4 Jul 2014
အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်လိုအရေးယူမလဲ
မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေး မြို့တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ် စဉ်များ၏ အဓိကဇာစ်မြစ်တရားခံမှာ ငြိမ်း ချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့သောလူမှု အသိုင်း အဝိုင်း နှစ်ခု အကြား အမုန်းတရားများ ကြီးထွား၍ ပဋိပက္ခများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်နေသော အွန်လိုင်းလူသတ်သမားများနှင့် ပဋိပက္ခများ ဖြစ်ပွားစေ၍ နိုင်ငံရေး အမြတ် ထုတ်လို သူများ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်ပင်ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူများနှင့် အိုင်တီနည်း ပညာကျွမ်းကျင် သူများက ဆိုကြသည်။
အမှန်စင်စစ် ထိုပြဿနာ၏ ရင်းမြစ်မှာ ဘာသာခြားနှစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးအား အဓမ္မကျူးလွန်သော မုဒိမ်းမှုပင် ဖြစ်ပြီး ရာဇဝတ်မှုတစ်ခုသာဖြစ်သည်။ ထို ရာဇ ဝတ်မှု အား တရား ဥပဒေစိုးမိုးရေးတာဝန် ယူထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူး လွန်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ် ဖမ်းဆီးအရေးယူရမည့် တာဝန်ကားရှိသကဲ့ သို့ပြည်သူ များ အနေဖြင့် ပြစ်မှုကျူးလွန်သူ များအား ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန်အတွက် ဝိုင်းဝန်းဖော်ထုတ်ပေးရမည်သာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက် ဖြင့် အွန်လိုင်း ရှိလူမှုရေးကွန်ရက် များနှင့် တရားဝင်မဟုတ်သော အွန်လိုင်း သတင်းဌာန များမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွားလာရ ခြင်းသာဖြစ် ကြောင်း၊ သို့သော် ထိုပြဿနာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆက်လက် ကျယ်ပြန့်ခြင်းမရှိစေရန်အတွက် အချိန်မီထိန်း ချုပ်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ ကြီး တစ်ဦး က ပြောကြားခဲ့ သည်။
ထို့အပြင် မကြာသေးမီနှစ်များအတွင်း ကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပွားခဲ့သော မန္တလေးဖြစ်စဉ်များ ကို လေ့လာကြည့်ပါက ပဋိပက္ခနှင့်အကြမ်းဖက် မှုများ ဖြစ်ပွား စေရန် လှုံ့ဆော်သူအချို့မှ အင်တာနက်အွန်လိုင်းနှင့် လူမှုရေး အင်တာနက်ကွန်ရက်များမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်စေရန်အတွက် သွေးထိုးလှုံ့ဆော် မှုများအား ပြုလုပ် ခဲ့သည် ကို တွေ့ရှိရသည့် အပြင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာအား ကျဆင်း စေရန်အတွက် အင်တာနက်အသုံးပြုကာ ပြည် ပသို့ သတင်းမှား များ ထုတ်လွှင့်ပေးပို့ခြင်း၊ ဖန်တီးပြု လုပ်ထားသောဓာတ်ပုံများ ပေးပို့ ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ အင်တာ နက်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြဿ နာများမှာ မကြီးထွားသင့်ဘဲ ကြီးထွား ခဲ့ရကြောင်း ၊ ယင်းအပြင် ပြည်တွင်း ရှိဝန်ကြီး ဌာနများ၏ အင်တာနက်စာမျက်နှာများနှင့် စီးပွားရေးလုပ်ငန်းများ၏ အင်တာနက်စာ မျက်နှာများကိုလည်း အင်တာနက် မှတစ်ဆင့် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည့်ဖြစ်စဉ်များ လည်းရှိခဲ့ကြောင်း၊ ထိုသို့သောဖြစ်ရပ်များသည် အင်တာနက်အား အလွဲအ သုံးပြုကာရည်ရွယ် ချက်ရှိရှိဖြင့် မှုခင်းများအား ကျူးလွန်ခြင်းသာ ဖြစ်ကြောင်း၊ အလား တူပင် လက်ရှိတွင်လည်း အင်တာနက်မှ တစ်ဆင့် ဒုစရိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်ရန်အစီအစဉ် များဆောင်ရွက်ခြင်း စသည့်အခြေအနေများ ကိုပါ တွေ့မြင်လာ ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''အင်တာနက်မှာ ဒီသတင်းတက်လာ ကတည်းက မလိုလားအပ်တဲ့ ပြဿ     နာတွေ မတက်ရအောင် လိုအပ်တဲ့ စုံစမ်းစစ်ဆေး မှု တွေလုပ်ပြီး အရေးယူဖို့အတွက် အောက်ခြေ က တပ်ဖွဲ့ ဝင်တွေကို ညွှန်ကြားထားပြီးသား။ ညွှန်ကြားထား တဲ့အတိုင်း လဲ အောက်ခြေ မှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေတုန်း အွန်လိုင်းကနေ သွေးထိုး လှုံ့ ဆော် သူတွေရဲ့ဝါဒဖြန့် မှုတွေကြောင့် မဖြစ်သင့်တာ တွေ ဖြစ်ခဲ့ရတာ။ ဒါနဲ့ပတ်သက်လို့လဲ ပဋိပက္ခ ပိုမိုကြီးထွားခြင်းမရှိအောင် လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ကာကွယ်နိုင်ခဲ့ ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုမှာ ပါဝင် တဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးအရေးယူမှု တွေလုပ်ပြီး ထိထိရောက်ရောက်လုပ်ဖို့ကိုလဲ ညွှန်ကြားထားတယ်''ဟု ယင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပြောင်းလဲပြီး ၂၀၁၁ခုနှစ်မှ စတင်ဖြစ် ပွားခဲ့သော ပဋိပက္ခပြဿနာများအား ပိုမိုကြီး ထွားလာစေရန်အတွက်နှင့် ယခင်က ငြိမ်း ချမ်းစွာ အတူယှ ဉ်တွဲနေထိုင် ခဲ့သော လူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား၊ ဘာသာ တစ်မျိုးနှင့် တစ်မျိုးအကြား ချစ်ကြည်ရင်းနှီးမှုပျက်ပြား စေ၍ အမုန်းတရားများ ကြီးထွားလာစေရန် အတွက်  မသမာသူ များမှ အွန်လိုင်းရှိ လူမှု ကွန်ရက်စာမျက်နှာများနှင့် တရားမဝင်အွန် လိုင်းသတင်းဌာနများအား အသုံးပြုကာ စဉ် ဆက်မပြတ် မဟုတ်မမှန် သတင်းများ ထုတ်လွှင့် ခြင်း၊ ဆူပူ အကြမ်း ဖက်မှုများဖြစ်ပေါ်စေရန် အတွက် သွေးထိုးလှုံ့ဆော်ခြင်းများအား ဆောင် ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ထိုသို့ အင်တာ နက်အွန်လိုင်းများမှတစ်ဆင့် ပြည်တွင်း၌ ဆူပူ အကြမ်း ဖက်မှု များ ဖြစ်ပေါ်စေရန်အလို့ ငှာ မဟုတ်မမှန်သတင်းထုတ်လွှင့်သော တရားမဝင် အွန်လိုင်းမီဒီယာများနှင့် သွေးထိုးလှုံ့ဆော်သူ များအား တရားဥပဒေစိုးမိုးရေး တာဝန်ယူ ထားသူများ အနေဖြင့် တည်ဆဲဥပဒေများအ ပြင် အီလက်ထရွန်နစ်ဥပဒေ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဥပဒေများဖြင့် အရေး ယူမှုမရှိသည်ကို ထူးဆန်းဖွယ်ရာတွေ့မြင်နေရကြောင်း၊ အကယ်၍ တရားဥပဒေစိုးမိုးရေးတာ ဝန်ယူထားသော သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ထိုသို့ အင်တာနက်အွန်လိုင်း အသုံး ပြု၍ ပြည်တွင်း၌ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ် စေရန် သွေးထိုး လှုံ့ဆော်သူများနှင့် အလားတူ ဖြစ်စဉ် များဖြစ်ပွားစေရန် အတွက် ရည်ရွယ် ချက်ရှိရှိဆောင်ရွက်နေသော တရားမဝင် အွန်လိုင်းမီဒီယာများအား စောင့်ကြည့်ဖမ်း ဆီးကာ ထိရောက် သောပြစ် ဒဏ်များချမှတ်၍ အရေးယူမည်ဆိုပါက လူမျိုးရေး၊ ဘာသာရေးကိုအခြေခံ၍ဖြစ်ပွားသောပဋိပက္ခနှင့် ဆူပူ အကြမ်းဖက်မှုများလျော့ပါးသွားစေနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာ ရှင်တစ်ဦး ဖြစ်သူ ကိုအောင်မျိုးလွင်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၌အမျိုးသားဆိုက် ဘာလုံခြုံရေးအဖွဲ့အား သက်ဆိုင်ရာတာဝန် ရှိသူများဖြင့် ဖွဲ့စည်းထားရှိသော်လည်း  အင်တာနက် အွန်လိုင်းများအား အသုံးပြု၍ ဖြစ်ပွားသော ဆိုက်ဘာ မှုခင်းများ အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ယခုကဲ့ သို့သော ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့်သွေးထိုးလှုံ့ဆော်သူများ၊ ပဋိပက္ခဖြစ်ပွား စေရန်အလို့ငှာ မဟုတ်မမှန် သတင်းများရေး သားဖြန့်ဝေလျက်ရှိသော တရားမဝင် အွန်လိုင်း မီဒီယာများအား ဖော်ထုတ်အရေးယူနိုင်ခြင်း မတွေ့ရှိရသေးကြောင်း ယင်းကထပ်မံ ပြော ကြားသည်။
''အခုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့် မယ်ဆိုရင် အရင်ဆုံး အွန်လိုင်းလူမှုရေးကွန် ရက်တွေကနေ သွေးထိုးလှုံ့ဆော်မှုတွေလုပ် ပြီးမှ အကွက်ကျကျ လုပ်ဆောင်နေတယ်ဆို တာကိုတွေ့ရတဲ့ အပြင် ဆူပူအကြမ်းဖက်မှုဖြစ် ပွားတဲ့နေရာမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေ ကလဲ အဲဒီအနီးအနားက လူတွေမဟုတ်ဘဲ ဘယ်ကလာလို့လာမှန်းမသိတဲ့လူတွေပဲဖြစ် နေတာ။ အဓိကက ဒီလိုပြသနာတွေဖန်တီးဖို့ အတွက် အကွက်ချပြီးစေခိုင်းတဲ့ နောက် ကွယ်က ကြိုးကိုင်သူတွေ ရှိနေတာပဲ။ ဒီလို လူတွေကို မဖော်ထုတ်မဖမ်းဆီးနိုင်သေးသ ရွေ့တော့ ဒီလိုပြဿ  နာတွေက ဆက်ပြီးဖြစ် နေဦးမှာပဲ''ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းမှ ဦးကံညွန့်က ၎င်း၏အမြင်ကိုပြော သည်။
''သစ်ထူးလွင်သတင်းဝက်ဘ်ဆိုဒ်က ပြည် တွင်းမှာရှိသမျှသတင်းဌာနတွေရဲ့ဝက်ဘ်ဆိုဒ် တွေက သတင်းတွေ အပြင် ဖေ့စ်ဘွတ်စ်ပေါ် က သတင်းတွေပါ အကုန်တင်တော့ ဒီဝက်ဘ် ဆိုဒ်ကို လူကြည့်များ တယ်။ အခုပြဿ     နာက ဒီ သတင်းဝက်ဘ်ဆိုဒ်ကနေ သတင်းရင်းမြစ်မခိုင် လုံတဲ့ သတင်းတစ်ခုကိုစာနယ်ဇင်းကျင့်ဝတ် ကို မလိုက်နာဘဲ တင်တယ်။ ဒါကို ပဋိပက္ခ မဖြစ်ဖြစ် အောင် လှုံ့ဆော်နေတဲ့ သူတွေက ဒီသတင်းကို လက်ဆင့်ကမ်းပြီး အမုန်းတရား တွေ တိုးလာပြီးပြဿနာ တက်အောင်လုပ် တယ်။ ဒီနေရာမှာ လိုသွားတာက ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဝက်ဘ်ဆိုဒ်က ဒီသတင်းနဲ့ပတ် သက်လို့ သတင်းမှန်ကို အချိန်မီ ထုတ်မပေး နိုင်တာပါသလို၊ ပြည်သူလူထုကလည်း သွေး ထိုးလှုံဆော်မှုတွေကြောင့် အမုန်းတရားတွေ ကြီးမားပြီး စဉ်းစားချင့်ချိန်မှု နည်းသွားတော့ မဖြစ်သင့်တာတွေဖြစ်လာတာပဲ။ လက်ရှိဖြစ် နေတဲ့ပဋိပက္ခတွေအကုန်လုံးက အွန်လိုင်းက သွေး ထိုးလှုံဆော်မှုတွေ ကနေ ပေါက် ဖွားလာ တာဆိုရင်လည်းမမှားဘူး။ ဒီလိုသွေးထိုးလှုံ့ ဆော်မှုတွေကို လုပ်နေတဲ့ ဒီလိုအွန်လိုင်း လူ သတ်သမားတွေကို အရေးမယူနိုင်သေးသရွေ့၊ အင်တာနက်အသုံးပြုမှုကို ထိန်းချုပ် စောင့် ကြည့်တာတို့၊ ကန့်သတ်မှုတွေ မလုပ်နိုင်သေး သရွေ့တော့ နောင်လည်း ဒီလိုပြဿနာတွေ ဆက်ဖြစ်နိုင်တယ်'' ဟု မြန်မာ့နိုင်ငံရေးလေ့ လာသူ တစ်ဦးဖြစ်သည့် ကိုတင်မောင်အေးက ဆိုသည်။
ထို့အပြင် ယနေ့ကဲ့သို့ အိုင်တီခေတ်၌ မိုဘိုင်းဖုန်းများ ပေါများလာသည့် နည်းတူ အင်တာနက်သုံးစွဲသူများမြင့်တက် လာခြင်းကြောင့် ဖေ့စ်ဘွတ်ကဲ့ သို့လူမှုကွန်ရက်စာမျက်နှာများ အား လူတိုင်းနီး ပါး အသုံးပြုလာကြကြောင်း၊ ထိုအချက်အား ပဋိပက္ခများဖြစ်ပွားစေလိုသော မသမာသူများက လုပ်ကြံဝါဒဖြန့်သောနည်း ပညာတစ်ရပ်အနေဖြင့် အသုံးပြုခဲ့ခြင်း သာဖြစ် ကြောင်း၊ အခြားသော နိုင်ငံများ တွင် လည်း လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသကဲ့သို့ မသမာသူများမှ တည်ငြိမ်မှု ပျက်ပြားစေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိပြီး ဥပမာအားဖြင့် ယခင်နှစ်အနည်းငယ် အတွင်းက အာရပ်နိုင်ငံ များနှင့် အရှေ့အလယ် ပိုင်းဒေသရှိနိုင်ငံများတွင်ဖြစ်ပွားခဲ့သော အာ ရပ်နွေဦးတော်လှန်ရေးမှာ လူမှုကွန်ရက်များမှ တစ်ဆင့် သွေးထိုး လှုံ့ဆော်ရာမှ ပေါက်ဖွား ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံ တွင်မူ လူမှု ကွန်ရက်စာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်စ်မှ တစ်ဆင့် နိုင်ငံရေး လှုံ့ဆော်မှုများနှင့် လူမျိုး ရေး၊ ဘာသာရေးလှုံ့ဆော်မှု များ ဖြစ်ပွားခြင်း မရှိစေရေန် ဥပဒေတစ်ရပ် ထုတ်ပြန်ကာအသုံး ပြုခွင့်အား ပိတ်ပင်တားဆီးထားသည်ကိုတွေ့ မြင် ရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အလားတူပြသနာများထပ်မံမဖြစ်ပေါ်စေရေး အတွက် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာ များ မှ တစ်ဆင့် ဆူပူအကြမ်း ဖက်မှုဖြစ် စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများနှင့်မဟုတ်မမှန် သတင်းထုတ်ပြန်သူ များအား စောင့်ကြည့်စစ် ဆေးဖော်ထုတ်အရေးယူခြင်းများနှင့် အွန်လိုင်း ဆင်ဆာစနစ်အား ပြုလုပ်ရန်လို အပ်နေ ပြီ ဖြစ် ကြောင်း ၎င်းက ထပ်မံပြောသည်။
အလားတူ အမုန်းတရားများပွားများစေ သော အန္တရာယ်ရှိသောပြောဆိုမှုများတားဆီး ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် ပန်းစကား အဖွဲ့မှ အိုင်တီပညာရှင်ဘလောဂ့်ဂါ ကိုနေဘုန်းလတ် က ''အင်တာနက်ကကောင်းကျိုး၊ ဆိုးကျိုးက ဒွန်တွဲနေတာ၊ ဘယ်ဟာကကောင်းကျိုးလဲ၊ ဘယ်ဟာက ဆိုးကျိုးလဲဆိုတာကို အသိပညာ ပေးမှုအားနည်းတာကြောင့် လူငယ်တော်တော် များများက အင်တာနက်ကို သုံးတဲ့အခါ ဆိုး ကျိုးဘက်ကိုရောက်သွားတာပါ။အစိုးရကနည်း ပညာကိုပဲ လူထုရဲ့လက်ထဲကို ထည့်ပေးလိုက် ပြီးတော့အသိပညာ ကိုမထည့်ပေးလိုက်တဲ့အတွက် လူငယ်တွေကြားမှာ တစ်လွဲအသုံးပြုကုန် တာပါ။ အင်တာနက်က တစ်ကမ္ဘာလုံးမှာ လည်း အသုံးပြုနေတာပဲ၊ ဘယ်သူ့ကိုမသုံးနဲ့ ဘယ်သူကသုံးဆိုပြီး။ မပြောထားတော့ ဒုစရိုက် သမားတွေနဲ့ မကောင်းတဲ့သတင်းတွေ၊ ဝါဒဖြန့် ချင်သူတွေအတွက် လက်နက်တစ်ခုဖြစ်လာ တာပါ ဒါတွေက ခုနက ပဋိပက္ခဖြစ်နိုင်တဲ့ ကိစ္စတွေသာ မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဓာတ်ပုံတွေကို ဖော်ပြနေတာက လည်း နောက်ပိုင်း မှာ ပိုပြီးအန္တရာယ်ရှိလာမှာ ပါ''ဟုဆိုသည်။
တရားမဝင်အွန်လိုင်းမီဒီယာများအား အရေးယူရန် လိုအပ်နေပြီလား
ဒီမိုကရေစီအစိုးရလက်ထက်၌ သတင်း အချက်အလက်နည်းပညာများဖွံ့ဖြိုးတိုး တက် လာသည်နှင့်အမျှ လူတိုင်းနီးပါးမို ဘိုင်း ဖုန်း ဖြင့် အင်တာနက်မှတစ်ဆင့် အွန်လိုင်းသတင်း များအား အချိန်နှင့် တစ်ပြေးညီဖတ်ရှုလေ့လာ နိုင်ခြင်းမှာ ကောင်းမွန်သော အချက်တစ်ခု ပင်ဖြစ်သော်လည်း တချို့သောတရားမဝင်အွန်လိုင်းမီဒီယာများမှာ မီဒီယာနှင့်စာနယ်ဇင်း ကျင့်ဝတ်များ အားလိုက် နာခြင်းမရှိရုံမျှ မက ကောလာဟလများနှင့် မဟုတ်မမှန်သတင်း များဖန်တီးထုတ်လွှင့်လျက်ရှိနေခြင်းကြောင့် လည်း မလိုလားအပ်သော လူမျိုးရေး၊ဘာသာ ရေးပဋိပက္ခပြဿ   နာများမှာ ပိုမိုကြီးထွားလာရ ခြင်းဖြစ်ကြောင်း  ပြည်သူများကဝေဖန်ပြော ဆိုကြသည်။
ထို့အပြင် အခြားတစ်ဖက်၌ ထိုသို့သော တရားမဝင်အွန်လိုင်းမီဒီယာများကြောင့် စစ် မှန်သောမီဒီယာသမားများနှင့် စာနယ်ဇင်း သမားများ၏ အကျိုးစီးပွားအားထိခိုက်စေလျက်ရှိသည့် အပြင်စ စ်မှန် သောစာနယ်ဇင်း လောက သားများအပေါ် ပြည်သူလူ ထုမှ အထင် အမြင်လွဲမှားမှုများဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ    ကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကစာနယ်ဇင်းမီဒီယာ သမားများက ဆိုကြ သည်။
''စာနယ်ဇင်းကျင့်ဝတ် ထဲမှာ ပဋိပက္ခဖြစ် စေမယ့် အရေးအသားမျိုး၊ သွေးထိုးလှုံ့ဆော် မှုမျိုးတွေရေးသားခြင်း၊ ထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်းမပြုရဘူးဆိုတာပါပေမယ့် တရား မဝင်အွန် လိုင်းမီဒီယာတွေက မီဒီယာကျင့် ဝတ်ဆိုတာကိုလိုက်နာမှုမရှိဘဲ တရားဝင် သတင်းဌာနတွေက သတင်းတွေကိုခွင့်ပြု ချက်မရှိဘဲ ခိုးယူဖော်ပြတာတွေ၊ တရားဝင် သတင်းဌာတွေနဲ့ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ် တွေကသတင်းတွေကို ခိုးယူပြီးလိုသလိုဖြည့် စွက်တာတွေလုပ်နေကြတယ်၊ သူတို့ကအမှန် တကယ်လည်း သတင်းသွားရောက်ယူတာ မျိုးမရှိဘဲ သူများ လုပ်ထား တာကိုခိုးယူပြီး သူတို့ ကြော်ငြာခရရေးအတွက်ပဲလုပ်နေတဲ့ အပြင် တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း မရှိဘူး။ အခုဖြစ်သွားတဲ့ကိစ္စမှာဆိုရင် တာဝန်ယူမှုရှိ သင့်တယ်။ ဒီလို တရားမဝင် အွန်လိုင်းသတင်း မီဒီယာတွေကြောင့် အမှန်တကယ်နိုင်ငံတော် ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေအများကြီး ဖြစ်ပေါ်သလို လက်ရှိ ပြည်တွင်းပုဂ္ဂလိက သတင်းစာတွေနဲ့ ဂျာနယ်တွေအရှုံးပေါ်ရ တာလည်း ဒီလိုစာနယ်ဇင်းကျင့်ဝတ်နဲ့မညီတဲ့ တရားမဝင်အွန်လိုင်းသတင်းမီဒီယာတွေ ကြောင့်ပဲ''ဟု ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ အချို့မှ စာနယ်ဇင်းသမားများက သုံးသပ်ပြော ကြားသည်။
ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ''ဒီသစ်ထူးလွင်ဘလော့ဂ်ကကျင့် ဝတ်မရှိဘူး။ကော်ပီရိုက်ကိုချိုးဖောက်ပြီး တကယ့်မီဒီယာ သမား တွေပင်ပင်ပန်းပန်းနဲ့ ကြိုးစားထားတဲ့ သတင်းတွေကို အညွန့်ခူးစားတာပဲ။ ဒီဘလော့ဂ် ကိုဝင်ကြည့်တဲ့သူတွေကလဲ များလာတော့ နာမည်ကြီးဝက်ဘ်ဆိုဒ်ဖြစ်လာပြီး ဒီအပေါ်မှာ အကြမ်း ဖက်လုပ်ရပ်ကိုအားပေးတဲ့ ရင်းမြစ် တစ်ခုဖြစ်သွားတာ။ နောက်ပြီး အကြမ်းဖက် လုပ်ရပ်ကို လုပ်လိုသူတွေက သူ့ကိုအသုံးချ သွားတဲ့သဘောပဲ။ ဒီကိစ္စမှာ သူကိုယ်တိုင် ပါပါ၊ မပါပါ အန္တရာ ယ်ရှိတာကတော့အမှန်ပဲ။ ဒါကြောင့် တရားဝင်ရပ်တည်နေတဲ့ မီဒီယာ တွေအနေနဲ့ သူတို့ရဲ့သတင်းတွေကိုသုံးစွဲခွင့် မပြုတဲ့ အကြောင်းတရားဝင်လှမ်းပြီး ကန့်ကွက် သင့်တယ်။ နောက်စာ နယ်ဇင်း ကောင်စီကို လည်း တိုင်ကြားဖို့လိုသလိုသက်ဆိုင်ရာ ရှေ့ နေတွေနဲ့လည်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရေးယူမှုတွေလုပ်သင့်တယ်ဟု ပြောသည်။
လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ တွင် အင်တာနက်သုံးစွဲသူဦးရေမှာ ခြောက် သန်းနီးပါးခန့်အ ထိမြင့်တက်လာ ပြီး ဖေ့စ်ဘွတ် ခေါ်လူမှုရေး ကွန်ရက်စာမျက်နှာအားအသုံး ပြုသူမှာ ၄ ဒသမ ၃ သန်းနှင့် ဗိုက်ဘာခေါ် အင်တာနက်အခမဲ့ ဖုန်းသုံးစွဲသူမှာ ၃ ဒသမ ၈ သန်းခန့်ရှိသကဲ့သို့ အင်တာနက်မှတစ်ဆင့် အွန်လိုင်းသတင်း များအား ဝင်ရောက် ကြည့်ရှုမှုနှုန်း မှာ ငါးသန်းကျော်ခန့်ရှိကြောင်း၊ ထိုသို့ သော အွန်လိုင်းသတင်းများအားတင်ဆက်သူများတွင် ပြည်တွင်းပြည်ပမှ တရားဝင်ခွင့် ပြုချက် ရ ယူထားသော သတင်းမီဒီ ယာများ ပါဝင်သကဲ့သို့ တရားဝင်ခွင့်ပြုချက် များရယူ ထားခြင်းမရှိသော သတင်းမီဒီယာများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် အွန်လိုင်းမှ တစ်ဆင့်သတင်းများဝင်ရောက် ဖတ်ရှု လေ့လာသူ များအနေဖြင့် တရားမဝင် အွန်လိုင်းသတင်းဌာနများနှင့် စာနယ်ဇင်းမီဒီယာ သမားများမဟုတ်သော အကြမ်းဖက်မှုဖြစ် ပွားစေရန် သွေးထိုး လှုံ့ဆော်သူများ၏ ဖေ့စ် ဘွတ်စ်ပေါ်မှ သတင်း ဖော်ပြချက် များအား ယုံကြည်မှုမရှိရန်လိုအပ်ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်ခုမှ တာဝန်ခံ အယ်ဒီတာတစ်ဦးက ဆိုသည်။
''အွန်လိုင်းက သတင်းတွေကိုယ်အမြဲတမ်း ဝင်ဖတ်ကြည့်ပေမယ့် တချို့သတင်းတွေက အမှန်မဟုတ်ဘူးဆိုတာ၊ လူတိုင်းကသိ သင့် တယ်လို့တော့ထင်တယ်။ အဓိကကအွန်လိုင်း ကတစ်ဆင့်သွေးထိုးလှုံ့ဆော်မှုတွေဟာမှန်၊ မမှန်ဆိုတာကို စဉ်းစားချင့်ချိန် ဖို့တော့ လိုတာ အမှန်ပဲ။ မဟုတ်မမှန်သတင်းတွေလွှင့်ပြီး ဝါဒဖြန့်တာတွေ၊ ပဋိပက္ခဖြစ်အောင်သွေးထိုး လှုံ့ဆော်တာတွေက အရင်နှစ်တွေကတည်းက ဖြစ်နေခဲ့တာကို ပြည်သူတွေအနေနဲ့ သတိရှိပြီး လေ့လာဖို့ကလည်းအရေးကြီးတယ်လို့ထင်တယ်။ သူများသွေးထိုးတိုင်း လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ ပဋိပက္ခတွေထပ်မဖြစ်စေချင်တော့ဘူး။ သွေးထိုး လှုံ့ဆော်တဲ့သူတွေကလည်း မိမိရဲ့အတ္တနဲ့ အစွန်းရောက်မှုတွေ မိမိရဲ့သွေးထိုးလှုံ့ဆော် မှုကြောင့် အပြစ်မဲ့တဲ့ သူတွေထိခိုက်သေ ဆုံးရတာတွေကို ကိုယ်ချင်းစာစိတ်ထားပြီး ပြုပြင်ဖို့လိုတယ်လို့တော့ ယူဆပါတယ်''ဟု ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ကေကေ မိုးမြင့် က သူ့အမြင်အားပြောသည်။
''အင်တာနက်အသုံးပြုတဲ့နှုန်းတိုးတက် လာတာကောင်းပေမယ့် ကောင်းတဲ့နေရာမှာပဲ အကျိုးရှိရှိအသုံးချသင့်တယ်။ အခုက မကောင်း တဲ့နေ ရာတွေမှာ အသုံးပြုတဲ့အပိုင်းကများနေ တယ်။ ဒီတော့လမ်းမှားတွေရာက်ပြီး ရာဇဝတ် မှုကျူးလွန်ဖောက် ဖျက် တဲ့ အဆင့်အထိကို ရောက်လာကြတာပဲ''ဟု ယင်းကဆက်လက်သုံး သပ်ပြောကြားသည်။
ယင်းအပြင် လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးကွန်ရက်အဖွဲ့ဝင် ဦးထွန်းဦးကမြန်မာနိုင်ငံ၌အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ်သုံး စွဲ မှုမြင့်မား လာသော်လည်း အကျိုးရှိစွာအသုံး ပြုမှုမှာ နည်းပါးလျက်ရှိပြီး အပျော်အပါးအ တွက် သုံးသူကများလျက်ရှိကြောင်း၊ အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ်တို့မှနည်းပညာပိုင်းတိုးတတ်လာခြင်းသည် အကျိုးရှိဖို့ရည်ရွယ်သော် လည်း ထိုအပေါ်တွင်မကောင်းမှုများအား အသုံး ပြုလာသည့် အခါတွင်မလိုလားအပ်တဲ့ ပြဿ နာ တွေဖြစ်ပေါ် လာသည်ကို တွေ့ရကြောင်း ဆို သည်။
အိုင်တီခေါ်ဆက်သွယ်ရေး နည်းပညာများတိုးတက်လာမှုကြောင့် ကမ္ဘာ့သည်ရွာကြီး တစ်ရွာသဖွယ်ဖြစ်ပေါ်လာသည့် နည်း တူ ပြောင်းလဲတိုးတက်လာသော နည်းပညာ များအားအသုံးပြု၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာ သော နိုင်ငံများလည်းများ စွာပေါ်ထွက်လာခဲ့ သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ဒီမိုက ရေစီအရပ်သားအစိုးရလက်ထက်၌ သတင်း အချက်အလက်နှင့် ဆက်သွယ် ရေးနည်း ပညာများတိုးတက်လာခဲ့သည့်အပြင် အစိုးရ ၏ တန်ဖိုးနည်းဖုန်းများရောင်းချပေးမှု အစီအစဉ်အရ လူတန်းစားမရွေးမိုဘိုင်းဖုန်းများအားကိုင်ဆောင်လာနိုင်ကြသည်သာမက မို ဘိုင်းဖုန်းဖြင့် အင်တာ နက် အသုံးပြုမှုနှုန်းမှာ လည်း ဒီမိုကရေစီအစိုးရသုံးနှစ်တာသက် တမ်းကာလအတွင်း တစ်ဟုန်ထိုးမြင့်မားတိုး တက်လာခဲ့သည်။
ထိုသို့မိုဘိုင်းဖုန်းများအသုံး ပြုမှုတွင်ကျယ်လာမှုနှင့် အင်တာနက်အသုံး ပြုသူများတိုးတက်များပြားလာခြင်းမှာ နိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက် လာသည်ဟု ယူဆဖွယ်ရာ ရှိသော်လည်း အခြားတစ်ဖက်တွင်ကား အဆိုပါတိုးတက် လာသော ဆက်သွယ်ရေးနည်းပညာများအား အလွဲအသုံးပြုသူများက ပဋိပက္ခများဖြစ်စေ ရန်ဖန်တီးလှုံ့ဆော်မှုများ၊ လူပုဂ္ဂိုလ် တစ်ဦး ဦး၏ ဂုဏ်သိက္ခာအား ထိခိုက်ညိုးနွမ်းစေရန် ရည်ရွယ်သောပြုမူဆောင်ရွက်ချက်များ၊ လူငယ်လူရွယ်များအတုယူမှားစေမည့် ညစ် ညမ်းဓာတ်ပုံ၊ ဗီဒီယိုများအားဖန်တီးပြုလုပ် ခြင်းများနှင့် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ အပြင် ပြည့်တန်ဆာဈေး ကွက်ရှာဖွေ ချဲ့ထွင် ခြင်းများအထိ ရာဇဝတ်မှုနှင့်မကင်းသော အပြုအမှုများကို ဆောင်ရွက် ကျူးလွန် လျက် ရှိနေသည့်အပြင် လက်တွေ့တွင်ဖြစ် ပွားခဲ့သော ပဋိပက္ခနှင့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များက အွန်လိုင်းများမှ တစ်ဆင့်စတင်ဖြစ်သန္ဓေ တည်လာသည် ကို တွေ့မြင် လာ ရသော ကြောင့်  ပဋိပက္ခအသွင်ဖြစ်အောင် အားပေးဖော် ဆောင်နေသည့် တရားမဝင်အွန်လိုင်းမီဒီယာ များ၊ အင်တာနက် အလွဲသုံးပြု၍ ပဋိပက္ခဖြစ် ပွား စေရန် ပြုလုပ်ဆောင်ရွက်နေသူများကို ဥပဒေများ၊ ကျင့်ဝတ် များနှင့်အညီ ထိရောက် စွာအရေးယူ သင့်ပြီဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။
သူရထွန်း
[--Democracy today Daily Newspaper--]
မန္တလေးမှာ လူ ၅ ဦး ထပ်မံ ဖမ်းဆီး
မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်က လူငါးဦးကို ထပ်မံဖမ်းဆီးလိုက်တယ် လို့ ခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
ဇူလိုင်လ၁ရက်နေ့ညက စတင်ဖြစ်ပွားတဲ့ ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့ကအထိ ဖမ်းစီးထားသူ ၄ ဦးရှိပါတယ်။ ဒီကနေ့ ဆက်လက် ဖမ်းဆီးလိုက်သူ ၅ ဦးစလုံးဟာ အစ္စလာမ်ဘာသာ ၀င်တွေဖြစ်ပြီး ဗလီတစ်ခုအတွင်း ဓါး၊ လှံလက်နက်တချို့ နဲ့ အတူဖမ်းမိခဲ့တာလို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့ က ရဲမှူး ဦးစိန်ထွန်းကပြောပါတယ်။
"မနက်က ဂျွန်းဗလီကို ဝင်ရှာလိုက်တော့ ဒီလူ ၅ ယောက်ကိုတော့ ဓါးတွေ၊ လှံတွေ၊ ဂွတွေနဲ့တွေ့လို့ အရေးယူလိုက်ရတယ်"
ရဲတပ်ဖွဲ့သိမ်းစီးသွားတဲ့ ဓါးတွေဟာ ဘာသာရေးအခမ်းအနားတွေမှာ အသုံးပြုတဲ့ဓါးတွေဖြစ်တယ်လို့ အစ္စလာမ်အသိုင်းအ၀ိုင်းက ဆိုပါတယ်။
ဒီကနေ့လည်း  ဇူလိုင်လ ၂ရက်နေ့က ဆူပူမှုများအတွင်းသေဆုံးခဲ့သူ ကိုထွန်းထွန်းရဲ့အသုဘကို ကြာနီကန်သုဿန်မှာ သင်္ဂြိုဟ်ရာမှာ အသုဘလိုက်ပို့သူတချို့က သုဿန်အတွင်း ဖျက်ဆီးမှုတချို့ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အသုဘလိုက်ပို့သူတွေဟာ အစ္စလာမ်ဘာသာဝင် သုဿန်အတွင်းက သုတအေးရိပ်ငြိမ် ဗလီကို မီးရှို့ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကိုထွန်းထွန်းရဲ့အသုဘကို လိုက်လံပို့ဆောင်သူ ၅ထောင်ခန့်ရှိပြီး ကြာနီကန် သုဿန်အတွင်း ရောက်ချိန်မှာ လူတချို့စိတ်မထိန်းနိုင်ဘဲ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကနေ့ညနေပိုင်းမှာလည်း မြို့အတွင်းလူစုရုံးမှုတချို့ရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံလူစုခွဲနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့က အခြေအနေနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက်ကို ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။
ဒီအတောအတွင်း မန္တလေးမြို့မှာဖြစ်ပွားတဲ့ အဓိကရုဏ်းကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့ ဇူလိုင် ၃ ရက် မနေ့ညက မြန်မာနိုင်ငံတွင်းမှာ FaceBook လူမှုရေးကွန်ရက် အင်တာနက်ဝက်ဘ်ဆိုဒ် နာရီအတန်ကြာ ယာယီပိတ်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မန္တလေးမြို့ အိုင်တီနည်းပညာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးရဲမြတ်သူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
မန္တလေးမြို့ ဒီနေ့ အခြေအနေ
RFA
၁၀ တန်းမအောင် မပူပေါင် ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေး
‘သမီးက အောင်သလား’
‘အောင်တယ် ပြောတာပဲ’
‘ဟောဗျာ၊ အောင်စာရင်းကြည့်လာပြီး မကြည့်ဘူးလား’
‘ဟင့် ဟင်၊ မကြည့်ဘူး’
‘ဒါဆို သမီးအောင်တယ်လို့ ဘယ်သူကပြောတာလဲ’
‘သူငယ်ချင်တွေ၊ သူတို့ပြောကြတာ’
‘ဟောဗျာခက်ပြီ၊ ကိုယ့်အောင်စာရင်းကို ကိုယ်တိုင်မကြည့်ရဘူးဆိုတော့ တယ်ခက်ပါလား’
‘ဂုဏ်ထူးပါသေးလား’
‘တစ်ဘာသာပါတယ် ပြောတာပဲ’
‘ဒါကိုဒေါသဖြစ်နေတယ်ထင်တယ်၊ သမီးက ဘယ်နှဘာသာဂုဏ်ထူးမှန်းထားတာလဲ’
‘သမီး အဖြေတိုက်တုန်းက လေးဘာသာ၊ ငါးဘာသာဂုဏ်ထူးရမယ်လို့ ဆရာမကလည်း ပြောထား တာ၊ အခုတစ်ဘာသာဆိုတော့ ဘာမှလုပ်မရဘူး၊ ကျတာကမှ နောက်နှစ်ပြန်ဖြေရင်ရဦးမယ်၊ ကျတာ ထက်ဆိုးတယ်’
‘သမီးကဆရာဝန်လုပ်ချင်တာလား။’
‘သမီးက ဆရာဝန်တော့ မမှန်းပါဘူး၊ သူနာပြုလုပ်ဖို့မှန်းထားတာ၊ ဘာလွဲသွားသလဲ မပြောတတ်ပါဘူး’၊ ‘စိတ်အားမငယ်ပါနဲ့သမီးရယ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ထူးချွန်အောင်သာကြိုးစားပါ’ ဟုပြောလိုက်ရ သည်။
‘အောင်တယ်ကွ၊ အောင်တယ်၊ ဟေ့ကောင်မင်းလည်းအောင်တယ်၊ လာကြသွားစားကြမယ်၊ သောက် ကြမယ်’
‘ဂျပုမလေးလည်း အောင်တယ်ကွ’
‘မအောင်ပါဘူးကွ၊ ငါနဲ့မနက်ကတွေ့တော့ မေးကြည့်တာကျတယ်တဲ့၊ ကျအောင်ဖြေခဲ့တာတဲ့၊ သင်္ချာမ ရဘူးပြောတယ်’
‘မင်းကိုလိမ်ပြောတာ၊ သူ့ခုံနံပါတ်ငါသိတယ်၊ ငါနဲ့သုံးယောက်ခြားတာ၊ ဂျပုမလေးအောင်တယ်၊ လာ လာဂေဇက်ကို ငါပြမယ်’
‘အလကားပါကွာ၊ သူကလည်းလေးဘာသာဂုဏ်ထူးမှန်းထားတာ အခုတစ်ဘာသာမှ ဂုဏ်ထူးမပါလို့ ဒေါသဖြစ်နေတာ’
၇-၆-၂၀၁၄ ရက် နံနက်ကဖြစ်ပါ၏။ စာရေးသူ၏မြေးလည်း ၁၀ တန်းဖြေထားသဖြင့် အောင်စာရင်းကို စာရေးသူကိုယ်တိုင်သွားပြီး ကြည့်နေခြင်းဖြစ်သည်။ စာရေးသူ၏ မြေးလည်းဘာဂုဏ်ထူးမှ မပါဝင်ပါ။ သူကအစကတည်းက ဂုဏ်ထူးမမှန်း၊ ရိုးရိုးအောင်မည်ဟု ပြောသည်။ ၁၀ တန်းအောင်သည်အထိ တစ်နှစ်မှမကျဘူး။ ဒါကိုပင် သူ၏မိဘတွေက ဝမ်းသာမဆုံးဖြစ်နေသည်။
စာရေးသူသည် မြန်မာနိုင်ငံမှာ ကလေးတွေ၏ ပညာရေးကိုစဉ်းစားနေမိတော့သည်။ ဒါနဲ့ပဲစာအုပ်စင် ပေါ်မှ စာအုပ်အနီကြီး Staistical Year Book 2010 ကိုဆွဲချပြီး ပညာရေးကဏ္ဍကို ဖွင့်ကြည့်မိပါတော့ ၏။
မြန်မာနိုင်ငံတွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းသားဦးရေ
(က)    မူလတန်းကျောင်းသားပေါင်း ၅၀၁၃၅၈၁-၆၆ ရာခိုင်နှုန်း
(ခ)     အလယ်တန်းကျောင်းသားပေါင်း ၂၀၄၇၇၉၆-၂၆ ရာခိုင်နှုန်း
(ဂ)     အထက်တန်းကျောင်းသားပေါင်း ၆၃၈၄၀၂-၈ ရာခိုင်နှုန်း
စုစုပေါင်း ၇၆၉၉၇၇၉-၁၀၀ ရာခိုင်နှုန်း
ဤစာရင်းသည် ဘုန်းကြီးကျောင်းတွေမှာ ပညာသင်နေသော ကလေးများမပါဝင်ပေ။ ပညာသင်နေ သော ကလေးများမပါဝင်ပေ။ ဘာသာရေးကျောင်း၊ လူမှုရေးကျောင်း၊ အလွတ်သင်ကျောင်းများတွင် စာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများစာရင်းလည်း မပါဝင်ပေ။
အကြမ်းဖျင်းခြုံငုံကြည့်လျှင် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် စာသင်ခန်းများအတွင်းရှိနေ သည်။ မူလတန်းတွင် ငါးသန်းရှိသော်လည်း အထက်တန်းကျောင်းများတွင် ခြောက်သိန်းကျန်တော့ သဖြင့် လေးသန်းကျော်မှာ မူလတန်း၊ အလယ်တန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။ သုံးသန်း မှာ မူလတန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။
အထက်တန်းအဆင့်တွင်လည်း ၁၀ တန်းစာမေးပွဲတွင် ဖြေဆိုသူငါးသိန်းကျော်ရှိသော်လည်း နှစ်စဉ် တစ်သိန်းအောင်သဖြင့် ကျောင်းသားလေးသိန်းမှာ ကျောင်းထွက်ကြရပြန်သည်။ တက္ကသိုလ်ကျောင်း သားတစ်ဦးဖြစ်ဖို့မှာ ကံကောင်းမှဖလောင်းဖားဖြစ်သလို ခက်ခဲလှပါ၏။ တက္ကသိုလ်ရောက်သွားလျှင် တော့တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အအောင်ပေးလိုက်ကြသည်။ ငွေပေးလျှင်အောင်တာပဲ ဟုဆိုသည်။
သာမန်ဘွဲ့တွေကို မဆိုနှင့်၊ ပါရဂူဒေါက်တာဘွဲ့ရသူများ စာရင်းမှာပင် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ၁၄၃၆ ဦး၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၇၇၃ ဦး၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၅၂၇ ဦး၊ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် ၆၉၀ ပေါ်ထွက်ခဲ့သည်ဟုဆိုသဖြင့် လေးနှစ်အတွင်း ဒေါက်တာဘွဲ့ရသူ ၃၄၂၈ ဦးပေါ်ထွက်ခဲ့သည်။ ထို့ကြောင့်ပင် ဒီဒီဟိုဟိုတက္ကသိုလ်မြင်မြင်သမျှ ပါမောက္ခ၊ ဆရာဖြစ်မူ ပါရဂူဟု တက္ကသိုလ်ပညာရေး လောကမှစာဆိုထွက်လာပါသည်။
ဤမျှပညာရှင်တွေ မွေးထုတ်ပေးနေပါသော်လည်း နိုင်ငံတော်၏ စီးပွားရေးမှာတစ်နေ့တခြားနိမ့်ကျလာ နေပါသည်။ ပညာရေးသည် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုရပါမည်။ မြနမာနိုင်ငံ၏ ပညာရေး ကတော့ စီးပွားရေးနှင့်ဆက်စပ်မှုလုံးဝမရှိ။ ယခုတော့ ပညာရေးနှင့်စီးပွားရေးက ပြဒါးတစ်လမ်း၊ သံ တစ်လမ်းဖြစ်နေသည်။
အထက်တန်းနှင့် အခြေခံပညာရေးအဆင့်မှ ကျောင်းထွက်ခဲ့ရသူများသည် ဂုဏ်သိက္ခာရှိရှိနှင့် လူ့ဘဝ ထဲမှာနေနိုင်အောင် စုပေါင်းအဖြေရှာသင့်ကြပြီ။ ထိုကိစ္စကို ပညာရေးလောကမှ အငြိမ်းစားယူထားကြ သော ပါမောက္ခ၊ ညွှန်/မှူး ဆရာအတတ်သင်ကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်းပြ ဆရာကြီးများနှင့် ဆွေးနွေးမေးမြန်းကြည့်ခဲ့သည်။
ပညာရေးလောကမှာ အဆုံးအဖြတ်ညွှန်ကြားပေးနိုင်သည့် ရာထူးများတွင်စစ်ဗိုလ်များရှိသေးသရွေ့ ပညာရေးပြုပြင်ရန် မဖြစ်နိုင်ဟုဆရာကြီးတစ်ဦးက ဥပမာများဖြင့်ပြောပြသည်။ ပညာရေးပြုပြင်ပြောင်း လဲလျှင် စာမေးပွဲစနစ်နှင့် မေးခွန်းစနစ်ပြောင်းလဲရမည်။ သင်ထောက်ကူပစ္စည်း ဥပမာ-မှန်ဘီလူးလုံလုံ လောက်လောက်ရှိရမည်။ ကျောင်းသား၊ ကျောင်းသူ ၁၀၀ အတွက် မှန်ဘီလူးတစ်လက်နှုန်းလောက် နှင့်သင်ရတာ ဘာမျှတတ်အောင် မသင်ကြားနိုင်ကြောင်း ပါမောက္ခကြီးကပြောပြသည်။
ပညာရေးတက္ကသိုလ်များအတွက် တိုးရသည့်ဘတ်ဂျက်များကို ကျောင်းတွေဆောက်ပစ်တာ သဲထဲရေ သွန်ပစ်တာပဲ။ သင်ထောက်ကူပစ္စည်းတွေဝယ်ရမည်။ ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်သည်။ နိုင်ငံခြားကို ပညာသင်တွေများများလွှတ်ရမည်။ ကျောင်းများကောင်းလာရုံနှင့် ပညာ ရေးမတိုးတက်နိုင်၊ သင်ကြားရေးကောင်းမှ ပညာရေးတိုးတက်မည်ဖြစ်သည်။
ဒါဟာလည်း လွဲမှားသည့်စီမံချက်တွေပဲဟု တစ်ဦးကပြောသည်။ ဒါကလည်းစစ်ဗိုလ်တွေဝင်ရှုပ်တာပဲ ဟု တစ်ဦးကဆွေးနွေးလာပြန်သည်။ ‘ဒါကတော့ ဆရာရယ်၊ ပညာရေးမှာမှ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး ပိုင်းတွေမှာလည်း စစ်ဗိုလ်ဟောင်းတွေဝင်ရှုပ်နေတာပဲ’ ဟုတစ်ဦးက ဆိုလာပြန်သည်။ အခုရွေး ကောက်ပွဲကော်မရှင်တွေဆိုပြီး စစ်ဗိုလ်တွေခန့်လိုက်ပြန်ပြီ။ ရှုပ်ကြဦးမည်။ စစ်တပ်မှာဗိုလ်သင်တန်းလို့ သာခေါ်တာ။ တပည့်လုပ်နည်း သင်တန်းပဲဗျ။ အမိန့်နာခံဖို့ပဲ ရိုက်သွင်းထားတာ။ ရေဘူးပေါက်တာကို မပြောနဲ့၊ ရေပါတာပဲ လိုချင်တယ်ဆိုသည် စစ်ဗိုလ်တွေပြောနေကျ စကားပဲဗျ။ ရေဘူးကိုမဖာဘဲနှင့် ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာမဖာဘဲနှင့်ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာ ကိုယ့်ဦးနှောက် ကခန်းခြောက်နေပြီ။ စစ်ဗိုလ်သင်တန်းဆင်းရင် စစ်တိုက်ရာမှာပဲ သုံးပါ။ တခြားဌာနတွေမှာ မသုံးပါနဲ့။ စစ်ဗိုလ်တွေကို မလိုတော့ရင် လျော်ကြေးပေးပြီး အငြိမ်းစားပေးလိုက်ပါ။ ဟိုဌာန ပို့၊ ဒီဌာနပို့မလုပ်သင့် တော့ပါဘူး’ ဟုလည်းဆွေးနွေးခဲ့ကြသည်။
ပညာရေးဌာန၊ ပညာရေးစနစ်ကိုတကယ်ပြုပြင်ချင်ရင်ဗျာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပုံစံကို ယူမလဲ။ လွှတ်တော်မှာဆုံးဖြတ်ပါ။ အဲဒီတက္ကသိုလ်ပုံစံကိုသာယူလိုက်၊ မြန်မာ့နည်းမြန်မာ့ဟန်တွေမလုပ်နဲ့ လုပ်ရင်မှားမယ်။ မအောင်မြင်ဘူး။ စနစ်သစ်ဆိုပြီး ကျွန်တော်တို့ပြင်ခဲ့ကြတာ ခုနှစ်ကြိမ်ရှိပြီ။ ဘယ် စနစ်မှမကောင်းဘူး။ ဥပမာ-အောက်စ်ဖို့တက္ကသိုလ်ပုံစံယူမလား၊ ဟားဗတ်တက္ကသိုလ်ပုံစံ ယူမလား၊ ကိန်းဘရစ်တက္ကသိုလ်ပုံစံယူမလား စသည်ပေါ့ဗျာ။
အဲဒီတက္ကသိုလ်ကို သွားကြည့်၊ အဲဒီတက္ကသိုလ်က ဆရာကြီးတွေထံ အကူအညီတောင်းရင်ရပါတယ်။ လွယ်ပါတယ်။ အဲဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်လုပ်မှဖြစ်မှာ။ နောက်ဆုံးတော့ အဲဒီဗိုလ်ချုပ်တွေ ကျောင်းပဲပြန်ရောက်သွားတာပါပဲဗျာ။ စစ်ဗိုလ်တွေအုပ်ချုပ်နေသမျှ တိုင်းပြည်ဘယ်တော့မှ မတိုးတက် နိုင်ဘူးဟု သဘောတူကြရပါတော့၏။ ဘုရားကားအောက် မျောက်ကားအထက်စနစ်ကို ပြောင်း အောင်၊ တော်လှန်ပစ်မှသာ တိုင်းပြည်တိုးတက်မှာပဲဟု မှတ်ချက်ချကြပါတော့၏။
‘ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပညာရေးစနစ်ကို လိုချင်ပါသလဲ’ ဟု ဥရောပခရီးစဉ်တွင်မေးကြ သည်။ ‘ကျွန်မလိုချင်တဲ့ ပညာရေးစနစ်က ဘဝစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ ပညာရေးစနစ်ပါ’ ဟု တိုတိုရှင်းရှင်းဖြေခဲ့သည်။ ဘယ်အဆင့်၊ ဘယ်အတန်းနဲ့ပဲကျောင်းထွက်ရ၊ ထွက်ရကျောင်းကသင်ပေး လိုက်တဲ့ပညာနဲ့ ဘဝစိန်ခေါ်မှု၊ စီးပွားရေးစိန်ခေါ်မှု၊ လူမှုရေးစိန်ခေါ်မှု၊ ဘာသာရေးစိန်ခေါ်မှု၊ နိုင်ငံရေး စိန်ခေါ်မှုစတာတွေကို ဖြေရှင်းပေးနိုင်မည့် ပညာရေးစနစ်ကိုဆိုလိုသည်။ ခိုး၊ ဝှက်၊ လိမ်၊ လု မတရား သိမ်းယူလို့ ကြီးပွားသွားကြသည့် ပညာရေးစနစ်ကို မလိုချင်ဟုလည်း ဆိုလိုသည်။
မနေ့ကပဲ စာရေးသူ၏ အလုပ်သမားမိသားစုတစ်စုရောက်လာပြီး ငွေကျပ်နှစ်သိန်းချေးပေးရန် ပူဆာ လာသည်။ ဘာလုပ်ဖို့လဲမေးတော့ သားက ၁၀ တန်းစာမေးပွဲကျတာ မော်တော်ဆိုင်ကယ်မရှိလို့ဟု ပြောပြီး ကြိမ်းမောင်းသွားသဖြင့် ရွာပြန်ပြီးမြေပဲခင်းပေါင်ထားတာကို ငွေထပ်တောင်းတော့ ကျပ်တစ် သိန်းရခဲ့သည်။ ယခုကျပ်နှစ်သိန်းလိုနေသဖြင့် ဆရာကြီးထံအကူအညီတောင်းရတာပါဟု ဆို၏။
အေးဗျာ၊ ခင်ဗျားသားကို ဆိုင်ကယ်ဝယ်ပေးရင် ဓာတ်ဆီဖိုးက တစ်နေ့ကျပ်တစ်ထောင်ကုန်ဦးမယ်။ ကျူရှင်လခက တစ်လကျပ်တစ်သောင်း၊ နှစ်သောင်းကုန်ဦးမယ်။ စဉ်းစားကြပါကွာ။ ကျောင်းမတက် ချင်ရင်ကျောင်းထုတ်လိုက်၊ ၁၀ တန်း မအောင်တဲ့လူတွေတောင် ငွေရှိရင်ဒေါက်တာဘွဲ့ရပြီး လွှတ် တော်အမတ်ကြီးတွေဖြစ်နေတဲ့ ခေတ်ပဲဗျဟု ဘုကျကျပြောလိုက်ရပါတော့၏။
၁၀ တန်းမအောင် မပူပေါင်၊ ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေးဆိုတဲ့ စာလေးမှတ်ပြီး ပြန်ကြဗျာ။ ဆိုင်ကယ်ဝယ်မယ့်ပိုက်ဆံသုံးသိန်းနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကြ။ ငါးပေါင်းကြော်ဆိုင်လုပ်မလား။ ကွမ်းယာဆိုင်လုပ်မလား၊ ဂျာနယ်၊ သတင်းစာအရောင်းဆိုင်ဖွင့်မလား၊ ကွန်ပျူတာသင်မလား၊ အလုပ် လုပ်ကြ။ ငွေချေးပေးမယ်ဟု ပြောလိုက်ရပါတော့၏။
စံတော်ချိန်သတင်းစာ
ဇွန် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်
ရုပ်လှစရာမလို အနေလှဖို့သာလို
မိန်းကလေး တစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့ အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့ အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေး တစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပ ရှင်သန်နိုင်သူဟာ လှပတဲ့ စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွှတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။
တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။
မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ အဲဒီပန်း ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ် တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘဝခရီး တစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။
မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန် မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုး သားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး... လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေး တစ်ယောက် ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင် တယ်။ လင်းလက်တဲ့ အပြုံးကို တွေ့မြင်နိုင်တယ်။
မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာအလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာ မဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျား သားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ် ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။
မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။
တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှ ကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။
(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်း ပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိ တယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်း တယ်။
(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည် တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။
မူရင်းလင့် ---- http://bbs.tianya.cn/post-210-116936-1.shtml
နိုင်းနိုင်းစနေ (Friday, September 17, 2010)
အသည်းရောဂါ ခံစားနေရသော လူသားများအတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည်
ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏…. (အသည်းရောဂါ ဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု ဖြစ်စေပြီး လူ့ သက်တမ်းအပြည့် နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည်။ )
အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်း မျှသာကျန်ရှိတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက် ဖြစ်သွားသောကြောင့် အ သည်း အထူးကု ဒေါက်တာခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင် အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင်သာဖြစ်ပါသည်။ ဆရာကြီးစီမှာ အသည်း အတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထိုစီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်းသောက် တကယ် စီပိုးပျောက်ခဲ့ရလို့ သူကိုယ် တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။
လုပ်ဆောင် သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကိုယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန်အတွက်) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲရပါမည် ။
ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ။ မြေအိုးထဲတွင် သခွတ်ပွင့်၊ အရွက် နှင့် အခေါက်တို့ကို ရေနဲ့ သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ။ တနေ့ကို သုံးကြိမ် (သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ။ အခေါက် တစ်မျိုးတည်းကိုလည်း ကြိုချက်သောက် သုံးနိုင်ပါသည်။ 
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါအတိုင်း သောက်သုံး လည်းရပါသည်။
အရွက်ခြောက်နဲ့  အပွင့်ခြောက် အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံ ပြုလုပ်ပြီးတော့လည်း ဆေးအ ဖြစ် သောက်သုံးနိုင်ပါသေးသည်၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အ ရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက် ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူး ရရှိပါသည်။
သခွတ်ဆေးရည်သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများအတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ် ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည်။
ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ………
ဇူလိုင် ၃ ရက် ညပိုင်းမှစ၍ ပြည်တွင်း၌ Facebook လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာ အသုံးပြု၍ မရတော့ကြောင်း သိရ
ဇူလိုင် ၃ ရက်ညပိုင်းတွင် ပြည်တွင်း၌ Facebook လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာ
 သုံးစွဲ၍မရတော့ဘဲ လိုင်းပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားခြင်းမှာ ည ၉ နာရီဝန်းကျင်ခန့်တွင် စတင်ခဲ့ပြီး ည့ဉ်နက်ပိုင်းအထိ လိုင်းပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။ မိုဘိုင်းApp ဖြင့် သုံးစွဲသူများရော Desktop ဖြင့် သုံးစွဲသူများပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်း ISP (Internet Service Provider) မှ ပိတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အိုင်တီပညာရှင်အချို့က သုံးသပ်ခဲ့ကြသည်။ နိုင်ငံတကာတွင် Facebook ကို ပုံမှန်အတိုင်း သုံးစွဲနေနိုင်ကြောင်းလည်း သိရသည်။
“ခုလိုဖြစ်သွားတာက ISP ကနေ ပိတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို ISP ကနေလုပ်လို့ရပြီး ဒါကလွယ်ပါတယ်။ သေချာချင်ရင်တော့ Proxy နဲ့ကျော်ဝင်တဲ့အခါ Facebook တက်သေးတယ်ဆိုရင် ISP က ပိတ်လိုက်တာ သေချာပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းက ပြောကြားခဲ့သည်။
“Facebook မရတော့တာက ISP က ပိတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ပထမတော့ အင်တာနက်လိုင်း မကောင်းလို့ မတက်တော့တာများလား ထင်မိသေးတယ်။ နောက်တော့မှ လုံးဝသုံးလို့ မရတော့တာဖြစ်သွားတယ်။ Twitter မှာ ပြည်ပကသုံးစွဲသူတွေ ပြည်တွင်းမှာတော့ Facebook ပိတ်လိုက်ပြီဆို ပြီးပြောဆိုနေကြတာတွေ ရှိတယ်”ဟု MIDO မှ မထိုက်ထိုက်အောင်က ပြောကြားသည်။
“ည ၈ နာရီကျော်ကျော်တုန်းကတောင် Facebook ကို သုံးလို့ရသေးတယ်။ ည ၉ နာ ရီလောက်မှာ ဝင်ကြည့်တော့ လုံးဝမရတော့ဘူး။
ဒါပေမဲ့ Proxy နဲ့ကျော်ဝင်ကြည့်တော့ ရတယ်။ အဲဒါကြောင့် ပြည်တွင်းမှာပဲ မရတော့တာ ဖြစ်ပါတယ်။ ခုလို အွန်လိုင်းမှာပွက်လောရိုက်ပြီး ရှုပ်ထွေးနေတဲ့အချိန်မှာ သုံးလို့မရတော့တာလည်း တစ်မျိုးကောင်းပါတယ်။ ဒါပေမဲ့ တခြားကိစ္စတွေအတွက် သုံးစွဲသူတွေအနေနဲ့ ကသိကအောက် ဖြစ်ရပါတယ်”ဟု Facebook သုံးစွဲသူ ကိုတိုးက ဆိုသည်။ ဇူလိုင် ၄ ရက် နံနက် ၂း၃ဝ နာရီအထိ Facebook အသုံးပြု၍ မရရှိသေးကြောင်းသိရသည်။
ပြီးခဲ့သော ၂ဝ၁၄၊ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်း Facebook လူမှုကွန်ရက်မှာ မိနစ် ၂ဝ ခန့် ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားမှုမှာ ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းမှာFacebook ဆာဗာမှ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ပြည်တွင်း၌ Facebook သုံးစွဲသူ အရေအတွက်မှာ တစ်သန်းကျော်ရှိနေပြီး အများစုမှာ မိုဘိုင်းဖုန်းဖြင့် သုံးစွဲကြခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ညပိုင်းက လူစုလူဝေးနှင့် ပဋိပက္ခအသွင်ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ Facebook စာမျက်နှာတွင် ကောလာဟလသတင်းများ ပျံ့နှံ့မှုနှင့်ဆက်နွှယ်နေခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ သုံးစွဲ၍မရတော့ခြင်း ဖြစ်သည်။
Eleven Media Group
အမုန်းတရား ဖြန့်ဖြူးသူမဟုတ် အမှန်တရားသာ ဟောပြောဟု ဦးဝီရသူမိန့်ကြား
မင်းမင်း| သောကြာနေ့၊ ဇူလိုင် ၄ ရက်၊ ၂၀၁၄ ခုနှစ်
မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မလုပ်ရန် တိုက်တွန်းထားသည့် သမ္မတ၏ မိန့်ခွန်းကို ကမ္ဘာကျော် TIME မဂ္ဂဇင်းတွင် “ဗုဒ္ဓဘာသာ အကြမ်းဖက်သမား”ဟု သုံးနှုန်းဖော်ပြခံရသည့် ဆရာတော်ဦးဝီရသူက ပြောသင့်သည့်စကားဟု မှတ်ချက်ပြုလိုက်သည်။ ထို့ပြင် မိမိ၏ ဟောပြောမှုများသည် အမှန်တရားသာဖြစ်ပြီး အမုန်းတရားဖြန့်ဖြူးသည်ဟု ဆို၍မရဟု ဇူလိုင် ၃ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
“ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချ ပြစ်တင်ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်”ဟု ဇူလိုင် ၃ ရက် ရေဒီယိုမှတစ်ဆင့် သမ္မတဦးသိန်းစိန်က မိန့်ခွန်းခြွေခဲ့ခြင်း ဖြစ်သည်။
သမ္မတ၏ မိန့်ခွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြို့တော် မန္တလေး၌ အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ပြောဆိုခြင်းလည်း ဖြစ်သည်။ မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကမူ အဆိုပါဖြစ်စဉ်များသည် အများရှုမြင်သကဲ့သို့ လူမျိုးရေးအကြမ်းဖက်မှု၊ ဘာသာရေးပဋိပက္ခများမဟုတ်ဘဲ ဘာသာခြားတို့၏ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသော စီမံကိန်းများကြောင့်သာ ဖြစ်သည်ဟု မဇ္ဈိမကို မိန့်သည်။
“အားလုံးပြေလည်သွားစေချင်တယ်ဆိုရင်တော့ မွတ်ဆလင်တွေရဲ့ စီမံကိန်းကြီးကို ရပ်တန်းက ရပ်မှရမယ်” ဟု ၎င်းက မိန့်သည်။ သို့သော်မည်သို့သော စီမံကိန်းမျိုးဖြစ်သည်ကိုမူ ဦးဝီရသူက တိတိကျကျ မိန့်ဆိုခြင်း မရှိဘဲ ဘာသာခြားများ ကိုယ်တိုင် ၎င်းတို့၏ စီမံကိန်းကို မစွန့်လွှတ်ပါက အစိုးရသည်ပင်လျှင် ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနုကမူ ပဋိပက္ခများသည် အားပေးအားမြှောက်လုပ်သူများရှိနေ၍ ဖြစ်ပွားနေသည်ဟု သုံးသပ်သည်။ “အာဏာရပုဂ်္ဂိုလ်များကနေပြီးတော့ သွေးထိုးမြှောက် ပင့်နေတဲ့ဟာတွေပေါ့လေ။ အုပ်စု နှစ်ဖက်စလုံးမှာရှိနေတယ်လို့ ကျွန်မထင်တယ်”ဟု သုံးသပ်သည်။
သမ္မတနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့က လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ထင်ရှားစွာ ဖြစ်ပွားခဲ့သည့် ရခိုင်၊ မိတ္တီလာ၊ လားရှိုးပဋိပက္ခကာလများအပြီးတွင် နောက်ကွယ်၌ ကြိုးကိုင်နေသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူမည်ဟု မိန့်ခွန်းများ၊ မီဒီယာများမှ တစ်ဆင့်ပြောဆိုခဲ့ကြသည်။ သို့သော် ဖြစ်စဉ်အတွင်း ပြစ်မှုကျူးလွန်သူများကိုသာ ဖမ်းဆီးနိုင်ခဲ့သည်။
မန္တလေးတွင် ပဋိပက္ခဖြေရှင်းခဲ့သူ ဂဠုန်နီဆရာတော် ဦးကာဝိယက“အလှကြည့်နေတယ်”ဟု တာဝန်ရှိသူတို့အပေါ် သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ “အခြေအနေ တစ်ခုကို နောက်အခြေအနေတစ်ခုနဲ့ တိုက်ချချင်ရင် ဒီလိုပယောဂတွေနဲ့ ကျင့်သုံးနေကျပါပဲ”ဟု မှတ်ချက်ပြုသည်။
လက်ရှိတွင် သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၂ ခုနှစ် က စတင်ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများကို အစိုးရသက်တမ်းတစ်နှစ်ကျော်သာ ကျန်တော့ချိန်တွင် အဆုံးသတ်သည်အထိ ကိုင်တွယ်နိုင်သည်ကို မတွေ့ရသေးပေ။
Mizzima Burmese
ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက် မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေ
မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်
ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်
လိုက်ကြောင်း သတင်းရရှိသည်။
မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ဇူလိုင် ၃ ရက် ညနေပိုင်းက ယင်းအမိန့်ကို ပုသိမ်ကြီးမြို့နယ်မှအပ ကျန်ခြောက်မြို့နယ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်တို့တွင် အကျုံးဝင်ကြောင်း သိရသည်။
လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များအရ ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက “ပုသိမ်ကြီးမြို့နယ် မပါဝင်ပါဘူး။ ကျန်ခြောက်မြို့နယ်မှာ ၁၄၄ ထုတ်ပြန်လိုက်တာပါ။သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွေကနေ ထုတ်ပြန်လိုက်တာပါ”ဟု  အတည်ပြု ပြောကြားသည်။
ဘာသာရေးအကြောင်းပြ ဆူပူလှုံ့ဆော်မှုနှင့် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုများကြောင့် ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက် မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေကြောင်း ဇူလိုင် ၃ ရက်တွင် စုံစမ်းသိရသည်။
မန္တလေးတွင် ဇူလိုင် ၁ ရက် ည ၈ နာရီခွဲမှ စတင်ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ဖျက်ဆီးရန်ပြုမှုများကြောင့် ဇူလိုင် ၃ ရက် နံနက်အထိ ၁၄ ဦး ဒဏ်ရာရရှိကာ၊ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ခဲဖြင့်ပစ်ပေါက်ရမ်းကားသူ လေးဦးကို အရေးယူထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ဇူလိုင် ၃ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ခဲ့သည်။
“ပထမရက်က လူစုစုဖြစ်တယ်။  အဲဒါကို သံဃာတော်အသိုင်းအ၀ိုင်းနဲ့ အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်းက လူကြီးတွေ ၀ိုင်းဝန်းပြီး ထိန်းလိုက်တော့ လူစုကွဲသွားတယ်။ နောက်တစ်ခါ နံနက်ပိုင်းကျတော့ အဲဒီလူစုက အနောက်ဘက်ကနေ တက်လာပြီး ဆိုင်တွေကို ခဲနဲ့ထု၊ ကားတွေကို ဖျက်ဆီးသွားတယ်။ မနေ့ညကျတော့ ၈၃-၃၄လမ်း ၀န်းကျင်နားက ဗလီကနေပြီး အော်ဟစ်တာမျိုးရှိလို့ အမှတ်(၈)ရဲစခန်းကို လှမ်းပြီး အကြောင်းကြားပေမယ့် နာရီဝက်လောက်ထိ လာရောက်ထိန်းသိမ်းတာမျိုး မရှိဘူး။ နောက်တစ်ကြိမ် ပြန်ဆက်တော့ကျတော့ သူတို့လည်း လူအင်အားမရှိပါဘူး၊ ဒါကြောင့်လူစုပြီးတော့ လွှတ်လိုက်ပါ့မယ်ဆိုပြီး ထပ်ပြောတယ်။
ဒါပေမဲ့ နံနက် ၄ နာရီလောက်ကျတော့ မျိုးသိန်းအီလက်ထရွန်နစ်ဆိုင်ရှေ့ မှာ ဦးစိုးသိန်းဆိုတဲ့ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဓားနဲ့ခုတ်ပြီး အသတ်ခံခဲ့ရတယ်။ သူက စက်ဘီးအပိုပစ္စည်းရောင်းတဲ့ ကျွန်တော်တို့ မိတ်ဆွေပါ။  နောက်တစ်ခုကျတော့ ကိုရံတော်ဗလီဝင်းနားမှာ မြန်မာတစ်ယောက် အသတ်ခံရတယ်ကြားတယ်။ ဆိုင်ကယ်တွေနဲ့ ဓားကိုင်ပြီး အော်ဟစ် သွားလာနေတဲ့သူတွေကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိဘူး။ အဲလိုလူတွေဝန်းကျင်မှာ ရဲကားတွေရှိနေတာတော့ တွေ့တယ်။
 ပြဿ နာတွေမဖြစ်အောင်တော့ ထိန်းသိမ်းနိုင်ခြင်းမရှိဘူး။ ခုအခြေအနေကို စိုးရိမ်ထိတ်လန့်မှု ဖြစ်တာပေါ့။ ပြဿနာမဖြစ်ဖြစ်အောင် လုပ်ကြံသတင်းတွေ လွှင့်တယ်။ ဒီလိုမဟုတ်တဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်ခဲ့တဲ့အတွက် မြို့ခံ၊ နယ်ခံမဟုတ်တဲ့ ဘယ်ကမှန်းမသိတဲ့ လူစုလူဝေးတွေ ဖြစ်လာတယ်။ အဲလူတွေက မျက်မြင်တွေပြောစကားအရတော့ မူးယစ်ဆေးသုံးထားတာမျိုး ရူးကြောင်ကြောင်တွေလို့ သိရတယ်။တကယ်တမ်း ဒါတွေကို စနစ်တကျ တားဆီးမယ်ဆိုရင် တားဆီးနိုင်ပါတယ်။ ဘာကြောင့်များ ဒါတွေကို မထိန်းသိမ်းနိုင်တာလဲ။
အခုဖြစ်နေတဲ့အဖြစ်အပျက်တွေက အကွက်ကျကျ စီစဉ်ထားသလို ခံစားရတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေအနေနဲ့ တိတိကျကျ ဖော်ထုတ်အရေးယူသင့်တယ်” ဟု ၈၃ လမ်း အခင်းဖြစ်နေရာအနီး နေထိုင်သူ ဦးညီညီက ဆိုသည်။
ဇူလိုင် ၂ ရက်တွင် မြို့တွင်းလုံခြုံရေးချထားပြီး မွန်းလွဲ ၃ နာရီနောက်ပိုင်း ဗလီနှင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့်နေရာ အ၀င်အထွက်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 ည ၁၁ နာရီခန့်က ၃၅လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြားရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေသူ ခုနစ်ဦးခန့်ကို အစ္စလာမ်ဘာသာဝင်အချို့မှ ညာသံပေးပြီး ၀ိုင်းဝန်းရိုက်နှက်သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဆက်လက်ပြီး ၂၆ လမ်း၊ ၈၉x၉၀ လမ်းကြားရှိ အမှတ်(၆) ရဲစခန်းကိုလည်း လူ ၅၀ ခန့်မှ ခဲဖြင့် ပစ်ပေါက်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယင်းအတွက် လေးဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး ည ၁၁ နာရီနောက်ပိုင်းတွင်မှ လူစုလူဝေးများ စတင်ပေါ်ပေါက်လာပြီး  ဗလီမီးချောင်းအား လေသေနတ်ဖြင့် ပစ်ခတ်ခြင်း၊  လူစုလူဝေးဖြင့် ရမ်းကားခြင်းများ jဖစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားနေသကဲ့သို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းအတိုင်း ကိုထွန်းထွန်း (၃၀နှစ်ခန့်) နှင့် ကိုထွေး (၂၄ နှစ်) တို့ ဆိုင်ကယ်မောင်းနှင်လာရာ ၈၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ ကြားအရောက်တွင် အစ္စလမ်ဘာသာဝင် အမျိုးသားအချို့မှ ဆိုင်ကယ်ကိုတားကာ ပါလာသည့် ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ထုတ်ပေးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်ရန်ပြုလုပ်စဉ် ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဆိုင်ကယ်မောင်းလာသူ ကိုထွန်းထွန်းမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်မှ ထိုင်လိုက်လာသူ ကိုထွေးမှာ ဒဏ်ရာများဖြင့်ရှိနေစဉ် ကားတစ်စီးမှ အကူညီပေးကာ ဆေးရုံသို့ပို့ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် (ပ)၅၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂/၃၀၂/၁၁၄ဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ဇူလိုင် ၂ ရက် ည ၁၀ နာရီကျော်က ၂၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော လူတစ်စု နိုင်ငံတော်သီချင်းသီဆိုပြီးနောက် ဆဲရေးတိုင်းထွာမှုများ ပြုလုပ်နေစဉ်
“ဒီလိုမျိုးကိစ္စတွေက မဖြစ်သင့်ဘူးပေါ့။ အခု မြို့လူထုအနေနဲ့ ကျီးလန့်စာစားဖြစ်နေတယ်။ သာမန်ဖြစ်စဉ်ထက် ဘာသာရေးတွေပါနေပြီး ဖြစ်စဉ်တွေက နေ့ပိုင်းမှာအေးပြီး ညပိုင်းမှာချည်းဖြစ်နေတော့ မကောင်းဘူး။
ရိုးသားမှုမရှိဘဲ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွားနေတယ်လို့ သံသယဖြစ်မိပါတယ်။ မြို့ခံလူထုအနေနဲ့ ဒီလောက်ထိ မရိုင်းပါဘူး။ အခုက အသက်ဆုံးရှုံးမှုတွေပါ ဖြစ်ပွားနေပြီဖြစ်တာကြောင့် သက်ဆိုင်ရာအနေနဲ့ အချိန်မီ တားဆီးပေးစေချင်ပါတယ်” ဟု ဦးလှအောင် ချမ်းမြသုခလူမှုကူညီရေးအသင်း (အတွင်းရေးမှူး)က ဆိုသည်။
ထို့နောက် ဇူလိုင် ၃ ရက် နံနက် ၄ နာရီတွင် ၈၃x၃၁ လမ်းထောင့်နေ ဦးစိုးမင်းထွေး (၄၈ နှစ်) အစ္စလာမ်၊ စက်ဘီးရောင်းချသူသည် ဗလီတက်ရန် နေအိမ်မှ ထွက်ခွာလာရာ ၂၉x၈၃ လမ်းထောင့်အရောက် အမည်မသိ ဗမာတစ်စုနှင့်တွေ့ဆုံပြီး ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရရာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၅၁၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာမြို့နယ်မှူးများက ရှင်းပြခဲ့သည်။ ဇွန် ၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ၉၃ လမ်း၊ ၃၄ နှင့် ၃၅ လမ်းကြားနေထိုင်သူ ဦးမြင့်လွင် (ခရစ်ယာန်ဘာသာဝင်) အစ္စလာမ်ဘာသာဝင်ပုံပေါက်နေသူတစ်ဦးကိုလည်း မြန်မာလူငယ်သုံးဦးက ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်ဌာနတွင် စိုးရိမ်ရပြီး ကုသနေကြောင်း သိရသည်။
မန္တလေးမြို့လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေနေများကို နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ အခုဖြစ်ပွားမှုတွေကို ကြည့်ရင် ည၁၁ နာရီနောက်ပိုင်းမှာပဲ ဖြစ်ပွားတာ တွေ့ရပါတယ်။
အခု လူသတ်မှုဖြစ်သွားတဲ့ အနေထားဟာဆိုရင်လည်း ရဲတပ်ဖွဲ့လုံခြုံရေးလှည့်လည်နေတဲ့ အချိန်ကျော်သွားတဲ့အချိန်အခါမျိုးနဲ့ လူစုလူဝေးအချင်းချင်း သတ်ဖြတ်တာမျိုးမဟုတ်ပါဘဲ တစ်ယောက် စ၊ နှစ်ယောက် စ အုပ်စုနဲ့ထိပ်တိုက်တိုးမိလို့ ဖြစ်ခဲ့တာပါ။ တုတ်၊ကိုင်ရမ်းကား ခဲနဲ့ ပေါက်နေတာမျိုးတွေကိုတော့ မလိုလားအပ်တဲ့ ဆိုးရွားတဲ့ဖြစ်စဉ်ထိမရောက်အောင်တော့ စောင့်ကြည့်တာပါ။ အရေးမယူတာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။
ပြဿနာစတင်ဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သော လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ မုဒိမ်းကျင့်ခံရသည့် အလုပ်သမား မစိုးစိုး အမှုကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိ ပျဉ်းမနားရဲစခန်းတွင် မစိုးစိုးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ တိုင်ကြားထားသည့်အမှု နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင်က ဆိုသည်။
ယင်းကဲ့သို့ ဆူပူမှုများအတွင်း လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများကို ယခုအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေသည့်အဆင့်သာရှိနေကြောင်း နှင့် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ပြုခဲ့သည့် အမျိုးသားလေးဦးကိုသာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
“အခု မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားနေသည့် အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ကူးစက်မှုမရှိအောင် စီမံချက်တွေချ တ်ပြီး ဆောင်ရွက်နေတယ်။ လုံခြုံရေးတွေကိုလည်း ထပ်မံတိုးမြှင့်ထားတယ်။ သေဆုံးခဲ့သူတွေကတော့ အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ဖြစ်တယ်။
 ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သွားတဲ့သူတွေကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေတယ်။ အဆောက်အအုံတွေကို ဖျက်ဆီးတဲ့သူတွေနဲ့၊ တားမြစ်တာကို လက်မခံတဲ့သူလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။
ဆက်လက်၍ ၎င်းင်းက “ဒီဖြစ်စဉ်မှာ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တဲ့သူတွေ ရှိ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါပြီ။ ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေကိုလည်း စုံစမ်းနေပါတယ်” ဟု ပြောကြားသည်။
“မြို့ထဲက အစ္စလာမ္မစ်ဆိုင်တွေ ပိတ်ထားကြတယ်။ အလုပ်တွေလည်း စောစောပိတ်ပြီး အလုပ်သမားတွေ ပြန်လွှတ်လိုက်တယ်။  မနေ့ညကလည်း နှစ်ယောက်အသတ်ခံရတော့။ လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံး သာမန် မီးလန့်တာလေးကအစ အထိတ်တလန့် ဖြစ်နေကြရတယ်။ ကောလာဟလတွေလည်း အမျိုးမျိုးထွက်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေပေမယ့် လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ ကိုအောင်ဇင်က ပြောကြားသည်။
“ကျွန်တော်တို့ဘဏ်မှာတော့ အမျိုးသမီးတွေကို စောစောပြန်လွှတ်လိုက်ပြီး ရှိတဲ့ယောက်ျားလေးတွေအကုန်လုံး Stand by နေနေရတယ်။   ငွေကြေးနဲ့ ၀န်ထမ်းလုံခြုံရေးအတွက် ညွှန်ကြားထားပါတယ်။ ညပိုင်းလုံခြုံရေးအတွက်တော့ ပုံမှန်ပဲထားရှိထားပြီး လိုအပ်ရင် အကုန်ဆင်းဖို့ မှာထားပါတယ်။ ၀န်ထမ်းတွေအနေနဲ့ကတော့ မီးသတ်ဆေးဘူးအပါအ၀င် လုံခြုံရေးကိရိယာတွေနဲ့ အဆင်သင့်ရှိနေပါတယ်။ ၈၂ လမ်း ၂၆ လမ်းထောင့် ကနေ ၈၂ လမ်း လမ်း ၃၀ ထောင့်ထိ လုံခြုံရေးချထားတယ်။ ဘဏ်အနီးမှာ ဗလီတစ်ခုလည်းရှိတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ချထားတာတွေ့ရတယ်” အစိုးရဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ဈေးမှ အရောင်းပါးပါတယ်ဆိုနေမှ ဟိုက ဆူဆူပူပူ၊ ဒီက ဆူဆူပူပူ ဖြစ်နေတော့ တခြားဆိုင်တွေကပိတ်တော့ ကိုယ်တွေကပါ လိုက်ပိတ်နေရတယ်။  ဘာပဲဖြစ်ဖြစ်ပေါ့လေ ဘာပြဿနာမှမဖြစ်တာ အကောင်းဆုံးပါပဲ။ တစ်ခုခုဆိုရင် အားလုံးပဲ နစ်နာရတာဆိုတော့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဈေးချိုတော်မှ ကုန်မျိုးစုံပိုင်ရှင်တစ်ဦး ဆိုသည်။
“ကျွန်တော်တို့အနေနဲ့တော့ ဒီကိစ္စက နိုင်ငံရေးနဲ့ပတ်သက်နေမယ်လို့ ထင်မြင်မိတယ်။ ဥပမာ ရခိုင်မှာ စဖြစ်လာတယ်။ အဲဒီကနေ လူမျိုးရေးပဋိပက္ခတွေကတစ်ဆင့် နိုင်ငံရေးကို သွားသက်ရောက်တာတွေ ရှိလာတယ်။ ဒီတစ်ခေါက်ကိစ္စက နိုင်ငံရေး အခင်းအကျင်းတွေဖြစ်လာခါနီးမှာ ဖြစ်တတ်တဲ့အမျိုးသားရေး လှုံ့ဆော်မှုမျိုးလိုဖြစ်နေတယ်။
ဘာပဲပြောပြော ရှေ့ဥပမာတွေအရ ဒါကိုဆက်ပြီး မကြီးထွားအောင်တော့ ထိန်းသိမ်းသင့်တယ်။  ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးကို ဦးတည်တဲ့ကိစ္စကိုတော့ ပါဝင်ပြီးမှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ အဖွဲ့အစည်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေးကိုသာ ဦးတည်ပါတယ်။ ဘာသာတိုင်း ငြိမ်းချမ်းဖို့ ရည်ရွယ်ပါတယ်။ ငြိမ်းချမ်းစွာ လုပ်ဆောင်တာတွေကို အားပေးပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း ရှေ့ဆက်ပြီး ဘာသာတိုင်း ငြိမ်းချမ်းရေးကိုရှေးရှုပြီး လုပ်ဆောင်သွားမယ်။ ဒါ ကျွန်တော်တို့အနေနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာပါတဲ့ ဘာသာပေါင်းစုံကိုယ်စားပြောတာပါ”ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် သတင်းဦးရရှိရေး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အမြန်ဆုံးသွားရောက်ပြီး ဖြေရှင်းခြင်း၊ ဥပဒေအရ ဆောင်ရွက်ခြင်းနှင့် ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်ပြီးတော့  အမြန်ဆုံးထိန်းသိမ်းနိုင်ရန် လုံခြုံရေးရဲတပ်ဖွဲ့အင်အား ကိုလည်း တိုးမြှင့်ထားသည့်အပြင် အရန်အသင့်လည်း အဆင်သင့်ထားရှိထားကြောင်း စုံစမ်းသိရသည်။
“နယ်မြေတွေအလိုက် လုံခြုံရေးဆောင်ရွက်ချက်တွေကို တိုးမြှင့်ထားတယ်။ ရဲတပ်ဖွဲ့အင်အားတွေကိုလည်း တိုးမြှင့်ထားပါတယ်။ ၀ိုင်းဝန်းထိန်းသိမ်းဖို့ကိုလည်း အဆင့်ဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကိုကိုအောင်က ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က “ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့တော့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်။  အရန်အသင့် တပ်ဖွဲ့ဝင်တွေကိုလည်း အသင့်ဖြစ်အောင် ဆောင်ရွက်ထားတယ်။ ဒီကိစ္စတွေကိုတော့ တိုင်းရဲတပ်ဖွဲ့က အရင်ဆုံးကိုင်တွယ်ရမယ်။ ပြီးမှ ကျွန်တော်တို့က ဆောင်ရွက်ပေးရမှာဖြစ်တယ်။ သစ်ထူးလွင် လူမှုကွန်ရက်စာမျက်နှာကသတင်းကို တင်ပြီး ဖွလိုက်လို့ မန္တလေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ယူဆရတယ်။ အဓိကကတော့ ဒီသတင်းကို ဘယ်သူကပို့တာလဲဆိုတာ အရေးကြီးပါတယ်”ဟု ဇူလိုင် ၃ ရက်က ပြောကြားသည်။
ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသည့် သံတွဲခရိုင်၌ လက်ရှိအခြေအနေမှာ အေးချမ်းလျက်ရှိနေပြီး ရှိနေသည့် ရဲတပ်ဖွဲ့အင်အားဖြင့် လုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်နေကြောင်း သံတွဲခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းက ဆိုသည်။
“ဒီနေ့ည ၁၁ နာရီကျော်အချိန် မန္တလေးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို မသိကြဘဲ မြို့တွင်းကို ဝင်လာကြတဲ့ သမန်းကုန်းဘက်ကသူတွေကို စိစစ်ပြီး ပြန်ခိုင်းလိုက်တယ်လို့ ကြားပါတယ်။ အခု အခြေအနေကတော့ ည ၁၂ နာရီကျော်နေပါပြီ။ ဘာမှ ထူးခြားဖြစ်ပျက်မှုမရှိဘူးလို့ သိထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း၌ မန္တလေးမြို့တွင် အင်တာနက်လိုင်းများ လုံးဝပျက်တောက်သွားခဲ့ကာ လတ်တလောဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည့် ဆက်သွယ်ရမည့် ဖုန်နံပါတ်များအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မအားသေးပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
ဇူလိုင် ၃ ရက်ည ၉ နာရီမှ စတင် အသက်ဝင်ခဲ့သော ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီးနောက်တွင် မန္တလေးမြို့တွင် ခြောက်မြို့နယ်၌ ဆူပူအကြမ်းဖက်မှုနှင်ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်းမရှိသော်လည်း ည ၁ဝ နာရီနှင့် ၁၂ အကြားတွင် ပစ်ခတ်သံဟု သံသယဖြစ်ဖွယ်ရှိသော ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက  The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားခဲ့သည်။
Eleven Media Group
3 Jul 2014
"တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကုထုံးကို ကုသနိုင်ကြောင်း အမေရိကပညာရှင်တွေက အသိမှတ်ပြုလိုက်ပါပြီ"
"တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကုထုံးကို ကုသနိုင်ကြောင်း အမေရိကပညာရှင်တွေက အသိမှတ်ပြုလိုက်ပါပြီ"
မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေက လူ့ဘ၀ရဲ့ လက်တွေ့ဘ၀ ထဲမှာ ဘယ်လို အထောက်အကူပြုဖြေရှင်းပေး သလဲဆိုတာ အားလုံး ဒီဗီဒီယိုဖိုင်လေးကြည့်လိုက်ပါ သိသွားပါလိမ့်မယ်။ အနောက်နိုင်ငံ တော်တော်များများဟာ အခုဆိုမိမိရဲ့ စိတ်ဖိစီးမှု တွေကို လျော့ချဖြေရှင်းနိုင်စေဖို့ နည်းလမ်းရှာရာမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်တဲ့ စိတ်ကို မိမိရဲ့ ၀င်သက် ထွက်သက် တိုင်းမှာ အသိနဲ့ ကပ်ပြီး မှတ်ယူနေခြင်း (တရားထိုင်ခြင်း)ဟာ စိတ်ဖိစီးမှု တွေကို ပြေပျောက်စေပြီး ကြည်လင်သန့်ရှင်းတဲ့ စိတ်အဆင်အဖြစ် ပျောင်းလဲလာပါတယ်လို့  ဆေးပညာရှင်များကလဲ အသိအမှတ်ပြု လက်ခံလိုက်ပြီ။ အခုဆိုနာမည်ကြီး အနုပညာလောက က လူတွေတောင် လည်းကောင်း ကျင့်စဉ်ကို လိုက်နာကျင့်သုံးရင်း စိတ်ဖိစိးမှု တွေကို လျော့ချနေပါပြီလို့ သိရပါတယ်။
Credit >> Mayyu Tun
အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပါ
အလုပ်လုပ်တဲ့နေရာမှာ တချို့တွေက ထိပ်တန်းအောင်မြင်မှုတွေ ရရှိကြပါတယ်။ တချို့ကတော့ သာမန် ပါပဲ။ တချို့တွေကတော့ အဆင်မပြေမှုတွေ ရှုံးနိမ့်မှုတွေနဲ့ပဲ တွေ့နေရတတ်ပါတယ်။ ဒီလိုအောင်မြင်မှု တွေ ကွာခြားသွား ကြတာဟာ သူတို့ရဲ့ အားထုတ်လုပ်ဆောင်မှုတွေ လုံ့လ၀ီရိယတွေ ကွာခြားသွားကြ လို့ပါပဲ။
ရှုံးနိမ့်မယ့်သူတွေကတော့ စိတ်မပါတပါ လုပ်ကြပါတယ်။ လုပ်ချင်ယောင် ဆောင်တတ်ကြပါတယ်။ အဖြစ် သဘော လုပ်တတ်ကြပါတယ်။ သာမန်သူတွေကတော့ တတ်နိုင်သလောက် ကြိုးစားလုပ်ကြပါတယ်။ အဆင်ပြေသလို လုပ်ကြတာလည်း ရှိပါတယ်။ လူတော်တွေကတော့ အကောင်းဆုံး လုပ်ဆောင်တတ်ကြ ပါတယ်။ အလုပ်ဖြစ်အောင်လုပ်တတ်ကြ ပါတယ်။ အောင်မြင်မယ့်သူတွေကတော့ အစွမ်းကုန်ကြိုးစား လုပ်ဆောင်တတ် ကြပါတယ်။ ၀ီရိယပြင်းပြင်းနဲ့ လုံ့လစိုက်ပြီး လုပ်ဆောင်တတ်ကြပါတယ်။
လူတစ်ယောက်ဟာ မိမိမှာရှိနေတဲ့ အစွမ်းအစတွေကို ထုတ်သုံးဖို့ စိတ်အား မထက်သန်တဲ့အခါ ခြေထော့ ကျိုးအရှုံးသမား စိတ်ဓာတ်မျိုးတွေ ၀င်လာတတ် ပါတယ်။ ခြေထော့ကျိုး အရှုံးသမားဆိုတာက ဒီလိုပါ။ ဘောလုံးပွဲတစ်ပွဲတစ်ပွဲ ကို သွားကြည့်တဲ့အခါမှာ တစ်ဖက်အသင်းက ဘောလုံးသမားတွေက နောက်ခံ လူတွေကို ကျော်တက်သွားတယ်။ နောက်ဆုံး ဂိုးဧရိယာထဲကို ရောက်အောင် အဆင့်ဆင့်ပေးပြီး ကစား သွားကြတယ်။ နောက်ခံလူတွေက အသည်းအသန်ပြေးလိုက်ကြတာပေါ့။ ဂိုးဧရိယာနဲ့ ကိုက် (၂၀) လောက်အကွာ ရောက်လာတဲ့အခါ တစ်ဖက်နောက်ခံလူက ဒီလူကို မမီနိုင်တော့ပါဘူးဆိုပြီး လက်လျှော့ လိုက်တယ်။ ဒီအခါ အဲ့ဒီ နောက်ခံလူက ခြေထောက်ကို ထော့ကျိုး-ထော့ကျိုး လုပ်ပြလိုက်တာပေါ့။
ပရိသတ်ကတော့ သူမမီတာ သူ့ခြေထောက်တစ်ခုခု ထိခိုက်သွား လို့ဖြစ်မှာပါလို့ ပြောကြတယ်။ ဒါကိုပဲ ခြေထော့ကျိုး အရှုံးသမားစိတ်ဓာတ်လို့ ခေါ်တာပေါ့။ သင်ရော အောင်မြင်မှုတစ်ခုကို ရရှိဖို့အတွက် ကြိုး ပမ်းအားထုတ်နေတဲ့အချိန်မှာ မဖြစ်နိုင်တော့ပါဘူး၊ ရမှာမဟုတ်ပါဘူး ဆိုပြီး ယုံကြည်မှု လျော့နည်းတဲ့ ပုံစံမျိုးနဲ့ ခြေထော့ကျိုး အရှုံးသမားလို မူယာမာယာ များခဲ့ဖူးပါသလား။
အောင်မြင်သူတိုင်းဟာ ဘယ်လို အခြေအနေမျိုးမှာမဆို မလျော့သော ဇွဲလုံ့လနဲ့ အစွမ်းကုန် ကြိုးစား လုပ်ဆောင်သင့်ပါတယ်။ ဘယ်တော့ မှ ခြေထော့ကျိုးအရှုံးသမားလို့လုပ်ဖို့ မစဉ်းစားပါနဲ့။ အောင်မြင်ချင် တာ မှန် တယ်ဆိုရင်ပေါ့။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို အကုန်ထုတ် မသုံးကြခြင်း ဟာ ခြေထော့ကျိုး စိတ်ဓာတ်ဝင်နေကြလို့ပါပဲ။ အောင်ြမင်မှုရချင်ရင် ဒီစိတ် ဓာတ်ကို အရင်ဆုံး ဖယ်ရှားပစ်ရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ထုတ်သုံးပြီး ကြိုးစားလုပ်ဆောင်ကြတဲ့ အခါ မှာ အောင်မြင်မှုတွေ ရရှိခဲ့တာကို ကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ လူတွေရဲ့ အစွမ်းသတိ္တတွေဟာ အခက်အခဲတွေ၊ ဘေးကျပ်နံကျပ် အချိန် မျိုးတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။ အိမ်မီးလောင်နေတဲ့အချိန်မှာ လူတစ်ယောက် အနေနဲ့ သယ်မဖို့ မဖြစ်နိုင်တဲ့ မနိုင်ဝန်မျိုးတွေကို သယ်ဆောင်ပြေးလွှားနိုင် ကြပါတယ်။ အန္တရာယ်ပေးမယ့် တစ်စုံတစ် ယောက် အနောက်က လိုက်လာ ရင်လည်း ရိုးရိုးပြေးမှာမဟုတ်ပါဘူး။ ရှိသမျှ အစွမ်းတွေအကုန်ထုတ်ပြီး လွတ်အောင်ပြေးလွှားမှာ ဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးတွေမှာမှ လူတွေက ကိုယ့်မှာ ရှိနေပြီးသား အစွမ်းတွေ ကို အစွမ်းကုန်ထုတ်သုံးမယ့်အစား ကြိုးစားအားထုတ်မှုတိုင်းမှာသာ အစွမ်းကုန်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုဟာ ပြေးလို့ မလွတ်ပါ ဘူး။ ဘ၀မှာ အောင်မြင်မှုတွေ ရရှိချင်တာ သေချာရင်ရုန်းကန်နေရုံနဲ့ မပြီးပါ ဘူး။ ရုန်းထွက်မှသာလျှင် လွတ်မြောက်မှာ ဖြစ်ပါတယ်။ အများစုကတော့ ရုန်းကန်ဖို့ပဲ စဉ်းစားကြတယ်။ဘာအစွမ်းအစမှ ထက် ထက်သန်သန်မပါ ဘဲနဲ့ပေါ့။
ရုန်းကန်နေရင် လှုပ်ရှားနေရမယ်။ ရုန်းထွက်မှ လွတ်မြောက်မှာ ဖြစ်ပါတယ်။ ကြွက်တစ်ယောက်ဟာ ကြောင်ကြီး တစ်ယောက်လိုက်လို့ ပြေးတဲ့အခါမှာ လွတ်မြောက်လိုစိတ်နဲ့ အစွမ်းကုန်ပြေးတာဖြစ်ပါတယ်။ ဘ၀မှာ ကြုံတွေ့ရတဲ့ ဒုက္ခအခက်အခဲတွေဟာ ကိုယ့်နောက်က လိုက်နေပြီဆိုရင် ရပ်တန့်နေရုံ၊ ရုန်းကန် နေရုံနဲ့ မပြီးပါဘူး။ ဒီဒုက္ခ ဆင်းရဲတွင်းတွေ၊ အခက် အခဲတွေကနေ လွတ်မြောက်ဖို့အတွက် အားကုန် ရုန်းထွက်လိုက်ဖို့လိုပါတယ်။
တစ်ခါက ပညာရှိကြီးတစ်ယောက်ဆီကို သူပညာသင်ပေးခဲ့တဲ့ တပည့်တစ်ယောက်က ရောက်ရှိလာပါ တယ်။ ပြီးတော့ သူက ဆရာကြီးကို ရန်ရှာတယ်။ “ဒီမယ်ဆရာကြီး - ဆရာကြီးက ကျုပ်နဲ့ ကျုပ်သူငယ်ချင်း ကို ပညာတွေ အတူတူ သင်ကြားပေးခဲ့တယ်။ ဒါပေမဲ့အခုချိန်မှာ ကျုပ်သူငယ်ချင်းက အောင်မြင် ချမ်းသာ နေပြီ။ ကျုပ်ကတော့ ဘာမှ မဖြစ်သေးဘူး။ သေချာတာကတော့ ဆရာ ကြီး ကျုပ်သူငယ်ချင်းကို ကျုပ်မသိ အောင် ပညာတွေ ပိုသင်ပေးထားလို့ပဲဖြစ် ရမယ်။ ဆရာကြီးက မျက်နှာလိုက်တာလားဗျ။”
ဒီအခါမှာ ဆရာကြီးကဘာမှ ခွန်းတုန့်ပြန်ပြီး ပြောမနေတော့ဘဲ သူ့ကို ရန်လာရှာတဲ့ သူ့တပည့်ကို ဦးခေါင်းကနေကိုင်ပြီး ရေဇလုံကြီး တစ်ခုထဲကို ဆွဲနှစ်တော့တာပါပဲ။ တပည့်လည်း ဘုမသိ ဘမသိနဲ့ ရေထဲ အနှစ်ခံလိုက်ရပါတယ်။ အတင်းရုန်းပေမယ့် ဆရာကြီးရဲ့ ခွန်အားကြောင့် တော်ရုံနဲ့ ရုန်းလို့ မရနိုင် ပါဘူး။ ကြာတော့ ရေထဲမှာ တော်တော်မွန်းကြပ်လာတယ်။ ပါးစပ်တွေ နှာခေါင်းတွေထဲ ရေတွေအလုံး အရင်း ၀င်ရောက်လာတယ်။ သူရုန်းတာပဲ။ ရုန်းလို့မရဘူး။ ဒီအတိုင်းဆို မကြာခင်သူသေရ တော့မယ်။ ဒါနဲ့ပဲ ရှိသမျှ အားအင်တွေစုပြီး အစွမ်းကုန် ကြိုးစားရုန်း ထွက်ပစ်လိုက်တယ်။
ရေဇလုံကြီးလည်း မှောက်သွားတယ်။ ဆရာကြီးကိုလည်း တွန်းလှဲပစ် လိုက်တယ်။ ရေတွေကို အန်ထုတ် ပြီး လေကို အ၀ရှုပစ်လိုက်တယ်။ ပြီးတော့ ဆရာကြီးကို ပြောတယ်။ “ဒီမယ် ဆရာကြီး- ခင်ဗျားက ကျုပ် ကို အောင်မြင်အောင် မသင်ပေးရုံမကဘူး ကျုပ်ကို ပါသေကြောင်းကြံနေ တာလားဗျ” လို့ အော်ဟစ်မေး တယ်။
ဒီတော့မှ ဆရာကြီးက မေးပါတယ်။ “မင်း ရေထဲမှာ နစ်မွန်းနေတော့ ဘာဖြစ်သလဲ” တဲ့။
“ဟာ ဆရာကြီး - ခင်ဗျားမေးမှ မေးရက်တယ်။ ရေထဲနစ်နေတော့ အသက်ရှုကြပ်တာပေါ့။ မွန်းကြပ် တာပေါ့။ ဒီလို ဒုက္ခမျိုး ခင်ဗျားခံစားကြည့် ပါလား။” လို့ ပြန်အော်တယ်။
ဆရာကြီးက “ ဒီတော့ မင်းဘာဖြစ်ချင်သလဲ၊ ဘာလုပ်ခဲ့သလဲ” လို့ မေးတယ်။
“ဟာ .. ဒီအတိုင်းနေရင် ကျုပ်သေသွားမှာပေါ့။ ဒီတော့ ကျုပ်ရှိသမျှ ခွန်အားနဲ့ အစွမ်းကုန် ရုန်းထွက်ခဲ့တာ ပဲ။”
ဒီတော့မှ ဆရာကြီးက သူ့တပည့်ကို ပြောလိုက်ပါတယ်။ “ အေး... မင်းသူငယ်ချင်းက အဲ့လို ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တာကွ။ မင်းတို့ကို ငါပညာ သင်ပေးခဲ့တာ အတူတူပဲ။ မင်းရေနစ်နေတုန်းက လွတ်မြောက် ချင်တဲ့ စိတ်ပြင်းပြမှုဖြစ်သလို ဘ၀မှာ အဲ့လို စိတ်ဓာတ်နဲ့ အစွမ်းကုန် ကြိုးစား လုပ်ဆောင်မယ်ဆိုရင် မင်း သူငယ်ချင်းလိုပဲ မင်းအောင်မြင်မှုတွေ ရလာမှာပါ” လို့ သင်ခန်းစာပေးခဲ့ပါတယ်။
ကံချင်းတူရင် ဥာဏ်သာတဲ့သူက ပိုအောင်မြင်သွားမှာပါပဲ။ ကံချင်း ဥာဏ်ချင်း တူတယ်ဆိုရင်တော့ ၀ီရိယ သာတဲ့သူက ပိုအောင်မြင်မှာဖြစ်ပါတယ်။ စာဖတ်သူတွေလည်း အောင်မြင်မှုတစ်ခု ရရှိဖို့အတွက် ဘယ် လောက်အထိ ၀ီရိယပြင်းပြင်းစိုက်ထုတ်လုပ်ဆောင်ခဲ့ဖူးပါသလဲ။ အောင်မြင်လိုတဲ့ အရာတစ်ခုအတွက် အစွမ်းကုန်ကြိုးစား လုပ်ဆောင်ခဲ့ဖူးပါသလား။ ဘယ်နယ် ပယ်မှာမဆို အောင်မြင်မှု ထိပ်တန်းတစ်နေရာ ကို အမြန်ဆုံးရောက်ချင်တယ် ဆိုရင်တော့ ကိုယ့်မှာ ရှိသမျှ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ကြိုး စား လုပ်ဆောင်မှ ရပါလိမ့်မယ်။ ဒါကြောင့် အစွမ်းကုန်ကြိုးစား လုပ်ဆောင်ရင်းနဲ့ ထိပ်တန်းအောင်မြင် မှုတွေ ရရှိနိုင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ။
Let's Fly Together !
ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal vol.2,no.45
မုန်းမုန်း ကွဲကွဲ ပြန်ချစ်တွဲအောင် ဓာတ်ဆင်မယ်
ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်းလို့ ခေါ်ပါတယ်။ ဒီယတြာကို ဘယ်လို ကိစ္စများ အတွက် ဆောင်ရွက်လို့ ရနိုင်သလဲဆိုရင်...
+ မိမိချစ်တဲ့သူက မိမိအပေါ် အမုန်းပွားနေရင်
+ လင်ကွဲမယားကွဲ ကိစ္စပြန်ပေါင်းချင်လျှင်...
+ မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်...
+ ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်....
+ ဆရာတပည့် အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်....
+ အောက်လက်ငယ်သားနှင့် အထက်လူကြီး အမြင်စောင်းနေလျှင်...
အဲဒီလို အခါတွေမှာ ဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။
အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။
+ ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။
+ မိမိရဲ့ ဆပွတ်နေ့သားက စိတ်ပါလက်ပါ ကူညီ လုပ်ဆောင်ပေးရမယ်။
+ (၂၁)-ရက်တိတိ မထိရ မကိုင်ရ ထားထားရမယ်။
+ (၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသော ရေသန့်သန့်မှာ မျှောပစ်ရမယ်။
အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့် လူက ကိုယ်ဘာနေ့သားလည်း။ ကိုယ် အဆင်ပြေချင်တဲ့ လူက ဘာနေ့သားလည်း။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက် မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့ (၂၁)ရက် အတွင်းမှာတောင် ထူးခြားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင် အမုန်းဓာတ်တွေ ပျက်ပျယ် သွားတယ်။ မေတ္တာဓာတ်တွေ ပြန်လည် စိမ့်ဝင်လာမယ်။ ပီယဓာတ်တွေ ပြန်ပြီး ပေါ်လာမယ်။ အမြင်မကြည်ရင် ပြန်ကြည်လာမယ်။
ဥပမာ တနင်္ဂနွေ သားသမီး တစ်ဦးဦးက အင်္ဂါသားသမီး တစ်ဦးနှင့် အဆင်ပြေချင်တယ်ဆိုရင် အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့်ကို ပန်းအိုး အသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ထားလို့ ရပါတယ်။ အဲဒီပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ်သတ်မှတ်ထား တဲ့ နေရာကို တင်ပေးရုံပဲ။ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့ အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။ အဲဒီတော့ အောက်မှာ (၇)ရက်သား သမီးများ အားလုံးအတွက် ရေးပေးလိုက်ပါတယ်။ အတိအကျသာ လုပ်ဆောင်ပါ။ သေချာပေါက် အောင်မြင်စေပါ တယ်။
တနင်္ဂနွေ သားသမီးများအတွက်
တနင်္ဂနွေ သားသမီးများ၏ ယတြာကို သောကြာသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ သောကြာသားသမီးက လုပ်ပေး၇မှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္ဂနွေနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါ တယ်။ အောက်မှာ တနင်္ဂနွေသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
တနင်္ဂနွေ + တနင်္ဂနွေ (အုန်းညွန့် ၁၂-ညွန့်)
တနင်္ဂနွေ + တနင်္လာ (အုန်းညွန့် ၆- ညွန့် ၊ ကံကော် ၁၅-ညွန့်)
တနင်္ဂနွေ + အင်္ဂါ (အုန်းညွန့် ၆-ညွန့် ၊ ဇော်စိမ်း ၈-ညွန့်)
တနင်္ဂနွေ + ဗုဒ္ဓဟူး ( အုန်းညွန့် ၆-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
တနင်္ဂနွေ + ကြာသပတေး (အုန်းညွန့် ၆-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
တနင်္ဂနွေ + သောကြာ (အုန်းညွန့် ၆-ညွန့် ၊ သပြေ ၂၁-ညွန့်)
တနင်္ဂနွေ + စနေ (အုန်းညွန့် ၆-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
တနင်္လာ သားသမီးများအတွက်
တနင်္လာ သားသမီးများ၏ ယတြာကို စနေသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ စနေသားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္လာနေ့ နေ့လည် (၃း၀၀) ကနေ (၄း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ တနင်္လာသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
တနင်္လာ + တနင်္ဂနွေ (ကံကော် ၁၅-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
တနင်္လာ + တနင်္လာ (ကံကော် ၃၀-ညွန်)
တနင်္လာ + အင်္ဂါ (ကံကော် ၁၅-ညွန့် ၊ ဇော်စိမ်း ၈-ညွန့်)
တနင်္လာ + ဗုဒ္ဓဟူး ( ကံကော် ၁၅-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
တနင်္လာ + ကြာသပတေး (ကံကော် ၁၅-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
တနင်္လာ + သောကြာ (ကံကော် ၁၅-ညွန့် ၊ သပြေ ၂၁-ညွန့်)
တနင်္လာ + စနေ (ကံကော် ၁၅-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
အင်္ဂါ သားသမီးများအတွက်
အင်္ဂါသားသမီးများ၏ ယတြာကို တနင်္ဂနွေ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ တနင်္ဂနွေ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ အင်္ဂါနေ့ နံနက် (၉း၀၀) ကနေ (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ အင်္ဂါသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
အင်္ဂါ + တနင်္ဂနွေ (ဇော်စိမ်း ၈-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
အင်္ဂါ + တနင်္လာ (ဇော်စိမ်း ၈-ညွန့် ၊ ကံကော် ၃၀-ညွန့်)
အင်္ဂါ + အင်္ဂါ (ဇော်စိမ်း ၁၆-ညွန့်)
အင်္ဂါ + ဗုဒ္ဓဟူး ( ဇော်စိမ်း ၈-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
အင်္ဂါ + ကြာသပတေး (ဇော်စိမ်း ၈-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
အင်္ဂါ + သောကြာ (ဇော်စိမ်း ၈-ညွန့် ၊ သပြေ ၂၁-ညွန့်)
အင်္ဂါ + စနေ (ဇော်စိမ်း ၈-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
ဗုဒ္ဓဟူး သားသမီးများအတွက်
ဗုဒ္ဓဟူးသားသမီးများ၏ ယတြာကို တနင်္လာ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ တနင်္လာ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ဗုဒ္ဓဟူးနေ့ နံနက် (၇း၃၀) ကနေ (၉း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ဗုဒ္ဓဟူးသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
ဗုဒ္ဓဟူး + တနင်္ဂနွေ (ရွက်လှ ၁၇-ညွန့်+ အုန်းညွန့် ၁၂-ညွန့်)
ဗုဒ္ဓဟူး + တနင်္လာ (ရွက်လှ ၁၇-ညွန့် ၊ ကံကော် ၃၀-ညွန့်)
ဗုဒ္ဓဟူး + အင်္ဂါ (ရွက်လှ ၁၇-ညွန့် ၊ ဇော်စိမ်း ၁၆-ညွန့်)
ဗုဒ္ဓဟူး + ဗုဒ္ဓဟူး (ရွက်လှ ၃၄-ညွန့်)
ဗုဒ္ဓဟူး + ကြာသပတေး (ရွက်လှ ၁၇-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
ဗုဒ္ဓဟူး + သောကြာ (ရွက်လှ ၁၇-ညွန့် ၊ သပြေ ၂၁-ညွန့်)
ဗုဒ္ဓဟူး + စနေ (ရွက်လှ ၁၇-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
ကြာသပတေး သားသမီးများအတွက်
ကြာသပတေး သားသမီးများ၏ ယတြာကို အင်္ဂါ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ အင်္ဂါ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါ တယ်။ အချိန်ကတော့ ကြာသပတေးနေ့ နံနက် (၉း၀၀) ကနေ (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ကြာသပတေး သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
ကြာသပတေး + တနင်္ဂနွေ (မေမြို့ပန်း ၁၅-ပွင့်+ အုန်းညွန့် ၁၂-ညွန့်)
ကြာသပတေး + တနင်္လာ (မေမြို့ပန်း ၁၅-ပွင် ၊ ကံကော် ၃၀-ညွန့်)
ကြာသပတေး + အင်္ဂါ (မေမြို့ပန်း ၁၅-ပွင့် ၊ ဇော်စိမ်း ၁၆-ညွန့်)
ကြာသပတေး + ဗုဒ္ဓဟူး (မေမြို့ပန်း ၁၅-ပွင် ၊ ရွက်လှ ၃၄-ညွန့်)
ကြာသပတေး + ကြာသပတေး (မေမြို့ပန်း ၃၀-ပွင့်)
ကြာသပတေး + သောကြာ (မေမြို့ပန်း ၁၅-ပွင့် ၊ သပြေ ၂၁-ညွန့်)
ကြာသပတေး + စနေ (မေမြို့ပန်း ၁၅-ပွင့် ၊ နှင်းဆီ ၁၀ ပွင့်)
သောကြာ သားသမီးများအတွက်
သောကြာ သားသမီးများ၏ ယတြာကို ဗုဒ္ဓဟူး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ဗုဒ္ဓဟူး သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ သောကြာနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါ တယ်။ အောက်မှာ သောကြာ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
သောကြာ + တနင်္ဂနွေ (သပြေ ၂၁-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
သောကြာ + တနင်္လာ (သပြေ ၂၁-ညွန့် ၊ ကံကော် ၃၀-ညွန့်)
သောကြာ + အင်္ဂါ (သပြေ ၂၁-ညွန့် ၊ ဇော်စိမ်း ၁၆-ညွန့်)
သောကြာ + ဗုဒ္ဓဟူး (သပြေ ၂၁-ညွန့် ၊ ရွက်လှ ၃၄-ညွန့်)
သောကြာ + ကြာသပတေး (သပြေ ၂၁-ညွန့် + မေမြို့ပန်း ၁၅-ပွင့်)
သောကြာ + သောကြာ (သပြေ ၄၂ - ညွန့်)
သောကြာ + စနေ (သပြေ ၂၁-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
စနေ သားသမီးများအတွက်
စနေသားသမီးများ၏ ယတြာကို ကြာသပတေး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ကြာသပတေး သားသမီးက လုပ်ပေးရ မှာ ဖြစ်ပါတယ်။ အချိန်ကတော့ စနေနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ စနေ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေး လိုက်ပါတယ်။
စနေ + တနင်္ဂနွေ (နှင်းဆီ ၁၀ ပွင့် + အုန်းညွန့် ၁၂-ညွန့်)
စနေ + တနင်္လာ (နှင်းဆီ ၁၀ ပွင့် ၊ ကံကော် ၃၀-ညွန့်)
စနေ + အင်္ဂါ (နှင်းဆီ ၁၀ ပွင့် ၊ ဇော်စိမ်း ၁၆-ညွန့်)
စနေ + ဗုဒ္ဓဟူး (နှင်းဆီ ၁၀ ပွင့် ၊ ရွက်လှ ၃၄-ညွန့်)
စနေ + ကြာသပတေး (နှင်းဆီ ၁၀ ပွင့် + မေမြို့ပန်း ၁၅-ပွင့်)
စနေ + သောကြာ (နှင်းဆီ ၁၀ ပွင့် ၊ သပြေ ၄၂ - ညွန့်)
စနေ + စနေ (နှင်းဆီ ၂၀ - ပွင့်)
မြန်မာ.ရိုးရာဗေဒင်ပညာရပ်
ဂျပိုး(ကြမ်းပိုး)နှိမ်နှင်းခြင်း
ဂျပိုး(ကြမ်းပိုး)နှိမ်နှင်းခြင်း
▬▬▬▬▬▬▬▬▬▬
(NaclO)  ဖြန်းပေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်သာ သန့် ရှင်းရေး လုပ်တဲ့ အခါမှာ အသုံးများတဲ့ (NaclO) ကို အားပျော့အောင် ရောစပ်ပြီး စပရေး အနေနဲ့  အခန်းထဲမှာပက်ဖျန်းရပေမဲ့   သတိထားရမဲ့  အချက်တွေ အလွန်များပါတယ်။   အခန့် မသင့်ရင်တော့  အ၀တ်အစားတွေဟာအရောင်ပြောင်းလဲဖြစ် ပေါ်လာနိုင်ပါတယ်။
အံသြဖွယ် မျိုးပွားနှုံးနဲ့  အခန်းတွေတင် မက အဆောက်အဦးရဲ့ နေရာတိုင်းမှာ  အလွန်လျင်မြန်စွာ ပေါက်ဖွားလာပါတော့တယ်။  ဒါ့ အပြင်  ဂျပိုး အကိုက်ခံရရင် ကိုက်ရာထင်ပြီး  ရောင်လာတတ်ပါတယ်။
ဘယ်လိုမှ အောင့်အီးပြီး မနေနိုင်လောက်အောင် ယားယံလာပြီး  မကုတ်ပဲ မနေနိုင်တော့ပါဘူး။  အထူးသဖြင့်  လက်၊ခြေထောက်၊ ဗိုက်  အစရှိတဲ့ နေရာတွေမှာအကိုက်ခံရရင်  သိသိသာသာ ရောင်တက်လာပါတယ်။  အဲဒီ ဝေဒနာဟာ အိပ်စက်လို့ ကို မရနိုင်တော့ပါဘူး။   ကလေး သူငယ်တွေ အတွက် ပိုဆိုးပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အမေရိကန်နိုင်ငံကနေ  ပြန့် ပွားလာချေ များတယ်လို့ ဆိုပါတယ်။စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က အမေရိကန်ပြည်ပေါက်  ဂျပိုးဟာ  ပိုးသတ်ဆေးဖြန်းတာတောင်မှ  တော်တော်နဲ့  မသေဘူး ဆိုတာပါပဲ။
အမေရိက မှာတော့  1950 ခုနှစ်လောက်က  အသုံးပြုခဲ့တဲ့   DDT ဆိုတဲ့  ပိုးသတ်ဆေး ကို အသုံးပြုခွင့် မရှိတော့ပါဘူး။ DDT ဟာ လူကို ထိခိုက် အဆိပ်သင့်စေတဲ့အတွက်  အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ် ။
ဒီလိုကြောက်စရာကောင်းတဲ့ ဂျပိုးကို..အမြန်သုတ်သင်ရှင်းလင်းပါလို့ ....တိုက်တွန်းလိုက်ပါတယ်။
ရွှေအိမ်စည်
ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းများ မြင့်တက်လာ
ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းသည် ပုံမှန် မြင့်တက်လာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်း cloud ဝန်ဆောင်မှု ကုမ္ပဏီ Akamai က ဖော်ပြခဲ့သည်။
Akamai ကုမ္ပဏီ၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ ပျှမ်းမျှ အင်တာနက် အမြန်နှုန်းသည် ပြီးခဲ့သည့် သုံးလပတ်က ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်းသည် 10.5 Mbps သာရှိပြီး စစ်တမ်း ကောက်ယူခဲ့သည့် နိုင်ငံ ၉၈ နိုင်ငံအနက် အဆင့် ၁၂ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အမြန်ဆုံး နိုင်ငံများစာရင်းတွင် တောင်ကိုရီးယားက ပျှမ်းမျှ အမြန်နှုန်း 23.6 Mbps ဖြင့် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဂျပန်က ဒုတိယ၊ ဟောင်ကောင် က တတိယ၊ ဆွဇ်ဇာလန်က စတုတ္ထ၊ နယ်သာလန်က ပဉ္စမ၊ လတ်ဗီးယားက ဆဋ္ဌမ၊ ဆွီဒင်က သတ္တမ၊ ချက်သမ္မတနိုင်ငံက အဋ္ဌမ၊ ဖင်လန်က နဝမနှင့် အိုင်ယာလန်က ဒသမ စသည်ဖြင့် အသီးသီးရပ်တည်ခဲ့ ကြသည်။ ဆူဒန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှုမှာ အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၁၉၆ ရာခိုင်နှုန်း မြင့် တက်လာခဲ့ကာ အမြန်နှုန်း 3.2 Mbps ရှိခဲ့သည်။
Akamai သည် အင်တာနက် အမြန်နှုန်းကို တိုင်းတာရာတွင် နိုင်ငံများ၏ 4K ဗီဒီယို အသုံးပြုနိုင်မှု၊ မိုဘိုင်း အင်တာနက်အမြန်နှုန်းများနှင့် broadband အသုံးပြုမှုနှုန်းတို့ အပါအဝင် အခြားသော ရှုထောင့်များမှ တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံများ၏ မိုဘိုင်းအင်တာနက် အမြန်နှုန်း ကွဲပြားသည်ကို တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ထို့အပြင် မိုဘိုင်းအချက်လက်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ အရေအတွက်သည် မြင့်တက်လာ လျက်ရှိပြီး ၂၀၁၃ ခုနှစ် စတုတ္ထ သုံးလပတ်မှ ၂၀၁၄ ခုနှစ် ပထမ သုံးလပတ်အတွင်း အင်တာနက် အသုံး ပြုသူ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Ref: Mashable
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၅)
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများ
ရေမွှေးများသည် အလှအပနှင့် ဖက်ရှင်ဆိုင်ရာ အသုံးအဆောင် တစ်ခုအဖြစ်သာမကဘဲ လူ့အဆင့်အ တန်းကို တိုင်းတာသည့် အဆောင်အယောင် တစ်ခုအဖြစ်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။
ချမ်းသာကြွယ်ဝသူများက တန်ဖိုးကြီး ရေမွှေးအမှတ်တံဆိပ်များကို ဂုဏ်ယူစွာ ဝယ်ယူအသုံးပြုလေ့ ရှိကြ သည်။ ပမာဏ အနည်းငယ်မျှသာ ပါဝင်သည့် ရေမွှေးပုလင်းလေးများကို ငွေကြေးအမြောက် အမြားဖြင့် ဝယ်ယူပြီး ဂုဏ်သရေ၊ စိတ်ခံစားချက်တို့၏ ပြယုဂ်သဖွယ် ဆွတ်ဖျန်းကြသည်။
အမှတ်တံဆိပ်၊ ရနံ့သင်းပျံ့မှု၊ ရနံ့စွဲမြဲမှု အစရှိသည့် ဂုဏ်ပုဒ်များဖြင့် ရေမွှေးတစ်ခုချင်းစီ၏ တန်ဖိုးကို သတ်မှတ်လေ့ရှိရာ ယင်းတို့အနက်မှ ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်မားဆုံး ရေမွှေး ၁၀ မျိုးကို စုစည်းဖော်ပြ လိုက်ရပါသည်။
၁၀။ Chanel No. 5
မိမိ၏ ဘဝရည်မှန်းချက် အိပ်မက်တစ်ခုအဖြစ် ရည်စူးရသည့် အမျိုးသမီးတစ်ဦးကို ပေးအပ်ရန် အကောင်း ဆုံးလက်ဆောင်အဖြစ် Chanel No.5 ရေမွှေးကို ညွှန်းဆိုလေ့ရှိကြသည်။
Chanel No.5 သည် အရည်အသွေးမြင့်မားခြင်း၏ ပြယုဂ်တစ်ခုသဖွယ် ရေမွှေးချစ်သူများ၏ ကောင်း ချီးပေး ဂုဏ်ပြုမှုကိုခံရပြီး ကမ္ဘာပေါ်တွင် ရောင်းအား အကောင်းဆုံး ရေမွှေးအမှတ်တံဆိပ် တစ်ခုလည်း ဖြစ်သည်။
Coco Chanel သည် ရေမွှေးပညာရှင် အားနက်စ်ဘေယော့စ်၏ အကူအညီဖြင့် အမျိုးသမီးများအတွက် လိုက်ဖက်တင့်တယ်ဆုံးရနံ့ကို ကိုယ်စားပြုသည့် Chanel 5 ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
၁၀၀ မီလီလီတာ ဝင်ဆံ့သည့် ပုလင်းလေးတစ်လုံး၏ တန်ဖိုးမှာ ၂၃၄ ဒေါ်လာဖြစ်သည်။
၉။ Shalini Perfume
ပန်းရနံ့များဖြင့် ဖန်တီးထားသည့် အကောင်းဆုံး အမျိုးသမီးသုံး ရေမွှေးအဖြစ် ထင်ရှားသည်။ မောရစ်ရူဆဲလ်က အဆိုပါရေမွှေးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
Shalini ၏ ရေမွှေးသည် ရှားပါးပြီး ရှင်းသန့်သည့် ရနံ့မျိုးဖြင့် ဖန်တီးထားသည်။ ကနေဒါစကားပန်း၊ နှင်းပန်း၊ ဆီးထရက်စ်ရှောက်ပန်းတို့ကို နံနံစေ့၊ ကတိုးစေ့၊ စန္ဒကူးနှစ်၊ ဗနီလာတို့နှင့် အချိုးကိုက် ရောစပ် ဖန်တီးထားသည့် အဆိုပါရေမွှေး၏ ဈေးနှုန်းမှာ ၂ ဒသမ ၂ အောင်စ ဝင်ဆံ့သည့် ပုလင်းငယ်တစ်လုံး အတွက် ဒေါ်လာ ၉၀၀ ကျသင့်သည်။
၈။ Ralph Lauren Notorious
Ralph Lauren က Notorious ကို အမျိုးသမီးများအတွက် အဓိက ရည်ရွယ်ဖန်တီးခဲ့သည်။ အဆိုပါ အမည်ကို ဒါရိုက်တာ အဲလ်ဖရက်ဒ်ဟစ်ခ်ျကော့ ရိုက်ကူးသည့် ဂန္ထဝင်ဇာတ်ကားကို အစွဲပြုမှည့်ခေါ် ထားခြင်း ဖြစ်သည်။
အဆိုပါ ရေမွှေးကို Givaudanမှ အိုလီဗီရာ ဂီလော့တင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဘလက်ကားရန့်သီး၊ ပင့်ခ်ပက်ပါသီး၊ အီတလီ ဘာဂါမော့ ရှောက်သီးတို့ကို ကြွယ်ကြွယ်ဝဝ အသုံးပြု ထည့်သွင်းထားသည့် ရေမွှေးသည် တစ်ပုလင်းလျှင် ဒေါ်လာ ၃,၅၄၀ ထိ တန်ဖိုးသတ်မှတ်ထားသည်။
၇။ Hermes 24 Faubourg
ရမ္မက်အာရုံကို နှိုးဆွသော၊ ချစ်ခြင်းမေတ္တာ၏ ပြယုဂ်သဖွယ်ဖြစ်သော ဂုဏ်ပုဒ်များဖြင့် 24 Faubourg ကို Hermes က မိတ်ဆက်ခဲ့သည်။
ဂန္တဝင်မြောက်သော၊ ထူးခြားသော၊ ကျက်သရေရှိသော ရနံ့မျိုးကို ထုတ်လွှတ်ပေးနေသည့် ရေမွှေးသည် ကမ္ဘာပေါ်တွင် ရေမွှေးဝါသနာအိုးများ အမက်မောဆုံး အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။
အမျိုးသမီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ရေမွှေးသည် တစ်ကြိမ်ဆွတ်ဖျန်းထားပြီးလျှင် ၂၄ နာရီထိ ရနံ့မပြယ်သည့်အတွက်လည်း လူအများက နှစ်သက်ကြသည်။ အထူးသဖြင့် Valentine’s Day ကဲ့သို့ အမှတ်တရနေ့များတွင် ခင်ပွန်းသည်များက ဇနီးအတွက် လက်ဆောင်အဖြစ် ရွေးချယ်တတ်သော ရေမွှေးဖြစ်သည်။
စံပယ်၊ ကနေဒါစကားပန်းတို့ အပါအဝင် အနံ့ပြေပြစ် သင်းပျံ့သော ပန်းများကို အခြေခံထုတ်လုပ်ထား သော ရေမွှေးသည် တစ်ပုလင်းငယ်လေး တစ်လုံးအတွက် ဒေါ်လာ ၁,၅၀၀ ကျော်မျှ တန်ဖိုးကျသင့်သည်။
၆။ Eau D’hadrien by Annick Goutal
ကြည်မြနေသော လေးထောင့်ပုံ ဖန်သားပုလင်းလေးထဲတွင် ထည့်သွင်းထားသည့် ရေမွှေး၏အမည်ကို စီးကရက်အမှတ်တံဆိပ်တစ်ခုအား အစွဲပြု မှည့်ခေါ်ပေးထားခြင်း ဖြစ်သည်။
ဈေးကွက်ထဲရှိ ရေမွှေးအများစုနှင့် ကွဲပြားသောအချက်မှာ ဆီးထရက်စ်ရှောက်သီးများ၊ သံပရာသီးနှင့် စပျစ်သီးများကို အဓိက အခြေခံ ဖန်တီးထားခြင်းဖြစ်ပြီး ပန်းရနံ့များကို အားကိုးအားထား ပြုထားခြင်း မရှိချေ။
ရေမွှေး၏ရနံ့မှာ ကျားမ မရွေး သုံးစွဲရန် သင့်လျော်ပြီး လန်းဆန်းမှုနှင့် မြူးကြွမှုတို့ကို ခံစားရရှိအောင် ကူညီပေးနိုင်မည်ဟု ညွှန်းဆိုထားသည်။ တစ်ခုတည်းသော ပြဿနာမှာ ရနံ့ကောင်းသော်လည်း ရနံ့စွဲမြဲမှု ကြာရှည်မခံခြင်း ဖြစ်သည်။ ဈေးနှုန်းမှာ ပုလင်းငယ်လေးတစ်လုံးအတွက် ဒေါ်လာ ၁,၅၀၀ ကျော်မျှ ဖြစ်သည်။
၅။ Caron’s Poivre
အဖိုးတန် အသုံးအဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ရေမွှေးသည် နှစ်အောင်စ ပုလင်းလေးတစ် လုံးအတွက် ဒေါ်လာ ၂,၀၀၀ မျှ တန်ဖိုးကျသင့်သည်။
၁၉၅၄ ခုနှစ်က မိုက်ကယ်မော်ဆက်တီနှင့် ဖီလစ်စီဝန်ပူအီလီတို့က ပထမဆုံးအကြိမ် စတင်မိတ်ဆက် ကတည်းက ရနံ့ပြင်းပြင်းနှင့် ဆွဲဆောင်အား ပြင်းပြသည့် ရေမွှေးကို လူအများ နှစ်သက်လက်ခံခဲ့ကြ သည်။
အမျိုးသားများရော၊ အမျိုးသမီးများပါ အဆင်ပြေပြေ သုံးစွဲနိုင်သည့် ရေမွှေးသည် ဖြူလွသော ပန်းတစ်မျိုးနှင့် ရနံ့ပြင်းသည့် သစ်စေ့များကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။
ရေမွှေးအမျိုးမျိုး အနက်တွင်မှ ရှားပါးပြီး အဆင့်မြင့် တန်ဖိုးကြီးစာရင်းဝင် အမျိုးအစားတစ်ခုအဖြစ် သတ် မှတ်ခံရသည့် Poivre သည် အသုံးပြုသူ၏ အဆင့်အတန်းနှင့် လူနေမှုဘဝကိုလည်း ထင်ဟပ်စေသည့် အသုံးအဆောင်တစ်ခု ဖြစ်သည်။
၎။ Clive Christian No. 1
နှစ်အောင်စ ပုလင်းလေးတစ်လုံးအတွက် ဒေါ်လာ ၂,၃၅၀ ပေးချေရမည် ဖြစ်သော်လည်း ပုလင်း၏ လှပ ကျက်သရေရှိသော ဒီဇိုင်းနှင့် ရေမွှေး၏ ရနံ့တို့ကြောင့် ပေးရသမျှ တစ်ပြားမကျန် ထိုက်တန်သည်ဟု ဆိုရမည့် ရေမွှေးဖြစ်သည်။
သံပရာအနွယ်ဝင် အသီးအချို့နှင့် အရှေ့တိုင်းမှ ဇာတိပ္ဖိုလ်သီးတို့ကို ကနေဒါစကားပန်း၊ စံပယ်ပန်း၊ နှင်းဆီပန်း၊ စမုန်ဖြူ အစရှိသည့် ပါဝင်ပစ္စည်း အမြောက်အမြားနှင့် ပေါင်းစပ်ပြီး Clive Christian No.1 ကို ဖန်တီးထားခြင်း ဖြစ်သည်။ ပေါင်းစပ်ပစ္စည်းများတွင် စန္ဒကူး၊ သစ်မွှေး၊ ပယင်းသစ် အစရှိသည်တို့ လည်း ပါဝင်သည်။
ပုလင်းတစ်လုံးချင်းမှာ လက်ဖြင့်ဖန်တီးထားသည့် Hand-Made သီးသန့်များ ဖြစ်ကြသည်။ ပုလင်း လည်ပင်းမှာ ၂၄ ကရက် ရွှေသားကို စတာလင်ငွေသားဖြင့် ကွပ်ပြီး အလှဆင်ထားသည်။
Clive Christian No.1 သည် အမျိုးသားသုံး ရေမွှေးဖြစ်ပြီး အမျိုးသားများအတွက် သီးခြားထုတ်လုပ်သည့် ရေမွှေးအားလုံးတွင် ကမ္ဘာပေါ်၌ တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်နေသည်။
၃။ Baccarat “Les Larmes Sacres de Thebes”
တစ်ပုလင်းလျှင် ဒေါ်လာ ၆,၈၀၀ မျှ တန်ဖိုးရှိသည့် ရေမွှေးသည် စံပယ်၊ စကားပွင့်၊ ကြွေပန်း၊ စန္ဒကူး၊ ကတိုး၊ ငရုတ်ကောင်း အစရှိသည့် ပါဝင်ပစ္စည်းများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ချိုမြစွဲဖက်ဖွယ် ရနံ့မျိုးရှိသော ရေမွှေးသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး တန်ဖိုးကြီး ရေမွှေးတစ်ခု အဖြစ်လည်း မှတ်ယူနိုင်ပြီး Limited Edition အဖြစ် အရေအတွက် ကန့်သတ်ထုတ်လုပ်ထားသည်။
ထို့ကြောင့်လည်း ဒေါ်လာ ၆,၈၀၀ မျှ ရှိနေ၍ ယင်းရေမွှေးကို ဝယ်ယူလိုသည့်တိုင် ဈေးကွက်ထဲတွင် အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ချေ။
၂။ Clive Christian Imperial Majesty
တစ်ပုလင်းလျှင် ဒေါ်လာ ၂၁၅,၀၀၀ ထိ တန်ဖိုးရှိခြင်းကြောင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများတွင် Clive Christian Imperial Majesty က ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့သည်။
အမျိုးသားရော၊ အမျိုးသမီးပါ အသုံးပြုနိုင်သည့် သင်းပျံ့သော ရနံ့မျိုးရှိပြီး ရနံ့စွဲမြဲမှုမှာလည်း တာရှည်စွဲ မြဲစေသည်။ စံပယ်၊ ဖာလာစေ့၊ ဇော်မွှားပန်း၊ ရှောက်ပန်း အစရှိသည်တို့ကို အသုံးပြုထားပြီး ပုလင်းပေါ် တွင် ဈေးနှုန်းကိုပါ တစ်ပါတည်း ရိုက်နှိပ်ထားသည်။
စေ့စေ့ပေါက်ပေါက် ပြစ်ချက်ရှာပါက ရေမွှေးနှင့် ပတ်သက်ပြီး ပြောစရာရှိသော တစ်ချက်မှာ ပမာဏ နည်းလွန်းခြင်း ဖြစ်သည်။ ဈေးနှုန်းများလွန်းသော်လည်း ရေမွှေး၏ တန်ဖိုးကို ထိန်းသိမ်းသည့်အနေဖြင့် ပမာဏအနည်းငယ်မျှကိုသာ ထည့်သွင်းပေးထားသည်။
၁။ DKNY Golden Delicious Million Dollar Perfume
ရေမွှေးကြောင့်ရော၊ ထည့်သွင်းထားသည့် ပုလင်းကြောင့်ပါ အလွန်တန်ဖိုးကြီးသည့် အသုံးအဆောင် တစ်ခု ဖြစ်လာသည့် ရေမွှေးဖြစ်သည်။ DKNY က အမည်နှင့် လိုက်ဖက်အောင် တစ်ပုလင်းလျှင် ဒေါ်လာ တစ်သန်း တန်ဖိုးရှိသော ရေမွှေးကို ရွှေသားနှင့် ရွှေဖြူသား ရောစပ်ပြီး လှပစွာထုဆစ်ထားသည့် ပုလင်း ထဲ ထည့်သွင်းထားသည်။
ပုလင်းပေါ်တွင် စိန်ပွင့်၊ နီလာ၊ ပန်းရောင်ပတ္တမြား၊ ကနေရီစိန်ဝါတို့ အပါအဝင် ကျောက်မျက်အမျိုးမျိုး ၂,၉၀၉ ပွင့်ထိ ထည့်သွင်းစီခြယ် အလှဆင်ထားသည်။
အဆိုပါရေမွှေးကို ပန်းသီး၊ စန္ဒကူးနှစ်နှင့် ရှားပါးလှသည့် ကတိုးဖြူတို့ကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်သည်။ 
_mixtopten
7Day News Journal
1 Jul 2014
ဂျိမ်းစ်ဘွန်း အရှုံးပေးရသည့် တရုတ်ကျောင်းသားများ၏ စာခိုးချ ကိရိယာများ
Image and video hosting by TinyPic
 တရုတ်ကျောင်းသားတွေရဲ့ ဘဝမှာတော့ စိတ်ပင်ပန်းဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်ဟာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတဲ့အချိန်ပါ။
လူသန်းပေါင်းများစွာဟာ ဒီစာမေးပွဲအတွက် အချိန်ယူပြင် ဆင်ကာ ဖြေဆိုကြပါတယ်။
အချို့ကလည်း ဒီစာမေးပွဲမှာ အကြံဖန်လုပ်ဖို့ အဆင့်မြင့် ကိရိယာပေါင်းများစွာကို တီထွင်ကြပါတယ်။
ဒီလိုကိရိယာတွေထဲက တစ်ခုကတော့ ကင်မရာပါတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး Liaoning ပြည်နယ် Shenyang မြို့က စာမေးပွဲခန်းတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Image and video hosting by TinyPic
စာမေးပွဲခိုးချသူဟာ ကြွေစေ့ပြားသေးသေးလေးတစ်ခုကို အသုံးချပြီး ဒီကိရိယာကို ထိန်းချုပ်မှာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းကို ဖြူမည်းဓာတ်ပုံရိုက်ပြီး အပြင်ဘက်ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က လက်ခံသူဟာ အဖြေတွေကို ပြန်ပို့ပေးရမှာဖြစ်ပေမဲ့ အဖြေတွေပြန်ပို့နည်းကိုတော့ သတင်းက မဖော်ပြခဲ့ပါဘူး။
Image and video hosting by TinyPic
တရုတ်အာဏာပိုင်တွေဟာ ဒီနှစ်မှာ စာမေးပွဲခိုးချသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေမဲ့  China News နဲ့ China Radio International တို့ကတော့ ကျောင်းသားတွေသုံးခဲ့တဲ့ ကိရိယာတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
Sichuan ပြည်နယ်မှာတော့ ကျောင်းသား အယောက် ၄၀ ဟာ အဆင့်မြင့်ဘောပင်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဘောပင်ဟာ မေးခွန်းကို ပို့ပေးသွားမှာဖြစ်ပြီး အလွန်သေးငယ်တဲ့ နားကြပ်ဖူးလေးနဲ့ အဖြေကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။
အခြားပြည်နယ်တစ်ခုမှာ ဖမ်းမိခဲ့တဲ့ပစ္စည်းကတော့ အင်္ကျီတစ်ထည်ဖြစ်ပါတယ်။
ဝါယာကြိုးများ၊ ပလပ်များ၊ နိုကီယာ ဖုန်းအဟောင်းများနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ Guangzhou ပြည်နယ် Fuzhou မြို့မှာတော့ ပိုက်ဆံအိတ်နဲ့ပြုလုပ်ထားတဲ့ ကိရိယာကို စာမေးပွဲဖြေသူ ယောကျာ်းလေးတစ်ဦးဆီကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Image and video hosting by TinyPic
Image and video hosting by TinyPic
ဒီကိရိယာ က ကင်မရာအသေးလေးတစ်လုံးနဲ့ ပူးတွဲအလုပ်လုပ်မှာပါ။ ကင်မရာကိုတော့ ရေသန့်ဘူးထဲမှာ ထည့်ထားပါတယ်။ အဖြေပြန်လည်လက်ခံမယ့် ပစ္စည်းကိုတော့ ချိုင်းခြားမှာ ထားထားတယ် လို့ဆိုပါတယ်။
အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲတွေဟာ တရုတ်ကျောင်းသားတွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ တက်ရမဲ့တက္ကသိုလ်တွေကို ဒီစာမေးပွဲတွေက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
Image and video hosting by TinyPic
စာမေးပွဲကျင်းပရာ နေရာတွေမှာ ရဲတွေကိုအစောင့်ချထားပြီး အနီးအနားမှာ ဆူဆူညံ့ညံ့အသံထွက်ပါက ထွက်တဲ့လူကို ဒဏ်တပ်သွားမှာ ဖြစ်ပါတယ်။
photo>> kotaku.com
Phothutaw
ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်
ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်
****************************************************************
သတင်း
မလေးရှား (28.6.2014)
နိုင်ငံခြားသားများကြောင့် မှုခင်းဖြစ်ပွားသော ပီနန်းရှိ ဒေသအချို့ကို မနေ့ကစတင်ပြီး အော်ပရာစီ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားသတင်းဌာနအချို့တွင် ယနေ့ ကြော်ငြာသွားခဲ့သည် ။
ပီနန်း ၊ ဘက်တာဝေါ့ (BM) နေရာ အချို့ကို အော်ပရာစီဖမ်းစီးမှုများပြုလုပ်သွားခဲ့ပြီး တစ်ရက်တည်း မြန်မာနိုင်ငံသား တရားမဝင်နေထိုင်သူ 22 ဦး နှင့် ရက်သားကလေးအပါအဝင် အင်ဒိုနီးရှားနိုင်ငံသား 5 ဦး စုစုပေါင်း 27 ဦး ကိုဖမ်းဆီးပြီးဖြစ်ကြောင်းသိရသည် ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင် ပီနန်းတွင် မြန်မာနိုင်ငံသား 2 ဦး သတ်ခံခဲ့ရပြီး တစ်ဦး အရေးပေါ်ကုသနေရကြောင်းသိရသည်
မြန်မာနိုင်ငံမှ တာဝန်ရှိသူများ သွားရောက်စုံစမ်းသောအခါ အသတ်ခံရသူ 2 ဦးလုံး တရားမဝင်နေထိုင်သူများဖြစ်ကြောင်းသိရသည် ။ ထို လူသတ်မှုများကြောင့်ဖမ်းဆီးခံရနေရသူများတွင် ပတ်ဝန်ကျင်မှ မြန်မာတရားမဝင်အလုပ်သမား နှင့် တရားမဝင်အလုပ်သမားများကိုခန့်အပ်သော အလုပ်ရှင် ၊ မန်နေဂျာများကိုပါ ဖမ်းဆီးထားကြောင်းကိုလည်းသွားရောက်ခဲ့ သူများထံမှ သိရသည်။
ယခု Kampung Bagan Lebai Tahir ဖမ်းဆီးမှုတွင် ထိုအရပ်မှ နေထိုင်သူများ၏ တိုင်တန်းမှုများကြောင့် ဖမ်းဆီးရကြောင်း ၊ တိုင်တန်းသူများကိုလည်း ဖမ်းဆီးသူအရာရှိHasbullah က သတင်းဌာနများသို့ရှင်းပြသွားခဲ့သည် ။
အရာရှိက သံသယရှိသူ 111 ဦး ဖမ်းဆီးမိကြောင်း ၊ ထိုထဲမှ 27 ဦးသာ ဖမ်းဆီးထားကြောင်း ၊ ဖမ်းဆီးသူ အင်အား 149 ဦးဖြင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ နံနက် 2 နာရီတွင်စတင်ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည် ။ ဖမ်းဆီးမှုတွင် အချို့မှာ ပုန်းအောင်းရန်ကြိုးစားကြောင်း နှင့် ခုတင်အောက်အထိရှာဖွေဖမ်းဆီးခဲရကြောင်းကိုလည်း ENFORCEMENT အရာရှိက သတင်းဌာနသို့ပြောကြားသွားခဲ့သည် ။
.
ပီနန်း - Butterworth တွင် လွန်ခဲ့သော အပတ်က မြန်မာ 2 ဦး အား အုပ်စုဖွဲ့ ရန်ရှာ မှု့ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိမှု နှင့် ပြီးခဲ့သည့် ရက်ပိုင်းက KEDAH တွင် ဆိုင်ကယ်စီးနင်းလာသော မြန်မာတစ်ဦးအား ရှေ့မှ ဓားဖြင့် ရန်ပြုမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရကာ နေရတွင်ပင်သေဆုံးကြောင်း မလေးနိုင်ငံထုတ် သတင်းများတွင် ဆက်တိုက်ဖော်ပြထားသည် ။ ထိုမှုခင်းများကြောင့်လည်း မြန်မာနိုင်ငံသားများစွာအဖမ်းခံထားရကြောင်း ကို ပီနန်းရှိ မြန်မာအရေးဆောင်ရွက်နေသူများထံမှ သတင်းရရှိသည် ။
ဆက်လက် ထူးခြားဖြစ်စဉ်များ နှင့် သိသင့်သည်များရှိပါက မလေးရှားရောက်မြန်မာများ facebook မှဆက်လက်တင်ဆက်ပေးပါမည် ။
Ref : The Star , New Straight Time ,
Photo Thestar သတင်းဌာန
ဘာသာပြန် : မလေးရှားရောက်မြန်မာများ facebook
မူရင်းသတင်း - www.facebook.com/mmrinmy
မြန်မာပြည်မှ နေရာတိုင်း ၊ မြို့တိုင်းကို 3D ရုပ်ကြွ ကောင်းကင်မြင်ကွင်းနဲ့ကြည့်ရှုလိုသူတွေအတွက်
 မြန်မာပြည်မှ နေရာတိုင်း ၊ မြို့တိုင်းကို 3D ရုပ်ကြွ ကောင်းကင်မြင်ကွင်းနဲ့ကြည့်ရှုလိုသူတွေအတွက် 3D map Myanmar [Burma] v1.0 for Android ကိုတင်ပေးလိုက်ပါတယ်။ အဆောက်အဦးတွေ ၊ မြေမျက်နှာသွင်ပြင်တွေကို 3D ရုပ်လုံးရုပ်ကြွတွေနဲ့ကြည့်ရှုနိုင်မှာဖြစ်သလို 2D ရုပ်ထွက်နဲ့လည်း ပြောင်းလဲရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒီ app လေးမှာပါဝင်တဲ့ feature တွေကတော့
- 3D and 2D map
- 3D and 2D compass
- Navigation
- Search Points of Interest
- My location
- Go to the position according to the coordinates
- Image Search
- Themes map
- Map layers (Natural Earth, Grid, MapQuest Aerial)
- Sharing
- Waypoints
3D map Myanmar [Burma] v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Credit : http://www.mm-mpxteam.net