14 Jul 2014

ဂေါ့ဇီ၏အချိန်ပိုသွင်းဂိုးဖြင့် ဂျာမနီအသင်း (၄)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုရယူ


၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့်ဗိုလ်လုပွဲတွင်မူ ပွဲချိန် မိနစ် (၉၀)ပြည့်သည်အထိ ဂိုးမရှိသရေကျနေခဲ့ပြီး အချိန်ပို မိနစ်(၃၀)အဆုံးအဖြတ် ဆက်ကစားခဲ့ရာတွင် ဂျာမနီအသင်းက လူစားဝင်လာသည့် ဂေါ့ဇီ၏ (၁၁၂)မိနစ်တွင် သွင်းယူသည့်တစ်လုံးတည်းသော ဂိုးဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။


ဂျာမနီအသင်းသည် တုံ့ပြန်ကစားခဲ့သည့် အာဂျင်တီးနား၏ ခြေစွမ်းကောင်းမွန်ခဲ့သော်လည်း ဟီဂူအင်၊ ပလာစီယိုတို့ ဂိုးသမားနှင့်တစ်ယောက်ချင်းကန်ခွင့်ရသည့် အပိုင်အခွင့် အရေးများကို လွဲချော်ခဲ့မှုကြောင့် ဒုတိယဖြင့်သာကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်း ပေးခဲ့ရသည့်ဂိုးကလည်း ဂျာမနီတိုက်စစ်ကို ပွဲချိန်တစ်ခုလုံးထိန်းထားနိုင်သည့် ဒီမစ်ချယ်လစ်၊ ဂါရေးတို့၏ အမှားတစ်ကြိမ်က တန်ဖိုးကြီးမားသွားစေခဲ့သည်။

ပွဲရလဒ်
ဂျာမနီ ၁-၀ အာဂျင်တီးနား

Eleven Media


13 Jul 2014

အရက်အနည်းငယ်သောက်ခြင်းသည် လူအချို့ ယုံကြည်သလို ကျန်းမာရေးအကျိုးကျေးဇူး မရှိ

 
 
ပါရီ− အရက်သောက်သူများ သဘောကျနှစ်ခြိုက်၍ မကြာခဏညွှန်းဆိုလေ့ရှိသည့် အချိန်ကြာမြင့်စွာယုံကြည်ထားခဲ့ကြသော ဆေးဘက်ဆိုင်ရာ အကြံပေးချက်တစ်ခုအရ အရက်တစ်ခွက် (သို့မဟုတ်)နှစ်ခွက်သောက်ခြင်းသည် နှလုံးအတွက်ကောင်းသည်ဟုဆို၏။

သို့သော် အရက်အနည်းအကျဉ်းသောက်သုံးနေခြင်းကိုလျှော့ချလိုက်ပါက နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်နိုင်ခြေပိုများလာစေရုံသာမက ကိုယ်အလေးချိန်လျှော့ချရာတွင်လည်းကူညီနိုင်ကာသွေးတိုးလည်းကျစေနိုင်ကြောင်း လေ့လာမှုအသစ်
တစ်ရပ်ကဖော်ပြသည်။
မိမိတို့၏လေ့လာမှုအရ အရက်ကိုအနည်းငယ်သောက်သူဖြစ်စေ၊ အသင့်အတင့်သောက်သူဖြစ်စေ၊ အလွန်အကျွံသောက်သူဖြစ်စေ ၎င်းတို့၏အရက်သောက်သုံးမှုကိုလျှော့ချလိုက်ခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးဆက်နွှယ်မှု
ရှိကြောင်းတွေ့ရှိရသည်ဟု သုတေသီများက ပြောသည်။

အရက်သောက်သုံးမှုလျှော့ချလိုက်သူများအနေဖြင့် နှလုံးသွေး ကြောဆိုင်ရာရောဂါအန္တရာယ် ၁၀ ရာခိုင်နှုန်းလျော့ကျသွားနိုင်ပြီး သွေးတိုးခြင်းလည်း လျော့သွားသကဲ့သို့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) လည်းလျော့ကျသွားနိုင်သည်ဟုလေ့လာမှုအသစ်ကဖော်ပြသည်။

သင်သည် အရက် အတန်အသင့်သောက်သုံးသူဆိုလျှင်အရက် သောက်ခြင်းကိုလျှော့ချလိုက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်ဟု လေ့လာသူများကပြောသည်။
ယင်းလေ့လာမှုရလဒ်မှာ ယခုခေတ် လူတိုင်းနီးပါးလက်ခံထား သောအရာတစ်ခုကို စိန်ခေါ်လိုက်သောကြောင့် စိတ်ဝင်စားစရာကောင်းသည်ဟု အမှီအခိုကင်းသောသတင်းတင်ဆက်သူများက ပြောသည်။ သို့သော် အချေအတင်ပြောဆိုမှုများဖြစ်လာနိုင်သည်ဟု ၎င်းတို့ကသတိပေးထားသည်။

အရက် အနည်းအကျဉ်းသောက်သုံးခြင်းနှင့် အတန်အသင့်သောက်သုံးမှုဆိုသည်မှာ သီတင်းတစ်ပတ်လျှင် အရက်ယူနစ်ပေါင်း ၁၂ ယူနစ်နှင့် ၂၅ ယူနစ်ကြား သောက်သုံးမှုကိုဆိုလိုသည်။
အရက်ပါဝင်မှု ၅ ရာခိုင်နှုန်းရှိသော ယမကာ ၃၃၀ မီလီလီတာကို အရက် ၁ ဒသမ ၆ ယူနစ်ဟုသတ်မှတ်ပြီး အရက် ၁၂ ရာခိုင်နှုန်းပါဝင်သည့် ဝိုင် ၁၂၅ မီလီလီတာကို အရက် ၁ ဒသမ ၅ ယူနစ်အဖြစ်သတ်မှတ်ကြောင်းသိရသည်။

သို့သော် အရက်ကို လက်မခံနိုင်သော မျိုးရိုးဗီဇရှိသူများတွင် နှလုံးရောဂါကိုလျှော့ချနိုင်သောအတိုင်းအတာဖြစ်သည့်အပြုအမူများ (သို့မဟုတ်)စရိုက်များရှိကြောင်း ပါမောက္ခတင်ဆက်တာကပြောသည်။
 
Ref: AFP


ကျော်ကြားသူ ၆ဝ၈ဦး၏ ရုပ်ပုံများဖြင့် ပုံဖော်ထားသော ဗိုလ်ချုပ်မျက်နှာပန်းချီကား အာဇာနည်နေ့တွင် စတင်ပြသမည်



ကျော်ကြားသူ ၆ဝ၈ဦး၏ ရုပ်ပုံများဖြင့် ပုံဖော်ထားသော
ဗိုလ်ချုပ်မျက်နှာပန်းချီကား အာဇာနည်နေ့တွင် စတင်ပြသမည်
=============================================


ရန်ကုန်၊ ဇူလိုင် ၁၁ - အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အမှတ်တရအဖြစ် ဗိုလ်ချုပ် ကိုယ်တိုင် ပဲပြုတ်နံပြားစားသုံးနေပုံနှင့် မြန်မာပြည်တွင် အောင်မြင်ကျော်ကြား သူ ၆ဝ၈ဦးပုံပါဝင်သော ဗိုလ်ချုပ်မျက်နှာ ပန်းချီကားများကို အလှသစ်ပန်းချီပြခန်း ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ဇူလိုင် ၁၉ရက် မှ ၃ဝရက်အထိပြသသွားမည်ဖြစ်ပြီး ပန်းချီဆရာ ၃၂ဦးမှ ပန်းချီကားပေါင်း ၇ဝခန့် ကိုပြသသွားမည်ဖြစ်သည်။

''အဓိကက ဗိုလ်ချုပ်ဘယ်လို နေခဲ့လဲ၊ ဘာလုပ်ခဲ့လဲ၊ ဗိုလ်ချုပ်က ဘာဖြစ်စေချင်တာလဲဆိုတာတွေ၊ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်တတ်တဲ့ စိတ်ဓာတ်တွေကို သိစေချင်လို့ ပြပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်

ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က ပဲပြုတ်နဲ့ နံပြားစားနေပုံတွေ၊ သီးနှံတွေကို ကိုယ် တိုင်စိုက်ပျိုးနေပုံတွေ၊ မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာဘုရင်၊ မိဖုရား၊ ရဟန်း၊ လူတွေရဲ့ပုံ ၆ဝဝကျော်နဲ့ရေးဆွဲထားတဲ့ ဗိုလ်ချုပ်ပုံကိုလဲ ပြသထား မှာ ဖြစ်ပါတယ်''ဟု ပြပွဲစီစဉ်သူဦးနန်းနွယ်က ပြောသည်။

ယင်းဗိုလ်ချုပ်ပုံပန်းချီကားကို အဖြူအမည်း အရောင်နှစ်မျိုးသာသုံးပြီး ရေးဆွဲထားကာ အောင်မြင်ကျော်ကြားသူ များ၏ပုံရိပ်များကို အသေးစိတ်ရေးဆွဲ ထားကြောင်း သိရသည်။

''အဲဒီပန်းချီကားမှာ ဗိုလ်ချုပ်ပုံ ကို ပုံပေါင်း ၆၈၃ပုံနဲ့ပုံဖော်ထားပါတယ်။ မြန်မာဘုရင်တွေ၊ မိဖုရားစုဖုရားလတ်တို့၊ ဦးဝိစာရတို့ကအစ မင်းကိုနိုင်၊ ကိုကိုကြီး တို့ပါ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံကတော့ အများဆုံးပါဝင်တာပေါ့''ဟု ယင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိ ရန်ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် ဇူလိုင် ၁၉ရက်တွင် လုပ်ကြံခံရ၍သေဆုံး ခဲ့ရသော်လည်း ယနေ့တိုင် မြန်မာပြည်သူ များရင်ထဲ ရှင်သန်ကျန်ရှိနေသဖြင့် နှစ်စဉ် အမှတ်တရပွဲများ ကျင်းပလျက်ရှိသည်။
 
 သူသူထက်လွင် - Flower News ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၂၇)။

12 Jul 2014

ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်

 
ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာအပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ် သမားများမှာ အထက်ပါခံစားခွင့် များရရှိမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေး မှူး ဦးစောလှထွန်းကပြောသည်။


‘‘ဒီဥပဒေမှာ ထူးခြားချက်က ဘာရှိလဲဆိုတော့ ပြင်ပပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေ တော်တော်များများက ပိတ်ရက် ခံစားခွင့်မညီမျှဘူး။ အခုဒီဥပဒေ ပြဋ္ဌာန်းပြီးပြီချင်း ဒီဥပဒေအရတစ် ပတ်ကို တစ်ရက်ပိတ်ရက်ရမယ်။ အဲဒီအတွက် လစာဖြတ်လို့မရ ဘူး။ အပြည့်ပေးရမယ်’’ဟု ဦး စောလှထွန်းကပြောသည်။


နိုင်ငံ့ ၀န်ထမ်းဖြစ်သော အစိုးရ၀န်ထမ်းများ အနေဖြင့်မူ တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်ခံ စားခွင့်ရရှိသည့်အပြင် အစိုးရရုံး ပိတ်ရက်တိုင်းတွင် ပိတ်ရက်ရရှိ နေသော်လည်း ပုဂ္ဂလိကလုပ်ငန်း  များမှ ၀န်ထမ်းများမှာမူ ထိုအခွင့် အရေးများရရှိခြင်းမရှိသဖြင့် အ ဆိုပါအချက်ကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ စက်ရုံက ပိတ်ရက်ဆိုတာ မရှိသလောက်ဘဲ။ တစ်လမှာ တစ်ရက်ပဲပိတ်ရက် ပေးထားတယ်။ အဲဒီပိတ်ရက်က လည်း မသွားရင် လစာအဖြတ်ခံ ရတယ်။ အဲဒါကြောင့် ဆင်းနေ  ရတာပဲ။ နေမကောင်းလို့ တောင် မနားရဲဘူး’’ဟု လှိုင်သာယာစက် မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုအေးစိုးက ပြောသည်။


ယခု နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဝန်ထမ်းနည်း ဥပဒေနှင့် ကိုက်ညီစေရန် အထက်ပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပြီး အချို့သော ခွင့်ရက်များနှင့် ပိတ်ရက်များကို ပြင်ဆင်မှုပြုခဲ့ ကြောင်း ဦးစောလှထွန်းကပင် ပြောသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအ ရအစိုးရ၀န်ထမ်းအမျိုးသမီးများ အနေဖြင့် ယခင်က မီးဖွားခွင့် သုံးလသာရရှိရာမှ ယခုနှစ်မတ်လ ၂၆ ရက်မှစတင်ကာ မီးဖွားခွင့် ခြောက်လ တရားဝင်ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က ယခုလအတွင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြောကြားခဲ့သည်။

http://www.7daydaily.com

တရားထိုင်ခြင်းနဲ့ အိပ်မပျော်ဝေဒနာ


တရားထိုင်ခြင်းနဲ့ အိပ်မပျော်ဝေဒနာ
-----------------------------------------

အိပ်ယာထဲမှာ အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင်ကြိုးစားရင်း
တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီးအိပ်မပျော်ဖြစ်တက်ပါတယ်။
စိတ်ကိုအနားပေးပြီး ခန္ဓာကိုယ်ကိုအကြောလျော့ကာ အနားယူပါ။
ပြီးမှ နှာသီးဝမှာတိုးဝင်နေတဲ့ လေနဲ့ တိုးထွက်နေတဲ့လေ
(ဝင်လေထွက်လေ) ကိုအာရုံပြုပေးရင်မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။

တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းတွေလိုပ
စိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော်လွယ်ပါတယ်။

#KoMyintKhine

တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ


တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
-------------------------------------

တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ဆက်စပ်ပုံကို အကြိမ်ပေါင်းများစွာ
သုတေသနပြုစမ်းသပ်ပြုပြီးပါပြီ။

နှလုံးရောဂါသည်အများစုဟာ ထိတ်လန့် စရာကြုံရင် ရောဂါကဖေါက်လာတက်ပါတယ်။
သူတို့ စိတ်ထဲမှာ နှလုံးရောဂါရှိတယ်ဆိုတဲ့အသိနဲ့ 
ထိတ်လန့်စရာကြုံလို့ မရဘူးဆိုတဲ့အသိ ဒွန်တွဲနေတာကြောင့်ပါ။


ထိတ်လန့် ချောက်ခြားစရာကြုံလာရင်တုန့် ပြန်နိုင်တဲ့တည်ငြိမ်မှုရအောင်
တရားထိုင်ပေးသင့်တယ်လို့ စိတ်ပညာရှင်များစွာက အကြံပြုထားကြပါတယ်။


အမေရိကန် ဂျာနယ်တခုရဲ့လေ့လာဖေါ်ပြချက်အရ
တနေ့ ကို ၁၅ မိနစ်ခန့် ၂ ကြိမ်တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေဟာ
၎ လအကြာမှာ သွေးပေါင်ချိန်သိသိသာသာ ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။
တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိသွေးလည်ပတ်မှုစနစ်ကိုပါ
အားကောင်းစေတဲ့အတွက် နှလုံးရှိသွေးသန့် စင်အားကောင်းကာ
နှလုံးရောဂါကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။

#KoMyintKhine

11 Jul 2014

ညီမလေးရေ .... ယောကျာ်းယူတော့မယ်ဆိုရင်လေ .....



ညီမလေးရေ .... ယောကျာ်းယူတော့မယ်ဆိုရင်လေ .....
၁။ ယောကျာ်းတစ်ယောက်အဖို့ ရုပ်ချောဖို့မလိုပါဘူး ... ပိုက်ဆံထောရင် ပြီးတာဘဲ။ shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံး (၃)ပတ် လောက်လျှောက်ကြည့်တာကို မငြီးမငြူဂျီးမထူဘဲ လိုက်နိုင်ရင် တော်ပါပြီ။

၂။ ယောကျာ်းတစ်ယောက်အဖို့ သူအရင်နေခဲ့တဲ့အိမ်ကျယ်မကျယ်က အရေးမကြီးပါဘူး။ လက်ထပ်ပြီးရင် နေမယ့်အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင်ပြီးတာပါဘဲ။

၃။ မင်္ဂလာဆောင်မယ့်စရိတ်အတွက်လည်း ပူစရာမလိုပါဘူး.။ သူ့မှာရှိတဲ့ပိုက်ဆံအကုန် ကိုယ့်လက်ထဲသာအက်ထားမယ်ဆိုရင် ကိုယ်က စိုက်ထုတ်ပေးမှာပေါ့။

၎။ အသွင်မတူ အိမ်သူမဖြစ်တဲ့။ အသွင်တူအောင် သူက ဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်က ဘောလုံးသမားတွေကို ကြည့်လိုက်မှာပေါ့။ တစ်ပွဲမှာ တစ်ယောက်ယောက်တော့ အရမ်းချောမှာသေချာတယ်လေ။

၅။ သူ့ကျန်းမာေ၇းကို ဂရုစိုက်ပေးရမယ်နော်။ အသားဓါတ်လိုရင် ပဲသာများများကျွေးပါ။ အသားစားလို့ သွားကိုက်ရင် အရမ်းခံစားနေရမှာပေါ့။ ကိုယ့်ယောကျာ်းခံစားနေရင် ဘယ်မိန်းမမှ မကြည့်ရက်ဘူးလေ။ ဒါကြောင့် အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပစ်လိုက်ပေါ့။

၆။ ကိုယ့်ယောကျာ်းက ခေတ်နဲ့တပြေးညီနေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲဒီတော့ ပုဆိုး 2ထည် အကျီ (၂)ထည်ဆို လုံလောက်ပြီ။ 
ကိုယ်ကတော့ ခေတ်နဲ့အညီ နေနိုင်မှ ယောကျာ်းကအချစ်မလျှော့မှာမို့ လှတပတလေးဆို ၀ယ်သာဝယ်။ ဈေးနှုန်းဆိုတာ ကိုယ်ပြောမှ သူသိမှာမဟုတ်လား။

၇။ ထမင်းဟင်းချက်တဲ့အခါမှာလည်း ချို ၊ ချဉ် ၊ ငန် ၊ စပ် ၊ ပျော့ ၊ တူး ၊ မနပ်ဆိုတဲ့ စကားနဲ့အညီ တစ်နေ့တစ်နေ့ အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာဝယ်ပြီး ချက်ပြုတ်နေတုန်းစားထားနှင့်လိုက်လေ။ ထမင်းဘာလို့ သိပ်မစားတာလဲဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့။

၈။ အ၀တ်အစားတွေ လျှော်ဖွတ်ရမှာက အိမ်ရှင်မကောင်းတစ်ယောက်ရဲ့တာဝန်တွေဆိုတာ ပြောစရာမလိုခင် ကိုယ်က ဦးအောင်လုပ်ကိုင်ထားရမှာပေါ့။ Laundry Sevice ဆိုင်တွေရှိနေတာဘဲဟာ။

၉။ အိမ်ခန်းသန့်ရှင်းရေးလုပ်တာကလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှ အကုန်သာလွှင့်သာပစ်လိုက်။ နောက်ဆိုရှုပ်အောင် ဘယ်သူမှ လုပ်ရဲမှာမဟုတ်တော့ဘူးပေါ့။

၁၀။ လှဲကျင်းလျှော်ဖွတ်ရတာ ပင်ပန်းနေပြီဆိုရင် အနားယူလိုက်တော့ပေါ့။ ပန်းကန်ခွက်ယောက်ဆေးဖို့လဲ ပူစရာမလိုပါဘူး။ parper plates တို့ paper cups တို့ရှိသားဘဲ။

၁၁။ ဈေးသွားရင်လည်း သူလည်းလိုက်ပါစေ။ မဟုတ်ရင် အမှိုက်ထုပ်ကြီး ကိုယ်သယ်နေရမှာပေါ့။ အမှိုက်ထုပ်က ဈေးခြင်းထဲ ထည့်ယူမှာ မဟုတ်လား။ အပြန်ကျတော့ ကိုယ်သယ်ပေးလိုက်ပေါ့။ ကူလီငှါးခက ဘယ်လောက်မှမရှိပါဘူး။

၁၂။ ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညှိမယူပါနဲ့။ ကိုယ်ချင်ရာသာ လုပ်လိုက်ပါ။

၁၃။ ကိုယ့်ကိုအသက်တမျှ တန်ဖိုးထားတဲ့ သူ့ကို ကိုယ်ဆီ့ပိုက်ဆံမအပ်ရင် စိတ်မဆိုးလိုက်ပါနဲ့နော်။ Credit Card တွေကိုသူ့ဆီက တောင်းထားလိုက်ပေါ့။


၁၄။ သူ့က ကိုယ်လိုချင်တာတွေ ၀ယ်ပေးဖို့ ငြင်းဆန်နေရင်၊ ကိုယ့်ကိုအလိုလိုက်အလျှော့ပေးဖို့ တွန့်ဆုတ်နေရင်တော့ Holly Wood က ရွှေမင်းသမီးတစ်ယောက်မှာ ယောကျာင်္းဘယ်နှစ်ယောက်ယူခဲ့တဲ့ စာရင်းလေးလုပ်ပြီး သူ့ကိုပြောပြဖို့မမေ့ပါနဲ့။

၁၅။ ဒီလူနဲ့စိတ်သထေားချင်းမတိုက်ဆိုင်လို့ ကွာရှင်းချင်ရင် ကွာရှင်းလိုက်ပေါ့။ ပိုင်ဆိုင်သမျှ တစ်ဝက်ထက်ပိုရအောင် ရှေ့နေ ကောင်းကောင်း ရှာထားဖို့တော့လိုတယ်နော် ....။

မှ-သူရိန်ထွန်း


ဂျာမနီက အာဂျင်တီးနားကို အနိုင်ရဖို့ မဖြစ်နိုင်ဟု မာရာဒိုနာပြော

အာဂျင်တီးနားအသင်းရဲ့ ထင်ရှားကျော်ကြားတဲ့ ဘောလုံးသမားဟောင်းနဲ့ နည်းပြဟောင်း မာရာဒိုနာ(ဓာတ်ပုံ - ရိုက်တာ)

 အာဂျင်တီးနား အသင်းရဲ့ ထင်ရှား ကျော်ကြားတဲ့ ဘောလုံးသမား ဟောင်းနဲ့ နည်းပြဟောင်း ဖြစ်တဲ့ မာရာဒိုနာက ဂျာမနီ အသင်းအနေနဲ့ အာဂျင်တီးနားကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါ တယ်။
မာရာဒိုနာဟာ ၂၀၁၀ ကမ္ဘာ့ဖလားပွဲတုန်းက အာဂျင်တီးနားအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

အဲ့ဒီတုန်းကတော့ အာဂျင်တီးနားအသင်းဟာ ဂျာမနီအသင်းကို ကွာတားဖိုင်နယ် အဆင့်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘရာဇီးအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာပါ။

အာဂျင်တီးနားအသင်းကတော့ ဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းကို ပွဲချိန်အတွင်း အနိုင်အရှုံးမပေါ်လို့ ပင်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့် ဇူလိုင်  ၄ ရက်နေ့ မာရာကာနာအားကစားကွင်းမှာ ကစားမယ့် အာဂျင်တီးနားနဲ့ ဂျာမနီတို့ရဲ့ ဗိုလ်လုပွဲကို ကြည့်ဖို့အတွက် အာဂျင်တီးနား ပရိသတ် ၁ သိန်းကျော် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယိုးမြို့ကို ရောက်ရှိနေကြပါတယ်။

အာဂျင်တီးနားအသင်းဟာ သူတို့အသင်းရဲ့ ပရိသတ်တွေအတွက် အကြီးဆုံးအခွင့်အရေးကို ယူပေးနိုင်ခဲ့တာကြောင့် အာဂျင်တီးနားပရိသတ်တွေဟာ သူတို့ရဲ့ သူရဲကောင်း လီယွန်နယ်မက်ဆီတို့ရဲ့ အသင်းကို အားပေးဖို့အတွက် ပွဲကြည့်လက်မှတ်ဝယ်လို့ မရတာတောင် ဘရာဇီးနိုင်ငံက မြို့ကြီးတွေ ပြည့်လျှံသွားအောင် လာရောက်အားပေးဖို့ ရောက်လာကြတာပါ။

“အခုလို ဘရာဇီးအထိလာကြည့်ရတာ ကျနော်တို့အတွက် အခက်ခဲတွေ၊ ဖိအားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်တန်ပါတယ်” လို့ လာရောက်အားပေးတဲ့ အသက် ၃၀ အရွယ် လူးဝစ်တယ်လူရာက ပြောပါတယ်။

အာဂျင်တီးနားပရိသတ်အများစုဟာ အာဂျင်တီးနားနဲ့ ဂျာမနီတို့ရဲ့ ဗိုလ်လုပွဲကို ဘားဆိုင်တွေနဲ့ လူအများကြည့်ရှုနိုင်ဖို့ လုပ်ပေးထားတဲ့ နေရာတွေမှာ ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

ဂျာမနီအသင်းကတော့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီး ပရိသတ်တွေ သူတို့အသင်းကို အားပေးထောက်ခံဖို့ တောင်းဆိုလိုက်ပါတယ်။

“ဘရာဇီးတွေရဲ့ အားပေးမှုရဖို့ ကျနော်တို့ တသင်းလုံးက မျှော်လင့်နေပါတယ်” လို့ ဂျာမနီ နောက်ခံလူ ဟိုဝီဒီစ်က ပြောပါတယ်။

ဂျာမနီက ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို ၇ ဂိုး ၁ဂိုးနဲ့ အနိုင်ရပေမယ့်လည်း ပွဲအပြီးမှာ ဘရာဇီး ပရိသတ်တွေက ဂျာမနီကို အားပေးကြောင်း ပြသခဲ့ပါတယ်။

ရီယိုဒီ ဂျေနေယိုးမြို့က မာရာကာနာ ကွင်းမှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲကို ပရိသတ်တွေပေါင်း ၇ သောင်း ၇ ထောင်လောက် လာရောက် အားပေးဖို့ ရှိနေပါတယ်။

ဘရာဇီး ပရိသတ် အများစုအနေနဲ့ အစဉ်အလာပြိုင်ဘက် အာဂျင်တီးနားထက်စာရင် ဂျာမနီအသင်းကို အားပေးဖွယ် ရှိနေပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/60062

လျှပ်စစ်ဓါတ်ကြိုးပြုတ်ကျ ထိမိကာ ဓါတ်လိုက်ခံ ရသဖြင့် အမျိုးသမီး (၃)ဦးသေဆုံး

 
ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၄ရက်နေ့ ၀၉၅၀အချိန် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်ဈေးရှိ သရဖီလမ်းတွင် အမျိုးသမီး (၃)ဦး ဓါတ်လိုက် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ လှိုင်သာယာမြို့နယ်နေသူများ ဖြစ်သည့် ဒေါ်တင်တင်ဝင်း (၄၁)နှစ်၊ ဒေါ်ချိုမာကြီး (၃၇)နှစ်နှင့် ဒေါ်ရင်ငွေ (၄၉)နှစ် တို့ဖြစ်ပြီး ၎င်းတို့သည် (၁၅)ရပ်ကွက်၊ သရဖီလမ်းရှိ ဈေးထဲတွင်ဈေးဝယ်နေစဉ် ၀န်ထမ်းကြီးများရပ်ကွက် တောင်ငူဖီလာ ဓါတ်အားခွဲရုံမှ သွယ်တန်းထားသော (၄၀၀)ဗို့လျှပ်စစ်ဓါတ်ကြိုး ပြုတ်ကျရာမှ ၎င်းတို့အားထိမိပြီး ဓါတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့သေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

လှိုင် သာယာ မြို့နယ် အမှတ်၁၅ ရပ် ကွက် ၁၅ ဈေးလေး သရဖီ လမ်းပေါ် တွင် ဓာတ်ကြိုးပျက်ကျသဖြင့်အမျိုးသမီး ၃ ဦး သေဆုံးသွားသည်။ ဓါတ်ပုံ - Ko Marga 




အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂ စိတ်တစ်ချက်လောက်ဖြစ်ပါစေ..


10 Jul 2014

အိပ်ရေးပျက်ပေါင်းများလျှင် လူကိုလျင်မြန်စွာ အိုမင်းရင့်ရော်စေနိုင်



နယူးယောက်သတင်းစား၏ အဆိုအရ အကောင်းဆုံးအလှပြင်နည်းသည် အိပ်ရေးဝအောင် ကောင်းစွာအိပ်စက်ခြင်းဟာ တစ်ခုအပါအ၀င်ဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းကတော့ ညဖက်မှာ လုံလောက်စွာ မအိပ်စက်ရသူများဟာ အခြားသူများထက် ရုပ်ရည်အရွယ်အားဖြင့် များစွာအိုမင်းရင့်ရော်ပုံကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
 
ရေရှည်အိပ်ရေးပျက်ဆက်နေသူတွေဟာ မျက်ခွံမို့ဖောင်းခြင်း၊ ပါးရေနားရည်တွန့်ခြင်း၊ နဖူးရေပိုမိုတွန့်ခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့အပြင် အခြားသူများထက် ပိုမိုဝမ်းနည်းကြေကွဲတတ်ကြပြီး စိတ်ဓါတ်ကျလွယ်ကြပါတယ်။

စိတ်ဓါတ်ကျလွယ်ခြင်းမှ ရုပ်ရည်ကျခြင်းပါ ဆက်စပ်လာပြီး အိုမင်းရင့်ရော်ခြင်းကို လျှင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည့်အတွက် အိပ်ရေးကို ၀အောင် အိပ်စက်သင့်ကြောင်း လေ့လာသူများက တိုက်တွန်းထားကြပါတယ်။
 
စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: How Lack Of Sleep Hurts Your Health

ကျန်းမာရေးသတင်းများ


အလှမယ် မေမြတ်နိုး၏ သရဖူ ကိုရီးယား ပြန်သိမ်းမည်မဟုတ်

ရန်ကုန်၊ ဇူလိုင်-၂

Miss Asia Pacific World အလှမယ် မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်မ သိမ်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက် တာကိုယ်တိုင် တောင်းပန်ထားခြင်း ကြောင့် သရဖူ ပြန်သိမ်းဖြစ်တော့
မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာ အလှမယ်မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်လည် သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ၎င်း၏တောင်းပန် မှုကြောင့် ပြန်လည်သိမ်း ယူတော့မည် မဟုတ်ကြောင်း မလှနုထွန်းက ပြောသည်။

မြန်မာအလှမယ်သည် သရဖူပိုင်ဆိုင်ထားပြီးသော်လည်း စာနယ်ဇင်းများနှင့် လုပ်ကိုင်ဆက်ဆံရာ တွင် မောက်မာခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ရက်များကို ငွေကြေးမရပါက ဖျက်သိမ်းခြင်း စသည့်များအပြင် သရဖူပိုင်ဆိုင်ထားသည့်အလှမယ်တစ်ယောက်အနေဖြင့် Professional မပီသခြင်းများကြောင့် သရဖူ၏ဂုဏ်သိက္ခာနှင့် အလှမယ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျ ဆင်းခြင်း တို့ကြောင့် ယခုကဲ့သို့ သရဖူပေးအပ်သည့် ကိုရီးယားအဖွဲ့အစည်းက ပြန်လည် ရုပ်သိမ်းရန် ကြေညာ လိုက်ခြင်း ဖြစ်ကြောင်း မလှနုထွန်းမှ တစ်ဆင့်သိရသည်။

" အစ်မကပြန်မသိမ်းဖို့ တောင်းပန်ထားပါတယ်။ ဒါ့ကြောင့်လည်း ကိုရီးယား အဖွဲ့အစည်းက ပြန်မသိမ်းဖြစ်တော့ပါ ဘူး။ လောလောဆယ်တော့ အစ်မတို့ ကြားမှာဘာညှိနှိုင်းဆောင်ရွက်မှုမှ မရှိပါဘူး။ စပွန်ဆာတွေဘက်ကို သူပျက်ကွက်မှုတွေများလို့ အစ်မလိုက်တောင်းပန်နေ ရတယ်။ အခု တစ်ရက်၊ နှစ်ရက်အတွင်း သူ အစ်မဆီ ပြန်လာပြီး ညှိညှိနှိုင်းနှိုင်း မဆောင်ရွက်ရင်တော့ အစ်မသူနဲ့လက်တွဲဖြုတ်လိုက်ရုံပါပဲ"ဟု မလှနုထွန်းက ပြောသည်။

လက်ရှိအချိန်တွင် အလှမယ် မေမြတ်နိုးနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ဖန်တီးရှင်၊ ဂျာနယ်မဂ္ဂဇင်းများတွင် ပျက်ကွက် မှုရှိပါက၎င်းထံတိုက်ရိုက်ဆက်သွယ်ပြောဆို ပေးရန် တောင်းဆိုကြောင်း မလှနုထွန်းကပြောသည်။

" ညီမအနေနဲ့တော့ ကိုယ့်ရဲ့ဆရာလည်းဖြစ်တယ်၊ ကျေးဇူးရှင်လည်းဖြစ်တဲ့ အတွက် ဘာမှဝေဖန်ပြောဆိုချင်တာမျိုး မရှိပါဘူး။ သရဖူကိုပြန်သိမ်းဖို့ ဆိုတာလည်း လုံးဝဖြစ်လာနိုင်မှာ မဟုတ်သလို ဘာအကြောင်းကြောင့်နဲ့မှလည်း ပြန်သိမ်း ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဘယ်ကောလာဟလသတင်းတွေကိုမှ ပြန်ဖြေရှင်းတာမျိုး မလုပ်ချင်သေးပါဘူး။ မကြာခင်မီဒီယာတွေက တစ်ဆင့်အများပြည်သူရှေ့ကို အမှန်အတိုင်း ဖွင့်ချပြောဆိုပေးသွားပါ့မယ်" ဟု Miss Asia Pacific World အလှမယ် မေမြတ်နိုးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။


အလှမယ်မေမြတ်နိုးနှင့် ၎င်း၏အကြားတွင် မည်သည့် စာချုပ်သဘော တူညီချက်မှ ချုပ်ဆိုထားခြင်းမရှိဘဲ ဇွန် ၁၅ ရက်က ချုပ်ဆိုရန် စီစဉ်ခဲ့ သော်လည်း ပျက်ကွက်ခဲ့ခြင်း ရှိကြောင်း သိရသည်။


အလှမယ်မေမြတ်နိုးသည် သရဖူရရှိသည့်အတွက် ဆုကြေးငွေ၏ ၃၀ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာသို့ ပေးအပ်ရမည် ဖြစ်သော်လည်း ၎င်းင်းအနေဖြင့် လက်ခံရ ရှိခြင်းမရှိသေးကြောင်း မလှနုထွန်းက ဖြည့်စွက် ပြောကြားသည်။


Miss Asia Pacific World ၂၀၁၄ အလှမယ် မေမြတ်နိုးသည် ကိုရီးယား နိုင်ငံဆိုးလ်မြို့တွင် မေ ၃၁ ရက်က ကျင်းပခဲ့သည့် ပြိုင်ပွဲသို့ ပထမဆုံး အကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးအကြိမ်သရဖူရရှိခဲ့သည့် အလှမယ်တစ်ဦးဖြစ် ကြောင်း သိရသည်။

 မေစနိုး
 စံတော်ချိန် နေ့စဉ်သတင်းစာ


“ဆွေမျိုးအစစ်”


 
 
“ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး အကျိုးများလှသည်။
ကုသိုလ်ဆွေမျိုး နေ့စဉ်တိုး အားကိုးထိုက်လှသည်”
ဆိုတဲ့ အတိုင်း ခုလိုယောဂီတို့ နေ့စဉ်နေ့တိုင်း(၉)ပါး
သီလတွေဆောက်တည် ၊
တရားတော်တွေ ရှုမှတ်ပွားများနေတော့
သံသရာခရီးအတွက် အားကိုးထိုက်တဲ့ အကျိုးများပြီး
ကိုယ်နောက်ပါမည့် ကုသိုလ်ဆွေမျိုး
အစစ်အမှန်တွေ နေ့တိုင်းတိုးနေတာပေါ့။

ဒီကုသိုလ်တွေကမှ အားကိုးထိုက်တာ။
ဘ၀တလျှောက်လုံး မိမိကိုယ် ကယ်တင်သွားမှာ။

လောကီ ဆွေမျိုးတွေက တစ်ဘ၀တောင် မကယ်နိုင်ဘူး။
ကယ်ဖို့ နေနေသာသာ၊ မိဘအမွေကိစ္စ၊
သားသမီးတွေကိစ္စ၊ စီးပွားရေးကိစ္စတွေနှင့်
တစ်ယောက်နှင့် တစ်ယောက် မတည့်ကြဘူး။

ဒါကြောင့် လောကီဆွေမျိုးတွေကို သိပ်သံယောဇဉ်
အစွဲအလန်းမထားကြနှင့်။
ကိုယ်နောက်ပါမည့် ကိုယ့်ကိုကယ်တင်မည့်
လောကုတ္တရာ ကုသိုလ်ဆွေမျိုးတွေကိုဘဲ
ကြိုးစားအားထုတ်ကြ။

-【 မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး】
 

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

မလေးရှားရောက် မြန်မာနိုင်ငံသားများကို သံရုံးသတိပေး

Thursday, July 10, 2014
မလေးရှားနိုင်ငံတွင် အစွန်းရောက် အဖွဲ့အချို့က မြန်မာနိုင်ငံသားများကို အကြမ်းဖက်မှုများရှိကြောင်း သတင်းရသဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို
ကာကွယ်စောင့်ရှောင်ပေးရန်နှင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအတွက် တရားခံများကို အမြန်ဆုံး ဖော်ထုတ်အရေးယူရန် မေတ္တာရပ်ခံထားသည်ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇူလိုင်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။ 
ယင်းအပြင် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း မလေးရှားနိုင်ငံက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိလုံခြုံရေးကို ဂရုစိုက်၍ သတိထား သွား/လာကြရန် နှိုးဆော်ထားသည်။
Mizzima - News in Burmese


ကန့်ဘလူမြို့နယ်မှာ လုယက်/လူသတ်မှုဖြစ်


 
၇.၇.၂၀၁၄ နေ့  ၁၅း၀၀ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်းသွား  ကားလမ်းပေါ်ရှိ စကာချောင်း(တ၀က်ချောင်း) တံတား အနောက်ဘက်ပေ (၁၀၀)ခန့်အကွာတွင် အမည်မသိ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒါဏ်ရာများနှင့် လဲနေကြောင်း ကာဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမှ သတင်းပို့၍ တာဝန်မှူး ဒုရဲအုပ်ကီးနိမ်ကီးနှင့်အဖွဲ့ သွားရောက်စစ်ဆေးပြီး ဆေးရုံသို့ပို့အပ်စဉ် ဇီကုန်းဆေးရုံ အရောက် ၁၅း၃၀အချိန်တွင် သေဆုံးသွားခဲ့ပါသည်။


အဆိုပါအမည်မသိ အမျိုးသားတစ်ဦး ဒါဏ်ရာရသေဆုံးမှု အတွက် ကာဘိုးကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလို တိုင်တန်းခဲ့ရာ ဇီးကုန်းနယ်မြေရဲစခန်း (ပ)၁၁၂/၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အဖှုဖွင့် အရေးယူခဲ့ပါသည်။


ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအုံးလှိုင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွန်းတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်မှုကြောင့် သေဆုံးသူမှာ ဇော်နိုင်ထွန်း (၂၅)နှစ်ခန့် (ဘ) ဦးလှထွန်း ဆိုင်ကယ်ကယ်ရီမောင်း၊ အောင်ချမ်းသာရပ်၊ ရေဦးမြို့နယ်ဖြစ်ပြီး ၄င်းအား ဆိုင်ကယ်ကယ်ရီငှားပြီး ရိုက်နှက်ကာ ဆိုင်ကယ်လုယူသွားသူမှာ ဖိုးထိုက် (၂၅)နှစ်၊ (ဘ)ဦးဖိုးသီး၊ ကျဘမ်း၊ ကာဘိုးကျေးရွာ၊ ကန့်ဘလူမြို့နယ်နှင့် ဖိုးချွန်း(ခ)ဖြိုးကိုကို (၂၃)နှစ် (ဘ)ဦးစိန်မောင်သန်း ၊ ကျဘမ်း၊ ကာဘိုးကျေးရွာ၊ ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။


တရားခံ ဖိုးချွန်း(ခ)ဖြိုးကိုကိုအား ပြစ်မှုကျွန်းလွန်ပြီးနောက် (၁၁)နာရီအကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်တရားခံ ဖိုးထိုက်အား ဖမ်းဆီးရမိရေး ပိတ်ဆို့စုံစမ်း ထောက်လှမ်းရှာဖွေလျှက်ရှိပါကြောင်းနှင့် လုယက်ခံရသော ဆိုင်ကယ်မှာလည်း သိမ်းဆည်းရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

 ကိုသူလေး

BY THIT HTOO LWIN

Google က အွန်လိုင်း လိင်ညစ်ညမ်း ကြော်ငြာခွင့် ပိတ်ပင်

 
 
Google ရဲ့ AdWords လူမှု ကွန်ရက်ပေါ်က လိင်ကိစ္စ ညစ်ညမ်းကြော်ငြာ သူတွေဆီ ပြီးခဲ့ တဲ့လက ပေးပို့ထားတဲ့ မေးလ်တစ်ခုမှာ လိင်ပိုင်း ဆိုင်ရာ ဓါတ်ပုံတွေပါတဲ့ ကြော်ငြာတွေ လက်ခံတော့မှာ မဟုတ်ကြောင်း ပြောလိုက် ပါတယ်။ ညစ်ညမ်းတဲ့ခွေ၊ ပုံတွေ၊ ကိုယ့်စားမှု အတွက် လိင်ပိုင်းဆိုင်ရာ အာသာဖြေခြင်း၊ လိင်အင်္ဂါ၊ စအို၊ နှင့် နုတ်ပါးစပ် အသုံးပြုပြီး လိင် အာသာဖြေခြင်း အစရှိတဲ့ လိင်ပိုင်းဆိုင်ရာ မှန်သမျှကို ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။


Google ရဲ့ AdWords ကြော်ငြာတွေဟာ သူတို့ရဲ့ အင်တာနက် ၀က်ဘ်ကနေ တဆင့် သန်းနဲ့ချီတဲ့ ဆိုက်တွေကနေ ကြည့်ရှုနိုင်တာ ဖြစ်တယ်။ ဒီစည်းမျဉ်းတွေဟာ ယခုအပတ်ကစပြီး အကြုံးဝင်သွား မှာဖြစ်ပါတယ်။ Morality In Media ကနေ ပထမဦးဆုံး မီးမောင်းထိုးပြခံရတဲ့ မေးလ်ဟာ Google (GOOGL, Tech30) ၎င်းရဲ့ အပြာဇာတ်လမ်းဆိုင်ရာ မူဝါဒ အသစ်ပြုပြင်ပြီး လအနည်းငယ် အကြာပြီး လာခဲ့တာဖြစ်ပါတယ်။


လိင်ညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ကြော်ငြာတွေကို နောက်ထပ် လုံးဝလက်မခံဖို့ ဆုံးဖြတ်ချက်ပြုလုပ် ခဲ့တယ်လို့ မတ်လတွင်တင်ထားတဲ့ ဘလော့တစ်ခုမှာ Google ကနေ ပြောကြားခဲ့တယ်။


Google က လိင်ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ခွင့်ပြုမှုပေးနေသေးတယ်လို့ AdWords မူဝါဒအရ သိရပါတယ်။ ဒါပေမဲ့ ကြော်ငြာမှာ လိင်ပိုင်းဆိုင်ရာ အသိရစေတဲ့ အကြောင်းအရာတွေ ထည့်လို ရတော့မှာ မဟုတ်ပါဘူး။


လိင်ကိစ္စနှင့် ပတ်သက်တဲ့ ပုံတွေ ပိတ်ပင်ထားတဲ့ နောက်အကြောင်းရင်းက AdWords ကြော်ငြာ ကမ္ပဏီ တွေကို ပြည့်တန်ဆာလုပ်ငန်းဝန်ဆောင်မှုပေးခြင်း၊ လိင်စိတ်ဖြစ်စေတဲ့ မေ့ဆေးဖြန့်ဝေခြင်း၊ အရင်း တနှီးဖြစ်အောင် ကူညီဝန်ဆောင်မှုပေးခြင်း ကနေ ပိတ်ပင်လိုက်ပါတယ်။ ဒါပေမဲ့ လူငယ်တွေအတွက် dating sites ကြော်ငြာခြင်းကိုတော့ Google က ခွင့်ပြုထားဆဲဖြစ်ပါတယ်။
 
Trend Myanmar


ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်
ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့
 အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာ
ကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့်
သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်
တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသောအခက်အခဲများအား ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
အခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူး
ဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်း
တွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါ
တယ်။

credit to Myawady News
 
ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်
ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့
အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာ
ကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့်
သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်
တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသောအခက်အခဲများအား ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
အခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူး
ဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်း
တွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါ
တယ်။

Credit to Myawady News

မန္တလေးမြို့မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ စည်းကမ်းမဲ့ပြည်သူ ၄၀၀ ကျော်ကို ဖမ်းဆီး

 
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ မြို့နယ် ၇ ခုမှာ ဇူလိုင်လ ၈ ရက်နေ့ညအထိ လိုက်နာမှုပျက်ကွက်သူ လေးရာကျော်ကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက ပြောပါတယ်။
အဲဒီ ဖမ်းဆီးထားသူတွေကို ထောင်ဒဏ် ၇ ရက်ကနေ ၁၅ ရက်အထိ ပြစ်ဒဏ်ချမှတ်အရေး ယူနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးက အခုလို ပြောပါ တယ်။

"ထွေအုပ်ကနေပြီးတော့ ပုဒ်မ ၁၄၄ ထုတ်တာကို မလိုက်နာတဲ့အတွက် ပုဒ်မ ၁၄၈ အရ ထွေအုပ်က တရားလိုလုပ်ပြီး တရားစွဲတင်တာခင်ဗျ၊ တရားသူကြီး စီရင်ပြီးတော့ ပြစ်ဒဏ်ချတာတွေကတော့ ထောင် ၇ ရက် ချတာရှိတယ်၊ ၁၅ ရက် ချတာရှိတယ်၊ ရုံးပြန်ချိန်းတာတွေလည်းရှိတယ်"

ည ၉နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ပုသိမ်ကြီး၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊  မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းဆီးအရေးယူထား ပြီဖြစ်ပြီး ပဋိပက္ခမှာပါဝင်တယ်လို့ ယူဆရသူတွေကို ဆက်လက် ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။
 
Rfa