4 Dec 2011

ချစ်လားမချစ်လားသိဖို့အတွက်နည်းလမ်း ၁၂ သွယ်

၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။

၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါမှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။

၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။

၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။

၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။

၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။

၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။

၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။

၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်းရှိနေလိမ့်မယ်။

၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။

၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။

ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။
အသင့်နှလုံးသားထဲမှာရှိတဲ့လူကို ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။
ကိုယ့်ကိုကိုယ်စမ်းသပ်ကြည့်ကြပါ...။

3 Dec 2011

Computer Professional တစ်ယောက်ဖြစ်ရန် အင်တာနက်မှ လေ့လာနည်း...

ဒီblog လေးကနေ ကျွန်တော်လည်းအင်တာနက်မှာ လုပ်သင့်တာတွေ
အများကြီးရှိနေသေးတဲ့ အကြောင်းကိုသိခဲ့ရတယ် အရင်တုန်းက ချက်ပဲချက်နေမိတဲ့
ပြီးတန်ဖိုးရှိတာတွေ မလေ့လာမိခဲ့လို့ လဲဝမ်းနည်းရပါတယ် ဒါပေမယ့်
အခုသိလိုက်ရတဲ့ အချိန်မှာ တော့
မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ခဲ့ပါတယ် အဲဒါကြောင့်မို့
သူငယ်ချင်းတွေကိုလည်းအရှုပ်ထုပ် လိုပဲ ဖြစ်ခဲ့ကြရင်ဆိုတဲ့ စိတ်နဲ့
မျှဝေချင်စိတ်လေးဖြစ်ပေါ်လာပါတယ် (အလွန်တော်သော ပုဂ္ဂိုလ် ကြီးများကို
မရည်ရွယ်ပါ) အပြုသဘောလေးနဲ့ ဝေဖန်ပေးကြပါလို့လဲတောင်းဆိုချင်ပါတယ် ဒီblog
ကို ရေးပေးတဲ့ web developer ei mg ကိုလည်းအထူး ကျေးဇူးတင်ပါတယ်


် ပြီးခဲ့တဲ့ တစ်ပါတ်က ပြုလုပ်ခဲ့တဲ့ MZ 3rd Anniversary အထိမ်းအမှတ်ပွဲရဲ့
နောက်ဆုံးပိုင်းမှာ Open Discussion ဆိုတဲ့ အစီအစဉ်လေးတစ်ခု ပါခဲ့ပါတယ်...
အဲ့ဒီ အစီအစဉ်မှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ "Beginner ကနေ Professional ဖြစ်အောင် ဘာတွေလုပ်ရမလဲ" ဆိုတဲ့
ခေါင်းစဉ်ဖြစ်ပါတယ်...

Professional ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ ဆိုတာကနေ စတင်ဆွေးနွေးလိုက်ကြတာ အတော် စိတ်ဝင်စားဖို့ကောင်းပါတယ်...
Professional ဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ အတိအကျအဖြေတစ်ခုကို
မပေးနိုင်ခဲ့ပေမယ့် တက်ရောက်လာသူများအတွက် အကျိုးရှိခဲ့တဲ့
စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်...

Professional ဖြစ်အောင် လုပ်ရမယ့် အချက်တွေထဲမှာ "စဉ်ဆက်မပြတ်
လေ့လာနေရမယ်" ဆိုတဲ့အချက်တစ်ချက် ပါဝင်ပါတယ်... အမြဲမပြတ်
တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကြောင့် "စဉ်ဆက်မပြတ် လေ့လာနေရမယ်"
ဆိုတာဟာ Beginner တွေသာမကပါဘူး၊ မိမိကိုယ်ကို ကျွမ်းကျင်သူလို့ ယူဆထားတဲ့
Professional များအတွက်ပါ လိုအပ်တယ်ဆိုတာကို အားလုံး သိပြီးသားပါ...

ဒီ Post
မှာ ထိရောက်တဲ့ "စဉ်ဆက်မပြတ်လေ့လာမှု" တွေကို ပြုလုပ်နိုင်ဖို့ Internet ကို ဘယ်လို အသုံးချရမလဲ
ဆိုတာကို အဓိကထား တင်ပြသွားချင်ပါတယ်...

ကျွန်တော်တို့ ကွန်ပြူတာစတင်လေ့လာစအချိန်က လေ့လာဖို့အတွက် Resource ဆိုတာ
အတော်လေးရှားပါးပါတယ်... ကိုးကားစရာရဖို့အတွက် သင်တန်းတွေမှာ
ဆရာသင်သမျှတစ်လုံးမကျန် လိုက်လံမှတ်သားထားရပါတယ်... Programming
နဲ့ပက်သက်တဲ့ စာအုပ်အထူကြီးတွေကိုတွေ့မိရင် လိုချင်လွန်းလို့
ရင်တွေဘာတွေတောင် တုန်ပါတယ်... ဒါပေမယ့် အဲ့လိုစာအုပ်တွေက ဈေးသိပ်ကြီးလို့
အနားတောင်မကပ်နိုင်ပါဘူး... စာအုပ်တစ်အုပ်လောက် ရလိုက်ပြီဆိုရင်လည်း
ရွှေမန်ကျည်းတောင့်ရသလောက်ကို ၀မ်းသာရပါတယ်... စာအုပ်က သိပ်ရှားပါးတော့
ကိုယ့်မှာရှိရင် သူများကို မပေးချင်ပါဘူး... ကိုယ်တောင်မှ ခက်ခက်ခဲခဲ
ရထားရတာကိုး... သူများစာအုပ်ဆိုရင်လည်း တစ်ရက်လောက်ခဏလို့ ငှားပြီး
တစ်အုပ်လုံးကို မိတ္တူကူးယူထားရတာတွေ ရှိပါတယ်... အဲ့ဒီလောက်ထိ ကိုးကားစရာ၊
လေ့လာစရာ စာအုပ် နဲ့ Resource ရှားပါးပါတယ်...

နောက်ပိုင်း အင်တာနက်ကွန်နက်ရှင် အလွယ်တစ်ကူရလာတော့ အင်တာနက်ကို လေ့လာဖို့အတွက်
အသုံးပြုခဲ့ပါတယ်... အစပိုင်းမှာ လိုချင်တာတောင်မှ မရှာတက်ဆိုတော့
သိပ်မထိရောက်ပါဘူး... နောက်ပိုင်း သုံးတက်လာတဲ့အခါ အင်တာနက်ဟာ
သိပ်ကောင်းတဲ့ လေ့လာစရာ Resource ဖြစ်သွားပြီး အများကြီး
အထောက်အကူပြုခဲ့ပါတယ်... အခုချိန်မှာ အင်တာနက်မရှိပဲ အလုပ်လုပ်ဖို့
ဆိုတာနဲ့၊ အင်တာနက်မရှိပဲ လေ့လာဖို့ဆိုတာကို တွေးကြည့်လို့တောင်
မရတော့ပါဘူး...

MZ 3rd Anniversary ပွဲနေ့က အများကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်... "မိမိကိုယ်ကို
စဉ်ဆက်မပြတ်တိုးတက်နေတယ်လို့ ထင်သလား? နေ့စဉ်တိုးတက်တာက မမြင်သာရင်တောင်မှ
ပြီးခဲ့တဲ့လကထက် ဒီလ ပိုမိုတိုးတက်လာတယ်လို့ ထင်သလား?" ဆိုတဲ့
မေးခွန်းကိုမေးခဲ့ပါတယ်... "တိုးတက်နေပါတယ်" ဆိုတဲ့အဖြေကို ဖြေရဲတဲ့သူ
တစ်ယောက်တောင်မှ မရှိတဲ့အတွက် အံ့အားသင့်မိပါတယ်... လူကြားထဲမှာ
တိုးတက်နေပါတယ်လို့ ဖြေဖို့ မ၀ံ့ရဲတာဖြစ်နိုင်သလို၊ အမှန်တကယ်ကို
မိမိကိုယ်ကို တိုးတက်နေတယ်လို့ "မထင်" တာလည်း ဖြစ်နိုင်ပါတယ်... အဲ့ဒီမှာ
ပြန်ပြောဖြစ်တာက "ကနေ့ခေတ်လို အင်တာနက်
ရှိပြီး လေ့လာဖို့ Resource မရှားပါးတဲ့ အချိန်မှာမှ မိမိကိုယ်ကို
ပုံမှန်တိုးတက်နေတယ်လို့ မထင်ဘူးဆိုရင်တော့၊ ကျွန်တော်တို့
တစ်ခုခုမှားနေပါပြီ"...

"ငါ... ပုံမှန်
တိုးတက်နေရဲ့လား" ဆိုတဲ့ မေးခွန်းကို လေ့လာနေသူးတိုင်း
မိမိကိုယ်ကို အမြဲမေးနေသင့်ပါတယ်...

နောက်ထပ် ထပ်မေးတဲ့ "ဒါဆိုရင် အင်တာနက်မှာ လေ့လာတဲ့အချိန်နဲ့ အချိန်ဖြုန်းတဲ့အချိန် ဘယ်ဟာကများလဲ? ကိုယ့်ကိုယ့်ကို ဘယ်အပိုင်းမှာ
များနေတယ်ထင်လဲ?" ကိုတော့ တစ်ညီတစ်ညွတ်တည်း "အချိန်ဖြုန်းနေတာက များနေတယ်" လို့
ဖြေတာကို တွေ့ရပါတယ်...

အင်တာနက်မှာ အချိန်ဖြုန်းတာကို လုံးဝအကျိုးမရှိတဲ့ အချိန်ဖြုန်းခြင်းလို့တော့ မပြောလိုပါဘူး... ဥပမာ
Social Network တွေမှာ အချိန်ကုန်နေခြင်းဟာ တစ်နည်းအားဖြင့်
အချိန်ဖြုန်းသလိုဖြစ်နေပေမယ့်၊ တစ်နည်းအားဖြင့်လည်း အပေါင်းအသင်းမိတ်ဆွေ
တိုးတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းသစ်တွေ
ရနိုင်တာပဲဖြစ်ပါတယ်...

အင်တာနက်ကို လေ့လာဖို့ချည်းသက်သက် သုံးရမယ်လို့ ဇွတ်ပြောလိုခြင်းမဟုတ်ပါဘူး... နှစ်သက်သလို သုံးလို့ရပါတယ်...
ဟိုလိုပဲသုံးရမယ် ဒီလိုပဲသုံးရမယ်လို့ လိုက်ပြီး တာမြစ်ပိတ်ပင်နေလို့လည်း
ဘယ်သူကမှ နားထောင်မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်တို့ရဲ့
လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်အရေးကို မယူတက်လို့၊ အသုံးမချတက်လို့
(လူငယ်များအတွက်) အကျိုးမရှိသလို ဖြစ်နေမှာကိုတော့ စိုးရိမ်မိပါတယ်...
ဒါကြောင့် ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတစ်ချို့ကို အခုလို
ဝေမျှရခြင်းဖြစ်ပါတယ်...

ကျွန်တော်က Web Developer တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ပေးတဲ့နည်းလမ်းတွေကလည်း Web Developer
တွေအတွက်ပဲ အဆင်ပြေတာမျိုးလည်း ဖြစ်နိုင်ပါတယ်... တစ်ခြားနယ်ပယ်တွေကို
အဓိကထားလေ့လာနေသူများအနေနဲ့ သင့်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်...

၁.) နေ့စဉ်ဖတ်ရမည့်စာရင်းတစ်ခု ထားပါ
တစ်ချို့ Tutorial Web Site တွေနဲ့ နည်းပညာ Blog တွေဟာ နေ့စဉ်နဲ့အမျှ Update အသစ်တွေ တက်လေ့ရှိပါတယ်...
ကိုယ့်အတွက်အကျိုးရှိတဲ့ အဲ့ဒီလို Web Site တွေကို စာရင်းတစ်ခု
ပြုစုထားပြီး နေ့စဉ်ဖတ်ဖို့လိုအပ်ပါတယ်...

Web Developer တွေအတွက်ဆိုရင် Smashing

Magazine လို Site မျိုးနဲ့ Sitepoint
လို Site မျိုးတွေဟာ နေ့စဉ် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Site တွေ ဖြစ်ပါတယ်...
အဲ့ဒီ Site တွေဟာ Multi Author Blog တွေဖြစ်ပြီး နေ့စဉ်နဲ့အမျှ (Web
Development ကို အသားပေးတဲ့) နည်းပညာ Article တွေတင်ပေးနေတဲ့ Site
တွေဖြစ်ပါတယ်... ဒီလို Site မျိုးက Article တွေဟာ အကြောင်းအရာတစ်ခုကို
ထဲထဲဝင်ဝင် သိဖို့ ကူညီပေးလေ့ရှိပါတယ်... သူတို့ Article တွေက ရှည်ပြီး
တစ်ခါတစ်ရံ လေးနက်တဲ့ အကြောင်းအရာတွေ ဖြစ်တက်တဲ့အတွက် စာဖတ်မပျင်းဖို့တော့
လိုပါတယ်...

Nettuts လို
Site မျိုးကတော့ Tutorial Site တစ်ခုဖြစ်ပြီး နေ့စဉ်နဲ့အမျှ Free Tutorial
လေးတွေ တင်ပေးလေ့ရှိပါတယ်... သူတို့တင်ပေးသမျှ Tutorial တွေက တစ်ခုမှ
ပစ်ရက်စရာမရှိပါဘူး... ကိုယ့်အတွက် အသုံးဝင်တာချည်းပါပဲ...

OS News တို့ CNet တို့လို သတင်း Site တွေကလည်းပဲ
နေ့စဉ် ကြည့်ရှု့နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်... အဲ့ဒီ Site တွေက ကိုယ့်ကို
ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ အဆက်ပြတ်မသွားစေဖို့
အကူအညီပေးပါလိမ့်မယ်...

ကိုယ့်မှာ အဲ့ဒီလို နေ့စဉ်ဖတ်သင့်ပါတယ်လို့ ယူဆတဲ့ Web Site စာရင်းတစ်ခုမရှိသေးဘူးဆိုရင်လည်း အခြားသူတွေကို
အကူအညီတောင်းလို့ ရပါတယ်...

သူတို့ရေးသမျှ နေ့စဉ် တစ်လုံးမကျန် လိုက်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး... Update တွေကိုကြည့်ပြီး
ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ၊ ကိုယ်နဲ့
ကိုက်ညီတဲ့အကြောင်းအရာဆိုရင်ဖတ်ပြီး ကိုယ့်အတွက် အလှမ်းဝေးနေတဲ့အရာ
သို့မဟုတ် လုံးဝစိတ်မ၀င်စားတဲ့ အကြောင်းအရာဆိုရင်တော့ ဖတ်ဖို့မလိုပါဘူး...
နေ့စဉ်ဖတ်ရမယ့် Site ၁၀ခုလောက်ထားပြီး အနည်းဆုံး ခေါင်းစဉ်တွေလောက်
ရွေးဖတ်ရင်ကို မဆိုးပါဘူး...

၂.) RSS Reader တစ်ခု သုံးပါ
အထက်မှာ နေ့စဉ်
ဖတ်ရမယ့် Site စာရင်းထားပါလို့ ပြောခဲ့ပါတယ်... ဒါပေမယ့် တစ်ချို့
Site တွေက ဖတ်ရတာ အကျိုးရှိပေမယ့် နေ့စဉ် Update မဖြစ်ပါဘူး... ပြီးတော့
ကြည့်ချင်တဲ့ Site တွေများလာတဲ့အခါ အဲ့ဒါတွေကို နေ့တိုင်းသာ
အကုန်သာလျှောက်ကြည့်ရရင် စာဖတ်တဲ့စခန်းကိုမရောက်ပဲ Web Site တွေ
လိုက်ဖွင့်နေရာတာနဲ့တင် အချိန်ကုန်ပါလိမ့်မယ်...

ဖတ်ချင်သမျှ Web Site တွေအားလုံးရဲ့ Update တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း
ဖတ်ဖို့အတွက် RSS Reader တွေကို အသုံးပြုလို့ရပါတယ်... RSS Reader
သုံးခြင်းအားဖြင့် ကိုယ် Subscribe လုပ်ထားတဲ့ Web Site တွေမှာ Content
Update ဖြစ်မဖြစ် တစ်ခုခြင်း လျှောက်ကြည့်နေစရာ မလိုအပ်တော့ပါဘူး...
Content Update ဖြစ်တာနဲ့ Update တွေအားလုံးဟာ ကိုယ့်ရဲ့ RSS Reader ထဲမှာ
တစ်စုတစ်စည်းထဲ ရောက်ရှိနေမှာဖြစ်ပါတယ်...

ကနေ့ခေတ်မှာ RSS Feed Support မလုပ်တဲ့ Web Site ဆိုတာ အတော်လေး နည်းသွားပါပြီ...

Reader အနေနဲ့ Google
Reader
ကို Recommend ပေးချင်ပါတယ်... လူတိုင်းနီးပါးမှာ Google Account
ရှိနေတဲ့အတွက် ထပ်ပြီးတော့လည်း Register လုပ်ဖို့မလိုအပ်တော့ပါဘူး... RSS
Reader မသုံးဖူးသူတွေအတွက် Feed တွေ ဘယ်လို Subscribe လုပ်ရမလဲဆိုတာ
မရှင်းပြတော့ပါဘူး... Google Reader ကိုသာ ၀င်လိုက်ပါ... Google ရဲ့ Usable
ဖြစ်တဲ့ အသွင်အပြင်ကြောင့် အလိုလို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်...
Alternate Reader အဖြစ်နဲ့ Bloglines
ကိုလည်း စမ်းကြည့်လို့ရပါတယ်...

RSS Reader လက်ရှိသုံးနေပါတယ်ဆိုတဲ့သူတွေကိုလည်း အကြံပေးချင်ပါတယ်...
ကိုယ်ဖတ်နိုင်သလောက်သာ Subscribe လုပ်ပါ... လောဘတစ်ကြီး Site
တွေအများကြီးကို Subscribe လုပ်မထားပါနဲ့... Subscribe လုပ်ထားပြီး
မဖတ်နိုင်ရင်အလကားပါပဲ... Feed Update တွေကိုလည်း နေ့စဉ်
ဖတ်ဖို့လိုပါတယ်... မဖတ်ချင်တဲ့ Feed တွေ၊ မဖတ်နိုင်တဲ့ Feed ကို
ထားမနေပါနဲ့ Un-Subscribe သာလုပ်ပစ်ပါ... နေ့စဉ်ဖတ်တယ်ဆိုတဲ့နေရာမှာလည်း
အထက်မှာ ပြောခဲ့သလိုပဲ တစ်လုံးမကျန် လိုက်ဖတ်နေဖို့မလိုပါဘူး... အနည်းဆုံး
ခေါင်းစဉ်တွေလောက် လိုက်ဖတ်သွားနိုင်ရင်တောင် မဆိုးပါဘူး...
ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမှ အသေးစိတ်ဖတ်လို့ရပါတယ်...

၃.) တစ်နေ့ အနည်းဆုံး (၁)နာရီ စာဖတ်ပါ
ဘယ်လောက်ပဲ အလုပ်များများ တစ်နေ့ကို (၁)နာရီလောက်တော့ စာဖတ်ဖို့ အချိန်ပေးသင့်ပါတယ်... ပြီးတော့ ဘယ်အချိန်ကနေ
ဘယ်အချိန်ထိ စာဖတ်မယ်ဆိုပြီး တိတိကျကျ သတ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်...
ဒီလိုအချိန်ပေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်လည်း
အလေ့အကျင့်လေးတစ်ခုဖြစ်သွားပြီး စာဖတ်ရတာ ပိုမိုအဆင်ပြေလာနိုင်ပါတယ်...

ကျွန်တော်ကတော့ နေ့စဉ်
အလုပ်တွေမစခင် (၉)နာရီကနေ (၁၀)နာရီအထိကု စာဖတ်ဖို့ သက်သက်ပဲ
အသုံးပြုပါတယ်... အဲ့ဒီအချိန်အတွင်းမှာ RSS Reader ထဲမှာ ရောက်နေသမျှ
Update တွေကုန်အောင်ဖတ်ပါတယ်... တစ်နေ့ကို Update (၁၂၀) လောက် ရလေ့ရှိပြီး
(၁၀၀) လောက်ကို အကြမ်းဖျင်းသာ ဖတ်ဖြစ်ပါတယ်... (၂၀) လောက်ကိုတော့ အသေးစိတ်
ဖတ်ဖြစ်ပါတယ်...

အဲ့ဒီလို နေ့စဉ် (၁)နာရီလောက်ပဲ မဖြစ်မနေ အချိန်ပေးသွားပါ... (၆) လလောက်ကြာတဲ့အချိန် ကိုယ့်ကိုယ်ကို
ပြန်စမ်းစစ်ကြည့်ရင် အများကြီးတိုးတက်လာတာကို တွေ့လိမ့်မယ်လို့
အာမခံပါတယ်...

၎.) Online Forum တွေမှာ ပါဝင်ဆွေးနွေးပါ
Online Forum တွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးခြင်းဟာလည်း ကိုယ့်ရဲ့အရည်အချင်းကို
တိုးမြှင့်တဲ့ဖို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်... သိချင်တာရှိရင်လည်း
မေးလို့ရသလို၊ သူများတွေ ဆွေးနွေးတိုင်ပင်တာတွေကနေ ကိုယ့်အတွက်
စိတ်ဝင်စားစရာအသစ်တွေ ရနိုင်သလို မသိသေးတာတွေလည်း အများကြီး
သိလာနိုင်ပါတယ်...

ကိုယ်သိထားတာတစ်ခုရှိလို့ သူများမေးတာကိုဖြေတော့မယ်ဆိုရင်လည်း စကားပြောတာမဟုတ်ပဲ စာနဲ့ရေးတာဖြစ်လို့
တိတိကျကျ ရေးသားဖို့လဲလိုအပ်လာပါတယ်... အဲ့ဒီအတွက်လည်း သိထားပြီးသားကို
ဖြေပေးတာဖြစ်ပေမယ့် စာပြန်ဖတ်ဖို့ လိုအပ်တက်ပါတယ်... ပြန်ဖတ်ပြီး
သေချာတော့မှ အသေးစိတ်ဖြေပေးရတာဖြစ်လို့ ကိုယ်ကိုယ်တိုင်လည်း
အဲ့ဒီအကြောင်းအရာကို နဂိုကထက်ပိုပြီး အသေးစိတ် သိရှိသွားတက်ပါသေးတယ်...

ဒီလို Online
Forum တွေမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာဟာ
အရည်အချင်းတိုးမြှင့်ရာမှာ အထောက်အကူဖြစ်ယုံမက အသိမိတ်ဆွေတိုးပွားပြီး
အလုပ်အကိုင်အခွင့်အလမ်းပါတိုးပွားလာတက်ပါတယ်...

၅.) Social Bookmark Site တွေသုံးပါ
ဘယ် Site
တွေကို ဖတ်ရမှန်းမသိဖြစ်နေသူတွေအနေနဲ့ Digg တို့ Reddit တို့လို Social Bookmark Site
တွေကနေ စကြည့်သင့်ပါတယ်... Web Site တစ်ခု ဒါမှမဟုတ် Blog Post တစ်ခုကို
ကြိုက်တယ်ဆိုရင် Link ကို Social Bookmark Site တွေမှာ တင်ပေးလို့ရပါတယ်...
အဲ့ဒီလို တင်ပေးလို့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက Link တွေ
တင်ပေးနေပါတယ်...

ဒါကြောင့် Social Bookmark Site တွေဟာ ဒီနေ့အတွက် ကမ္ဘာမှာ ဘာတွေလူကြိုက်များနေလဲဆိုတာကို စုစည်းပေးထားတဲ့ Collection
ကြီးတွေလို ဖြစ်နေပါတယ်... ဘာကောင်းလဲ ကိုယ်လိုက်ရှာနေစရာမလိုပဲ
အကောင်းတစ်ကာ့အကောင်းဆုံးတွေကို Social Bookmark Site တွေမှာ
စုစည်းထားပြီးသား ရနိုင်ပါတယ်... Popular အဖြစ်ဆုံးနဲ့ Latest အဖြစ်ဆုံးက
Home Page မှာ ရှိနေပါလိမ့်မယ်...

Link တွေက သိပ်များလွန်းလို့လည်း စိတ်ညစ်စရာမလိုပါဘူး... ကိုယ်လိုချင်တဲ့ Category ပဲရွေးပြီး
ကြည့်လို့ရပါတယ်... ဒါကြောင့် Social Bookmark Site တွေဟာလည်း နေ့စဉ်
ကြည့်ရမယ့် စာရင်းထဲမှာ ပါ ပါတယ်...

၆.) Google ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်အောင် လုပ်ပါ
Online ကို လေ့လာဖို့အတွက် အသုံးပြုလိုသူတွေအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ကတော့
Google ကို ထိထိရောက်ရောက် အသုံးပြုတက်ဖို့ပါပဲ...

ကနေ့ခေတ်မှာ လေ့လာစရာတွေက များလွန်းလှပါတယ်... Professional တစ်ယောက်အတွက်ဆိုရင်လည်း
တစ်မျိုးတည်း တစ်ခုတည်းကို တက်နေလို့ မရတော့တဲ့ခေတ်ဖြစ်ပါတယ်...
ဒီလောက်များတဲ့လေ့လာစရာတွေထဲမှာ ဘယ်သူကမှ အားလုံးကို တစ်ခုမကျန်
မှတ်ထားနိုင်မှာ မဟုတ်ပါဘူး...

Web Developer တစ်ယောက်အတွက်ဆိုရင် HTML လေ့လာဖို့လိုသလို CSS လည်း ကျွမ်းကျင်ဖို့လိုပါတယ်... Javascript ကို
လေ့လာဖို့လိုသလို jQuery ကိုလည်း သိထားရပါဦးမယ်... Web 2.0 တို့ Ajax
တို့လို နည်းပညာတွေကို သိထားဖို့လိုအပ်သလို HTML5 မှာပါဝင်လာတဲ့ Feature
အသစ်တွေကိုလည်း သိဖို့လိုအပ်ပါတယ်... PHP လို Server Side Technology ကို
သိထားဖို့လိုအပ်သလို MySql လို Database Server တွေအကြောင်းသိဖို့လည်း
လိုအပ်ပါတယ်... MVC လို Pattern မျိုးကို နားလည်ထားဖို့လိုသလို Web
Development Framework တွေအကြောင်းလည်း သိထားရပါဦးမယ်...
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... နောက်ထပ် အများကြီး အများကြီး
ကျန်ပါသေးတယ်... ဒီလောက်အများကြီး သိထားဖို့လိုအပ်နေတဲ့အချိန်မှာ CSS မှာ
ရှိသမျှ Property တွေကို အကုန်အလွတ်ကျက်ဖို့ ကြိုးစားနေမယ်ဆိုရင် အချိန်တွေ
ကုန်သွားပါလိမ့်မယ်... အလွတ်မှတ်နေဖို့မလိုပါဘူး... သဘောတရားပဲ
နားလည်ထားဖို့လိုပြီး အသေးစိတ်ကို လိုအပ်လာတော့မှ လိုအပ်သလို
ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်...

Google ဟာ ရှာဖွေတက်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်... သိချင်တာတစ်ခုကို
စာအုပ်ထဲမှာရှာရင် တစ်မျိုးပဲသိရပါတယ်... Google မှာ ရှာရင်တော့
နည်းလမ်းပေါင်းစုံနဲ့ ပုံစံစုံ ရှင်းပြထားတဲ့ အဖြေတွေကို ရနိုင်ပါတယ်...

Google မှာ
ရှာတက်ဖို့ကလည်း အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်...

ဒါတွေဟာ Professional ဖြစ်လိုသူတစ်ယောက်အတွက် အင်တာနက်ကို ထိထိရောက်ရောက်
အသုံးပြုပြီး ဘယ်လို လေ့လာရမလဲဆိုတဲ့ နည်းလမ်းတွေထဲက တစ်ချို့ဖြစ်ပါတယ်...
ကျွန်တော်က Web Developer တစ်ယောက်ဖြစ်လို့ ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက
Professional Web Developer ဖြစ်လိုသူတွေနဲ့သာ
ကိုက်ညီတာမျိုးဖြစ်နိုင်ပါတယ်...

ဒါကြောင့် တစ်ခြားနယ်ပယ်က Professional များကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် အင်တာနက်ကို
လေ့လာဖို့အတွက် ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့ အချက်လေးတွေကို
ဝေမျှပေးစေချင်ပါတယ်...
------------အားလုံးကိုကျေးဇူးတင်လျှက်-----------------------သျှင်မင်းသစ္စာ---------------------------------------

2 Dec 2011

Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူး။

Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်။ သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး။ နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက ၀ဘ်ဆိုဒ်တစ်ခုမှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်။

ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်။

မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး 019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။

ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။ ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။
























ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကို ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူပါဘူး။

အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။

https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်။ အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...

https ကို ပိတ်လို့မရတဲ့အတွက်ကြောင့် နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်... မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ.... အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်။ အခု Facebook ဟာ Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်။ အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက် www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့ ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ... အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်း မဟုတ်တော့ပါဘူး။

စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။
































အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်အတုတွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကို အပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကို အသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။

အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊ တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင် ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။ အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့် သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန် Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။

အဲ့ဒိလို သွားကြည့်တဲ့ Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့် အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊ ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊ DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။

FTP Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။

လက်ရှိ မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့ လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။ ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)

Microsoft TMG မှာအဲ့ဒိ စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့ Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့ Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ ဒေါင်းကုန်လို့ဖြစ်ပါတယ်။

ယခင် အစိုးရက အင်တာနက်ကို ကြားက ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက် အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော် သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာ ဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာ တောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကို မမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။

ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်။ အစိုးရ လုပ်တာမဟုတ်ပါဘူး Google ရဲ့ Restriction တစ်ခုပါ။

ဒါတွေကို ဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ် Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့ မပြောတတ်ဘူးဗျိုး .....

(ရေးသားဖေါ်ပြသူ - James Mmt အား ကျေးဇူးတင်ရှိပါသည်)

ဟီလာရီ ကခင်တန် ရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ



ဟီလာရီ နေပြည်တော်စီးလာတဲ့ C-40B အထူးဂျက်လေယာဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံခရီးစဉ်အတွက် အသုံးပြူတဲ့ လေယာဉ်ကတော့ C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်ဖြစ်ပါတယ်။
C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ
ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ
C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။ GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀၀ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀၀ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့ ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက် ဆက်သွယ်ရေးစနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။
ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး ကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။
C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
-နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီမံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
-လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
- လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂
-လေတိုက်နှုန်းခန့်မှန်းစနစ်
-Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုးယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။
မြန်မာနိုင်ငံလို စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့ စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။
C-17 အထူးဂျက်လေယာဉ်ကြီး© Awie Badenhorst / Alamy
C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။
C-17 လေယာဉ်တွင်း မြင်ကွင်း-၁
အထုးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်းလုပ်နိုင်စွမ်းရှိပါတယ်။
C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်အမှုထမ်းတွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။
ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်ကပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ် ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။
C-17 လေယာဉ်တွင်း မြင်ကွင်း-၂
C-17 လေယာဉ်တွင်း မြင်ကွင်း-၃
========================================================
ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းက်ုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ
==========================================================
  • အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး
စိုင်းနေမင်း
ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။
အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။
အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။
ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။
အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေးခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။
နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။
ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။
ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀၀၃ ခုနှစ်က လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေးတယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။
သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက် ၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီးမားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။
ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီးလာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက် တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။
အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး
အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။
=========================================================
အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀၀၉ ခုနှစ် လန်ဒန် ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည် ကူးယူ ဖော်ပြလိုက်ပါတယ်။ (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲ့ကို ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)
========================================================
သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ
(ခေတ်ပြိုင်ဂျာနယ်မှ)
အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။
အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။
လုံခြုံရေး အထူးအစီအစဉ်
သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။
အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ၀ါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။
Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။
လေဆိပ်မှ လန်ဒန်လုံခြုံရေး
အိုဘားမားစီးတဲ့ AirForce One လေယာဉ်
အိုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။
မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။
ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။
စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။
အိုဘားမား၏ The Beast စီးတော်ယာဉ်
အိုဘားမားရဲ့ စီးတော်ယာဉ်ကား
အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိန်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။
အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။
အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။
ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။
အမေရိကန်သမ္မတ အခြံအရံများ
အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်
လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး (၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။
အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထားမည်ဖြစ်သည်။
လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလားအလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှာက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်းလှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။
 
မူရင်း။ ။ 8888newgenerations

30 Nov 2011

အမွှာညီအမနဲ့ တချိန်ထဲ နှစ်ပါးသွားမဲ့.. အာဂ ထိုင်းသတို့သား....


 
ထိုင်းနိုင်ငံ Samut Songkram ပြည်နယ်မှာနေထိုင်တဲ့ Mr. Wichai Tao လို့ ခေါ်တဲ့ အသက် ၂၄နှစ်ရှိ လူငယ်ကလေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ Ms. Sirintara နှင့် Ms. Thipawan လို့ခေါ်တဲ့ အသက်၂၂ ရှိ အမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့ပါတယ်။

ထိုလူငယ်လေးကတော့ သူဟာ ထို အမွှာညီအမနှစ်ယောက်စလုံးကို တူညီတဲ့ အချစ်နဲ့ ချစ်ခဲ့တာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ထို အမွှာနှစ်ယောက်နဲ့ပတ်သတ်တဲ့ အိမ်ထောင်မှု့တာဝန်တွေ ထမ်းဆောင်ရာမှာလဲ ဘာအခက်အခဲမှ မရှိဘူးလို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုပါသေးတယ်။

ဝီချိုင်းလို့ခေါ်တဲ့ အဆိုပါလူငယ်ဟာ ထိုညီအမ နှစ်ယောက်ကို ရွှေ ၈ကျပ်သား၊ ဘတ် ၈သောင်းနဲ့ တင်တောင်းခဲ့တာဖြစ်ပြီး မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာပွဲကို ပျော်ရွင်စွာ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။ ၀ီချိုင်းက သူ့နယ်တွင်းရှိ ထိုင်း သတင်းစာတစ်စောင်ကို ပြောခဲ့ရာမှာတော့ သူဟာ ဟိုး ငယ်ငယ်ကလေးဘ၀ထဲက အဆိုပါ ညီအမနဲ့ အိမ်နီးချင်းဖြစ်ခဲ့ပြီး ခင်မင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာထိုညီအမထဲမှ ဘယ်တစ်ယောက်ကို ရွေးချယ်ရမယ်မှန်း
မဆုံးဖြတ်နိုင်တော့ဘဲ နှစ်ယောက်စလုံးကို ချစ်ခွင့်ပန်ခဲ့တယ်လို့ ဆိုပါတယ်။ ညီအမနှစ်ယောက်စလုံးကလဲ အဲ့ဒီအချိန်မှာ သူတို့ရဲ့ အချစ်ပန်းကို ထို ကိုဝီချိုင်းကို ပေးပို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲပြီးတော့ ပျော်ရွှင်နေတဲ့ ၀ီချိုင်းရဲ့မိခင်ဟာ သူ့သားအတွက် မင်္ဂလာခန်း၂ ခန်း ပြင်ပေးမယ်လို့ဆိုပါတယ်။ ၀ီချိုင်းကတော့ သူ့ခွဲတမ်းချပုံကို အောက်ပါအတိုင်း သတင်းစာကိုပြောခဲ့ပါတယ်။

တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိကို Ms.Thipawan ရဲ့အခန်းမှာ သူအိပ်မှာဖြစ်ပြီး ကြာသာပတေးနေ့ကနေ စနေနေ့အထိကိုတော့ Ms.Sirintaraရဲ့ အခန်းမှာ နေမှာဖြစ်ပါတယ်တဲ့။ တနင်္ဂနွေနေ့မှာတော့ ဖဲမွေ့ယာပေါ်မှာ မောင်မယ်၃ယောက် တူတူအိပ်ကြမယ်လို့ ပြောနေပါတယ်။

သြော်…. အရင်တုန်းကတော့ နှစ်ကိုယ်တူတဲအိုပျက်မှာ နေရနေရဆိုတဲ့သီချင်းကို ပြောင်းပြီး ဆိုရမလိုလိုဖြစ်နေပါပြီ။

မူရင်း link ကတော့ : http://mabination.com/threads/531-Thai-Man-Gets-Away-With-Marrying-Twin-Sisters ဒီမှာပါ။

ယောင်္ကျားလေးများ သိထားသင့်သော အချက်များ

၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောင်္ကျားလေးပီပီ အရင်လာချော့ပါ။

၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။

၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။

၎။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။

၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။

၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။

၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။

၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊ ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။

၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။

၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။

၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။

၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့ ကိုယ့်စတိုင်လ်နဲ့ ကိုယ် နေပါ။

၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။

၁၄။ ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းပြင်တတ်တယ် ကျွမ်းကျင်တယ်လို့ ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့ နေရာလေးတော့ လိုက်ပို့ပြီး အဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။ တနည်းပြောရရင် အားကိုးတာပေါ့။

၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။

၁၆။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့ အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်းအားငယ်တယ် စိတ်ဆိုးတတ်တယ် ပြီးရင် ၀မ်းနည်းနေမယ်။

၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ……

၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မ၀စေနဲ့။ ငါ့ထက်လဲ မပိန်စေနဲ့။

၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။ ရွံစရာကောင်းပါတယ်။

၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။

၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။

၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။

၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းတခုလောက်တော့ တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး ကျန်တာတွေကို သိသင့်သလောက်သိရမယ်။

၂၄။ ငါ့အလုပ်ကို လေးစားရမယ်။

၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။

၂၆။ နူးညံ့သိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။

၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။ ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။

၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုံး။

၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။ အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။

၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမ၀ဘူး အစားမလျော့နဲ့ မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။

၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က အရှက်သိက္ခာနဲ့ လူလုပ်နေတာပါ။

၃၂။ ငါမှာ ယောင်္ကျားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။

၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။

၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို သိချင်တာ။

၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင် ချစ်သွားမှာက မင်းကို လေ။

၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။

၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။

၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။

၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။ အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။

၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို ပိုးပန်းနေကြမှာပဲ။

၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။

၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ က ငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင် ငါပဲလုပ်နိုင်တာပါ။ ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကို သိချင်နေလို့ပါ။

၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။ ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။

၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။ အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါတယ်။

၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။

၄၆။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။ မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။

၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး နားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။

၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။ တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။

၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့။ လုပ်တတ်တယ်လဲမပြောပါနဲ့။

၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့။
--
အားလုံးပျော်ရွင်ပါစေ

မာမာ

iPhone 4S နှင့် Galaxy S II - အမြင့်မှကျသည့်ဒဏ် ဘယ်သူခံနိုင်ပါ့မလဲ


 1091 iPhone4S_vs_Galaxy_S2_Durability_Test
SquareTrade မှ ကွန်ပျူတာဂုရုများကတော့ အီလက်ထရောနစ်ပစ္စည်း အသစ်များကို ဖျက်ဆီးရတာတာကို အလွန်တရာမှ ဝါသနာထုံပါတယ်။
ဤထုံးစံကို ဆက်လက်ထိန်းသိမ်းပြီး အခုလည်းပဲ အသစ်စက်စက် iPhone 4S ကိုသာမက Samsung Galaxy S II ကိုပါ ရက်ရက်စက်စက် အမြင့်မှပစ်ချပြီး မှတ်ကျောက်တင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ ဘယ်ဖုန်းက အနိုင်ရရှိခဲ့တယ်လို့ ထင်ပါသလဲ။ ခန့်မှန်း ကြည့်ကြတာပေါ့။
တစ်ခုသေချာတာကတော့ iPhone 4 ဟာလည်း လွန်ခဲ့သော ၁ နှစ်ခွဲကျော်က ဈေးကွက်တွင်းသို့ ရောက်ရှိလာပြီးနောက် ယင်း၏ မှန်ဖြင့်ပြုလုပ်ထားတဲ့ မျက်နှာပြင်နဲ့ ကျောပြင်တို့ဟာ ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇိုင်းမလှလို့ မဟုတ်ပါဘူး။ အကြမ်းလုံးဝ မခံနိုင်လို့ပါ။ iPhone 4S ကလည်း ထူးမခြားနားခဲ့ဘဲ iPhone 4 နဲ့ ချွတ်စွပ်တူတဲ့ ဒီဇိုင်းနဲ့ထွက်ရှိလာတဲ့အခါ Apple ပရိသတ်အတော် များများက စိတ်ပျက်ခဲ့ရပါတယ်။
SquareTrade ရဲ့ စမ်းသပ်မှုမှာလည်း chemically အဆင့်မြှင့်ထားတဲ့ မျက်နှာပြင်ဟာ ခါးအမြင့်နှင့် ပခုံးအမြင့်တို့မှ ပြစ်ချခံရတဲ့ဒဏ် ကို ခံနိုင်ခဲ့သော်လည်း ဖုန်း၏ကျောပြင်မှန်မှာမူ ကွဲထွက်သွားခဲ့ရသည်။ ဒါပေမယ့်လည်း iPhone 4S မှာ ကြမ်းပြင်နှင့် မျက်နှာအပ် လိုက်ရသည့် အချိန်တွင်မူ ရှေ့မျက်နှာစာမှန်မှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့သည်။
Galaxy S II ကတော့ ဤစမ်းသပ်မှုကို အပြည့်အဝ ခံနိုင်ရည်စွမ်းရှိကြောင်း သက်သေထူနိုင်ခဲ့သည်။ ပလတ်စတစ်ဖြင့် ပြုလုပ်ထား သည့် ကိုယ်ထည်မှာ ခါးအမြင့်နှင့် ပခုံးအမြင့်တို့မှ ပစ်ချသည့်ဒဏ်ကို ခံနိုင်ခဲ့ပြီး ပွန်းပဲ့ရုံသာ ရှိခဲ့သည်။ ရှေ့မျက်နှာစာ မှန်သားမှာ လည်း ကွဲထွက်သွားခြင်း၊ ပြုတ်ထွက်ခဲ့ခြင်း အလျဉ်းမရှိပေ။ မျက်နှာစာနှင့် ကြမ်းပြင့်ပေါ်ပြစ်ချသည့် အခါတွင်ပင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
ဒီလိုဆိုရင် သင့်ကိုယ်သင် လက်မမြဲတဲ့သူ ရှပ်ပြာတတ်သူလို့ သိနေတယ်ဆိုရင်တော့ အောက်မှာရှိတဲ့ ဗီဒီယိုကို ကြည့်ရှုပြီးမှသာ ဖုန်း အသစ်ကို ဝယ်ယူသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။ 
 



Samsung Galaxy Nexus နှင့် Android 4.0 လက်တွေ့စမ်းသပ်ခြင်း


1207 Galaxy_Nexus_Handson_First_Time_Impressions
Android ဖုန်းများ၏ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ကမ္ဘာတစ်ဝန်း၌ မျှော်လင့်ခြင်းကြီးစွာ စောင့်ဆိုင်းနေခဲ့ရသည် Samsung Galaxy Nexus ဟာ ယနေ့မှာတော့ ဈေးကွက်တွင်း တရားဝင်ရောက်ရှိလာခဲ့ပါပြီ။
အဖြူရောင်ဘူးခွံအား ဖွင့်လိုက်မယ်ဆိုရင် လှပသေသပ်ပြီး အရွယ်အစားကြီးမားသည့် Galaxy Nexus ကို ရှာဖွေတွေ့ရှိမည်ဖြစ် ပါသည်။ မျက်နှာပြင် အရွယ်အားဖြင့် ကြီးမားသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းအောင် သေးသွယ်ပေါ့ပါးလှသည်ကိုလည်း သတိထားမိမည် ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်၏ ပုံစံဒီဇိုင်းမှာတော့ Samsung ၏ မူပိုင်အတိုင်း ခိုင်ခံသော်လည်း ပလတ်စတစ် သားဖြင့် ပြုလုပ်ထားသည့် ကိုယ်ထည်ပင် ဖြစ်ပါသည်။ ဒီဇိုင်းပုံစံမှာ အမှတ်မထင်ကြည့်လျှင် Galaxy ညီအစ်ကိုများဖြစ်သည့် Galaxy S II ဖုန်းများနှင့် ထင်မှတ်မှားလောက်ပါသည်။

1207 Galaxy_Nexus_Handson_First_Time_Impressions1
နည်းပညာပိုင်းတွင်လည်း Galaxy Nexus သည် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းဖုန်းတစ်လုံးဟု ကောက်ချက်ချနိုင်မည်ဖြစ်သည်။ ထိုနည်းတူ CDMA နှင့် HSPA+ (4G) ရေဒီယိုအင်တာနာ ၂ မျိုးစလုံး ပါရှိသည့် ပထမဦးဆုံးသော ဖုန်းလည်းဖြစ်ပါသည်။ ထို့အတွက်​ကြောင့် ကမ္ဘာတစ်ဝန်း မည့်သည့်နိုင်ငံတွင်မဆို ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်မည့် unlocked ဖုန်းအစစ်ပင်ဖြစ်ပါသည်။
အသစ်စက်စက် Galaxy Nexus အား setup ပြုလုပ်ရသည်မှာ ရိုးရှင်းလွယ်ကူပြီး Google account ရှိရုံဖြင့် ဖုန်းတစ်ခုလုံးအား ထိန်းချုပ်နိုင်မည်ဖြစ်သည်။ Login လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် လိုအပ်သည့် App များကို စတင် download လုပ်ကာ ထည့် သွင်းပေးသလို Google + အား အသုံးပြုလိုခြင်း ရှိမရှိကိုလည်း မေးမြန်းခဲ့သည်။ ၄.၆၅ လက်မရှိ ကြီးမားလှသည့် မျက်နှာပြင်သည် ၁၂၈၀ x ၇၂၀ pixel ရှိပြီး ထည်ဝါခန့်ညားလှပေသည်။
1207 Galaxy_Nexus_Handson_First_Time_Impressions2
OS အသစ်ဖြစ်သော Android 4.0 Ice-cream sandwich သည်လည်း feature အသစ်ပေါင်းများစွာ ပါဝင်လာကြောင်း တွေ့ရှိရ မည်ဖြစ်သည်။ User interface ဒီဇိုင်းမှာ ယခင် Android ဗားရှင်းများ မည်သို့မျှယှဉ်၍မရနိုင်အောင် သာလွန်ကောင်မွန်ပြီး အသုံးပြု ရလွယ်ကူပါသည်။ Android 3.0 Honeycomb ၏ အဓိက feature တစ်ခုဖြစ်သည့် နောက်ဆုံးအသုံးပြုခဲ့သော app list အား ယခုအခါတွင် မူရင်းရှိပြီးသား task manager နှင့် ပေါင်းစည်းလိုက်သည်။ ဖုန်းအား lock လုပ်ထားစဉ် ကင်မရာအား အသုံးပြု၍ ရခြင်းမှာလည်း ထူးခြားမှုတစ်ခုပင် ဖြစ်သည်။  
Passcode ထည့်စရာမလိုဘဲ မျက်နှာအမှတ်အသားဖြင့် (Face unlock) ဖုန်းအား unlock ပြုလုပ်နိုင်မည်ဖြစ်သလို အခြားနည်း ပညာသစ် တစ်ခုဖြစ်သည့် နီးကပ်ဖလှယ်နည်းပညာ (Near Field Communication - NFC) လည်း ပါရှိသည်။
1207 Galaxy_Nexus_Handson_First_Time_Impressions3
Galaxy Nexus ၏ တစ်ခုတည်းသော လိုအပ်ချက်မှာ ကင်မရာပင်ဖြစ်သည်။ လက်တလောကာလထုတ် အဆင့်မြင့်ဖုန်းများ အားလုံးတွင် 8MP ကင်မရာတပ်ဆင်သည်မှာ standard တစ်ခုပင်ဖြစ်နေသည့် အချိန်တွင် မည်သည့်အတွက်ကြောင့် Samsung အနေဖြင့် ယင်းတို့၏ အဓိကဖုန်းအား 5MP သာရှိသည့် ကင်မရာတပ်ဆင်ပေးခဲ့သည်မှာ စဉ်းစားစရာပင်ဖြစ်သည်။ ပဏာမ စမ်းသပ် ချက်များအရ Google Nexus ၏ ကင်မရာသည် အလင်းရောင်မကောင်းသော နေရာများတွင် ဓာတ်ပုံရိုက်ပါက ပုံထွက် မကောင်း​ကြောင်း တွေ့ရှိရသည်။ 
1207 Galaxy_Nexus_Handson_First_Time_Impressions3_1
1207 Galaxy_Nexus_Handson_First_Time_Impressions5
1207 Galaxy_Nexus_Handson_First_Time_Impressions5
---
Photo Credit: Engaget. All Rights Reserved.

ဆေးမင်ကြောင်ဖျက်သည့် လေဆာနည်းပညာဖြင့် ပန်းချီ၊ ပန်းပုလက်ရာများမှ အစွန်းကွက်များကို ဖယ်ရှားနိုင်ပြီ





ကိုယ်ခန္ဓာကိုယ်ပေါ်က ဖျက်ပစ်ချင်တဲ့ ဆေးမင်ကြောင်အရုပ်တွေကို ဖျက်ရာမှာသုံးတဲ့ လေဆာနည်း ပညာဟာ နာမည်ကျော် ပန်းချီအနုပညာလက်ရာတွေ၊ နံရံပန်းချီတွေက စွန်းပေနေတဲ့ အညစ်အကြေးတွေကိုလည်း သန့်ရှင်းအောင်ပယ်ဖျက်ပေးနိုင်ကြောင်း သိရပါတယ်။
အဆိုပါနည်းပညာဟာ အရာဝတ္တုတွေရဲ့မျက်နှာပြင်ပေါ်က ဖျက်ချင်တဲ့အရာတွေကို လေဆာရောင်ခြည်နဲ့ အငွေ့ပျံစေပြီး ပယ်ဖျက်တာဖြစ်ပါတယ်။ ယခုအခါ ဒီနည်းပညာကို အီတလီမှာလည်း အသုံးပြုလျက်ရှိပါတယ်။ အီတလီနိုင်ငံ Applied Physics Institute CNR မှပညာရှင် ဒေါက်တာဆာဗေတိုစီယာနိုနဲ့ ရင်ဂိုဆလင်ဘီနီတို့ဟာ ဆန်တာမာရီယာရွယ်ကစကာ
ကရှိ Sagrestia နဲ့ Cappelladel Man to နံရံပန်းချီနှစ်ချပ်ကို ထိုနည်းနဲ့အသုံးပြုပြီး ပြုပြင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းပညာရှင်တွေဟာ ပန်းပုပညာရှင်ကော်ရင်ဇိုဂီတာတီရဲ့ ကြေးရုပ်နှစ်ခုကိုလည်း လေဆာနည်းပညာအသုံးပြုကာ သန့်စင်နိုင်ခဲ့ပါတယ်။ ဒေါက်တာ ဆီယန်နိုက ဒါနဲ့ပတ်သက်လို့ “အခုအကြိမ်ဟာ တကယ့် masterpiece လက်ရာတစ်ခုကို laser နည်းနဲ့ သန့်စင်မှုလုပ်တာ ပထမဆုံးအကြိမ်ပါပဲ” လို့ပြောခဲ့ပါတယ်။

Credit: Internet Journal

29 Nov 2011

ထိုင်းနိုင်ငံမှလူသားစားဘာသာရေးအဖွဲ့ (နှလုံးရောဂါ ရှိသူများမကြည့်ပါနှင့်)

ယိုးဒယားက ဘာသာရေးအဖွဲ့တစ်ခုရဲ့လုပ်ရပ်တဲ့


ဘာသာရေးပုတ်ခတ်ခြင်း မဟုတ်ပါ ထူးဆန့်း အံ့သြစရာကောင်းလို့  သူငယ်ချင်းတွေ ကြည့်လို့ ရအောင်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်...(Fwd Mail)

အနာဂတ်ကောင်းကင်မှကူးယူဖေါ်ပြပါသည်။