ့အစည်း စိတ်ဓာတ်၊ စိတ်ကူးယဉ် ခံစားချက်ဟာ အမျိုးသားရေးဝါဒဖြစ်ပါတယ်၊ အမျိုးသားရေးဝါဒမရှိဘဲနဲ့ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ မရှိနိုင်ပါဘူး။

အမျိုးသားရေး ၀ါဒအကြောင်းပြောကြရင် ဥရောပသားတွေလောက် စိတ်ဓာတ်ပြင်းထန်တဲ့လူမျိုး ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ကြောင့်ပဲ ဥရောပမှာ ကမ္ဘာစစ်ကြီး နှစ်ပွဲ စတင်ခဲ့တယ်။ လူသန်းပေါင်းများစွာ သေဆုံး၊ ဒုက္ခရောက်ခဲ့ပြီး တိုက်ကြီးတခုလုံး ဖွတ်ဖွတ်ညက်ညက် စစ်တလင်းဖြစ်ခဲ့တယ်။ အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်းကို ဥရောပသားတွေ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်ပဲ ဒီနေ့မှာတော့ သူတို့ အမျိုးသားရေး ၀ါဒအကြောင်းကို လက်သီးလက်မောင်းတန်းပြီး မပြောကြတော့ပါဘူး။ စိတ်ထဲမှာတော့ ပျောက်မသွားပါဘူး။ ဘောလုံးပွဲတွေကျရင် ငုပ်နေတဲ့ အမျိုးသားရေး ၀ါဒတွေ  ပြန်ပေါ်လာတယ်။ ဒါကြောင့်ပဲ နိုင်ငံ ကိုယ်စားပြု အသင်းတွေ ဘောလုံးပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ဆိုင်တာကို စစ်ပွဲတပွဲလို အရူးအမူး အားပေးကြတာပါ။

မျိုးချစ်စိတ်အရာမှာ မြန်မာလူမျိုးဟာလည်း ဥရောပသားတွေထက် မလျှော့ပါဘူး။ တချိန်တည်းမှာ မြန်မာတွေဟာ မတော်တဲ့နေရာမှာ စိတ်ထက်သန်တာကို ဗိုလ်ချုပ်အောင်ဆန်းက တလွဲဆံပင်ကောင်းတဲ့ စိတ်ဓာတ်လို့ ဝေဖန်ဖူးပါတယ်။ ဘောလုံးပွဲမှာ “လူချ” ကစားတာကိုပဲ နမူနာ ပေးပြောသွားခဲ့တာပါပဲ။ မိမိတိုင်းပြည်၊ မိမိလူမျိုးကောင်းစားတာကို မြင်လိုတဲ့ မျိုးချစ်စိတ်ဓာတ်၊ နိမ့်ကျတာကို မမြင်လိုတဲ့ စိတ်ဓာတ်မျိုးဟာ ထားရှိအပ်တဲ့ မျိုးချစ်စိတ်ဓာတ်ပါပဲ။ ဒါပေမယ့် ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ အစွန်းရောက် မျိုးချစ်စိတ်ဓာတ်က အရာမရောက်၊ ကိစ္စမပြီး နိုင်လို့ ဦးသန့်ကလည်း သတိပေးဖူးပါတယ်။ မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓာတ်ဟာ ဆင်ခြင်တုံတရားမရှိတဲ့ အရမ်းကာရော စိတ်ဓာတ်မျိုး ဖြစ်နေတတ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုအထိလည်း ဂျော့ခ်ျအော်ဝဲလ် ကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲမျိုး၊ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ လူချ ကစားတဲ့ ဘောလုံးပွဲတွေကို အခုထိလည်း ကြည့်နေရတုန်းပါပဲ။ နိုင်ငံတကာပွဲတိုင်းလိုလိုမှာ မြန်မာတွေ မျက်နှာပျက်ရပေါင်းလည်း များပါပြီ။

အမျိုးသားရေးစိတ်ဓာတ်ရှိနေသမှ အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲတွေ ရှိနေပါလိမ့်မယ်။ ဘောလုံးနဲ့ အမျိုးသားရေးဝါဒကို ဘယ်တော့မှ ခွဲထုတ်လို့ မရနိုင်၊ ခွဲထုတ်ဖို့လည်း မလိုအပ်ပါဘူး။ နောက်ဆုံးမှာတော့ အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲက သေနတ်မပစ်တဲ့ စစ်ပွဲဆိုရင်တောင် သေနတ်ပစ်တဲ့ စစ်ပွဲထက်တော့ အများကြီး ပိုကောင်းသေးတယ်လို့ သေချာပေါက်ပြောနိုင်ပါတယ်။ အထူးသဖြင့် အစွန်းရောက် အမျိုးသားရေးဝါဒတွေ ခေါင်းထောင်နေတဲ့ အခုလို ကာလကြီးမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားပြီး သွေးထွက်သံယိုပဋိပက္ခတွေထက်စာရင် အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲက အများကြီး ဘေးကင်းပါသေးတယ်။

မြန်မာပရိသတ်တွေ အနေနဲ့ ညနက်သန်းခေါင် ဘောလုံးပွဲတွေကို အားပေးတဲ့အခါ အနိုင်အရှုံး၊ ဘောလုံးနည်း စနစ်တွေကိုချည်း အာရုံမစိုက်ဘဲ ဘောလုံးပွဲပြီးတဲ့အခါ နိုင်ငံတကာအဆင့်မီ ဘောလုံးသမားတွေရဲ့ အားကစား စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်အကြောင်းကိုပါ ဆင်ခြင်နိုင်ရင် ပိုပြီး အကျိုးများဖွယ် ရှိပါတယ်။

(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)


၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပွဲ အကြောင်း တစေ့တစောင်း

ဘရာဇီး, ကမ္ဘာ့ဖလား, ဘောလုံး, ချန်ပီယံ, ဗိုလ်လုပွဲ

၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်မှ စတင်ကာ အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးနိုင်ငံတွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်
၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်မှ စတင်ကာ အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးနိုင်ငံတွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယခင် ၁၉၃၀ ပြည့်နှစ်မှ စတင်ကာ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲအထိ ကျင်းပသည့် အကြိမ်ပေါင်း ၁၉ ကြိမ်တွင် ကမ္ဘာ့ဘောလုံးပွဲ ချန်ပီယံဖြစ်သည့် နိုင်ငံများမှာ ၈ နိုင်ငံသာရှိသေးသည်။
ဥရုဂွေး၊ ဘရာဇီး၊ အာဂျင်တီးနား၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် စပိန်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့ တကြိမ်စီသာ ဗိုလ်လုပွဲရောက်ပြီး ပထမဆုရကြသည်။ ဥရုဂွေးအသင်းကလည်း နှစ်ကြိမ်ဗိုလ်လုပွဲတက်ပြီး နှစ်ကြိမ် (၁၉၃၀၊၁၉၅၀) ပထမရသည်။ သို့ဖြစ်ရာ ပထမဆုရသော်လည်း ဒုတိယဆုမရသည့်အသင်း ၃ သင်းရှိသည်။

ဘရာဇီး၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နှင့် အာဂျင်တီးနားနိုင်ငံတို့သာ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို အပြန်အလှန်ရယူနေကြသည်ကို တွေ့ကြသည်။ ဘရာဇီးသည် ၁၉၅၀၊ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဘောလုံးပွဲတွင် ဒုတိယရသည်။ ဂျာမနီအသင်းက ၁၉၆၆၊ ၁၉၈၂၊ ၁၉၈၆၊ ၂၀၀၂ တို့တွင် ဒုတိယရသည်။ အီတလီအသင်းက ၁၉၇၀ နှင့် ၁၉၉၄ တို့တွင် ဒုတိယရဖူးသည်။ အာဂျင်တီးနားအသင်းကလည်း ၁၉၃၀၊ ၁၉၉၀ ကမ္ဘာ့ဖလားဘောလုံးပွဲတို့တွင် ဒုတိယရသည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိရောက်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ကြရသည့် နိုင်ငံများမှာ ပထမရသည့် နိုင်ငံများ၏ ၅၀ ရာခိုင်နှုန်းသာရှိသည်။ ဟန်ဂေရီ (၁၉၃၈၊ ၁၉၅၄) ၊ ချက်ကိုစလိုဗက်ကီးယား (၁၉၃၄၊ ၁၉၆၂) ၊ ဆွီဒင် (၁၉၅၈) ၊ နယ်သာလန် (၁၉၇၄၊ ၁၉၇၈၊ ၂၀၁၀) တို့ဖြစ်ကြသည်။ နိုင်ငံပေါင်း ၄ နိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပသည့် ၁၉ ကြိမ်တွင် ၈ ကြိမ်ထဲသာ ဒုတိယဆုရရှိခဲ့ကြသည်။
သို့ဖြစ်ရာ လက်ရှိကျင်းပနေသော ကမ္ဘာ့ဘောလုံးပွဲများတွင် မည်သည့်နိုင်ငံများကသာ လွှမ်းမိုးထားသည်ကို သိသာထင်ရှားစွာ သိနိုင်သည်။

မရဏအုပ်စု

၂၀၁၄ ခုနှစ်တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ၁၉၃၁ ပြည့်နှစ်မှာ ၂၀၁၁ ပြည့်နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ကြသည့်အသင်း ၈ သင်း (ဘရာဇီး၊ ဥရုဂွေး၊ အာဂျင်တီးနား၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် စပိန်) တို့ပါဝင်လာသည်။
ယင်း ကမ္ဘာ့ချန်ပီယံကောင်းအသင်း ၈ သင်းထဲမှ တသင်းသည် အုပ်စုအဆင့်မှာ ထွက်သွားရန် သေချာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအသင်းက အုပ်စုဖွဲ့စည်းထားသည့် အုပ်စု D တွင် ကမ္ဘာ့ချန်ပီယံနိုင်ငံများဖြစ် သည့် ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းများ တအုပ်စုထဲတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။ ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်တို့အနက် တသင်းသင်းမှာ အုပ်စုမှပင် ကျန်ရစ်ပေမည်။ မရဏအုပ်စု (Group of Death) မှ နှစ်သင်းသာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်နိုင်မည်။

ကမ္ဘာ့တ၀ှမ်းမှ ဘောလုံးဝါသနာရှင်အားလုံးသည် ယင်းအုပ်စုပွဲအပေါ် စိတ်ဝင်စားနေမည်မှာ သေချာသည်။ ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းတို့ ယခင်ကမ္ဘာ့ဖလားဘောလုံးပွဲများ၌ အောင်မြင်မှုများ ပြန်လည် သုံးသပ်ကြည့်လျှင် အီတလီအသင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်သည်။ အီတလီအသင်းသည် ၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပထမရခဲ့သည်။ ၁၉၇၀ နှင့် ၁၉၉၄ ကမ္ဘာ့ဖလားဘောလုံးပွဲတို့တွင် ဒုတိယ နှစ်ကြိမ်ရထားသည်။ နှစ်ကြိမ်စလုံးတွင် ဘရာဇီးအသင်းကို ရှုံးနိမ့်ပြီး ဒုတိယရခြင်းဖြစ်သည်။ ၁း၎(၁၉၅၀)၊ ၀း၃ (ပင်နယ်လီဂိုးအဆုံးအဖြတ်) ၁၉၄၄ တို့ဖြစ်သည်။
အီတလီပြီးလျှင် ဥရုဂွေးက ကမ္ဘာ့ဖလားဘောလုံး နှစ်ကြိမ် (၁၉၃၀၊ ၁၉၅၀) တွင် ပထမရသည်။ ဒုတိယဆု ရရှိခြင်း မရှိပါ။ အင်္ဂလန်အသင်းက ၁၉၆၆ ကမ္ဘာ့ဘောလုံးပွဲတွင် ချန်ပီယံဖြစ်ခဲ့ဖူးသည်မှ ဆုတံဆိပ်ရရှိခြင်း မရှိခဲ့ပါ။

အီတလီအသင်းအနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ရုပ်ပျက်ဆင်းပျက် မရှုမလှ ရှုံးနိမ့်ခဲ့ဖူးသည်။ အာရှတိုက် ကိုယ်စားပြု မြောက်ကိုရီးယားအသင်းကို အုပ်စုအဆင့်တွင် ၀း၁ ဂိုးဖြင့် ရှုံးပြီးအုပ်စုမှ ထွက်ခဲ့ရခြင်းဖြစ်သည်။
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲ ၀င်ရောက်ယှဉ်ကြသည့် နိုင်ငံများကို ဖီဖာက အဆင့်သတ်မှတ်ရာတွင် ဥရုဂွေးအဆင့် ၆၊ အီတလီက နယ်သာလန်နှင့် တွဲ၍ အဆင့် ၈ နှင့် အင်္ဂလန်ကအဆင့် ၁၀ တို့တွင် ရှိသည်။

ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းတို့နှင့် အတူတူ အုပ်စု D တွင်ပါဝင်သည့် အော်စကာရီကာအသင်းကမူ ကျန်သုံးသင်းနှင့် ဘောလုံးသမ္ဘာ ပါဝါ နိမ့်လွန်းအားကြီးသည့် ကမ္ဘာ့အဆင့် ၃၁ သာရှိသည်။
ကမ္ဘာ့ချန်ပီယံကောင်း ၅ နိုင်ငံမှာတရပ်ခုတွင် တသင်းသာ ပါဝင်နေသည်။ အုပ်စု A ဘရာဇီး၊ အုပ်စု B စပိန်၊ ပြင်သစ် အုပ်စု E ၊ အာဂျင်တီးနား အုပ်စု F ၊ ဂျာမနီ အုပ်စု G တို့ဖြစ်သည်။

အုပ်စု A
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မည်သည့် အသင်း ပထမရမည်ကို ကြိုတင်ခန့်မှန်းရန် မလွယ်ကူပါ။ သို့သော် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဘောလုံးသုတေသီများကမူ အိမ်ရှင်ဘရာဇီးအသင်းအပေါ် အလေးပေးနေကြသည်။ သို့ဖြစ်ရာ ဘရာဇီးအသင်းပါဝင်သည့် အုပ်စု A ကိုလေ့လာကြည့်လိုပါသည်။

ဘရာဇီးအသင်း ၁၉၃၁ ပြည့်နှစ်မှ ယခု ၂၀၁၄ အထိ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပသည့် အကြိမ် ၂၁ လုံးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် တခုတည်းသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နှင့် ၂၀၀၂) ၊ ဒုတိယနှစ်ကြိမ် (၁၉၅၀၊ ၁၉၉၈) ရထားသည့် အသင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့အဆင့် ၃ ဖြစ်သည်။

ခရိုအေးရှားအသင်းမှာ ၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဟော်လန်အသင်းကို ၂း၁ ဖြင့်နိုင်ပြီး တတိယဆု ဆွတ်ခူးနိုင်ခြင်းမှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်သည်။ ကမ္ဘာ့အဆင့် ၁၈ ဖြစ်သည်။
မက်ဆီကိုအသင်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဆုတံဆိပ် ရရှိခဲ့ဖူးခြင်း မရှိပါ။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၂၄ ဖြစ်သည်။

ကင်မရွန်းအသင်းမှာလည်း ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အုပ်စုအဆင့်ကသာ လှည့်ပြန်ရသည်က များသည်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၉ သာရှိသည်။ သို့ဖြစ်ရာ စာရွက်ပေါ်မှ မှတ်တမ်းများအရ အုပ်စု A မှ ဘရာဇီးနှင့် ခရိုအေးရှားအသင်းတို့ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ချီတက်ရေးကို မက်ဆီကိုအသင်းက ဟန့်တားနိုင်ခြင်းရှိမရှိ ဆိုသည်ကိုမူ ပွဲကစားပြီးမှ အဖြေသိနိုင်ကြပါမည်။

အာရှနှင့် ကမ္ဘာ့ဖလား

အာရှတိုက်မှ နိုင်ငံတနိုင်ငံက ၁၉၃၈ ပြင်သစ် ကမ္ဘာ့ဖလားပွဲတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ဖူးသည်။ Dutch East Indies နာမည်နှင့် ဖြစ်သည်။ ယခု အင်ဒိုနီးရှားအသင်း ဖြစ်သည်။ ပထမဆုံး အဆင့်မှာပင် ဟန်ဂေရီအသင်းကို ၀း၆ ဂိုးဖြင့် ရှုံးသည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ဒုတိယ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အာရှကိုယ်စားပြု အသင်းမှာ တောင်ကိုရီးယားအသင်း ဖြစ်သည်။ ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပသည့် ၁၉၅၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဖြစ်သည်။ ဟန်ဂေရီကို ၀း၉၊ တူရကီကို ၀း၇ ဖြင့် ရှုံးသည်။
ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အာရှတိုက်မှ ပထမဆုံး အောင်မြင်မှုရသည့် အသင်းမှာ မြောက်ကိုရီးယားအသင်း ဖြစ်သည်။

၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မြောက်ကိုရီးယားအသင်းသည် အုပ်စု ၄ ၌ အီတလီအသင်းကို ၁းဝ ဖြင့် နိုင်သည်။ ချီလီအသင်းနှင့် ၁း၁၊ ဆိုဗီယက် ပြည်ထောင်စုကို ၁း၃ ဖြင့် ရှုံးသည်။ အမှတ် ၃ မှတ်ရပြီး ကွာတားဖိုင်နယ် တက်သည်။ ပေါ်တူကီကို ၃ ဂိုးသွင်းပြီး ၅ ဂိုး ပြန်သွင်းခံရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ အာရှတိုက် ကိုယ်စားပြု ဂျပန်၊ တောင်ကိုရီးယား၊ အီရန်နှင့် သြစတြေးလျ အသင်းတို့ ခြေစစ်ပွဲအောင်သည်။

ဂျပန်အသင်းသည် အုပ်စု C တွင် ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကို့(စ) အသင်းတို့နှင့် ကစားမည်ဖြစ်သည်။ ဖီဖာ၏ အဆင့်သတ်မှတ်ချက်တွင် ဂရိ ၁၅၊ အိုင်ဗရီကို့(စ) ၁၇၊ ဂျပန် ၄၄ နှင့် အီရန် ၄၉ တို့ဖြစ်သည်။ ဂျပန်တို့၏ ဘူရှီဒိုစိတ်ဓာတ်နှင့် ဆာမူရိုင်းရဲစွမ်းသတ္တိတို့ကြောင့် နောက်တဆင့် တက်နိုင်ဖွယ်ရှိသည်။
တောင်ကိုရီးယားအသင်းက အုပ်စု H တွင် ဘယ်(လ)ဂျီယံ၊ အယ်(လ)ဂျီးရီးယား၊ ရုရှားအသင်းများနှင့် ကစားရမည်ဖြစ်သည်။ အဆင့်သတ်မှတ်ချက် တောင်ကိုရီးယား ၅၆၊ ရုရှား ၁၉၊ အယ်(လ)ဂျီးရီးယား ၃၂ နှင့် အီရန် ၄၉ တို့ဖြစ်သည်။ တောင်ကိုရီးယားအသင်း နောက်တဆင့် တက်ရေး စာရွက်ပေါ်မှ မှတ်တမ်းအရ မလွယ်ပါ။

အီရန်အသင်းမှာ အုပ်စု F တွင် အာဂျင်တီးနား၊ ဘော့စနီးယား၊ နိုင်ဂျီးရီးယားအသင်းတို့ ကစားရမည် ဖြစ်သည်။ အာဂျင်တီးနားမှာ ကမ္ဘာ့အဆင့် ၅ နိုင်ငံဖြစ်သည်။ ဘော့စနီးယားအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကျမှ ပထမဆုံး ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ နိုင်ဂျီးရီးယား ၃၃ နှင့် အီရန် ၄၉ ဖြစ်သည်။ အုပ်စု ဒုတိယ နေရာအတွက် အီရန်၊ ဘောစနီးယားနှင့် နိုင်ဂျီးရီးယားတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။
သြစတြေးလျ အသင်းသည် အာရှတိုက်၏ မွေးစားအသင်း ဖြစ်သည်။ အာရှ ဘောလုံးလောကနှင့် လာရောက် ပူးပေါင်းထားသည့် အသင်းဖြစ်သည်။ အာရှတိုက်တွင် သြစတြေးလျ အသင်း၏ အခြေစိုက်ရာဒေသမှာ အရှေ့တောင် အာရှဒေသ ဖြစ်သည်။
သြစတြေးလျအသင်းသည် အုပ်စု ၂ ၌ စပိန် (လက်ရှိချန်ပီယံ)၊ နယ်သာလန် (၂၀၁၀ ငွေတံဆိပ်ဆုရှင်)၊ ချီလီအသင်းတို့နှင့် အတူကစားရမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် ကစားရခြင်းသည်ပင်လျင် သြစတေးလျ အသင်းအတွက် အမြတ်ဟုပင် သတ်မှတ်ရမည် ဖြစ်သည်။

ထူးခြားချက်များ

ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ယခင် ၁၉ ကြိမ်နှင့် မတူသည့် ထူးခြားချက်များရှိသည်။ ယင်းအချက်များထဲမှ အဓိကအကျဆုံးမှာဘရာဇီးနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘရာဇီး ပြည်သူတချို့က ဆန့်ကျင်ကန့်ကွတ်နေကြခြင်းပင် ဖြစ်သည်။
ဒုတိယထူးခြားချက်မှာ ဥရောပတိုက်မှ ဘော့စနီးယားနိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ တတိယထူးခြားချက်မှာ ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ဖလားလုခဲ့သည့် စပိန်အသင်းနှင့် နယ်သာလန် အသင်းတို့ တအုပ်စုထဲအတူတူကျနေခြင်း ဖြစ်သည်။
စတုတ္ထ ထူးခြားချက်မှာ ကမ္ဘာ့ချန်ပီယံလောင်းများ ဖြစ်ကြသည့် အီတလီ၊ အင်္ဂလန်နှင့် ဥရုဂွေးအသင်းတို့၏ တအုပ်စုထဲတွင် ကစားရခြင်းဖြစ်သည်။

ချန်ပီယံ

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မည်သည့်အသင်း ပထမရမည် ဆိုခြင်းကို ခန့်မှန်းရန်မှာ စောပါသေးသည်။ သို့သော် ချန်ပီယံ ဖြစ်နိုင်သည့် အသင်းများကိုမူခန့်မှန်းနိုင်မည် ထင်ပါသည်။

တောင်အမေရိကတိုက်မှ ဘရာဇီးနှင့် အာဂျင်တီးနား၊ ဥရောပတိုက်မှ စပိန်၊ ဂျာမနီ၊ အီတလီနှင့် နယ်သာလန်တို့ထဲမှ တသင်းသင်းသာလျင် ချန်ပီယံအသစ်အဖြစ် ပေါ်လာဖွယ် ရှိပါသည်။
တောင်အမေရိကတိုက် ဥရုဂွေး၊ အီကွေဒေါ၊ မြောက်အမေရိကတိုက်မှ အမေရိကန်၊ ဥရောပတိုက်မှ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန် အသင်းတို့ကို “တော်ကောင်း”အသင်းများဟု သတ်မှတ်လိုပါသည်။

ဘောလုံးအသင်းတသင်း၏ အနိုင်အရှုံးကို ကြိုတင်ခန့်မှန်း ကြရာတွင် ယင်းအသင်း၏ အနီးကပ်ဆုံးရလဒ်များ၊ ပြိုင်ပွဲဝင်မည့် အသင်းသားများ၏ စိတ်အခြေအနေ၊ ကိုယ်ကာယ၊ ကျန်းမာ ကြံ့ခိုင်မှု အခြေအနေ၊ နည်းပြဆရာ၏ အသင်းပေါ် ကိုင်တွယ်ခြင်းစသည်များကို ထည့်သွင်းတွက်ချက်နိုင်ကြမှသာလျင် အနီးကပ်ဆုံး အဖြေရရှိနိုင်ဖွယ်ရှိကြောင်း ဖြေလိုက်ရပါသည်။

ဧရာဝတီ

MH370 ပျောက်ဆုံးမှုတွင် လေယာဉ်မှူးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိနေ


MH370 လေယာဉ် ပျောက်ဆုံးမှုတွင် အဓိက သံသယရှိသူ တစ်ဦးအဖြစ် လေယာဉ်မှူး ဇာဟာရီ အာမက်ရှားကို မလေးရှား ရဲတပ်ဖွဲ့က သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။

မလေးရှား လေကြောင်းလိုင်း၏ အသက်(၅၃)နှစ်အရွယ် လေယာဉ်မှူးသည် လေယာဉ်မပျောက်ဆုံးမီကတည်းက ၎င်း၏ ဒိုင်ယာရီကို ရှင်းလင်းပယ်ဖျက်ထားသလို လူမှုရေးနှင့် အလုပ်အကိုင် နယ်ပယ်မှ ဆက်နွယ်မှုများကိုလည်း ဖယ်ရှားထားခဲ့ကြောင်း ရဲများက ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အခြေအနေသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသော အမှုထမ်းများနှင့် သိသာစွာ ကွဲပြားနေကြောင်း သိရသည်။

မတ်လ(၈)ရက်နေ့ ကတည်းက လူပေါင်း(၂၃၉)ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် လေယာဉ်နှင့် ပတ်သက်ပြီး စက်ချွတ်ယွင်း ပျက်ကျသွားသည်ဟု ယူဆထားသော်လည်း လူတစ်ဦးဦး၏ စနက်ကြောင့်ဖြစ်စေ၊ အကြမ်းဖက်မှုကြောင့်ဖြစ်စေ ဖြစ်နိုင်ကြောင်း ကောက်ချက်များကိုလည်း မလေးရှား စုံထောက်များက မစွန့်ပစ်သေးချေ။

အဆိုပါ အချက်အလက်များသည် လေကြောင်းပျံသန်းမှုဆိုင်ရာ စက်မှုလုပ်ငန်းများမှ သတင်းရင်းမြစ်များနှင့် အရှေ့တောင်အာရှ နိုင်ငံ၏ စုံစမ်းရေး အရာရှိ အချို့ထံမှ စတင်ပေါက်ကြားလာခြင်းဟု ဆိုသည်။

အမေရိကန်မှ လေယာဉ်မှူးဟောင်း တစ်ဦးလည်းဖြစ်၊ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်ပြီး Aviation International News Safety မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူထားသည့် ရောဘတ်မတ်ခ်က “ခုအတိုင်းဆိုရင်တော့ လေယာဉ်မှူးကို လက်ညှိုးထိုးချင်စရာ အခြေအနေတွေ ပိုများလာပြီပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။

မလေးရှားမှ ထောက်လှမ်းရေး အရာရှိများသည် လေယာဉ်ပျောက်ကွယ်သွားသည့် ကာလအတွင်း အနည်းဆုံး လူပေါင်း(၁၇၀)မျှကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

လေယာဉ်မှူး အာမက်ရှားသည် ကလေး(၃)ဦး၏ ဖခင်ဖြစ်ပြီး မိသားစုနှင့် ပြဿနာအချို့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို အလေးအနက် ထောက်ခံသူလည်း ဖြစ်သည်။ အီဘရာဟင်သည် Boeing 777-200 အမျိုးအစား လေယာဉ်ကြီး ပျောက်ဆုံးမသွားမီ နာရီပိုင်းမျှ အလိုက လိင်တူဆက်ဆံမှု စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

အစောပိုင်းက စုံထောက်များသည် အာမက်ရှား၏ နေအိမ်၌ Flight Simulator တစ်ခုကို အသုံးပြု ဖန်တီးထားသည့် ပျံသန်းမှု လမ်းကြောင်းမြေပုံ တစ်ခုကိုလည်း တွေ့ရှိထားပြီး ယင်းသည် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးသော ကျွန်းငယ်တစ်ခုသို့ ဦးတည်နေကြောင်း သိရှိရသည်။

အာမက်ရှား၏ ဆွေမျိုးများကမူ လေယာဉ်၏ သေတ္တာနက်ကို ရှာမတွေ့မချင်း အမှန်တရားကို ဖော်ထုတ်နိုင်မည် မဟုတ်ဟု ဆိုသည်။ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးအဖြစ် ကြားဖြတ်တာဝန်ယူထားသည့် ဟီရှမ်မူဒင် ဟူစိန်ကမူ ယခုကဲ့သို့ သတင်းပေါက်ကြားမှုများအတွက် ဝေဖန်ပြစ်တင်ခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင့်အားလုံးကနေ စဉ်းစားရမှာပဲလေ”ဟု ကာကွယ်ပြောကြားထားသည်။

_Ref: Mirror

7day


ကမ္ဘာ့ ဖလားပြိုင်ပွဲကြည့်စဉ် အမျိုးသမီးတွေ မလာအောင် ပြုလုပ်တဲ့နည်း


အေသင်အောင်

နေအိမ်မှာ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ကြည့်ရှုစဉ် အတောအတွင်းမှာ ချစ်သူ၊ ဇနီးမယားတွေရဲ့ အနှောင့်အယှက်ကို မခံရဖို့ နည်းတစ်နည်း ပေါ် ထွက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနည်းက လက်ရှိ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲ မှာ ပြစ်ဒဏ်ဘောတွေကန်တဲ့ အခါမှာ ကစားသမားတွေရဲ့ ရှေ့မှာ ဒိုင်လူကြီးက မှုတ်ဆေးဗူး နဲ့ စည်းတားတာ ကို မြင်တွေ့ကြမှာဖြစ်ပါတယ်။ ဒီနည်းကို တောင်အမေရိက ဘောလုံးပြိုင်ပွဲတွေမှာ ကျင့်သုံးနေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ 
 
ဒါပေမဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲ မှာတော့ ပထမဆုံးအကြိမ် ကျင့်သုံး ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး အမျိုးသားတွေက အမျိုးသမီးတွေရဲ့ နှောင့်ယှက်မှုကို မခံရဖို့ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဘောလုံးပွဲကြည့်စင် အတောအတွင်းမှာ ချစ်သူဇနီးမယားတွေရဲ့ နှောင့်ယှက်မှုကနေ ကင်းဝေးဖို့ တီဗွီကြည့်ရာ အခန်းအတွင်းမှာ စည်းတစ်ခုတားလိုက်ခြင်း ဖြစ်ပါတယ်။
 
 ဒီစည်းကို တားရာမှာလည်း အလွယ်တကူ ဖြစ်အောင် ရေချိုးခန်းထဲက မုတ်ဆိတ်ရိတ်ရာမှာ အသုံးပြုတဲ့ အမြှုပ်ကို ယူပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စည်းတားထားခြင်းကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ဘောလုံးပွဲကြည့်ရှုမှုကို အလွယ်တကူ နှောင့်ယှက်လို့ မရတော့ဘူးလို့ ဆိုထားပါတယ်။ ဒီနည်းဟာ အမျိုးသားတွေကြားမှာ ရေပန်းစားနေပေမယ့် အမျိုးသမီးတွေကတော့ ဒေါသဖြစ်စရာ ဖြစ်ခဲ့ပါတယ်။

Messenger


23 Jun 2014

ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းသူများ အမြင်ရှင်းစေရန်


ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။ ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….

ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။

ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊ သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။ အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။ ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။

ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊ ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။ ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။ ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။

ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။ ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ ဒေါ်စုအနေနဲ့ သိမှာပါ။ ဒါပေမယ့် ရွေးစရာလမ်းမရှိတော့ တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို မှန်ရာ ပြောခဲ့ဆိုခဲ့တာပါ။ ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။

နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။ ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။

နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။

နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။ ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။ ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။ သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။

ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊ နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ။ မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။

ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။ ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။

ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။ ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။

Credit: Ryo Miyaichan


သမ္မတမိန့်ခွန်း၊ အမွှမ်းတင်မှုများနှင့် အဂတိတရား


 နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းများအပေါ် အများပြည်သူလူထု၏ စိတ်ဝင်စားမှုသည် ဇောက်ထိုး နိမ့်ကျလျက်ရှိနေသည်။ သမ္မတကို အပြောကောင်းသူတစ်ဦး၊ ပုံပြောကောင်းသူတစ်ဦး၊ အပြောသက်သက် အလုပ်မပါတတ်သူတစ်ဦးအဖြစ် အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုလျက်ရှိသည်။ သမ္မတအနေဖြင့်၊ မိန့်ခွန်းများကို အခါအားလျော်စွာပြောကြားခြင်းသည် ပြည်သူလူထုနှင့် ဆက်ဆံရေး တံတားထိုးခြင်းဖြစ်သော်လည်း မိန့်ခွန်းပါအကြောင်းအရာများသည် အောက်ခြေပြည်သူလူထုအတွက် ဟားစရာ၊ သရော်စရာများ ဖြစ်မနေရန် အထူးသတိပြုသင့်ကြောင်း အကြံပြုလိုပါသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တရားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်မှုဟု သမ္မတ၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းသည် ပကတိ အခြေအနေများနှင့် ကင်းလွတ်သော၊ သကာရည်ဖုံးထားသော မိန့်မှာစကားများဖြစ်နေခဲ့သည်။ အောက်ခြေပြည်သူလူထု အကြားတွင် ဟားတိုက်စရာ၊ လှောင်ပြောင်စရာစကားများ ဖြစ်နေခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လွန်ခဲ့သော သုံးနှစ်ကျော်ကာလ ဆောင်ရွက်ချက်များကို ဆန်းစစ်လျှင် အောက်ခြေပြည်သူအများစု၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ပိုမိုဆိုးဝါးလာနေသည်မှာ သိသာမြင်သာသည်။ အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အပြင် မိသားစုများအနေဖြင့် စားဝတ်နေရေးစရိတ် နှင့် မိသားစုဝင်ငွေအကြား ဗျာများကာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေခဲ့ကြသည်။ ပြည်သူအများစုသည် ဆင်းရဲတွင်း နက်သထက် နက်နေဆဲဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ခန်းမများထဲ ရောက်ရှိခဲ့သည်မှလွဲ၍  ကြီးကြီးမားမား ထူးခြားမှုမရှိဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်သဖြင့် အစိုးရ၊ အာဏာရပါတီနှင့် အောက်ခြေပြည်သူလူထုအကြား မည်သည့်ဘက်က ပိုအကျိုးရှိသွားသည်ကို ယနေ့အချိန်တွင် ပြန်လည်သုံးသပ်သည်။ အောက်ခြေပြည်သူလူထုသည် ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်နေဆဲဖြစ်သဖြင့် သူတို့အတွက် အကျိုးမပြု ခဲ့သည်မှာ သိသာမြင်သာသည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသာ ပိုအကျိုးများခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။

 ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းစာ နှင့် ဂျာနယ်များကို စိစစ်မှုမရှိ ထုတ်ဝေခွင့်ပြုခြင်းတို့ကို ရှားရှားပါးပါး တိုးတက်မှုများအဖြစ် သတ်မှတ်နိုင်သည်။ သတင်းမီဒီယာများအနေဖြင့် လွတ်လပ်ခွင့်ကို မြင့်မြင့်မားမားရလာခဲ့သည်။ သို့သော် သတင်းစာများ၊ ဂျာနယ်များကို ဖတ်နိုင်သောဦးရေသည် အကန့်အသတ် မြင့်မြင့်မားမားရှိသဖြင့် အောက်ခြေပြည်သူလူထုအကြား ထိုးဖောက်နိုင်မှုတွင် ထိရောက်မှုမရှိဟု ဆိုနိုင်သည်။ သို့ သော်ပြည်သူလူထုအများစုကြီးထံ အချိန်တိုအတွင်း ရောက်နိုင်မည့်  ရေဒီယို၊ အက်ဖ်အမ်ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းတို့ကို ခရိုနီများနှင့် အာဏာပိုင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများက လက်ဝါးကြီးအုပ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်လည်း ထူးမ ခြားနား၊ သောင်မတင်ရေမကျဟု ပင် သုံးသပ်နိုင်သည်။ ဆွေးနွေးရင်း မိုးကြီးချုပ်ကာ မိုးပြန်လင်းဦးမည့်ကိန်းဘက် ဦးတည်နေသည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုလည်း ထုတ်ပြန်နိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အနေအထားဖြစ်သည်။ အစိုးရအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခဲ့မည်ဆိုလျှင် လွန်ခဲ့သော ၂ နှစ် ကတည်းက နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ပြီး ယနေ့ဆိုလျှင် အတော်ပင် ခရီးပေါက်နေလောက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီးမိန့်ကြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် တိုးတက်နေသည်မှာ မည်သည့်အပိုင်းကဏ္ဍများကို ရည်ညွှန်းကြောင်း စနစ်တကျ ရှင်းပြနိုင်ရန် လိုအပ်မည်ဖြစ်သည်။

စီးပွားရေးအပိုင်းတွင်လည်း ခရိုနီများ၊ အာဏာပိုင်လက်ပါး စေလုပ်ငန်းရှင်များ၊ ကြားခံ ကိုယ်စားလှယ်များ စသည်တို့ပါဝင်သော လက်တစ်ဆုပ်စာ လူတစ်စုမှလွဲ၍ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှုနွံထဲတွင် နစ်မြုပ်လျက်ရှိနေသည်။ ခရိုနီများနှင့်အာဏာရှင်လက်ပါးစေ လုပ်ငန်းရှင်ကြီးများသည်  အမျိုးသား အကျိုးစီးပွားကာကွယ်ရေးကို ခေါင်းစဉ်တပ်လျက်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်ရန် ကာကွယ်တားဆီးနေကြသည်မှာ အထင်အရှားဖြစ်သည်။ အမျိုးသားအကျိုးစီးပွား ကာကွယ်ခြင်းမဟုတ်၊ လက်တစ်ဆုပ်စာ ခရိုနီတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ကြခြင်းသာဖြစ်သည်။

စီးပွားရေးနှင့်ဆိုင်သော ဥပဒေများတွင် လွတ်လပ်မှု၊ တရားမျှတမှုများကို မြင်တွေ့ရသော်လည်း၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းများတွင် တင်းကျပ်မှုများကို ထည့်သွင်းရေးဆွဲကာ  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းခရိုနီများ၊ အာဏာပိုင်နီးစပ်လုပ်ငန်း ရှင်များနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင်ရင်းနှီးမြှုပ်နှံရေးကို ပိုမိုဇောင်းပေးတတ်ကြသည်။ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများကြောင့် ပိုမိုကြွယ်ဝချမ်းသာလာ ကြသည်မှာ ခရိုနီများနှင့် အပေါင်းပါများသာဖြစ်သည်။ အောက်ခြေပြည်သူလူထု အများစုကြီးမှာ ဆင်းရဲမွဲတေမှု နွံနစ်နေဆဲဖြစ်သည်။

အောက်ခြေပြည်သူလူထု၏ စီးပွားရေးအခြေအနေက အနုတ် ပြနေပြီး လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို မတားနိုင်၊ မဆီးနိုင်၊ အရေးမယူ နိုင်၊ ပိုင်ဆိုင်မှုများမသိမ်းဆည်း နိုင်သည်ကိုလည်း ထင်ထင်ရှား ရှားသတိပြုမိသည်။ အဂတိလိုက်စားမှုဥပဒေနှင့်အညီ အထက်မှ အောက်သို့ ပုံစံစနစ်တကျချဉ်းကပ် အရေးယူမှုများကို အုံနှင့်ကျင်းနှင့် မတွေ့ရှိရသည်မှာလည်း  အားမလို၊ အားမရဖြစ်ဖွယ်ပင် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကို ထိန်းကျောင်းနိုင်ရေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အသက်သွေးကြောတစ်မျှ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးကို ဖော်ဆောင်လျက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်စစ်ဆေး၊ အရေးယူလာနိုင်မှသာ တိုင်းပြည်၏ စစ်မှန်သော အပြောင်းအလဲအတွက် အထောက်အကူပြုမည်ဖြစ်သည်။

မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာ အရေးယူခြင်း မရှိဘဲ အချင်းချင်းဖုံးမိပြီး ပြေပျောက်စေခြင်းမျိုးသည် လွဲမှားသော လုပ်ဆောင်မှုဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ သမာသမတ်ရှိစွာ ဆောင်ရွက်နိုင်ခြင်းသည် အစိုးရတစ်ရပ်ကို သိက္ခာရှိစေခြင်းဖြစ်ပြီး လွဲမှားသော အုပ်ချုပ်မှုလုပ်ရပ်များသည် အစိုးရ တစ်ဖွဲ့လုံးအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့ပြီး အကြည်ညိုပျက်စေနိုင်သည်ကို သတိပြုစေချင်ပါကြောင်း အဂတိကင်း ရှင်းရေးနှင့် ပတ်သက်၍ သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆို&သော် သမ္မတ၏မိန့်ခွန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ယန္တယားပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍ မြှင့်တင်မှုဟူသည် အလွန်အကျွံအမွှမ်းတင်မှုပင်ဖြစ် သည်။ သမ္မတ၏ မိန့်ခွန်းများတွင် အခြေအနေမှန်ကို ကင်းလွတ် လျက် အလွန်အကျွံအမွှမ်းတင်မှု များသည် ပြည်သူလူထု၏ အစိုးရ အပေါ်ယုံကြည်မှုကို ကျဆင်းစေ သည်။ ပကတိအခြေအနေတွင် ကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများ၌ အရှိန်အဟုန်ရနေခြင်းသည် အောက်ခြေပြည်သူလူထုကို အကျိုးမပြုသည်မှာ အထင်အရှား ဖြစ်သည်။ 
 
အဂတိလိုက်စားမှု ကင်းရှင်းရေးတွင်လည်း သမ္မတအနေဖြင့် အထက်မှ အောက်သို့ စုံစမ်းစစ်ဆေး အရေးယူသည့် စနစ်ကို မဖော်ဆောင်နိုင်လျှင် ပြည်သူလူထု ရှေ့မှောက်တွင် အရေးယူစစ်ဆေးအပြစ်ပေးမှု မပြုနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မဟုတ်ပါ။ အောက်ခြေပြည်သူလူထုသည်ခေတ်ဆိုး၊ စနစ်ဆိုးကို နဖူးတွေ့၊ ဒူးတွေ့ဖြတ်သန်းခဲ့သူများ ဖြစ်သည့် အားလျော်စွာ အမွေဆိုးများ၊ အကျင့်ဆိုးမျာကို ကျော်လွှားနိုင်ရေးဦးဆောင်နိုင်မည့် အားကောင်းသော အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိနေသည်။ ထို့အတူပြည်သူလူထုသည် ပကတိအခြေအနေများနှင့် ကင်းလွတ်သော မိန့်ခွန်းများ၊ မှတ်ချက်များ၊ သုံးသပ်ချက်များကိုလည်း အချိန်မရွေး ဟားတိုက်ရယ်မော၊ လှောင်ပြောင်သရော်ရန် အဆင်သင့်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။     ။
By ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY




အကြည့်ရဆိုးစေတဲ့ အလှပြင်မှားယွင်းနည်း (၆)မျိုး



လူတွေဘာကြောင့် အလှပြင်ကြသလဲ? အဖြေက ရိုးရိုးလေးနော်…လှချင်လို့ ပါ။ လှသထက် လှေ အာင် အလှပြင်ကြသော်လည်း အလှပြင်နည်း မှားယွင်းခြင်းက အရုပ်ဆိုး အကျည်းတန်စေ လို့  အောက် ပါ(၆) ရပ်ကို လေ့လာရင်း အချိန်မှီပြုပြင်နိုင်ကြ ပါစေကြောင်း။

အမှား(၁) တပြေးတည်းအရောင်တင်ခြင်း။

အလှပြင်တယ်ဆိုတာ ဆေးရောင်စုံ ပန်းချီခြယ်သတဲ့ အနုပညာတစ်ရပ်လေးပါ။ အလှပစ္စည်းတွေ ကို ကာလာတစ်ရောင်းတည်း သုံးခြင်းက သွေးဆုတ်နေတဲ့ လူမမာပုံပေါ်နေပါတယ်။ အောက်ခံ မိတ်ကပ်ကို မိမိအသားအရေအရောင်ထက် ကာလာ ၁-ခု ပိုရင့်တဲ့ အရောင်သုံး၍၊ ကရင်မ် ပပ်ဖ် ကိုတော့ ထိုမိတ် ကပ် အရောင်ထက် ကာလာ ၁-ခုပိုတာကိုသုံးပါ။ ပါးနီကို မိတ်ကပ်အရောင် ထက် ကာလာ ၂-ခု ပိုရင့်တဲ့ အရောင်ကိုသုံးပြီး မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းတို့ ကို သင့်တော်သလို အရောင်တင်ပေးခြင်းဖြင့် မျက်နှာ တပြေးတည်း အရောင်မဖြစ်စေတော့ပါဘူး။

အမှား(၂) concealer အရောင်မှားသုံးခြင်း။

မျက်ကွင်းညိုများ၊ ပါးမို့ မို့ ပေါ်က အမဲစက်ပြောက်ရှိသူများ နှင့် သက်ကြီးပိုင်းပေါ်လာတဲ့ မျ က်နှာပေါ်က အမဲအကွက်လေးများ မသိသာစေဖို့ အတွက် concealer သုံး၍ အလှပြင်ကြရပါတယ်။ သို့ သော် သုံးသင့် တဲ့ အရောင်ထက် ဖျော့သော(သို့ မဟုတ်)ပို ရင့်သော concealerကို မှားယွင်းစွာမသုံးမိဖို့  အရေးကြီးပါ တယ်။ အသင့်တော်ဆုံး concealer ကတော့ မိမိပင်ကိုယ်အသား အရေထက် ကာလာအရောင် ၁-ခု(သို့ မဟုတ်)၄င်းထက်ပိုနုသော အရောင်ကို သုံးပေးပါ။

အမှား(၃) အိုင်းလိုင်နာ အမည်းရောင်သုံးခြင်း။

လူတိုင်းက အိုင်းလိုင်နာအမည်းရောင် နှင့်မလိုက်ဖက်ကြပါဘူး။ အကယ်၍ အိုင်းလိုင်နာ အမည်းရောင် ကို သုံးဖို့ လိုအပ်တဲ့အခါ waterproof eyeliner စာတန်းပါတဲ့ ရေစိုခံအမျိုးအစား ကိုသာရွေး၍ အောက် မျက်ခမ်း မျက်တောင်လိုင်းတလျှောက် နေရာကိုသာ အိုင်းလိုင်နာ ခပ်ဖွဖွဆွဲပေးပါ။ အိုင်းလိုင်နာတွေ အများကြီးသုံးမိတဲ့အခါ၊ အရောင်တွေဘေးပြန့် ပြီး ၀က်ဝံ မျက်လုံးသဖွယ် အကြည့်ရဆိုးပါတယ်။

အမှား(၄) ကရင်ပပ်ဖ်(သို့ မဟုတ်)ပေါင်ဒါတွေ အသုံးများခြင်း။

ကရင်ပ်ဖ်(သို့ မဟုတ်)ပေါင်ဒါတွေ အထူကြီးလိမ်းတဲ့အခါ၊ ချောကလက်မှိုတက် နေသလိုမျိုး မျက်နှာ အ သားအရေ ကြမ်းတမ်းတဲ့ပုံ ပေါ်စေပါတယ်။ ဒါ့ပြင်အရွယ်အိုရုပ်ရင့်နေတဲ့ အသွင်ဆောင်သွားပါတယ်။

အမှား(၅) အောက်ခံ ကရင်မ် မသုံးစွဲခြင်း။

မိတ်ကပ်မလိမ်းခင် နို့ ရည်(သို့ မဟုတ်)အောက်ခံကရင်မ်ကို မဖြစ်မနေသုံးပေးခြင်း အားဖြင့်၊ မိတ်ကပ် လိမ်းတဲ့အခါ ညက်ညော ပြေပြစ်မှုရှိတာကြောင့် အသားအရေ လျော့ရဲအရေးကြောင်း ထင်တာတွေ ဖြစ်ခြင်းမှ သက်သာစေပါတယ်။ ဒါ့ပြင် မျက်နှာ အသားအရေနှင့် ဓာတုမိတ်ကပ်တွေ တိုက်ရိုက် မထိတွေ့ နိုင်တော့လို့  အသားအရေမပျက်စီးစေတော့ပါဘူး။ SPF နှင့် moisturizer ပါတဲ့ အောက်ခံကရင်မ်မျိုးက မည်သည့်အသားအရေအတွက်မဆို သင့်တော်ပါတယ်။

အမှား(၆) အိုင်းလိုင်နာအရောင် ရွေးချယ်မှုမှားယွင်းခြင်း။

အသားဖြူလွန်းသူများက ကြေးနီရောင်(သို့ မဟုတ်)ရွှေဝါရောင်ဆန်ဆန် အိုင်းလိုင်နာကို ရွေးချယ် မိတဲ့ အခါ၊ ဖြူရော်ရော်ဖြစ်ကာ မျက်စေ့အားနည်းနေတဲ့ ပုံပေါ်စေပါတယ်။ အသားအလွန်ညိုမှောင် သူများအဖို့  ငွေမှင်ရောင် အိုင်းလိုင်နာသုံးခြင်းက ကြီးစွာသော အမှားကို ပြုမိပြီလို့ မှတ်ယူပါလေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား By Augusta Falletta for Beauty High)
--
*promise.pauk*


တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်


 
တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာခွေးသားစား ပွဲတော်မတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ ဒီပွဲတော်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြ ပါတယ်။
ပွဲတော်ကျင်းပသူတွေက ဒီပွဲတော်ဟာ ရာစုနှစ်နဲ့ချီနေပြီလို့ ပြောဆိုကြပေမယ့် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေက ၁၉၉၀ နှစ်တွေမှာမှ စဖြစ်လာတာလို့ ဆိုပါတယ်။ တရက်ထဲ ခွေးအကောင် ၁ သောင်းလောက် သတ်စားကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံတ၀န်းခွေးချစ်သူတွေ ယူလင်မြို့ကို သွားရောက်ပြီး ခွေးတွေအသတ်မခံရအောင် သွားရောက် ၀ယ်ယူကြတာဖြစ်ပါတယ်။ ခွေးရောင်းသူတွေဟာ ခွေးဝယ်သူတွေ မ၀ယ်ဝယ်အောင် ခွေးတွေကို နှိပ် စက်ပြီး ဈေးတောင်းတဲ့ဓါတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကြောင့် ဒီပွဲတော်အပေါ် ပြစ်တင်ဝေဖန် သူတွ ပိုမိုများပြားခဲ့ပါတယ်။ ယူလင်မြို့ခံတွေကတော့ ဒီလူတွေဟာ ယူလင်မြို့ကို ကိုယ်စားမပြုကြပါဘူး လို့ ပြောဆိုပါတယ်။

ဆန့်ကျင်ကန့်ကွက်သူတဦးကတော့ ယူလင်မြို့ တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် မြို့ခံတွေ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားအောင် အရင်ကြိုးစားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ပွဲတော်ကို ထောက်ခံ သူတဦးကတော့ ခွေးတွေဟာ ရှားပါးတိရစ္ဆာန်မဟုတ်ပဲ ရိုးရာဟင်းလျာတမျိုးဖြစ်တာကြောင့် စားသူတွေ များပြားနေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီဂျန်း ပြည်နယ်မှာ အခုလိုခွေးသားစားပွဲတော်ကို ဒေသ ခံတွေက ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်ခဲ့ကြလို့ ပိတ်ပင်ခံခဲ့ရပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ Animals Asia ကတော့ ခွေးသားဟာ လူတွေရဲ့ကျန်းမာရေးနဲ့ မသင့်လျော်သလို အခုလို ခွေးသားစားပွဲတော်မှာ ရောဂါရှိတဲ့ခွေးတွေ၊ ခိုးလာတဲ့ခွေးတွေကို ချက်ပြုတ်ကြ တာကြောင့် ခွေးသားစားတာကို ပိတ်ပင်ဖို့ တောင်းဆိုနေပါတယ်။
DVB News

ဆုကြေးငွေဒေါ်လာ (၁၀၀၀၀)အထိ ချီးမြှင့်တဲ့ မလေးရှား နိုင်ငံက ကြက်အလှပြိုင်ပွဲ


အေသင်အောင်

မလေးရှားနိုင်ငံမှာ ရိုးရာအစဉ်အလာအရ နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အဲဒီပြိုင် ပွဲ ကတော့ ကြက်အလှ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချီးမြှင့်တဲ့ ဆုကြေးငွေက ဒေါ်လာ (၁၀၀၀၀) အထိ ရှိတာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ ဆီရာမာအမျိုးအစား ကြက်တွေ နဲ့ ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ ဒီကြက်ဟာ အလွန်ရှားပါးတဲ့ ကြက်အမျိုးအစားမှာပါဝင်ပြီး မလေးရှားနိုင်ငံ တစ်ဝန်းမှာ အကောင်ရေ (၂၅၀၀၀၀) အထိ သာရှိပါတယ်။
 
 ဒီကြက်တွေဟာ အကောင်သေး ပြီး (၁၇) အောင်စ သာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကြက်ဟာ မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာ ထင်ရှားကျော်ကြားခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန် ဖြစ်ခဲ့ပါတယ်။ ဒီကြက်ကို ဥရောပနဲ့ အမေရိကန်နိုင်ငံတို့မှာ လည်း အလှသဘော နဲ့ မွေးဖွားမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီကြက်ဟာ အကောင်သာ ငယ်ပေမယ့် ရဲစွမ်းသတိ္တ အလွန်ရှိပါတယ်။ ကြက်အလှ ပြိုင်ပွဲကို မလေးရှား နိုင်ငံ၊ ကွာလာ လမ်ပူမြို့မှာ ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။
 
 ကြက်တစ်ကောင်ရဲ့ ဟန်ပန် အနေအထားနဲ့ ရင်အုပ်ပုံစံ တို့ကိုကြည့်ပြီး ချန်ပီယံအဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီကြက်ရဲ့ရင်အုပ်ဟာ အခြားကြက်တွေနဲ့ မတူတဲ့ အလွန်မောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကြက်ကို စားသုံးလို့ ရှိရင် ရင်ကြပ်ရောဂါ ပျောက် ကင်းတယ်လို့ မလေးရှားပြည် သူတွေက ယုံကြည်ထားကြပါတယ်။ ဒီကြက်ဟာ ထိုင်းနိုင်ငံကတစ်ဆင့် ရောက်ရှိလာတယ်လို့ ခန့်မှန်း ထားကြပါတယ်။ ဒီကြက်ကို မွေးခြင်းကြောင့် ပျော်ရွှင်မှုတွေ ရရှိစေလိမ့်မယ်လို့ ယူဆထားကြပါတယ်။ ဒီကြက်ကို ချစ်မြတ်နိုးသူတွေစုပေါင်းပြီး အသင်းအဖွဲ့ တွေလည်း ဖွဲ့ စည်းထားတယ်လို့ သိရပါတယ်။
The Messenger

16 Jun 2014

မဟာသန္တိသုခကျောင်းကိစ္စ သမ္မတဦးသိန်းစိန် ၀င်ရောက်ဖြေရှင်းမည်မဟုတ်

 
 မဟာသန္တိသုခကျောင်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ပီနန်ဆရာတော်ကြီး၏ တပည့်
သံဃာငါးပါးကို အတင်းလူဝတ်လဲစေကာ ထောင်ချသည့်ကိစ္စကို နိုင်ငံတော်သမ္မတ

ဦးသိန်းစိန်အနေဖြင့် တစ်စုံတစ်ရာ ၀င်ရောက်ဖြေရှင်းမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

“အဲလိုကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ဟိုအရင်ကတည်းက လုပ်ထုံးလုပ်နည်းဆိုင်ရာ သံဃာလုပ်ထုံးလုပ်နည်းတွေနဲ့ သံဃာမဟာနာယကအဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ သမ္မတအနေနဲ့ ပါဝင်ပြောဆိုခြင်း ၀င်ရောက်စွက်ဖတ်ခြင်း လုပ်လို့မရပါဘူး”ဟု ဦးရဲထွဋ်က ပြောသည်။

ဇွန်လ ၁၁ရက်က မဟာသန္တိသုခကျောင်းတိုက်ကို ရဲဝန်ထမ်းများက ဝန်းရံချိတ်ပိတ်ကာ သံဃာများနှင့် ဒကာများကို ထိန်းသိမ်းခဲ့သည်။ ဇွန်လ ၁၃ရက်ကလည်း ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်သည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို အတင်းအကျပ် လူဝတ်လဲစေပြီး သာသနာတော် ညိုးနွမ်းစေမှု ၂၀/၉၀ဖြင့် စွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ လူမှုကွန်ယက်များတွင် သမ္မတဦးသိန်းစိန် အနေဖြင့် ဝင်ရောက်ထိန်းသိမ်းခြင်း မရှိခြင်းကြောင့် သမ္မတ၏ ပါဝင် ပတ်သက်မှု ရှိမရှိ ဝေဖန်မှုများနှင့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်များသည် တိုင်းသံဃာနာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်းများ ပူးပေါင်းကာ သံဃာ့နာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည် ဟုဦးရဲထွဋ်ကပြောသည်။

ယင်းအပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း သမ္မတဦးသိန်းစိန်က မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်အား ပီနန်ဆရာတော်ဆီ စေလွှတ်ကာ ကျောင်းတိုက်တွင် အေးချမ်းစွာ သတင်းသုံးနိုင်ရန် အမှာစကားပါးသည်ဟူသော သတင်းများ ထွက်ပေါ်သည့်အပေါ် မဟုတ်မှန်ကြောင်း ဦးရဲထွဋ်က
မဇ္ဈိမကို ပြောသည်။

တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ပီနန်ဆရာတော်နှင့် မဟာသံဃာ့နာယကအဖွဲ့တို့ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းတိုက်ကို
ဇွန်လ ၁၁ ရက် နံနက် ၁၂နာရီခန့်က သံဃာတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀၀ခန့်က ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အတွင်းရှိ သံဃာတော် အပါး၂၀ ကို ထိန်းသိမ်းခဲ့ကြခြင်းဖြစ်သည်။

ပုံစာ- ဇွန်လ ၁၁ရက် နံနက် ၄နာရီခန့်က မဟာသန္တိသုခ ကျောင်းတိုက်ဆရာတော်များကို ကမ္ဘာအေးရှိ သံဃာ့တက္ကသိုလ်သို့ ထိန်းသိမ်းသွားပြီး သံဃာ့တက္ကသိုလ်ရှေ့တွင်
လုံခြုံရေးယူထားစဉ်။

 (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)
Mizzima News


မလေးရှားတွင် အလုပ်သမားချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ မြန်မာတစ်ဦးသေဆုံး

 
 
မလေးရှားနိုင်ငံ၊ ပီနန် မြို့နယ် ဘူကစ်မတာဂျမ်ရပ်ကွက် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် အလုပ်သမားများအုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာ မြန်မာနိုင် ငံသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်းသတင်းရရှိ သည်။

ဇွန်လ၁၄ရက် နံနက် ၁နာရီ ၀န်းကျင်တွင် ဘူကစ်မတာဂျမ် (BM)ရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်နေသောမြန် မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသားများနှစ်ဖက်အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာ ဓားထိုးဒဏ်ရာ ဖြင့် မြန်မာနိုင်ငံသားတစ်ဦးသေ ဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်းသတင်းရရှိ သည်။

‘‘သူ့ရဲ့ အပိုင်ရဲစန်းကို ဖုန်း ဆက်မေးကြည့်တော့ မြန်မာတွေ နဲ့ ဘင်္ဂလားတွေရန်ဖြစ်တာလို့ ပြောတယ်။ ဘယ်လိုတွေဖြစ်ကြ တယ်ဆိုတာ သူတို့လည်းမသိ သေးပါဘူး။ ရဲတွေရောက်လာ တော့ ထွက်ပြေးသွားကြတယ် ပြောပါတယ်’’ဟု မလေးရှားနိုင်ငံ ပီနန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဗိုလ်မြကပြောသည်။

မြန်မာနိုင်ငံသားများနှင့်ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုသတင်းများကို ဇွန်လ၁၄ရက် ညနေထုတ်သတင်း စာများတွင် ဖော်ပြထားကြောင်း မလေးရှားနိုင်ငံဧဒင် ဥယျာဉ်လူမှုကွန်ရက်မှ ကိုမျိုးကပြောသည်။

‘‘ဆေးရုံကိုသွားကြည့်ပါဦး မယ်။ ဒဏ်ရာရတဲ့သူက တော် တော်အခြေအနေ ဆိုးတယ်လို့ ကြားလို့ပါ။ သေဆုံးတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော နာမည်တွေ သေချာမသိသေးပါဘူး’’ဟု ကိုမျိုး ကပြောသည်။

သေဆုံးသူအလောင်းအား Seberang Jayaဆေးရုံသို့ ပို့ ဆောင်ထားပြီး ဒဏ်ရာပြင်းထန် စွာရရှိသူကိုလည်း ထိုဆေးရုံတွင် ပို့ဆောင်ထားကြောင်းသတင်းရရှိ သည်။

7Day News daily


12 Jun 2014

ဦးသိန်းစိန် လူကြိုက်ပိုများဆိုသည့် အိုင်အာရ်အိုင်စစ်တမ်း တုံ့ပြန်မည်


ဧပြီလဆန်းတွင် ထုတ်ပြန်ခဲ့သည့် International Republican Institute (IRI) ၏ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စစ်တမ်းပါ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများသည်ဆိုသည့် အချက်အလက်အပေါ် လိုအပ်ပါက သက်ဆိုင်သူတို့နှင့် ရုပ်သံက တိုက်ရိုက် ဆွေးနွေးခန်းပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နိုင်ငံတကာနှင့် လူထုဆက်ဆံရေး တာဝန်ခံ ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ဇွန်လ ၈ ရက်တွင် ပြောသည်။

“စစ်တမ်းကောက်တုန်းက မေးတဲ့မေးခွန်းတွေက အရမ်းယေဘူယျဆန်တယ်။ စစ်တမ်းထဲကအချက်တော်တော်များများကို ထောက်ပြလို့ရတယ်။ လိုအပ်ရင် ကျွန်တော်တို့က အဲဒီအဖွဲနဲ့ တိုက်ရိုက်ဆွေးနွေးတာကို ရုပ်သံကတိုက်ရိုက်လွှင့်တာထိ လုပ်ဖို့ရှိတယ်” ဟု ဦးတိုးကျော်လှိုင်က ပြောသည်။

ယင်းထုတ်လွှင့်မှုအတွက်ကို ပုဂလိက ရုပ်သံလိုင်းတစ်ခုနှင့် ဆွေးနွေးကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်တမ်းပါ အချက်အလက်မှားယွင်းမှုအပေါ် ပြန်လည်သက်သေပြနိုင်ရေးအတွက် အစည်းဝေးတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

IRI စစ်တမ်းကို ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေးလက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြပါရှိသည်။

ယင်းစစ်တမ်းပါ အချက်အလက်များ မှားယွင်းမှုကို ထောက်ပြနိုင်ရန် ဇွန်လ ၁၅ ရက် တော်ဝင်နှင်းဆီတွင် ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ ခေါင်းစဉ်ဖြင့် စာရေးဆရာဦးဖေမြင့်၊ ကယန်း ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး စောလွင်နှင့် ဆရာမောင်သံတိုင် ဘောဂဗေဒတို့က ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းသည် စစ်တမ်းပါအချက်များ မှားယွင်းမှုကို စတင် သက်သေပြခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တမ်းကောက်ယူခဲ့သည့် IRI နှင့် အထောက်အပံ့ပေးခဲ့သည့် USIAD တို့ကိုလည်း ဖိတ်ကြားထားသည်။

IRI ကို USAID က အထောက်အပံ့ပေးထားခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူမှုကို ပြည်တွင်းအခြေစိုက် MSR (Myanmar Savory Resarch) အဖွဲ့က ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို သမ္မတထံ တင်ပြပြီးမှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

 

by mizzima

‘Love Locks’ တံတားလို့နာမည်ကြီးတဲ့ ပဲရစ်က တံတားအကာအရံ ပြုတ်ကျ

 
ကမ္ဘာလှည့်ခရီးသည်များအတွက် ပဲရစ်က အထင်ကရတံတားတစ်ခုဖြစ်တဲ့ တံတားအကာ သံဇကာများတွင် သော့ခတ်ထားလေ့ရှိသည့် ထိုတံတားအကာဟာ သော့များ၏အလေးချိန်ကြောင့် ကွာကျခဲ့ကြောင်း သိရသည်။

ကံကောင်းသည်မှာ ကွာကျသော တံတားအကာ အရံမှာ မြစ်ထဲသို့ ပြုတ်ကျခြင်း မဟုတ်ဘဲ တံတားပေါ်သာ ပြုတ်ကျခြင်းဖြစ်သည့် အတွက် အလွန်အသွားအလာများသော ထိုမြစ်အတွင်းက သဘောင်္ာတွေ ၊ လှေတွေ ၊ ခရီးသွးတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်းဖြစ်သည်။

ထိုတံတားသို့ လာရောက်လည်ပတ်သူများဟာ အချစ်သင်္ကေတ အနေနဲ့ သော့ပေါ်တွင်စာရေး သော့ခတ်ပြီး သော့ကို မြစ်ထဲပစ်ချလေ့ရှိကြပြီး ထိုတံတားဟာ ကမ္ဘာလှည့်ခရီးသည်များအား ပဲရစ်မြို့၏ တခုတ်တရ ဆွဲဆောင်နိုင်စွမ်းရှိသော နာမည်ကြီးတံတားလည်း ဖြစ်သည်။

ယခုအခါ ထိုတံတားအား ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

Source : Dailymail

ပီနန်ဆရာတော်ထံ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့ လျှောက်ကြားချက်



၂၀၁၄ မတ်လအတွင်းက…မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ
ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့
လျှောက်ကြားချက်။

” ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကို တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါတယ်ဘုရား။

အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့ အချက်အလက်တွေကို လေ့လာလိုက်ရင်
ဓမ္မ၀ိနယအရသော်လည်းကောင်း၊ လောကဥပဒေအရ လည်းကောင်း
ပီနန်ဆရာတော်ဘုရားကြီးပိုင်တယ်ဆိုတာ ရှင်းလင်းနေပါပြီ။

အခုပဲ တပည့်တော်အနေနဲ့ ၀န်ခံလျှောက်ထားပါရစေဘုရား။တပည့်တော်တို့ ရုပ်ရှင်သမားများက ကွင်းနေရာမရတော့
ဒီကျောင်းကြီးပေါ်မှာ လာပြီး ရုပ်ရှင်ရိုက်ကြပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာသေဖူးပါတယ်ဘုရား။တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာ
တရားသူကြီးလုပ်ပြီး ထောင်ချခဲ့ဖူးပါတယ်ဘုရား။

ဒီကျောင်းကြီးပေါ်မှာ အချုပ်ခန်းဆက်တင်ဖန်တီးလို့ တပည့်တော်ကိုယ်တိုင် တရားခံလုပ်ပြီး
အချုပ်ခန်းထဲမှာ နေခဲ့ရဖူးပါတယ်ဘုရား။

ယခုကျမှ ငါတို့ရဲ့ ဒီလုပ်ရပ်တွေဟာမူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ လုပ်ခဲ့ရတာပါလားဆိုတာ
တွေးပြီး ဒီအကုသိုလ်ကို ကြောက်မိပါတယ်ဘုရား။

သူတို့ ဒီကျောင်းက ထွက်ခွါဖို့ ဘယ်လိုပင် စာထုတ်ကြသော်လည်း ဒီကျောင်းကြီးကနေ
တစ်ဖ၀ါးမှ မခွါဖို့ ဒီအကုသိုလ်ကို ချေပတဲ့အနေနဲ့ တပည့်တော် လျှောက်ထားပါရစေဘုရား။

၃၁ ရက်နေ့မှာ လိုအပ်လာမယ်ဆိုရင်တပည့်တော်တို့အနုပညာသမားများက
ဆရာတော်ဘုရားကြီးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပါ့မယ်ဘုရား။

မီးလောင်ဗုံးနဲ့ ထုတော့လဲ ကုသိုလ်ကံပေါ့ဘုရား။

ဒါဟာ တပည့်တော်တို့အနုပညာသမားများရဲ့ပြန်ပေးဆပ်သင့်တဲ့ ၀ဋ်ကြွေးခြေ ကျေးဇူးဆပ်ခြင်းပါဘုရား။

ခွင့်ပြုပါဘုရား။ ”

ဦးဇင်ဝိုင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း၊

MH370 သတင်းအမှန်ပေးနိုင်လျှင် ကန်ဒေါ်လာ ၅ သန်း ရမည်



ဇွန်လ ၈ ရက်နေ့ကမှ ကြေညာလိုက်တဲ့ သတင်း ဖြစ်ပြီး ယင်း ကြေညာချက် အရ ပျောက်ဆုံးနေသော MH370 လေယာဉ် အကြောင်း အစအန တွေ့ရှိ သတင်းမှန် ပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဒီအတွက် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူများရဲ့ ကျန်ရှိ မိသားစုများက စုစည်းလို့ ပေးအပ်မယ့် ဆုကြေးငွေ ဖြစ်ပါတယ်။ ဒီအတွက် ကို သေချာ စစ်ဆေးပြီး အမှန်တကယ် တွေ့ရှိ သတင်း ပေးနိုင်သူ ကိုသာ ပေးအပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ပေကျင်း မြို့ကို ပြန်သန်းစဉ် အိန္ဒိယ သမုဒ္ဒရာ ထဲသို့ ထိုးကျ နှစ်မြှုပ်သွားတယ်လို့ ခန့်မှန်း ထားကြတဲ့ လေယာဉ် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ကော၊ လေယာဉ် ဝန်ထမ်း အပါအဝင် ၂၃၉ ဦး ပါဝင် ပါတယ်။
နောက်ဆုံးရ သတင်း အနေနဲ့ သြစတေးလျ ကမ်း အလွန် အန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်မှာ Low Frequency အသံ လိုင်း ကြားရပြီး ရှာဖွေမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

MH370 လေယာဉ်ကို ကိုယ်တိုင် ဆယ်ထုတ် စရာမလိုပဲ အစအန သတင်း ပြောပြ ရုံမျှသာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာမို့ နိုင်ငံတကာမှာ ပုဂ္ဂလိက ရှာဖွေရေး အဖွဲ့အစည်း များစွာ ပါဝင် လာကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)


အလုပ်သမားသစ်များ လေဆိပ်တွင် 24 နာရီသာ သူဌေးစောင့်ခွင့်ပြုတော့မည့် မလေးရှား

 
မလေးရှားသို့ရောက်ရှိသူများအား လဝက မှ စစ်ဆေးနေပုံ
 

ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi
 
(12.6.2014)

မလေးရှားလေဆိပ်သို့ရောက်ရှိလာမည့် အလုပ်သမားသစ်များအား ခေါ်ယူသည့်အလုပ်ရှင်သည် 24 နာရီအတွင် မဖြစ်မနေလာရောက်ကြိုရတော့မည်ဖြစ်ကြောင်း ယနေ့ မလေးထုတ်သတင်းဌာနများတွင် ကြော်ငြာသွားခဲ့သည် ။
အကြောင်းမှာ မလေးနိုင်ငံသို့ဝင်ရောက်လာသူများ ထွက်ခွာသူများအားလုံး စာရွက်စာတမ်းအတုများ ကိုင်ဆောင်ခြင်းကို ထိထိရောက်ရောက်တားမြစ်သွားရန်ဖြစ်ကြောင်း လည်းသိရသည်။

လွန်ခဲ့သော 3 လက ဖြစ်ပွားခဲ့သည့် MH370 ပျောက်ဆုံးမှုတွင် fake passport ( ပျောက်ဆုံးပတ်စပို့) 2 အုပ်ကိုင်ဆောင်ခရီးသွားသူ ၂ဦးပါဝင်ခဲ့ပြီး ထို့သို့မဖြစ်စေရန် မလေးရှား လဝက စနစ်များ နှင့် လေဆိပ်များတွင် SYSTEM UPGRADE ပြုလုပ်ရန်ရှိသည်များအားလုံး ပြုလုပ်သွားမည်ဖြစ်သလို ၊
နိုင်ငံတကာ ပျောက်ဆုံး ပတ်စပို့များ အား ချက်ချင်းသိနိုင်ရန် မလေးအစိုးရမှ INTERPOL နှင့်တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi လေဆိပ် တွင်ပြောကြားသွားခဲ့သည် ။

ထို့အတူ ဝန်ကြီးမှ လေဆိပ် လုံခြုံရေး နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရေး အတွက် မလေးရှား ရှိ နိုင်ငံတကာလေဆိပ်များကို မှာကြားထားပြီးဖြစ်သလို လဝက အဝင်အထွက်များ အားလုံးကို HD-CCTV များတပ်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီင်္းမှပြောကြားသွားခဲ့သည် ။

ထိုမျှမက နိုင်ငံတကာမှ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားကိုလည်း ခေါ်ယူသူ လုပ်ငန်းရှင်မှ 24 နာရီအတွင်း စာရွက်စာတမ်းများဖြင့် လာရောက် ခေါ်ဆောင်ရန် နှင့် 24 နာရီ ကျော်ပါက ဆိုင်ရာတိုင်းပြည်များသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဆက်လက်ပြောကြားသွားခဲ့သည် ။
ထိုသို့ပို့ဆောင်ရန်အတွက် လေယာဉ်လက်မှတ် နှင့် ကုန်ကျစရိတ်များကို အလုပ်သမားခေါ်ယူမည့် လုပ်ငန်းရှင်များက တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည် ။

သို့အတွက် မလေးရှားသို့ အသစ်လာရောက် မည့် မြန်မာအလုပ်သမားများ အားလုံးသည် မိမိတို့ အေးဂျင်းများ ၊ အလုပ်ရှင်များအား တိကျစွာ 24 နာရီအတွင်း မဖြစ်မနေ လာရောက်ခေါ်ဆောင်ရန် မေးမြန်း ထားရမည်ဖြစ်သည် ။
24 နာရီကျော်လွန်သည်အထိ လုပ်ငန်းရှင် သို့ အေးဂျင်းမှ လာရောက် မခေါ်ဆောင်ပါက လေဆိပ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်သည် ။
 
REF : THESTAR , MALAYMAILONLINE ,

ဘာသာပြန် မလေးရှားရောက် မြန်မာများ FACEBOOK စာမျက်နှာ
www.facebook.com/mmrinm