28 Aug 2014

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ


တစ်ချိန်က ကုရာနတ်္ထိဆေးမရှိခဲ့သော အေအိုင်ဒီအက်စ်ကို လာမည့် နှစ်ပိုင်းများအတွင်း တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲတင်းတင်း ပြောနိုင် သည့် အခြေအနေရောက် လာပြီ။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အေအိုင်ဒီအက်စ်ရောဂါကို ၂၀၃၀ ပြည့်နှစ်မှာ အပြည့်အ၀ထိန်းချုပ်နိုင် မည်ဟု နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ရဲရဲတင်းတင်း ပြောလိုက်ပြီ။ ယခင်က ကုရာနတ်္ထိ ဆေးမရှိ၊ ယခုလည်း အမြစ် ပြတ်ကုစရာ ဆေးမရှိသေးသည့်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု ဆိုလိုက်ခြင်းမှာ ယုတ်္တိမရှိဟု ထင်စရာရှိသည်။ မည်သည့် နည်းလမ်းများဖြင့် ထိန်းချုပ်ကြပါမည်နည်း။

၂၀၃၀ မှာ အေအိုင်ဒီအက်စ် အမြစ်ပြတ် ဆေးပေါ်ပြီး အားလုံးကို ကုသပေးနိုင်မည်ဟု မဆိုလို။ သို့သော် လက်ရှိပေါ်နေပြီဖြစ်သော အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးဖြင့်ပင် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ မရှိအောင် ၂၀၃၀ ခန့်တွင် ထိန်းချုပ်နိုင်တော့မည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီကြောင့်ဖြစ် သည့် အေအိုင် ဒီအက်စ်ဖြစ်ပွားသူ ပမာဏကိုလည်း ထိန်းချုပ်နိုင်တော့မည်။ အသစ်ကူးစက်၊ အသစ် ဖြစ်ပွားသူ မရှိအောင် ထိန်းနိုင်ပြီဆိုလျှင် အမြစ်ပြတ် တိုက်ဖျက်နိုင်ရေး လွန်စွာ နီးစပ်သွားပြီဖြစ်သည်။ လက်ရှိမှာပင် အေအာဗွီဆေးဖြင့် ကမ္ဘာတစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ (၁၃) သန်းကျော်ကို လူ့သက်တမ်းစေ့နေနိုင်အောင် စောင့်ရှောက်ထားနိုင်ပြီ။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီကို အသေမသတ်နိုင် သော်လည်း ခန္ဓာကိုယ်ထဲ ၀င်နေသော အိပ်ခ်ျ အိုင်ဗွီကို မလှုပ်နိုင်အောင်၊ ဆက်မပျံ့ပွားနိုင်အောင် ထိန်းပေးထားသည်။ ထိုသို့ ထိန်းလိုက်သဖြင့် အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ် ခုခံအားစနစ်ကို ဒုက္ခ မပေးနိုင်တော့။ ထိုအခါ ခုခံအားကျဆင်းသည့် အေအိုင်ဒီအက်စ်ရောဂါ အဆင့်သို့ မရောက်ရှိတော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သွားသည်။

အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ဦးထံမှ ထပ်ဆင့်ကူးစက်ခံရသည့် နှုန်းကို တစ်ယောက်ထက် နည်းအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အိပ်ခ်ျအိုင်ဗွီ ရှိသူ (၁၀) ဦးရှိသည်ဆိုပါက ထိုလူများက တစ်ဆင့် ထပ်ကူးခံရသူ ပမာဏသည် (၁၀) ဦးအောက်သာ ရှိအောင် ထိန်းချုပ်သွားမည်။ ထိုသို့ ထိန်းချုပ်သွားခြင်းဖြင့် အချိန်တို အတွင်းမှာပင် အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်ရသူ ပမာဏသည် ကျပြီးရင်း ကျဆင်းသွားမည်။ အိပ်ခ်ျအိုင်ဗွီကို သိပ္ပံပညာက စတွေ့သည်မှာ (၃၃)နှစ်လောက်သာရှိ သေးသည်။ ထိုကာလတို အတွင်း အိပ်ခ်ျအိုင်ဗွီကို နိုင်နင်းအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးရှိလာသည်မှာ ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။သိပ္ပံသုတေသနပိုင်းကလည်း အားကောင်းသလို၊ နိုင်ငံရေးပိုင်းကလည်း အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်တိုက်ဖျက် ရေးအား တက်သရောရှိခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ကြီး UNAIDS ၏ စာရင်းအရ ပြီးခဲ့သည့်တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အေအိုင်ဒီအက်စ် ဖြင့် လူ (၁ ဒသမ ၅)သန်း သေဆုံးကြောင်း သိရသည်။ သေဆုံးနှုန်း အများဆုံးဖြစ်ခဲ့သော ၂၀၀၅ ခုနှစ်က (၂ ဒသမ ၄) သန်းထက်သိသာစွာ လျော့ကျ လာပြီဖြစ်သည်။ သေဆုံးနှုန်းလျော့ကျလာသလို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူနှုန်း ကလည်း တစ်နှစ်ပြီးတစ်နှစ် လျော့ကျလာနေပြီကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်ရောက်သည့်အခါ အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်မှု လုံးဝထိန်းချုပ်နိုင်ရမည်ဟူသော ရည်မှန်းချက်မှာ အဓိပ္ပာယ်ရှိ၍ ဖြစ်နိုင်သော ရည်မှန်းချက်ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်နက်ကောင်းများကို ပြီးခဲ့သည့် အပတ်က သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သောအကြိမ် (၂၀)မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ပညာရှင်များ တင်ပြခဲ့ကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အစည်းအဝေးတက်ရန် လာသည့် ကိုယ်စားလှယ် ခြောက်ဦးသည် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ မလေးရှား လေယာဉ် MH 17 ပျက်ကျမှုတွင် ကွယ်လွန်ခဲ့ရသည်။ ၎င်း တို့အနက် တစ်ဦးမှာ နိုင်ငံတကာ အေအိုင်ဒီအက်စ် အဖွဲ့ကြီး (International AIDS Society) ၏ ဥက္ကဋ္ဌ ဟောင်းဂျိုးလန်း ဖြစ်သည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလှုပ်ရှားမှု၏ မီးရှူးတန်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ မည်သို့ပင် ဆိုစေ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားမှုများကား အင်အားကောင်းကောင်း ဆက်ချီတက်မည်ဖြစ်သည်။

ကူးစက်မှု ဘရိတ်အုပ်

အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာလည်း ရှိနေပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော တောင်အာဖရိ က အေအိုင်ဒီအက်စ် သုတေသနစင်တာမှ စလင်းအဗ္ဗဒူးကာရင်မ်က ပြောသည်။ အိပ်ခ်ျအိုင်ဗွီ ရှိသူများကို ဆွေးနွေး ပညာပေးခြင်းနည်း၊ ကွန်ဒုံးသုံးခြင်း နည်း၊ အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများပေးခြင်းနည်းများသည် လွန်စွာ ထိရောက် သောနည်းလမ်းများ ဖြစ်လာပြီ။ ထိရောက် သောနည်းလမ်း များထဲမှ ပို၍ထိရောက်သော နည်းလမ်းကား အေအာဗွီဆေး ဖြစ်သည်။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီရှိသူ ခန္ဓာကိုယ်ထဲက ပိုးကိုသိသိသာသာ ထိန်းချုပ် ပေးနိုင်ရာ ထိုသူမှတစ်ဆင့် အခြားသူများသို့ ကူးနိုင်ခြေ အလွန်နည်းသွားသည်အထိ ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

လေ့လာမှုတစ်ရပ်အရ ဇနီးခင်ပွန်း တစ်ဦးဦး၌ အိပ်ခ်ျအိုင်ဗွီရှိနေသော အိမ်ထောင်သည် စုံတွဲများတွင် ပိုးရှိသူကို အေအာဗွီဆေးသုံးစေပါက ကူးစက်မှု (၉၆) ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ပုံမှန် နေ့စဉ်ဘ၀ လူပေါင်းစုံထဲတွင် ကူးစက်မှု လျှော့ချ ပေးနိုင်စွမ်းကိုလည်း လေ့လာမှု စစ်တမ်း တစ်ရပ်ပြုစုထားသည်။ တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတယ် တက္ကသိုလ်က စစ်တမ်းပြုစုခြင်း ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၀)မှ (၄၀)ရာ ခိုင်နှုန်းထိကို အေအာဗွီဆေး တိုက်ကျွေးထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများနှင့် အေအာဗွီ ဆေး (၁၀) ရာခိုင်နှုန်းခန့်သာ တိုက် ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါ မရှိသူများကို ယှဉ်ကြည့်သည်။ ထိုအခါ အေအာဗွီဆေး ရာခိုင်နှုန်း များများ တိုက်ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများသည် အိပ်ခ်ျအိုင်ဗွီကူးစက်ခံ ရနိုင်ခြေ (၃၈)ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ခဲ့ရသည်။

အိပ်ခ်ျအိုင်ဗွီရှိသူများကို အေအာဗွီဆေးဖြင့် ထိန်းပေးနိုင်သလို အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ရနိုင်ခြေများသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော လူကောင်းများအတွက်လည်း Truvada ကဲ့သို့အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးများရှိသေးသည်။ ဆန်ဖရန်စစ်္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရောဘတ် ဂရန့်သည် Truvada ဆေးကို အစဦး စမ်းသပ်တီထွင်သူများထဲတွင် ပါဝင်သည်။ မဲလ်ဘုန်းမြို့ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် မစ္စတာ ဂရန့်က ကမ္ဘာ့ တိုက်ကြီးလေးခုရှိ နေရာ (၁၁) နေရာတွင် ပြုလုပ်ခဲ့သော ၎င်း တို့၏ သုတေသနများအကြောင်း ဆွေးနွေးတင်ပြသွားသည်။

Truvada သည် အိပ်ခ်ျအိုင်ဗွီ ကူးစက် မခံရအောင် (၉၀)ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်ကြောင်း မစ္စတာ ဂရန့်က ပြောသည်။ နေ့တိုင်း သောက်ဖို့လည်း မလို။ တစ်ပတ် လေးကြိမ်သောက်လျှင် စိတ်ချရသည်။ နေ့တိုင်းဆေးသောက်ဖို့ မေ့တတ်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။ သို့သော် Truvada သည် ဈေးကြီးလွန်းနေသေးသည်။ ဆေးတစ်လစာကို ဒေါ်လာ(၁၃၀၀) လောက်ကျသင့်သည်။
 ဈေးကြီးလွန်းခြင်းက Truvada ၏ တွင်ကျယ်မှုကို အတားအဆီး ဖြစ်စေလျက်ရှိသည်။


အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ဖို့ လက်နက် ကောင်း တော်တော်များများရှိလာပြီ။ သို့သော် Truvada ဥပမာကဲ့သို့ပင် ဈေးကြီးနေ သေးခြင်းသည် အတားအဆီး ဖြစ်နေသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အတွက် နိုင်ငံရေးပိုင်း၏ စိတ်အားထက်သန်စွာ အားပေးမှုအရှိန်မသေဖို့လည်း လိုသေး သည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ချမှတ် အကောင် အထည်ဖော်ခဲ့သော ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များထဲတွင် အေအိုင် ဒီအက်စ် တိုက်ဖျက်ရေးကို အဓိက လုပ်ငန်း စဉ်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံများသည်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ၂၀၁၅ တွင် သက်တမ်းကုန်ဆုံးတော့မည်။ ၂၀၁၅ လွန်ရည်မှန်းချက် မူကြမ်းများထဲတွင် ကား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို အဓိကအသားပေး ဖော်ပြထားသည်မျိုး မတွေ့ရသေးရာ နိုင်ငံရေးပိုင်းက စိတ်အား ထက်သန်မှုကျဆင်းသွားမှာ စိုးရိမ်ရသည်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ တစ်ဝန်း တစ်နှစ်ကို ဒေါ်လာ(၁၉) ဘီလီယံ လိုအပ်ရာ ရှေ့လာမည့် နှစ်ပိုင်းများတွင် ပြည့်မီအောင် ကောက်ခံမရနိုင်မည့် အလားအလာများတွေ့နေရပြီ။ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများ ငွေနည်းနည်း နဲ့ အလုပ်များများတွင်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည်။

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးနောက် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း အေအာဗွီဆေး သောက်သုံးနိုင်လျှင် အိပ်ခ်ျအိုင်ဗွီဆိုးကျိုး ခံစားရမှု အနည်း ဆုံးဖြစ်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ သို့သော် မည်သူသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့က မလွယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၅) သန်းရှိသည်။ ၎င်းတို့အနက်(၁၉) သန်းခန့် သည် အိပ်ခ်ျအိုင်ဗွီပိုး ရှိကြောင်း ကျန်းမာရေးအဖွဲ့များက ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖော်ထုတ်သိရှိခြင်း မရှိသည့်အတွက် ထိုလူများကို အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးဖို့ မဖြစ်နိုင်သေးသလို၊ ထိုသူများထံကတစ်ဆင့် အခြားသူများထံ မကူးစက်အောင် ပညာပေး ဆွေးနွေးခြင်းမျိုးလည်း မလုပ် နိုင်ဘဲ ဖြစ်နေသည်။ ထိုလူများ ကျန်ရှိနေသမျှ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ဖို့က ခက်နေဦးမည်ဖြစ်သည်။ အေအိုင်ဒီအက်စ် အဆုံးသတ်ပစ်ဖို့ ဝေးနေဦးမည်။ ထိန်းချုပ်ရေးအပြင် ကျန်ရှိနေသေးသူ (၃၅) သန်းခန့်ကို ပျောက်အောင် ကုပေးနိုင်အောင်လည်း ထပ်တိုး ကြိုးပမ်းကြရမည်။


လွန်ခဲ့သည့် နှစ်နှစ်က ၀ါရှင်တန်တွင် ကျင်းပသော (၁၉)ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမှု များထဲ၌ ကုသနိုင်မည့် မျှော်လင့်ချက်များလည်း ပါသည်။ အမေရိကန် နိုင်ငံ မစ်္စစ်္စပီပြည်နယ်မှ ကလေးငယ် မိန်းကလေး တစ်ဦးကို မွေးပြီးပြီးချင်းမှာပင် အေအာ ဗွီဆေးပေး၍ ကုသခဲ့သည်။ ကလေးငယ် သည် မိခင်ထံမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်လာ ခြင်းဖြစ်သည်။ ကလေးငယ်ကို (၁၈) လသားအထိ အေအာဗွီဆေးပေးကာ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် နေရပ်ပြောင်းသွားရာ ကလေးကိုလည်း အေအာဗွီဆေး ဆက်တိုက်ကျွေးနိုင်ခြင်း မရှိဘဲ အဆက်ပြတ်သွားခဲ့သည်။ ကလေးနှင့် ပြန်ဆက်သွယ်နိုင်သည့် အချိန်တွင် စစ်ဆေးကြည့်ရာကလေးတွင် အိပ်ခ်ျအိုင်ဗွီပိုး လုံးဝမရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ထိုအတိုင်းမှန်လျှင် ကလေး၏ အိပ်ခ်ျအိုင်ဗွီကို ပျောက်အောင် ကုလိုက်နိုင်ပြီဟု ဆိုနိုင်သည်။ ဆရာဝန်များသည် ကလေးကို အေအာဗွီဆေး ဆက်မတိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ ယခု ဇူလိုင်လ ဆန်းပိုင်းတွင် ကလေးမှာ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါ်လာ သည်။ ဆေးဖြတ်လိုက်ပြီး ၂၇ လအကြာတွင် အိပ်ခ်ျအိုင်ဗွီ တစ်ကျော့ပြန် ပေါ်လာခဲ့သည်။


နောက်ထပ် တစ်ယောက်ကား ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တင်မိုသီ ဘရောင်းဖြစ်သည်။ ဘရောင်းသည် အိပ်ခ်ျအိုင်ဗွီ ရှိပြီး သွေးကင်ဆာဒဏ် လည်း ခံစားနေရသဖြင့် သွေးကင်ဆာကုထုံးအဖြစ် ၎င်း ကို ရိုးတွင်းခြင်ဆီ လဲလှယ်ခဲ့သည်။ ၎င်း ထံ လဲလှယ် ထည့်သွင်းခဲ့သော ရိုးတွင်းခြင်ဆီသည် မျိုး ဗီဇအရ အိပ်ခ်ျအိုင်ဗွီဒဏ်ခံနိုင်သူတစ်ဦးထံမှ ဖြစ်ရာ ရိုးတွင်းခြင်ဆီ လဲလှယ်ပြီးနောက် ဘရောင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး မရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ယခုအချိန်ထိ ဘရောင်းသည် ပထမဆုံးသော အိပ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ဘရောင်းကို ကုသခဲ့သော နည်းမျိုးသည် လူတိုင်းကို လုပ်ပေးနိုင်သော နည်းကားမဟုတ်။


သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။ ယခု ထိတော့ တိုက်ရိုက်ကုဆေး မရှိသေး။ သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူများ လက်ရှိမှာ လုပ်ရန်ကား အကျိန်းသေဆုံးနည်းဖြစ်သည့် အေအာဗွီ ဆေး ပုံမှန်သောက်သုံးကြဖို့ ဖြစ်သည်။


Ref: The 20th International AIDS Conference _ Is the end in sight? (The Economist)
 
messengernewsjournal


ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည်



Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅ဝ) ကျပ်နှုန်းနှင့် Ooredoo မှ တစ်မိနစ် (၃၅) နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။


“ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅) ကျပ်ပဲ ကောက်ခံမယ်။ Sim ကတ်နဲ့ ငွေဖြည့်ကတ်ဒ်တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြန်သွားမယ်” ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။


Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅ဝဝ) ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ ယင်း Sim ကတ်ဒ်များမှ မိုဘိုင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများ ဖြစ်သည့် Video Call ၊ Voice mail ၊ အင်တာနက် စသည် တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


“MPT အနေနဲ့ ကလည်း ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ လျှော့ချဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ အားလုံး အဆင်ပြေစေမယ့် ဈေးနှုန်း ဖြစ်မှာပါ။ မကြာခင်တော့ အကောင်အထည် ဖော်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ဆိုသည်။


Telenor မှ ရောင်းချမည့် Sim ကတ်ဒ်များမှာ 2G ကွန်ရက်ဖြစ်၍ မည်သည့် ဟန်းဆက်မဆို အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်ဒ်များ စတင် ရောင်းချချိန်တွင် ဆင်းမ်ကတ်ဒ် သန်း (၃ဝ) ရောင်းချပေး သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။

 
Credit : Messenger


27 Aug 2014

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ကားမီးရှို့မှုကျူးလွန်ဟုဆို


ရန်ကုန် သြဂုတ် ၂၆
မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော Keleta Sawit တွင် ယနေ့နံနက်ပိုင်းက မြန်မာ အလုပ်သမား များသည် မော်တော် ကားတစ်စီးကို မီးရှို့မှုကျူးလွန်ခဲ့ပြီး ၄င်းတို့ အလုပ်လုပ်သော စက်ရုံတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း New Straits Times သတင်းစာက ဖော်ပြ သည်။


 မြန်မာ အလုပ်သမား များသည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂ဝမိနစ်တွင် စီမံခန့်ခွဲမှုဆိုင်ရာ နားလည်မှုလွဲမှားခြင်းကြောင့် အလုပ် သမားအုပ်စုများကြားတွင်အဓိကရုဏ်းများစတင်ဖြစ်ပွားခဲ့သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာများတွင်ဖော်ပြသည်။


ပဋိပက္ခ စတင်ဖြစ်ပွား ပြီး နောက် မြန်မာအလုပ်သမားများသည် စက်ရုံအတွင်း၌ရပ်ထားသော မော်တော်ကားတစ်စီးကိုမီးရှို့ခဲ့ခြင်းကြောင့် အဆိုပါ မော်တော်ကားမှာ ပျက်စီးသွားခဲ့ပြီး စက်ရုံရှေ့ပိုင်းရှိနေရာအချို့ကို မီးစွဲလောင်ခဲ့ခြင်းကြောင့် ဒေသခံမီးသတ်တပ်ဖွဲ့မှလာရောက်
မီးငြှိမ်းသတ်ခဲ့ရသည်ဟုသိရသည်။


 ဒေသခံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၈မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စက်ရုံရှေ့ပိုင်းရှိနေရာ အချို့ ပျက်စီးသွားခဲ့သည်ဟုသိရသည်။ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုဖော်ပြသည်။

ပြည့်ဖြိုးနိုင်
The Union Daily

21 Aug 2014

မလေးရှားကို အနိုင်ယူပြီး ပွဲတိုင်း ၃ ဂိုးသွင်းသည့် စံချိန်နှင့် မြန်မာအသင်း ဗိုလ်လုပွဲတက်

 
 
ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာ ယူ ၁၉ အသင်းနှင့် မလေးရှား ယူ ၂၁ အသင်းတို့၏ ဘရူနိုင်း ဘုရင့်ဖလား အကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ ပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်
တက်ရောက်သွားသည်။


မြန်မာအသင်းသည် မလေးရှား အသင်းအပေါ် ကစားကွက်အသာ ခြေအသာ ဖြင့် ကစားနိုင်ခဲ့ပြီး
ပထမပိုင်းတွင် သွင်းယူသော သွင်းဂိုး ၃ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည်
အုပ်စုပွဲ ၄ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း ပြိုင်ဘက်အသင်းတိုင်းကို ၃ ဂိုးသွင်းပြီး အနိုင်ယူခဲ့သည်။
ယနေ့ အကြိုဗိုလ်လုပွဲတွင်လည်း မလေးရှားကို ၃ ဂိုးပြတ်အနိုင်ရရှိပြီး ပွဲတိုင်း ၃ ဂိုးသွင်းသည့် စံချိန်ကို
ဆက်ထိန်းနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲအဖြစ်ထိုင်းနှင့် ဗီယက်နမ်အသင်းတို့မှ အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 
 
 
အဆိုပါဗိုလ်လုပွဲကို  (၂၃-၈-၂၀၁၄) ရက်နေ့ ဒေသစံတော်ချိန် ည (၈း၃၀) မြန်မာစံတော်ချိန် ည (၇) နာရီတွင် ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး၊ ယင်းပွဲစဉ်ကိုလည်း MRTV မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်
ဖြစ်ကြောင်း သိရှိရသည်...


NayMin

ဝက်သားတုတ်ထိုး အလွယ်လုပ်နည်း


ဝက်သားတုတ်ထိုးလုပ်ရာမှာ ပါဝင်ပစ္စည်းများ ( ၂၀- ၃၀ ယောက်စာ)


- ၀က်အစုံ ( နားရွက် 6ခု၊ အမြီး- ၅ ခု ၊ ကလီစာ၊ အသဲ ၊ကျောက်ကပ်၊ အူချို၊ အူမ၊လျှာ = ၁ကီလိုခွဲ စီ ၊ အသား – တစ်ကီလို) လန်ဒန်မှာရနိုင်တာများပါ။
 

-ပျားရည် ၅၀ ဂရမ် ( အစား သကြားကိုပိုသုံးနိုင်ပါတယ်)
-သကြား ၅၀ ဂရမ်
- five spices powder (တရုတ်မဆလာ )စားပွဲတင်3 ဇွန်း
- ginger paste စားပွဲတင် ၈ဇွန်း
-သစ်ဂျပိုး – ၅ခု
-နာနတ်ပွင့် ၃-၄ ခု
-ခရုဆီ – စားပွဲတင်ဇွန်း ၁၂ဇွန်း
-ပဲငံပြာရည် အနောက် – စားပွဲတင်၂၀ ဇွန်း ( ၂၅၀ မီလီခန့်)


ဝက်အူများလှန်လှောပြီးဆေးကာ ကလီစာများကို သန့်စင်ထားပါ။ ဂျင်း၊ ပျားရည်၊ ပဲငံပြာရည်၊ ဆား၊ အသားမှုန့်တို့ဖြင့်နယ်ထားပါ


ဆီပူတွင်သကြားချည်းများများထဲ့ရဲလာအောင် ကြော်ပါ။ သကြားများစီးကပ်လာပြီး ရဲလာရင် ကျောက်ကပ် နဲ့ ဝက်အသား ကလွဲပြီး ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။ နီရဲလာပါမယ်နော်။


ကြော်ပြီးလို့ရဲလာရင် ဝက်အစုံ ( ကျောက်ကပ် နဲ့ ဝက်အသား) ကလွဲရင် အကုန်ရောပြုတ်လို့ရပါပြီ၊ ဘာလို့လဲဆိုတော့ အသား ကျန်တာတွေနူးခါနီးမှ ရေထပ်ထဲ့ပြီး ပြုတ်ပါမယ်၊ အစ ကတည်းကပြုတ်ရင် နူးလွန်းပြီး ကြေကုန်မှာမို့ပါ။ကျောက်ကပ် ကတော့သူနဲ့ အတူရောပြုတ်ရင် အကုန် နံကုန်မှာ ဆိုးလို့ပါ။


ဒီတော့ ကျောက်ကပ်လေးကိုမနံအောင်ဘယ်လို ပြုတ်ရလဲပြောပြမယ်နော် ၊အိသက် အမေ ( (လှည်းတန်း-အင်းစိန်) ဓနုဖြူ – ဒေါ်စောရီ ဆိုင် ) ရဲ့နည်းလေးပါနော်၊ ကျောက်ကပ်ကို ရေစင်စင် ဆေးပြီး ဂျင်း ၊ ရှာလကာရည် ၊ (ဝက်သားတုတ်ထိုးအတွက်ဆိုတော့five spices powder လေးနဲနဲရယ်၊ သစ်ဂျပိုးခေါက်လေး ရယ် ) ရောပြုတ် ၊ကျက်ရင် အရည်တွေ သွန်ပစ်လိုက်ပါ၊ ပြီးမှ ခုနက ပြုတ်ထားပြီသား ဝက်အစုံနဲ့ ရောပေးပါ။ 


အားလုံးနူးအိလာကာနီးရင် ကြက်ဥပြုတ်လေးတွေ အခွံခွါပြီးသားလေးတွေပါ ရောပြီ ၅မိနစ် လောက် ထပ်ပြုတ်ပြီရင် ရပါပြီ၊ 


အရသာရှိတဲ့ကြက်ဥညိုညိုလေးတွေရလာပါမယ်။ ခရုဆီနောက်ဆုံးမှာရောမွှေပေးလိုက်ပါ။
အိသက်ကတော့ electric pan ထဲ အကုန်လှီးပြီးစီထား ပြုတ်ရေလေးနဲ့မီးလျှော့ပြီးတည်ထားလိုက်ပါတယ်၊အချဉ်လေးတို့ပြီး ပူပူလေးစားကြည့်ပါနော်၊


အချဉ်ရည်လေးကလွယ်ပေမဲ့ရေးပေးမယ်နော်
ထန်းညက်ခဲ ၂ ခဲလောက်ကိုပျစ်ပျစ်ကျိုပြီး မကျည်းရည်ထဲသို့ ထည့်ပါ။
ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆား တို့ကို ညက်အောင် ထောင်းပြီးထည့်ပါ။ ထို့နောက် ငံပြာရည်နှင့်ငရုတ်ဆီ အချဉ်တို့ကို အသင့်အတင့်ထည့်ကာ နှံ့အောင် ရောမွှေပြီးလျှင် ဝက်သားတုတ်ထိုး အတွက် အချဉ်ရည်လေး ရပါပြီ။

============

Danuphyu Daw Saw Yee (London) —

Ref>>>>ကိုစိန်သန်း<<<
 
 

Gas မီးဖိုနဲ့ ချက်ပြုပ်သူများသတိထားပါ


သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကိုဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်… ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်…


အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်…


ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်… အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်… ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်…


ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်းဝါးမြိုသွားပါတယ်… သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်…


သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်… သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်…. အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်….


နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်းလွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်… (insect killer တွေတင်မကပါဘူး… Air Freshener တွေ… အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်…)

ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်… ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်…


ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာမျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ… လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်….

Ref: Daily Health Tips

20 Aug 2014

ချစ်သူနှစ်ဦးအကြား ကြာရှည်ချင်ရင်...


ချစ်သူနှစ်ဦးအကြား ကြာရှည်ချင်ရင်...

တစ်ယောက်မှားနေရင် တစ်ယောက်ကထောက်ပြပေး
ပါ...


ပြသနာအသေးမွှားလေးတွေကို သဲသဲလှုပ်မဖြစ်ပဲ
လစ်လျှူရူထားပေးပါလိုက်ပါ...


နားလည်မှုအလွဲလေးတွေနဲ့ဘယ်လိုမျိုးစိတ်ဆိုး
နေကြပါစေ ပြန်အဆင်ပြေမဲ့နည်းလမ်းလေးတွေ
ရှာပါ...


တစ်ယောက်ရဲ့အခက်ခဲကိုတစ်ယောက်ကကူညီ
ဖြေရှင်းပေးပါ...


တစ်ယောက်နဲ့တစ်ယောက်ဘယ်အရာကိုပဲဖြစ်ဖြစ်
ဖုံးကွယ်မထားပဲ ပွင့်လင်းမှုရှိပါစေ...


အကြောင်းမျိုးမျိုးကြောင့်ကွဲကွာနေတာပဲဖြစ်ဖြစ်
သစ္စာရှိပေးပြီး ရိုးသားပေးပါ...


တစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်ကဘယ်လောက်
အထိအရေးပါသလဲဆိုတာကို သိနိုင်ပါစေ...


လက်ရှိပိုင်ဆိုင်ထားရတဲ့အချစ်ကို တန်းဖိုးထားပေးပါ
မသေချာတဲ့အရာကို စိတ်မကူးမိပါစေနဲ့...


တစ်ယောက်ရဲ့အတိတ်တွေကိုတတ်နိုင်သလောက်
မေ့ထားပြီး အခုပစ္စုပ္ပန်မှာအဆင်ပြေအောင်ကြိုးစား
ပြီး အနာဂတ်အတွက်ပြင်ဆင်ပါ...


ကိုယ့်ကိုတကယ်ချစ်ပြီး နာလည်ပေးနိုင်တဲ့သူမျိုးကို
တွေ့တဲ့အခါ ထာဝရပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားပါ...
သူမရှိတော့တဲ့အခါ ကိုယ့်ဘဝတွက်အရာအားလုံး
အဓိပ္ပာယ်မဲ့သွားသလိုဖြစ်နေတတ်လို့ပါပဲ...

Phoe Phyu
Poem

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်
ထိုင်း ရဲမှူးကြီး ချမ်နန်၏ ကိုယ်ပိုင်ကား အတွင်းတွေ့ရသည့် မူးယစ်ဆေးဝါးများ အပြည့် ထည့်ထားသော သေတ္တာတလုံး (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)


ထိုင်း ရဲအရာရှိကြီး တဦးကို မြန်မာနယ်စပ်ကနေ ကိုယ်တိုင်သယ်လာတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ မှာ သြဂုတ်လ ၁၈ ရက်က ဖမ်းဆီးရမိကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်မှာ ဖော်ပြထားပါတယ်။


မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည်အလွန်ကြီးခဲ့ပြီး မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော်(ကျပ်ငွေ သန်း ၄၈ဝဝ ဝန်းကျင်) တန်ဖိုးရှိတဲ့ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား တွေနဲ့ အတူ ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
ရဲမှူးကြီး ချမ်နန်ဟာ မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့က ထွက်ခွာလာစဉ် သူစီးလာတဲ့ တိုယိုတာအမျိုးအစား ကားထဲမှာ မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားတွေကို ခရီးဆောင် အိတ်တွေထဲ အပြည့်ထည့် တင်ဆောင်လာခဲ့ပြီး မယ်ဆိုင်အထွက် ချင်းရိုင်ဒေသ က စစ်ဆေးရေး ဂိတ်တခုမှာ ဖမ်းဆီးခံရတာပဲ ဖြစ်တယ်လို့ သိရပါတယ်။

 
စစ်ဆေးရေးဂိတ်က ရဲမှူးကြီး ချမ်နန်ရဲ့ ကားကို စစ်ဆေးရာမှာ ကားနောက်ခန်းထဲမှာ ပါလာတဲ့ ခရီးဆောင်အိတ်ကြီး ၂ လုံးထဲမှာ စိတ်ကြွဆေးလုံး ၈ သိန်း၊ စိတ်ကြွဆေး ခရစ္စတယ်လ်(Crystal meth) ၁ ကီလို ဂရမ်တို့ကို တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်း မှာ ပါရှိ ပါတယ်။


ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး ပမာဏဟာ တရားမ၀င် အသုံးပြုနေကြတဲ့ သူတွေအကြား ၀ယ်ယူနေရတဲ့ ဈေးနှုန်းနဲ့ တွက်ကြည့်ရင် ဘတ်သန်း ၁၆၄ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
မယ်ဆိုင် ရဲတပ်ဖွဲ့က ထောက်လှမ်းရေး ကြိုတင် သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ရဲမှူးကြီး ချမ်နန်ရဲ့ ကားကို ၎င်းတို့ တာဝန်ကျ နယ်မြေအတွင်းမှာပဲ ဖမ်းဆီးရမိခဲ့တာလို့ ပြောဆိုပါတယ်။
ရဲမှူးကြီး ချမ်နန်က မယ်ဆိုင်စစ်ဆေးရေးဂိတ်ရှိ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုရာမှာ သူဟာ အစိုးရရဲ့အရေးကြီး စစ်ဆင်ရေး တခုနဲ့ တရားမဝင် ပစ္စည်းတွေ ရှာဖွေဖို့ ညွှန်ကြားခံထားရတယ်ဆိုပြီး လိမ်ညာပြောတယ်လို့လည်း မယ်ဆိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။


သူ့ကို မြန်မာနိုင်ငံက ရှမ်းလူမျိုး မူးယစ်ဆေးဂိုဏ်း တခုက မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးဖို့ ထိုင်း ဘတ်ငွေ ၆ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရဲမှူးကြီး ချမ်နန်က ဖြောင့်ချက်ပေး ဝန်ခံ ပြောဆိုထားပါတယ်။ သူ့အနေနဲ့ အကြွေး ဘတ်ငွေ ၃ သန်းလောက် ရှိနေတာကြောင့် အဲဒီကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။


ရဲမှူးကြီး ချမ်နန်ဟာ ရဲတပ်ဖွဲ့ သမဝါယမအသင်းက အကြွေးနဲ့ ၀ယ်ယူထားတဲ့ အိမ် ၂ လုံးအတွက် လစဉ်ကြေး သွင်းနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရဲမှူးကြီး ချမ်နန်ကို ရာထူးက ယာယီဖယ်ရှားထားပြီး မူးယစ်ဆေးဝါး တင်သွင်းရောင်းချမှု ကွန်ရက်မှာ ဘယ်သူတွေ ပါဝင် ပတ်သက် တယ်ဆိုတာ စုံစမ်းစစ်ဆေးသွားဖို့ကို ခေတ္တ ဆိုင်းငံ့ထားတယ်လို့ သူ့ကို စစ်ဆေးနေတဲ့ လက်ထောက် ရဲမှူးချုပ် Damrongsak Kittiprapas က ဘန်ကောက်ပို့စ်ကို ပြောဆိုထားပါတယ်။


ယခင်က ရဲမှုးကြီး ချမ်နန်ဟာ စစ်ဆေးရေးဂိတ်က တာဝန်ကျ ရဲတွေကို မူးယစ်ဆေး သယ်ယူမှုတွေကို ဖော်ထုတ်ဖို့ ဘယ်လို လုပ်ရ တယ်၊ မူးယစ်ဆေးတွေ သယ်လာနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုရှိသလဲ ဆိုတာတွေကို ပုံမှန် ပို့ချသင်ကြား ပေးလေ့ ရှိသူလို့လည်း သိရပါတယ်။

 http://burma.irrawaddy.org

19 Aug 2014

E Vsa နဲ့ မြန်မာပြည်ကို လာနိုင်ပြီ


  
ရန်ကုန် နိုင်ငံတကာ လေဆိပ်

ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့် လျှောက်နိုင်ကြမယ့် e - visa စနစ်ကို မြန်မာ နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ ကနေ စတင် အသုံးပြုတော့ မှာ ဖြစ်ပါတယ်။


လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန ရဲ့ အွန်လိုင်း ဝက်ဘ်ဆိုက် မှာ ရှိတဲ့ လျှောက်လွှာ ပုံစံ ဖြည့်စွက်ပြီး၊ ကျသင့်ငွေ ဒေါ်လာ ၅၀ ကို ဗီဇာ နဲ့ မာစတာလို ကဒ်မျိုးနဲ့ အွန်လိုင်း ကနေ ပေးဆောင် နိုင်မှာ ဖြစ်ပါတယ်။


ဒီလို လျှောက်ထားသူတိုင်း ကို၊ မြန်မာ အစိုးရက သတ်မှတ်ထား တဲ့ နာမည်ပျက်စာရင်း Black List ထဲ ပါမပါ ကို စစ်ဆေးပြီး၊ ၅ ရက် အတွင်း အကြောင်းပြန် မှာ ဖြစ်တယ် လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြောပါတယ်။


လောလောဆယ် မှာတော့ ဒေသတွင်း အာဆီယံ နိုင်ငံတွေ အပါအဝင်၊ မြန်မာ နိုင်ငံကို လာရောက်မှု များတဲ့ နိုင်ငံပေါင်း ၄၁ နိုင်ငံ က လူတွေ ၊ လျှောက်ထား နိုင်မှာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ် တစ်ခုတည်း ကနေသာ၊ အခုလို e - visa နဲ့ လာရောက်သူ တွေ ဝင်လာနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

သိပ္ပံအမြင် နှင့် ဗုဒ္ဓအဘိဓမ္မာ အမေးအဖြေများ (အရှင်ဇနကာ ဘိဝံသ)

 
သိပ္ပံအမြင် နှင့် ဗုဒ္ဓအဘိဓမ္မာ အမေးအဖြေများ (အရှင်ဇနကာ ဘိဝံသ)

 စာအုပ်လေးဒေါင်းယူနိုင်ပါပြီဗျာ.....။

 ဒေါင်းရန်
 
 
  http://www.aungaungmksbook-shelf.info


ချစ်ခြင်းမေတ္တာဆိုတာ


ချစ်ခြင်းမေတ္တာဆိုတာ

ဝေးနေ ၊ နီးနေခြင်းနဲ့ မဆိုင်ပါဘူး။
ဘယ်လောက်ပဲဝေးနေဝေးနေ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိနေမယ်
ကြင်နာနေမယ် ၊ နွေးထွေးနေမယ်ဆိုရင် သက်ဆုံးတိုင်ဘ၀ကို လျှောက်လှမ်းသွားလို့ရပါတယ်

အခုခတ်က အင်တာနက်ခတ်လေ
နိုင်ငံတွေ ဝေးကွာနေတဲ့ သူတွေတောင် နေ့တိုင်းမြင်တွေ့ နေနိုင် ၊ အသံလေးတွေ ကြားသိနေနိုင်နေတာပဲလေ။

ဖုန်းဆက်တဲ့အခါ ကြင်နာစွာ ပြောဆိုပါ၊ နွေးထွေးစွာ ပြောဆိုပါ။ စိတ်ဆိုးစေမဲ့ စကားလုံးတွေကို ရှောင်ကျဉ်ပါ၊ သံသယကို အဝေးမှာထားပါ။

ကိုနဲ့အတူတူမရှိတာတောင်မှ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အနေအထားလေးကို သူသိအောင် ပြောပြပါ။ (ဥပမာ- နေတဲ့ အခန်းလေးက ဘယ်လို၊ သွားရတဲ့လမ်းလေးက ဘယ်လို ၊ ပေါင်းသင်းရတဲ့ သူတွေက ဘယ်လို) ဆိုတာလးကို ပြောပြပေးပါ။

အဲ့လိုပြောပြတဲ့ အခါ နှစ်ယောက်အတူတူ ရှိနေသလိုခံစားရတာပေါ့နော်။

ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုလေးတွေ ၊ သူ့ကို ဘယ်လောက်လွမ်းတယ်၊ သူ့ကို ဘယ်လောက်ချစ်တယ် ဆိုတာလေးတွေပဲပြောကြမယ်ဆိုရင်

ဝေးကွာနေပေမယ့် မနွေးထွေးတဲ့ စုံတွဲတွေ ဘယ်မှာလာရှိနိုင်တော့မှာလဲ၊
 

နေရာတကာ ဖျံကြရင်… ခံကြရမှာ ဓမ္မတာပါ

 
 
နေရာတကာ ဖျံကြရင်…
ခံကြရမှာ ဓမ္မတာပါ…။

ရေထဲကငါးကို …
လက်မပါတဲ့ မြွေကဘယ်လိုဖမ်းပါသလဲ…။

သူ့အရွယ်နဲ့အစွယ်နဲ့ပါ…။

အရာရာမှာ စွမ်းအင်ကိုယ်စီ…
အလှကိုယ်စီရှိကြပါတယ်…။

ကိုယ့်ထက်သာလို့လည်း မနာလိုခြင်း…
တွေးပြီး အားငယ်ခြင်းမျိုးမဖြစ်ကြပါနဲ့…။

ကိုယ့်ထက်ညံ့လို့လည်း…
အထင်သေးခြင်း…
မာန ဘဝင်မထူမိကြပါစေနဲ့…။

အရာရာဟာ…
အကြောင်း အကျိုးတွေပါ…။

အကြောင်းကောင်းအောင်လုပ်ဖို့သာ…
အရေးအကြီးဆုံးပါ…။

ပစ္စုပ္ပန် အကြောင်းကောင်းအောင်လုပ်နေသ၍…
အနာဂတ်ကို တွေးပူနေစရာမလိုတော့ဘူးလေ…။
 

မစ္ဆရိယ ကင်းစွာနေထိုင်ပါ

Photo: ***   မစ္ဆရိယ ကင်းစွာနေထိုင်ပါ ***
**************************

မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်
မစ္ဆရိယဆိုတာ ဘာပြောတာလဲဆိုတော့
ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများကို မရစေချင်တာ။

သာမန်အားဖြင့်ပြောနေကြတာက
မစ္ဆရိယဆိုတာ နှမြောတယ်လို့ပဲပြောနေကြတာ
နှမြောတယ်ဆိုတဲ့ အဓိပ္ပာယ်က
ကိုယ့်ပစ္စည်း ကိုယ်မလှူရက်လို့
နှမြောတယ်ဆိုတဲ့အဓိပ္ပာယ်
တစ်မျိုးထင်ရတာ။

 မစ္ဆရိယဆိုတာ
ကိုယ်ရထားတဲ့ အခွင့်အရေးကို
သူများမရစေချင်တာ။

 ကိုယ်အောင်မြင်ကြီးပွားသလို
သူများကို မကြီးပွားစေချင်တာ
ဒါမျိုးကို မစ္ဆရိယလို့ခေါ်တယ်။

ဥပမာ- လူတစ်ယောက်ရဲ့
ဂုဏ်ကျေးဇူးကို ချီးမွမ်းတဲ့အခါမှာ
အမှန်ကို အမှန်တိုင်း မချီးမွမ်းချင်ဘူး
ထိမ်ချန်ထားချင်တယ်
ဒါလည်း မစ္ဆရိယပဲ။

 မစ္ဆရိယ(  ၅  ) မျိုးရှိတယ်

အာဝါသမစ္ဆရိယ-အဆောက်အအုံ
နေရာထိုင်ခင်းနှင့်ပတ်သက်ပြီး 
ဝန်တိုတာ

ကုလမစ္ဆရိယ-အပေါင်းအသင်းနှင့်
ပတ်သက်ပြီး ဝန်တိုတာ။

လာဘမစ္ဆရိယ-ကိုယ်ရထားတဲ့ လာဘ်
လာဘနှင့်ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏမစ္ဆရိယ-ဂုဏ်ကျေးဇူးတို့ ချီးမွမ်းခံရတဲ့စကားတို့ နှင့်ပတ်သက်ပြီးဝန်တိုတာ

ဓမ္မမစ္ဆရိယ-တရားဓမ္မနှင့်ပတ်သက်ပြီး
ဝန်တိုတာတို့ ထိုဝန်တိုမှု မစ္ဆရိယတရား
(  ၅  ) မျိုးရှိတယ်။

အဲဒီအထဲက ဓမ္မမစ္ဆရိယဟာ
အဆိုးဆုံးပဲတဲ့ တရားနဲ့ပတ်သက်ပြီး
ဝန်တိုပြီး သူများကိုမပြောဘူး
ကိုယ်သိတဲ့တရား သူများသိသွားရင်
ကိုယ်နဲ့သူနဲ့တန်းတူဖြစ်သွားမှာဆိုပြီး
ဝန်တိုတာ ကြံကြံဖန်ဖန် ဝန်တိုတာနော်
အဲဒါမျိုးကို ဓမ္မမစ္ဆရိယလို့ခေါ်တယ်။

အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို
မကြီးပွားစေချင်တာ။

မစ္ဆရိယရဲ့သဘောတရားကို စဉ်းစားကြည့်
အားလုံးတွေ့ဖူးမှာပါ 

ကြောင်ကလေးတွေ
ခွေးကလေးတွေ ကြောင်ကလေးတွေ
သူတို့ပါးစပ်ထဲမှာ ကြွက်ကလေးတစ်ကောင်
ရလာလို့ရှိရင် မာန်ဖီနေတာကို တွေ့ရလိမ့်မယ် ဘာအတွက်မာန်ဖီတာတုန်း
ဆိုရင်  သူရထားတဲ့အစာကို လာပြီးမထိနဲ့
ဆိုတဲ့အဓိပ္ပာယ်ပဲဘေးကအကေါင်တွေကို
ုရန်လုပ်တယ်။

ဒါဘာတုန်းဆိုရင် မစ္ဆရိယသဘောကို 
ပြောတာနော်။

ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများနဲ့ ရှယ်ယာ မလုပ်နိုင်ဘူး။

အဲဒီမစ္ဆရိယတရားသည်
လူရဲ့   society အသင်းအဖွဲ့တစ်ခုမှာ
အန္တရာယ်ပြုပြီး စည်းလုံးရေးကို 
ပျက်ပွားစေတဲ့ တရားဖြစ်သောကြောင့်
အဲဒီ "မစ္ဆရိယတရား" ဖယ်ရှားရမယ်တဲ့။

ဒေါက်တာနန္ဒမာလာ ပါချုပ်ဆရာတော်
့

*** မစ္ဆရိယ ကင်းစွာနေထိုင်ပါ ***
**************************

မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်
မစ္ဆရိယဆိုတာ ဘာပြောတာလဲဆိုတော့
ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများကို မရစေချင်တာ။

သာမန်အားဖြင့်ပြောနေကြတာက
မစ္ဆရိယဆိုတာ နှမြောတယ်လို့ပဲပြောနေကြတာ
နှမြောတယ်ဆိုတဲ့ အဓိပ္ပာယ်က
ကိုယ့်ပစ္စည်း ကိုယ်မလှူရက်လို့
နှမြောတယ်ဆိုတဲ့အဓိပ္ပာယ်
တစ်မျိုးထင်ရတာ။

မစ္ဆရိယဆိုတာ
ကိုယ်ရထားတဲ့ အခွင့်အရေးကို
သူများမရစေချင်တာ။

ကိုယ်အောင်မြင်ကြီးပွားသလို
သူများကို မကြီးပွားစေချင်တာ
ဒါမျိုးကို မစ္ဆရိယလို့ခေါ်တယ်။

ဥပမာ- လူတစ်ယောက်ရဲ့
ဂုဏ်ကျေးဇူးကို ချီးမွမ်းတဲ့အခါမှာ
အမှန်ကို အမှန်တိုင်း မချီးမွမ်းချင်ဘူး
ထိမ်ချန်ထားချင်တယ်
ဒါလည်း မစ္ဆရိယပဲ။

မစ္ဆရိယ( ၅ ) မျိုးရှိတယ်

အာဝါသမစ္ဆရိယ-အဆောက်အအုံ
နေရာထိုင်ခင်းနှင့်ပတ်သက်ပြီး
ဝန်တိုတာ

ကုလမစ္ဆရိယ-အပေါင်းအသင်းနှင့်
ပတ်သက်ပြီး ဝန်တိုတာ။

လာဘမစ္ဆရိယ-ကိုယ်ရထားတဲ့ လာဘ်
လာဘနှင့်ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏမစ္ဆရိယ-ဂုဏ်ကျေးဇူးတို့ ချီးမွမ်းခံရတဲ့စကားတို့ နှင့်ပတ်သက်ပြီးဝန်တိုတာ

ဓမ္မမစ္ဆရိယ-တရားဓမ္မနှင့်ပတ်သက်ပြီး
ဝန်တိုတာတို့ ထိုဝန်တိုမှု မစ္ဆရိယတရား
( ၅ ) မျိုးရှိတယ်။

အဲဒီအထဲက ဓမ္မမစ္ဆရိယဟာ
အဆိုးဆုံးပဲတဲ့ တရားနဲ့ပတ်သက်ပြီး
ဝန်တိုပြီး သူများကိုမပြောဘူး
ကိုယ်သိတဲ့တရား သူများသိသွားရင်
ကိုယ်နဲ့သူနဲ့တန်းတူဖြစ်သွားမှာဆိုပြီး
ဝန်တိုတာ ကြံကြံဖန်ဖန် ဝန်တိုတာနော်
အဲဒါမျိုးကို ဓမ္မမစ္ဆရိယလို့ခေါ်တယ်။

အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို
မကြီးပွားစေချင်တာ။

မစ္ဆရိယရဲ့သဘောတရားကို စဉ်းစားကြည့်
အားလုံးတွေ့ဖူးမှာပါ

ကြောင်ကလေးတွေ
ခွေးကလေးတွေ ကြောင်ကလေးတွေ
သူတို့ပါးစပ်ထဲမှာ ကြွက်ကလေးတစ်ကောင်
ရလာလို့ရှိရင် မာန်ဖီနေတာကို တွေ့ရလိမ့်မယ် ဘာအတွက်မာန်ဖီတာတုန်း
ဆိုရင် သူရထားတဲ့အစာကို လာပြီးမထိနဲ့
ဆိုတဲ့အဓိပ္ပာယ်ပဲဘေးကအကေါင်တွေကို
ုရန်လုပ်တယ်။

ဒါဘာတုန်းဆိုရင် မစ္ဆရိယသဘောကို
ပြောတာနော်။

ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို
သူများနဲ့ ရှယ်ယာ မလုပ်နိုင်ဘူး။

အဲဒီမစ္ဆရိယတရားသည်
လူရဲ့ society အသင်းအဖွဲ့တစ်ခုမှာ
အန္တရာယ်ပြုပြီး စည်းလုံးရေးကို
ပျက်ပွားစေတဲ့ တရားဖြစ်သောကြောင့်
အဲဒီ "မစ္ဆရိယတရား" ဖယ်ရှားရမယ်တဲ့။

ဒေါက်တာနန္ဒမာလာ ပါချုပ်ဆရာတော်
 
 

18 Aug 2014

ဘယ် Data Plan ကို ရွေးချယ်မလဲ


ယခုဖော်ပြမည့် အကြောင်းအရာသည် စမတ်ဖုန်းကို data plan ဖြင့် အသုံးပြုသည့်အခါ တစ်လလျှင် မိမိသုံးစွဲသည့် data ပမာဏ မည်မျှ ကုန်ကျမည်ကို ခန့်မှန်းသိရှိနိုင်စေရန် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ် သည်။ Data plan ပမာဏ မည်မျှ ကုန်ကျမည်ကို မတွက်ချက်ဘဲ data plan တစ်ခုကို မှားယွင်း ရွေးချယ်မိသည့်အခါ ငွေကြေး အလဟဿ ကုန်ကျမှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် သုံးစွဲသည့် data ပမာဏနှင့် ကိုက်ညီမည့် data plan ကို ရွေးချယ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။


Email
Email သည် စမတ်ဖုန်းများပေါ်တွင် အသုံးပြုမှုအများဆုံး feature တစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်း၏ data သုံးစွဲမှုမှာ နည်းပါးသည်။ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အခြား attachment များ မပါသည့် email မြောက်များစွာ ကို data သုံးစွဲမှု အနည်းငယ်ဖြင့် ပေးပို့နိုင်သည်။ ဥပမာ အနေဖြင့် တစ်လလျှင် email အစောင်ရေ ၅,၀၀၀ ပေးပို့သည့်အခါ data 100MB သာ ကုန်ကျမည်ဖြစ်သည်။ သို့သော်လည်း attachment ပါသည့် email နှင့် attachment မပါသည့် email တို့၏ data သုံးစွဲမှု ပမာဏ အလွန် ကွာခြားသည်။ တစ်လလျှင် ဓာတ်ပုံတစ်ပုံ ပါဝင်သည့် email အစောင်ရေ ၅,၀၀၀ ကို ပေးပို့သည့်အခါ data သုံးစွဲမှု 2GB ကျသင့်မည် ဖြစ်သည်။


Web browsing
Email ပေးပို့ခြင်း ကဲ့သို့ပင် အင်တာနက် အသုံးပြုခြင်းသည်လည်း စမတ်ဖုန်းတိုင်းတွင် လိုအပ်သည့် feature တစ်ခု ဖြစ်သည်။ သုံးစွဲသူ အနေဖြင့် လည်ပတ် ကြည့်ရှုသည့် ဝက်ဘ်စာမျက်နှာ (webpage) များအပေါ်မူတည်ပြီး data သုံးစွဲမှု ကွာခြားမည် ဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက် (website) တစ်ခုနှင့် တစ်ခုက မတူညီသောကြောင့် multimedia feature အများအပြား ပါဝင်သော page များကို လည်ပတ် အသုံးပြုသည့်အခါ data ပိုမို ကုန်ကျမည် ဖြစ်သည်။ Multimedia feature အနည်းငယ်သာ ပါဝင်သည့် ဝက်ဘ်ဆိုက်များကို အသုံးပြုသည့်အခါ တစ်လလျှင် 100MB သာ ကုန်ကျနိုင်သည်။ Data-heavy ဆိုက်များကို အသုံးပြုသည့်အခါ 1GB အထိ ကုန်ကျနိုင်သည်။


Social Media
Twitter နှင့် Facebook ကဲ့သို့သော လူမှုရေး မီဒီယာများသည်လည်း data သုံးစွဲမှုမြင့်မားစေသည်။ အဆိုပါ လူမှုရေး ကွန်ရက်များပေါ်တွင် ဓာတ်ပုံ အများအပြားကို မတင်ဘဲ အသုံးပြုပါက တစ်လလျှင် data သုံးစွဲမှု 100MB သာရှိနိုင်သည်။ Facebook တွင် တစ်နေ့ကို ဓာတ်ပုံ ၁၀ ပုံတင်ပါက တစ်လလျှင် data သုံးစွဲမှု 400MB ခန့်ရှိနိုင်သည်။


Downloading Apps/Games/Songs
Download ပြုလုပ်ခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည့် အချက်ဖြစ်သည်။ သီချင်း တစ်ပုဒ်ကို နေ့စဉ် download ပြုလုပ်သူသည် data သုံးစွဲမှု တစ်လလျှင် 100MB အထိ ရှိနိုင်သည်။ App များကို download ပြုလုပ်ခြင်းနှင့် app များကို update ပြုလုပ်ခြင်းသည် data သုံးစွဲမှုနှုန်းကို များပြားစေသည်။ ထို့ကြောင့် app download ပြုလုပ်ခြင်းနှင့် update ပြုလုပ်ခြင်းတို့ကို Wi-Fi ပေါ်တွင်သာ ပြုလုပ်သင့်သည်။


Viber
Viber ဖြင့် ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240KB ဝန်းကျင်သာရှိသည်။ တစ်နာရီ ခေါ်ဆိုရာတွင် 14MB ဝန်းကျင်သာရှိသည်။ Viber ဖြင့် message ပေးပို့ရာတွင် အင်္ဂလိပ် အက္ခရာစာလုံး ၅၀၀ လျှင် 828bytes ရှိသည်။ 1KB သည် meesage အတို ၅ စောင် ပေးပို့ခြင်းနှင့် ညီမျှသည်။ Viber app ကို background တွင် ဖွင့်ထားသည့်အခါ data သုံးစွဲမှု အနည်းငယ်သာရှိသည်။


Streaming Audio
သီချင်းများကို အင်တာနက်ပေါ်တွင် နားဆင်ခြင်းသည်လည်း data သုံးစွဲမှု ပမာဏကို မြင့်မားစေသည်။ ရုံးချိန်အတွင်း အင်တာနက်ပေါ်မှ သီချင်းနားထောင်ခြင်းကို နေ့စဉ်ပြုလုပ်ပါက တစ်လလျှင် data 6GB ကျော် အထိ ကုန်ကျနိုင်သည်။ တစ်နေ့ကို ပျှမ်းမျှ တစ်နာရီ နားထောင်ပါက တစ်လလျှင် 1GB နီးပါး ကျသင့်မည် ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ သီချင်းနားထောင်ခြင်းကို Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။


Streaming Video
အင်တာနက်ပေါ်တွင် ဗီဒီယို ကြည့်ရှုခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည်။ Netflix တွင် မိနစ် ၃၀ စာ တီဗီအစီအစဉ်ကို နေ့စဉ် ကြည့်ရှုပါက တစ်လလျှင် data 2GB နီးပါး ကုန်ကျနိုင်သည်။ နေ့စဉ် ရုပ်ရှင် ဇာတ်ကား တစ်ကားစီ ကြည့်ရှုပါက တစ်လလျှင် 5GB အထိ ကုန်ကျနိုင်သည်။ ထို့ကြောင့် ပမာဏများပြားသည့် data plan ကို မဝယ်ယူထားပါက အွန်လိုင်းပေါ်မှ ဗီဒီယိုကြည့်ရှုခြင်းကိုလည်း အွန်လိုင်းပေါ်မှ သီချင်း နားထောင်ခြင်းကဲ့သို့ပင် Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။
 
Ref: DigitalTrends

 http://internetjournal.com

17 Aug 2014

ဘယ်တော့မှ မမေ့သင့်တဲ့ လူသုံးမျိုး


သင့်ဘဝမှာ ဘယ်တော့မှ မမေ့သင့်သော လူသုံးမျိုး ရှိပါတယ်။
ထိုသူများကတော့ -

(၁) သင်ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီပေးတဲ့သူ။

(၂) သင်ဒုက္ခရောက်ချိန်မှာ မကူညီဘဲ သင့်ဘေးကနေ ထွက်သွားတဲ့သူ။

(၃) သင့်ကို ဒုက္ခရောက်အောင် လုပ်တဲ့သူ တို့ပင် ဖြစ်ကြပါတယ်။

ထိုသူများသည်က သင့်ဘဝအတွက် မမေ့အပ်သော သူများပင် ဖြစ်ပါတယ်။

Ref - enhancegeneralknowledge

www.myanmarjobseekers.com

ယောက်ျားပီသကြပါစေ.......

 
ဆူးပေါ်ဖက်ကျလဲဖက်ပေါက်တယ်.. ဖက်ပေါ်ဆူးကျလဲဖက်ပေါက်တာပါပဲ..
မိန်းခလေးတစ်ယောက်ရည်းစားထားတယ်ဆိုတာ.. ဘ၀နဲ့ရင်းရတဲ့တိုက်ပွဲတစ်ခု .. ပန်းတစ်ပွင့်ဟာ မိခင်ပင်ရင်းရင်ခွင်က ဝေးကွာသွားတာနဲ့ညိုးနွမ်းရမှာအသေအချာပါ.. မြတ်နိုးတယ်ယူဆပြီး.. အခူးခံပန်းတစ်ပွင့်ကခူးယူသူကိုပဲပန်စေချင်ကြတာပါပဲ.. ဒီလိုပဲ.. ကိုယ့်ကိုချစ်လာတဲ့ယောက်ျားတစ်ယောက်
လက်ထဲမှာဘ၀ကိုရင်းပေးခဲ့တဲ့မိန်းမတစ်ယောက်ဟာ.. ထိုသူကိုပဲတစ်သတ်လုံး
လက်တွဲသွားချင်တာဟာ.. မိန်းမတိုင်းအမြဲမက်တဲ့အိမ်မက်တစ်ခုပါ..
 

အပျိုစင်ဘ၀ဆိုတာ.. မိန်းခလေးတစ်ယောက်အတွက်.. အသက်ထက်တောင်တန်ဖိုးရှိ့ပါတယ်တဲ့.. ဒါကြောင့်.. ယောက်ျားတစ်ယောက်ရဲ့ခံယူချက်နဲ့စိတ်ဓာတ်ရှိ့မယ်ဆိုရင်.. မိမိချစ်သူရဲ့အပျိုစင်ဘ၀ကို.. တန်ဖိုးထားပေးပါ..အသစ်ပြန်ပွင့်ဖူးနိုင်တဲ့ပန်းတစ်ပွင့်မဟုတ်လို့.. ဘယ်တော့မှခူးယူဖို့
မကျိုးစားမိပါစေနဲ့.. ခူးယူလိုက်ပီဆိုတည်းကညိုးနွမ်းသွားမှာအသေအချာပါပဲ..

 
ခူးယူမိခဲ့ရင်လဲ.. မလွင့်ပစ်ပါနဲ့.. ညိုးညိုးနွမ်းနွမ်း.. ဆွေးမြေ့မြေကျသွားသိတိုင်..တန်ဖိုးထားပါ.. မိန်းခလေးတစ်ယောက်က သူရဲ့အပျိုစင်ဘ၀ကိုပေးတယ်ဆိုတည်းကသူဘ၀တစ်လျှောက်လုံးစာကို မိမိအတွက်စတေးလိုက်ခြင်းပါပဲ..အပျိုစင်တစ်ယောက်ဟာ အအိုဖြစ်သွားဖို့ဆိုတာ.. မိနစ်ပိုင်းပဲကြာပေမယ့်..အအိုတစ်ယောက်ကအပျိုစင်ပြန်ဖြစ်ချင်တယ်ဆိုရင်တော့..
ရွှေငွေပုံပေးလဲမရနိုင်တော့ပါဘူး.. အခုခောတ်မှာ ဆယ်ခြောက်..ဆယ့်ခုနှစ်လောက်ထဲက.. ရည်းစားထားနေကြပီ.. ခောတ်စနစ်ရဲ့တိုက်စားမှု့ကြောင့်Living together တွေဖြစ်ကုန်ကြပီ.. မဖြစ်သင့်ပေမယ့်.. တားဆီးလို့မရတဲ့အပူချိန်လို အမြဲတမ်းမြင့်တတ်နေတာပါ..
အခုခောတ်ယောက်ျားတွေ.. အရွှယ်ရောက်တာနဲ့စမ်းသပ်ချင်ကြတယ်..စူးဆန်းချင်ကြတယ်.. မိမိတို့ရဲ့လက်တည့်စမ်းချင်တဲ့စိတ်ကူးက..တစ်ဖက်သားသူ ဘ၀နဲ့ရင်းရတာကို သတိပြုဆင်ခြင်ပါ..
"ဒီဆော်.. ငါမလုပ်ရင်သူများလုပ်မှာပဲ..သူများသားသမီး..မဖျက်ဆီးနဲ့ပြောတဲ့အခါမျိုးမှာတောင်..
မင်းကသူများသားသမီးမဖျက်စီးရင်..ကိုယ့်သားသမီးဖျက်စီးမှာလားဆိုတဲ့..တိရိစ္ဆာန်လိုလူစားတွေလဲရှိ့နေပါသေးတယ်.."

 
ဒီလိုအောက်တန်းကျတဲ့စိတ်ဓာတ်ရှိ့တဲ့လူတွေကိုကြားလဲကြားဖူးတယ်..လက်တွေ့လူ့ပတ်ဝန်းကျင်မှာမြင်လဲမြင်နေရပါတယ်.. မိမိမှာဒီလိုစိတ်ဓာတ်..မျိုးရှိ့နေခဲ့ရင် အခုချိန်ထဲက မိမိစိတ်ဓာတ်ကိုပြုပြင်ပါ..
အချိန်မှီမပြုပြင်သေးရင်.. ယောက်ျားပီသတဲ့စိတ်ဓာတ်ဖြစ်ဖို့နေနေသာသာတိရိစ္ဆာန်ထက်အောက်တန်းကျတဲ့အရာဖြစ်နေပီဆိုတာ.. သဘောပေါက်ပါ..
အခြေအနေတစ်ခုကြောင့်မှားယွင်းခဲ့ရင်လဲ..အမှားကိုတာဝန်ယူစိတ်ထားပါ..မိမိကိုကိုလူတစ်ယောက်လို့ယူဆရင်..
ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်လို့ယူဆရင်.. ကိုယ့်အမှားကိုတာဝန်ယူရဲရမှာပေါ့.. ဒါကြောင့်..
ညီမငယ်တို့လဲ..မိမိအပျိုစင်ဘ၀ကိုတန်ဖိုးထားပါ..သေလောက်အောင်ချစ်နေပါစေ.. တောင်းဆိုလာခဲ့ရင်လဲ..

 
အပျိုစင်ဘ၀ကိုတန်ဖိုးထားပါ.. ချစ်သူကိုဖျောင်းဖျပါ..မရဘူးဆိုရင်တော့.. ချက်ချင်းသာလမ်းခွဲလိုက်ပါတော့..
ဒီတစ်ချက်ထဲနဲ့.. မိမိကိုတစ်ကယ်ချစ်တာမဟုတ်ဖူးဆိုတာသေချာနေပီပဲ..
အရွယ်ရောက်စ ညီငယ်တို့ကိုပြောပြချင်တာက..စိတ်အလိုကိုလိုက်ပြီး.. လက်တည့်မစမ်းကြပါနဲ့..
သူများမြှောက်ပေးတိုင်းလဲ မလုပ်ကြပါနဲ့..မြှောက်ပေးသူနဲ့တွေ့ခဲ့ရင်လဲ နောက်နောင်
အပေါင်းအသင်းမလုပ်ပါနဲ့.. ထိုသူဟာ.. တိရိစ္ဆာန်ထက်တောင်.. အောက်တန်းကျတဲ့လူမျိုးဆိုတာ
သေချာနေပါပီ.. ဘ၀မှာမိမိပြုတဲ့အမှားကိုမိမိတာဝန်ယူရဲတဲ့ယောက်ျားပီသတဲ့.. လူတော်လူကောင်းများဖြစ်နိုင်ကြပါစေ..

(ဒီဆောင်းပါးကို Share ပေးပါ.. သင်ရဲ့တစ်ခါ Share လုပ်ကူညီခြင်းဟာ.. လူငယ်တစ်ယောက်ကနေ.. များစွာအထိ..ယောက်ျားပီသတဲ့စိတ်ဓာတ်နဲ့အသိရရှိ့လာနိုင်ပါတယ်...
မိန်းခလေး.. တစ်ယောက်ကနေ.. များစွာရဲ့အရှက်ကိုကာကွယ်နိုင်ပြီး..
အနာဂတ်.. မိခင်လောင်း.. ဖခင်လောင်းတွေ.. များပြားလာနိုင်မှာပါ.. )


ခောတ်သစ် မောင်ပေါ်ဦး
ပြန်လည်မျှဝေပေးပါတယ်
 

14 Aug 2014

“ချစ်ဟန်ဆောင်ခြင်း ၊ သေရည်သေရက်သောက်စားခြင်း”


“ချစ်ဟန်ဆောင်ခြင်း ၊ သေရည်သေရက်သောက်စားခြင်း”
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်
သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာကိုယ့်ကို
စွဲလမ်းပြီး အရူးတစ်ပိုင်းဖြစ်သွားမယ်ဆိုလည်း
အဲဒီကံကြောင့် ကိုယ်လည်းတစ်ချိန်မှ ရူးသွပ်ရမှာပဲ။
ကိုယ့်ကို စွဲစွဲလမ်းလမ်း တမ်းတမ်းတတ
ဖြစ်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
ကိုယ့်ကို ရူးမတက်ချစ်အောင်ဆိုတဲ့စိတ်ထားနဲ့
ဥာဏ်နီဥာဏ်နက်သုံးတာမျိုး ၊မူယာမာယာများတာမျိုး၊
မြူဆွယ်ဖြားယောင်းတာမျိုး၊
လိမ်ညာလှည့်ပတ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။
သူ့စိတ်နဲ့သူ စွဲလမ်းတမ်းတတာကတော့ ကိုယ်နဲ့မဆိုင်ပါဘူး။


တမင် ရည်ရွယ်ချက်ရှိရှိနဲ့ စွဲလမ်းအောင်
လုပ်တာဆိုရင်တော့ စိတ်ထားကိုက
“ရူးစေချင်တဲ့စိတ်ထား”မို့ ၊အဲဒီအကျိုးသက်ရောက်မှုက
ကိုယ့်ဆီလည်း သေချာပေါက်ပြန်ရောက်လာပါလိမ့်မယ်။
(ရူးသွပ်မှုကိုဖြစ်စေတဲ့ အကုသိုလ်ကံ
ဆိုတာ ကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
သူတစ်ပါးကို ရူးသွပ်လောက်အောင် နှိပ်စက်ညှင်းပန်းမယ်၊
စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်လုပ်မယ်ဆိုရင်
အဲဒီကံ အကျိုးပေးတဲ့ဘ၀ ကိုယ်လည်းရူးသွပ်ရမှာပဲ။)

“ရူးသွပ်မှု” ကိုဖြစ်စေတဲ့ အကုသိုလ်ကံတွေထဲမှာ
အဓိကအကျဆုံး၊အကြီးမားဆုံး အကုသိုလ်ကံကတော့
“သေရည်သေရက်သောက်စားခြင်း ” ပါပဲ။
မူးမူးရူးရူးဆိုတဲ့အတိုင်း မူးရင်ရူးတက်သလို၊
မူးနေတာကိုက ရူးခြင်းတစ်မျိုးပါပဲ။
မူးရူးသောက်စား (သို့မဟုတ်)သောက်စားမူးရူး
ဆိုတဲ့ အတိုင်းသောက်စားနေတာဟာ မူးရူးနေတာပါပဲ။

မူးပြီဟေ့ဆိုရင် အရူးတစ်ယောက်လိုပဲ
ဟိုပြောဒီပြောနဲ့ နှုတ်စောင့်စည်းမှုမရှိတော့ပါဘူး။
ပြောသင့်မှန်းမသိ၊ မပြောသင့်မှန်းမသိနဲ့
စွတ်ပြီးပြောတော့တာပါပဲ။
ရူးနေတဲ့လူဘာမှမသိသလို
မူးနေတဲ့သူလည်းဘာမှမသိပါတော့ပါဘူး။

ဒါကိုပဲ သွေးတွေကြွလာပြီး အာသွက်လျှာသွက်နဲ့
စကားပြောလို့ ပိုကောင်းလာတယ်လို့
အရက်သောက်သုံးသူတွေက သဘောကျကြတယ်။
ဆက်ရက်မင်းစည်းစိမ်အဖြစ် သာယာယစ်မူးကြပါတယ်။


ရေချိန်မကျော်သေးလို့ ကိုယ်ပြောတာ
ကိုယ်သိတယ်ပဲထားအုံးတော့ မူးနေတဲ့အချိန်ဟာ
ရူးနေတဲ့အချိန်နဲ့ အတူတူပါပဲ။
ရူးနေတဲ့သူဟာ အမှတ်သညာကင်းမဲ့နေသလို ၊
မူးနေတဲ့သူဟာလည်း အမှတ်သညာကင်းမဲ့နေပါတယ်။
အရက်၊ဘီယာစတဲ့ မူးယစ်စေတတ်တဲ့အရာတွေ
သောက်သုံးနေတာဟာ
●မှတ်ဥာဏ်အားနည်းကြောင်း အကုသိုလ်၊
●ဉာဏ်ထိုင်းကြောင်းအကုသိုလ်
●စိတ်မမှန်ကြောင်း အကုသိုလ်၊
●ရူးသွပ်ကြောင်း အကုသိုလ် ဆည်းပူးစုဆောင်းနေတာပါပဲ။

သူတစ်ပါးကို ဒုက္ခပေးပေးမပေးပေး၊
ကိုယ့်ဘ၀ပျက်ပျက်မပျက်ပျက်၊
အတိုင်းအတာ ရေချိန်ကျော်ကျော်၊
မကျော်ကျော် အရက်ဘီယာ သောက်တိုင်း
ဉာဏ်ထိုင်းစေတဲ့ဓာတ်တွေ၊
မေ့လျော့စေတဲ့ဓာတ်တွေ ဖောက်ပြန်စေတဲ့ ဓာတ်တွေ၊
ရူးသွပ်စေတဲ့ ဓာတ်တွေ ကိုယ်ရဲ့စိတ်အစဉ်မှာ
စွဲကပ်သွားပါတယ်။စုမိသွားပါတယ်။


အရက်သေစာ သောက်စားခြင်းရဲ့
အပေါ့ပါးဆုံးဆိုးကျိုးက
“ရူးသွပ်ခြင်းနဲ့စိတ်ဖောက်ပြန်ခြင်း”လို့
မြတ်စွာဘုရားက ဟောကြားထားတာမို့ မရူးသွပ်သူလိုတိုင်း၊
စိတ်ပုံမှန်ဖြစ်လိုသူတိုင်း အရက်၊ဘီယာစတဲ့
မူးယစ်သေရည်မှန်သမျှကို ဘိန်းဖြူ၊ စိတ်ကြွဆေးပြားစတဲ့
မူးယစ်ဆေးဝါးမှန်သမျှကို လုံးဝရှောင်ကြဉ်ရပါမယ်။


-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】