14 Aug 2014

“ချစ်ဟန်ဆောင်ခြင်း ၊ သေရည်သေရက်သောက်စားခြင်း”


“ချစ်ဟန်ဆောင်ခြင်း ၊ သေရည်သေရက်သောက်စားခြင်း”
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်
သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာကိုယ့်ကို
စွဲလမ်းပြီး အရူးတစ်ပိုင်းဖြစ်သွားမယ်ဆိုလည်း
အဲဒီကံကြောင့် ကိုယ်လည်းတစ်ချိန်မှ ရူးသွပ်ရမှာပဲ။
ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ
ဖြစ်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
ကိုယ့်ကို ရူးမတက်ချစ်အောင်ဆိုတဲ့စိတ်ထားနဲ့
ဥာဏ်နီဥာဏ်နက်သုံးတာမျိုး ၊မူယာမာယာများတာမျိုး၊
မြူဆွယ်ဖြားယောင်းတာမျိုး၊
လိမ်ညာလှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။
သူ့စိတ်နဲ့သူ စွဲလမ်းတမ်းတတာကတော့ ကိုယ်နဲ့မဆိုင်ပါဘူး။


တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စွဲလမ်းအောင်
လုပ်တာဆိုရင်တော့ စိတ်ထားကိုက
“ရူးစေချင်တဲ့စိတ်ထား”မို့ ၊အဲဒီအကျိုးသက်ရောက်မှုက
ကိုယ့်ဆီလည်း သေချာပေါက်ပြန်ရောက်လာပါလိမ့်မယ်။
(ရူးသွပ်မှုကိုဖြစ်စေတဲ့ အကုသိုလ်ကံ
ဆိုတာ ကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
သူတစ်ပါးကို ရူးသွပ်လောက်အောင် နှိပ်စက်ညှင်းပန်းမယ်၊
စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်လုပ်မယ်ဆိုရင်
အဲဒီကံ အကျိုးပေးတဲ့ဘ၀ ကိုယ်လည်းရူးသွပ်ရမှာပဲ။)

“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ အကုသိုလ်ကံတွေထဲမှာ
အဓိကအကျဆုံး၊အကြီးမားဆုံး အကုသိုလ်ကံကတော့
“သေရည်သေရက်သောက်စားခြင်း ” ပါပဲ။
မူးမူးရူးရူးဆိုတဲ့အတိုင်း မူးရင်ရူးတက်သလို၊
မူးနေတာကိုက ရူးခြင်းတစ်မျိုးပါပဲ။
မူးရူးသောက်စား (သို့မဟုတ်)သောက်စားမူးရူး
ဆိုတဲ့ အတိုင်းသောက်စားနေတာဟာ မူးရူးနေတာပါပဲ။

မူးပြီဟေ့ဆိုရင် အရူးတစ်ယောက်လိုပဲ
ဟိုပြောဒီပြောနဲ့ နှုတ်စောင့်စည်းမှုမရှိတော့ပါဘူး။
ပြောသင့်မှန်းမသိ၊ မပြောသင့်မှန်းမသိနဲ့
စွတ်ပြီးပြောတော့တာပါပဲ။
ရူးနေတဲ့လူဘာမှမသိသလို
မူးနေတဲ့သူလည်းဘာမှမသိပါတော့ပါဘူး။

ဒါကိုပဲ သွေးတွေကြွလာပြီး အာသွက်လျှာသွက်နဲ့
စကားပြောလို့ ပိုကောင်းလာတယ်လို့
အရက်သောက်သုံးသူတွေက သဘောကျကြတယ်။
ဆက်ရက်မင်းစည်းစိမ်အဖြစ် သာယာယစ်မူးကြပါတယ်။


ရေချိန်မကျော်သေးလို့ ကိုယ်ပြောတာ
ကိုယ်သိတယ်ပဲထားအုံးတော့ မူးနေတဲ့အချိန်ဟာ
ရူးနေတဲ့အချိန်နဲ့ အတူတူပါပဲ။
ရူးနေတဲ့သူဟာ အမှတ်သညာကင်းမဲ့နေသလို ၊
မူးနေတဲ့သူဟာလည်း အမှတ်သညာကင်းမဲ့နေပါတယ်။
အရက်၊ဘီယာစတဲ့ မူးယစ်စေတတ်တဲ့အရာတွေ
သောက်သုံးနေတာဟာ
●မှတ်ဥာဏ်အားနည်းကြောင်း အကုသိုလ်၊
●ဉာဏ်ထိုင်းကြောင်းအကုသိုလ်
●စိတ်မမှန်ကြောင်း အကုသိုလ်၊
●ရူးသွပ်ကြောင်း အကုသိုလ် ဆည်းပူးစုဆောင်းနေတာပါပဲ။

သူတစ်ပါးကို ဒုက္ခပေးပေးမပေးပေး၊
ကိုယ့်ဘ၀ပျက်ပျက်မပျက်ပျက်၊
အတိုင်းအတာ ရေချိန်ကျော်ကျော်၊
မကျော်ကျော် အရက်ဘီယာ သောက်တိုင်း
ဉာဏ်ထိုင်းစေတဲ့ဓာတ်တွေ၊
မေ့လျော့စေတဲ့ဓာတ်တွေ ဖောက်ပြန်စေတဲ့ ဓာတ်တွေ၊
ရူးသွပ်စေတဲ့ ဓာတ်တွေ ကိုယ်ရဲ့စိတ်အစဉ်မှာ
စွဲကပ်သွားပါတယ်။စုမိသွားပါတယ်။


အရက်သေစာ သောက်စားခြင်းရဲ့
အပေါ့ပါးဆုံးဆိုးကျိုးက
“ရူးသွပ်ခြင်းနဲ့စိတ်ဖောက်ပြန်ခြင်း”လို့
မြတ်စွာဘုရားက ဟောကြားထားတာမို့ မရူးသွပ်သူလိုတိုင်း၊
စိတ်ပုံမှန်ဖြစ်လိုသူတိုင်း အရက်၊ဘီယာစတဲ့
မူးယစ်သေရည်မှန်သမျှကို ဘိန်းဖြူ၊ စိတ်ကြွဆေးပြားစတဲ့
မူးယစ်ဆေးဝါးမှန်သမျှကို လုံးဝရှောင်ကြဉ်ရပါမယ်။


-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】

13 Aug 2014

တပ်သိမ်းမြေ ပြန်ရရေး ကန့်ဘလူ တောင်သူ ၁ သောင်းခန့် ဆန္ဒပြမည်

   
ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲစဉ်က
 
တပ်သိမ်းမြေ အားလုံး မူလပိုင်ရှင်တွေ ပြန်လည်ရရှိရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ် တောင်သူ ၁ သောင်းလောက် ဒီနေ့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၅ အရ ခွင့်ပြုချက် တောင်းခံ ရာမှာ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုချက်အရ အခုလို ဆန္ဒပြကြ မှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ကန့်ဘ လူမြို့ နယ် ဘောလုံး ကွင်းကနေ တပင်ရွှေထီးလမ်း၊ မဟာဗန္ဓုလလမ်း၊ စည်ပင်သာယာလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ဘောလုံးကွင်းကို လမ်းလျှောက် ဆန္ဒပြကြမယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက တပ်သိမ်းမြေအားလုံး မူလပိုင်ရှင်တွေ ပြန်လည်ရရှိရေး၊ စစ်တပ်က ဥပဒေမဲ့ သီးနှံဖျက်ဆီးနေမှု ရပ်တန့်ရေး၊ တရားစွဲခံ တောင်သူများအမှု ပြန်လည် ရုပ်သိမ်းပေးရေး၊ အကျဉ်းကျခံတောင်သူများ ပြန်လည်လွတ်မြောက်ရေး၊ သီးစားများ မူလပိုင်ရှင်ရဲ့ မြေယာထဲက ထွက်ခွာပေးရေး စတဲ့အချက်တွေကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ဒေသခံတောင်သူလယ်သမားများပိုင် မြေဧက ၁၃ဝဝဝ လောက်ကို ၁၉၉၁ ခုနှစ်တုန်းက စစ်တပ်က သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထားတာ ဖြစ်ပါတယ်။

တပ်သိမ်းမြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ကန့်ဘလူတောင်သူ ၄၀၀ လောက်ကို တရားစွဲဆိုထားပြီး ၅၇ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြ တောင်းဆိုကြမှာ ဖြစ်ပါတယ်။

 By ဒီဗွီဘီ


10 Aug 2014

တယ်လီနောမှ ဆင်းမ်ကတ် ၁ဝသန်းနှင့်တာဝါ တိုင်အင်အား ၁ဝဝဝအထိ အသင့်ဖြစ် နေ


 
မြန်မာနိုင်ငံ တွင် ပြည်ပဆက်သွယ်ရေး အော်ပရေ တာတစ်ခုဖြစ်သည့် တယ်လီနောမှ လာမည့် စက်တင်ဘာလတွင် ရောင်း ချရန် ဆင်းမ်ကတ် ၁ဝသန်းနှင့်တာဝါ တိုင်အင်အား ၁ဝဝဝအထိ အသင့်ဖြစ် နေပြီး ငါးနှစ်အတွင်း တာဝါတိုင် ၈ဝဝဝအထိ အသုံးပြုသွားမည် ဖြစ် ကြောင်း Mr. Petter Furberg က ပြောသည်။
 

စတင်ဝန်ဆောင်မှု ပေးချိန်တွင် 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြု နိုင်ရန် ဆောင်ရွက်ထားမည်ဖြစ်ပြီး အသုံးပြုသူများအတွက်ဈေးနှုန်းသက် သာသည့် ဟန်းဆက်များဖြင့် အသုံး ပြုနိုင်ရန် 2G ကွန်ရက်ကို
ဝန်ဆောင်မှု ပေးထားခြင်းဖြစ်သည် ဟု သိရသည်။
 

”2G ဟန်းဆက်တွေက ဈေး သက်သာတဲ့အတွက် အလွယ်တကူ ဝယ်ပြီးသုံးနိုင်အောင်နဲ့လက်ရှိအသုံး ပြုနေတဲ့ ဟန်းဆက်တွေနဲ့ပဲသုံးနိုင် အောင် 2G ကို ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်တွေကို ကျပ်၁၅ဝဝနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ ဦးစားပေးရောင်း ချပေးသွားမှာဖြစ်ပါတယ်” ဟုတယ်လီ နောမြန်မာ အမှုဆောင်အရာရှိချုပ် Mr. Petter Fuberg ကပြောသည်။
 

ဖုန်းခေါ်ဆိုမှုအတွက် တယ်လီ နောမှ မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ် ၂၅ ကျပ်ထက် မပိုသည့် ပမာဏကို ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း တယ်လီနောမှ သိရသည်။
အင်တာနက်အသုံးပြုရာတွင် 2G ဆိုပါက 150 KB မှ 250 KB အတွင်းမြန်နှုန်းဖြစ်ပြီး 3G ဆိုပါက 7.2 MB မြန်နှုန်းဖြင့် အသုံးပြုနိုင် မည်ဖြစ်ပြီး အင်တာနက်အသုံးပြုခနှင့် ပတ်သက်၍ ဆင်းမ်ကတ် စတင်ချ ထားပေးသည့် စက်တင်ဘာလတွင် ကြော်ငြာမည်ဖြစ်ကြောင်း သိရသည်။
တယ်လီနောအနေဖြင့် မြန်မာ နိုင်ငံတွင် 4G ကွန်ရက်အသုံးပြုနိုင် ရန်အတွက်မူ မြန်မာပြည်သူများ 4G လိုအပ်ချက်ရှိလာမှသာ စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


AKH (Myitmakha)
Ref & Credit to : Yangon Media Group


စိတ်ဓာတ်ကျနေသလား သူငယ်ချင်း? အချိန်လေးခနလောက်ပေးပြီး ဖတ်ကြည့်ပါ


 
 
အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။
ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။
ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့
မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊
စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေတတ်ကျပါတယ်။ စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာပေါ့။ 
တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။ 
ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူးသာမန်ရုံးဝန်ထမ်းတစ်ယောက် သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိတယ်ဆိုပါစို့။ အဲဒိ
Iphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့တယ်ဆိုပါစို့။ သင်ဘယ်လိုခံစားရမလဲ? ခနလောက်တွေးကြည့်လိုက်ပါ။ ၇သိန်း ၈သိန်းလောက်တန်တဲ့ပစ္စည်းတစ်ခု
အတွက်တောင် သင်အဲ့လောက်စိတ်သောကတွေရောက်ပြီး စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရော
ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ ဒိထက်ပိုချမ်းသာ
အောင်လုပ်နေကြတဲ့သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက်အောင်အမြဲထိန်းသိမ်းနေရပါတယ်။

တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။ လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်ပစ်လိုက်တယ်။ သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။
ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကိုမရရှိကြဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့ အနားသတ်လိုက်တယ်။ 

သူတို့ရဲ့ညီမျှခြင်းကလောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။ ကြာလာတော့ ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာမရှိတော့ဘူး။
သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။ သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကို
အရမ်းမတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲ သူတို့တက်တာမြင့်လာလေလေ အဲဒိကျောက်တုံးကြီးကိုနောက်ပြန်မကျအောင်
အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေတုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေး
တွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ
ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေအများကြီး
ရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှု နောက်ကိုလိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကို
ဆုံးရှုံးလိုက်ရတယ်။

ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးတာပေါ့။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိကအကြောင်းရင်းတော့မဟုတ်ဘူးဗျ။
သူကအစိတ်အပိုင်းတစ်ခုထက်မပိုဘူးဗျ။ ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။ သင်ကပိုက်ဆံကပျော်ရွှင်မှုလို့သတ်မှတ်ရင်တော့
ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော်။

ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်း(၃)မျိုးအတိုင်းစမ်းကြည့်ရအောင်.

(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။


ကျွန်တော်တို့ဘုရားရှင်ကပြောတယ် "The mind is everything. What you think you become" -Buddha
စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့ တခါတလေချောနေတယ်လေ။ အဲဒိအချိန်ဆို ကိုယ့်ကိုအားရနေပါတယ်။
လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့လေ။ ပြီးတော့အဲ့လိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။
ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး လူသားမျိုးနွယ်တွေလေ။ နှာခေါင်းမလှဘူး၊နားရွက်ကားတယ်
မျက်လုံးကဆွေတယ် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြတယ်လေ။ အဲဒိလိုနေ့မျိုးဆို စိတ်ဓာတ်တွေကျလို့ပေါ့။ ကိုယ့်ကိုကိုယုံကြည်မှုကကျသွားတယ်။ အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာလုပ်လုပ်အဆင်မပြေတော့ဘူး။

ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်။ သင်ကလည်း
အကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ အဲဒိတော့ ကျွန်တော်တို့ဘုရားရှင်ပြောတာမမှန်ဘူးလား? စိတ်ကအရာရာပဲတဲ့
သူဘာသာလေထဲမှာလွင့်မျောနေတဲ့တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာ
ထောင်ထားတဲ့ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။ အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။
ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်းရပါတယ်။ ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော်။

ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာသေချာ တယ်။ သင့်အတွေးတွေနည်းနည်းလောက်ပြောင်းကြည့်ပါ။
သင့်ရဲ့အထက်ကသူတွေချည်းပဲမကြည့်ပါနဲ့။ သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် Busကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊
သူများကျောင်းစိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေ၊ တစ်နေ့လုံးမှာထမင်းတစ်နပ်ပဲစားရတဲ့သူတွေ၊ အာဖရိကက ၂ရက်မှတစ်ခါလောက်အစားအစာစားခွင့်ရတဲ့ကလေးတွေ ကိုအားနာပါအုံး။

 သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကိုအားနာပါအုံး။ မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကို ရင်ဆိုင်နိုင်ရင် သင်ကရော။ သင့်မျက်လုံးမလှဘူးထင်ရင်တစ်ခါလောက် မျက်စိမှိတ်ပြီး
လမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့ သူတစ်ယောက်ဆိုရင်ရောဘယ်လိုနေမလဲ? သင်အရမ်းကံကောင်းပါတယ်။ သင်ဒီစာကိုဖတ်နေနို်င်တယ်လေ။ဘ၀ရဲ့အလှအပတွေကိုခံစားနိုင်တယ်လေ။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။

ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။ အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ "အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲတဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့
ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့" လူတွေရဲ့အတွေးတွေဟာ လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံး
အကောင်းမြင်ကြည့်ပါ။ သင်အရင်ထက်စိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်။ 


(၂) သင့်ကိုသင်ချီးကျူးပါ။

သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကိုခနလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ်တစ်ခုခုအောင်အောင်မြင်မြင်ပြီးဆုံးသွားရင်
သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အချင်းရှိပါတယ်။ သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှမရှိဘူးလို့သင်ထင်လို့လား? ချီးကျူးစရာတစ်ခုရအောင်ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင်နေကြည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာကောင်းတဲ့
အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ ဒါကလည်း တော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုဘူးနော်။ သင့်လုပ်ချင်ဖို့ပဲလိုတာ။
 

နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။ 


(၃) ဘောင်ထဲမှာမနေပါနဲ့။
သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကိုမလုပ်နိုင်ဘူး၊အခက်အခဲတစ်ခုကိုမဖြတ်ကျော်နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။ သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။ ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ်
ရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက်ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။ 


အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုသင်ချီးကျူးဖို့အရာတွေတိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊
ဝသည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာ။ လောကကြီးနဲ့အသားကျဖို့
ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင် သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။ 


အသားမည်းမည်းနဲ့ရုပ်ချောလို့လား? မချောဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုသင်လက်ခံပါ။ ယုံကြည်ပါ။ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။


ကဲစိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးရေးပေးလိုက်တာပါ။ အထက်ပါအချက်တွေကို ကျင့်သုံးကြည့်ကျနော်။ အစမ်းအနေနဲ့ ကျွန်တော့်ကို comment box
ထဲမှာချီးကျူးသွားလို့ရတယ်နော်။ 


ref:wikihow.com

မိုးရှင်း ( I.M.T)
(www.work.com.mm)



မက်ဆေ့ခ်ျပို့ ငွေလွှဲနိုင်မည့်ဝန်ဆောင်မှု CDMA 800 (MECTel) ဖုန်းများတွင် စတင်သုံးနိုင်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0U42byuifg9tVF175vpa9RUzh8HDoMjDa7HABmACrwYsRZ_GV3v-UEZqcEJ8YbnBGW3YZZY7tuXEewMdn0ncRckQO-5jxSsxaFK_aekfpjQOyOTKzg89xPeTKHtFq8L-yAtSnc2F_mCfA/s400/10.jpg
မိုဘိုင်းဖုန်းအသုံးပြုသူအချင်းချင်း မက်ဆေ့ခ်ျပေးပို့ငွေလွှဲနိုင်မည့် ၀န်ဆောင်မှုကို ကျပ် ၁၅၀၀ တန် CDMA 800 (MECTel) ဖုန်းများတွင် စတင်လုပ်ဆောင်နိုင်ပြီဟု သြဂုတ် ၈ ရက်က SMS ပေးပို့ခဲ့ကြောင်း အသုံးပြု သူများထံမှ သတင်းရရှိ သည်။


အဆိုပါ ၀န်ဆောင်မှုကို မြန်မာ့စီးပွားရေးကော်ပိုရေရှင်း (MEC) နှင့် Myanmar Mobile Money တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ Myanmar Mobile Money ၏ ၀န်ဆောင်မှုကို အသုံးပြုလိုပါက SMS နံပါတ် ၁၆၆၆ သို့ ‘join’ ဟူသော စာသားပေးပို့ရမည်ဖြစ်ပြီး ၁၆၆၆ မှ အသုံးပြုနိုင်ပြီဖြစ်ကြောင်း SMS ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။
 

‘‘ငွေလွှဲမယ့်သူရဲ့ ဖုန်းနံပါတ် ကို သိရုံနဲ့ ငွေပမာဏကို SMS ပို့ ပေးပြီး လွှဲလိုက်ရုံပါပဲ။ လက်ခံမယ့်လူက ဒီဝန်ဆောင်မှုကို အသုံးပြုမထားဘူးဆိုရင်တောင် သက်ဆိုင်ရာမြို့နယ်က အေးဂျင့်တွေဆီမှာ သွားပြီး ထုတ်လို့ရပါတယ်’’ ဟု Myanmar Mobile Money မှ လုပ်ငန်းတာဝန်ခံတစ်ဦးကပြောသည်။ ငွေလွှဲခ အနေဖြင့် ကျပ်တစ်ထောင်မှ ငါးသောင်းအထိကို ၈၀ ကျပ်၊ ကျပ်ငါးသောင်းမှ တစ်သိန်းအထိကို ၁၂၀ ကျပ်၊ ကျပ်တစ်သိန်းမှ နှစ်သိန်းအထိကို ၁၆၀ ကျပ်သာ ကျသင့်မည်ဖြစ်သည်။


Myanmar Mobile Money ၀န်ဆောင်မှုဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ငွေလွှဲခြင်း၊ လစာပေးခြင်း၊ ဈေးဝယ်ခြင်း၊ ဖုန်းပြောခကိုယ်တိုင် ဖြည့်သွင်းခြင်း၊ အခြားသူမှ ဖုန်းပြော ခဖြည့်ပေးခြင်း၊ အသေးစားချေးငွေလုပ်ငန်းများအတွက် အထောက်အကူပြုခြင်းစသည့် ၀န်ဆောင်မှုများကို လည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှုကို CDMA 800 ဖုန်းများအပြင် အခြား GSM နှင့် WCDMA ဖုန်းများတွင်လည်း အသုံးပြုနိုင်တော့မည်ဟု သိရသည်။

 
 7days New Journal


5 Aug 2014

ကွမ်းစားဆေး နှင့် ကွမ်းပေါင်း နှပ်ဆေးများ စားသုံးမှုကြောင့် သွားဖုံး ၊ ပါးစောင်ကင်ဆာ ဖြစ်ပွားမှု များပြားလာ


 ကောလင်း ၊ ၅-၈-၂၀၁၄
 မြို့တိုင်းလိုလို ကွမ်းစားသုံးမှု များပြား လာသည်နှင့် အမျှ အိန္ဒိယနိုင်ငံမှ တရားမဝင် တင်သွင်းသော နိုင်တီတူး၊ ဖိုတီဖိုက် စသည့် ဆေးပြင်းများကို စားသုံး နေကြသည်။ ထို့ပြင် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်း ဆေးထုပ်များကို လူငယ်အများစု စားသုံးမှု ပိုမို များပြား လာကြသည်။ ယခင်က ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီး တို့ဖြင့် စားသုံးကြရာမှ ယခုအခါ ကွမ်းစားသုံး မှုသည် လူတန်းစား မရွေး ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူ စားသုံး နိုင်ခြင်းကြောင့် ကွမ်းစားသုံးမှု မှာ ပိုမို မြင့်မားလာပြီး လူကြီး၊ လူငယ် ကွမ်းစားသုံးမှု များပြား လာသည်နှင့် အတူကွမ်းစား ခြင်းကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုသည် ယခင်ကထက် သက်တမ်း ထက်ဝက်ခန့် စော၍ ဖြစ်ပွား လာသည်ကို တွေ့ရှိ နေရသည်။


ယခင်က အသက် ၄ဝ နောက်ပိုင်း မှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိ ရသော်လည်း ယခုအခါ အသက် ၂၅ နှစ်မှ ၃၅ နှစ် ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားမှုများ ရှိလာသည်ကို လေ့လာ သိရသည်။


ကွမ်းယာရောင်းဆိုင် အချို့သည် ကွမ်းသီးကို ရေစိမ်ထားက ၄င်းကွမ်းသီးများ ရေစိမ် ထားသည့်အတွက် ပွလာကာ ကွမ်းသီးကို အရောင်ဖွေးပြီး လှနေအောင် ဓာတုချွတ်ဆေး တစ်မျိုးဖြင့် အရောင် ချွတ်ကာ ရေဆေးပြီး နေလှန်း အခြောက်ခံ သည်ကို လည်းကောင်း၊ ဆေးရွက်ကြီး များကိုလည်း ပျားရည်နှင့် ရောစပ်ကာ နှပ်ဆေး သဘောမျိုး အသွင်ပြောင်း ထားသလို ထုံးကိုလည်း ရေနှင့်ဖျော်ပြီး အပေါ်ယံ ရေကြည်ကို သွန်ပစ်ကာ အနည်ထိုင် ကျန်ခဲ့သည့် အနှစ်သားကို ပျစ်ပျစ် ဖျော်ထားသည့် နို့မှုန့်များဖြင့် ရောစပ် လိုက်သည့် အတွက် ထုံးကို စားသည့်အခါ နို့မှုန့် ပါလာသည့် အတွက် ထုံးသားက ဆိမ့်ဆိမ့်လေး ဖြစ်နေကြောင်း၊ သို့သော် ကျန်းမာရေး နှင့် ကိုက်ညီမှု ရှိ၊ မရှိ မသိရကြောင်း စသည့် ကွမ်းနှင့် ကွမ်းသီး အကြောင်းကို ကောလင်းမှ လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။


ယခုအခါ ကွမ်း စားသုံးသူ များနှင့် ကွမ်းသွေး ထွေးရန် အခက်အခဲများ မှ ကာကွယ်ရန် အတွက် Shikhar (ရှီးခါး)၊ ကင်းမြီးကောက် တံဆိပ်ပါ ကွမ်းပေါင်းဆေး များကို သုံးစွဲ၍ ပါးစောင် ပေါက်ပြီး ကင်ဆာ ရောဂါများ ဖြစ်ပွားကာ သေဆုံးသူ များပြား လာကြောင်း သိရှိရသည်။
(၁၅၈)

#Themyawadydaily

ဗုဒ္ဓပုံတော် မင်ကြောင်ထိုးသူ ပြည်နှင်ဒဏ်ပေးခံရ


 မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသည်တစ်ယောက်ဟာ သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေကို ဆေးမင်ကြောင် ရေးထိုးထားတဲ့ အတွက် သက်ဆိုင်ရာက ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရပါတယ်။


ကနေဒါနိုင်ငံသား Mr Polley Jason Scott ဟာ ဇနီးဖြစ်သူနဲ့အတူ မြန်မာနိုင်ငံကို ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့ပြီး အင်းလေး၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုး စတဲ့နေရာတွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါပေမဲ့ ခရီးတစ်လျှောက် ဘောင်းဘီတိုဝတ်ထားတဲ့အတွက် သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေ ဆေးမင်ကြောင်ရေးထိုးထားတဲ့ ဓါတ်ပုံတွေ အင်တာနက် Facebook ပေါ်ပျံ့နှံ့သွားခဲ့ပါတယ်။


သြဂုတ်လ (၂) ရက်နေ့ အင်းလေးကို ရောက်ရှိတဲ့အခါ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ညောင်ရွှေကနေ ရန်ကုန်လေဆိပ်ကို ပြန်ပို့လိုက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။


ဘာသာရေးပြင်းထန်သူတွေနဲ့တွေ့ရင် သူ့အသက်အန္တရာယ်၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားမယ့်အန္တရာယ် စိုးရိမ်ရတာကြောင့် ချက်ချင်း ပြည်နှင်ဒဏ်ပေး လိုက်တာဖြစ်ကြောင်း ဒေသအာဏာပိုင်တွေကပြောပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးကုမုဒြ က အခုလို ဆောင်ရွက်လိုက်တာ သင့်တော်ကြောင်း မိန့်ကြားပါတယ်။


"ဒီဖြစ်ရပ်ပေါ်မှာတော့ ဘုန်းဘုန်းတို့က သင့်တော်တယ်လို့ မှန်ကန်တယ်လို့ ထင်ပါတယ်၊ ဘာလို့လည်းဆိုတော့ ခုချိန်မှာ ဘာသာရေးတွေကလည်း အထိမခံပြီးတော့ အကဲခတ်တဲ့သဘောမျိုး ဖြစ်နေတာဆိုတော့ ဒီလိုလုပ်လိုက်သောအားဖြင့် ကောင်းတဲ့သဘောမျိုးထင်ပါတယ်၊ ဘယ်နိုင်ငံပဲရောက်ရောက် ဘယ်နိုင်ငံပဲနေနေ အဲ့ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်မှုကိုတော့ လေးစားလိုက်နာရမှာ ဖြစ်ပါတယ်၊ ဒီတော့ ယဉ်ကျေးမှုတွေ ကိုးကွယ်မှုတွေကို လေးစားမှုရှိမယ်ဆိုရင် အဲ့ဒါ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ လုံးဝ ပြဿနာမဖြစ်နိုင်ပါဘူး။ဘုန်းဘုန်းတို့ အိန္ဒိယမှာနေတုန်းကလည်း ဟိန္ဒူကျောင်းဆောင်တွေကို သွားပြီးတော့လေ့လာတယ်။ အခြားသောဘာသာရေးတွေ လေ့လာတယ်ဆိုလို့ရှိရင် သူတို့ထုံးတမ်းအစဉ်အလာအတိုင်း သူတို့ရဲ့ ယဉ်ကျေးမှုအတိုင်း ပြုလုပ်အားထုတ်ပါတယ်၊ အဲ့ဒီအခါမှာ သူတို့က ချစ်ခင်လေးစားမှုကို ရရှိပါတယ်"


အလားတူ သီရိလင်္ကာနိုင်ငံမှာလည်း ဒီနှစ် ဧပြီလက ဗြိတိန်နိုင်ငံသူတစ်ယောက် လက်မောင်း ဗုဒ္ဓပုံတော် ဆေးမင်ကြောင်ထိုးထားတဲ့အတွက် ပြည်တွင်းအဝင်မခံဘဲ လေဆိပ်ကနေ ပြန်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး



အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ဟူစတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် John Henry Skillern ရဲ့ e-mail အတွင်းမှာ ကလေးငယ်တွေရဲ့ ညစ်ညမ်းဓါတ်ပုံ ၃ ပုံခန့််ကို Google က ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်များဆိုင်ရာ အမျိုးသားရေးဋ္ဌာနကို အကြောင်းကြားခဲ့တာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက KHOU-TV ကိုပြောပြခဲ့ပါတယ်။


ဒီလိုမျိုး Google အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account အတွင်း မှ ဥပဒေနှင့်မလွတ်ကင်းတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အချက်အလက်တွေအတွက် Google က ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးမျိုး ရှိသလားဆိုတာတော့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Google က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဒီလို ရှာဖွေခွင့်မှာ ပေးပို့ထားတဲ့ e-mail တွေ ၊ လက်ခံရရှိ့ ထားတဲ့ e-mail တွေ နဲ့ သိမ်းဆည်းထားတဲ့ e-mail တွေအတွက်သာဖြစ်ပြီး ထို ၀န်ဆောင်မှု စည်းကမ်းချက်မှာ ဧပြီလက ပြုပြင်ဖြည့်စွက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Ref:cnet.com

Trend Myanmar


ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား



အောင်ထက်ခိုင်

ငလျင်လှုပ်ခတ်မှုကြောင့် အနည်းငယ်တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား တွေ့ရစဉ်
ဩဂုတ် ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေးလေးရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်းအတွင်းရှိ တိုက်အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုကြောင့် တိမ်းစောင်းသွားသော တိုက်နှစ်လုံးအား စည်ပင်သာယာနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

“တိုက်တွေကတော့ ဆောက်လုပ်ပြီးတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ တိုက်တွေကတော့ လူနေထိုင်ခွင့်ပါမစ် မရသေးပါဘူး။ ဒါပေမဲ့ နားလည်မှုနဲ့အိမ်ထောင်စုငါးစုလောက် နေနေကြပါတယ်။ သက်ဆိုင်ရာကတော့ လာကြည့်သွားပါတယ်၊ အခုဘယ်တိုက်က စောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်” ဟု အဆိုပါရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူမှ ဆက်လက်၍ “တိုက်က တစ်တိုက်နဲ့တစ်တိုက်ကြားထဲမှာ တစ်ပေ ကျော်ကွာနေပါတယ်။ ငလျင်လှုပ်တော့ အပေါ်ပိုင်းက လုံးလုံးကိုထိသွားတာပါ။ တိုက်က တဖြည်းဖြည်းနဲ့ လဲသွားတာကို လူတွေက ဝိုင်းကြည့်နေကြပါတယ်” ဟု ဆိုသည်။

အဆိုပါအထပ်မြင့်တိုက် ၁၁၉ တွင် နေထိုင်သူတစ်ဦးက “ ညနေ ၄ နာရီထိုးကာနီးမှာ မူးကနဲ ဖြစ်သွားတယ်။ အောက်ကနေသူတွေက တိုက်ပြိုတော့မယ်လို့ပြောတော့ အောက်ကိုဆင်းပြေးရတယ်။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့” ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ  ကန်ထရိုက်အဆောက်အအုံ ၅ဝဝ ခန့်မှာ မြို့နယ်စည်ပင်သာယာ၏ တားမြစ်ခြင်းခံထားရကြောင်း သိရသည်။

အဆိုပါ အထပ်မြင့်တိုက်နှစ်လုံးသည် ခြောက်လွှာအမြင့်ရှိပြီး သံလွင်ဆောက်လုပ်ရေး Pile foundation မှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း လူနေထိုင်ခွင့်ပါမစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ထားကြောင်း သိရသည်။

အဆိုပါလှုပ်ခဲ့သော ငလျင်သည် ညနေ ၃ နာရီ ၄၁ မိနစ်က ရန်ကုန်မြို့ကို ဗဟိုပြု၍ အင်အားရစ်ချက်ရ်တာစကေး လေးအဆင့်ရှိပြီး ရန်ကုန်မြို့နေရာအနှံ သိသာစွာသက်ရောက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

news-eleven


4 Aug 2014

အသည်း ကွဲတယ်ဆိုတာ တကယ်ရှိလို့ လား

 
အခုခေတ် ကလေးတွေက လူကြီးအဖြစ် မြန်ကြပါတယ်၊ အတတ် မြန်ကြ ပါတယ်။ ဒါ ဘာကြောင့်လဲ ဆိုရင် မိခင် ၀မ်းတွင်း ပဋိသန္ဓေ တည်ကတည်းက ကိုယ်ဝန်ဆောင် မိ ခင် နှင့် ကလေးအတွက် အားတိုး ဆေးများ၏ သက်ရောက်မှုများ၊ ခေတ်ကာလရေ စီးကြောင်း၏ စေ့ဆော်မှုများ၊ အင်တာနက် ကို မှားယွင်းစွာ အသုံးချမှု၏ ဘေးထွက် ဆိုးကျိုး များကြောင့် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲ တော်တော်များမှာ မူလတန်း ကျောင်းသား ကျောင်းသူ ဘ၀ကတည်းက အချစ်ကို အမြုတေလာတဲ့ ဇာတ်လမ်း များကလည်း အတုမြင် အတတ် သင်ရာရောက် လို့ နေပြန်ပါတယ်။ 
 

နှလုံးသားရှိသူ လူသားတိုင်း မည်သူမျှ သင်မပေး ပါဘဲလျက် သူ့ အလိုလို (က) အလွန်တရာ နက်ရှိုင်းတဲ့ ၅၂၈ ချစ်ခြင်းဖွဲ့ မေတ္တာကို ခံစားတတ် ကြသလို၊ (ခ) အလွန်တရာ သိမ်မွေ့ နက်နဲပြီး အနုပညာဆန်တဲ့ ၁၅၀၀ အချစ်ကို ခံစားတတ် ကြပါတယ်။ အဖိုးအဖွားတို့  ခေတ်က “ ပညာစုံမှ ကြင်ရာရှာ” ကြပါတယ် တဲ့။ အဖေအမေ တို့ ခေတ်မှာလည်း “ ဆယ်တန်း မအောင်သေး မချင်း စိတ်မကစားရ ” လို့  ပညတ်ခဲ့ ကြပါတယ်။ ခုခေတ်မှာတော့ အလယ်တန်း ကျောင်းသား ကျောင်းသူ အရွယ်ကတည်းက အချစ် အကြောင်းကို စာဖွဲ့ တတ်ကြပါပြီ။
 

“ ရတာမလို၊ လိုတာမရ ” တဲ့အခါ၊ အချစ်ကြောင့် မျက်ရည်ကျ အအိပ်ပျက် အစားပျက် ဖြစ်ရပြီး၊ ကျောင်းနေ ရွယ်များအတွက် ပညာရေး ထိခိုက်နိုင်သလို၊ တချို့  မိုက်ရူး ရဲဆန်သူ ဆယ်ကျော်သက် များ ကလည်း အရွဲ့ တိုက်ကာ လမ်းမှားရောက်ခြင်း၊ ဒေါသ တဏှာစိတ် မထိန်းနိုင်တော့ဘဲ တရားဥပဒေ ဘာင်ကျော်၍ ခြေလွန်လက် လွန်မိခြင်းတွေ ဖြစ်တတ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ချစ်သူကို အရွဲ့ တိုက်၍ ကားရှေ့ ဖြတ်ပြေးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား တစ်ဦးရဲ့  အဖြစ်ကတော့ နိုင်ငံတော်အတွက် အနာဂတ် လူငယ်တစ်ယောက် ဆုံးရှုံးရသလို၊ ကျန်ရစ်သူ မိသားစု အတွက် ၀မ်းနည်းကြေကွဲ အရှက်ရစေတဲ့အပြင်၊ ဗုဒ္ဓဘာသာအရ အဖန်ငါးရာ ငါးကမ္ဘာမို့  သံသရာ အတွက် ရင်လေးစရာ ပါဘဲ။ 
 

ချစ်ခင်စုံမက်၍ အိမ်ထောင်ပြုကြပြီးမှ တစ်ဦးတစ်ယောက် သစ္စာဖောက်၍ သော်လည်းကောင်း၊ အချို့  ချစ်သူ စုံတွဲများ မှာလည်း တစ်ဦးဦးက သစ္စာဖောက်ခြင်း၊ နားလည် မှုလွဲမှားခြင်း၊ ချစ်သူက မိမိကွယ်ရာ တခြားသူ တစ်ယောက်နှင့် ချစ်ကြိုးသွယ် (living together) နေခြင်း စတဲ့ သစ္စာပျက်ယွင်းမှုကို ကြုံတွေ့ ရတဲ့အခါ မျှော်လင့်ချက် ကြီြး ကီးဖြင့်  အချစ်ကြီး ချစ်လာမိသူခမျာမှာ သည်းခြေပျက်မတတ် ခံစားကြပါ တယ်။ ဒါကို “အသည်းကွဲတယ်” လို့ တင်စား သုံးနှုန်းကြပါတယ်။ 
 

နှလုံးသားရှိသူ လူသားပေမို့  အချစ်ကိုခံစားတတ်တာ မဆန်းပါ။ သို့ သော် ကိုယ်စိတ်နှလုံး ချွတ်ချုံကျ လောက်အောင် ခံစားမိတဲ့အခါ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်စေတာကြောင့် အောက်ပါ နည်းနာများကို ဖတ်ရှု၍ မိမိကိုယ်ကို ဆင်ခြင် သုံးသပ်စေ လိုပါတယ်။
 

(၁) ချစ်သူကို ဘယ်သော အခါမျှ “ကိုယ့်လူ” လို့ ၁၀၀ ရာခိုင်နှုန်း မမှတ်ယူထား သင့်ပါဘူး။ မမျှော်လင့်တဲ့ အချိန်မှာ မထင်မှတ်တဲ့ သတင်း “သူ့ လူ” လို့ ကြားလိုက် ရတဲ့အခါ၊ အင်မတန်မှကြေကွဲ ၀မ်းနည်းရတတ် လို့ ပါ။
 

(၂) ချစ်သူကို သံသယနဲ့ ချစ်ဘို့ ဆိုလိုတာမဟုတ်ပါ။ သတိလေး နဲ့ ချစ်ဘို့ အသိပေးခြင်းဖြစ်ပါတယ်။

(၃) သူတကယ်ဘဲ “ကိုယ့်လူ” မဖြစ်နိုင်တာ သေချာ သွားရင်တော့ ကြည်ဖြူ စွာ သွားခွင့်ပြု လိုက်ပါတော့။ အတင်းဖမ်း ဆွဲဆုပ်ကိုင်ထားရင် ၂-ဦး ၂-ဖက်စလုံး စိတ်ပင်ပန်း မွန်းကျပ်နေတော့ မှာပါ။
 

(၄) ဒေါသစိတ်တွေ နဲ့ စကားနာတွေထိုး မနေပါနဲ့ ။ ဒေါသပြယ်သွားတဲ့တနေ့ မှာ ကိုယ်ပြောခဲ့တဲ့ စကားတွေ အတွက်နောင်တ ရမဆုံး ဖြစ်ပါလေရော။ 
 

(၅) နှလုံးသားရှိသူ လူသားတိုင်းအတွက် အချစ်ဆိုတာ မရှိမဖြစ် အရာဆိုပေမယ့် ဘ၀ရပ်တည်မှုတွေ ဖြစ်တဲ့ ဥပမာ (စားဝတ်နေရေး/ မိသားစုရေး/ လူမျိုးဘာ သာရေး/ တိုင်ပြည်ရေး) နဲ့  ယှဉ်လာရင်တော့ အသည်းကွဲတယ် ဆိုတာ ခံစားမှု သက်သက် ကလေး မျှသာပါ။
 

(၆) ချစ်တော့ချစ်ပါ၊ အရမ်း မယုံမိပါစေနဲ့ ။ ချစ်သူက သစ္စာဖောက်ခဲ့ရင်၊ သိပ်ကြီး ပူဆွေး မနေပါနဲ့ ။ လူဦးရေ သန်းပေါင်း များစွာရှိတဲ့ ဒီကမ္ဘာပေါ်မှာ ကိုယ့်လိုအသည်း ကွဲဖူးတဲ့ သူတွေ ဒုနဲ့ ဒေးပါ။ အား မငယ်ပါနဲ့ ။ မိမိ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း လုပ်စရာတွေ အများကြီးပါ။
 

(၇) လူ့ ဘ၀ ရခဲတဲ့ ခဏတာမှာ၊ တစ်ဦးတစ်ယောက် ရဲ့  လောင်းရိပ်အောက် မှာ ကိုယ်စိတ် ၂-ပါး အညှိုး မခံသင့်ပါဘူး။ မိမိရဲ့ ကိုယ် မိမိရဲ့ စိတ်ကို မိမိသာ ပိုင်ပါတယ်။ 
 

(၈) အသိစိတ်က မည်သို့ ပင် ဖြေဖျောက် ထားသော်လည်း၊ မသိစိတ်က မေ့ပျောက်မရ ဖြစ်တတ်တာက “အချစ်” ပါ။ ဇွတ်တင်း မုန်းမေ့နိုင်အောင် ကြိုးစားနေရတာ ကလည်း လူကိုပို၍ ပင်ပန်း ခက်ခဲလှပါတယ်။ အဲဒီအခါ တရားဓမ္မကို နှလုံးသွင်းခြင်း၊ အဓိဌာန်ပုတီးစိပ်ခြင်း၊ အသိပညာ အတတ်ပညာ သင်တန်း တစ်ခုခုတက်ခြင်း စသည်ဖြင့် လောကီ လောကုတ္တရာ အကျိုးများစေမည့် နည်းလမ်းကောင်းကို ရှာဖွေပါ။


“ အချိန်ဟာ သမားတော်” “အချိန်ဟာ ဆုံးဖြတ်ပါလိမ့်မယ်” လို့  ရှေးရိုးစကား ရှိပါတယ်။ သို့ သော် ကျွန်မ အမြင်ကတော့ အချိန်ကို ပုံမချဘဲ မိမိစိတ်ကိုသာ ယတိပြတ် ဆုံးဖြတ်နိုင်မယ်ဆိုရင် *** အသည်းကွဲ တယ်ဆိုတာ တကယ်ရှိလို့ လား *** ရယ်လို့  ကြားတောင် မကြားဖူးတဲ့ စကားလုံးအဖြစ် အံ့သြလို့ တောင် နေမိမှာ အမှန်ပါ။
 

ချစ်တတ်သူတိုင်း ပျော်ရွှင်နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း။
 

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)


Ebola ဗိုင်းရပ်စ် ကူးစက်သူ နိုင်ဂျီးရီးယားမှာ ထပ်မံတွေ့ရှိ


 နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူကို ကုသပေးတဲ့ ဆရာဝန် တယောက် လွန်ခဲ့တဲ့ ၁၀ ရက်က Lagos မြို့မှာ သေဆုံးခဲ့ တာဟာ ဒုတိယမြောက် သေဆုံးမှု ဖြစ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။


နိုင်ဂျီးရီးယား တာဝန်ရှိ သူတွေက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရေး ဆောင်ရွက်ချက် အနေနဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈ ဦးကို သီးခြား ခွဲထား ရှိထားပြီး နောက်ထပ် သုံးယောက်တို့ ကိုလည်း စစ်ဆေးမှု အဖြေကို စောင့်စားနေကြတယ်လို့ ကျန်းမာရေး ၀န်ကြီး Onyebuchi Chukwu က တနင်္လာနေ့မှာ ပြောပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနကနေ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ၅၀ တို့ကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဒဏ် အကြီးအကျယ် ခံစားနေရတဲ့ အနောက် အာဖရိက ၃ နိုင်ငံကို အကူအညီပေးရေး အဖြစ်နဲ့ စေလွှတ် နေပါပြီ။


အနောက် အာဖရိက သုံးနိုင်ငံမှာ ဒီနှစ်အတွင်း အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလကုန်ပိုင်းမှာ ဂီနီ၊ ဆီရာလီယွန်းနဲ့ လိုက်ဘေးရီးယား နိုင်ငံတို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကလည်း အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုဒဏ် ခံနေရတဲ့ ဒီသုံးနိုင်ငံအတွင်း ဒေါ်လာ သန်း ၁၀၀ သုံးစွဲမယ့် အရေးပေါ် ဆောင်ရွက်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အတွက် ကျွမ်းကျင်သူ ၆၀၀ လောက် လိုလိမ့်မယ် လို့လည်း WHO ရဲ့ ပြောခွင့်ရက ပြောထားပါတယ်။


ဒီနိုင်ငံ ၃ ခုတို့မှာ အီဘိုလာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက စေတနာ့ ၀န်ထမ်း ၂ ထောင်ကျော်တို့ အလုပ်လုပ် နေကြပါတယ်။ လိုက်ဘေးရီးယား နိုင်ငံက အီဘိုလာ ကူးစက်ခံရသူတွေကို ကုသပေးရင်း အီဘိုလာ ကူးစက်ခံခဲ့ရသူ အမေရိကန်ဆရာဝန် တဦးဟာလည်း စနေနေ့မှာ ဌာနေ ပြန်လည် ရောက်ရှိခဲ့ပြီး ဂျော့ဂျီယာ ပြည်နယ် အတ္တလန္တာက Emory တက္ကသိုလ် ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ။ ဒါ့အပြင် လိုက်ဘေးရီးယားနိုင်ငံတွင်းမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အမေရိကန် သာသနာပြုတဦးလည်း အင်္ဂါနေ့မှာ ပြန်လည် ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဖုန်းပြောဆိုခကို (၁)မိနစ်(၂၅)ကျပ်နှုန်းဖြင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ဝန်ဆောင်မှုပေး

http://mandalaygazette.com/wp-content/uploads/2014/02/7902_553988067975169_1420658941_n.jpg

မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းအနေဖြင့် MPT မိုဘိုင်းလ်အသုံး ပြုသူCustomerများအတွက် Friends and Family Service ၀န်ဆောင်မှုPromotion အစီအစဉ်အဖြစ်၂၀၁၄ဇူလိုင်၂၉ရက်နေ့မှ စတင်၍ မိမိတို့၏သူငယ်ချင်း ၊ မိတ်ဆွေ၊မိသားစုဝင်တို့၏ မိုဘိုင်းလ်ဖုန်းများကို တစ်မိနစ်လျှင်၂၅ကျပ်ဖြင့်ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်ကို ၂၀၁၄ ဇူလိုင်၂၉ရက်နေ့မှ စတင်၍ ၂၀၁၄ သြဂုတ်၃၁ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ငွေ ဖြည့် ကတ်သုံး GSM/ WCDMA ဖုန်းသုံးစွဲသူများအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်အသုံးပြု လိုသူများအနေဖြင့်သတ်မှတ်ထားသည့် ပုံစံအတိုင်း1331 သို့ Message ပေးပို့ရ မည်ဖြစ်သည်။ ပေးပို့ ထားသောဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါကမိမိ၏ဖုန်းတွင် VIEW ဟုရိုက်ပြီး 1331သို့messageပေးပို့၍ပြန်လည်ကြည့်ရှုနိုင်သည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြုလုပ်ပေးသည့်အဆိုပါဝန်ဆောင်မှုအစီအစဉ်တွင်မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ကျပ်ကိုGSM/WCDMAမိုဘိုင်းလ်ဖုန်း၏လက်ကျန်ငွေမှနှုတ်ယူသွားမည် ဖြစ်သည်။မိမိAdd ပြုလုပ်ပေး ပို့ထားသော မိုဘိုင်းလ်ဖုန်းနံပါတ်များကို တစ်မိနစ်လျှင်၂၅ကျပ်နှုန်းဖြင့် စတင်အသုံးပြုသည့်ရက်မှစ၍ ရက်ပေါင်း (၃၀) အတွင်းခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ “လောလောဆယ်တော့ ဒီဝန်ဆောင်မှုကို GSM/WCDMA မိုဘိုင်းလ်ဖုန်းတွေပဲအသုံးပြုနိုင်မှာပါ။ ဒီဝန်ဆောင်မှုက မိမိဖုန်းနံပါတ်တစ်ခုမှာ မိုဘိုင်းလ် ဖုန်းနံပါတ်အများဆုံး ၃ခုကိုပဲခွင့်ပြုထားပါတယ်။CDMA ဖုန်းအသုံးပြုသူတွေအတွက်လည်း မကြာခင် အချိန်အတွင်းမှာ အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။ 1331ကို message ပေးပို့တာကတော့ အခမဲ့ဖြစ် ပါတယ်။ ဒါပေမယ့်ဖုန်းဘေလ်လက်ကျန်ငွေ၂၅၀၀ကျပ် အနည်းဆုံးရှိ ဖို့တော့ လိုပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအော်ပရေတာလိုင်စင် လက်ဝယ် ရရှိထားသောနိုင်ငံတကာမိုဘိုင်းလ်အော်ပရေတာများနှင့်အပြိုင်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် KDDI, Sumitomo Corporation အစရှိသော ထိပ်သီးဆက်သွယ်ရေးကုမ္မဏီများနှင့် အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေး ဆိုင်ရာအဆောက် အဦးများ၊ အင်တာနက်အပါအ၀င် မိုဘိုင်းလ် ၀န်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတည်ဆောက်ထားရှိသော Mobile network များကိုပိုမိုကောင်းမွန်ရန် အတွက် KDDI နှင့် Sumitomo Corporation ကုမ္မဏီများမှထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
 
မြန်မာ့ဆက်သယ်ရေးလုပ်ငန်းမှဝန်ဆောင်မှုပေးသွားမည့် Friends and Family Service ၀န်ဆောင်မှု Promotion အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့် www.mcit.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့လည်းဆက်သွယ်၍မေးမြန်း စုံစမ်းနိုင်ကြောင်းသိရှိရ သည်။ နောက်ပိုင်း ကာလများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ  ဖြင့်တန်ဖိုးနည်း Sim card များကိုအကန့်အသတ်မရှိ မိုဘိုင်းလ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ GSM(2G) နှင့် WCDMA(3G) sim card အမျိုးအစားများကို အဓိကထား၍ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကိုယ်ပိုင်call centerကိုတည်ထောင်သွားရန်စီစဉ်ထားရှိပြီးKSGM (KDDI Summit Global Myanmar Co,.Ltd) ကိုထူထောင်သွားမည်ဖြစ်သည်။
 
အဆိုပါKSGMကုမ္မဏီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပေးအပ်သွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာသန်း (၂,၀၀၀) ကိုပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင်ရင်းနှီး မြုပ်နှံသွားရန် ကနဦး စီစဉ်ထားရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ရှိပြီးသား Mobile Network များထက် ပိုမိုကောင်း မွန်သော Network များကို KDDI, Sumitomo Corporation နှင့်ပူးပေါင်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် သည်။
 
 မင်းလွင်၊အောင်ရဲကျော်
Myanmar Digital Life Journal

2 Aug 2014

ရှေ့လာမဲ့နှစ်ဆန်းမှာအင်္ဂလန်နိုင်ငံရဲ့အများအသုံးပြုတဲ့လမ်းတွေပေါ်မှာ မောင်းသူမဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ပြုတော့မှာပါ


 
 
 
 
 ရှေ့လာမဲ့နှစ်ဆန်းမှာအင်္ဂလန်နိုင်ငံရဲ့အများအသုံးပြုတဲ့လမ်းတွေပေါ်မှာ မောင်းသူမဲ့ မော်တော်ကားတွေကို စမ်းသပ်မောင်းနှင်ခွင့်ပြုတော့မှာပါ။ အောက်စဖို့တက္ကသိုလ်နဲ့ ယူကေက အင်ဂျင်နီယာတွေ စမ်းသပ်တီထွင်တဲ့ မောင်းသူမဲ့ယဉ်တွေကို မူလက ၂၀၁၃ နှစ်မှာ စမ်းသပ်မောင်းနှင်ခွင့်ပြုဖို့စီစဉ်ထားပေမဲ့ ဥပဒေလိုအပ်ချက်တွေ ရှိနေတဲ့အတွက် စမ်းသပ်မှုတွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ နီဗာဒါနဲ့ဖလောရီဒါမှာ မောင်းသူမဲ့ယဉ်တွေ စမ်းသပ်နိင်ပြီဖြစ်ပါတယ်။

၂၀၁၃ခုနှစ် က ဂျပန်နစ်စန်ကုမ္ပဏီက မောင်းသူမပါတဲ့ယဉ်တွေကို ဂျပန်နိုင်ငံက အများသုံးလမ်းမှာ စမ်းသပ်မောင်းနှင်ခွင့်ပြုခဲ့ပါတယ်။

 BBC Burmese 

 
 

ခြေထောက်တွင် ဘုရားပုံများ တက်တူးထိုးထားသော နိုင်ငံခြားသားတစ်ဦးကို တားဆီးအရေးယူ






ခြေထောက်တွင် ဘုရားပုံများ တက်တူးထိုးထားသော နိုင်ငံခြားသားတစ်ဦးကို
တားဆီးအရေးယူ ။
==============================
ခြေထောက်တွင် ဘုရားပုံများတက်တူးထိုးထားသော ကနေဒါ နိုင်ငံသားတစ်ဦးအား ဒေသခံပြည်သူများ၏ တိုင်ကြားချက်အရ ရှမ်းပြည်နယ် ညောင်ရွှေမြို.နယ်ရှိ နန္ဒဝန်ဟိုတယ်တွင်တည်းခိုနေစဉ်တွေ.ရှိရပြီး မြန်မာ နိုင်ငံဧည့် လမ်းညွှန် အသင်းMGTA နှင့် ရှမ်းတောင် MGTA မှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝက များ ပူးပေါင်း၍ တားဆီးအရေးယူမှု လိုအပ်သလို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိ ပါ သည်။

သတင်းဓါတ်ပုံ- ကိုနိုင်ကျော်ဇေယျ

copy from - Ko Kyaw Swar Myint

ဒေါ်လာ(၃၁)ဘီလီယံ အလှူ ရှင်ရဲ့ အတုယူဖွယ်ရာများ

 
ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဟာ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းလိုက်ပါတယ်။


“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။


တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်…..


အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။


(၁) သူ့အသက် (၁၁)နှစ်မှာ သူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)


(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


(၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာ ရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာ အကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထက် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)


(၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)


(၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမ္ပဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှ မရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)


(၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)


(၇) အဲ့ဒီ CEO တွေကို စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


(၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)


(၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။


(၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။


လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့….
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .

(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။


(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။


(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။


(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။


(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။


(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။…..

source” CNBC

Bamar Pyi Thar


https://www.facebook.com/501057299977813/photos/a.501060999977443.1073741826

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား

2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်
K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ အဆိုပါ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲသို့ 2NE1 ပရိသတ် အများအပြား ကြိုတင်လာရောက် စောင့်ဆိုင်းခဲ့ကြပြီး 2NE1 အဖွဲ့ သီဆိုထားသည့် သီချင်းများကို အော်ဟစ်သီဆိုရင်း စောင့်ဆိုင်းခဲ့ကြသည်။ ထို့အပြင် 2NE1 အဖွဲ့သားများဖြစ်သည့် Dara၊ Bom၊ CL နှင့် Minzy တို့၏ နာမည်များကိုလည်း အော်ဟစ်ကာ ကြိုဆိုခဲ့ကြသည်။


2NE1 အဖွဲ့သားများ၏ ပရိသတ်များ၊ မီဒီယာများနှင့် တွေ့ဆုံမှုကို ညနေ ၃ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးချင်းက ပရိသတ်များအား နှုတ်ဆက်ခဲ့သည်။ ထို့နောက် မီဒီယာများမှ မေးမြန်းထားသည့် မေးခွန်းများအနက်မှ မဲနှိုက်၍ကျရာမေးခွန်းကို ဖြေကြားခဲ့ရာ ၎င်းတို့အောင်မြင်နေသည့် အဓိကလျှို့ဝှက်ချက်မှာ ပရိသတ်များ အားပေးမှုကြောင့်ဖြစ်ကြောင်း၊ ပရိသတ်အားပေးမှုမရှိလျှင် 2NE1 အဖွဲ့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ဖက်ရှင်နှင့်ပတ်သက်၍ ၎င်းတို့ကိုအားပေးသည့် ပရိသတ်များမှာ ဖက်ရှင်ကျနခြင်းကြောင့် ၎င်းတို့လည်း ယုံကြည်ချက်အပြည့်ဖြင့် ဖက်ရှင်ကျနစေရန် ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် ဖြစ်စေ၊ ပရိသတ်များနှင့် တွေ့ဆုံရန်အတွက် ဖြစ်စေ နောက်တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။


ဩဂုတ် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍လည်း ပရိသတ်များ နားထောင်လိုသည့် တေးသီချင်းများကို သီဆိုပြသွားမည်ဖြစ်ကြောင်း၊ ပရိသတ် နားထောင်ချင်သရွေ့ သီဆိုပေးသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး အတွေ့အကြုံဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အကောင်းဆုံး အတွေ့အကြုံများအား ထပ်မံရယူနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ လေဆိပ်တွင် ပရိသတ်များမှ နွေးထွေးစွာ လာရောက်ကြိုဆိုခဲ့သည့်နည်းတူ ဖျော်ဖြေပွဲတွင်လည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု
 မျှော်လင့်ထားပါကြောင်း၊ ပရိသတ်များနှင့်ပတ်သက်၍ အားပေးသည့် ပရိသတ်များ ရှိသဖြင့်သာ ၎င်းတို့ရပ်တည်နိုင်ခြင်းဖြစ်ကာ ပရိသတ်များမရှိပါက 2NE1 ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။


ထို့နောက် မေးခွန်းများဖြေဆိုမှုအပြီးတွင် Facebook Fan များအနက်မှ ကံထူးသူများကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲဖက် ရိုက်ကူးခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။


2NE1 အဖွဲ့သည် ဩဂုတ် ၁ ရက် ညပိုင်းတွင် ပြုလုပ်သည့် Pre Party Program သို့လည်း တက်ရောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် အနုပညာရှင်များ၊ VVIP လက်မှတ်ဝယ်ယူထားသူများ တက်ရောက်ခဲ့ကြသည်။ 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ဩဂုတ် ၂ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်သည်။


2NE1 KPop Girl Band အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံများသို့ World Tour အစီအစဉ်အဖြစ် လှည့်လည်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ 2NE1 KPop Girl Band အဖွဲ့သည် ၂ဝဝ၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး CL၊ Bom၊ Dara၊ Minzy တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 2NE1 KPop Girl Band အဖွဲ့၏ I Don’t Care၊ I am the Best တေးသီချင်းများသည် Song of the Year ဆုများကို ရရှိခဲ့သည်။


Eleven Media


ooredoo ဆင်းကဒ်အလုံအလောက်ချပေးထားသည့်အတွက် ကျပ်၁၅၀၀ထက်ပိုပေး မ၀ယ်ကြရန် ကုမ္ပဏီမှ ပြောကြား


ရန်ကုန်- သြဂုတ် ၂
ဆင်းကဒ်များအားအလုံအလောက်ချပေးထားသည့်အတွက်ကျပ်(၁၅၀၀)ထက်ပိုမိုပေး၍မ၀ယ်ကြရန်
အဆိုပါကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် Ross Cormack
က ယနေ့ ပြုလုပ်သည့် ooredoo ဆင်းကဒ်များစတင်မိတ်ဆက်သည့်အခမ်းအနားတွင်ပြောသည်။

 
"ဒီဆိုင်မှာဈေးကြီးနေလို့ ရှိရင်နောက်တစ်ဆိုင်ပြောင်းဝယ်ကြပါ၊ဆိုင်တွေလည်းခြေလှမ်းအနည်းငယ်
လှမ်းယုံနှင့်တွေ့ မှာပါ၊ဒါကြောင့်ဘယ်သူမှပိုမ၀ယ်ကြပါနဲ့ "ဟု၎င်းက
ဆက်ပြောသည်။

 
လက်ရှိတွင် ooredoo ဆင်းကဒ်များကိုရန်ကုန်မြို့ ၊မန္တလေးမြို့ နှင့်နေပြည်တော်တို့ တွင်စတင်ရောင်းချပေးလျှက်ရှိရာ
အချို့ သောဆိုင်များမှာသတ်မှတ်ထားသည့်ကျပ်(၁၅၀၀)
တန်နှုန်းထက်ပို၍ဈေးတင်ကာရောင်းချလျှက်ရှိနေကြောင်းဈေးကွက်အ
တွင်းမှသိရသည်။ AZ


Popular Myanmar News Journal