30 Oct 2014

ဒီဇင်ဘာလကုန်တွင် လူဦးရေ၏ ၂၅သန်းအထိ ကွန်ရက်ဖြန့်ကြက်နိုင်တော့မည်ဟု အော်ရီဒူးပြော


၂ဝ၁၄ခုနှစ် ဒီဇင်ဘာလကုန် ပိုင်းတွင် နိုင်ငံလူဦးရေ၏ ၂၅သန်းအ ထိ ဖုန်းသုံးစွဲနိုင်မည့် ကွန်ရက်ဖြန့်ကြက် မှုကိုလုပ်ဆောင်နိုင်တော့မည်ဟု အော် ရီးဒူး ဆက်သွယ်ရေးကုမ္ပဏီက ထုတ် ဖော်ကြေညာလိုက်သည်။


အောက်တိုဘာ ၁ဝရက်တွင် နောက် ဆုံးကောက်ယူရရှိသည့်အချက်အလက် များအရ အော်ရီဒူးမြန်မာ၏နောက်ဆုံး ပေါ် မျိုးဆက်သစ်ကွန်ရက်က လွှမ်း ခြုံဖြန့်ကြက်လိုက်နိုင်မှု ပမာဏသည် လူဦးရေ ၁၂ ဒသမ၅သန်းအထိရှိနေပြီ ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏စီးပွား ရေးလုပ်ငန်းများဆိုင်ရာဌာန၏ အမှု ဆောင်အရာရှိဦးကျော်မင်းစိုးက ဆို သည်။


ရန်ကုန်မြို့တော်နှင့် တိုင်းဒေသကြီး အတွင်းတွင် စုစုပေါင်း ၄၄ မြို့နယ်ရှိ သည့်အနက် အောက်တိုဘာလကုန် ပိုင်းတွင် စုစုပေါင်း ၃၉ မြို့နယ်အထိ ကွန်ရက်ဖြန့်ကြက်နိုင်တော့မည်ဖြစ် ၍ ရန်ကုန်မြို့တော်၏အကျယ်အဝန်း ၉၅ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်မည် ဟု သိရသည်။


ထို့ပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စုစုပေါင်း ၂၈မြို့ နယ်အနက် ၁၇မြို့နယ်ကို အောက်တို ဘာလကုန်ပိုင်းတွင် ကွန်ရက်လွှမ်းခြုံ ထားနိုင်မည်ဟု အော်ရီဒူးမြန်မာအမှု ဆောင်အရာရှိချုပ်က ဆိုသည်။

ဗြိတိန်စုံတွဲအား သတ်မှုဖြင့်စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးအတွက် ဒုတိယအကြိမ် DNA စစ်ဆေးခွင့်ပြု


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့်စွပ် စွဲခံထားရသော မြန်မာအမျိုးသား နှစ်ဦးအား DNA စစ်ဆေးမှုထပ်မံ ပြုလုပ်ရန် ထိုင်းရဲတပ်ဖွဲ့က ခွင့်ပြု ပေးလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ်ပ ရာယုသ်က အောက်တိုဘာ ၂၉ ရက်ကပြောသည်။

နှစ်လောင်းပြိုင်လူသတ်မှုအ တွက် စွပ်စွဲခံထားရသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦး၏ DNA သည် အသတ်ခံခဲ့ရသူနှစ်ဦးမှ တစ်ဦး ၏ ခန္ဓာကိုယ်မှရရှိသော DNA နမူ နာနှင့်တူညီနေကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး စွပ်စွဲခံရသူနှစ်ဦးက လည်း ၄င်းတို့ကျူးလွန်ကြောင်း ဝန် ခံခဲ့သည့်အတွက် ထိုလူသတ်မှုအား ထိုင်းရဲ့တပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှု ကို အစောပိုင်းကချီးကျူးခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် ဝေဖန်မှုများ စွာ ဖြစ်ပေါ်လာသည်။

မြန်မာအလုပ်သမားနှစ်ဦးဖြစ် သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ သည် ဗြိတိန်အမျိုးသားကိုသတ်မှု၊ အမျိုးသမီးကို အဓမ္မကျင့်သတ်ဖြတ် မှုတို့ဖြင့် တရားစွဲခံခဲ့ရပြီး ၄င်းတို့က လည်း ဝန်ခံခဲ့သည်။ သို့သော် မကြာ သေးမီက ၄င်းတို့နှစ်ဦးက လူသတ် သည်ဟူသော ၄င်းတို့၏ဝန်ခံမှုကိုရုပ် သိမ်းကာ ထိုင်းရဲများ၏ညှဉ်းပန်းနှိပ် စက်မှုကြောင့် ဝန်ခံရခြင်းဖြစ်သည် ဟု ပြန်လည်စွပ်စွဲခဲ့သည်။

ယင်းကြောင့် လူသတ်မှုအပေါ် ထိုင်းရဲ၏ကိုင်တွယ် ဖြေရှင်းပုံနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ တွင်သာမက နိုင်ငံခြား၌ပင်ဝေဖန်မှု များရှိလာသည်။ ယင်းကြောင့် ဒုတိ မြောက် DNA စစ်ဆေးမှုပြုလုပ် ရန် ခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

''သံသယရှိသူတွေကို နောက် တစ်ကြိမ် DNA စစ်ဖို့ ခွင့်ပြုပေးမှာ ပါ။ စုံစမ်းစစ်ဆေးမှုမှာ မတရားဟု ထင်နေသူများရှိခြင်းကြောင့် ဒီလိုခွင့် ပြုပေးရတာပါ''ဟု ထိုင်းဝန်ကြီးချုပ် ပရာယုသ်က အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် သတင်း ထောက်များကို ပြောခဲ့သည်။

ထိုသို့ပြန်လည်စစ်ဆေးခြင်း သည် ထိုင်းရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး မြန်မာသံရုံးအနေဖြင့် ဝင် ရောက်စွက်ဖက်ပိုင်ခွင့်မရှိသည့်အ တွက် DNA စစ်ဆေးရာတွင် ပွင့် လင်းမြင်သာမှုမရှိမည်ကို မြန်မာသံ ရုံး အထူးစုံစမ်းရေးအဖွဲ့အနေဖြင့် စိုးရိမ်ကြောင်း သံရုံးအထူးကိုယ် စားလှယ်အဖွဲ့မှ သိရသည်။

မြန်မာသံရုံးအထူးစုံစမ်းရေး အဖွဲ့ ကိုမင်းဦးက

''ဘားပိုင်ရှင် သူဌေးသားကိုပါ စစ်ဆေးခွင့်ရပြီလို့ သိရပါတယ်။ ကာယကံရှင် (ဘားပိုင် ရှင်၏သား) ကိုယ်တိုင်ကလဲ စစ်ဆေး ခွင့်ပြုပြီလို့ကြားတယ်။ ဒါပေမဲ့ အဲ့ဒီ စစ်ဆေးချက်အပေါ်ကိုတော့ ပွင့်လင်း မြင်သာမှုရှိမရှိကို စိုးရိမ်ရမယ့်အနေ အထားပါ။ တရားခံတွေရဲ့ sample က ဘယ်လိုရှိလဲမသိတဲ့အပြင် ဒီ လိုစစ်ဆေးမှုကို ထိုင်းရဲရဲ့ လုပ်ပိုင် ခွင့်အပိုင်းဆိုတော့ ကြားဝင်ပိုင်ခွင့် လဲမရှိပါဘူး။ အဲ့ဒီစစ်ချက်ပေါ် မူ တည်ပြီး အခြေအနေဘယ်လိုပြောင်း သွားမလဲဆိုတာ ခန့်မှန်းရခက်ပါ တယ်''ဟု ပြောသည်။

ဝေဖန်ခံနေရသော်လည်း ထိုင်း ရဲကဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ငြင်းဆိုကာ ၄င်းတို့သည် သံသယရှိသူ များနှင့် သေဆုံးသူအမျိုးသမီးထံမှ ရရှိသော DNA များကို သေချာ စစ်ဆေးပြီး တူညီနေသောကြောင့် ယင်းကိုအခြေခံ၍ အမှုကိုအခိုင်အ မာတည်ဆောက်ခဲ့ခြင်းဟု ဆိုသည်။

ထိုလူသတ်မှုအား စုံစမ်းခြင်းအတွက် စိုးရိမ်ကြောင်း ဗြိတိန်အစိုးရကပြော ကာ စုံစမ်းမှုတွင်ပါဝင်ကူညီမည်ဟု ကမ်းလှမ်းမှုကြောင့် ထိုင်းအစိုးရက ဗြိတိန်ရဲများကို စုံစမ်းစစ်ဆေးမှုများ တွင် လေ့လာသူအဖြစ်ပါဝင်ရန် ခွင့် ပြုပေးခဲ့သည်။

KZCH, KM, AFP

#Democracytoday

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် စံချိန်တင်ခဲ့သူ



အမေရိကန်နိုင်ငံ ၊ မီချီဂန်း ပြည်နယ် ၊ ဂျက်ဆင်မြို့လေးမှာ နေထိုင်တဲ့ အသက် အသက် ၁၇ နှစ်သာရှိသေးသော Broc Brown ဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး ဆယ်ကျော်သက် အဖြစ် ၂၀၁၄ ခုနှစ် ဧပြီလမှာ တရားဝင် တိုင်းတာကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူရဲ့ အရပ်ကတော့ ၇ ပေ ၁.၅ လက်မရှိပါတယ်။

Ref : GWR

#YangonMediaGroup

အိပ်ရင်းနဲ့ကွန်ပြူတာ သုံးချင်သူများအတွက်



အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 


အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။ 

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။ 

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။


အိပ်ရင်းနဲ့တော့ ဘယ်သုံးလို့ရပါ့မလဲ။ လှဲလျောင်းနေတဲ့ Position ကနေ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ 


အောက်ကိုလည်း မကျစေရဘူးလို့ ထုတ်လုပ်သူတို့က အာမခံထားပါတယ်။ အပူလွန်ကဲမှုကို ကာကွယ်ပေးဖို့အတွက်လည်း စားပွဲမှာ ပန်ကာ အဆင်သင့် ပါရှိပြီးသား ဖြစ်ပါတယ်။ အောက်ကို လပ်တော့ မကျနိုင်အောင်လည်း အဆင့်ဆင့် ချည်နှောင်၊ တပ်ဆင်ထားပေးတဲ့အတွက် သုံးနေရင်းနဲ့ အိပ်ပျော် သွားမယ်ဆိုရင်တောင် ရတယ်လို့ ဆိုပါတယ်။ 

အိပ်နေတဲ့ အနေအထားမှာတင် မကပါဘူး။ ထိုင်နေရင်းနဲ့လည်း စားပွဲတစ်လုံးလို ပြင်လို့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ထိုင်နေရင်းမှ ခါးညေင်းလာလို့ အိပ်ပြီး အသုံးပြုချင်သပဆိုရင် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Position ပြောင်းပေးလိုက်ရုံပဲလို့ ဆိုပါတယ်။ 

သို့ပေမယ့် လက်တော့ ညောင်းမှာတော့ အမှန်ပါပဲ။ ဥာဏ်ကြီးကြီးနဲ့ ထုတ်လုပ်လိုက်တာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး ညလုံးပေါက် Facebook သုံးတဲ့သူများအတွက် အံကိုက်ဖြစ်လောက်မယ်ထင်ပါတယ်။




တစ်စုံတစ်ယောက်



သင်မှာ သင့်ကိုနားလည်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို စိတ်ရှည်သည်းခံပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို စစ်မှန်စွာချစ်ခင်နိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ဂရုစိုက်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို အလေးထားပေးနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ဂုဏ်ယူလေးစားနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို နေ့စဉ် ဖုန်းမခေါ် စာမပိုပဲ မနေနိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ပေးထားတဲ့ အချိန်တွေမှာ မပျက်ကွက်နိုင်တဲ့ တစ်စုံတစ်ယောက်
သင့်ကို ဆုံးရှုံးသွားရမှာကို ကြောက်နေတဲ့ တစ်စုံတစ်ယောက်
အဲလို တစ်စုံတစ်ယောက်ရှိနေပါက သူကိုပြန်ချစ်ခင်လိုက်ပါ ။

အဲဒီ တစ်စုံတစ်ယောက်ရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ခွင့်ပြုဖိုရန်အတွက် နောင့်နေးမနေပါစေနဲ့ ။
အဲဒီ တစ်စုံတစ်ယောက်ကို အရေးမပါတဲ့ မတိုက်ဆိုင်မှု အနည်းငယ်ကြောင့် သင့်လက်မှ လက်လွတ်ဆုံးရှုံးမှု ဖြစ်သွားဖို ခွင့်မပြုလိုက်ပါနဲ့ ။

အကယ်၍ သင့်က တစ်စုံတစ်ခု မှားယွင်းစွာပြုလုပ်မိခဲ့ရင် ၀န်ခံပြီး ခွင့်လွတ်ပေးဖို အတွက် တောင်းပန်လိုက်ပါ ။

အဲဒီတစ်စုံတစ်ယောက်ကို နူးညံသိမ်မွေ့စွာ ဆုတ်ကိုင်ထားလိုက်ပါ ။
အဲဒီတစ်စုံတစ်ယောက်ကို နားပူနားဆာ ဒုက္ခပေးမယ့်အလုပ်မျိုးမလုပ်မိပါစေနဲ့ ။
အဲဒီတစ်စုံတစ်ယောက်ကို ယုံကြည်စွာ သစ္စာရှိလိုက်ပါ ။

Credit to: Original Writer

နည်းစနစ်ကျကျအတွေးအခေါ်

နာရီစုစုပေါင်း (၂၁၆) နာရီကြာမျှ ကမ္ဘာကြီးဟာ အလင်းရောင်လုံးဝမရှိတဲ့ အမှောင်ကမ္ဘာကြီး ဖြစ်နေလိမ့်မည်


NASA Report
27-10-2014

၂၀၁၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ကမ္ဘာကြီးဟာ(၆)ရက်တိုင်တိုင် အလင်းရောင်မရှိတဲ့ လုံးဝမဲမှောင်နေမယ့် အမှောင်ကမ္ဘာကြီး အဖြစ်ရောက်ရှိလာလိမ့်မယ်လို့ နာဆာ(NASA) အကြီးအကဲများက အတည်ပြုပြောကြားလိုက်ပါတယ်။


၂၀၁၄ ခုနှစ်၊ (၁၆-၁၂-၂၀၁၄)အင်္ဂါနေ့မှအစပြုပြီး (၂၂-၁၂-၂၀၁၄) တနင်္လာနေ့အထိ (၆)ရက်တိုင်တိုင် အလင်းရောင်လုံးဝမရှိတဲ့ အမှောင်ကမ္ဘာကြီးအဖြစ်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ နာဆာအဖွဲ့ကြီးမှ အတည်ပြုပြောကြားလိုက်ပါတယ်။ အဆိုပါ(၆)ရက်တာကာလအတွင်း (၃)ရက်တာ ကာလဟာ နေရောင်ခြည် လုံးဝမရောက်လာနိုင်တဲ့ ကမ္ဘာအဖြစ် ရှိနေမယ် လို့လည်းဆိုပါတယ်။ အကြောင်းကတော့ နေမှာဖြစ်ပေါ်လာမယ့် နေမုန်တိုင်းများ(Solar storms) ကြောင့် ထွက်ရှိလာမယ့် ဖုံမှန်(dust) များကြောင့် အာကာသထဲတွင် အမှိုက်သရိုက်များ (space debris) အမြောက်အများ ထွက်ရှိလာရာမှ နေရောင်ခြည်ရဲ့ ၉၀% ကို ဖုံးကွယ်သွားကြမှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါပေမယ့် နာဆာအကြီးအကဲကတော့ လူအများနေနဲ့ စိုးရိမ်စိတ်မလွန်ကဲကြရန် (မစိုးရိမ်ပါနဲ့လို့ ပြောတာမဟုတ်ပါ)၊စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကြရန်တိုက်တွန်းသွားပါတယ်။ ဒါဟာ နေမုန်တိုင်း ကျရောက်မှုရဲ့အကျိုးဆက်တစ်ခုဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀) အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ပြီး နာရီစုစုပေါင်း(၂၁၆)နာရီကြာမြင့်မှာ ဖြစ်ကြောင်းကိုလည်း
ပြောပြသွားခဲ့ပါတယ်။


အဆိုပါ(၆)ရက်တာအတွင်း ကာလဟာ ကမ္ဘာမြေကိုမကြာမှီရောက်လာတော့မယ်ဖြစ်လင့်ကစား ကမ္ဘာသူကမ္ဘာသားများအနေနဲ့ စိုးရိမ်ပူပန်စရာမလိုပါကြောင်း၊ ကမ္ဘာကြီးအနေနဲ့ ပြဿနာ ကြီးကြီးမားမားကြုံတွေ့စရာမရှိပါကြောင်း၊ အဲဒီကာလအတွင်း ဖြစ်လာနိုင်သမျှ အနောက်အယှက် တွေနဲ့ထိခိုက်မှုတွေကို ကာကွယ်ဖို့ကတော့ သဘာဝမဟုတ်တဲ့ အလင်းရောင်တွေ ကိုသာ အသုံးပြုကြ ဖို့ပဲရှိပါတယ်လို့ နာဆာအကြီးအကဲ တာဝန်ရှိ သူများက ပြောကြားသွားကြပါတယ်။

 
ဒေါက်တာထွန်းလွင်



ယာက္ခမကို တိုက်တဲ့ဆေး


အမျိုးသမီး တစ်ဦးဟာ အိမ်ထောင် ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆို ဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှု အရလည်း ဖြစ်၊ ဘာသာရေး အရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။


တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဥာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံးသွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါ တယ်။ ပြီးတော့ ဆေးလဲ ပေးလိုက် ပါသတဲ့။ ဒါမှလည်း သေကြောင်း ကြံကြောင်းကို မသိမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ် ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆို ဆက်ဆံပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေး တတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ် လာပြီး အတ္တတွေ နည်းလို့ အဆင်ပြေလာကြ ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလည်း လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေး ဟာ အတော်လေး သာယာ အဆင်ပြေ နေပါပြီ။

ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရနေတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆို ပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေ ပါတယ်။

"ငါ့သမီးကို ပေးလိုက်တာ အဆိပ် မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ"


သင်ခန်းစာ -

လူတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူးလို့ ပြောနေမယ့်အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်က အလိုအလျောက် ပြောင်းလဲ လာလိမ့်မယ်။ သင်ကောင်းလျှင် ကျိုးမဆိုးပါ မဟုတ်။ သင်ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ လိုအပ်သည်။ ကိုယ်ကောင်းဖို့ လိုအပ်သည်။ လုံးဝ ပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ ရလျှင်တောင် "လူတိုင်းဟာ မေတ္တာနှင့် မထိုက်တန် လျှင်တောင် မိမိကိုယ်ကိုက မေတ္တာနှင့် ထိုက်တန်သည်ဟု သတ်မှတ်ယူ၍ အမြဲ ကောင်းအောင် နေရ ပါမည်"။ မေတ္တာဟူက ရောင်ပြန်ဟပ်သည်။

အောင်ခမ်း (ရိုးရာလေး)

အခြေအနေ မကောင်းတဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး

  မြန်မာ့ပြုပြင်ပြောင်းလဲရေး, တရုတ်လွှမ်းမိုးမှု, သမ္မတအိုဘားမား, ဒေါ်အောင်ဆန်းစုကြည်, ကြားဖြတ်ရွေးကောက်ပွဲ, အာဆီယံ ထိပ်သီး အစည်းအဝေး,
အမေရိကန် သမ္မအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တိုပ အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – asiannew.net) 
 
 
လာမည့် နိုဝင်ဘာလသည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သော မှတ်တိုင် တခုဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်မှာ ၄ နှစ်ပြည့်ချိန် ဖြစ်သလို နောက်ထပ်ရွေး ကောက်ပွဲ ကျင်းပရန် ၁ နှစ်သာ လိုတော့သည့် အချိန်လည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေး ရမည့် လလည်းဖြစ်သည်။

တနည်းဆိုရသော် ပြီးခဲ့သည့် ၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံက ဆောင်ရွက်ခဲ့သည် များ၏ တိုးတက် အောင်မြင် မှုကို အကဲဖြတ်နိုင်မည့် အချိန်လည်းဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှ၏ ပြဿနာ အထူ ဆုံး နိုင်ငံဟု ဆိုကောင်း ဆိုနိုင်သည့် အခြေအနေတွင် ကာလရှည်စွာ ရှိနေခဲ့သော နိုင်ငံ၏အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မြင်တွေ့ခွင့် လည်း ရမည် ဖြစ်သည်။

ကုလားဖန်ထိုးသည့် ကစားပွဲ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုနှင့် ဝေးကွာခဲ့ကြောင်း မကြာခဏ မေ့လျော့နေကြ ပါသည်။ အစိုးရကိုယ်တိုင်၏ အမှတ်တမဲ့ ထုတ်ပြန် ချက်များသည်ပင် ၂၀၁၀ ရွေးကောက်ပွဲ ရိုးသားမှု မရှိကြောင်း ဖော်ပြနေသည်။ ပဲခူးဒေသမှ မဲဆန္ဒနယ်တခုတွင် မဲဆန္ဒရှင် ၁၀၂ ဒသမ ၉ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည့်  ယခင်သတင်းကို  ပြင်ဆင်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ကိန်းဂဏန်းအမှန်မှာ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်းဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်း အမ်းမြို့နယ်တွင်လည်း မဲဆန္ဒရှင် ၁၀၄ ဒသမ ၂၈ ရာခိုင်နှုန်းက မဲပေး ခဲ့သည်ဟု ဆိုခဲ့ပြီးနောက်ပိုင်းတွင် ၇၁ ဒသမ ၇၄ ရာခိုင်နှုန်းသို့ ပြန်လည် ပြင်ဆင်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)က ရွေးကောက်ပွဲ ကျင်းပခြင်း မရှိသည့် မဲဆန္ဒနယ်များ တွင် အနိုင်ရရှိသည်ဟု ကြေညာခြင်းများပင် ရှိခဲ့သည်။

အတိုက်အခံပါတီများက အနိုင်ရရှိရန် အလားအလာ ကောင်းနေသော မဲဆန္ဒနယ်များတွင် “ကြိုတင်မဲ” ဟုခေါ်သည့် မဲအမြောက်အမြား ထည့်သွင်း ရေတွက်ပြီး မူလရလဒ်ကို ပြောင်းပြန်ဖြစ်စေခဲ့၏။

ထိုသို့ ပေါ်ပေါ်ထင်ထင် လိမ်လည်မှုများ မြန်မာနိုင်ငံ တဝန်းလုံးတွင် ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သည်။

ထို့အပြင် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေတွင် တပ်မတော်က အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်ပါဝင်ရမည်ဟု ပြဋ္ဌာန်း ထားသည်။ ဥပဒေပြု လွှတ်တော် ၂ ရပ်လုံးတွင်လည်း ကိုယ်စားလှယ် အရေအတွက်၏ ၂၅ ရာခိုင်နှုန်းကို ရယူထား သည်။

အခန်း ၁၂ တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ ထည့်သွင်း ထားသည်။ လက်ရှိအုပ်ချုပ်ပုံကို ပြောင်းလဲရေးတွင် စစ်တပ်ကို ထိရောက်သည့် ဗီတိုအာဏာ အပ်နှင်းပေး ထားသည်။
အသေးစား ပြင်ဆင်ပြောင်းလဲရေး အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေကြမ်း တင်သွင်းမှ သာလျှင် စဉ်းစားသွားမည် ဖြစ်သည်။

သို့သော်လည်း အဓိကအချက်များ ပြင်ဆင်လိုလျှင်မူ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှု ရရှိနိုင်မည်ဟု အပိုဒ် ၁၀၄ တွင် ဖော်ပြထားသည်။

ထို့နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်ပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ အားလုံး၏ ၅၀ ရာခိုင်နှုန်း ကျော်က ထောက်ခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေသည် အတုအယောင် ဆန္ဒခံယူပွဲများနှင့် ရှုပ်ထွေးသည့် လုပ်ငန်းစဉ် ပေါင်း စပ်ထားပြီး စစ်တပ်က  စဉ်ဆက်မပြတ် အာဏာကို သွယ်ဝိုက်သောနည်းဖြင့် ချုပ်ကိုင်ထားနိုင်စေရန် ဥပဒေအရ နည်းအမျိုးမျိုးဖြင့် သတ်မှတ်ထားသော အပိုဒ်များကို ပြောင်းလဲ ပြင်ဆင်ရန် မဖြစ်နိုင်အောင် ပြုလုပ်ထားသည်။

၁၉၇၃ ခုနှစ်က ၁၉၇၄ အခြေခံဥပဒေ အတွက် ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲကလည်း ၂၀ဝ၈ ဖွဲ့စည်းပုံကဲ့သို့ပင် ယုံကြည်လက်ခံနိုင်စရာ မရှိသည့် ဆန္ဒခံယူပွဲဖြစ်ခဲ့သည်။ အကယ်၍ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လျှင်လည်း ပုဒ်မ ၄၁၃ တွင် သမ္မတက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို ကာကွယ်ရေး ဦးစီးချုပ်သို့ လွှဲပြောင်းပေးရန် ခွင့်ပြုထားသည်။

အမှန်တရားကိုမျက်ကွယ်ပြုခြင်း

၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲပြီး၍ များမကြာမီအချိန်တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်း၊ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို ပြန်လွှတ် ပေးခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် ကတိပြုခြင်း၊ တိုင်းရင်းသား လက်နက် ကိုင်များနှင့် ပြည်တွင်းစစ်ကို ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းလိုကြောင်း ပြောကြားခဲ့ခြင်း များကြောင့် နိုင်ငံခြားပညာရှင်များနှင့် အဖွဲ့အစည်းများက အခြေခံဥပဒေဆိုင်ရာ အခက်အခဲ အတားအဆီးများနှင့် လူတဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတခု၏ အကျိုး အတွက် ဦးတည်ထားခြင်းများကို အပြစ်မယူဘဲ ခွင့်လွှတ်ခဲ့ကြသည်။ ဦးသိန်းစိန်သည် မျက်နှာသစ်တဦး မဟုတ်သည် ကိုလည်း မေ့လျော့ခဲ့ကြသည်။

ဦးသိန်းစိန်၏ သမ္မတသက်တမ်း အစပိုင်းလများ အတွင်း ကမ္ဘာတလွှားရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများက သပိတ်မှောက်ထားသည့် အပယ်ခံနိုင်ငံ အဖြစ်မှ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလေးထားမှုကို ရရှိသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ လာခဲ့သည်။

ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ပေးခဲ့ကာ အမေရိကန် ကလည်း တချို့ကို ရုပ်သိမ်း ပေးခဲ့သည်။

ထို့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လတွင် စေလွှတ်ခဲ့ပြီးနောက် တနှစ်ကြာသည့်အခါ အမေရိကန်သမ္မတ ဘားရက် အိုဘားမားလည်း ရောက်ရှိ လာခဲ့သည်။ ၂၀၁၃ ခုနှစ် မေလတွင် ဦးသိန်းစိန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဝါရှင်တန်မြို့တော်မှ ပညာရှင်များလည်း ပိုပြီး အလုပ် လုပ်လာကြပြီး ခါတော်မီ ကျွမ်းကျင်သူများက မြန်မာ နိုင်ငံမှ ပြုပြင်ပြောင်းလဲရေးကို  စတင်ချီးမွမ်း မြှောက်ပင့်လာကြသည်။ ၁၉၆၂ ခုနှစ်မှ စ၍ စစ်တပ်၏ ကြမ်း တမ်းရက်စက်စွာ အုပ်ချုပ်မှုအောက်၌ ရှိနေခဲ့သော နိုင်ငံတွင် စစ်တပ်က နိုင်ငံရေးတွင် ခိုင်မာစွာ စွက်ဖက် ပါဝင်နေမှုကိုလည်း လျှော့တွက်ခဲ့ကြသည်။

၂၀၁၂ ခုနှစ်နှောင်းပိုင်း၌ စစ်တပ်က မြန်မာနိုင်ငံမြောက်ပိုင်းမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို အဓိက ထိုးစစ်တခု ပြုလုပ်ခဲ့ပြီးနောက် ဝါရှင်တန် အခြေစိုက် ဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန(CSIS) က ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၀ ရက် နေ့တွင် အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် “မြန်မာနိုင်ငံမှ ဒေသဆိုင်ရာ စစ်ဌာနချုပ်များသည် ပုံမှန် အတိုင်းအတာ မဟုတ် သည့် ကိုယ်ပိုင် လုပ်ပိုင်ခွင့်များဖြင့် ကာလကြာရှည်စွာ ပြုမူကျင့်သုံး ခဲ့ကြသည်၊ စစ်တိုင်းမှူး အမြောက် အမြားက ၎င်းတို့ တာဝန် ယူရသည့် ဒေသများကို ပုဂ္ဂိုလ်ရေး အရ အပိုင်စားရသည့် နေရာများ သဖွယ် သဘောထားခဲ့ကြသည်၊

အာဏာသိမ်း စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံတွင် လက်နက်ကိုင် တော်လှန်သည့် အဖွဲ့ အနည်းဆုံး တဒါဇင် ခန့်နှင့် ရင်ဆိုင်နေရ ချိန်ဆိုလျှင် ထူးခြားချက် မဟုတ်ဘဲ နားလည်နိုင်သည့် ကိစ္စဖြစ်သည်၊ သို့သော်လည်း ဒီမိုကရေစီ ပေါ်ပေါက် လာပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်နေသည့် အချိန်တွင်မူ အစိုးရ အပေါ် ယုံကြည်မှု ပျက်စီးစေပြီး စစ်တပ်၏ လူနည်းစု အစိတ်အပိုင်း တခုကို အဖျက်သမားများ အဖြစ် လုပ်ဆောင်ရန် ခွင့်ပြုသလို ဖြစ်နေသည်” ဟု ဖော်ပြထားသည်။

KIA ကို တိုက်ခိုက်သည့် အချိန်တွင် စစ်တပ်က ရုရှားနိုင်ငံမှ ထောက်ပံ့ပေးထားသည့် ဟိုင်းအမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တရုတ်နိုင်ငံလုပ် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ၊ လက်နက်ကြီးများနှင့် တင့်ကားများကိုပင် အသုံးပြုခဲ့သည်။

KIA ကို တိုက်ခိုက်ရန် အမိန့်သည် နေပြည်တော်ရှိ အကြီးဆုံးနေရာမှ ရောက်လာခြင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ထိုသို့ဖြစ်ပွားခြင်းမှ တားဆီးရန် ဆန္ဒရှိခဲ့လျှင် တားဆီးနိုင်စွမ်း မရှိခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ပင်။

အမေရိကန်နိုင်ငံ Johns Hopkins School of Advanced International Studies မှ 38 North အမည်ရှိ ကိုရီးယား လေ့လာရေး ဌာနအတွက် ရေးသားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် 38 North အမည်ရှိ အစီရင်ခံစာ တစောင်တွင် Melissa Henham က မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ စနစ်တကျ စုဆောင်းထားသော သတင်းများကို မေးခွန်းထုတ်ခဲ့သည်။

“စစ်အစိုးရကို မယုံကြည်သည့် သဘောထားချင်း မတိုက်ဆိုင်သူများက ၂၀ဝ၈ ခုနှစ်အတွင်း မြန်မာ အဆင့် မြင့် အရာရှိများ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်တခု၏ သတင်းနှင့် ဓာတ်ပုံများ ကို ထုတ်ပေးခဲ့ကြသည်။

ထိုခရီးစဉ်တွင် အီဂျစ်၊ ဆီးရီးယားနှင့် အီရန်နိုင်ငံများသို့ တင်ပို့ရန် ချိတ်ဆက်ထားသည့် စကတ်ဒ် ဒုံးကျည် ထုတ်လုပ် သည့် စက်ရုံတခု အပါအဝင် လက်နက်စက်ရုံများသို့ သွားရောက်ခဲ့ကြသည်” ဟု အဆိုပါ အစီရင် ခံစာတွင် ဖော်ပြထား သည်။

သံသယဖြစ်ဖွယ်ရာ သတင်းပေးပို့မှုသည် မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် မြောက်ကိုရီးယား၏ ပတ်သက် မှု အပေါ် စိုးရိမ် ပူပန်ကြသည့် မြန်မာအစိုးရ အရပ်ဘက် ဝန်ထမ်းများထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထီးကျန် ဒဏ်ခတ် အရေးယူထားသည့် နိုင်ငံအဖြစ်မှ ပူးတွဲဆောင်ရွက်ခြင်းသို့ မူဝါဒ ပြောင်းလဲလာရခြင်းတွင် မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံ ရေးက အဓိကအကြောင်းရင်း တရပ်ဖြစ်ပြီး နေပြည်တော်မှ မြန်မာအစိုးရကို မြောက်ကိုရီးယားနှင့် အဆက် အသွယ် ဖြတ်တောက်စေရန် ဆွဲဆောင်ခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံမှ အုပ်ချုပ်ရေးပိုင်းကို နှစ်သိမ့်နေရန် စိတ်အားထက်သန်နေသည့် Melissa Henham ယူဆခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ပေါ်ပေါ်ထင်ထင် စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး များကြောင့် အမေရိကန် မဟုတ်သည့် ပညာရှင်များသည်လည်း မကြာမီမှာပင် အမေရိကန်၏ အတွေးအခေါ်နောက်သို့ လိုက်လာကြသည်။

ဩစတြေးလျ နိုင်ငံ ကင်ဘာရာ (Canberra) တွင် အခြေစိုက်သည့် ပညာရေးဝက်ဘ်ဆိုက် တခုဖြစ်သော New Mandala မှ အယ်ဒီတာ တဦးဖြစ်သည့် နီကိုလပ်စ် ဖာရယ်လီ (Nicholas Farrelly) က သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရေးကို စတင်ဦးဆောင်နိုင်ခဲ့သဖြင့် နိုဗဲလ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်သူ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလတွင် ရေးသားခဲ့သည်။

Financial Times သတင်းစာမှ သတင်းထောက်ဟောင်း ဂွင်းရော်ဘင်ဆင် (Gwen Robinson) က မြန်မာ နိုင်ငံမှ ပြုပြင်ပြောင်းလဲရေး သမား ဦးသိန်းစိန်ကို “နားထောင်တတ်သည့် အကြီးအကဲ (the Listener-in-Cheif)”ဟု Foreign Policy မဂ္ဂဇင်းတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလထုတ်တွင် ရေးသားခဲ့သည့် ဆောင်းပါး တပုဒ်တွင် အမည်ပေးခဲ့သည်။

သူ ထုတ်ဖော်ပြသခဲ့ခြင်း မရှိသည့် အချက်တခုမှာ သူသည် ဦးသိန်းစိန်က အကန့်အသတ်မဲ့နီးပါး အခွင့် အရေး ပေးထားသည့် နိုင်ငံခြားသတင်းထောက် အနည်းငယ်ထဲတွင် တယောက်အပါအဝင် ဖြစ်ပြီး ဦးသိန်း စိန်နှင့်အတူ ခရီးစဉ်များ လိုက်ပါခဲ့ဖူးခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဂျာမနီနိုင်ငံမှ တချို့ပညာရှင်များသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒီမိုကရေစီ အုံကြွ တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည့် သွေးလွှမ်းသော ၁၉၈၈ ခုနှစ်မှ ဖြစ်ရပ်များ အထိ သမိုင်းကို ပြန်လည် ရေးသားခြင်းဖြင့် အလုပ်များ နေခဲ့ကြသည်။

မြန်မာ့အရေးပညာရှင် ဟန့်စ်ဘန်းဇိုလ်နာ (Hans Bernd Zollner) က အာဏာရှင် ဦးနေဝင်းက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရေဒီယိုမှ နေ၍ အကယ်၍ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်လာခဲ့လျှင် တပ်မတော်က မိုးပေါ်ထောင်ပစ်မည် မဟုတ်၊ တည့်တည့်သာ ပစ်လိမ့်မည်ဟု အမှန်တကယ်ပြောကြားခဲ့ခြင်း ရှိမရှိ မေးခွန်းထုတ် လိုက်သည်။

ဩဂုတ်လတွင် ထိုအတိုင်း တကယ်ဖြစ်လာခဲ့ပြီး လမ်းပေါ်သို့ထွက်၍ တိုင်းပြည်ကို အုပ်ချုပ်သူများ အပေါ် မကျေနပ်မှုများကို မျိုသိပ်မထားနိုင်တော့ဘဲ ဖော်ထုတ်လာကြသည့် ပြည်သူထောင်ပေါင်းများစွာကို စစ်တပ်က ပစ်သတ်ခဲ့သည်။ ထိုသို့ အစုအပြုံလိုက် သတ်ဖြတ်ခြင်းကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းနှင့် သပိတ်မှောက်ခြင်းများ ဖြစ်ပေါ်စေခဲ့၏။

Nordic Institute of Asian Studies မှ မကြာသေးမီက ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာအုပ်တွင် ဂျာမနီနိုင်ငံ Frankfurt ရှိ Goethe တက္ကသိုလ်မှ Michael Lidauer ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ သော ရွေးကောက်ပွဲနှင့် ပတ်သက်၍ “မဲရလဒ်များ မရရှိမီ အချိန်မှာပင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) က အခြေခံဥပဒေသစ် ရေးဆွဲပြီးမှ သာလျှင် အရပ်သား အစိုးရကို အာဏာလွှဲပြောင်းပေးလိမ့်မည် ဖြစ်သည်ဟု ကြေညာခဲ့သည်။ ထိုလုပ်ငန်းစဉ်သည် ဆယ်စုနှစ် ၂ ခု ကြာမြင့်ခဲ့သည်” ဟု ရေးသားခဲ့သည်။ အမှန် တကယ်အားဖြင့် ထိုကြေညာချက်သည် ရွေးကောက် ပွဲပြု လုပ်အပြီး ၂ လကြာသည့် ဇူလိုင်လ ၂၇ ရက်နေ့ကျမှ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ပထဝီနိုင်ငံရေး အရှိတရား

ထို့ကြောင့် ပြီးခဲ့သည့် ၄ နှစ်တာ ကာလကို အလေးအနက် သုံးသပ်ကြည့်ပါက မည်သို့ အဖြေထုတ် နိုင် မည်နည်း။ ပထမဆုံး အနေဖြင့် ပြောရလျှင် မြန်မာစစ်ဗိုလ်ချုပ်များက ဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားပြီး အရပ်သားများသို့ အာဏာလွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည် ဆိုသည့် ဖြစ်နိုင်ခြေကို ငြင်းပယ် ရပေလိမ့်မည်။

ရန်ကုန်နှင့် ဘန်ကောက် အခြေစိုက် အနောက်တိုင်း သံတမန်များ ပြောကြသလို မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက် လည်ပတ် လေ့လာခဲ့ကြပြီး ပိုမိုလွတ်လပ်သော နိုင်ငံရေးနှင့် စီးပွားရေးစနစ်များဖြင့် တိုးတက် နေကြပုံ များကို တွေ့မြင်ခဲ့ကြပြီးနောက် မိမိတို့နိုင်ငံတွင် မူဝါဒသစ်များ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု ယူဆရန် ကလည်း အလားတူပင် မဖြစ်နိုင်ပါ။

ထိုအဆိုသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ပိုင်းကာလများတွင် နိုင်ငံရပ်ခြားများသို့ သွားရောက်နိုင် သော လူနည်းစုသည် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များသာ ဖြစ်ကြသည်ဆို သည့်အချက်ကို ထည့်သွင်း စဉ်းစားပါက မဖြစ်နိုင်သည်ကို တွေ့ရမည် ဖြစ်သည်။

အဖြေက ရှင်းပါသည်။ ပထဝီနိုင်ငံရေးနှင့် စစ်အရာရှိကြီးများက မြန်မာပြည်သူများကို အားလုံးကို ခေတ် အဆက်ဆက် ကျင့်သုံးလာခဲ့သော ဖိနှိပ်ကန့်သတ်သည့် စနစ်များဖြင့် ဆက်လက်ထိန်းချုပ်ထားရန် မဖြစ်နိုင် သည်ကို သိနားလည်လာ ကြ၍ ဖြစ်ပါသည်။ သူတို့က နိုင်ငံကို နိုင်ငံတကာမှ လက်ခံနိုင်သော အသွင် သဏ္ဌာန် မျိုးဖြင့် သူတို့၏ ကိုယ်ကျိုး စီးပွား အတွက်လည်း ပိုမိုအဆင်ပြေစေမည့် အနေအထားသို့ ပြောင်း လဲပြီး နိုင်ငံကို ဆက်လက်ချုပ်ကိုင် လိုကြသည်။

နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးလိုက်ပြီး နောက်တွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့်ကမ္ဘာ့ဘဏ် အစရှိသော ငွေချေးသည့် အဖွဲ့ အစည်းများ နှင့်လည်း ထိတွေ့ဆက်ဆံ လာနိုင် ခဲ့သည်။

လေ့လာစောင့်ကြည့်သူများက မျှော်လင့်ထားသည့် အဆင့်အထိ မရောက်ရှိခဲ့သော်လည်း နိုင်ငံခြား ရင်းမြှုပ် နှံမှုများ တစိမ့်စိမ့် စီးဝင်လာသည့် အချိန်တွင် မြင့်တက်လာသည့် အကျင့်ပျက်ခြစားမှုနှင့် ဗျူရိုကရေစီ အတား အဆီးများက အရှိန်အဟုန်ကို နှေးကွေးစေခဲ့သည်။

တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်း အချက်အလက်များ အရ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှုမှာ တိုးတက်လာသော်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဒေါ်လာ ၂၅၉ ဒသမ ၆ သန်းဖြင့် နိမ့်ပါးစွာ ရပ်တည်လျက်ရှိပြီး ထိုပမာဏမှာ ၂၀၁၂ ခုနှစ်မှ စတင်၍ တွက်ချက် ရရှိသည့် တလ ပျမ်းမျှ ဒေါ်လာ၂၉၆ ဒသမ ၇ သန်းထက်ပင် နည်းပါးနေသည်ကို တွေ့ရှိရသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ယခင်က တရုတ်အပေါ် အားထားမှီခို နေရသည်ကို များစွာ လျှော့ချနိုင်ခဲ့ပြီး ထိုအချက် သည်ပင်လျှင် ယခုပြုလုပ် နေသည့် ပြုပြင်ပြောင်းလဲရေး ဟုဆိုသည့် လုပ်ငန်းစဉ်များ အတွက် နောက်ကွယ်မှ အဓိကတွန်းအား တရပ်လည်း ဖြစ်သည်။

ပထဝီနိုင်ငံရေးသည် အနောက် နိုင်ငံကြီးများ အတွက်လည်း အရေးကြီးသော အချက် တခုဖြစ်သည်။ အထူး သဖြင့် အမေရိကန်ပြည် ထောင်စုလို အင်အားကြီးနိုင်ငံမျိုး အတွက် ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများ အတွက် ဟန်ပြ ကတိစကားများ ပေးလာသည့် အချိန်တွင် အမေရိ ကန် က ၎င်း၏ မူဝါဒကို ပြောင်းလဲလာခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ထားရှိခဲ့သော ပြစ်တင် ရှုတ်ချမှုများနှင့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံနှင့် အတိုင်းအဆမရှိ ရင်းနှီးသော ဆက်ဆံရေး ရရှိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

အမေရိကန်၏ နည်းဗျူဟာ ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အမေရိကန် လုံခြုံရေး ကျွမ်းကျင်သူနှင့် စီအိုင် အေမှ ဆန်းစစ် လေ့လာသူ အရာရှိဟောင်း Marvin Ott က Los Angeles Times ၌ ၁၉၉၇ ခုနှစ် ဇွန်လအတွင်းက သတင်း တပုဒ် ရေးသားခဲ့သည်။

“အမေရိကန် နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိနှိပ်ခံရမှုတွေ အတွက် ဆက်လက်ပြီး ဝေဖန်ပြောဆို တာတွေကို လုပ်နိုင်ပါတယ်၊ လုပ်လည်း လုပ်သင့်ပါတယ်။ ဒါပေမယ့် အဲဒီမှာ လုံခြုံရေး ကိစ္စတွေ၊ တခြား အမျိုးသားရေး ဆိုင်ရာ ကိစ္စရပ်တွေ လုပ်ဆောင်စရာတွေလည်း ရှိနေပါတယ်။ အဲဒီအတွက်ကို တခြား နည်းလမ်းတွေ ပြောင်းလဲသုံးစွဲဖို့ အချိန်ကျပြီလို့ ထင်ပါတယ်” ဟု Ott က သုံးသပ်ခဲ့သည်။

၂၀ဝ၀ ပြည့်နှစ် အစောပိုင်းကာလများတွင် မြန်မာနှင့် မြောက်ကိုးရီးယား နိုင်ငံအကြား စစ်ရေး အရ ပူးပေါင်း လုပ်ဆောင်မှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ အနေဖြင့် ဆက်ဆံရေးကို ဟန်ချက် ညီမျှအောင် ပြုလုပ်ရန် ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားက  မြန်မာနိုင်ငံသို့ ဥမင်လိုဏ်ခေါင်းတူးခြင်းနှင့် ပတ်သက်သော ကျွမ်းကျင်မှု အတတ်ပညာ ထောက်ပံ့ပေးခြင်း အပြင် လက်နက်ကြီးများ၊ ရေဒါနှင့် လေကြောင်းကာကွယ်ရေး စနစ်များ ရောင်းချပေးခဲ့ပြီး အမြောက်နှင့် ဒုံးကျည်ဆိုင်ရာ နည်းပညာများကို ပေးအပ်ခဲ့သည်ဟု အာရှနှင့် အနောက်တိုင်း ထောက်လှမ်း ရေး အဖွဲ့အစည်းများက စွပ်စွဲခဲ့ကြသည်။

တချိန်တည်းမှာပင် မြန်မာစစ်တပ်ဘက်မှလည်း တရုတ်အပေါ် မှီခိုရမှုများ ကြီးထွားလာမည်ကို စိုးရိမ်လာ ခဲ့ကြသည်။ ၂၀ဝ၄ ခုနှစ် ဩဂုတ်လ အစောပိုင်းတွင် စာမျက်နှာ ၃၄၆ မျက်နှာပါ “A Study of Myanmar – US Relations” အမည်ရှိ စာတမ်းတစောင်ကို ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ရေးသားပြုစုခဲ့သည်။

ထိုစာတမ်းတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံ အပေါ် သံတမန်ရေးရာ မိတ်ဖက်အဖြစ် လည်းကောင်း၊ စီးပွား ရေးဆိုင်ရာ ထောက်ပံ့သူ အဖြစ်  မှီခိုနေရခြင်းက လည်းကောင်း တိုင်းပြည်၏ လွတ်လပ်ရေးကို ထိပါးလာနိုင် သည့် အမျိုးသား အရေးပေါ် အခြေအနေကို ဖန်တီးနိုင်ကြောင်း ဖော်ပြထားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ် ရွေးကောက်ပြီးချိန်၌ အနောက်နိုင်ငံနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ် ပေါ်လာစေရန် ပြုလုပ်ရန် လိုအပ်သည်။ သို့မှသာလျှင် အစိုးရ အနေဖြင့် ကမ္ဘာနှင့် ပိုမိုကောင်းမွန်စွာ ဆက်ဆံ နိုင်လိမ့်မည် ဟုလည်း စာတမ်းတွင် ဖော်ပြထားသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့်   မူဝါဒချမှတ်သူများသည်  မြန်မာနိုင်ငံက တရုတ်အပေါ် မှီခိုနေမှုကို လျှော့ချခြင်း မပြုမီကာလနှင့် အနောက်နိုင်ငံများနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ခြင်း မပြုမီ ကာလများအတွင်း ဖြေရှင်းရမည့် ပြဿနာများကို ကြိုတင် သိမြင်ထားပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။

၂၀ဝ၄ ခုနှစ် အတွင်းရှိခဲ့သော အဓိကပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။

သူ့ကို ထိန်းသိမ်းထားသည့် အချိန်များတွင် ဖိအား ပိုများပြီး ထိန်းသိမ်း မထားပါက ဖိအားလျော့နည်းသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းအားဖြင့် အနောက်တိုင်းနှင့် ဆက်ဆံရေးကို တိုးတက်အောင် ပြုလုပ်နိုင်ကြောင်း စာတမ်းတွင် စောင်းပါးရိပ်ခြည် ဖော်ပြထားသည်။ အစီအစဉ်၏ အဆုံးစွန် ရည်မှန်းချက်မှာ အတိုက်အခံများကို ချေမှုန်းရေးသာ ဖြစ်ပါသည်။

ထိုစာတမ်းတွင် ထပ်မံဖော်ပြထားသည်မှာ အစိုးရ အနေဖြင့် မီဒီယာနှင့် ပြည်ပသို့ ရောက်ရှိနေသူများက လုပ်ကိုင်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို ယှဉ်နိုင်ပြိုင်နိုင်ဖွယ် မရှိသည့် အတွက် အမေရိကန် နိုင်ငံရေး သမားများနှင့် လွှတ်တော်အမတ်များကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်နိုင်ခဲ့ပါက နိုင်ငံတကာ၏ မြန်မာအစိုးရအပေါ် ထားရှိသော သဘောထားကို ပြောင်းလဲစေရန် အထောက်အကူ ဖြစ်လာနိုင်သည် ဟူ၍ ဖြစ်သည်။

လတ်တလော နိုင်ငံရေးပြောင်းလဲမှုများ မတိုင်ခင် ကာလများတလျှောက် အမေရိကန်ကွန် ဂရက်အမတ်များ အပါအဝင် အမေရိကန် နိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး ယခင်အစိုးရ လက်ထက်က ပြင်းပြင်ထန်ထန် ရှုတ်ချခဲ့ကြပုံမျိုးနှင့် မတူဘဲ ပိုမိုအပြုသဘော ဆောင်သော ဝေဖန်မှုများ ပြုခဲ့ကြသည်။

ထိုအမြင်များက ယခုအချိန်တွင် ဝမ်းမြောက်ကျေနပ်ဖွယ်ရာ အဖြစ် ထွက်ပေါ်လာသည်။“မြန်မာနိုင်ငံသာ အောင်မြင်ခဲ့ရင် ကျနော်တို့ အတွက် သေနတ်တချက် မပစ်ရဘဲနဲ့ မိတ်ဖက်နိုင်ငံသစ်တခု ထပ်ရလာမှာ ဖြစ်ပါတယ်” ဟု အမေရိကန် သမ္မတအိုဘားမားက ယခုနှစ် မေလအတွင်းတွင် ပြောကြားခဲ့သည်။

ဤနေရာတွင် သမ္မတအိုဘားမား ပြောကြားခဲ့သော အောင်မြင်ခဲ့ရင်ဆိုသည်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆိုလိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သမ္မတအိုဘားမား စိတ်ကူးထားသော အာရှကို အလေးပေးသည့် “Asian Pivot” အစီအစဉ် အတွက်မူ မြန်မာနိုင်ငံကို တရုတ်လွှမ်းမိုးမှုမှ ခွဲထုတ်နိုင်ရေးသည် ထပ်တူထပ်မျှ အရေးကြီးသည့် အကြောင်းရင်း တရပ်မဟုတ်ဟု မယူဆနိုင်ပါ။

အဓိကစိတ်ပျက်ရခြင်းများ

တရုတ်နိုင်ငံသည်  အဓိက စိုးရိမ်စရာတခု မဟုတ်လျှင်ပင် အမေရိကန်၊ အနောက်နိုင်ငံများနှင့် တခြား ဒီမိုကရေစီ နိုင်ငံများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်သို့ ဦးတည်သွားနေသည် ဟု အများက မျှော် လင့်ထားကြသည့် ဖြစ်စဉ်မှ နေ၍ နောက်ကြောင်းပြန် သွားနေသည့် လတ်တလော အခြေအနေများကို မျက်ကွယ်ပြု မထားသင့်ပါ။

ပထမဆုံးသော စိတ်ပျက်စရာ အကြောင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးနေရာ ယှဉ်ပြိုင် ခွင့်ရရှိရန် အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်း စိတ်ပျက်စရာအနည်းနှင့် အများဆိုသလို ကြုံတွေ့ နေရ သည်။ သူ၏ NLD ပါတီသည် ၂၀၁၂ ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ တွင်ကိုယ် စားလှယ် ၄၆ နေရာအနက် ၄၄ နေရာဝင် ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အနိုင်ရရှိ သူများထဲတွင် အပါအဝင်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များသည် အစိုးရ၏ မူဝါဒများနှင့် ပတ်သက်၍ စိန်ခေါ်မှု သို့မဟုတ် ဩဇာလွှမ်းမိုးမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်း စုကြည်၏ အနီးတွင် ရှိနေသောသူများက လာမည့် နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ပြီးလျှင် NLD က လွှမ်းမိုးသည့် အစိုးရအဖွဲ့ တခုရှိလာမည်ဟု ယုံကြည်ပြီး ရာထူးနေရာ အတွက် စတင် အလုပ်ရှုပ်နေကြသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်မှ စစ်ပွဲနှင့် ရခိုင်ပြည်နယ်မှ မွတ်စလင်များ အတွက် တစုံတရာ ပြောကြားပေးရန် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း အကယ်၍ NLD က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အများစု ရရှိခဲ့ လျှင်ပင် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေအရ ဝန်ကြီးများ သို့မဟုတ် ဒုတိယဝန်ကြီးများ အဖြစ် တာဝန်ထမ်း ဆောင်မည့် လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် ကိုယ်စားလှယ် နေရာမှ နုတ်ထွက်ပေးရမည် ဖြစ်သည်။

ထိုသို့သော လစ်လပ်နေရာများကို ပြန်ဖြည့်ရန် အတွက် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစိုးရရာထူး လက်ခံသူများသည် တာဝန်ထမ်းဆောင်စဉ် သက်တမ်း အတွင်းတွင် ပါတီ၏ အရေးကိစ္စ များတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရပေ။

ထို့ကြောင့် ဥပမာအား ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲနောက်ပိုင်းတွင် ပညာရေး ဝန်ကြီး ဖြစ်လာခဲ့လျှင် သူ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တယောက် မဖြစ်နိုင်တော့ဘဲ NLD ပါတီ၏ တာဝန်များကိုလည်း ထမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။

စစ်တပ်က လိုချင်သည်မှာလည်း ထိုနည်း အတိုင်း ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဘေးကို ရောက်သွားပြီး ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းမှ သူ၏ အခန်းကဏ္ဍသည်လည်း အနည်းဆုံး ထိုတကြိမ် အတွက်တော့ ပြီးဆုံးသွားမည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးတွင် ခေတ်သစ်တခုဆီသို့ ဦးတည်သွားရန် ဖြစ်နိုင် ဖွယ်ရာ မရှိဖို့က ပိုပြီး အလားအလာကောင်း နေပါသည်။ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ ကလည်း ကြီးမားသော ပြောင်း လဲခြင်း မရှိအောင် တားဆီး ထားသည်။

ပါလီမန်နှင့် အစိုးရက နေ့စဉ်ကိစ္စများကို ဂရုစိုက် လုပ်ဆောင်နေရ ချိန်တွင် စစ်တပ်က အရပ်ဘက်၏ ထိန်းချုပ်မှု သို့မဟုတ် စစ်ဆေးမှု၏ အပြင်ဘက်တွင် ၎င်း၏ ကိုယ်ပိုင် ကိစ္စများကို အာရုံထား လုပ်ဆောင် နေနိုင်ပြီး တချိန်တည်းမှာပင် ပြည်သူများက ပြောင်းလဲရန် ဆန္ဒရှိနေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လည်း ဗီတိုအာဏာကို ဆက်လက် ကိုင် စွဲသွားမည် ဖြစ်သည်။

ထို့ပြင် ယခုအချိန်တွင် မြန်မာအစိုးရသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဖြစ်၍  ဒဏ်ခတ် အရေးယူမှု အများစုကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် ပိုမိုသော လွတ်လပ်ခွင့်များ ပေးခဲ့ပြီး နှစ်အနည်းငယ် အကြာတွင် အစိုးရက သူ့ထိန်းချုပ်မှုကို ခိုင်မာအောင်ပြန်ပြီး ပြုလုပ်နေပြီ ဖြစ်သည်။
သို့သော်လည်း “ပြည်သူထံမှ ဆင်းသက်သည့် အာဏာ” ကို မည်သူမျှ လျှော့မတွက်သင့်ပေ။

ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရန် ခက်သလို နောက်ကြောင်းပြန် သွားရေးသည် အမြဲလိုပင် အလွန်ခက်ခဲ ပါသည်။

မြန်မာပြည်သူများသည် လွတ်လပ်မှု၏ အရသာကို ခံစားသိရှိပြီး ဖြစ်သည်။ အာဏာရှင် ဆန်သည့် စနစ်ဆီ သို့ ပြန်သွားရန် အားထုတ်မှုမှန်သမျှ ကို ခုခံတော်လှန်ကြမှာ သေချာနေသည်။

မြန်မာ နိုင်ငံအနှံ့အပြားတွင် အစိုးရနှင့် ကုမ္ပဏီကြီး များက ၎င်းတို့ ပိုင်ဆိုင်သော မြေများကို သိမ်းယူသည့် အတွက် ပြည်သူများက ဦးဆောင်သည့် ဆန့်ကျင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်က အရှင်းလင်းဆုံး သင်္ကေတ တခုပင် ဖြစ်သည်။

စာနယ်ဇင်းသမားများ ကလည်း ပိုမိုစုစည်းလာကြပြီး လွတ်လပ်စွာ ထုတ်ဖော် ခွင့်နှင့် ပတ်သက်သည့် အခက် အခဲ အတားအဆီးများကို ပိုမိုတောင်းဆိုလာနေကြသည်။

ဒေါ်အောင် ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှား မှုတွင် ခေါင်းဆောင်သူနေရာမှ ပါဝင်သော် လည်း ဖိနှိပ် ကန့်သတ်မှုကို ဆန့်ကျင်ပြောဆိုရန် ပိုပြီးဆန္ဒ ရှိနေသော တခြားသူများလည်း ရှိနေပါသည်။

ပြည်တွင်း စီးပွားရေး သမားများ တိုးတက်လာခြင်းနှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ဝင်ရောက် လာခြင်း ကြောင့် အကျင့်ပျက် ခြစားမှုကို မြင့်တက်စေသည်။ သို့သော်လည်း စစ်တပ်သည် စီးပွားရေးတွင် ၎င်းတချိန်က ရှိခဲ့သည့် အထင်ကရ ခိုင်မာသော နေရာတွင် ဆက်လက် ရပ်တည်နိုင်မှာ မဟုတ်တော့ပေ။

အဘယ်ကြောင့် ဆိုသော် အဆင့်မြင့် အရာရှိအများစုသည် စီးပွားရေး အသိုင်းအဝိုင်း သစ်တွင် အထောက်အပံ့ ပေးမည့်သူများ ရှိနေပြီ ဖြစ်သည်။

သို့သော် စစ်တပ်၏ အားကောင်းခိုင်မာမှု ကျဆင်းသွားခဲ့လျှင်ပင် မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား နိုင်ငံမှာကဲ့သို့ စစ်တပ်က နောက်ဆုံးတွင် အုပ်ချုပ်ရေး ကိစ္စများမှ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာသွား သလိုမျိုး တွေ့ရှိရရန် မဖြစ်နိုင်ပါ။

အလှမ်း မဝေးသည့် ကာလတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖော်ဆောင်ရေးသည် အကောင်းအမြင်ဆုံး မျှော်လင့်ထား သည့် အတိုင်း မဖြစ်နိုင်လျှင်ပင် အားလုံးက အချိန်ယူရမည် ဖြစ်သည်။

သို့သော်လည်း အနည်းဆုံးတော့ ယခင်နှစ် အနည်းငယ်က ထက်စာလျှင် အခြေအနေမှန်ကို မြင်တွေ့နေနိုင်ပါသည်။

ယခုအချိန်သည် ပညာရှင်များနှင့် အနောက်တိုင်းမှ လေ့လာစောင့်ကြည့်သူများအနေဖြင့် ၎င်းတို့၏ မျက်မှန်ထူကြီးများ ကို ချွတ်၍ ယနေ့ မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေကို အလေးအနက် ကြည့်ဖို့ အရေး ကြီးသည့် အချိန်ဖြစ်ပါ သည်။ လှပသည့် မြင်ကွင်း တခုတော့ မဟုတ်ပါ။ သို့သော်လည်း ထိုကဲ့သို့တခါ မှ ဖြစ်မနေခဲ့ဖူးပါ။    ။


(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bertil Lintner ၏ A Wolf in Sheep’s Clothing: Making Sence of Myanmar’s Political Reforms ကို နိုင်မင်းသွင်နှင့် ဆုလာဘ်ရတနာ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

 
http://burma.irrawaddy.org/article

27 Oct 2014

ကမ္ဘာတိုင်အောင် ကျော်ကြားလာသည့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါး



ပခုက္ကူ ဒေသသည် ယခင်က သွားလာမှု ခက်ခဲသည်။ မန္တလေး သွားလိုလျှင် မြင်းခြံသို့ မော်တော် တစ်တန် မြင်းလှည်း တစ်တန် သွားရသည်။ ရန်ကုန် သွားချင်လျှင် မော်တော် စီး၍ ညောင်ဦးမှ တစ်ဆင့် လိုရာ ခရီးကို သွားကြရသည်။ ဇက် နှင့် တစ်ဖုံ ၊ စက်လှေ နှင့် တစ်မျိုး သွားလာခဲ့ ရသည်။ အချို့က ပခုက္ကူမြို့ ကို " ဆူးကြားထဲက နှင်းဆီမြို့ " ဟု တင်စား ခေါ်ကြသည်။ ပခုက္ကူ ဒေသသည် နယ်ပယ် ကျယ်ဝန်းသည်။ သီးနှံ ၊ သယံဇာတ ပေါများသည်။ ဘာသာ သာသနာ ထွန်းကားသည်။ လူပုဂ္ဂိုလ် ၊ ရဟန်း ပုဂ္ဂိုလ် ၊ ပညာရှင်များ ပေါ်ပေါက်ရာ မှီတင်း နေထိုင်ရာ ဒေသလည်း ဖြစ်သည်။ ယနေ့ ခေတ်အခါတွင် ဆင်ဖြူရှင် - ဧရာဝတီ မြစ်ကူးတံတား ကြီးကြောင့် မြို့ပြ လူနေမှု အဆင့်အတန်း မြင့်လာသည်။ သွားလမ်း လာလမ်း လွယ်ကူလာသည်။


မကြာခင် ကောင်းကင်လမ်းပါ အဆင်ပြေလာမည် ဆိုလျှင် နှင်းဆီမြို့ သည် အတိုင်းထက် အလွန် ဖွံ့ဖြိုး လာမည်မှာ အမှန်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း အားကောင်း လာသောကြောင့် လည်းကောင်း၊ တန်ခိုးကြီး ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်စံပျော်ရာ ဒေသလည်း ဖြစ်သောကြောင့် ပြည်တွင်း ဧည့်သည် ပြည်ပ ဧည့်သည် များပါ အဝင်အထွက် များလာသည်။ ပခုက္ကူ ဒေသ၏ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား လည်း ပြည်တွင်းမှ ဝယ်ယူ အားပေးမှု များလာသည်။ ပခုက္ကူ ရောက်သူတိုင်း အိမ်ပြန် လက်ဆောင် ရှင်မတောင် သနပ်ခါး ကို တစ်ခုတ်တရ ၀ယ်ယူ ကြသည်။ နာမည်ကျော် ရှင်မတောင် သနပ်ခါးအား ပြည်တွင်း ခရီးသည်များသာ ဝယ်ယူသည် မဟုတ်ပါ။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန် မြို့သူလေး များကပါ စိတ်ဝင်တစား ဝယ်ယူ နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင် မှတ်တမ်းတင် မိသည်။ ပခုက္ကူ ဒေသ ရှင်မတောင် သနပ်ခါးသည် မြန်မာကျော် သာမက ကမ္ဘာတိုင်အောင် ကျော်ကြား တော့မည်မို့ ဒေသခံ ပြည်သူ တစ်ဦးပီပီ ဒေသချစ်စိတ် မြန်မာပြည် ချစ်စိတ် နှင့် မြန်မာ့အလှ ရှင်မတောင် သနပ်ခါးအား ဂုဏ်ယူရေးသား တင်ပြ လိုက်ရပါသည်။


နေဦးမောင် ( ပခုက္ကူ )
#Themyawadydaily
#မြ၀တီနေ့စဉ်


ရန်ကုန်မြို့တွင် အမျိုးသမီး သီးသန့် ယာဉ်လိုင်း စတင်ပြေးဆွဲ



နံပါတ် ၃၁ယာဉ်လိုင်းမှ ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မှစတင်၍ တောင်ဥက္ကလာပ မှစတင်၍ လမ်းမ တော် ဘုန်းကြီးလမ်း အထိပြေးဆွဲပါတယ်။

ရုံးတက် ရုံးဆင်းချိန်များတွင် အမျိုးသမီးများ သွားလာရေးအဆင်ပြေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ်တယ် လို့ သိရပါတယ်။ နံနက် ၇ နာရီမှ ၉နာရီနှင့် ည နေ၄နာရီမှ ၆နာရီအထိပြေးဆွဲပေးမှာဖြစ်ပါတယ်။

 
BBC Burmese


23 Oct 2014

သတ္တိ



♻ သတ္တိ ♻

ကိုယ်တန်ဖိုးထားတာတခုကို ရွေးချယ်လိုက်ပြီး၊ အဲဒါကို ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တန်ဖိုးမထားဘူး၊ အထင်မကြီးဘူး ဆိုပါတော့။ အဲဒီလိုဆိုရင် ရွေးချယ်ရဲတဲ့ သတ္တိ ရှိရဲ့လား။


ကိုယ့်လမ်းကိုယ် မရွေးဘဲနဲ့ သူများနောက်ကို ယောင်ယောင်မှားမှားနဲ့ ရောပြီးတော့ လိုက်တဲ့သူဟာ သတ္တိမရှိဘူး။ သူများနောက်ကို မလိုက်ဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ့်လမ်းကိုကိုယ် ရွေးတဲ့သူဟာ အကြီးမားဆုံး သတ္တိ ရှိတဲ့သူပဲ။



ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့ကိုယ် သိပြီးတော့ ကိုယ် မှန်တယ်ထင်တာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး တာဝန်သိသိ မလုပ်နိုင်သေးသ၍ ဒီလူက တကယ်အင်အားရှိတဲ့လူ၊ တကယ်သတ္တိရှိတဲ့လူ၊ တကယ်အသက်ဝင်နေတဲ့လူ၊ တကယ်ဖွံ့ဖြိုးတဲ့ လူတယောက် ဖြစ်မလာသေးဘူး။




ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အယူအဆ မတူတဲ့အခါ၊ ကိုယ့်မိသားစုနဲ့ ကိုယ်နဲ့ကိုပဲ အယူအဆ မတူတဲ့အခါမှာ ကိုယ့်ကို ဝိုင်းပယ်လိုက်ကြမှာ အင်မတန် ကြောက်တယ်။ သူတို့နဲ့ ကိုယ်နဲ့ အယူအဆ မတူတာ၊ ခံယူချက် မတူတာဟာ သူတို့ကို မလေးစားတာ မဟုတ်ဘူး။ ကျေးဇူးကန်းတာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ပြောပြီး ရန်မလုပ်ပဲနဲ့၊ စိတ်မဆိုးပဲနဲ့၊ ကြောက်ပြီးတော့ လိုက်လျှောတာလည်း မဖြစ်ပဲနဲ့၊ ကိုယ့်ရဲ့ ပင်ကိုယ်ဥာဏ်ကို အဆုံးရှုံး မခံပဲနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ် နေသွားရမလဲဆိုတာ တော်တော်ကို ဥာဏ်ကြီးကြီးနဲ့ တော်တော်ကို သတ္တိရှိရှိ စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။



ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို သဘောထားမလဲ၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို ဆက်ဆံရမလဲ၊ “ ငါ ဘယ်လိုလူလဲ ” ဆိုတဲ့ မေးခွန်းကို မေးမယ် ဆိုရင်တောင်မှ သတ္တိ တော်တော်လိုတယ်။ “ ငါ တကယ်ရိုးသားတဲ့သူ ဟုတ်ရဲ့လား ” ဆိုတဲ့ မေးခွန်းကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက်လိုလဲ ဆိုတာ ရိပ်မိမယ်၊၊ ပြီးတော့ “ ငါဟာ ဘယ်လောက်ထိအောင် ကောင်းတဲ့ လူတယောက် ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်ထိအောင် စိတ်ထား နူးညံ့တဲ့ အေးချမ်းတဲ့ မြင့်မြတ်တဲ့ လူတယောက် ဖြစ်လာနိုင်သလဲ ” ဆိုတဲ့ မေးခွန်းမျိုးကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက် လိုမလဲလို့၊၊ အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ရင်ဆိုင်ရတဲ့အခါမှာ ရှိရမဲ့ သတ္တိမျိုးကို မွေးသွားနိုင်ပြီဆိုရင် အပြင်မှာ ရှိနေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ပိုပြီးတော့ ကြီးမားတဲ့ တည်ငြိမ်မှု အေးချမ်းမှု ရှိတဲ့စိတ်နဲ့ ရင်ဆိုင်သွားမှာ ဧကန်မုချပဲ။ ဒါကြောင့် အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ရင်ဆိုင်ဖို့က သတ္တိပိုပြီး လိုအပ်ပါတယ် ဆိုတာကို နားလည်ဖို့ လိုတယ်။




သူ့ ဆီက ဘာမှပြန် မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိ လိုပါတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုး မထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာဘဲ။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိ လိုတယ်၊၊ အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ ရာနှုံးပြည့် ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိ လိုတယ်။ တကယ် သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ထားတာ သိထားတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ သတ္တိ လိုတယ်။ ဆန့်ကျင်ဘက် ပြောဖို့ သတ္တိ လိုတယ်လို့ ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိ လိုတယ်။



ပိုပြီးတော့ ကောင်းတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာဖို့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ကြိုးစားရတာ သတ္တိ လိုပါတယ်။ ရိုးသားမှုရှိဖို့ ဆိုတာ သတ္တိ အင်မတန် လိုပါတယ်။ ကိုယ်ကျင့်တရား ရှိဖို့ ဆိုတာလည်း သတ္တိ အင်မတန် လိုပါတယ်။ တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့ ကြိုးစားတာ၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး တခု ရထားတာကို ဆုံးရှုံးမသွားဖို့၊ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသား ကာကွယ်တာ၊ ထိန်းသိမ်းတာဟာလည်း သတ္တိပါဘဲ။




တခုခုကို ဖန်တီးဖို့ တီထွင်ဖို့ သတ္တိ လိုတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးတွေကို ကြီးထွားလာအောင် လုပ်တာ၊ ပိုပြီးတော့ လွတ်လပ်တဲ့သူဖြစ်အောင်၊ ပိုပြီးတော့ တာဝန်ကျေတဲ့ တာဝန်သိတဲ့ တာဝန်ယူနိုင်တဲ့ လူတယောက် ဖြစ်လာအောင် ပုံဖေါ်တာဟာလည်း တီထွင် ဖန်တီးတာပဲ။ ဒါ သတ္တိရှိမှ လုပ်နိုင်တယ်။ ငါဟာ လူသားတယောက်ပါ၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ့်ဘဝကို နေသွားနေတဲ့ လူသားတယောက်ပါ ဆိုတဲ့အနေနဲ့ ရပ်တည်ဖို့ ဆိုတာ သတ္တိ အများကြီး လိုတယ်။ သူများနောက်လိုက် မဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တဲ့သူ၊ ကိုယ့်လမ်းကို ကိုယ်ရှာပြီး သွားနေတဲ့သူ ဖြစ်ဖို့ သတ္တိ အများကြီး လိုပါတယ်။ နေ့စဉ် နေ့စဉ် တနာရီပြီး တနာရီ၊ တမိနစ်ပြီး တမိနစ် တွေ့ကြုံနေရတဲ့ ကိစ္စတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် တခုကို ချဖို့ သတ္တိ လိုပါတယ်။




အတွင်းလွတ်လပ်မှုလို့ခေါ်တဲ့ စိတ်ရဲ့ လွတ်လပ်မှုကို တကယ် အထိခိုက်မခံဖို့ ထိန်းသိမ်းဖို့က ပိုပြီးတော့ ကြီးမားတဲ့ သတ္တိ လိုအပ်ပါတယ်။




သတ္တိ မရှိရင် သင်ဟာ တကယ်ချစ်တဲ့သူ မဖြစ်နိုင်ဘူး။ အားငယ်နေတဲ့ သူဟာ အားကိုးရမဲ့သူကိုပဲ ရှာတယ်။ တကယ်ချစ်တာ မဟုတ်ဘူး၊၊တကယ်ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ သူနှစ်ယောက်ရဲ့ ဆက်ဆံရေးပဲ ဖြစ်တယ်။ သတ္တိ မရှိတဲ့သူဟာ အားငယ်တတ်တဲ့သူဟာ ယုံကြည်စိတ်ချတတ်တဲ့သူ မဟုတ်ဘူး။ သူများကို ယုံတယ်ဆိုတာ စိတ်ဓာတ်အင်အား ကြီးတဲ့သူမှသာ လုပ်နိုင်တယ်။ မိသားစု အချင်းချင်းတောင် မယုံကြတာ ရှိတယ်၊၊ သတ္တိမရှိတဲ့သူဟာ အမှန်တရားကို စူးစမ်းမှု မလုပ်နိုင်ဘူး။ အမှန်တရားကို ရှာဖွေစူးစမ်းတယ် ဆိုတာ ဟုတ်ရဲ့လား မှန်ရဲ့လား ဆိုတဲ့ မေးခွန်းကို မေးနိုင်တဲ့သူမှသာ လုပ်နိုင်တယ်။ သတ္တိ မရှိတဲ့သူဟာ အပြင်မှာ အားကိုးစရာတွေကို လိုက်ရှာနေတယ်။ သူ့အသိဥာဏ်ကို သူ အားမကိုးဘူး။ သတ္တိ မရှိတဲ့သူဟာ ထီထိုးတယ်။ သတ္တိ ရှိတဲ့သူဟာ အလုပ် လုပ်တယ်။




သဘာဝမကျတာကို ယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲ ဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် သဘာဝကျရဲ့လား ဆိုတာကို မေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝ မကျတာကို ရဲရဲကြီး ပယ်လိုက်ပါ။ အဲဒါ သတ္တိ ပဲ။




ကိုယ်ဘာကို တကယ် ယုံကြည်သလဲဆိုတာ မသိတဲ့သူ၊ ကိုယ်ဘာကို ယုံကြည်တယ်ဆိုတာ မသိတဲ့အတွက် ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက် အတွက်နဲ့ ခိုင်ခိုင်မာမာ မရပ်တည်နိုင်တဲ့သူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး၊၊ ကိုယ့်ရဲ့ အစွမ်းအစတွေ ကိုယ့်ရဲ့သတ္တိတွေ ကိုယ့်ရဲ့ အရည်အချင်းတွေဟာ ဘယ်လိုဟာတွေလဲ ဆိုတာကို မသိပဲနဲ့ တစုံတယောက်က ကိုယ့်ကို ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာအောင် သူတို့ ကျေနပ်အောင် ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ တယောက်ယောက်ရဲ့ အကြိုက်အတိုင်း နေပြရတယ်ဆိုရင် အဲဒီလူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။





တခုခုကို လုပ်တဲ့အခါမှာ “ဘာဖြစ်လို့လုပ်တယ်” ဆိုတဲ့ အရင်းခံ အကြောင်းတရားက ကိုယ့်ရင်ထဲကမှ မလာလို့ရှိရင် အဲဒီအလုပ်ကို သတ္တိရှိရှိ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ် သတ္တိရှိဖို့ လိုတယ်။ ဆရာဝန်လုပ်လည်း သတ္တိရှိဖို့ လိုတယ်။ အရောင်းအဝယ် တခုခု လုပ်မယ် ဆိုရင်လည်း ငါ ရိုးရိုးသားသား ရောင်းမယ်ဝယ်မယ်၊ ငါ့ရဲ့ အရောင်းအဝယ် လုပ်ငန်းနဲ့ ငါ့ ပတ်ဝန်းကျင်ကို အကျိုးပြုမယ် ဆိုတဲ့စိတ်နဲ့ လုပ်နိုင်ဖို့ သတ္တိ အများကြီး လိုတယ်။ တကိုယ်ကောင်းဆန်ဆန် မတရား အမြတ်များများရဖို့ မကြိုးစားပဲ သင့်ရုံလောက် အမြတ်ရရင် တော်ပြီ ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့ သတ္တိ လိုတယ်၊၊ ဘယ်လိုအလုပ်ပဲ လုပ်လုပ် ကိုယ့်ရင်ထဲမှာ ရှိနေတာနဲ့ ကိုယ်အပြင်မှာ ပြောနေ ဆိုနေ လုပ်နေတာနဲ့ဟာ ထပ်တူဖြစ်မှသာ သတ္တိ ရှိတဲ့သူလို့ ပြောလို့ရမယ်။




👏
သူများအထင်ကြီးတာ ခံရဖို့၊ သူများကြိုက်ဖို့၊ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာ၊ အခွင့်အရေး တခုခုရဖို့ ကိုယ့်ခံယူချက်နဲ့ တကယ်မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာဟာ သတ္တိ မရှိရာရောက်တယ်။



ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာရှိတဲ့ လူတယောက်လို့ ခံစားရတာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့ လူတယောက် ၊ တန်ဖိုးထားထိုက်တဲ့ လူတယောက်၊ လေစားစရာကောင်းတဲ့ လူတယောက်လို့ ခံစားရတာဟာ သတ္တိရဲ့ အခြေခံဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်ရင် သတ္တိရှိတဲ့သူ မဖြစ်နိုင်ဘူး။



👏👏👏
အပေါ်ယံ ပစ္စည်းဥစ္စာတို့ ရာထူးတို့ကို ကြည့်ပြီးတော့ သတ္တိရှိတဲ့သူလို့ ပြောလို့ မရဘူး။ ပစ္စည်းဥစ္စာ ချမ်းသာချင်လည်း ချမ်းသာနေမယ်၊ ရာထူးလည်း ရှိချင်ရှိနေမယ်၊ ဒါပေမဲ့ အတွင်းမှာတော့ သတ္တိနည်းတဲ့သူ ဖြစ်နေနိုင်တယ်။



👏👏👏
ဂလဲ့စားခြေတဲ့အနေနဲ့ တုံ့ပြန်တာဟာ သတ္တိ မဟုတ်ဘူး။



👏👏👏
ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာနိုင်ဖို့ ဆိုတာ မှန်ကန်တဲ့ ပြတ်သားတဲ့ ခံယူချက် ဦးတည်ချက် တန်ဖိုးထားစရာတွေ ရှိပြီးတော့၊ အဲဒီ ကိုယ်တန်ဖိုးထားတာတွေအတွက် သတ္တိရှိရှိ ရပ်တည်နိုင်မှသာ အဲဒီ ကောင်းတာတွေဟာ ဖြစ်လာမယ်။



👏👏👏
ကိုယ့်မှာ ဘယ်လိုအင်အားတွေ၊ ဘယ်လိုအရည်အချင်းတွေ၊ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲ ဆိုတာ သိရမယ်။ ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းကို ကိုယ် ယုံကြည်ရမယ်။ အဲဒီလို ယုံကြည်မှု ရှိပြီးတော့ “ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်သဘောထား၊ ဟောဒါဟာ ငါ တကယ်လုပ်ချင်တဲ့ အလုပ်၊ ဒါကို ငါ တကယ်လုပ်မယ်၊ ဒါကို လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်။” လို့ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်။ အဲဒီလို ယုံကြည်မှုမှာ အခြေခံပြီးတော့ ကိုယ့်ဘဝကို ကိုယ် နေသွားရမယ်။ ကိုယ် တန်ဖိုးထားတာကို လုပ်သွားရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ နေသွား လုပ်သွားမှသာ သတ္တိဆိုတာ တနေ့တခြား တိုးပွားလာနိုင်တယ်။



👏👏👏
ပုံမှန်လေး၊ စိတ်ရှည်လက်ရှည်လေး၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လွတ်လပ်မှုဘက်ကို တဖြေးဖြေး ရှေ့တိုးသွားနေတာ၊ တနေ့ထက်တနေ့ ပိုပြီး လွတ်လပ်တဲ့သူ ဖြစ်အောင် ကြိုးစားနေတာ၊ အဲဒါက အခက်ဆုံးအလုပ် ဖြစ်တယ်။ အကြီးမားဆုံး သတ္တိလည်း လိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူ မမြင်နိုင်ဘူး၊ ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲ ဖြစ်နေတယ်။



👏👏👏
ငါ ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ အာရုံပြုပါ။ သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာ သိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားပါ။ အဲဒါ အခက်ဆုံးနဲ့ ကျေနပ်စရာ အကောင်းဆုံး အလုပ်ပဲ။ ဒါ ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်မှု ရှိတဲ့သူပဲ လုပ်နိုင်မယ်။ ဒါ တကယ့်စွန့်စားခန်းပဲ။
သတ္တိရှိရင် လုပ်လိုက်ပါ။ လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။ သတ္တိရှိမှ လွတ်လပ်မယ်။



ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
စိုးပိုင်၊၊

LIFE


နွေးထွေးသောနားလည်မှု


မိန်းမဖြစ်သူက မီးဖိုထဲ ထမင်းဟင်းချက်နေတယ်။ ယောက်ျားဖြစ်သူက ဧည့်ခန်းမှာ ကျွန်တော်နဲ့ စစ်တုရင် ကစားနေတယ်။

"ခဏဝင်လာခဲ့ပါ..." မိန်းမ လှမ်းအော်တယ်။ အသံကျယ်ပေမယ့် နွေးထွေးသိမ်မွေ့တယ်။
ယောက်ျား ချက်ချင်းထသွားတယ်။ မီးဖိုနဲ့ဧည့်ခန်းက ခြေလမ်းသုံးလေးလမ်းသာ လှမ်းရတယ်ဆိုပေမယ့် သူအပြေးလေးသွားတယ်။


မီးဖိုကထွက်လာတဲ့ ယောက်ျားရဲ့လက်ထဲမှာ ခရမ်းချဉ်သီးတစ်ခြမ်းပါလာတယ်။ ခရမ်းချဉ်သီးကို တစ်ကိုက်ကိုက်ရင်း "ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ" လို့ ကျွန်တော့်ကို သူမေးတယ်။
"မင်း ခရမ်းချဉ်သီး ကြိုက်တယ်လား?"
"သိပ်မကြိုက်ဘူး.." ခရမ်းချဉ်သီး တစ်ကိုက်ကိုက်ရင်း မီးဖိုဖက်ကြည့်ပြီး သူပြန်ဖြေတယ်။
"သူဘာလို့ မင်းကို ခေါ်တာလဲ? ပြီးတော့ ဘာလို့ ခရမ်းချဉ်သီးပေးလိုက်တာလဲ"
"ငါ ကြိုက်တယ်လို့ သူထင်လို့" သူက ဆက်ပြောတယ်။


"မင်္ဂလာဆောင်စက ငါတို့ အရမ်းကြပ်တည်းတယ်။ ငါကလည်း မလည်မဝယ်ဆိုတော့... အိမ်မှာ ဟင်းချက်တိုင်း သူက ငါ့ပါးစပ်ထဲ ခရမ်းချဉ်သီး တစ်ဖတ် ထိုးထိုးထည့်ပေးတတ်တယ်။ အဲဒီတုန်းက ခရမ်းချဉ်သီးကို ငါကြိုက်တယ်။ ဒါပေမယ့် ခု သိပ်မကြိုက်တော့ဘူး"
"မင်းမကြိုက်ကြောင်း သူ့ကို ဘာလို့ မပြောပြတာလဲ?"
"ဘာလို့ ပြောရမှာလဲ? တကယ်လို့ သူကျွေးတဲ့ ခရမ်းချဉ်သီးကို ငါမကြိုက်မှန်း သူသိသွားရင် သူစိတ်မချမ်းသာဖြစ်မှာပေါ့"
အဲဒီ စစ်တုရင်ကစားပွဲမှာ သူနိုင်သွားတယ်။ မီးဖိုဖက် သူလှည့်ပြီး အသံကျယ်ကြီးနဲ့ "မိန်းမရေ.. ငါ နိုင်ပြီဟ.. နင်ကျွေးတဲ့ ခရမ်းချဉ်သီးကိုစားပြီး ငါ အားတွေတိုးလာတယ်။ အတွေးတွေ သွက်လာတယ်" လို့ အော်ပြောတယ်။


အချစ်က လှစ်ဟပြသဖို့လိုတယ်။ လူနှစ်ယောက် ပေါင်းသင်းတာ ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ထုတ်ဖော်ပြသမှုတွေဟာ အသေးအမွှားကိစ္စတစ်ခုလိုဖြစ်ပြီး လျစ်လျူရှူမိတတ်တယ်။
ရေနွေးတစ်ခွက်ထည့်ပေးတာ၊ စောင်ခေါက်ပေးတာ၊ နောက်ပြောင်ကျီစယ်တာကအစ အစာတစ်ခု ပါးစပ်ထဲ ခွံ့ထည့်ပေးတာကအဆုံး ဒါဟာ အချစ်ရဲ့အရိပ်အယောင်ကို လှစ်ဟပြတာဖြစ်တယ်။ ဂရုစိုက်၊ အလေးထားတာကို ထုတ်ဖော်ပြတာဖြစ်တယ်။


ရေနွေးကအပူလောင်တတ်တယ်၊ စောင်က ခေါက်စရာမလိုဘဲ ခေါက်တယ်၊ နောက်ပြောင်တဲ့စကားတွေက နည်းနည်းကြမ်းတယ်၊ အစားက စားမကောင်းဘူးဆိုပေမယ့် မငြင်းဆန်လိုက်ပါနဲ့ ..... သင်ငြင်းဆန်တာဟာ အပြုအမူတစ်ခုကို ငြင်းဆန်တာမဟုတ်ဘဲ အချစ်တစ်ခု၊ ဂရုစိုက်မှုတစ်ခုကို ငြင်းဆန်တာ ဖြစ်သွားတတ် လို့ပါပဲ။


Credit to Original Writer
K.K(ကနောင်)

ကမ္ဘာ့အဆင့် ပရိသတ်ဖြစ်ဖို့ အသင့်ဖြစ်ပြီလား

 
 
ဖမ်းစားနိုင်လွန်းတဲ့ Myanmar U-19
*****************************************

အခုတလော မြန်မာ U-19 ဘောလုံး အသင်းအကြောင်းက ဟော့တ်ဖြစ်နေသည်။ တစ်နိုင်ငံလုံးလဲ ဒီလူငယ်လေးတွေရဲ့ ဖမ်းစား မှုကို မတွန်းလှန်နိုင်။ သူတို့အကြောင်းက လူတိုင်းလိုလိုရဲ့ နှုတ်ဖျားမှာရေပန်းစားနေ သည်။ ၂ဝ၁၅ မှာလုပ်မယ့် ကမ္ဘာ့ယူ-၂ဝ ပြိုင်ပွဲ ကို ဒီကလေးတွေ ဝင်ရောက်ကစားခွင့်ရပြီ ဆိုတာ တွေးမိတော့ တွေးသမျှအကြိမ်အတိုင်း ကျေနပ်ပျော်ရွှင်စိတ်တွေ ဖြစ်ရသည်။ သူတို့ အတွက်လည်း ကျေနပ်ရသည်။ နိုင်ငံအတွက် လည်း ကျေနပ်ရသည်။ ဒီလိုရလဒ်ဖြစ်လာ အောင် ဝိုင်းဝန်း ကြိုးပမ်းကြသူတွေအတွက် လည်းကျေနပ်သည်။

ပြီးတော့ မြန်မာ့ဘောလုံးပရိသတ်အတွက် လည်း ကျေနပ်သည်။

''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်'' ဆိုတဲ့မျှော်မှန်းချက်ကို မရသေးရင်တောင် ကမ္ဘာ့အဆင့်နားတော့ ချဉ်းကပ်မိပြီဟုယုံကြည်မိသည်။

ကမ္ဘာစော် လေးတော့ နံလာပြီလို့ဆိုနိုင်သည်။ ဒီတော့ ကျေနပ်စိတ်တွေဖြစ်ကြတာလည်းမဆန်း။ သို့သော် … …။

မော်ဒန်ပရိသတ်ကြီးရဲ့အားပေးမှုတွေ
******************************************

ပရိသတ်အတွက် ကျေနပ်မိတယ်ဆိုပေ မယ့် စိုးရိမ်စိတ်ကလည်းရှိပြန်သည်။ ဒီဘက် ခေတ် မြန်မာဘောလုံး ပရိသတ်ကလည်း ရာဇဝင်နဲ့။ တစ်ချိန်က အာရှထိပ်တန်းအဆင့် ရှိခဲ့တော့ လက်ရှိမြန်မာ့ဘောလုံးကို အာရှအဆင့် ပြန်ရောက်စေချင်ကြသည်။ ယခင်အာရှအဆင့် မှာ ဘတပြန် ကျားတစ်ပြန်ရင်ဆိုင် ယှဉ်ပြိုင်ရင်း အောင်ပွဲတွေ ရယူခဲ့စဉ်က ပြိုင်ဘက်တွေ အခုကမ္ဘာ့အဆင့်မှာ အကြိမ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်နေတာကို မြင်တွေ့နေရတော့လည်း မြန်မာ့လက်ရွေးစင်အသင်းကို အဲဒီလိုမြင်တွေ့ ချင်သည်မှာ မြန်မာပြည်သူဘောလုံးပရိသတ် ကြီးရဲ့ ကြီးစွာသောဆန္ဒဖြစ်သည်။

တစ်ဖက် မှာလည်း မြန်မာ့ဘောလုံးအဆင့်အတန်း တိုး တက်လာဖို့၊ ထိုက်တန်တဲ့နေရာပြန်ရဖို့အ တွက် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အပျော်တမ်း ကစားခဲ့ကြတဲ့ ဘောလုံးအားကစားကို Professional အဆင့်ရောက်လာအောင် စီမံလုပ် ဆောင်ခဲ့ကြတယ်။ နိုင်ငံခြားသားနဲ့ပြည်တွင်း အားကစားသမားတွေပေါင်းစပ်ဖွဲ့စည်းတဲ့ ဆုကြေးစား ဘောလုံးအသင်းတွေ တည်ထောင် ကြတယ်။ ပြည်တွင်းသက်သက်သာကစားနေ ရာက ပြည်ပအတွေ့အကြုံတွေရလာအောင် လုပ်တယ်။ ဒီတော့ ပရိသတ်တွေရဲ့ အာသာ ဆန္ဒက ပိုကြီးမားလာတယ်။

ဒါပေမဲ့ ပရိသတ်မျှော်လင့်သလိုရလဒ် မျိုးထွက်မလာသေး။ အထူးသဖြင့် (၂၇)ကြိမ် မြောက် SEA Game မှာ မြန်မာ့လက်ရွေး စင်အသင်း အုပ်စုကထွက်ရတဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူများနဲ့တကွ ဘောလုံး ပရိသတ်ကြီး ရင်ကွဲခဲ့ရတယ်။ ပရိသတ်တချို့ ဆိုရင် ဆူပူရမ်းကားမှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်။ SEA Game မတိုင်ခင်က နေပြည် တော်မှာ လုပ်တဲ့ ပြည်တွင်းကလပ်ပြိုင်ပွဲတစ်ခု မှာ ပရိသတ်တွေ ဆူပူသောင်းကျန်းပြီး SEA Game အတွက် ခမ်းနားထည်ဝါစွာ တည် ဆောက်ထားတဲ့ ဘောလုံးကွင်းသစ်ကြီးကို ရုပ်ဆိုးအကျည်းတန်အောင်ဖျက်ဆီးခဲ့ကြတယ်။

၂ဝ၁၃တုန်းကလည်း အိုမန်နိုင်ငံလက်ရွေးစင် အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကန်တဲ့ပွဲ တစ်ပွဲမှာ ပရိသတ်တွေ သောင်းကျန်းပြီး ကွင်းအတွင်း အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့လို့ တစ်ဘက်အ သင်း ကစားသမားတစ်ဦး သွေးထွက်သံယိုဖြစ် ခဲ့တယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အရေး ယူမှုကိုခံခဲ့ရတယ်။

အခု AFC U-19 ပြိုင်ပွဲမှာလည်းအုပ်စု အဆင့် အီရန်နဲ့ပွဲမှာ မြန်မာအသင်းရှုံး တာကြောင့် ပရိသတ်အချို့ ဖျက်ဆီးရမ်းကား မှုတွေ လုပ်ခဲ့တယ်။ ကွာတားအဆင့် UAE နဲ့ပွဲမှာ မြန်မာအသင်းနိုင်တဲ့အတွက် ပွဲအပြီး မှာ ကွင်းအတွင်းဝင်ရောက် အလွန်အကျူး အောင်ပွဲခံတယ်။

တကယ်တော့မပြီးသေးပါ ဘူး။ နှစ်ဖက်အသင်းကစားသမားတွေနှုတ်ဆက် ဖို့ရှိသေးတယ်။ ပရိသတ်တွေကို နှုတ်ဆက်ရ မည်။

ဧည့်သည်အသင်းကွင်းအတွင်းက ပြန် လည်ထွက်ခွာဖို့ရှိသေးသည်။

ပရိသတ်တွေ အပျော်လွန်ပြီး ကွင်းအတွင်းဝင်ရောက်လာ မှုက ရှုံးပွဲတွေ့ခဲ့တဲ့ ဧည့်သည်အသင်းကို မလေး စားရာရောက်သည်။ ဒီလုပ်ရပ်မှာ အကျိုး ဆက်တစ်ခုခုတော့ရှိနိုင်တယ်လို့ တီဗွီဖန်သား ပြင်ကို ကြည့်ရင်းတွေးမိတယ်။ အကျိုးဆက် ကဘာလဲ … …။

အပျော်လွန်အားပေးမှုရဲ့ရလဒ်
**********************************

နောက်တစ်နေ့ထုတ်သတင်းစာ။ ဂျာနယ် တွေမှာ အာရှအားကစားအဖွဲ့ချုပ်က မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ ဒေါ်လာ ၂၄,ဝဝဝ နဲ့ နှစ်နှစ်အတွင်း အိမ်ရှင်အဖြစ်ကန် ရမယ့် ပွဲတစ်ပွဲကို ပရိသတ်မပါဘဲကစားရမယ် ဆိုပြီး ပြစ်ဒဏ်ချလိုက်တယ်။ ကာတာနဲ့ကစား မယ့် ပွဲအတွက် နည်းပြနဲ့ တာဝန်ရှိသူတွေစိုး ရိမ်စိတ်ဖြစ်လာတယ်။ မီဒီယာတွေကနေတစ် ဆင့် မြန်မာ- ကာတာ ဆီးမီးပွဲရလဒ် ဘယ်လိုရှိရှိ ပရိသတ်တွေ အလွန်အကျွံအားမပေးဖို့လို ကြောင်း၊ ရှုံးခဲ့ရင်လည်း အရှုံးရလဒ်ကို ကျေကျေနပ်နပ် လက်ခံဖို့ တိုက်တွန်း မေတ္တာ ရပ်ခံလာတယ်။ မြန်မာ ပရိသတ်လုပ်ရပ်က ရှုံးတော့လည်း ပြဿနာရှာ၊ နိုင်တော့လည်း ပြဿနာဖြစ်နဲ့ မြန်မာဘောလုံး ပရိသတ်ကြီးမှာ တစ်ခုတော့လိုနေသည်။ အဲဒါကတော့ ပရိ သတ်ရဲ့ရင့်ကျက်မှုပါ။ အားကစားစိတ်ဓာတ် လို့လဲခေါ်နိုင်မည်။

ရင့်ကျက်တဲ့ လူငယ်အသင်း
******************************

လက်ရှိ မြန်မာ U-19 လူငယ်ဘော လုံးအသင်းကို အများကြီးချီးကျူးရမည်။ Skills ကောင်းတယ်၊ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်တယ်။ အပေးအယူလေးတွေကောင်း တယ်။ အထင်ရှားဆုံးကတော့ စိတ်ဓာတ် ကောင်းတယ်။ အရင် မြန်မာ့လက်ရွေးစင် အသင်းတွေမှာတွေ့ခဲ့ရတဲ့ ''မဖြစ်ညစ်ကျယ်''စိတ်ဓာတ်မျိုးတွေမတွေ့ရဘူး။ တစ်ဖက်အသင်း သားတွေ အဖျက်ကြမ်းရင်တောင်ပြန်တုံ့ပြန် တာမျိုးမရှိဘူး။ ကာယအားသုံးပြီး တွန်းတွန်း တိုက်တိုက်ကစားရတဲ့ အားကစားနည်းမှာ လူ ငယ်လေးတွေဟာ အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက် မှုတွေပြတယ်။ ဘောလုံးကိုပဲ အာရုံစိုက်ကစား တယ်။ ဒီတော့ ဘောလုံးအဆင့်အတန်းမြင့်တဲ့ အရှေ့ အလယ်ပိုင်းက ရေနံသူဌေးနိုင်ငံအသင်း တွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့ U-20 ပြိုင်ပွဲ ကိုရောက်ခဲ့တာထိုက်တန်တဲ့ရလဒ်ပါ။

UAE U-19 အသင်းကို တစ်ဂိုးတည်းနဲ့အနိုင်ယူ ဆီမီးတက်ခဲ့တာ အချောင်တက်ခဲ့တာမဟုတ် ဘူးဆိုတာကို မြန်မာ-ကာတာပွဲမှာ မြန်မာလူ ငယ်တွေ သက်သေပြခဲ့တယ်။ နည်းပြအပါအဝင် ကာတာ အသင်းသားတွေ မျက်ကလဲဆန်ပျာ ဖြစ်အောင် တုံ့ပြန်ကစားပြခဲ့ကြတယ်။ အနိုင် ရလဒ်ကိုယူသွားနိုင်ခဲ့ပေမယ့် ကာတာအသင်း ဟာ ဒီအနိုင်အတွက် အတော်ကြီးကိုပေးဆပ် ခဲ့ကြရတယ်။

လက်ရှိ မြန်မာပြည်သူတွေနဲ့ ဘော လုံးပရိသတ်ကြီးအချစ်တော် မြန်မာU-19 လူငယ်လေးတွေ ကမ္ဘာ့အဆင့်ကို ထိုက်ထိုက် တန်တန်နဲ့ ရောက်ခဲ့ကြတယ်။ ဆိုရရင်စာရေး သူတို့ရဲ့ ဘောလုံးအားကစားအသည်းစွဲ မြန်မာ နိုင်ငံမှာ ကမ္ဘာ့အဆင့်ဘောလုံးအသင်း တစ် သင်းပေါ် ထွက်လာနေပြီ။

တက်လူငယ်လေး တွေဖြစ်တာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောသလို Plan ကောင်းကောင်း ချပြီး ပြုစုပျိုးထောင်ပေးလိုက်ရင် ၂ဝ၁၅- ကမ္ဘာ့ U-20 ပြိုင်ပွဲမှာ ထိုက်သင့်တဲ့အောင် မြင်မှုရနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုအသင်း ကို အားပေးသွားမယ့် ပရိသတ်ကရောခင် ဗျာ … …။

ကမ္ဘာ့အဆင့်ပရိသတ်လား
*****************************

ပရိသတ် အားပေးမှုနဲ့ ပတ်သက်လို့ ပြောရရင် ကိုယ့်နိုင်ငံအသင်းကို တစ်ခဲနက် လာရောက်အားပေးတတ်ရုံနဲ့တော့ တကယ့် ဘောလုံးအားကစားပရိသတ်လို့ တစ်ထစ် ချ မဆိုနိုင်သေးဘူး။ ကိုယ့်နိုင်ငံအသင်းကို တစ်ခဲနက်အားပေးသလို ပြိုင်ဘက်အသင်း ကိုလည်း လေးစားရမယ်။ ထိုက်သင့်သလို အားပေးရမယ်။ အနိုင်ကိုတပ်မက်သလို၊ ကိုယ့် အသင်းရဲ့အရှုံးကိုလည်း လက်ခံနိုင်ရမယ်။ အရှုံးဆိုမှတော့ မရှုံးသင့်တဲ့အရှုံးဆိုတာမရှိပါဘူး။ ရှုံးသင့်ရှုံးထိုက်လို့ ရှုံးရတာပါ။ ကိုယ့်အသင်းက ပြိုင်ဘက်ထက်ကောင်းပါတယ် ဆိုရင်တောင် တစ်ခုထက်မကသော အားနည်း ချက်တွေကြောင့် ပြိုင်ဘက်အသင်းကိုရှုံးရတာ ပါ။ အလားတူ ပြိုင်ဘက်က ကိုယ့်ထက် ဘယ် လောက်အားနည်း အားနည်း၊ တစ်ကွက်သာ လို့ ပြိုင်ဘက်ကနိုင်သွားတာပါ။

အဲဒီတော့ မေးချင်တာက ကမ္ဘာ့အဆင့် ကို တက်ပြီးပြိုင်ပွဲဝင်မယ့် နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းတော့ ထွက်ပေါ်လာပြီ။ ကမ္ဘာ့ အဆင့်အားပေးမယ့် ပရိသတ်ရောရှိရဲ့လားဆို တာပါ။ World Class နဲ့အညီ အားပေးဖို့ ပရိသတ်ကြီးဘက်လည်း အသင့်ရှိရဲ့လား…။

  YMG


17 Oct 2014

နို့ဆီ အကြောင်း သတိထားစေဖို့


အံ့သြစရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။
မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရတာပေါ့ လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီကရတာတဲ့ ..။ ဟုတ်လို့လား ...လို့အံ့သြတကြီးမေးလိုက်တယ်။


fill pounder နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင် ရောင်းရန်အရည်အသွေး
မမှီသောစားအုန်းဆီဖြင့်ပြုလုပ်ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီပေပါများ
ကွန်တိန်နာဖြင့်လာချကြောင်း


အန္တရာယ်ရှိ၍ မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့
ဆွေမျိုးမိတ်သင်္ဂံဟများကို လိုက်လံသတိပေးပါသည်။နို့ဆီကို ချိုသာသော ဈေးနှုန်းဖြင့်  များစွာထုတ်နိုင် ပါ သည်။ 


သို့သော် မြန်မာနိုင်ငံတွင် နွားမွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ် ရန် မဖြစ်နိုင် မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။
 

ယခုခေတ်တွင် ...
အသက်၂၀ကျော် လူငယ်များတွင် သွေးတိုးရောဂါ တွေ့နေရပါပြီ။ လေဖြတ်တာ
တွေလဲဖြစ်နေကြပါပြီ။ သွေးတွင်း cholesterol ကို အဆမတန် တက်စေပြီး သွေးကြော များကျဉ်းစေ ပိတ်စေ သော နို့ဆီက အသံတိတ်လူသတ်သမားဖြစ်မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။


ဘယ်သူသေ သေ င တေ မာ ပြီး ရောဆိုတဲ့ စီးပွားရေးသမားတွေဟာ
ဘယ်သူတွေလဲဆိုတာ အားလုံးသိကြမှာပါ။


ဒီသတင်းကြားပြီး ပြည်သူများအတွက် စိုးရိမ်ရပါသည်။
သူငယ်ချင်းများ အားလုံး၊ မိမိ ဆွေမျိုးမိတ်ဆွေ အားလုံးကို ဖြန့်ဝေပေးပါ။
 
 
(သဲသဲ - တောင်ကြီး)
 

မြန်မာ ယူ ၁၉ ယူအေအီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်


ရန်ကုန် သုဝဏ္ဏကွင်းမှာ ဒီနေ့ ညနေ ယှဉ်ပြိုင်ကစားကြတဲ့ အာရှ ယူ၁၉ လူငယ် အားကစားပြိုင်ပွဲ ကွာတားဇိုင်နယ် ပွဲစဉ်မှာအိမ်ရှင် မြန်မာအသင်းက ယူအေအီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။


ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးသွင်းနိုင်ခြင်းမရှိပမယ့် ဒုတိယပိုင်း ၅၂ မိနစ် မှာ ငြိမ်းချမ်းအောင်ချပေးတဲ့ ဘောလုံးကို သန်းပိုင်းက အနီးကပ်ကန်သွင်းပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် မြန်မာလူငယ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်သလို နယူးဇီလန်နိုင်ငံမှာ လာမယ့်နှစ်ကျင်းပမယ့် ယူ၂၀ ကမ္ဘာ့ ဖလား လူငယ်ဘောလုံး ပြိုင်ပွဲကို ၀င်ရောက်ခွင့်ရသွားပြီဖြစ်ပါတယ်။


မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာတုန်းက ယီမင်နဲ့သရေ၊ ထိုင်းကို ၃-၀ ဂိုး၊ အီရန်ကို ၂-၀ ဂိုးနဲ့ရှုံးပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ကွာတာဖိုင်နယ်မှာတော့ ယူအေအီးကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။


  ဒီဗွီဘီ

စားသောက်ကုန်အန္တရာယ် တရုတ် အမည်မသုံးဖို့ ကာကွယ်



တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တဲ့ အတွက် မြန်မာဈေး ကွက် အတွင်းက အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံနဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံက တင်သွင်းတယ်လို့ မပြောဆို မသုံးနှုန်းဘဲ တဖက်နိုင်ငံက တင်သွင်းတယ်လို့သာ သုံးနှုန်းကြဖို့ နေပြည်တော်အာဏာပိုင်တွေက သတိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။


မြန်မာဈေးကွက်အတွင်းက စားသုံးဖို့မသင့်တဲ့ မုန့်တွေကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်း က မီးရှို့ဖျက်ဆီးနေတဲ့အတွက် နေပြည်တော်ကောင်စီက တားမြစ်ထားသလို၊ နေပြည်တော် အခြေစိုက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနကလည်း သတိပေးထားတယ်လို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က RFA ကို ပြောပါတယ်။


"အန္တရာယ်ရှိတဲ့ မုန့်တွေပေါ့ ပြည်တွင်းထုတ်လည်းပါတယ်၊ တရုတ်ကတင်သွင်းတာတွေလည်းပါတယ်၊ အဲ့ဒါတွေကို ကျနော်တို့ နေပြည်တော်ကောင်စီကနေပြီးတော့ နေပြည်တော် ပျဉ်းမနား တာဝန်ခံ ဦးသူရဇော်ခေါ်ပြီးတော့ ဒီလိုဆက်လုပ်နေရင်တော့ တရုတ်နဲ့ စစ်ဖြစ်အောင်လုပ်နေတာလား၊ အဲ့ဒီတော့ လုပ်ခွင့်ပြုချက်မရရင် ဆက်မလုပ်ပါနဲ့တော့ဆိုပြီး တားမြစ်တာတွေရှိတယ်၊ ပြီးခဲ့တဲ့ ၃၀ ရက်နေ့ကတော့ စားသုံးသူများဦးစီးဌာန နေပြည်တော်က ဦးခင်ဇော်နဲ့ ကျနော်တို့နဲ့ စားသုံးသူရေးရာဆွေးနွေးတဲ့အချိန်မှာ တရုတ်သံရုံးကနေပြီးတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဆီ သံတမန်နည်းနဲ့စာပို့တယ်ပေါ့ဗျာ၊ ကျနော်တို့ စားသုံးသူကာကွယ်ရေးအသင်းက နေပြည်တော်မှာ သိမ်းဆည်းဖျက်ဆီးတာတွေ နောက်ထပ် ရန်ကုန်၊ မန္တလေးဒိုင်တွေကို သိမ်းဆည်းမယ်ဆိုတာတွေက သူတို့နိုင်ငံထုတ် မုန့်တွေလို့ပြောတယ်ပေါ့၊ မုန့်တွေရဲ့နာမည် ကုမ္ပဏီနာမည် ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးမဲ့ရက်စွဲ သွင်းကုန် ထုတ်ကုန် လိုင်စင်ရှိမရှိ မေးမြန်းတယ်ပေါ့နော် နောက်တစ်ခုက တရုတ်မုန့်လို့ မသုံးနှုန်းဖို့ပေါ့ဗျာ၊ သံတမန်ရေးအရ ထိခိုက်လာနိုင်တဲ့အတွက် တရုတ်စာတန်းပါမုန့်လို့ သုံးနှုန်းဖို့ခုန ဦးခင်ဇော်ကဘဲ ကျနော်တို့ကိုယ်စားအစည်းအဝေးမှာ နောက်ပြီးတော့ တရုတ်နိုင်ငံကတင်သွင်းတာလို့ မပြောပဲနဲ့ တစ်ဖက်နိုင်ငံကတင်သွင်းတဲ့မုန့်လို့ သုံးစွဲဖို့ အစည်းအဝေးမှာပြောတယ်"


မြန်မာဈေးကွက်အတွင်း တရုတ်စာတမ်းပါမုန့်တွေ စားသုံးမိတဲ့အတွက် ကလေးငယ်တွေရဲ့ ပါးစပ်နဲ့ လျှာတွေမှာ အနာပေါက်တာ၊ အစာအိမ်ရောင်တာ စတဲ့လက္ခဏာတွေ တွေ့ရသလို အစားအသောက်တွေမှာ တာရှည်ခံဆေးနဲ့ သကြားဓါတ်ပါဝင်မှုများတဲ့အတွက် ဆီးချိုရောဂါနဲ့ အ၀လွန်ရောဂါဖြစ်ပွားမှု တိုးပွားလာနိုင်တာ တွေ့ရှိရတယ်လို့လည်း ဦးဗအုပ်ခိုင်က ပြောပါတယ်။


ဒါ့ပြင် မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကြောင့် ကင်ဆာရောဂါဖြစ်ပွားသူ သိသိသာသာ များပြားလာနေပြီး၊ ၂၀၀၀ ပြည့်နှစ်က လူတစ်သိန်းမှာ ကင်ဆာဖြစ်ပွားသူ ၁ ဦးနှုန်း သာရှိခဲ့ရာက၊ ၂၀၁၀ ပြည့်နှစ်မှာ ၁၀၀ အထိ တိုးလာခဲ့ကြောင်း၊ လူတစ်ဦးချင်းအသက်ရှည်နှုန်းလည်း ကျဆင်းနေပြီး သက်တမ်းမစေ့ခင် သေဆုံးမှုနှုန်း မြင့်တက်လာနေကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။


ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ဈေးကွက်အတွင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်စာတမ်းပါ စားသောက်ကုန်တွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ အသေးစိတ်ပေးအပ်ဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးထံ စာပေးပို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။


RFA Burmese

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံရ

 
 
ယနေ့(အောက်တိုဘာ ၁၇ရက်) နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄၀၉ အတွက် ထောင်ဒဏ် ၃နှစ် နှင့် အစိုးရကို အကြည်အငြိုပျက်စေမှု ပုဒ်မ ၁၂၄(က) အတွက် ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ် ၁သိန်း သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


ပုဒ်မ ၁၂၄(က)အတွက် ချမှတ်သည့် ငွေဒဏ် ၁သိန်းအား မထမ်းဆောင်ပါက ထောင်ဒဏ် ၁နှစ် ထပ်တိုး ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။


လွန်ခဲ့သော ဇွန်လ ၁၉ ရက်က သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အား ငွေကျပ်သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် (စ.စ.စ)က အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ပြုလုပ်သည့် ၂၇ကြိမ်မြောက် ရုံချိန်း၌ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။


ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf