ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူနိုင်ရန် နိုင်ငံတော်အစိုးရထံမှ သင်္ဘောကြီးတစ်စင်းအကူအညီယူမည်
ရန်ကုန်၊ ရေအောက်မှဓမ္မစေတီခေါင်း လောင်းအားဆွဲတင်ဆယ်ယူနိုင်ရန် နိုင်ငံ
တော်နှင့်ညှိနှိုင်းပြီး သင်္ဘောကြီးတစ်စင်း တောင်းယူသွားမည်ဖြစ်ကြောင်း မွန်
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ သိ ရသည်။
''နောက်ဆုံးအခြေအနေကတော့ တွေ့တဲ့ခေါင်းလောင်းကြီးကို ကြိုးနဲ့ချည် ထားတယ်။
နိုင်ငံတော်နဲ့ညှိနှိုင်းရမယ်။ နည်းတဲ့ ခေါင်းလောင်းကြီးမှမဟုတ် တာ။
ခေါင်းလောင်းကိုဆွဲဖို့ သင်္ဘော ကြီးလိုတယ်။ နိုင်ငံတော်ဆီက တောင်း ရမယ်''ဟု
မွန်ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုဆပ် ကော်မတီဒုဥက္ကဋ္ဌ
ဦးနိုင်မင်းအောင် (ခ) နိုင်ဝဲ့က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းတွေ့ပြီ ဟု ရှာဖွေဆယ်ယူရေးအဖွဲ့ခေါင်းဆောင်
ဦးစံလင်း၏သတင်းပေးပို့မှုနှင့် ဆယ် ယူရေးအထောက်အကူပြုအဖွဲ့မှ သြ
ဂုတ်၂၆ရက်တွင် တရားဝင်သတင်းထုတ် ပြန်လိုက်ပြီးနောက်
ယင်းသို့တောင်းဆိုရန်စီစဉ်နေခြင်းဖြစ်သည်။
ယခုတွေ့ရှိထားသော ခေါင်း
လောင်းကို ခေါင်းလောင်းရှာဖွေဆယ် ယူရေးအဖွဲ့များက နိုင်ငံတော်သို့တင်ပြ
သွားမည်ဖြစ်ပြီး ရေအောက်တွင်တွေ့ ရှိနေရသောခေါင်းလောင်းမှာ ဓမ္မစေတီ
ခေါင်းလောင်းဟုတ်မဟုတ် ယဉ်ကျေး မှုဝန်ကြီးဌာနက အတည်ပြုပေးရမည် ဖြစ်ကြောင်း
သိရသည်။
''တွေ့ရှိထားတဲ့ခေါင်းလောင်းက ဓမ္မစေတီခေါင်းလောင်းဟုတ်မဟုတ်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေ သနဦးစီးဌာနက ဆုံးဖြတ်အတည်ပြုပေး
ရမှာဖြစ်တယ်။ ဘယ်လိုသိနိုင်မလဲဆို တော့ နှစ်ကာလကြာရှည်မှုကိုကြည့်ပြီး
ဆုံးဖြတ်ရမယ်''ဟု ရန်ကုန်တက္ကသိုလ် ရှေး ဟောင်းသုတေသနပညာဌာန၊ ကထိက
ဒေါက်တာပြည့်ဖြိုးကျော်က ပြောသည်။
လက်ရှိအချိန်တွင် ဓမ္မစေတီခေါင်း
လောင်းရှာဖွေမှုအား ရှုခင်းသာဆိပ်ကမ်း အေးရှားပွိုင့်ဘိုးလင်းစင်တာတွင် လာ
ရောက်ကြည့်ရှုသူများပြားနေပြီး အလှူ ဒါနပြုလုပ်သူများလည်းရှိနေကြောင်း
သိရသည်။
ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ၏ထုတ်ပြန်ထားချက်အရ ရွှေတိဂုံ ဘု
ရား ရင်ပြင်ပေါ်သို့ သယ်ဆောင်မည့် အ ခြေအနေများကို အများပြည်သူက စိတ်
ဝင်စားမှုများရှိပြီး အချို့မှာလည်း မဖြစ် နိုင်ကြောင်း
ငြင်းခုံမှုများလည်းရှိနေသည်။
''တွေ့ဖို့အဓိက၊ တွေ့ပြီဆိုရင် အ
ပေါ်ရောက်ဖို့အဓိက။ ရွှေတိဂုံဘုရား ပေါ်မှာ ပူဇော်မယ်လို့ပြောတယ်။ ခေါင်း
လောင်းကကြီးတော့ ဒီအတိုင်းယူလို့ မရနိုင်ဘူး။ ကျောက်တော်ကြီးဘုရား သယ်သလို
သံလမ်း (မီးရထားသံလမ်း) ကနေ ရွှေ့ယူရမယ်။ ဒီအတိုင်းယူလို့မရ ဘူး။
ရွှေတိဂုံဘုရားပေါ်ကိုတော့ ဘယ် လို သယ်မလဲ။ ဘုန်းဘုန်းတို့စဉ်းစားလို့
မရဘူး''ဟု ဗောဓိမဏ္ဍိုင်ဆရာတော် ဦး စန္ဒိမာက မိန့်ကြားသည်။
ယင်းအပြင်
ဖေ့စ်ဘွတ်ခ်၊ လူမှုကွန် ရက်စာမျက်နှာများတွင် ဆယ်ယူရေး အဖွဲ့ခေါင်းဆောင်
ဦးစံလင်း စိတ်ကျန်း မာရေးချို့ယွင်းနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ
ယင်းနှင့်ပတ်သက်၍ ခေါင်းလောင်းဆယ်ယူရေးအထောက် အကူပြုအဖွဲ့
ပြန်ကြားရေးတာဝန်ခံ ဦး ကြည်ဝင်းက ယခုကဲ့သို့ ပြောကြားသည်။
''ဆရာဦးစံလင်းကတော့ ကျန်း မာတယ်။ သူတို့တစ်ဖွဲ့သားလုံးကျန်းမာ တယ်။
စိတ်ရော၊ ကိုယ်ပါကျန်းမာတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတက်တာတွေက မဟုတ်ပါဘူး။
အပြင်မှာကြားနေရတာ တွေမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ခေါင်းလောင်းတွေ့ရှိပြီးနောက် လက်ရှိအခြေအနေတွင် ကြိုးများဖြင့်
ဆိုင်းထားပြီး သောင်တူးစက်များနှင့်တူး ဖော်ကာ သဲများစုပ်ထုတ်သည့် လုပ်ငန်း
ဆောင်ရွက်နေကြကြောင်း သိရသည်။
#TheYangonTimes