22 Dec 2014
၂၀၁၅ ခုနှစ် အစောပိုင်းတွင် 4G Lenovo စမတ်ဖုန်း သစ်နှစ်မျိုး အတွက် Intel အထောက်အပံ့ ပေးမည်
Lenovo သည် Intel မှအထောက်အပံ့ ပေးထားသည့် စမတ်ဖုန်းသစ် နှစ်မျိုးကို လာမည့်နှစ် အစောပိုင်းတွင် မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။ Intel သည် အဆိုပါ Lenovo ဖုန်းများအတွက် 64-bit Atom ပရိုဆက်ဆာနှင့် LTE-Advanced modem ချစ်ပ်တို့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်းဖုန်း နှစ်မျိုးအနက် တစ်မျိုးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ မိတ်ဆက် ပေးမည်ဖြစ်ပြီး ကျန်တစ်မျိုးကို အခြား နာမည်ကျော် ဈေးကွက်များအတွက် ဖြန့်ချိမည်ဟု သိရသည်။
အဆိုပါ သတင်းသည် ဇန်နဝါရီလ အစောပိုင်းတွင် လက်စ်ဗီးဂက်စ် မြို့၌ကျင်းပမည့် CES ပြပွဲမတိုင်မီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြပွဲတွင် Intel နှင့် Lenovo အပြင် အခြားနည်းပညာ ကုမ္ပဏီကြီးများက ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပြသ သွားမည်ဖြစ်သည်။
ထို့အပြင် Intel သည် လာမည့်နှစ် အစောပိုင်းတွင် ပထမဦးဆုံး 4G system-on-a-chip ကို SoFIA အမည်ဖြင့် မိတ်ဆက် ပေးဖွယ်ရှိသည်။ ပရိုဆက်ဆာ တစ်ခုနှင့် modem ပါဝင်သော ချစ်ပ်များသည် သီးခြား ပရိုဆက်ဆာနှင့် ရေဒီယို ချစ်ပ်များထက် အရွယ်သေးငယ်သလို စွမ်းအင်သုံးစွဲမှု နည်းပါးသောကြောင့် ဟန်းဆက် ထုတ်လုပ်သူများက မျက်စိကျလျက် ရှိသည်။ အဆိုပါချစ်ပ်သည် Intel က Qualcomm ၏ Snapdragon system-on-a-chip  နှင့်ယှဉ်ပြိုင် စေနိုင်ဖွယ်ရှိကြောင်း သိရသည်။
Ref : CNET
internetjournal
ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့ ပူးပေါင်း
Akamai Technologies ၏ ပြီးခဲ့သည့်နှစ် အစီရင်ခံစာအရ hacking နှင့်ဆက်နွှယ်သည့် နိုင်ငံများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၌ ခိုးကူး ဆော့ဖ်ဝဲများ၏ အန္တရာယ်ကို အသိပညာ ပေးရန်အတွက် Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုသည် အင်ဒိုနီးရှား နိုင်ငံရှိ လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ဆိုက်ဘာလုံခြုံမှုကို ကာကွယ်ပေး နိုင်မည်ဖြစ်ကြောင်း  ပြည်တွင်းသတင်း ပေါ်တယ်ဖြစ်သည့် Kompas မှဖော်ပြခဲ့သည်။
Microsoft နှင့် ဂျကာတာ ရဲတပ်ဖွဲ့တို့သည် အင်ဒိုနီးရှား အစိုးရအနေဖြင့် လူသုံးကုန်နှင့် စီးပွားရေး လုပ်ငန်းများကို ဒီဂျစ်တယ် ဒုစရိုကမှုများ၏ အန္တရာယ်မှ ကာကွယ် ပေးရမည်ဟု ပြဋ္ဌာန်းထားသော နိုင်ငံ၏ မူပိုင်ခွင့် ဥပဒေ No.28/2014 အတိုင်း အပြောင်းအလဲ မရှိဆောင်ရွက် သွားမည်ဟုဆိုသည်။
“ဆိုက်ဘာ ဒုစရိုက်မှုနဲ့ mal-ware တိုက်ခိုက်မှုတွေက အရေးပါတဲ့ လုံခြုံရေး ပြဿနာတွေ ဖြစ်လာပါပြီ။ လူတစ်ဦး တစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက် တွေဟာ နေ့စဉ်နေ့တိုင်း ခိုးယူခံနေ ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းလုံခြုံမှုနဲ့ ဆော့ဖ်ဝဲအစစ်အမှန် အသုံးပြုခြင်းရဲ့အရေးပါမှုတွေကို လူမှုအသိုက် အဝန်းတွေနဲ့ တက္ကသိုလ်တွေမှာ ဝေမျှသွားမှာ ဖြစ်ပါတယ်”ဟု ဂျကာတာ ရဲမှူးကြီးဖြစ်သူ ဘူဒီဝစ်ဒ်ဂျာနာကိုက ဆိုခဲ့သည်။
Microsoft Indonesia မှ ဒါရိုက်တာ အကြီးအကဲဖြစ်သူ အင်ဒရီစ်ဒီယန် တိုရိုကလည်း “အင်ဒိုနီးရှား တစ်ဝန်းလုံးက သုံးစွဲသူတွေကို ကာကွယ်ပေးဖို့က Microsoft ရဲ့အဓိက ရည်ရွယ်ချက်ပါ” ဟု ပြောကြားခဲ့သည်။
Ref: TechInAsia
internetjournal
MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ
(ဓာတ်ပုံ-ကျော်ဇင်သန်း)
MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှုအားလုံးကို ပြည်သူတွေသက်သက်သာသာနဲ့ သုံးနိုင်မယ့် နှုန်းထားတစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးစောထူးသာကပြောသည်။
MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက်အသုံးပြုခများနှင့် ဆင်းမ်ကတ်ဝယ်လျှင် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရသည့်ဝန်ဆောင်မှု များပါဝင်ပြီးအခြားသောဝန်ဆောင်ခများကိုလည်းလျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံလျက်ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုက ဖုန်းပြောခတစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်  နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင်အထိ ရောင်းချပေး ထားပြီး အဆိုပါအရေအတွက်မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူအားလုံး၏ ၉၀ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှုစာရင်းများအရသိရသည်။
http://7daydaily.com
အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ
အင်တာနက်ဆိုင်ထိုင်ရင် သတိထားရမည့် အချက်များ
(၁) သင့်ဘေးနာကလူ
သင့်ဘေးနားက လူဟာ သင့်ရဲ့ အကောင့်ကို ခိုးကြည့်ပြီး အပ်လိမ့်မယ်။ လက်ခံ
လိုက်တာနဲ့ သင်ဘယ်လို ပုံစံ ဘာအင်္ကျီ ၀တ်ထား သလဲ ဆိုတာကို ခန့်မှန်း
ပြောဆိုလိမ့်မယ်။ နောက်ပြီး သင့်ရဲ့ လက်ကိုင်ဖုန်း ပုံစံနှင့် အသေးစိတ်ကို သူက ပြောလိမ့်မယ်။ ဒီအချက် ကတော့ အင်တာနက်ဆိုင် ထိုင်ကြသူတိုင်း ဖြစ်တတ်တဲ့
ပြဿနာ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကတော့ မိန်းကလေးများ သတိထား သင့်ပါတယ်။ 
(၂) မတော်တရော်များ ကြည့်ခြင်း
တစ်ခါတစ်လေ သတိမေ့ပြီး အင်တာနက်ပေါ်မှာ မတော်တရော် ဇာတ်လမ်းများ ဒါမှမဟုတ် ဓာတ်ပုံများကို စိတ်အား ထက်သန်စွာ ကြည့်နေ တတ်တယ်။ ဘေးလူတွေကပါ
မိမိကြည့်နေတဲ့ အရာတွေကို အာရုံစိုက်လာပြီး အထင်သေး ခံရတတ်တယ်။
အထူးသဖြင့် အမျိုးသားတွေ သတိထား သင့်ပါတယ်။
(၃) ဓာတ်ပုံတွေ ကျန်ခဲ့ခြင်း
တစ်ခါတစ်လေမှာ မိမိဖုန်းနဲ့ ချိတ်ဆက်ပြီး သုံးလေ့ရှိတယ်။ အဲလိုသုံးတဲ့ အခါမှာ အင်တာနက်ဆိုင်မှ ကွန်ပျူတာထဲကို ခဏတာ ဓာတ်ပုံများ Save လုပ်ထား
တတ်တယ်။ ပြန်တဲ့အခါ ဖျက်ပစ်ဖို့ မေ့နေပြီး နောက်လူတွေ ၀င်လာတဲ့ အခါ
ယူသုံးခြင်းကို ခံရနိုင်ပါတယ်။ ဒီအတွက်ကြောင့် သတိထားပါ။
(၄) အသံကျယ်ကြီး ဖုန်းပြောခြင်း
မိတ်ဆွေ သူငယ်ချင်း ချစ်သူ အစရှိသူတို့နှင့် အင်တာနက်ကနေ နားကျပ်တပ်ပြီး
စကားပြောတဲ့ အခါ ရုတ်တရက် မေ့လျော့နေပြီး အသံ အကျယ်ကြီး
အော်မိတတ်တယ်။ မိမိအတွက် မကောင်း သလို တစ်ပါးသူတွေ အတွက်လည်း
စိတ်အနှေင့် အယှက်ဖြစ်စေ နိုင်ပါတယ်။
(၅) Log Out လုပ်ဖို့ မေ့ကျန်ခဲ့ခြင်း
အရေးအကြီးဆုံးပါ။ အင်တာနက်ဆိုင်မှာ အကောင့်ကို Log Out လုပ်ဖို့ မေ့ကျန်ခဲ့လေ့ ရှိကြတယ်။ အဲလို မေ့ကျန်တဲ့ အခါမှာ တစ်ချို့ကတော့ ပိတ်ပေး သလို တစ်ချို့ကတော့ မပိတ်ပေးဘဲ မိမိပုံစံဖြင့် သုံးလေ့ရှိကြတယ်။ တစ်ချို့အင်တာနက် ဆိုင်တွေက တစ်ယောက် သုံးပြီးတိုင်း Restart ချတတ်ကြပေမယ့် တစ်ချို့ ဆိုင်တွေကို မချပေးပါဘူး။ ဒါကြောင့် သတိထားပါ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
21 Dec 2014
မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ
မန္တလေး-မြစ်ကြီးနား မီးရထားခရီးကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီတခုက ဒီဇင်ဘာလ ၂၂ ဒီနေ့ကစပြီး တာဝန်ယူပြေးဆွဲနေပြီ ဖြစ်ပါတယ်။
မြန်မာ့မီးရထားရဲ့ ပထမဆုံးပုဂ္ဂလိက လွှဲပြောင်းပေးလိုက်တဲ့ မီးရထားခရီးစဉ်ဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေက အရင်နှုန်းထားတွေထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားပါတယ်။ မီးရထားပေါ်မှာ ရေ၊ မီးရရှိပြီး သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်လို့ ရထားပေါ်မှာ နေ့လယ်စာကျွေးမယ့် အစီအစဉ်လည်း ပါရှိတယ်လို့ အဲ့ဒီကုမ္ပဏီက ကြေညာထားပါတယ်။
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ ရထားတွဲဆိုင်းနှစ်ဆိုင်းနဲ့ အစုန်အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး ရိုးရိုးတန်းရထားလက်မှတ် ကျပ် ၈၃၀၀၊ အထူးတန်း ၁၆၅၀၀ ကျပ် ဖြစ်ပါတယ်။
By  ဒီဗွီဘီ
"သုဂတိဘုံသို့ ဘဝကူးနည်း သေနည်း"
မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့လည်း အရေးကြီးပေသည် ။
သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ်လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ်လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။
မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ်တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ်သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။
ေ  သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက်တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ်အား နှုတ်အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရမည် ။ မနောကံ အလုပ် ၊ စိတ်ထဲက နှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများ မလုပ်နိုင်တော့ ဘူး ။ လုပ်သလောက်ဟာကလေး တိတိကျကျ မိမိရရ ရှိဖို့ အရေး ကြီးပေသည် ။
ဒီဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရားကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ်ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံး ချုပ်မယ့် ပုံစံကို တိတိကျကျ ရေးဆွဲ ထားရမည် ။ ဘယ် အသက် အရွယ်မှာ ၊ ဘယ် အနာ ရောဂါ နှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆိုတာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်းကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ ညစဉ် အိပ်ယာ ဝင်တိုင်း တကယ်သေခါ နီး အချိန်လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြု လေ့ကျင့် ထားရမည် ။ မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှုရှိတဲ့ နည်းတစ်မျိုးမျိုး ကို ထပ်ကာ ထပ်ကာ မီးထိုး ပေးနေရမည် ။ တဖန် တလဲလဲ လေ့ကျင့်နေရမည် ။ သေနည်း ငါးမျိုး အနက် ကြိုက် နှစ်သက်ရာ တစ်မျိုး ကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြင်ထား ရမည် ။
  သေနည်း ငါးမျိုး
၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။
၂။ ဒါန နှင့် ဘဝ ကူး နည်း ။
၃။ သီလ နှင့် ဘဝ ကူး နည်း ။
၎။ သမထ နှင့် ဘဝ ကူး နည်း ။
၅။ ဝိပဿနာ နှင့် ဘဝ ကူး နည်း ။
သရဏဂုံ နှင့် ဘဝ ကူး နည်း ။
*********************
သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့်
နေသွားပါ ။သေခါ နီးမှာ
ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
သံဃံ သရဏံ ဂစ္ဆာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
လို့ အဓိပာယ် ပါ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ သရဏဂုံ နှင့်
ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။
ဒါန နှင့် ဘဝ ကူးနည်း
++++++++++++
ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလောဆယ် လှူ နေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါနကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။
မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။
သီလနှင့် ဘဝ ကူးနည်း
****************
နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ်ကို ငြိမ်အောင် ထားပါ ။ မိမိ သီလကို နှလုံးသွင်းပြီး သီလ နုဿတိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
သမထ နှင့် ဘဝ ကူး နည်း
xxxxxxxxxxxxxxxxxx
သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့  လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။
ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။
ဝိပဿနာ နှင့် ဘဝ ကူးနည်း
++++++++++++++++
ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿနာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။
( မိုးကုတ် ဆရာတော်ဘုရား ကြီး ၏ ဝေဒနာ ကုန်ပျောက် နိဗ္ဗာန် ပေါက် တရား တော်မှ ဝိပဿနာ နှင့် ဘဝ ကူး နည်း ကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။
ဘုရား ရှင်က သေနည်း ၆=မျိုး ဟော ကြား ထားပါသည် ။
ပုထုဇဉ် တို့၏ သေ နည်း က ၃-မျိုး ၊
သောတာပန်- သကဒါဂါမ် ၊ အနာဂါမ် တို့ သေနည်းက ၃-မျိုး ပေါင်း -၆-မျိုး ရှိပါသည် ။
အဲဒီ အထဲက မှ ဆရာတော် ကြီး ဟော ကြားထား သော ပုထုဇဉ် တို့ အတွက် အသင့်တော်ဆုံး သေ နည်း တစ်မျိုးကို ဖော်ပြ ပါမည် ။ အဲဒီ နည်း ကတော့ ဘုရားရှင် နှင့် တပည့်သား တို့ ထံ မှ ကြား နာရသည့် တရား အတိုင်း ဝေဒနာ နှင့် ငါမရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍ သေနည်း ဖြစ် ပါသည် ။
ေ သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။ အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း က ဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစား ပြီး အကျင့် လုပ်ထား ရမည် ။ ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ ။ သံသရာ ဝဋ် ဆင်းရဲ မှ မရုန်း ထွက် နိုင်အောင် သတ္တဝါတို့ အား အလွန် ယစ် မှုးတွေ ဝေ စေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း ၊ ဖြစ်သည် ။ ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပ္ပာဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွား နိုင်သည် ။) ။ ။
စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ…
ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု…
ဆုတောင်း ပေးရင်း…
မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော…
သာသနာ့ ဟိတကာရီ.အရှင်ကုဏ္ဍလ- နေသိုက်ဈာန်(လမှုး)
Credit to : အလင်းတမန်
20 Dec 2014
6P ပါမစ်များ သက်တမ်းတိုးခွင့် 1 နှစ်ထပ်မံခွင့်ပြုမည်
မလေးရှား
အထူးသတင်း (18.12.2014)
 လွန်ခဲ့သော 2011 ကစတင်အကောင်ထည်ဖော်ခဲ့သည့် မလေးရှားအစိုးရ၏ 6P အစီအစဉ်တွင် အလုပ်ရှင်များဖြင့် တရားဝင် ပါမစ်လျှောက်ထားသူများအတွက် နောက်ထပ်တစ်နှစ် ထပ်မံခွင့်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ် မလေးရှားသတင်းစာများတွင် ညနေသတင်းအဖြစ်ဖော်ပြထားခဲ့သည် ။
မလေးရှားအစိုးရမှ လက်ရှိ အလုပ်သမားပြတ်လပ်မှု ပြဿနာများ စတင်ကြုံတွေ့လာနေရသောကြောင့် စုစုပေါင်း အလုပ်သမား ၃ သိန်း ၅ သောင်း ၂ ထောင် (အလုပ်ရှင် နှင့် အလုပ်သမားမှန်ကန်စွာလျှောက်ထားသူများ) ကို နောက်ထပ်တစ်နှစ် ပါမစ်သက်တမ်းတိုးခွင့်တရားဝင် ခွင့်ပြုလိုက်ကြောင်း ယနေ့ သတင်းများတွင် တရားဝင်ဖော်ပြပါရှိပါသည် ။
ပြည်ထဲရေးဝန်ကြီးဌာနမှ ဆက်လက်ပြီး အဆိုပါ အလုပ်သမားများအနေဖြင့် 2015 တွင် ပါမစ်ကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေးထားပြီဖြစ်ကြောင်းနှင့် လက်ရှိတိုင်းပြည်တွင်း အလုပ်သမားရှားပါးလာမှုကို ထိန်းချုပ်ရန် နှင့် စီပွားရေးမကျဆင်းရန် ဆက်လက်ခွင့်ပြုရကြောင်းပြောကြားခဲ့သည် ။
သို့ကြောင့် 6P အစီအစဉ်တွင် ပါမစ်လုပ်ထားသူများသည် အလုပ်သမားလိုအပ်ချက်အရ အထောက်အထား မှန်ကုန်မှု ၊ လုပ်ငန်းရှင်၏ ထောက်ခံမှု နှင့် လိုအပ်သောနေရာများ အတွက် ပါမစ်သက်တမ်းတိုးခွင့် တစ်နှစ် ထပ်မံရရှိမည်ဖြစ်ကြောင်း ယနေ့တရားဝင်ကြော်ငြာခြင်းကို မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြင့် 6P ပါမစ်သမားများအတွက် ဝမ်းမြောက်စေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါသည် ။
Ref : Thestar Online
မလေးရှားရောက်မြန်မာများ Official Facebook Page www.facebook.com/mmrinmy
Houng Naing Lung @ စနေသား
အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွား
တောင်သမန်အင်းအတွင်းမှ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်
အမရပူရမြို့နယ် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရှင်းလင်းခြင်းမရှိသဖြင့် ပတ်ဝန်းကျင်တွင် အနံ့ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းရှိရာ ဦးပိန်တံတား အရှေ့မြောက်ဘက် ကမ်းစပ်တစ်လျှောက်တွင်  ငါးသေများကို ဒီဇင်ဘာ ၁၉ ရက်ကတွေ့ရှိခဲ့ရပြီး ငါးအသေပုပ် အနံ့များကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ဆိုသည်။
“အခုလို ငါးအသေတွေ ရေပြင်မှာ ပေါ်နေတာ သုံး၊ လေးရက် လောက်ရှိနေပြီ။ မနေ့ကဆိုရင် တံတားအရှေ့ဘက် ၀ဲယာတစ်လျှောက် ကမ်းစပ်ရေပြင်မှာ ငါးအသေတွေ မြင်မကောင်းအောင် ဖွေးနေတာပဲ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေတောင် ဓာတ်ပုံရိုက်ယူနေတာ တွေ့ရတယ်။ အနံ့ကလည်း တံတားနားမရောက်ခင် တစ်ပြလောက်ကတည်းက ဆိုးဆိုးရွားရွားနံနေတာ” ဟု ဦးပိန်တံတားမှ ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။
တောင်သမန်အင်း ရေကျချိန်တွင် အင်းအတွင်းရှိ ငါးအချို့သေဆုံးမှုနှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ယခုကဲ့သို့ အကောင်အရေအတွက် များပြားခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။
“ရေကျချိန်မှာ ငါးအသေတွေ ကမ်းနံဘေးကပ်တာတော့ နှစ်စဉ်အနည်းအကျဉ်း ဖြစ်လေ့ရှိတယ်။ ရေများချိန်မှာဆိုလည်း စက်ရုံတွေက ရေဆိုးစီးဝင်မှုတွေ ဖြစ်တဲ့အချိန်မှာ အင်းအတွင်းက ငါးတွေမူးပြီး ရေပေါ်မှာ ပေါ်နေတတ်တယ်။ အခုဖြစ်တာက ငါးမွေးမြူသူတွေအနေနဲ့ ငါးဖော်ရမယ့်အချိန်မှာ မဖော်ဘဲ ယင်းထဲမှာ ငါးတွေပိတ်မိနေသလိုဖြစ်ပြီး သေဆုံးတာဖြစ်နိုင်တယ်” ဟု တောင်သမန်ကျေးရွာရှိ ရေလုပ်သားတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငါးအများအပြား သေဆုံးမှု ဖြစ်ပေါ်နေသော်လည်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေးအကြောင်း ကြားမှုများမရှိသေးကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် “ငါးသေဆုံးမှု ဖြစ်နိုင်တာကတော့ ရေညစ်ညမ်းတာတွေ၊ အဆိပ်ချတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ငါးသေတွေကို မမြင်ရသေးတဲ့အတွက် ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ တီလားဗီးယား ငါးမျိုးတွေက ရေညစ်ညမ်းမှုကိုခံနိုင်တယ်။ အကြမ်းခံနိုင်တဲ့ ငါးတွေဖြစ်တဲ့အတွက် ဘာကြောင့်ဖြစ်တာသိဖို့ကို ရေအရည်အသွေး တိုင်းတာမှုတွေ၊ ငါးသေတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ အဖြေကိုအတိအကျ ပြောနိုင်မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အင်းကမ်းစပ်တစ်လျှောက် သေဆုံးနေသည့် ငါးများမှာ တစ်ပြကျော်ခန့်ရှိပြီး ငါးသေများကို အင်းသူကြီးနှင့် သက်ဆိုင်ရာမှ ရှင်းလင်းဆောင်ရွက်ပေးမှု မရှိသေးဘဲ ဒေသခံများက ကောက်ယူကာ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
- See more at: http://news-eleven.com/madalay-others/%E1%80%A1%E1%80%99%E1%80%9B%E1%80%95%E1%80%B0%E1%80%9B%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%99%E1%80%94%E1%80%B9%E1%80%A1%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%84%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%AF%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%A1%E1%80%BB%E1%80%95%E1%80%B6%E1%80%B3%E1%80%9C%E1%80%AF%E1%80%AD%E1%80%80%E1%80%B9-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8#sthash.nI2XORqU.ZxJdbdZ4.dpuf
တောင်သမန်အင်းအတွင်းမှ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်
အမရပူရမြို့နယ် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရှင်းလင်းခြင်းမရှိသဖြင့် ပတ်ဝန်းကျင်တွင် အနံ့ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်ကျောင်းရှိရာ ဦးပိန်တံတား အရှေ့မြောက်ဘက် ကမ်းစပ်တစ်လျှောက်တွင်  ငါးသေများကို ဒီဇင်ဘာ ၁၉ ရက်ကတွေ့ရှိခဲ့ရပြီး ငါးအသေပုပ် အနံ့များကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများက ဆိုသည်။
“အခုလို ငါးအသေတွေ ရေပြင်မှာ ပေါ်နေတာ သုံး၊ လေးရက် လောက်ရှိနေပြီ။ မနေ့ကဆိုရင် တံတားအရှေ့ဘက် ၀ဲယာတစ်လျှောက် ကမ်းစပ်ရေပြင်မှာ ငါးအသေတွေ မြင်မကောင်းအောင် ဖွေးနေတာပဲ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေတောင် ဓာတ်ပုံရိုက်ယူနေတာ တွေ့ရတယ်။ အနံ့ကလည်း တံတားနားမရောက်ခင် တစ်ပြလောက်ကတည်းက ဆိုးဆိုးရွားရွားနံနေတာ” ဟု ဦးပိန်တံတားမှ ဓာတ်ပုံဆရာတစ်ဦးက ဆိုသည်။
တောင်သမန်အင်း ရေကျချိန်တွင် အင်းအတွင်းရှိ ငါးအချို့သေဆုံးမှုနှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး ယခုကဲ့သို့ အကောင်အရေအတွက် များပြားခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။
“ရေကျချိန်မှာ ငါးအသေတွေ ကမ်းနံဘေးကပ်တာတော့ နှစ်စဉ်အနည်းအကျဉ်း ဖြစ်လေ့ရှိတယ်။ ရေများချိန်မှာဆိုလည်း စက်ရုံတွေက ရေဆိုးစီးဝင်မှုတွေ ဖြစ်တဲ့အချိန်မှာ အင်းအတွင်းက ငါးတွေမူးပြီး ရေပေါ်မှာ ပေါ်နေတတ်တယ်။ အခုဖြစ်တာက ငါးမွေးမြူသူတွေအနေနဲ့ ငါးဖော်ရမယ့်အချိန်မှာ မဖော်ဘဲ ယင်းထဲမှာ ငါးတွေပိတ်မိနေသလိုဖြစ်ပြီး သေဆုံးတာဖြစ်နိုင်တယ်” ဟု တောင်သမန်ကျေးရွာရှိ ရေလုပ်သားတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငါးအများအပြား သေဆုံးမှု ဖြစ်ပေါ်နေသော်လည်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေးအကြောင်း ကြားမှုများမရှိသေးကြောင်းနှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် “ငါးသေဆုံးမှု ဖြစ်နိုင်တာကတော့ ရေညစ်ညမ်းတာတွေ၊ အဆိပ်ချတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ငါးသေတွေကို မမြင်ရသေးတဲ့အတွက် ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ တီလားဗီးယား ငါးမျိုးတွေက ရေညစ်ညမ်းမှုကိုခံနိုင်တယ်။ အကြမ်းခံနိုင်တဲ့ ငါးတွေဖြစ်တဲ့အတွက် ဘာကြောင့်ဖြစ်တာသိဖို့ကို ရေအရည်အသွေး တိုင်းတာမှုတွေ၊ ငါးသေတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ အဖြေကိုအတိအကျ ပြောနိုင်မှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အင်းကမ်းစပ်တစ်လျှောက် သေဆုံးနေသည့် ငါးများမှာ တစ်ပြကျော်ခန့်ရှိပြီး ငါးသေများကို အင်းသူကြီးနှင့် သက်ဆိုင်ရာမှ ရှင်းလင်းဆောင်ရွက်ပေးမှု မရှိသေးဘဲ ဒေသခံများက ကောက်ယူကာ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
http://news-eleven.com
မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေ ၃ သန်းရှိလာ
ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေသည် ၃ သန်း ပြည့်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် အိုင်စီတီ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။
မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေသည် ၂၀၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook သုံးစွဲသူ ၃ သန်းအနက် ၂.၈ သန်းသည် မိုဘိုင်းထုတ်ကုန်များပေါ်မှတစ်ဆင့် အသုံးပြုကြခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ ကွန်ပျူတာဖြင့် အသုံးပြုကြသူများ ဖြစ်သည်။ မိုဘိုင်းထုတ်ကုန် ၂.၈ သန်းအနက် Android ဖုန်းများမှတစ်ဆင့် အသုံးပြုသူ ဦးရေမှာ ၂.၆ သန်းရှိသည်။
Facebook သုံးစွဲသူ ၃ သန်းအနက် ၁.၈၆ သန်း (၆၂ ရာခိုင်နှုန်း) မှာ အမျိုးသားများဖြစ်ပြီး ၁.၀၈ သန်း (၃၆ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်သည်။ ကျန် ၂ ရာခိုင်နှုန်းမှာ နှစ်သက်ရာ လိင်အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာပြီးနောက် တိုးတက်လာခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းမှ Facebook သုံးစွဲသူများအနက် အသက် ၂၀ မှ ၃၀ နှစ်ကြား သုံးစွဲသူဦးရေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း သုံးစွဲသူ အရေအတွက်၏ ၅၇ ရာခိုင်နှုန်းရှိသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူဦးရေမှာ ၃၈၀,၀၀၀ ရှိသော်လည်း အသက် ၅၀ မှ ၆၅ နှစ်ကြား သုံးစွဲသူဦးရေမှာ အနည်းဆုံးဖြစ်ပြီး အသုံးပြုသူ ၈၈,၀၀၀ သာ ရှိသည်ဟု အထက်ပါ အေဂျင်စီမှ သိရသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူအရေအတွက် တစ်နှစ်ကျော်အတွင်း သုံးဆ မြင့်တက်လာခြင်း နှင့် ပတ်သက်၍ Amara Digital Marketing Agency မှ အမှုဆောင်အရာရှိချုပ် ဒေါ်ချမ်းမြေ့ခိုင်က
“စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ Facebook မှာ သုံးစွဲမှုများလာတာဟာ အရောင်းမြှင့်တင်ရေး နယ်ပယ်တစ်ခု တိုးလာတာပါပဲ။ ပြည်တွင်းက လူတွေရဲ့ အကြိုက်ကို နားလည်ပြီး Social Media ကို ထိထိရောက်ရောက် သုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းက ပြိုင်ဘက်တွေထက် တစ်ပန်းသာပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
အင်တာနက်ဂျာနယ်
17 Dec 2014
===========================================
--------------------------------------------------------------------------------------
(Unicode Version)
---------------------
Google မှ ဘာသာစကားအသစ် ၁၀ မျိုးကို ဘာသာပြန်မှုအတွက် ထောက်ပံ့ပေးလိုက်ပြီး မြန်မာ(burmese) ဘာသာစကားလည်း ပါ၀င်လာ
===========================================
Google မှ သူတို့၏ ထုတ်ကုန်တစ်ခုဖြစ်သော translate.google.com တွင်ဘာသာပြန်ထောက်ပံ့မှု မရသေးသော ဘာသာစကား ၁၀ မျိုးကို ဘာသာပြန်စနစ်ထောက်ပံ့ပေးနိုင်မှုအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ရာ အဆိုပါ ဘာသာစကား ၁၀ မျိုးတွင် မြန်မာ(Burmese) ဘာသာစကားလဲ ပါ၀င်လာပြီဖြစ်ပါတယ်။ အဆိုပါ ဘာသာစကား ၁၀ မျိုးမှာ အာဖရိကရှိနိုင်ငံတစ်ချို့နှင့် အာရှမှနိုင်ငံတစ်ချို့တို့ ပါ၀င်ပြီး အာဖရိကနိုင်ငံများမှ Chichewa(မော်လ၀ီ နှင့် အခြား) ၊ malagasy(မလာဂတ်စကား) နှင့် Sesotho(လီဆိုသို နှင့် တောင်အာဖရိက) တို့ပါ၀င်ပြီး အာရှနိုင်ငံများမှ Karzakh( ကာဇက်စတန်) ၊ Tajik (တာဂျီကစ်စတန်) ၊ မြန်မာ(မြန်မာ) ၊ Sinhala(သီရီလကာငျ်) နှင့် Sundanese (အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကၽွန်း) တို့ ဖြစ်ပါတယ်။
ထိုအတွက် ယခင်က မရရှိသေးသော နိုင်ငံတကာဘာသာစကားများကို ဘာသာပြန်ဆိုမှုကို translate.google.com ကို အသုံးပြုကာ ဘာသာပြန်ဆို နိုင်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ဘာသာပြန်ဆိုနိုင်မှုအတွက် ထောက်ပံ့ပေးတဲ့ ဖောင့်စနစ်ကတော့ ယူနီကုဒ်ဖောင့်စနစ် (ဥပမာ - မြန်မာ ၃ ၊ ပိတောက် အစရှိသဖြင့်) (မှတ်ချက် - ယခု လူသုံးများနေသော ဇော်ဂျီဖောင့်မှာ ယူနီကုဒ်ဖောင့်မဟုတ်ပါ) ဖြစ်ပါတယ်။ အသုံးပြုလိုသူများ ၊ စမ်းသပ်လိုသူ များအတွက် www.translate.google.com နှင့် Google Play Store ရှိ Google Translate apk တို့ကို ရယူကာ ဘာသာပြန်ဆိုနိုင်ပြီး ယူနီကုဒ်နှင့် ပတ်သက်ပြီး သိရှိလိုသည်များ ၊ မေးမြန်းလိုသည်များအတွက် လူမှုကွန်ယက် ဂရုဖ်တစ်ခု ဖြစ်သော https://www.facebook.com/groups/mmUnicode တွင်လည်း ၀င်ရောက်မေးမြန်းလေ့လာနိုင်ပါတယ်။
 Yangon Media Group
လူသတ်တရားခံများအားလုံးကို ရဲမှ မဖမ်းဆီးနိုင်သေးသဖြင့် ပီနန်ရောက် မြန်မာလူမျိုးများ ညဖက် အသွားအလာ ဆင်ခြင်လျက်ရှိ
လူသတ်တရားခံများအားလုံးကို ရဲမှ မဖမ်းဆီးနိုင်သေးသဖြင့် ပီနန်ရောက် မြန်မာလူမျိုးများ ညဖက် အသွားအလာ ဆင်ခြင်လျက်ရှိ
မလေးရှားနိုင်ငံ ပီနန်ဒေသတွင် မြန်မာနိုင်ငံသား ၂၃ ဦးထက်မနည်းအား အဖွဲ့ ၂ ဖွဲ့က ဆက်တိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျွန်းတောင်ပိုင်း တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် ညပိုင်း အပြင်ထွက်ခြင်းကို ရှောင်လာကြသည်။
ယခင်အပတ်က ပီနန်ရဲတပ်ဖွဲ့မှ ဖြန့်ဝေခဲ့သည့် လူသတ်တရားခံအဖြစ် သံသယ ရှိသူ ဘင်္ဂါလီ ၂ ဦးမှာလည်း ပီနန်မှ ထွက်ပြေးသွားပြီဟု ယူဆရကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ ထိုနည်းတူစွာ တင်္နလာနေ့က မြန်မာများကို သတ်ဖြတ် ခဲ့ကြောင်း ၀န်ခံခဲ့ထားသူ ၁၂ ဦးထဲမှ ၃ ဦးက ပီနန်ရဲမှ ရမာန် ထုတ်ခဲ့သည်။ ရဲများက ၄င်းတို့အား ခေါင်းစွပ်မစွပ်ထားသော်လည်း ၄င်းတို့က မျက်နှာများကို အင်္ကျီဖြင့် ကွယ်ထားသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။
လူသတ်မှုများမှာ ယခုနှစ်အစောပိုင်းကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် လများတွင် ပိုမိုများပြားလာခဲ့သည်။ လူသတ်သမားများ လွတ်နေသေးကြောင်း ရဲတပ် ဖွဲ့ကပြောကြားပြီးနောက် မြန်မာနိုင်ငံသား များကြားတွင် ထိတ်လန့်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ လူသတ်သမားများအား လိုက်လံဖမ်းဆီးနေပြီး အခြေအနေအား ထိန်းချုပ်ထားနိုင်သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားသော်လည်း လူအများက စိုးရိမ်လျက်ရှိသည်။
စက်ရုံနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံ သားအများစုမှာ ညနေပိုင်း၊ ညပိုင်း တွင် အပြင်ထွက်ခြင်းမပြုတော့ဘဲ မဖြစ် မနေသွားရမည့် ကိစ္စရှိလျှင် အဖွဲ့လိုက်သာသွားလာကြသည်။
ဘေယန် လီလက်စ်ရှိ ပရိဘောဂစက်ရုံ ၁ ခုတွင် လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် ဦးမောင်မြင့်က “ကျွန်တော် တို့ ၀ယ်စရာရှိရင် အနီးဆုံး စူပါ မားကတ်ကို သွားပြီး ၀ယ်ပြီးတဲ့အခါ အိမ်ကိုတန်းပြန်ပါတယ်” ဟု ပြောကြား သည်။ 
ဗီယက်နမ်အလုပ်သမား ၂ ဦးအပါအ၀င် သူငယ်ချင်း ၅ ဦးနှင့် အတူနေထိုင် သည့် ဦးမောင်မြင့်က မြန်မာနိုင်ငံ သားများ အသတ်ခံရသည့် သတင်းကြား ရသည့် အခါ တုန်လှုပ်မိသည်ဟုဆိုသည်။ 
“ညနေပိုင်းတွေမှာ ဟိုဟိုဒီဒီ သွားဖို့၊ စက်ဘီး စီးဖို့ အန္တရာယ် မကင်းတော့ ပါဘူး”ဟု ပီနန်တွင် ၃ နှစ်ကြာနေထိုင် ခဲ့သည့် ဦးမောင်မြင့်ကဆို သည်။ ၎င်းနှင့် အခန်းဖော်များမှာ လူသတ်မှု သတင်းကြားပြီးချိန်မှစ၍ အလုပ်ပြီးချိန် တွင် ဘယ်မှမသွားဘဲ အိမ် သို့ပြန် ကြသည်ဟု ဆိုသည်။
ရာလူးရှိကော်ဖီဆိုင် ၁ ဆိုင်တွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် ရှမ်း အမျိုးသမီးနော်စောဘွာက “မြို့ထဲမှာ လျှောက်မသွားဖို့ အလုပ်ရှင်က သတိပေး ထားပါတယ်။ သွားစရာရှိရင် အဖွဲ့လိုက်ပဲသွားကြပါတယ်” ဟု ဆိုသည်။ အသတ်ခံရသည့် မြန်မာနိုင်ငံသားများ၏ ဓါတ်ပုံအား ဒေသခံ တရုတ် သတင်းစာများတွင် တွေ့မြင်ခဲ့ ရပြီး ရက်ရက်စက်စက်အသတ်ခံရခြင်းအတွက် စိတ်မကောင်းဖြစ်မိသည်ဟု နော်စောဘွာကဆိုသည်။ 
“အလုပ် ပြီးရင် အပြင် သွားလေ့ရှိပေမယ့် ရာလူးမှာ လူသတ်မှုတွေဖြစ် လာပြီးတော့ မထွက်တော့ ပါဘူး။ လူသတ်မှုတွေက မြန်မာနိုင်ငံသားတွေကို ဦးတည်တဲ့ အတွက် အခု အရမ်းအန္တရာယ်များပါတယ်”ဟု ၎င်းကပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသားများအား သတ်ဖြတ်သည့် အဖွဲ့သစ်တစ်ဖွဲ့ရှိနေကြောင်း ပီနန် ရဲတပ်ဖွဲ့က ပြောကြားသည်။ ရာလူးရှိ ဘုရားကျောင်း ၁ ခု ၏ ရှေ့ တွင် မြန်မာနိုင်ငံသား ၁ ဦး လည်ပင်းလှီးဖြတ်အသတ်ခံရပြီး နောက် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ပါဝင်သူများအား ဖော်ထုတ်နိုင်ခြင်းမရှိသေးသည့် ထိုအဖွဲ့သစ်မှာ ပီနန် ကျွန်းပေါ် တွင် လှုပ်ရှားသည်ဟုယုံကြည်ရကြောင်း ပြည်နယ်ရဲမှူး အဗ္ဗဒူရာဟင် က ဆိုသည်။ လူသတ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ သားများအား စစ်ဆေးရာတွင် တိုးတက်မှုများရှိနေပြီး မြန်မာနိုင်ငံ သား ၃ ဦး အား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟုဆိုသည်။ ၎င်းတို့မှာ တမန်တွန် ဆာဒွန်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မိုယာယာခန်ရာဖီ၊ အသက် ၂၀ ကျော်အရွယ် လော့မန်းနှင့်ဂီမက်ဟု သိထားသူတစ်ဦး တို့ဖြစ် သည်။ ရဲ တပ်ဖွဲ့က အခြေအနေအား ထိန်းချုပ်ထားနိုင်သဖြင့် စိုးရိမ်ခြင်းမရှိဟု ရဲမှူးက ဆိုသည်။
ပီနန်တွင် မြန်မာရွှေ့ ပြောင်းလုပ်သား ၆၀,၀၀၀ ကျော်ရှိပြီး ခိုလှုံခွင့်တောင်းခံ သူနှင့် ဒုက္ခသည်အများအပြားပါဝင်သည်။ မြန်မာနိုင်ငံ တွင် ၂၀၁၂ ပဋိပက္ခ များဖြစ်ပွားပြီးနောက်ပိုင်း နေရပ်မှစွန့်ခွာလာသည့် နိုင်ငံမဲ့ဘင်္ဂါလီ ၁၀၀,၀၀၀ ကျော်အတွက် ပီနန်ပြည်နယ်မှာ အဓိက ဦးတည်ရာနေရာ တစ်ခုဖြစ် သည် ဟု ဆိုသည်။
KHTun
The Ladies News Journal
အောက်လမ်းမှ ပြန်သူများအားထပ်မံဖမ်းဆီး မြန်မာ ၇၆ ဦး ထပ်မံဖမ်းခံရ
မလေးရှား (အထူး)
သတင်း (16.12.2014)
မလေးရှားနိုင်ငံ KEDAH ခရိုင်ရှိ ဘုကစ်ကာယုဟီတမ် တွင် ယနေ့ပြုလုပ်သော တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ (UPP) မ၏ စီမံချက်အရ မလေးရှားနိုင်ငံမှ တရားမဝင် ထွက်ခွာမည့် သူ စုစုပေါင်း ၇၆ ဦး အား Kampung Pandan Satu တွင် ယနေ့နံနက် 9 နာရီက ထပ်မံဖမ်းဆီးရရှိကြောင်း ယနေ့ညနေထုတ် သတင်းတွင် ဖော်ပြထားခဲ့သည် ။
Kedah အထူးဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင် Noor Mohamed Shaik Alauddin မှ ယခုဖမ်းဆီးရေးအတွက် ပြည်သူများ၏ သတင်းပေးချက်များစွာပါဝင်ကြောင်းကိုထည့်သွင်းပြောကြားသွားခဲ့သည် ။
ယနေ့ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသား ၇၆ ဦး (အရေတွက်အများဆုံး) ပါဝင်ကာ မည်သည့်အထောက်အထားမှ မရှိသူ အမျိုးသား ၆၅ ဦး နှင့် အမျိုးသမီး ၇ ဦး နှင့် ပါမစ်သက်တမ်းလွန်နေသူ ၄ ဦး စုစုပေါင်း ၇၆ ဦးအား တစ်စုတည်းဖမ်းဆီးမိခဲ့ကြောင်း သတင်းဌာနများက ဖော်ပြထားခဲ့သည် ။
ဖမ်းဆီးရရှိသူများအနေဖြင့် အသက် ၁၇ မှ ၆၁ နှစ် ကြား ဖြစ်ကြောင်း ၊ အဆိုပါ ၇၆ ဦးလုံး ဂျိုဟိုး ၊ ကွာလာလမ်ပူ ၊ ပီနန်း နှင့် ကူလင်းတို့တွင် တရားမဝင်နေထိုင်နေကြသူများဖြစ်ကြောင်း နှင့် အခကြေးငွေဖြင့်တရားမဝင်ထွက်ခွာရန် ကြိုးစားသူများဖြစ်ကြောင်း ယနေ့သတင်းဌာနများတွင်ဖော်ပြထားသည် ။
ထပ်မံပြီး Noor Mohamed မှတရားမဝင် ထွက်ခွာသူများကို အဆိုပါဖမ်းမိသောအိမ်တွင် ညကတည်းက စုစည်းထားကာ ချောင်းလွန်ကားဂိတ်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ။
အထောက်အထား မရှိသူများအား ပုဒ်မ ၆(၁)(ခ) တရားမဝင်နေထိုင်မှု ဥပဒေ 1959/63 ဖြင့်လည်းကောင်း ၊ အခြား ရက်လွန်နေထိုင်သူ ၄ ဦးကိုမူ ပုဒ်မ ၁၅(၁)(ခ) အရ လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ။
ဖမ်းဆီးထားသူများအား လဝက သို့လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ။
Kedah ပြည်နယ် တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ UPP ၏ ခေါင်းဆောင် မှ ၂၀၁၄ ဒီဇင်ဘာ တစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖမ်းဆီးရရှိသူ စုစုပေါင်း 274 ဦးရှိကြောင်း နှင့် ထိုထဲတွင် မြန်မာနိုင်ငံသား အများဆုံးပါဝင်ကြောင်းကို ယနေ့သတင်းဌာနများသို့ အတည်ပြုသတင်းထုတ်ပြန်ကြောင်း မလေးရှားရောက်မြန်မာများ သိရှိရန် ဖော်ပြပေးသည် ။
မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy
4 Dec 2014
လိပ်ကျွန်းလူသတ်မှု စွဲချက်ပေါင်း ၇ ခုဖြင့် တရားရုံးတင်
ဓာတ်ပုံ – မင်းဦး
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရားခံ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို  ကော်စမွီခရိုင် အစိုးရရှေ့နေကောင်စီဘက်က တရားလိုပြုကာ အမှုပေါင်း ၇ မှုနဲ့ တရားရုံးတင်လိုက်ပါတယ်။
မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတဦးဖြစ်တဲ့ ခွန်အမ်းဖွန်း ဆုန်ထောင်းန်က “အစကသိထားတာက ၅ မှုပေါ့နော်။ ဒီနေ့မှာတော့ စွဲချက်စုစုပေါင်း ၇ မှုရှိတယ်လို့ ခရိုင်တရားသူကြီးက ပြောပါတယ်ရှင့်။ ထိုင်းနိုင်ငံထဲကို တရားမ၀င် ခိုးဝင်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု၊ ပူးပေါင်းပြီး ဒေးဗစ်ကို သတ်တဲ့အမှု၊ ပူးပေါင်းပြီး ဟဲန်နာကို မုဒိမ်းကျင့်မှု၊ အမှုမှန်ကို ဖျောက်ဖျက်ဖို့အတွက် ဟဲန်နာကိုသတ်တာက တမှု၊ ဒေးဗစ်ရဲ့ တယ်လီဖုံးကို ခိုးတာက တမှု၊ လုယက်မှုက တမှုပါ ပါတယ်” လို့ ပြောပါတယ်။
အမှုတွဲမှာလည်း နဂိုက စာမျက်နှာပေါင်း ၈၀၀ ကျော်ပဲ သိရပေမယ့် ဒီကနေ့မှာတော့ စုစုပေါင်း ၉၀၀ ကျော်ရှိပြီး အမှုကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ကော်စမွီခရိုင်တရားရုံးမှာ စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။
တရားခံတွေဘက်ကနေ ချေပပေးနိုင်ဖို့ ဒီအမှုတွဲကို အရင်လေ့လာဖတ်ရှုရမှာမို့ ကော်ပီကူးခွင့် တောင်းခံခဲ့ပေမယ့် အားလုံးမရသေးပဲ အစိတ်အပိုင်းတချို့သာ ရရှိခဲ့ပါတယ်။
သူတို့ ရှေ့နေအဖွဲ့ကတော့ တရားခံတွေ ဘက်ကနေ အတတ်နိုင်ဆုံး ချေပပြောဆိုပေးသွားမှာဖြစ်ပြီး၊ အစောပိုင်းကတည်းကလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရားခံ လူငယ် ၂ ဦးအနေနဲ့  ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့  ထိုင်းရှေ့နေက ပြောသွားပါတယ်။
ဗြိတိန်နိုင်ငံသား ဒေးဗစ် မဲန်လာ ၂၄ နှစ်နဲ့ ဟဲန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။
  နန်းမြနဒီ (ဒီဗွီဘီ)
2 Dec 2014
မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် တယ်လီနော်ဖုန်းကွန်ရက် တိုးချဲ့မည်
တယ်လီနော် မြန်မာကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ်ပေါင်း ၁၂၀ ကျော် မှာ တယ်လီဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
တယ်လီနော်ဟာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ ဖုန်းဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မကြာခင်တိုးချဲ့သွားဖို့ မျှော်မှန်းထားတယ်လို့ တယ်လီနော် မြန်မာရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေရာတွေက ဒီဇင်ဘာအတွင်း ကျနော်တို့ဝန်ဆောင်မှုပေးဖို့ရာထားတဲ့နေရာတွေပါ။ ဒါပေမယ့် စမယ့် ရက်ကတော့ အတိအကျမပြောနိုင်သေးဘူး။ အဓိကက တာဝါတိုင်ပြီးတာ အပေါ်မူတည်တာပေါ့။ တာဝါတိုင်ဆောက်တဲ့ အပေါ်မှာလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။ သတ်မှတ်ထားတဲ့ တာဝါတိုင်အရေအတွက် ပြည့်ပြီဆိုတော့မှ ကျနော်တို့ က ၀န်ဆောင်မှုစပေးလို့ရမှာ။”
လတ်တလော ပြည်တွင်း ဈေးကွက်ထဲမှာ တယ်လီနော် ဖုန်း ဆင်းမ်ကတ် ၂ သန်းကျော်ဖြန့်ချိထားပြီး မရောင်းရသေးတဲ့ ဆင်းမ်ကတ်ပေါင်း ၃ သိန်းကျော်ကျန်ရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ အသစ်ထပ်မံ ဖြန့်ချိရောင်းချဖို့ အတွက်လည်း ဆင်းမ်ကတ် အရေအတွက် ၁၀ သန်းကျော် ကုမ္ပဏီက အဆင်သင့်စီစဉ်ထားတယ်လို့သိရပါတယ်။
နယ်တွေမှာအသုံးပြုဖို့ တယ်လီနော် ဆင်းမ်ကတ်တွေ ကြိုတင်ဝယ်ယူထားသူတွှေအနေနဲ့ လက်ရှိအချိန်မှာ သုံးလို့ရနိုင်မှာ မဟုတ်ပေမယ့် ကွန်ရက်စဖွင့်တာနဲ့ အသုံးပြုလို့ ရနိုင်မယ်လို့ ဆိုပါတယ်။
တယ်လီနော်ဆင်းမ်ကတ်တွေကို မြန်မာ ကျပ်ငွေ ၁၅၀၀ နဲ့ပဲ ဆိုင်ခွဲတွေမှာ အလွယ်တကူဝယ်ယူနိုင်အောင် ရောင်းချပေးနေပြီး ဈေးတင်ရောင်းချတဲ့ ဆိုင်တွေမှာ မ၀ယ်ကြဖို့လည်း တယ်လီနော်ကုမ္ပဏီ က အကြံပြုပါတယ်။
နော်ဝေ အခြေစိုက် တယ်လီနော် မြန်မာကုမ္ပဏီဟာ ပြည်တွင်းမှာ တယ်လီဖုန်း အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ နိုင်ငံခြား ကုမ္ပဏီ နှစ်ခုထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ ဖုန်းဝန်ဆောင်မှု စတင်ခဲ့တာပါ။
မကြာသေးခင် သီတင်းပတ်တွေအတွင်းကတော့ ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သွားခဲ့မှုကြောင့် ပြည်တွင်းမှာ တယ်လီနော်အပါအ၀င် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒီဗွီဘီ
မလေးရှားတွင် ဗီဇာအတုနှင့် ထောင်ချခံရသည့် မြန်မာ ၅၀ ကျော် ပြန်လွတ်
ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။
မလေးရှားနိုင်ငံ၊ ရှားအလမ်း တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ချမှတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ကူညီပေးမှာဖြစ်တယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။
“ဟုတ်ပါတယ်။ ဒီကနေ့ အမိန့်ချပါတယ်။ ကျနော်တို့ လေယာဉ်လက်မှတ်တွေစီစဉ်ပြီး ပြန်ပို့မှာပါ။ ၅၂ ယောက်လုံးကို။ သံရုံးကနေ ကူညီပြီးပြန်ပို့ပေးမှာပါ။”
မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သားတွေကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီး ဒီကနေ့ လွတ်ငြိမ်းချမ်းသားခွင့်ရရှိတာဖြစ်ပါတယ်။
သူတို့ကို ဘယ်နေ့အတိအကျပြန်မယ်ဆိုတာမသိရသေးဘဲ သူတို့ပြန်နိုင်ရေးအတွက် စီစဉ်နေဆဲဖြစ်တယ်လို့လည်း ဦးမင်းမင်းဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။
ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာ သံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာလ ဆန်းပိုင်းမှာ  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။   မြန်မာအေးဂျင့် ၃ ဦးကတော့ အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။
  နော်နိုရင်း (ဒီဗွီဘီ)
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ၂ ဦးကို ဒီဇင်ဘာ ၄ ရက် စွဲချက်တင်မည်
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ကော်ဆမွီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းမှာ ဆဌမအကြိမ် ရမန်ယူပြီး ချုပ်ရက် ထပ်တိုးလိုက်တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။
Koa Toa“ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကော့ဆမွီခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ ရုံးထုတ်တဲ့ခါ အစိုးရရှေ့နေဘက်က နောက်ထပ် ၆ ကြိမ်မြောက် ရမန်ယူသွားပါတယ်ခင်ဗျ။ ရမန်ယူတာက အမှုကို တရားစွဲတဲ့အခါမှာ သူတို့ဘက်က အချက်အလက်တွေ မပြည့်စုံတာရယ်၊ ထပ်ဖြည့်ချင်တဲ့ သဘောတွေ တွေ့ရပါတယ်။ သူတို့က ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွေ အတွင်း ရုံးတင်မယ်လို့ ပြောပါတယ်။”
နောက်ထပ် သက်သေ ၂၀ ဦးကို မေးမြန်းလို့ မပြီးသေးတာနဲ့ နိုင်ငံခြားသား သက်သေတစ်ဦးမှ ရောက်မလာသေးတာကြောင့် နောက်ထပ် ချုပ်ရက်တိုးရကြောင်း အစိုးရရှေ့နေဘက်က ဖြေဆိုခဲ့ တယ်လို့ လည်း ဦးထူးချစ်က ပြောပါတယ်။
တရားစွဲဖို့ ပြင်ဆင်နေတဲ့ကာလအတွင်း မြန်မာသံရုံးအထူးအဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီဘက်ကလည်း စွပ်စွဲခံရသူ ၂ ဦး ထောင်အပြင်ကနေ တရားရင်ဆိုင်ခွင့်ရဖို့ အာမခံရရေး ထပ်မံလျှောက်ထားဖို့ရှိပြီး အာမခံငွေ ဘတ်ငွေ ၂ သန်းကိုလည်း သံရုံးက အသင့် ထုတ်ထားပေးထားလို့ ခုရက်ပိုင်းအတွင်း အမြန်ဆုံးအာမခံ လျှောက်ထားမယ်လို့ ဆိုပါတယ်။
ဒီကနေ့ တရားရုံးထုတ်မှုကို သွားရောက်ကြားနာခဲ့သူတွေထဲမှာ ထိုင်းမြန်မာသံရုံးအထူးအဖွဲ့က ကိုယ်စားလှယ် ၃ ဦး၊ စွပ်စွဲခံရသူဘက်က ချေပပေးမယ့် ထိုင်းရှေ့နေကောင်စီအဖွဲ့ဝင် ၂ ဦး၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ ကော်ဆမွီခရိုင်မှာရှိတဲ့ ရခိုင်လူမှုရေးအသင်း ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၃ ဦး ပါဝင်ပါတယ်။
မြန်မာလူငယ် ၂ ဦးဟာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာ မတွေ့ရဘဲ အကျဉ်းစခန်းမှာ ကိုယ်လက်လှုပ်ရှားအားကစားတွေ လုပ်ခွင့်ရတယ်လို့သိရပါတယ်။
ထိုင်းသတင်းတွေမှာတော့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုတွဲကို ကော့ဆမွီခရိုင် အစိုးရရှေ့နေကောင်စီအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က လက်ခံရရှိပြီဖြစ်ပြီး၊ လူသက်သေရော၊ မှုခင်းဆေးသိပ္ပံဆိုင်ရာအထောက်အထားတွေပါ ပြည့်စုံပြီဖြစ်လို့ ဒီဇင်ဘာလ ၄ ရက်နေ့ တရားရုံးမှာ စွဲချက်တင်မယ်လို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက် ရဲ့ အပြောကို ကိုးကား ဖော်ပြထားပါတယ်။
  နန်းမြနဒီ (ဒီဗွီဘီ)
1 Dec 2014
မလေးရှားက မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး သံရုံးလုပ်ဆောင်နေ
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ တရားမ၀င် မြန်မာ အလုပ်သမားတွေကို  အစိုးရချင်းညှိနှိုင်းပြီး တရားဝင်ဖြစ်အောင် ဆောင်ရွက် ပေးနေတယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။
မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က နိုင်ငံတွင်း တရားမ၀င်နေထိုင်သူတွေ၊ ဗီဇာရက်ကျော်  နေထိုင်သူတွေကြောင့်  မလေးရှားနိုင်ငံရဲ့ ပြစ်မှု မှုခင်းတွေ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အတွက် အထောက်ထားမဲ့သူတွေအားလုံး  လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတာပါ။
ဒါကြောင့်  အထောက်အထားမဲ့ တရားမ၀င်အလုပ်သမားတွေ တရားဝင်ပြန်ဖြစ်ရေး လုပ်ဆောင် ပေးနေတာဖြစ်တယ်လို့ ဦးမင်းမင်းဝင်းက ပြောပါတယ်။
“အထောက်အထားမရှိဘူး။ ပတ်စပို့မရှိဘူး။ work permit အလုပ်လုပ်ခွင့် မရှိဘူးဆိုရင် နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုဇယားယူလာပြီး ကျနော်တို့ဆီမှာ စာအုပ်လာလျှောက်လို့ ရပါတယ်။ ကျနော်တို့က စာအုပ် ထုတ်ပေမယ် မလေးရှားအစိုးရဖက်က work permit လုပ်ပေးမယ် ဆိုပြီး အစိုးရချင်း  G to G MOU လက်မှတ်ထိုးပြီး လုပ်နေတာပါ။”
မလေးရှားမှာ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ မိမိနိုင်ငံကို  ပြန်မယ်ဆိုရင် ပစ်ဒဏ်ပေးမှာမဟုတ်ဘဲ ဒီဇင်ဘာ ၃၁ရက် မတိုင်မီအထိ လဝကမှာ Special Pass လျှောက်ထားပြီး သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ တရားဝင် ပြန်လည်ထွက်ခွာနိုင်တယ်လို့ မလေးအစိုးရ တာဝန်ရှိသူတဦးက  နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောကြားထားတာပါ။
မလေးရှားမှာ ၉ နှစ်လောက် တရားမ၀င်နေထိုင်လာခဲ့တဲ့ ဦးသန်းဇော်ကတော့ လာမယ့်အပတ်မှာ မြန်မာနိုင်ငံကို အပြီးပြန်နေတော့မယ်လို့ ပြောပါတယ်။
“တရားမ၀င်တဲ့နေတာ သွားရလာရတာ မလုံခြုံဘူးပေါ့။ ညအိပ်လည်း ကောင်းကောင်း မအိပ်ရဘူး။ ရဲတွေ ရောက်လာမလား လန့်နေရတယ်။ ဘယ်သွားသွား အေးဆေးသွားလို့မရဘူး။ အသက်ကလည်းကြီးလာပြီးတော့ ဟိုမှာပဲ အပြီးပြန်နေတော့မယ်။”
မလေးရှားနိုင်ငံမှာ တရားမ၀င်မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိနေတယ်လို့ အလုပ်သမား အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။
နော်နိုရင်း (ဒီဗွီိဘီ)