3 Apr 2014

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ


ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါ
ပဲမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ

ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ

အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်
ငရုတ်သီးစားပါ

ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ

ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ

ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



မဟာသန္တိသုခကျောင်းမှ ပီနန်ဆရာတော်ကြီးအား သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြော



ရန်ကုန်၊ ဧပြီ ၁

သံဃမဟာနာယက အဖွဲ့နှင့် အငြင်းပွားဖွယ်ရာ ဖြစ်ပွားနေသော မဟာသန္တိသုခကျောင်းတွင် သီတင်းသုံး နေသော ပီနန်ဆရာတော်ကြီးအား သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ကိုညိုအုန်းမြင့်က ဧပြီ ၁ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မဟာသန္တိသုခ ကျောင်းနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက် ညွှန်ကြားရေး မှူး ကိုညိုအုန်းမြင့်အား ဆက်သွယ် မေးမြန်းရာ ကိုညိုအုန်းမြင့်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ ထပ်မံမေးမြန်းခဲ့ပြီး ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

““ပီနန်ဆရာတော်ကြီးနဲ့ ကျွန်တော်ကလည်း ဆရာရင်း ဒကာရင်းဖြစ်လို့ ဒီဘက်အစိုးရဘက်ကို လှမ်းမေး ပေးပါတယ်။ အစိုးရဘက်က ဘာမှ စိတ်မပူပါနဲ့။ ဆရာတော်ကြီးသာ သီတင်းသုံးပါ။ အစိုးရဘက်က ဆိုတာက ကျွန်တော်တို့ရဲ့ Myanmar Peace Center (မြန်မာငြိမ်းချမ်းရေးစင်တာ)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပဲ မေးတာပါ”” ဟု ကိုညိုအုန်းမြင့်က ဆိုသည်။

သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်ကြီးတို့အား မတ် လ ၃ ရက် နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းမှ ထွက်ခွာပေးရန် မတ်လ ၆ ရက်နေ့က နိုင်ငံတော် သံဃမဟာနာယက စုံညီ အစည်းအဝေး ပြုလုပ်ခဲ့ကာ အမိန့်စာအမှတ် ၂၀/၉၀ ကြေညာချက် ထုတ်ထားသည်။

““ဆရာတော်ကြီး ဒီကျောင်းက ရွှေ့ပေးလိုက်ရပြီဆိုရင် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးရော၊ တရား မျှတမှုကြီးရော မေးခွန်းထုတ်စရာ ဖြစ်သွားပြီ။ အနာဂတ်မှာ မသေချာတော့ဘူး။ ဒီမဟာ သန္တိသုခ ကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီးကို အမြန်ဆုံး ပြန်လွှဲပေးဖို့ နိုင်ငံတော် အစိုးရကို တောင်းဆိုမယ်။ မဟာသံဃနာယကအဖွဲ့ကိုလည်း မေတ္တာရပ်ခံထားတယ်””ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမိုးသီးဇွန်က ပြောသည်။

မဟာသန္တိသုခကျောင်း၌ ပီနန်ဆရာတော် သီတင်းသုံးခြင်း မသုံးခြင်းသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ အမြင့်ဆုံးဖြစ်သော သံဃမဟာနာယက သည်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““လူတိုင်းက ပြောဆိုဝေဖန်ခွင့်၊ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ အဲဒီအတွက် သုံးသပ်တာ မလုပ်လိုပါဘူး။ သို့ရာတွင် ကျောင်းတော်ကြီးမှာ သီတင်းသုံးမယ့် ဆရာတော်ကိစ္စက ရတယ်။ မရပါဘူး။ တရားဝင်ပါတယ်။ မ၀င်ပါဘူးက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ရမယ့် ကိစ္စသာလျှင် ဖြစ်ပါတယ်။ အုပ်ချုပ်မှုပိုင်းနဲ့ မဆိုင်ပါဘူး””ဟုဦးထွန်းညွန့်က ဆိုသည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာပြည်မှ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီး စင်ကာပူ ပီနန်ဆရာတော်ကြီး ဦပညာဝံသသို့ လှူဒါန်းထားသော ကျောင်းတော်ကြီး ဖြစ်သဖြင့် ကျောင်းတော်ကြီးအား အဓမ္မသိမ်းပိုက်ခြင်းကို လုံးဝ လက်မခံကြောင်း မတ်လ ၂၁ရက် နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် မဟာသန္တိသုခကျောင်းမှ ဆရာတော်တို့ ဦးဆောင်ကာ ဆိုင်းဘုတ်တင်ခဲ့သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်


သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင် လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစု ကြည်ပြောကြား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိဖူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

"အန်တီပြောချင်တဲ့စကားတွေရှိရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ ဒီလိုပဲမြင်ရမှာပေါ့ ဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့  အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဥာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။

" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြှင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ သူ့နေရာကြမှ သူပါလာမှာ"

တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ နားဆင်ပါ။


RFA Burmese


အိမ်ထောင်ဦးစီး (ဗိုလ်ချုပ်မှူးကြီး)ဦးသန်းရွှေ နေပြည်တော်နေအိမ် သန်းခေါင်စာရင်းကောက်ယူခဲ့




ရန်ကုန်၊ ဧပြီ၁

သမ္မတဦးသိန်းစိန်အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် လက်ရှိတပ်မတော်နှင့် အစိုးရအပေါ် သြဇာ အာဏာ သက်ရောက်လျက်ရှိပြီး နောက်ကွယ်မှ အာဏာရှင်အဖြစ် နိုင်ငံရေးလေ့လာသူများ သတ်မှတ်ခြင်း ခံထားရသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေပြည်တော်နေအိမ်သို့လည်း သန်းခေါင် စာရင်းကောက် ယူရေးအဖွဲ့ရောက် ရှိခဲ့ကာ အများပြည်သူကို မေးမြန်းခဲ့သော မေးခွန်း(၄၁)ခု မေးမြန်းခဲ့ပြီး မည်ကဲ့ သို့ ဖြေကြား ခြင်းမျိုး ရှိခဲ့ကြောင်း ကိုမူ တာဝန်ရှိသူများက ဥပဒေအရ ဖြေ ဆိုနိုင်ခြင်းမပြုကြောင်း ဧပြီ (၂)ရက်တွင် မြန်မာ သံတော်ဆင့် သို့ ငြင်းဆန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ယခင်တာဝန်ယူခဲ့သော ဗိုလ်ချုပ် မှူးကြီး ဟောင်း နေအိမ်များကိုပါ ထည့်သွင်းကောက် ယူမည်ဖြစ်သည် ဟု (ဧပြီလ ၂ ရက်တွင်) လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ သန်းခေါင် စာရင်း ကောက်ယူမှုဆိုင်ရာ ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က မြန်မာသံတော်ဆင့်သို့ပြောသည်။…

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှုတွင် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် စနစ်အတိုင်း ကောက်ယူခြင်း ဖြစ်သဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အကြီးအကဲပုဂ်္ဂိုလ်များကို ဦးစွာ ကောက်ယူပြီးမှသာလျှင် အခြား ကောက်ယူမှုများ ဆက်လက်ပြု လုပ်ခြင်းဖြစ်သည်။

““နိုင်ငံတကာ စံနှုန်းအတိုင်း ဆောင်ရွက်ထားတာပါ။ အခု နေပြည်တော်မှာဆိုရင် လက်ရှိအကြီး အကဲပုဂ်္ဂိုလ် တွေကို အရင်ကောက် မယ်။ ပြီးတော့ အဲဒီကမှ သက်ဆိုင်တဲ့ ဆွေမျိုးတွေကို ဆက် ကောက်မယ်။ အရင် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်းတွေကိုကောက်မှာပါ။ နိုင်ငံတကာ စံနှုန်းအတိုင်း ဘယ် လိုဖြစ်ဖြစ် လက်ရှိအကြီးအကဲ ပုဂ်္ဂိုလ်ကိုပဲ အရင်ကောက်မှာပါ။ တိုင်းဒေသကြီးဆိုရင်လည်း ၀န် ကြီးချုပ်အိမ် တွေ အရင်ကောက်မှာပါ””ဟူ၍ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)မိသားစု နေအိမ်ပါဝင် သည့် ပုဗ္ဗသီရိ မြို့နယ် လ၀က ဦးစီးမှူးဦးကျော်စိုး အောင်က

““ဦးသန်းရွှေအိမ်ကောက်ပါ တယ်။အရင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအိမ် ကောက်ပါတယ်။ အိမ် ထောင်ဦးစီးက ဦးသန်းရွှေ ဖြစ်ပါတယ်။ မိသားစုနဲ့နေတဲ့အတွက် အချက်(၄၁)ချက်မေးပါတယ်။ မေး တဲ့အချက်တွေကို ဖြေပိုင် ခွင့် မရှိပါဘူး။ သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်တွေကို ဥပဒေမှာ လည်း ပါပါတယ်။ ကျွန်တော်တို့ စာရင်းကောက်သွား ရောက်ကြ တာပါ။ ဆရာမတွေကို သွားပို့တာ ပါ။ ကျွန်တော်ပါ ပါတယ်။ ခြံ အပြင်မှာပဲ ရပ်စောင့် နေခဲ့ပါတယ်။ သန်းခေါင်စာရင်း အချက်အလက် တွေကို ပြည်သူတွေရဲ့ အခွင့်အရေး အရ ထိန်းသိမ်း ပေးရမယ့်တာဝန်ရှိ ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနေတဲ့အိမ်က ပုဗ္ဗသီရိမြို့ နယ်ဖြစ်ပါတယ်။ လမ်းတို့၊ ရပ် ကွက်တို့ မဟုတ်ဘူး။ ကျေးရွာစု ညောင်ပင်ကြီးစု ကျေးရွာ အိမ် ခြောက်လုံးတန်းပဲသိပါတယ်။ ပုဗ္ဗ သီရိမြို့နယ်ထဲမှာရှိပါတယ်။ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးဟောင်း) အိမ်ကို သန်းခေါင်စာရင်းကောက် ခဲ့ပါ တယ်”” ဟု မြန်မာသံတော်ဆင့် ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၊ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက် ယူရာတွင် လူတိုင်းဖြေဆိုရမည့် မေးခွန်း(၄၁)ချက်မှာ

၁။ အမည်၊ ၂။ အိမ်ထောင် ဦးစီးနှင့် တော်စပ်ပုံ၊ ၃။ ကျား/မ၊ ၄။ ပြည့်ပြီးအသက်၊ ၅။ အိမ် ထောင်ရေး အခြေ အနေ၊ ၆။ ကိုး ကွယ်သည့်ဘာသာ၊ ၇။ လူမျိုး၊ ၈။ မသန်စွမ်းအခြေအနေ၊ ၉။ ကိုင်ဆောင်သည့် လက်မှတ် အမျိုး အစား၊ ၁၀။ မွေးဖွားရာဇာတိ၊ ၁၁။ နေမြဲအရပ်(မြို့/ကျေးလက်)၊ ၁၂။ နေမြဲအရပ်တွင်နေထိုင်သည့် ကာလ၊ ၁၃။ ဒေသတစ်ခုမှ အခြား ဒေသ တစ်ခုသို့ရွှေ့ပြောင်းလာရ သည့်အကြောင်းရင်း၊ ၁၄။ နေမြဲ အရပ်သို့ ပြောင်းမလာ ခင် နောက်ဆုံး နေထိုင်ခဲ့သည့် ဒေသ(မြို့/ကျေး လက်)၊ ၁၅။ စာတတ်မြောက်မှု အခြေအနေ (မည်သည့် ဘာသာ စကားနှင့်မဆို)၊၁၆။ လက်ရှိအတန်း ပညာသင်ကြားမှုအခြေအနေ၊ ၁၇။ အမြင့်ဆုံးအောင်မြင်ခဲ့ သည့် အတန်း၊ ၁၈။ လွန်ခဲ့သော ၁၂ လ အတွင်း လုပ်ကိုင်ခဲ့သည့် အလုပ်အကိုင် အမျိုးအစား၊ ၁၉။ အဓိက အလုပ် အကိုင်၊ ၂၀။ လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းအဖွဲ့အစည်းနှင့် အမည်၊

အိမ်ထောင်ကျဖူးသူ အမျိုး သမီးတိုင်းကိုမေးမြန်းမည့် မေးခွန်းများ

၂၁။စုစုပေါင်းမွေးဖွားခဲ့သည့် ကလေး အရေအတွက်၊ ၂၂။ အသက်ရှင်နေလျက်ရှိသော ကလေး အရေအတွက်၊ ၂၃။သေဆုံးသွားသော ကလေးအရေအတွက်၊ ၂၄။ နောက်ဆုံးမွေး ကလေးနှင့်ပတ် သက်သည့် အကြောင်း အရာများ။

အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်းများ

၂၅။ နေအိမ်အမျိုးအစား၊ ၂၆။ အိမ် ပိုင်ဆိုင်မှု အခြေအနေ၊ ၂၇။အလင်းရောင်အတွက် အဓိက သုံးမည့် မီးအမျိုး အစား၊ ၂၈။ သောက်/သုံးရေအတွက် အဓိက ရေရရှိမှု အခြေအနေ၊ ၂၉။ အ စားအစာ ချက်ပြုတ်ရန် အတွက် အဓိက လောင်စာအမျိုးအစား၊ ၃၀။ အိမ်သာအမျိုးအစား၊ ၃၁။ နေအိမ် အဆောက်အအုံတွင် အဓိက အသုံးပြု သည့် ပစ္စည်းများ (အမိုး၊ အကာ၊ အခင်း)၊ ၃၂။ အိမ်ထောင် စုတွင်ရှိသည့် ပစ္စည်းအမျိုးအစား။

အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများ

၃၃။ အမည်၊ ၃၄။ ပြည့်ပြီးအသက်၊ ၃၅။ ကျား/မ၊ ၃၆။ ထွက်ခွာသည့်စနစ်၊ ၃၇။ ရောက်ရှိနေထိုင်သည့်နိုင်ငံ။ လွန်ခဲ့သော ၁၂ လအတွင်း အိမ် ထောင်စုများထဲမှ သေဆုံးခြင်း အကြောင်း အရာ ၃၈။ အမည်၊ ၃၉။ ကျား/မ၊ ၄၀။ သေဆုံးစဉ်အသက်၊ ၄၁။ သေဆုံးသူသည်အမျိုးသမီးအသက် (၁၅-၄၉)နှစ်အတွင်းဖြစ်ပါက – ကိုယ်ဝန် ကြောင့်သေဆုံးခြင်း (သို့ မဟုတ်) မွေးဖွားစဉ်သေဆုံးခြင်း (သို့မဟုတ်) ကလေးမွေးဖွားခြင်း ၆ ပတ်အတွင်း သေဆုံးခြင်း ဟုတ်/မဟုတ် မေးမြန်းရန်တို့ဖြစ်သည်။ သန်းခေါင်စာရင်းကောက် ယူမှုမှာ ဧပြီ(၁၀)ရက်နေ့ အထိ ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှုပါဝင်သူများထံမှ သိရှိရသည်။

မြန်မာသံတော်ဆင့်


20 Mar 2014

အမျိုးသမီးတွေ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲ့တဲ့ ဝေဒနာတွေ သက်သာစေဖို့


မေသော် on 2014-03-20 11:17   

အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ အသက် ၂၅ ၀န်းကျင် အမျိုးသမီးအများစုဟာ ဓမ္မတာကြောင့်ပဲဖြစ်ဖြစ်၊ အစားအသောက်မှားတာကြောင့် လေထိုးလေအောင့်တာပဲဖြစ်ဖြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပုံမှန် ခံစားကြရလေ့ရှိပါတယ်။ အဲ့ဒီလို နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့နဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ အစားအစာတစ်ခု စားတော့မယ်ဆို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်မဖြစ် သတိထား စားပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စတာတွေကို စားပေးဖို့ လိုပါတယ်။

၂။ရေနွေးကြမ်းသောက်ပေးပါ။ တစ်နေ့ကို သုံးခွက်လောက် သောက်ပေးရုံနဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကာကွယ်ပေးပါလိမ့်မယ်။

၃။အချိန်ပေးပြီး ယောဂကျင့်တာဟာလည်း နာကျင်မှုကို သက်သာစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

၎။အသားတွေကို ချက်ပြုတ်တဲ့အခါ တူးနေအောင် ချက်ပြီး မစားပါနဲ့။ အပူကို အလွန်အကျွံပေးပြီး ချက်ပြုတ်ခြင်းဟာ သင့်ကို ကင်ဆာဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်တာကြောင့်ပါ။

၅။တစ်ယောက်တည်း နားနားနေနေ နေနိုင်ဖို့ အချိန်ပေးပါ။ အလုပ်တွေဖိလုပ်တာမျိုး၊ ဖိစီးမှုတွေ များနေတာမျိုးတွေကြောင့် ကိုက်ခဲနာကျင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၆။အိပ်ချိန် လုံလုံလောက်လောက် ရှိပါစေ။ ကိုယ်အိပ်စက်မယ့် အခန်းအနေအထားကလည်း ကိုယ့်ကို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ကူညီနိုင်တဲ့ပုံစံ ဖြစ်ဖို့လိုပါတယ်။

၇။ရေများများသောက်ပါ။ ကိုယ်သောက်လိုက်တဲ့ရေဟာ သန့်ရှင်းစင်ကြယ်မှု ရှိဖို့ကိုလည်း သတိထားရပါလိ့မ်မယ်။

၈။ အသီးအနှံများများစားပါ။ ကိုယ်က နေ့စဉ်နေ့တိုင်း အသားတွေ၊ ငါးတွေကို စားဖြစ်နေပေမယ့် ဘာအသီးအနှံမှ မစားဖြစ်ဖူးဆိုတာမျိုး မရှိပါစေနဲ့။

၉။ကိုယ်စားမယ့် အစားအစာထဲမှာ ပါဝင်ပစ္စည်းတွေက ဘာတွေဖြစ်သလဲဆိုတာ အမြဲသိနေပါစေ။

၁၀။ကိုကာကိုလာ လို အရည်မျိုးတွေ၊ နောက်အချိုရည်တစ်ချို့ကိုလည်း သောက်နိုင်ပါတယ်။ ဒါဟာ နာကျင်မှုကို သက်သာစေတဲ့ အရာတွေထဲက တစ်ခုပါပဲ။



Ref:womenshealthmag.com

Trend Myanmar



15 Mar 2014

တုံးအ တဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား



တုံးအ တဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား
=========================

တုံးအ တဲ့ ယောက်ျားက မိန်းမကို အသာစီးရချင်တယ် ..
ထက်မြက်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထားကြီး အလျှော့ပေးတတ်တယ် ..
တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အားနည်းချက်တွေကိုမြင်တိုင်း စိတ်ပျက်လွယ်တယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့ အရည်အချင်းကို ရှာကြံအသိအမှတ်ပြု ချီးမွမ်းတတ်တယ် ...

တုံးအ တဲ့ယောက်ျားက မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ် .. လူပုံ အလယ်မှာ မိန်းမ ကို မျက်နှာသာ မဲ့စေ တယ် ...
ထက်မြက်တဲ့ယောက်ျားက လူပုံအလယ်မှာ မိန်းမကို မျက်နှာသာရစေတယ် .. ဆုံးမ ပြောဆို စရာရှိရင် နှစ်ကိုယ် ကြား သာ ပြောဆိုတယ် ...

တုံးအတဲ့ ယောက်ျားက မိတ်ဆွေအပေါင်းအသင်း တွေက "မယားကြောက်" လို့ ခနဲ့တာ ကိုမခံနိုင် ဘဲ မိန်းမအပေါ် နိုင်စားပြ ချင်တယ် .. ကိုယ့်ဘဝ လက်တွဲဖော် ဟာ ကိုယ့် မိန်းမသာ ဖြစ်တယ် ဆိုတာ သူမေ့နေ လို့ဖြစ်မယ် ..
ထက်မြက်တဲ့ ယောက်ျား ကတော့ အပေါင်းအသင်း တွေက ခနဲ့ရင်တောင် ဂရုမစိုက် ဘဲ ယုယမြဲ ယုယတယ် .. ကိုယ့်ဘဝ အတွက် ဆိုးတူ ကောင်းဖက်ဟာ ကိုယ့်မိန်းမ ဘဲလို့ သူနားလည် လို့ဖြစ် တယ် ..

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့ အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့ အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ် ...

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အမှား ကို အသေ ဆုပ်ကိုင်ပြီး နိုင်ကွက်အဖြစ် အသုံးချတယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမရဲ့အမှား ကို ခွင့်လွှတ်ပြီး မေတ္တာနဲ့  ပြုပြင်ပြောင်း လဲဖို့ ကြိုးစား တယ် ..

တုံးအတဲ့ ယောက်ျား က "နင်ထွက်သွား မသွားရင် ငါသွားမယ်" လို့ဆိုတယ် ..
ထက်မြက် တဲ့ယောက်ျား က "ငါတို့ ဘယ်တော့မှ ဘာ အကြောင်း နဲ့မှ မခွဲကြဘူး" လို့ ဆိုတယ် ...

တုံး အတဲ့ယောက်ျား က မိန်းမ ကို သဝန်တို ချုပ်ချယ်တယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမကို ယုံကြည် မှု ပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေး လက်အေး ချည်နှောင် ထား တယ် ..

တုံးအတဲ့ ယောက်ျား က ကိုယ် တော် ကိုယ် တတ်ကြောင်း သာ ဦးစားပေး အလေး ထားတယ် ..
ထက်မြက်တဲ့ ယောက်ျား က မိန်းမဆီ က ကိုယ် မသိသေး တာတွေကို လေ့လာ သင်ယူတယ် ...

တုံးအတဲ့ ယောက်ျား က မိန်းမ ကိုယ့် အနားက တစ်ဖဝါးမှ မခွာရင် စိတ်ကျဉ်းကျပ် မောင်း ထုတ် တယ် ..
ထက်မြက် တဲ့ ယောက်ျား က ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာ ရတာကို ပီတိ ဖြစ်တတ် တယ် ဂုဏ်ယူ တတ် တယ် ..

တုံးအတဲ့ ယောက်ျားက စီးပွား သာ ရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ် အပို အလုပ်လို့ ယူဆ တယ် ..
ထက်မြက် တဲ့ယောက်ျား က စီးပွားလဲ ရှာတယ် မိန်းမ အပေါ် ယုယကြင်နာ မှု ပေးတယ် ..

တုံးအတဲ့ ယောက်ျား က မိန်းမ ကို စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေး တယ် ..
ထက်မြက်တဲ့ ယောက်ျား က မိန်းမ ကို စိတ်အား ထက်သန်မှုနဲ့ ပျော်ရွှင်မှု ကိုပေး တယ် ..

တုံးအတဲ့ယောက်ျား က သူ့ရဲ့ဇာတ်ရှုပ်တွေ ဖောက်ပြန် မှုတွေနဲ့ မိန်းမ ကို မျက်ရည် ကျစေတယ် ..
ထက်မြက်တဲ့ယောက်ျား က အောင်မြင်တဲ့ မိသားစု ဘဝကို တည်ဆောက်ပြီး မိန်းမကို ပြုံးရယ်စေ တယ် ..

  
 
 

10 Mar 2014

တစ်ကမ္ဘာလုံးကို Free Call & Message ပြုလုပ်နိုင်တဲ့ LINE 4.0.1 APK for Android


Line ဆိုတဲ့ App လေးကို သိတဲ့သူများ သိကြမှာပါ...ကျနော်တို့ မြန်မာတွေ အသုံးများ လူသိများတဲ့ Viber လို အင်တာနက် ကွန်နက်ရှင်အသုံးပြုပြီး တစ်ကမ္ဘာလုံးကို Free Call , Free Message , Free Video Call တွေနဲ့ အသုံးပြုနိုင်ပါတယ်... အသုံးပြုရတာ တော်တော်လေး   အဆင်ပြေတာကို တွေ့ရပါတယ်..
သူငယ်ချင်းတစ်ယောက် တောင်းထားလို့ပါ.... တခြား လိုအပ်နေသူ စမ်းသပ်ချင်သူများ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။


 Free Calls & Messages is an excellent communication app that lets you make free voice, video calls & messages. Call and send messages as much as you want and all for Free. ...




(or)

 
(or)



ဝင်းကမ္ဘာကျော်

www.winkabarkyaw.net
 
 



မိန်းမအကြောင်း သိကောင်းစရာ .....


( ၁ ) ကောင်းပြီလေ … ရန်ဖြစ်ပြီးတဲ့အချိန်မိန်းမတစ်ယောက်သုံးတတ်သည့်စကားဖြစ်သည် … ထိုအချိန်မှာ သူသာအမှန်ဖြစ်ပြီး သင်ကတော့ပါးစပ်ပိတ်ထားရန်သာလိုသည် …

( ၂ ) ဘာမှမပာုတ်ပါဘူး … အဲ့လိုပြောရင်တော့တစ်ခုခုကိုသူသိထားပြီ … သင်သတိထားဖို့လိုနေပြီ

( ၃ ) လုပ်ကြည့်လေ …. အဲ့ဒါမျိုးပြောရင် ခြိမ်းခြောက်တာပါ … လုပ်ပါလို့ခွင့်ပေးလိုက်တာမပာုတ်ပါဘူး … သင့်အနေနဲ့ မလုပ်တာအကောင်းဆုံးပဲ

( ၄ )ဘာပဲဖြစ်ဖြစ်ပါ …. အဲ့ဒီစကားပြောရင်တော့ သေချာတယ် သင့်ကိုသူအကြောင်းတစ်ခုခုကြောင့် ရစ်တော့မည်

( ၅ ) ရပါတယ် … အဲ့လိုပြောလိုက်ရင်တော့ သူကသင့်အမှားအတွက်ဝန်ခံဖို့အချိန်ပေးလိုက်တာပဲ … တောင်းပန်လိုက်တာပိုကောင်းမယ်

( ၆ ) ဘာ !! …. အဲ့လိုပြောလိုက်တာပာာ … သင်ပြောတာကိုသူမကြားတာမပာုတ်ပါဘူး … သင့်ပြောတဲ့စကားကိုပြင်ချင်ရင် ပြင်လို့ရသေးတယ်ဆိုပြီး အခွင့်အရေးပေးလိုက်တာ …

( ၇ ) ဘာမှလာမပြောနဲ့တော့ …. အဲ့ဒီစကားမျိုးပြောလာရင်တော့ သင့်အနေနဲ့ တရစပ်စကားပြောနေဖို့လိုနေပြီ … မပာုတ်ရင်တော့ ရှေ့လျှောက်စကားပြောရဖို့ရှိဘူး …

( ၈ )အော် ပာုတ်လား … အဲ့ဒီစကားပြောရင် သင်လုပ်တဲ့အရာကိုသူကြိုသိနေပြီးပြီ … ဘာမှဆင်ခြေပေးမနေနဲ့တော့ …

( ၉ ) အင်းပါ …. အဲ့ဒီစကားပြောရင်တော့ သူကသင့်အပြစ်ကိုသိတယ် … ဒါပေမယ့်မသိချင်ယောင်ဆောင်ပေးလိုက်တာဆိုတဲ့သဘောမျိုးပဲ ….

( ၁၀ ) အော် … အဲ့ဒီစကားကတော့ သင်လုပ်တာပာာဘာမှမထူးဆန်းဘူး …
ငတုံးငါသိပြီးသားလို့ အဓိပ္ပါယ်ရပါတယ်

Ref : https://www.facebook.com/


12 Feb 2014

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း


ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ကျန်းမာရေးအတွက် မည်သူမဆိုမျှဝေယူပါ)
လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။

ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။

ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။ အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို
By Good Health


9 Feb 2014

ဘုရားရှင်တိုင်းမစွန့်လွှတ်ပဲသုံးဆောင်ေ တ်ာမူသည့်နေရာမြတ်ကြီးလေးပါး


အဝိဇဟိတဌာနကြီး ၄ပါး
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡
၁။ မဟာဗောဓိပင်၏အောက် ရတနာပ လ္လတော်နေရာဌာန

၂။ မိဂဒါဝုန်တော ဓမ္မစကြာတရားဟော ရာဌာန

၃။ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သီ တင်းသုံးရာ ဂန္ဓကုဋီတိုက်တွင်ခင်းထားေ သာ ညောင်စောင်းခြေကျရာဌာန

၎။ တာဝတိံသာနတ်ပြည်မှဆင်းသက်၍ သင်္ကဿနဂိုရ်မြို့တော်တံခါး၌ မြတ်စွာ ဘုရားပထမခြေချရာဌာန။ (လက်က်ျြာေ ခတော်ရာဌာန) ဟူ၍လေးဌာနရှိ၏။ထိုေ လးဌာနမှာ ` ပွင့်တော်မူပြီးသော ဘုရား ရှင်တိုင်း၏ ´ ဌာနချည်းသာဖြစ်ပါသည်။ ဌာနပြောင်းလွဲခြင်းမရှိပါ။တစ်နေရာတည်းသာဖြစ်ပါသည်။

{{ ဆောင် }}
ပလ္လင်,ဓမ္မစက် ဆင်းသက်,ခြေကျ
ဌာနညောင်စောင်း လေးပါးပေါင်း
ခါညောင်းမစွန့်ရာ။ ။

(မဟာဝိသုဒ္ဓရုံဆရာတော်)

သုတ်မဟာဝါအဋ္ဌကထာ ၁၇။ ဗုဒ္ဓဝံသအ ဋ္ဌကထာ ၃၅၁။

မသိရှိသေးသော ဗုဒ္ဓဘာသာဝင်သူတော် စင်များအတွက် ပြန်လည်မျှဝေပေးလိုက် ပါသည်။့ 


https://www.facebook.com/photo.php?fbid=539175089513660&set=a.351047714993066


29 Jan 2014

မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ

မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ
.===============================
by ပျိုမေတို့သိစေဖို့

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

Royal Hero Media
Photo by ပျိုမေတို့သိစေဖို့
----
အမျိုးသမီးငယ်လေးများ ဗဟုသုတတိုးပွါးစေရန် ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
 

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

Royal Hero Media



17 Jan 2014

ကိန္နရီ ကိန္နရာ သိကောင်းစရာ


ကိန္နရာ ( ကိံ + နရာ ) နရာ - ထိုလူသည်၊ ကိံ - ဘယ်လိုပုံပန်းသဏ္ဍာန်ကြီးလဲ ?
ကိန္နရီ ( ကိံ + နရီ ) နရီ - နာရီ - ထိုအမျိုးသမီးသည်၊ ကိံ - ဘယ်လို ပုံပန်းသဏ္ဍာန်လဲ ?

ဒါကတော့ သက္ကဋ ဘာသာက ဆင်းသက်လာတဲ့ စကားလုံးတစ်ခုကို စာရေးသူရဲ့ တတ်သလောက် မှတ်သလောက် ဥာဏ်လေးနဲ့ definition အဓိပ္ပါယ် ဖွင့်ကြည့်တာပါ။ များပြားလှတဲ့ ဇာတ်တော်တွေ သမိုင်းတွေ ရှိခဲ့တာမို့ ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိနေတယ်လို့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပေမယ့် ဟို ရှေးအတိတ်ဆီကတော့ ကိန္နရီ ကိန္နရာ တွေ ရှိခဲ့တယ် ဆိုတာ လက်ခံရမှာပါ၊

ကိန္နရာသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း တိရစ္ဆာန်မျိုးဖြစ်သည်။ ကိန္နရာများ၏ ပုံသဏ္ဍာန်မှာ ခေါင်း ကိုယ် လက်တို့သည် လူကဲ့သို့ ခက်မငါးဖြာရှိသည်။ မျက်နှာသဏ္ဍာန်၊ ခြေလက်သဏ္ဍာန်တို့သည် လူနှင့်မတူ။ ကိန္နရာ၏ ခံတွင်းမှ လည်ပင်းအထိ မြင်းနှင့် တူ၍ လည်ပင်းမှ အောက်ခြေဖျားအထိ နှုတ်သီး၊ လက်ခြေတို့သည် ငှက်နှင့်တူသည်။

ရွှေရောင်အဆင်း ရှိသည်။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ကိန္နရာကိန္နရီ
များသည် ဟိမ၀န္တာတောတောင်ကြီးများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ဟန်တူသည်။ ကယားလူမျိုးများသည် ကိန္နရာ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု ယူဆကြ၏။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။

ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ ချောင်းမြောင်းများတွေ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်။

ကိန္နရာ နှင့် လူ့စကား

ကိန္နရာတို့သည် လူ့စကားကို မပြောဆိုကြကြောင်း မြတ်ဘုရား ဟောစကားတွင် မှတ်သားရ၏။

(၁) လိမ်ညာ မုသားစကား မပြောလိုပါ၊
(၂) သူတပါးကိုလည်း ( လူသားများကဲ့သို့ ) မမှတ်မမှန် မုသားများနှင့် မစွပ်စွဲလိုပါ၊

ထို့ကြောင့်ပင် ကိန္နရာများသည် လူ့စကားကို ပြောတတ်သော်လည်း မပြောဆိုကြဟု သိရ၏။



မာန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာသစ် တွင်မူ

`ဟေမာလယ၊ တောမြိုင် ၀က၊ ဒေ၀ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ထိုပြီ အပ၊ ကဏ္ဏ ပါဝု၊ အစ ပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လန်၊ ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ်မဖောက်ဘဲ´ စပ်ဆိုထားသည်။

ကိန္နရာ အမျိုးအစားများ

• ၁။ ဒေ၀ ကိန္နရာ
• ၂။ စန္ဒ ကိန္နရာ
• ၃။ ဒုမ ကိန္နရာ
• ၄။ ဒဏ္ဍမာန ကိန္နရာ
• ၅။ ကောန္တ ကိန္နရာ
• ၆။ သကုဏ ကိန္နရာ
• ၇။ ကဏ္ဏပါဝုရဏ ကိန္နရာ တို့အပြင်
ဝေဿ၀ဏ္ဏ ( ကုဝေရ ) နတ်မင်းကြီးစံရာ အာဠကမန္ဒာဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏ၀ိက ကိန္နရာမျိုး တို့ရှိကြသည်။

သာရတ္ထသင်္ဂဟ ကျမ်းလာ ကိန္နရီ များအကြောင်း

ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ၀ရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။
တိဿရဟန္တာ ( ကောန္တပုတ္တတိဿထေရ် )သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံ သည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက် တလား အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည် ဟူ၏။ ထို့ကြောင့် နောက်ပိုင်း ဘုန်းကြီးပျံများတွင် လောင်တိုက် တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။

ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်း လက်ထက် အနောက်သလ္လာဝတီမြစ်မှာ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်။

ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ ၌

`နတ်ကိန္နရာ၊ ဟေ၀န္တာက၊ ချိန်ခါ ရေဦး၊ မျောလာ ဘူးဟု၊ ချီးကျူး ကျေညာ၊ ထင်ရှား စွာသား၊ သလ္လာ ၀တီ၊ ရေသီတာလျှမ်း၊ ထိုမြစ် ကမ်းမှ၊´
စသည်ဖြင့် ရေးစပ်ထားသည်ကို တွေ့နိုင်ပေသည်။

• ကိန္နရာများသည် ကိုယ် နှုတ် စိတ် သုံးပါးလုံး နူးညံ့သည့် အမူအရာရှိခြင်း၊
• အာဟာရ အဖြစ် ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊
• ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊
• ဘုရားပွင့်တော်မူသည့်နေ့တွင် ၀မ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့်
မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။
မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာ ဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။

ကိန္နရာ အက

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိ၏။
ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။

ကိန္နရာ ချစ်ပုံပြင်

ကိန္နရီ ကိန္နရာ မောင်နှံတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွင်ချစ်ခင်ကြပြီး ကွဲကွာနေသောအခါ ငိုယိုရခြင်းကြောင့် သံလွင်မြစ် ဖြစ်လာသည်ဟု ပင်ဆိုသည်။တစ်ညတာ ဝေးရရင်ဖြင့် နှစ်ပေါင်း ၇၀၀ ဝေးရသလိုပင် - စသည်ဖြင့် ဂီတ ၀ါသနာရှင်များ စပ်ဆိုထားသည်ကို နားထောင်မိဖူးသည်။ သူတို့သက်တမ်းသည်လည်း နှစ်ပေါင်း ထောင်ချီ နေရသည့် သတ္တ၀ါမျိုးမို့ ထိုအ ဆို မှန်ကောင်း မှန်နိုင်ပေမည်၊ သို့မဟုတ် သိင်္ဂါရရသ ပေါ်လွင်အောင်ပဲ အတိဝုတ္တဒေါသ( စကားကို မဖြစ်နိုင်ပဲ အလွန်အကျွံ ပြောဆိုမှု့ ) သင့်အောင် ဖွဲ့နွဲ့ ကြသလား မပြောတတ်ပေ။ ထို့ကြောင့်ပင် အချစ်ကြီးသူတို့ကို ကိန္နရီ ကိန္နရာ မောင်နှံ အဖြစ် တင်စားလေ့ရှိကြပါသည်။

ကျမ်းကိုး

အဂုင်္တ္တိုရ် ပါဠိတော် ဒုကနိပါတ်
မဟာဝင်
အာဋာနာဋိယသုတ်
အဘိဓာန်ဋီကာ
ဘလ္လာတိယဇာတ် အဌကထာ
သာရတ္ထသင်္ဂဟ ကျမ်း 
 
Ref :  http://www.dhammayaungchi.com/

6 Jan 2014

သာသနာ့ အာဇာနည်

" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
 ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ
 
 
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

 
Ref : http://moethihaaung.blogspot.com
 

26 Dec 2013

၁၅၀၀ အချစ်" နဲ့ "၅၂၈ မေတ္တာ" ဖြစ်လာပုံ


အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရ တာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့ မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?

မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ "ဂျူး" ရေးတဲ့"မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက်သွားတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -

၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၎/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)


အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -

- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး


ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -

( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်


၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ -
(၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉) သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ တို့ဖြစ်ပါတယ်။

အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -
- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။

အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -

ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ

၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈) မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ
ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ "ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။

Source: ကိုဧသိမ်း လေထန်ကုန်း
ရေးသားသူ မိုက်ခဲလေး


12 Dec 2013

(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား အစအဆုံး ပြန်လည် ကြည့်ရှု့ချင်ရင်



(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား အစအဆုံး ပြန်လည် ကြည့်ရှု့လိုသူများ အောက်မှာ ပြန်လည်ကြည့်ရှု့နိုင်ကြါတယ်...။


6 Dec 2013

မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး စကားပြော တိတ်ခွေ အသံဖိုင်


၁၉၅၁ ခုနှစ် ပတ် ဝန်းကျင် ကာ လ တွင် မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး
စကားပြော ခဲ့သည့် တိပ်ခွေ အသံဖိုင် အား ယုံမယုံ အငြင်းပွား ခြင်းထက် ဤ အဖြစ်အပျက်မျိုးရှိခဲ့
ဖူးသည် ကို ဗဟုသုတ အတွက် ယနေ့ခေတ် လူငယ်များ ဗဟုသုတ ဖြစ်စေရန် အတွက် ပြန်လည် ဖော်ပြပေးခြင်းဖြစ်ပါသည် ။

ပုသိမ် မြို့မှ ယောဂီ တစ်ဦး ထူးဆန်းသောစကား ပြောနေ၍ လေ့လာရာ ပါဠီသံ
နှင့်ဆင်တူသဖြင့်သိနားလည်သူ မှ နားထောင်ရာ နတ်တစ်ပါး ဝင်ပူးပြီး မဟာစည် ဆရာတော်နှင့်
တွေ့ လို ကြောင်း ပြောပါသည် ။ ထိုယောဂီ သည် သီလ သမာဓိ နှင့် ပြည့်စုံပြီး
တရားအားထုတ်ခြင်းဖြင့်သာ အချိန်ကုန်နေသူ ဖြစ် သောကြောင့်လဲ နတ်ဝင်ပူး နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် မဟာစည် ဆရာတော် နှင့် တာဝန်ရှိသူများ ညှိနှိုင်းပြီးတွေ့ ဆုံမည့်
နေ့ ရက် ကိုသတ်မှတ် ကြပါသည် ။

ထိုသို့တွေ့ဆုံရာတွင် ပါဠိ ကျွမ်းကျင် သော ဆရာတော် များ ဂုဏ်သရေ ရှိ ပုဂ္ဂိုလ် များ ပါဝင်စေလျက်
တိတ်ခွေအသံဖမ်းစက်ဖြင့် လည်း အသံဖမ်း ယူခဲ့ပါသည် "
ဝင်ပူးသော နတ် သည် ၃၇ မင်း ကဲ့သို့သော နတ်များ မဟုတ်ဘဲ စတုမဟာရဋ် အဆင့်ဝင်
နတ်မင်းကြီး တစ်ပါး ဖြစ်ပြီး  အမည် နှင့် ဘုံ တည်နေရာ ကိုပါပြောဆိုခဲ့ပါသည် "
နတ်မင်းကြီး နှင့် မဟာစည် ဆရာတော် တို့ ပါဠီ ဘာသာစကား ဖြင့် ပြော ဆိုကြပါသည် ။

ပြော ဆိုမူသည် နာရီ ဝက် ခန့် ကြာ ပြီး ထိုတိတ် ခွေတွင် သက်သေပြချက် သဘောဖြင့်
ရှင်းလင်းချက် များ လည်း ပါသည် ။
ဥပမာ အားဖြင့် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် နားထောင်ပြီး
အသံလွှင့် ရန်သင့် မသင့် ကို ဆုံးဖြတ် ခဲ့ကြောင်း  လဲ ပါဝင်ပါသည် ။

( ဖြည့်စွက်ချက် )

အဆိုပါ ယောဂီ မှာ ရသေ့မ ဖြစ်ပြီး လူ အမည် မသင်းစိန် ၊ ဘွဲ့အမည် မဟေမာရီ ဖြစ်ပြီး
ပုသိမ်မြို့သဒ္ဒမ္မ သီတဂူတောရ ကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တ အာစိက္ခဏ ၏ တူမ တော်စပ် ပါသည် ။

အောက်တွင် ဒေါင်းလော့ လုပ်၍ နားထောင် နိုင်ပါသည် ။

http://sites.google.com/site/zawgyiconvert/Home/maharsiandnatmingyi.mp3?attredirects=0&d=1

www.ayechanaungmyin.blogspot.com မှကူးယူဖော်ပြပါသည် ။

26 Nov 2013

လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိမှု ဗုဒ္ဓမွေးဖွားရက်ကို ပြောင်းသွားစေနိုင်

နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီ ကျောင်းတော်အား ရှေးဟောင်းသုတေသန မြေတူးပညာရှင်များက ခိုင်မာသော သမိုင်းသက်သေ အထောက် အထားများကို ရှာဖွေတူးဆွ နေခဲ့ကြသည် (ဓာတ်ပုံ – National Geographic)
ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။

နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။

ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။

“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။

ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏ မယ်တော်ဖြစ်သူ မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း နောင်အခါ တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။

ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။ နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြားယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု သတ်မှတ်ကြသည်။

ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင် စိုက်ထူ၍ အလေးအမြတ်ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ ပြန်လည်တွေ့ရှိကာ ၀တ်ပြုရန်အတွက် မာယာဒေ၀ီ ဘုရားကျောင်း အဖြစ်ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေ၀ီ ဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။

လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည်။

အဆိုပါလေ့လာမှုကို အမျိုးသား ပထ၀ီဝင်အသင်းကြီး (National Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။

နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ် ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။

“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်” ဟု Coningham ကပြောသည်။

တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများ အောက်ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း Coningham က ပြောသည်။

ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို ၀ိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်းများကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း Coningham ကဆိုသည်။ အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ တွေ့ရသည်ဟုလည်း သိရသည်။

အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ ရုပ်ကြွင်းများတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေ သော ရွှံ့ခင်းကြမ်းပြင်က ၀ိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင် သို့မဟုတ် ဗောဓိပင်ဖြစ်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။

ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း သိရသည်။

“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ” ဟုလည်း Coningham က ပြောသည်။

၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန် သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။

သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ ၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။

“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သားအကာအရံများ ၀ိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့် သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။

သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့် ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။

“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင် သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်” Julia Shaw ကပြောသည်။

“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင် အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း သူက ထပ်ပြောသည်။

အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်း ထပ်မံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။

“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု အင်္ဂလန်နိုင်ငံ  Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။


Ref & Credit : ဧရာဝတီ