18 Apr 2014

ဦးမာဃရဲ့ သင်္ကြန်ဖီလင်


ဒီနှစ် ဦးမာဃတို့ လူ့ပြည်ကို ဆင်းဖို့ တအားကို တက်ကြွနေခဲ့တယ်။ လူ့ပြည်ဆင်းတုန်းအချိန်မှာ အလန်းဇယားဖြစ်ဖို့ ကြိုတင် ပြင်ဆင်မှုတွေလည်း
လုပ်နေရတာ ဖတ်ဖတ်ကို မောရောပဲ။ မပြင်ဆင်လို့ ဖြစ်မလား ဟို ပြည်သူ့အတွက် တွင်းနက်ဆိုလား ဘာဆိုလား TV Channel တစ်ခုက လွှင့်နေတယ်လေ။ သင်္ကြန်အကြို ပြင်ဆင်မှု ပုံရိပ်များ….ဆိုပြီး ။ လန်းလိုက်တဲ့ အလန်းဇယားလေးတွေဆိုတာ
ဦးမာဃရဲ့ စံအိမ်တော်ရှေ့ ရေကန်ထဲက ပိုးလောက်လန်းလေးတွေအတိုင်းပဲ ထွန့်တလွန့်လွန့် လူးလို့ကိုး။ လူ့ပြည်ဆင်းဖို့ သိပ်တက်ကြွနေတဲ့ ပုံစံကို သုဇိတာဆိုတဲ့ Exp date ဖြစ်နေတဲ့ အမယ်အို မရိပ်မိအောင်
ထိန်းထိန်းသိမ်းသိမ်းလေး လုပ်နေရတာ စိတ်မောလိုက်တာဗျာ။

အကြိုနေ့ညနေရောက်တော့ မနှစ်သင်္ကြန်တုန်းက မဏ္ဍပ်ကြီးတစ်ခုမှာ စတိတ်ရှိုးကြည့်နေတုန်း ဦးထုပ်အနားပြားကြီးကြီးဆောင်း၊ နေကာမျက်မှန်အမဲကြီးတပ်လို့ ပန်းကုံးတွေ လည်ပင်းမြုပ်မတတ် ဖြစ်နေတဲ့
ခရုနီ ဆိုလား ခရုဖြူဆိုလား အဲ…အဲဒီလူကြီး လှုလိုက်တဲ့ ပြိုင်ကား ဖြူဖြူကြီးကို အောက်တိန်းအပြည့်ဖြည့်လို့ ဆင်းတော့မယ် ဟဲ့ ... လို့ အံခဲလိုက်သကိုး။ အဲဒီတုန်းက သုံးသိန်းစနစ် မရှိသေးဘူးကွဲ့…ကလေးတို့ရဲ့။
ဘယ်…နှစ်တိုင်း ဟိုအကောင် ဒီအကောင် နားရွက်ကိုင် ဆင်းလိုက်၊ ဂျိုကိုင်ဆင်းလိုက်နဲ့…နတ်ဖြစ်ပြီး တိရစ္ဆာန်စော်နံနေတာ ကြာလှပေါ့။ ဒီနှစ်တော့ လုံးဝ အလန်းပဲကွ…အလန်းပဲ။ မနှစ်သင်္ကြန်တုန်းကပဲ…အတက်နေ့မှာ
မော်ဒယ် ပိန်ညော်ညော်လေးတစ်ယောက် ညုတုတုနဲ့ သူ့ အိတ်ကပ်ထဲ ထိုးထည့်ပေးလိုက်တဲ့ iphone လေးကိုလည်း charging သွင်းရသေးတယ်။ charing ကြိုးလည်း မေ့လို့မဖြစ်ဘူး။ မီးတွေက ပြန်ပျက်နေတယ်ဆိုပဲ။ တော်ကြာ
အားသွင်းလို့မရရင် ဘယ်လိုလုပ်မလဲ…ဒီတော့ ဘက်ထရီတုံးလည်း အပိုဆောင်သွားရမယ်။ ရေသဘင်မျက်မှန်တွေ၊ ရေစိုခံ ဖုန်းအိတ်တွေ၊ သင်္ကြန်လည်ရင်း အဆင့်အတန်းမှီမှီ စီးမယ့် sketcher shoes စတဲ့ accessories
တိုလီမိုလီတွေကိုလည်း ခါးပုံစကြားမှာ ဟိုဖွက်ဒီဖွက်နဲ့ပေါ့။

ဆင်းပြီဟေ့…ဆင်းပြီ….အော် ….ဦးမာဃဆိုတဲ့ ငါ သိကြားမင်း ဆင်းပြီ ... ပြောတာပါဟယ်… နင်တို့ကလည်း ဘယ်သူတွေ ဆင်းတယ် ထင်ကြလို့တုန်း။

လူ့ပြည်ရောက်ပြီ…ပြိုင်ကားကြီး တုံ့ခနဲဖြစ်အောင် ရပ်သွားတယ်…။ ဟိုက် ရှားပါး….အင်း ဒီနှစ်က ရှားပါးတဲ့နှစ်ကိုး…လူ့အခွင့်အရေးလေ…အဲ…ဟုတ်ပေါင် ယောင်လို့။ ဟိုက် ရှားပါး….အပြာရောင်လေးတွေ…အပြာလေးတွေကွ…၀ဲခနဲ
ဝဲခနဲပဲ…ဆံပင်လေးတွေ ပြောပါတယ်။ ဦးမာဃတော့ ပါလာတဲ့ iphone ထုတ်…လက်စွမ်းပြပြီကွ။ ဘာရမလဲ…ဒါတွေ သိလို့ memory card တောင် အပိုဆောင်လာခဲ့သေးတယ်။ အဲ….ဟိုမှာ ခုန်လိုက်တိုင်း…ခုန်လိုက်တိုင်း
ပျံတက်သွားတဲ့…ခပ်ပါးပါးလေးက ဘာလေးလဲ။ အော်…ပုဝါလေး ပုဝါလေး…တော်ပါသေးရဲ့။ ဒီနှစ်တော့ လူ့ပြည်က သင်္ကြန်ပွဲ…သုဇိတာနဲ့ မလဲ….အဲ…ဘာနဲ့မှ မလဲနိုင်တော့ပါဘူးကွယ်။

အကြတ်နေ့လည်း နေပြည်တော်ဘက်ပြေးလိုက်၊ အတက်နေ့တော့ မန္တလေးတက်လိုက်နဲ့…ဟန်ကို ကျလို့။ ပြိုင်ကားကြီး တန်ခိုး…ခရုနီ တန်ခိုးတွေကွ….နော်။ အဲ အတက်နေ့ ညနေ မဏ္ဍပ်တွေ သိမ်းပြီ…ဖြတ်ထားတဲ့
ဖဲကြိုးတွေ ပြန်ဆက်တဲ့ ပွဲ…အော်…မဟုတ်ပါဘူး…မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲတွေ...။ ငါ့နှယ် ဒီနှစ် အကြိုနေ့ထဲက မငြိမ်တဲ့ ရင်ဘတ်ကြီးက တဒုန်းဒုန်းနဲ့….ဘာဖြစ်တယ် မသိပါဘူး။

အဲ….နှစ်တိုင်း လုပ်ရမယ့် ဂျူတီလေး ထမ်းဆောင်လိုက်ဥင်္ီးမှ။ ဟိုက်…သွားပဟ။

ငါ့ရဲ့ ခွေးသားရေတွေ….နွားသားရေတွေ….ဘယ်မှာပါလိမ့်။ ကဲ…ကောင်းရော….ပါကို မလာတော့ပါလား။ ပြိုင်ကားကြီး သနေရတာနဲ့….iphone အားသွင်းနေရတာနဲ့…မေ့ခဲ့ပဟေ့။ ရတယ် …ရတယ်….iphone နဲ့ပဲ
မှတ်တမ်းတင်တော့မယ်….အဲ…ဒွတ်ခပဲ….memory card တွေလည်း ကုန်ပြီ။

အိုး….ဘာအရေးလဲ။ နတ်သဘင်လွှတ်တော်ကျရင် လူ့ပြည်ကြီး အင်မတန် တိုးတက် ကောင်းစားနေပြီ ဖြစ်တဲ့အကြောင်း၊ ကြည့်ရှုစောင်မမယ့်...... မြေသိမ်းခံတွေကို လျော်ကြေးတွေ ပေးမယ့်… လက်ပံတောင်းတောင်ကြီးကို
ခေတ်မီပြီး ဖွံ့ဖြိုးသော ဒေသကြီးဖြစ်အောင် တည်ထောင်အံ့ဆိုတဲ့ ကယ်တင်ရေးသမား လူသူတော်ကောင်းကြီးတွေပဲ ပေါများသထက် ပေါများလာနေကြောင်း၊ နောက်နှစ်ဆိုရင် ဒီထက်မက ပိုပြောင်သလင်းခါနိုင်ဖွယ်….အဲ…ပို
ပြောင်ရောင်လာဖွယ် ရှိတဲ့ ပြည်ကြီး ဖြစ်နေပြီ ဖြစ်ကြောင်း….ခပ်တည်တည်နဲ့ report ကောင်းကောင်း ရေးတင်လိုက်ရုံပ။ ဒီနည်းလည်း လူ့ပြည်က NGO, INGO တွေဆီက တတ်လာတဲ့ နည်းပဲလေ။

ပြန်ပါဦးမယ်…ပြန်ဦးမယ်…မာဃပြန်ဦးမယ်…လမ်းခရီးမှာ iphone ကို သုဇိတာက စစ်ဆေးရေးဝင်ပြီး select all+ Delete လုပ်ပစ်မယ့်ရန်ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ အသင့်ဆောင်လာတဲ့ memory stick ထဲကို data တွေ ပြောင်းထည့်ထားလိုက်ဦးမှ။ ဒီအမယ်ကြီး အကုန် သိနေလို့ ဘယ်ဖြစ်မလဲ…ကျုပ်
ဂွမ်းသွားမှာပေါ့…သိလည်း မသိပါဘူး….သူက exp date ဖြစ်နေပြီကိုး….လာပြီကွ....ကိုယ် ပြန်လာပြီ…မာဃ ပြန်လာပြီ….ကိုယ်တို့ရဲ့ နတ်ပြည်ဆီ….။

(အတက်နေ့မှာ ရေပက်ခံထွက်ပြီး၊ လည်ပတ်ပြီး ပြန်လာကြသူများ အမောပြေဖတ်ဖို့၏ မရေးစဖူး အရေးထူးပြီး ဟာသနှော ရေးပေးလိုက်ပါတယ်။ နှစ်သစ်လက်ဆောင်ပါ။ အားလုံးသတ္တ၀ါတွေ နှစ်သစ်မှာ ဘ၀အမောတွေ ပြေပြီး ရယ်မောနိုင်ကြပါစေ။
မှတ်ချက်။ ။ ဦးမာဃကို အသရေဖျက်မှုနဲ့ တရားစွဲတဲ့ ရုံးဆင့်ခေါ်စာ ခုပဲ ရောက်လာတယ်ရှင့်။)

လွတ်လပ်စိုး

မိုးမခ Burmese News


သင့်မွေးနေ့က ပြောသော သင့်အကြောင်း


သင့်မွေးတဲ့နေ့ဟာ သင်ကဘယ်လို လူမျိုးဖြစ်တယ်၊ မွေးရာပါ ဘယ်လို အရည်အချင်းတွေ ရှိတယ် ဘယ်လို စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ် ဆိုတာကို ဖော်ပြပေးနေပါတယ်။ သင်က ဘယ်ဂဏာန်းပိုင်ရှင်လဲဆိုတာ သိစေဖို့ မွေးနေ့ ၊ မွေးလနဲ့  မွေးနှစ်အားလုံးကို ပေါင်းရမှာပါ။ ဥပမာ  ၁၉၅၀ ပြည့်နှစ် မတ်လ ၂၀ မွေးသူဆိုရင် ၁၉၅၀+ ၃+၂၀ = ၁+၉+၇+၃=၂၀ =၂  ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ်နဲ့ဆိုင်တဲ့ ၂ဂဏန်းကို ဖတ်ရမှာပါ။

၁ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ပင်ကိုဥာဏ်ရှိပြီး ကိုယ်ပိုင်ဟန်ရှိသူပါ။ စိတ်ကူးသစ်တွေ ရှိပြီး အဲဒီစိတ်ကူးတွေကို အသက်သွင်းနိုင်စွမ်းလည်း ရျိပါတယ်။ အလွန်ရိုးသားပြီး လူမှုဆက်ဆံရေး  ကောင်းမွန် ပါတယ်။ ခေါင်းဆောင် ဒါမှမဟုတ် သူဌေးအရည်အချင်းတွေ ရျိပြီး  လူအများကို လှုံဆော်နိုင်စွမ်း ရှိသူပါ။ အလုပ်ကြိုးစားသလို အခြားသူတွေရဲ့ စိတ်ကူးတွေက ပိုကောင်းရင်လည်း အသိအမှတ်ပြုတတ်ပါတယ်။ ကျော်ကြားတဲ့ တစ်ဂဏန်းပိုင်ရှင်တွေက တွမ်ဟန့်ခ်၊ အမေရိကန် သမ္မတဟောင်း ရေဂင်ရဲ့ ဇနီး နန်စီတို့ ဖြစ်ပါတယ်။

၂ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

သံတမန် ပရိယာယ်ရှိတဲ့ ငြိမ်းချမ်းရေး သမားပါ။ တခြားသူတွေရဲ့ လိုအင်နဲ့ စိတ်ခံစားချက်ကို သိနားလည်ပြီး တခြားသူတွေအတွက် အရင် စဉ်းစား တတ်သူပါ။ တစ်ဦးတည်းနေရတာကို မကြိုက်ပါဘူး။ ခင်မင်မှုနဲ့ မိတ်ဆွေ အပေါင်းအသင်းက အရေးကြီးပြီး သူတို့ကို ဘ၀မှာ အောင်မြင်လာအောင် ဦးဆောင်နိုင်စွမ်း ရှိပါတယ်။ ရှက်တတ်တဲ့ နှစ်ဂဏန်းပိုင်ရှင်တွေက ကိုယ့်ကိုကိုယ် လေးစားစိတ်ရှိဖို့ ကြိုးစားပြီး အမြဲပေါ့ပါး နေတတ်ပါတယ်။  ကျော်ကြားတဲ့ နှစ်ဂဏန်းပိုင်ရှင်တွေက အမေရိကန် သမ္မတဟောင်း ဘီကလင်တန်၊ မက်ဒေါနားတို့  ဖြစ်ပါတယ်။

၃ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်


အတွေးအမြင်သမားပါ။ အလွန်ဖန်တီးတတ်ပြီး လူမှုဆက်ဆံရေး  ကောင်းမွန်ကာ ချစ်စရာကောင်းသူတွေ ဖြစ်ကြပါတယ်။  အရာရာကို စတင်လုပ်ဆောင်တတ်သူတွေ ဖြစ်ပြီး တခြားသူတွေကို ပျော်ရွှင်စေချင် ကြပါတယ်။ သုံးဂဏန်း ပိုင်ရှင်တွေက လူအများကြား အလွန်ရေပန်းစားပြီး  တွေးခေါ်နိုင်စွမ်း ကောင်းပါတယ်။ ကမ္ဘာလောကကို ပိုပြီးစစ်မှန်တဲ့ အမြင်မျိုးနဲ့ ရှုမြင်တတ်ပါတယ်။ ကျော်ကြားတဲ့ သုံးဂဏန်းပိုင်ရှင်တွေကတော့ ဂျိုဒီဖော်စတာ၊  မီလာနီဂရစ်ဖ်တို့ ဖြစ်ကြပါတယ်။

၎ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ရှေးရိုးစွဲ သမားပါ။ အစီအစဉ်တကျ လုပ်ဆောင်ရတာနဲ့ စည်းမျဉ်းစည်းကမ်း ဓလေ့ထုံးစံ လိုက်နာရတာတို့ကို သဘောကျပါတယ်။ သူတို့လုပ်ဆောင်မယ့်  အရာကို အပြည့်အ၀ နားလည် သဘောပေါက်မှသာ လုပ်ဆောင်တတ်ပါတယ်။ အလုပ်ရှုပ်နေတဲ့ ဘ၀ကို သဘောကျပြီး အလုပ်ကြိုးစားသူတွေပါ။ သဘာဝကို ချစ်မြတ်နိုးပြီး စောင့်ဆိုင်းရတာကို စိတ်ရှည်ပါတယ်။ ခေါင်းမာတဲ့  လေးဂဏန်း ပိုင်ရှင်တွေက သဘောထား ပျော့ပျောင်းဖို့ သင်ယူသင့်ပါတယ်။ ကျော်ကြားတဲ့  လေးဂဏန်းပိုင်ရှင်တွေက မာဂရက်သက်ချာ၊ အော်ပရာ ၀င်းဖရေးတို့  ဖြစ်ပါတယ်။

၅ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

စူးစမ်းရှာဖွေတတ်သူတွေပါ။ သူတို့ရဲ့ ပင်ကို စူးစမ်းတတ်တဲ့စိတ်၊ စိတ်အား ထက်သန်မှုနဲ့ စွန့်စားတတ်တဲ့ စိတ်ထားတွေက  ရေပူထဲမှာတောင်  မြေဖြစ်အောင်  တည်ဆောက်နိုင်ပါတယ်။ တစ်ကမ္ဘာလုံးကို စာသင်ကျောင်းလို သဘောထားပြီး အရာရာကို  လေ့လာနေတတ်သူပါ။ သူတို့ရဲ့ မေးခွန်းတွေက ဘယ်တော့မှ အဆုံးမသတ်ဘဲ အမြဲစူးစမ်းလေ့လာပြီးမှ အလုပ်လုပ် တတ်ပါတယ်။ ကျော်ကြားတဲ့ ငါးဂဏန်း ပိုင်ရှင်တွေကတော့ အီဘရာ ဟမ်လင်ကွန်း၊ ဟယ်လင်ကဲလားတို့ ဖြစ်ပါတယ်။

၆ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

စိတ်ကူးယဉ် တတ်သူဖြစ်ပြီး ပျော်စရာကောင်းတဲ့ အရာတွေကို ခံစားတတ်ပါတယ်။ ခိုင်မာတဲ့ မိသားစု သံယောဇဉ်က သူတို့အတွက် အလွန်အရေးကြီးပြီး  သူတို့ရဲ့ စိတ်ခံစားမှုက သူတို့ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးထားပါတယ်။ တခြားသူတွေကို ဂရုစိုက်တတ်ပြီး ကူညီတတ်ပါတယ်။ အလွန်သစ္စာရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်လာပါတယ်။ ကျော်ကြားတဲ့  ခြောက်ဂဏန်းပိုင်ရှင်တွေကတော့ အိုင်းစတိုင်း၊ ခရစ္စတိုဖာ ကိုလံဘတ်စ် တို့ ဖြစ်ပါတယ်။

၇ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ပညာရှင်ပါ။ ပုန်းကွယ်နေတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတတ်ပြီး အရာရာတိုင်းကို လက်ရှိအတိုင်း လက်မခံလိုကြပါဘူး။ စိတ်ခံစားမှုပေါ် မူတည်ပြီး ဆုံးဖြတ်ချက် မချတတ်သလို ဘ၀မှာ စူးစမ်းလေ့လာမှုတွေနဲ့  ပြည့်နှက်နေတတ်ပါတယ်။  ဘယ်တော့မှ မြန်မြန်မစတင်ဘဲ နှေးနှေးနဲ့ မရပ်မနားသွားရင် ပန်းတိုင်ကို ရောက်လိမ့်မယ်ဆိုတာ သူတို့ လက်သုံးစကားပါ။  အထီးကျန်တတ်သလို လျှို့ဝှက်ချက်ကိုလည်း သဘောကျတတ်ပါတယ်။ ကိုယ်ပိုင် သီးသန့်ကမ္ဘာမှာ ပျော်မွေ့သလို သူတို့ လက်ခံသင့်တဲ့ အရာအတွက်  စေ့စေ့စပ်စပ် လေ့လာတတ်ပါတယ်။ ကျော်ကြားတဲ့ ခုနှစ်ဂဏန်း ပိုင်ရှင်တွေကတော့  ၀ီလျံရှိတ်စပီးယား၊ ဒိုင်ယာနာတို့  ဖြစ်ပါတယ်။

၈ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ပြဿနာကို ဖြေရှင်းတတ်သူပါ။ အသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့ ညှိနှိုင်းပေးရတာ  ဖျန်ဖြေဆုံးဖြတ်ပေးရတာတွေနဲ့ ဆိုင်တဲ့ အလုပ်တွေမှာ တော်ပါတယ်။ ဘ၀မှာ ကောင်းမွန်စွာ နေနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားသူပါ။  လူတွေ အပေါ် အကောင်း မြင်တတ်သူပါ။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လိုအပ်ချက်တွေကို လေ့လာသင့်ပါတယ်။ ကျော်ကြားတဲ့ ရှစ်ဂဏန်း ပိုင်ရှင်တွေ ကတော့ ဂျိန်းဖောင်ဒါ၊ ဂျော့ရှ်ဟယ်ရီဆင်တို့ ဖြစ်ပါတယ်။

၉ ဂဏန်း ပိုင်ရှင်ဖြစ်လျှင်

ဖျော်ဖြေတင်ဆက်သူပါ။ အလွန်ကြင်နာပြီး ရက်ရောတဲ့သူတွေ ဖြစ်ပြီး သူတစ်ပါးကို ပျော်ရွှင်အောင် လုပ်ပေးတတ်သူပါ။ သူစိမ်းဆိုတာ မရှိဆိုတဲ့ စကားကို လက်ကိုင်ထားပြီး အားလုံးကို မိတ်ဆွေ ရင်းချာလို ခင်မင်တတ်သူပါ။ တခြားသူတွေကို နားလည်နိုင်စွမ်းရှိပြီး ကံကောင်းတတ်သူလည်း ဖြစ်ပါတယ်။ ကျော်ကြားတဲ့ ကိုးဂဏန်းပိုင်ရှင်တွေကတော့ ပရက်စလေး ဟယ်ရီဆင်ဖို့ဒ်တို့  ဖြစ်ပါတယ်။

ကြယ်စင်


16 Apr 2014

မြန်မာ အမျိုးသမီးများ ဒေါ်စုလို ၀တ်စားဆင်ယင်သင့်သည်ဟု ပြောဆိုလိုက်သည့် ရောခ်ကာကြီး ဇော်ဝင်းထဋ်

မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုကို အကြံပေးပြောဆိုနေသည့် ဇော်ဝင်းထွဋ်။ ဓာတ်ပုံ - ဖြိုးမမမောင်


မြန်မာ အမျိုးသမီးများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၀တ်စားဆင်ယင်နေသည့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်မှုပုံစံ မျိုးးကဲ့သို့ ၀တ်ဆင်သင့်သည်ဟု ရော့ခ်ဂီတ သီဆိုမှုများကို နှစ်ပေါင်းကြာရှည်စွာ ဖြတ်သန်းနေသော ဇော်ဝင်းထွဋ်က ဧပြီ ၁၅ရက်တွင် မြိုင်ဟေ၀န်ပန်းခြံ သင်္ကြန်ဖျော်ဖြေရေး၌ မဇ္စျိမသို့ ပြောကြားလိုက်သည်။


"မြန်မာမိန်းကလေးတွေ ၀တ်စား ဆင်ယင်မှုတွေကို အခုခေတ်မှာ တွေ့နေရတာက အမျိုးသားနဲ့ အမျိုးသမီးပြောင်းပြန်တွေဖြစ်နေကြတာ။အမျိုးသားတွေက လုံခြုံမှုရှိပြီး အမျိုးသမီး တချိ့ကတော့ ခေတ်ဆန်တဲ့ အ၀တ်အစားမျိုးတွေ ၀တ်ဆင်လာကြတာကို တွေ့နေရလို့ ပါပဲ။

အနောက်တိုင်းက ၀တ်ဆင်ကြတဲ့ အတိုအပြတ်တွေကို အတုယူ ၀တ်ဆင်လာကြတာ များလာတယ်။ မြန်မာ လူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်။ အနောက်နိုင်ငံတွေက သူတို့ရဲ့ ယဉ်ကျေးမှုအရ ၀တ်ဆင်ကြပေမယ့် ကိုယ်တွေအနေနဲ့ကတော့ အတု မယူသင့်ဘူး။ "ဟု ၄င်းက ပြောသည်။

မြန်မာကို ကမ္ဘာက ယဉ်ကျေးသည့် နိုင်ငံ အဖြစ်သတ်မှတ်ထားခြင်းကြောင့် ယခုလို အနောက်တိုင်းက ၀တ်စားဆင်ယင်မှုကို အတုယူ ၀တ်ဆင်ကြသည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုး မ၀တ်သင့်ဟု ၄င်းက ဆိုသည်။ ကမ္ဘာ့နိုင်ငံများက သိကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယင်မှုမျိုးသည် မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှုမျိုး ဖြစ်ခြင်းကြောင့် မြန်မာတို့အတွက် ဂုဏ်ယူစရာ တစ်ခုအဖြစ် တည်ရှိနေသည်ဟု ပြောသည်။ ကမ္ဘာ့ နိုင်ငံများသည် မြန်မာ နိုင်ငံကို ယဉ်ကျေးသည့် နိုင်ငံအဖြစ်သိကြသည့်အတွက် မြန်မာ အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုကိုအစဉ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

အဆိုတော် ဇော်ဝင်းထွဋ်သည် မြန်မာ နိုင်ငံ၏ ရောခ့်ဂီတ အနုပညာနယ်ပယ်တွင် နှစ်ပေါင်းကြာမြင့်စွာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ယနေ့ချိန်အထိ အောင်မြင်လျက်ရှိသူဖြစ်သည်။ ၄င်းသည် ရှိုးပွဲ ပေါင်းများစွာကို သီဆို ဖျော်ဖြေခဲ့သူဖြစ်ကာ စီးရီးများစွာကိုလည်း ထွက်ရှိခဲ့သူဖြစ်သည်။

အဆိုတော် ဇော်ဝင်းထွဋ်သည် ၄င်း၏ ယခုနောက်ပိုင်းဂီတဖြတ်သန်းမှု တွင် မျိုးဆက်သစ်အနုပညာရှင်များစွာကို လက်တွဲကာ စင်မြင့်ထက်သို့ တင်ပေးနေသူတစ်ဦးဖြစ်သည်။

Mizzima



ကျမ ဘာကြောင့် Burma လို့ သုံးနှုန်းရသလဲဆိုတာ.....


Tun Wai

ကျမဘာကြောင့် Burma လို့ သုံးရသလဲဆိုတာကို ဒီနေရာမှာ ရှင်းဖို့လိုလာပါတယ် ။ လူတော်တော်များများကလည်း ဒီအကြောင်း ကျမကို မေးကြတယ်လေ ။

၁၉၄၈ မှာ လွတ်လပ်ရေးရလာတော့ ကျမတို့နိုင်ငံကို Burma လို့သိကြပါတယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( BSP ) လက်ထက် ၁၉၇၀ နဲ့ ၁၉၈၀ နှစ်များ ကာလအတွင်းလို့ထင်ပါတယ် ..........နှစ်အတိအကျကိုတော့ ကျမ သိပ်မမှတ်မိပါဘူး.........ဒီလို မမှတ်မိတာကဘဲ ဒီကိစ္စကို ကျမ သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေဘူး ဆိုတာ ပြနေတယ်လို့ ပြောရမှာပါ ဘဲ ။
အဲဒီနှစ်တွေ အတွင်းမှာထိလည်း ကျမတို့ဟာ Burma ဆိုတဲ့နာမည်နဲ့ ဆက်ရပ်တည်ခဲ့ပါတယ် ။

ဒါပေမယ့် ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ........တစ်နေ့လည်းကျရော သတင်းစာတွေမှာ ကြေငြာလိုက်ပါတယ် ။ အဲဒီနေ့ အဲဒီရက်က စပြီး ကျမတို့ နိုင်ငံကို နိုင်ငံတကာမှာ Myanmar လို့ ခေါ်ရမယ် လို့ ပါ ။ Burma လို့မခေါ်ရတော့ပါဘူး တဲ့ ။ ကျမ သိသလောက်တော့ ကြေငြာချက်က အစိုးရပိုင်ရေဒီယိုတွေမှာတော့ မပါဘူးလို့ သိရပါတယ် ။
ဒီလို နာမည်ပြောင်းမှုအတွက် တရားဝင်ထုတ်ပြန်ရှင်းပြချက်မှာ ပြောတာက Burma ဆိုတာ ကိုလိုနီတွေ ထွင်ခဲ့တဲ့ နာမည်ဖြစ်တာကြောင့်လို့ဆိုပါတယ် ။ Myanmar ဆိုတာတော့ ကျမတို့က ကျမတို့နိုင်ငံကို ခေါ်တဲ့ မူရင်းနာမည်လို့ ဆိုပါတယ် ။

ဒါဟာ မဟုတ်ပါဘူး ။ ကျမ အစောပိုင်းတုန်းက ပြောခဲ့သလိုဘဲ Burma ဆိုတာ တိုင်းရင်းသားအများကြီး ပါဝင်တဲ့ နိုင်ငံပါ ။ ဗမာ ( Burmese ) ဆိုတာ အဲဒီအများကြီးထဲက တိုင်းရင်းသားတစ်မျိုးသာ ဖြစ်ပါတယ် ။ ဗမာဆိုတာကို စာတွေ ပေတွေထဲမှာ ရေးရင် Myanmar လို့ ရေးတတ်ကြပါတယ် ။ ဒီတော့ Myanmar ဆိုတာ Burmese လို့ ခေါ်တဲ့လူဦးရေအများဆုံးတိုင်းရင်းသား တစ်ရပ်ရဲ့ Literary Name သာ ဖြစ်ပါတယ် ။ ကျမက ဗမာပါ ....သို့မဟုတ် မြန်မာပါ ။ ကျမ ဗမာစကားပြောရင် ကျမတို့ကို ကျမတို့ Burmese လို့ဘယ်တော့မှ မရည်ညွှန်းဘဲ Myanmar လို့သာ ရည်ညွှန်းပြောဆိုပါတယ် ။

ဒီလိုဘဲ လူကြီးမင်းတို့လည်း အင်္ဂလိပ်စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ရည်ညွန်းပြောဆိုကြတဲ့အခါ ဂျာမန် ( German ) လို့ ရည်ညွန်းကြရပါတယ် ။ ဒွိုက်ရှ် Deutsch လို့ မရည်ညွှန်းကြပါဘူး ။ ဒါလုံးဝကို သဘာဝကျပါတယ် ။ ပြင်သစ်တွေဆိုရင်လည်း အင်္ဂလိပ်လိုပြောကြရင် သူတို့ကိုသူတို့ French လို့ ပြောကြပါတယ်......Français လို့မပြောကြပါဘူး ။ ဒီလိုဘဲ ကျမလည်း အင်္ဂလိပ်လိုပြောရင် ကျမတို့နိုင်ငံကို Burma လို့ရည်ညွှန်းပြောဆိုလေ့ရှိပါတယ် ။

ဒါပေမယ့် Myanmar ဆိုတဲ့နာမည်ကို ကျမ ကန့်ကွက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူ့ဆန္ဒ ဘယ်လိုရှိသလဲ ဆိုတာ မမေးဘဲ အတင်းအကျပ် ပြောင်းခဲ့လို့ပါဘဲ ။ တနည်းပြောရရင် လုံးဝ ဒီမိုကရေစီမကျတဲ့နည်းနဲ့ ပေးခဲ့တဲ့ နာမည်မို့လို့ပါဘဲ ။ ကျမတို့ကို ဒီနာမည်နဲ့ ကမ္ဘာက သိရမယ် ဆိုပြီး အာဏာလက်ဝယ်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ ။ ဒါကြောင့် ကျမက ကျမတို့နိုင်ငံကို Burma လို့ဆက်လက်ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေနဲ့ ပြောရရင် Burma လို့ ခေါ်မလား ၊ Myanmar လို့ခေါ်မလားဆိုတာ လူကြီးမင်းတို့အနေနဲ့ မိမိဘာသာ ဆုံးဖြတ်လို့ ရပါတယ် ။

ကျမအတွက်တော့ နှစ်ခုလုံးကို လက်ခံလို့ရပါတယ် .......ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ခေါ်မယ် ၊ တစ်စုံတစ်ယောက်က ဒီနာမည်ကို ခေါ်ရမယ် လို့အတင်းအကြပ်ခိုင်းလို့ ခေါ်ရတာမျိုး မဟုတ်ဘူး ဆိုရင်ပေါ့လေ ။

 
Spring Flowers
မှ

ပြန်လည်မျှဝေပါသည်။

13 Apr 2014

ဆိုင်ကယ်ပန့် တပ်ဆင်ပြီးသုံးမယ်



ဆိုင်ကယ်ပန့် တပ်ဆင်ပြီးအလုပ်လုပ်မှုများကိုတင်ပြလိုက်ရပါတယ် တစုံကို သုံးသောင်းခွဲ ကျပ်ပါ ရေလည်းပေါတယ် ဆိုတဲ့နေရာတွေ အစီစိ ရေနေ ပေ သုံးဆယ်ဆိုတင်လို့ရပါတယ်အားလုံးအစုံလိုက် ပိုက်တပ်ယုံပါပဲနယ်မှ ဆိုင်ကယ်ပေါသောနေရာများ တွေ့တဲ့နေရာမှာ ပိုက်ချ ဆိုင်ကယ်နဲ့ရေပက်သင်္ကြန်ပြီးရင် စိုက်ပျိုးရးမှာပြန်သုံး ဆေးလည်းဖြန်းလို့ရပါတယ်။
 




 
 



11 Apr 2014

ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓဘာသာနိုင်ငံများ၏ သမိုင်းအကျဉ်း


ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓဘာသာနိုင်ငံများ၏ သမိုင်းအကျဉ်း

မည်သူမဆို ကိုယ့်သမိုင်းကို ကိုယ်ရေးကြသည်။ သမိုင်းဟူသည် လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့မရပါ။ ယနေ့ ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံသည် ဘာကြောင့် သာသနာကွယ်ခဲ့ရသနည်း။ ရဟန်းတို့ စာပေမသင်ကြား၍လော၊ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို လေ့လာအားထုတ်မှုမရှိ၍လော အစားအစာရှားပါး၍လော၊ အနာရောဂါဘေးကြောင့်လော၊ ထေရဝါဒ၊ မဟာယန ဂိုဏ်းဂဏကွဲပြား၍လော၊ ဗုဒ္ဓဘုရားရှင်၏ သားတော် ရဟန်းတော်များ အချင်းချင်းခိုက်ရန် ဒေါသဖြစ်၍လော၊ အထက်ပါ အကြောင်း အရာများကြောင့် မဟုတ်ပါဘဲ မွတ်ဆလင်များ၏ နှစ်ရှည်လများ ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ကျောင်းတိုက်တွေကို မီးရှို့ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရလေသည်။




မြန်မာနိုင်ငံမှာ အချို့သော ပြက္ခဒိန်များသည် နာလန္ဒာတက္ကသိုလ်ကျောင်းတော်ရာပုံဟူ၍ အုတ်ရိုးမျှသာရှိသောပုံကို မကြာခဏထုတ်ဝေတာရှိပါတယ်။ ထိုနာလန္ဒာတက္ကသိုလ်ကျောင်းတိုက်ကြီးသည် စာသင်သားရဟန်းနှစ်သောင်းကျော်ရှိပါတယ်။ အခြားသော ဝိက္ကမသီလာတက္ကသိုလ်၊ ဇဂန္ဒလတက္ကသိုလ် ကြီးများလည်း အများအပြားရှိခဲ့ပါသည်။ မဂိုဘုရင်အော်ရန်ဇစ်ဟာ ယင်းတက္ကသိုလ်ကြီးများကို မြင်းစစ်သည်များနှင့် ဝိုင်းဝန်းတိုက်ခိုက်ပြီး ရဟန်းတွေကို အရှင်လတ်လတ် မီးရှို့သတ်ကြပါတယ်။ ကျောင်းတိုက်ကြီးတွေကို မီးရှို့ ဖျက်ဆီးခြင်းကြောင့် ရဟန်းတော်တွေအားလုံး သေပွဲဝင်ခဲ့ရတာပါ။








သမိုင်းသုတေသီတို့ အဆိုအရ ယင်းတက္ကသိုလ်ကြီးများ ပိဋကတ်စာပေများကို မီးရှို့ဖျက်ဆီးရာတွင် လနှင့်ချီ၍ ကြာညောင်းခဲ့ရကြောင်း သိရပါတယ်။
အင်ဒိုနီးရှား မလေးရှားစတဲ့နိုင်ငံတွေသည် ကျွန်းငယ်သုံးထောင်ကျော်ဖြင့် ဝိုင်းရံထား၍ လွန်စွာ သာယာလှပါတယ်။ အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ တံခါးပေါက်လည်းဖြစ်၍ ကမ္ဘာ့ကုန်သွယ်ရေကြောင်း၏ သော့ချက်လည်းဖြစ်၍ စည်ပင်ဖွံ့ဖြိုးပါတယ်။ ၄င်းနိုင်ငံတို့သည် တစ်ချိန်က သီရိဓမ္မာသောကမင်းကြီး၏ သာနာပြုမှုကြောင့် (၃)ရာစုမှစ၍ ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်ခဲ့ပါတယ်။ (၇)ရာစုတွင် လင်းတန်းမြို့နန်းတည်သော သီရိဝိဇယမင်းလက်ထက်မှ ဗုဒ္ဓသာသသနာ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။သီရိဝိဇယ တက္ကသိုလ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ စာသင်ရဟန်းတော်များ သိန်းနှင့်ချီ၍ ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိခဲ့ရပါတယ်။




 ကမ္ဘာ့အကြီးဆုံး အနုပညာလက်ရာအမြောက်ဆုံး ဗောဓေါဗုဒ္ဓေါ စေတီကြီးကိုလည်း တည်ထားကိုးကွယ် ခဲ့သည်။ ဗုဒ္ဓသာသနာထွန်းကားပြီး နှစ်ပေါင်း(၁၅၀၀) ကျော် ခန့်ကြာသောအခါ အာရပ်မွတ်ဆလင်ကုန်သည်တို့သည် ရေကြည်ရာ မြက်နုရာ ရှာ၍ အရောင်းအဝယ်ဖြင့် ရောက်လာကြပြီး အချေချနေထိုင်ခြင်းကို လုပ်လာကြသည်။ ရိုးသားသော ကျွန်းသူကျွန်းသားတွေအပေါ် လူဖောက်သာသနာပြုနည်းဖြင့် အဓမ္မသာသနာပြုကြသည်။

 မွတ်ဆလင်ဘာသာဝင်များလာသောအခါ ဗုဒ္ဓဘာသာဝင် ဘုရင်ဖြုတ်ချကာ စူလ်တန်မွတ်ဆလင်ဘုရင် များကိုတင်၍ မွတ်ဆလင်နိုင်ငံအဖြစ် ကြေငြာသည်။ ဗောဓေါဗုဒ္ဓေါစေတီတော်ကြီးကိုလည်း ဖျက်ဆီးလိုက်ကြ၏။ ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအရေးယူ ထောင်ချခြင်းများကို ပြုလုပ်လာသည့်အတွက် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတွေမှာ မွတ်ဆလင်တို့ရောက်ပြီး နှစ်ပေါင်း(၂၅၀)ခန့်နှင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရပါတယ်။ မွတ်ဆလင်တို့ ဖျက်ဆီးခဲ့သော ဗောဓေါဗုဒ္ဓေါစေတီကြီးကို ၁၉၈၃ခုနှစ်က ကုလသမဂ္ဂထိန်းသိမ်းပြုပြင်ထားသောကြောင့် ယခုတိုင်ရှိနေပါသေးတယ်။






အာဖဂန်နစ္စတန်နိုင်ငံသည် ဟိန္ဒူကုရှ၊ တောင်တန်းစသည်တို့ဖြင့် ဝန်းရံထားသော တောတောင်ထူထပ်သော နိုင်ငံဖြစ်သည်။ ရာသီဥတု ကောင်းမွန်ချိန်တွင် ဆီးနှင်းများဖုံလွှမ်းသော တောင်တန်းကြီးများ အလှကြောင့် အလွန်သာယာပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုကြောင့် ၂၀၀-B.C စ၍ ဗုဒ္ဓဘာသာ သာသနာထွန်းကားရာ နေရာဖြစ်ခဲ့သည်။ ဗုဒ္ဓစာပေများတွင် ထင်ရှားသော မိလိန္ဒမင်းခေါ် မီးနန္ဒားသည် ကဗူးမြို့၌ ထီးနန်းစိုက်ပြီး သာသနာတော်ကို လွန်းစွာကြည်ညိုထောက်ပံ့ခဲ သဖြင့် တရားစောင့်သော မင်းဟု ကျော်ကြားခဲ့သည်။ ပေသုံးရာခန့်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ကျောက်တောင်ခါးပန်းမှာ ထုလုပ်၍ တည်ထားကြသည်။ A.D-200 သို့ရောက်သောအခါ အာရပ် မွတ်ဆလင်တို့ ဝင်ရောက်ပြီး တိုက်ခိုက်သတ်ဖြတ်၍ ဗုဒ္ဓဘာသာဝင်အားလုံး အမြစ်မကျန်ဖြိုဖျက်ခံရပါတယ်။ ဘုရား စေတီပုထိုးများသည် အုတ်ပုံ ပြာပုံဘဝ ရောက်သွားပါတယ်။ မြင့်မားသော ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အလှမ်းမှီသမျှ ဖျက်စီး ပစ်ကြပါတယ်။ ရုပ်ပွားတော်ကြီး တချို့သည် ကြီးမားခိုင်ခန့် အထက်ပိုင်းကို မဖျက်စီးနိုင်ကြပေ။

၂၀၀၁ခုနှစ် ဦးပိုင်းရောက်လာသောအခါ အိုစမာဘင်လာဒင်နှင့် တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာတို့ ဦးဆောင်သော မွတ်ဆလင်အစိုးရအဖွဲ့သည် ဗုဒ္ဓရုပ်ပွားတော်များအား သူတို့ဘာသာနှင့် မညီညွတ်ဟုဆိုကာ ဒုံးကျည်နှင့် ပစ်ဖတ်ဖျက်ဆီးကြပါတယ်။ နိုင်ငံတကာမှ ဗုဒ္ဓဘာသာရဲ့ အထိမ်းအမှတ်ရုပ်ပွားတော်မြတ်ကြီးဖြစ်လို့၊ ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် မဖျက်ဆီးဘို့ ဝိုင်းဝန်မေတ္တာရပ်ခံသော်လည်း အရာမရောက်ဖြစ်ခဲ့ပါတယ်။ ဤဖြစ်ရပ်ကား ဘာမျှ မကြာသေးပါ။

အတိတ်သမိုင်းက မွတ်ဆလင်တို့ကြောင့် ဗုဒ္ဓဘာသာနိုင်ငံများဟာ မွတ်ဆလင်နိုင်ငံများဖြစ်ခဲ့ရသည့်ကို သံဝေဂ ယူပြီး အမျိုး ဘာသာ သာသနာအတွက် အချိန်ရှိခိုက် ကြိုးစားသင့်လှတော့၏။

ယခုအချိန်မှာမှ သံဝေဂမယူသေးဘဲ အမျိုး ဘာသာ သာသနာကို မျက်ကွယ်ပြုပြီး စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတွေမှာ စည်းကမ်းမဲ့နေမည်ဆိုပါလျှင် နောင်မျိုးဆက်သစ်လေးများ၏ လက်ထက်ရောက်သည့်အခါ မွတ်ဆလင်တို့၏ ဓားမိုး အုပ်ချုပ်ခြင်းကို ခံရမည်ဖြစ်ပေသည်။ မဖြစ်ဘူးဟု မည်သူမျှ ပြောမရပါ။ အင်ဒို၊ မလေး၊ စတဲ့နိုင်ငံတွေတုန်းကလည်း ဒီလိုမျိုး ထင်ခဲ့မည်မဟုတ်ပါ။ ပေါ့ပေါ့တန်တန် ကြောင့်ကျမဲ့ နေခဲ့၏။ သို့သော် တကယ်ဖြစ်လာခဲ့ပေသည်။ မြန်မာနိုင်ငံသည်လည်း အထူးသတိထားရတော့မည်သာ။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)



5 Apr 2014

တိရိစ္ဆာန်များရဲ့သေမင်း (သို့) အမြန်ပိတ်ပစ်ရမယ့် တိရစ္ဆာန်ဥယျာဉ်


ယခင်က ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ တိရိစ္ဆာန်တွေကို အစ၀လင်အောင် မကျွေးဘူး၊ တိရိစ္ဆာန်တွေကို မှောင်ခိုထုတ်ရောင်းစားနေတယ်လို့ ကောလဟာလတွေ ထွက်လာတာ ကြားဖူးကြမှာပါ။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် သတင်းဟာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အောက်မှာ ဖတ်ရမယ့် တိရိစ္ဆာန်ဥယျာဉ်လောက် မဆိုးရွားလောက်ပါဘူး။

အင်ဒိုနီးရှားနိုင်ငံမှာ တိရိစ္ဆာန်များရဲ့သေမင်း ဆိုပြီး အမည်ဆိုးနဲ့ ကျော်ကြားတဲ့ တိရိစ္ဆာန်ရုံရှိပါတယ်။ အဲဒီ တိရိစ္ဆာန်ဥယျာဉ်မှာ နေရတဲ့ သတ္တ၀ါများရဲ့ ဘ၀ဟာ တကယ့် အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ တိရိစ္တာန်များရဲ့ သေမင်းလို့ လူအများက သတ်မှတ်ထားတဲ့ ဒီဥယျာဉ်ရဲ့ အမည်မှန်က ဆူရာဘာရမ် တိရစ္ဆာန်ဥယျာဉ်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး တိရိစ္ဆာန်ရုံကြီး ဖြစ်ပြီး လူတစ်ယောက်ကို ၀င်ကြေး တစ်ဒေါ်လာ သတ်မှတ် ထားပါတယ်။

အဆိုပါ ဆူရာဘာရမ် တိရိစ္ဆာန်ရုံကို လေ့လာ အပန်းဖြေဖို့သွားတဲ့ လူတိုင်းကတော့ ပိုက်ဆံပေးပြီး သွေးပျက်စရာ၊ စိတ်မချမ်းသာစရာ မြင်ကွင်းတွေကို သွားကြည့်နေရတာ လို့ ဝေဖန်ကြတယ်။ တိရိစ္ဆာန်ရုံက ၀န်ထမ်းတွေဟာ တိရိစ္ဆာန်တွေရဲ့ ကျန်းမာရေးကို လျစ်လျူရှုထား တဲ့အပြင် တိရိစ္ဆာန်တွေ လိုအပ်တဲ့ အာဟာရ၊ ဂေဟစနစ်လည်း မဖြည့်တင်းပေးတော့ ဆူရာဘာရမ် တိရိစ္ဆာန်ဥယျာဉ်ဟာ တိရိစ္ဆာန်များရဲ့သေမင်း လို့ နာမည်ဆိုးနဲ့ ကျော်ကြားတာ မလွန်ပါဘူး။

ဆူရာဘာရမ် တိရိစ္ဆာန်ဥယျာဉ်မှာ သတ္တ၀ါတွေရဲ့ ပျမ်းမျှ သေနှုန်းဟာ တစ်လကို ၂၅ ကောင် ရှိသတဲ့။

ဥယျာဉ်ထဲက တိရစ္ဆာန်တွေ တော်တော်များများဟာ ဆာလောင်မွတ်သိပ်ပြီး နေ နေကြရတယ်။ အထူးသဖြင့် အသားစား သတ္တ၀ါတွေပေါ့။

nightmare-zoo7 Myanmar News
 
တချို့ တိရိစ္ဆာန်တွေဆိုရင် အာဟာရပြတ်ပြီး ပိန်ချိုးလွန်းနေတော့ ရောဂါတွေနဲ့ ပြည့်လျှမ်းနေပြီး ခန္ဓ္ဓာကိုယ်က အစာရေစာကိုတောင် လက်မခံနိုင်တော့ပါဘူး။

nightmare-zoo2 Myanmar News
 
အေးစိမ့်ညစ်ပတ်နေတဲ့ သမံတလင်းမှာ သေမယ့်နေ့ကို စောင့်နေတဲ့ ကျားကြီး

nightmare-zoo4 Myanmar News
 
အစာအိမ်ထဲမှာ ပေါင် လေးဆယ်လောက်ရှိတဲ့ ဘေလုံးကြီးကြောင့် မတ်တပ်တောင် မရပ်နိုင်ရှာတော့သည့် သစ်ကုလားအုတ်

nightmare-zoo5 Myanmar News
 
တိရစ္ဆာန်ဥယျာဉ်ထဲက ဒီ တိရစ္ဆာန်တွေရဲ့ ဘ၀ကို ကြည့်ပြီး လူအများ စိတ်ထိခိုက် မျက်ရည်ကျကြတယ်။

nightmare-zoo8 Myanmar News
 
ဆူရာဘာရမ်တိရိစ္ဆာန်ဥယျာဉ်ဟာ ဆေးဖက်ဝင်တဲ့ တိရိစ္ဆာန် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ ရှားပါးလုနီးဖြစ်နေတဲ့ တိရိစ္ဆာန် အရေခွံတွေ အပြင် မျိုးတုံးလုနီးဖြစ်နေတဲ့ တိရိစ္ဆာန်တွေကို တရားမ၀င်ရောင်းချနေတယ်လို့ သတင်းဆိုးနဲ့လည်း ကျော်ကြားနေပါတယ်။ နှစ်စဉ် တရားမ၀င်နည်းလမ်းက ရနေတဲ့ ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ သန်း ငါးထောင် နီးပါးရှိတယ်လို့လည်း ကောလဟာလတွေ ထွက်နေတယ်။

nightmare-zoo11 Myanmar News
 
ဒီသတင်းတွေကို သြစတျေးလျနိုင်ငံမှာရှိတဲ့ Cee4Life ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က သိရှိသွားပြီး တိရိစ္ဆာန်များကို ဆက်လက်မညှင်းဆဲဖို့ အသနားခံလွှာရေးပြီး အွန်လိုင်းပေါ်မှာ တင်ထားပြီး လူပေါင်း တစ်သိန်းရဲ့ သဘောတူလက်မှတ်ကို ရယူနေပါတယ်။ တကယ်လို့များ အဆိုပါ အသနားခံလွှာမှာ လူပေါင်း တစ်သိန်းရဲ့ သဘောတူလက်မှတ်ကိုရခဲ့မယ်ဆိုရင် Cee4Life အဖွဲ့ကြီးဟာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်တော့မှာဖြစ်ပါတယ်။

nightmare-zoo9 Myanmar News
 
Cee4Life ရဲ့ ဆူရာဘာရမ်ဥယျာဉ်က တိရိစ္ဆာန်များအတွက် အသနားခံလွှာကို အောက်က လင့်ခ်မှတဆင့် ဖတ်ရှုပြီး စာဖတ်သူများလည်း ကိုယ်တိုင်ဝင်ရောက် လက်မှတ်ရေးထိုးနိုင်ပါတယ်။
Cee4Life အသနားခံလွှာ
တိရိစ္ဆာန်များရဲ့ သေမင်း ဆိုတဲ့ ဒီ ဥယျာဉ်က သနားစရာ တိရိစ္ဆာန်များရဲ့ ဘ၀ကို စာဖတ်သူလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ကူညီပေးကြပါ။

Ref: Upmyanmar


3 Apr 2014

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ


ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါ
ပဲမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ

ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ

အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်
ငရုတ်သီးစားပါ

ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ

ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ

ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



မဟာသန္တိသုခကျောင်းမှ ပီနန်ဆရာတော်ကြီးအား သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြော



ရန်ကုန်၊ ဧပြီ ၁

သံဃမဟာနာယက အဖွဲ့နှင့် အငြင်းပွားဖွယ်ရာ ဖြစ်ပွားနေသော မဟာသန္တိသုခကျောင်းတွင် သီတင်းသုံး နေသော ပီနန်ဆရာတော်ကြီးအား သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ကိုညိုအုန်းမြင့်က ဧပြီ ၁ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မဟာသန္တိသုခ ကျောင်းနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက် ညွှန်ကြားရေး မှူး ကိုညိုအုန်းမြင့်အား ဆက်သွယ် မေးမြန်းရာ ကိုညိုအုန်းမြင့်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ ထပ်မံမေးမြန်းခဲ့ပြီး ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

““ပီနန်ဆရာတော်ကြီးနဲ့ ကျွန်တော်ကလည်း ဆရာရင်း ဒကာရင်းဖြစ်လို့ ဒီဘက်အစိုးရဘက်ကို လှမ်းမေး ပေးပါတယ်။ အစိုးရဘက်က ဘာမှ စိတ်မပူပါနဲ့။ ဆရာတော်ကြီးသာ သီတင်းသုံးပါ။ အစိုးရဘက်က ဆိုတာက ကျွန်တော်တို့ရဲ့ Myanmar Peace Center (မြန်မာငြိမ်းချမ်းရေးစင်တာ)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပဲ မေးတာပါ”” ဟု ကိုညိုအုန်းမြင့်က ဆိုသည်။

သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်ကြီးတို့အား မတ် လ ၃ ရက် နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းမှ ထွက်ခွာပေးရန် မတ်လ ၆ ရက်နေ့က နိုင်ငံတော် သံဃမဟာနာယက စုံညီ အစည်းအဝေး ပြုလုပ်ခဲ့ကာ အမိန့်စာအမှတ် ၂၀/၉၀ ကြေညာချက် ထုတ်ထားသည်။

““ဆရာတော်ကြီး ဒီကျောင်းက ရွှေ့ပေးလိုက်ရပြီဆိုရင် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးရော၊ တရား မျှတမှုကြီးရော မေးခွန်းထုတ်စရာ ဖြစ်သွားပြီ။ အနာဂတ်မှာ မသေချာတော့ဘူး။ ဒီမဟာ သန္တိသုခ ကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီးကို အမြန်ဆုံး ပြန်လွှဲပေးဖို့ နိုင်ငံတော် အစိုးရကို တောင်းဆိုမယ်။ မဟာသံဃနာယကအဖွဲ့ကိုလည်း မေတ္တာရပ်ခံထားတယ်””ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမိုးသီးဇွန်က ပြောသည်။

မဟာသန္တိသုခကျောင်း၌ ပီနန်ဆရာတော် သီတင်းသုံးခြင်း မသုံးခြင်းသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ အမြင့်ဆုံးဖြစ်သော သံဃမဟာနာယက သည်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““လူတိုင်းက ပြောဆိုဝေဖန်ခွင့်၊ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ အဲဒီအတွက် သုံးသပ်တာ မလုပ်လိုပါဘူး။ သို့ရာတွင် ကျောင်းတော်ကြီးမှာ သီတင်းသုံးမယ့် ဆရာတော်ကိစ္စက ရတယ်။ မရပါဘူး။ တရားဝင်ပါတယ်။ မ၀င်ပါဘူးက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ရမယ့် ကိစ္စသာလျှင် ဖြစ်ပါတယ်။ အုပ်ချုပ်မှုပိုင်းနဲ့ မဆိုင်ပါဘူး””ဟုဦးထွန်းညွန့်က ဆိုသည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာပြည်မှ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီး စင်ကာပူ ပီနန်ဆရာတော်ကြီး ဦပညာဝံသသို့ လှူဒါန်းထားသော ကျောင်းတော်ကြီး ဖြစ်သဖြင့် ကျောင်းတော်ကြီးအား အဓမ္မသိမ်းပိုက်ခြင်းကို လုံးဝ လက်မခံကြောင်း မတ်လ ၂၁ရက် နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် မဟာသန္တိသုခကျောင်းမှ ဆရာတော်တို့ ဦးဆောင်ကာ ဆိုင်းဘုတ်တင်ခဲ့သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်


သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင် လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစု ကြည်ပြောကြား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိဖူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

"အန်တီပြောချင်တဲ့စကားတွေရှိရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ ဒီလိုပဲမြင်ရမှာပေါ့ ဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့  အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဥာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။

" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြှင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ သူ့နေရာကြမှ သူပါလာမှာ"

တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ နားဆင်ပါ။


RFA Burmese


အိမ်ထောင်ဦးစီး (ဗိုလ်ချုပ်မှူးကြီး)ဦးသန်းရွှေ နေပြည်တော်နေအိမ် သန်းခေါင်စာရင်းကောက်ယူခဲ့




ရန်ကုန်၊ ဧပြီ၁

သမ္မတဦးသိန်းစိန်အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် လက်ရှိတပ်မတော်နှင့် အစိုးရအပေါ် သြဇာ အာဏာ သက်ရောက်လျက်ရှိပြီး နောက်ကွယ်မှ အာဏာရှင်အဖြစ် နိုင်ငံရေးလေ့လာသူများ သတ်မှတ်ခြင်း ခံထားရသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေပြည်တော်နေအိမ်သို့လည်း သန်းခေါင် စာရင်းကောက် ယူရေးအဖွဲ့ရောက် ရှိခဲ့ကာ အများပြည်သူကို မေးမြန်းခဲ့သော မေးခွန်း(၄၁)ခု မေးမြန်းခဲ့ပြီး မည်ကဲ့ သို့ ဖြေကြား ခြင်းမျိုး ရှိခဲ့ကြောင်း ကိုမူ တာဝန်ရှိသူများက ဥပဒေအရ ဖြေ ဆိုနိုင်ခြင်းမပြုကြောင်း ဧပြီ (၂)ရက်တွင် မြန်မာ သံတော်ဆင့် သို့ ငြင်းဆန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ယခင်တာဝန်ယူခဲ့သော ဗိုလ်ချုပ် မှူးကြီး ဟောင်း နေအိမ်များကိုပါ ထည့်သွင်းကောက် ယူမည်ဖြစ်သည် ဟု (ဧပြီလ ၂ ရက်တွင်) လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ သန်းခေါင် စာရင်း ကောက်ယူမှုဆိုင်ရာ ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က မြန်မာသံတော်ဆင့်သို့ပြောသည်။…

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှုတွင် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် စနစ်အတိုင်း ကောက်ယူခြင်း ဖြစ်သဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အကြီးအကဲပုဂ်္ဂိုလ်များကို ဦးစွာ ကောက်ယူပြီးမှသာလျှင် အခြား ကောက်ယူမှုများ ဆက်လက်ပြု လုပ်ခြင်းဖြစ်သည်။

““နိုင်ငံတကာ စံနှုန်းအတိုင်း ဆောင်ရွက်ထားတာပါ။ အခု နေပြည်တော်မှာဆိုရင် လက်ရှိအကြီး အကဲပုဂ်္ဂိုလ် တွေကို အရင်ကောက် မယ်။ ပြီးတော့ အဲဒီကမှ သက်ဆိုင်တဲ့ ဆွေမျိုးတွေကို ဆက် ကောက်မယ်။ အရင် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်းတွေကိုကောက်မှာပါ။ နိုင်ငံတကာ စံနှုန်းအတိုင်း ဘယ် လိုဖြစ်ဖြစ် လက်ရှိအကြီးအကဲ ပုဂ်္ဂိုလ်ကိုပဲ အရင်ကောက်မှာပါ။ တိုင်းဒေသကြီးဆိုရင်လည်း ၀န် ကြီးချုပ်အိမ် တွေ အရင်ကောက်မှာပါ””ဟူ၍ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)မိသားစု နေအိမ်ပါဝင် သည့် ပုဗ္ဗသီရိ မြို့နယ် လ၀က ဦးစီးမှူးဦးကျော်စိုး အောင်က

““ဦးသန်းရွှေအိမ်ကောက်ပါ တယ်။အရင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအိမ် ကောက်ပါတယ်။ အိမ် ထောင်ဦးစီးက ဦးသန်းရွှေ ဖြစ်ပါတယ်။ မိသားစုနဲ့နေတဲ့အတွက် အချက်(၄၁)ချက်မေးပါတယ်။ မေး တဲ့အချက်တွေကို ဖြေပိုင် ခွင့် မရှိပါဘူး။ သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်တွေကို ဥပဒေမှာ လည်း ပါပါတယ်။ ကျွန်တော်တို့ စာရင်းကောက်သွား ရောက်ကြ တာပါ။ ဆရာမတွေကို သွားပို့တာ ပါ။ ကျွန်တော်ပါ ပါတယ်။ ခြံ အပြင်မှာပဲ ရပ်စောင့် နေခဲ့ပါတယ်။ သန်းခေါင်စာရင်း အချက်အလက် တွေကို ပြည်သူတွေရဲ့ အခွင့်အရေး အရ ထိန်းသိမ်း ပေးရမယ့်တာဝန်ရှိ ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနေတဲ့အိမ်က ပုဗ္ဗသီရိမြို့ နယ်ဖြစ်ပါတယ်။ လမ်းတို့၊ ရပ် ကွက်တို့ မဟုတ်ဘူး။ ကျေးရွာစု ညောင်ပင်ကြီးစု ကျေးရွာ အိမ် ခြောက်လုံးတန်းပဲသိပါတယ်။ ပုဗ္ဗ သီရိမြို့နယ်ထဲမှာရှိပါတယ်။ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးဟောင်း) အိမ်ကို သန်းခေါင်စာရင်းကောက် ခဲ့ပါ တယ်”” ဟု မြန်မာသံတော်ဆင့် ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၊ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက် ယူရာတွင် လူတိုင်းဖြေဆိုရမည့် မေးခွန်း(၄၁)ချက်မှာ

၁။ အမည်၊ ၂။ အိမ်ထောင် ဦးစီးနှင့် တော်စပ်ပုံ၊ ၃။ ကျား/မ၊ ၄။ ပြည့်ပြီးအသက်၊ ၅။ အိမ် ထောင်ရေး အခြေ အနေ၊ ၆။ ကိုး ကွယ်သည့်ဘာသာ၊ ၇။ လူမျိုး၊ ၈။ မသန်စွမ်းအခြေအနေ၊ ၉။ ကိုင်ဆောင်သည့် လက်မှတ် အမျိုး အစား၊ ၁၀။ မွေးဖွားရာဇာတိ၊ ၁၁။ နေမြဲအရပ်(မြို့/ကျေးလက်)၊ ၁၂။ နေမြဲအရပ်တွင်နေထိုင်သည့် ကာလ၊ ၁၃။ ဒေသတစ်ခုမှ အခြား ဒေသ တစ်ခုသို့ရွှေ့ပြောင်းလာရ သည့်အကြောင်းရင်း၊ ၁၄။ နေမြဲ အရပ်သို့ ပြောင်းမလာ ခင် နောက်ဆုံး နေထိုင်ခဲ့သည့် ဒေသ(မြို့/ကျေး လက်)၊ ၁၅။ စာတတ်မြောက်မှု အခြေအနေ (မည်သည့် ဘာသာ စကားနှင့်မဆို)၊၁၆။ လက်ရှိအတန်း ပညာသင်ကြားမှုအခြေအနေ၊ ၁၇။ အမြင့်ဆုံးအောင်မြင်ခဲ့ သည့် အတန်း၊ ၁၈။ လွန်ခဲ့သော ၁၂ လ အတွင်း လုပ်ကိုင်ခဲ့သည့် အလုပ်အကိုင် အမျိုးအစား၊ ၁၉။ အဓိက အလုပ် အကိုင်၊ ၂၀။ လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းအဖွဲ့အစည်းနှင့် အမည်၊

အိမ်ထောင်ကျဖူးသူ အမျိုး သမီးတိုင်းကိုမေးမြန်းမည့် မေးခွန်းများ

၂၁။စုစုပေါင်းမွေးဖွားခဲ့သည့် ကလေး အရေအတွက်၊ ၂၂။ အသက်ရှင်နေလျက်ရှိသော ကလေး အရေအတွက်၊ ၂၃။သေဆုံးသွားသော ကလေးအရေအတွက်၊ ၂၄။ နောက်ဆုံးမွေး ကလေးနှင့်ပတ် သက်သည့် အကြောင်း အရာများ။

အိမ်အကြောင်းအရာနှင့် သက်ဆိုင်သည့်မေးခွန်းများ

၂၅။ နေအိမ်အမျိုးအစား၊ ၂၆။ အိမ် ပိုင်ဆိုင်မှု အခြေအနေ၊ ၂၇။အလင်းရောင်အတွက် အဓိက သုံးမည့် မီးအမျိုး အစား၊ ၂၈။ သောက်/သုံးရေအတွက် အဓိက ရေရရှိမှု အခြေအနေ၊ ၂၉။ အ စားအစာ ချက်ပြုတ်ရန် အတွက် အဓိက လောင်စာအမျိုးအစား၊ ၃၀။ အိမ်သာအမျိုးအစား၊ ၃၁။ နေအိမ် အဆောက်အအုံတွင် အဓိက အသုံးပြု သည့် ပစ္စည်းများ (အမိုး၊ အကာ၊ အခင်း)၊ ၃၂။ အိမ်ထောင် စုတွင်ရှိသည့် ပစ္စည်းအမျိုးအစား။

အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ ရောက်ရှိနေသူများ

၃၃။ အမည်၊ ၃၄။ ပြည့်ပြီးအသက်၊ ၃၅။ ကျား/မ၊ ၃၆။ ထွက်ခွာသည့်စနစ်၊ ၃၇။ ရောက်ရှိနေထိုင်သည့်နိုင်ငံ။ လွန်ခဲ့သော ၁၂ လအတွင်း အိမ် ထောင်စုများထဲမှ သေဆုံးခြင်း အကြောင်း အရာ ၃၈။ အမည်၊ ၃၉။ ကျား/မ၊ ၄၀။ သေဆုံးစဉ်အသက်၊ ၄၁။ သေဆုံးသူသည်အမျိုးသမီးအသက် (၁၅-၄၉)နှစ်အတွင်းဖြစ်ပါက – ကိုယ်ဝန် ကြောင့်သေဆုံးခြင်း (သို့ မဟုတ်) မွေးဖွားစဉ်သေဆုံးခြင်း (သို့မဟုတ်) ကလေးမွေးဖွားခြင်း ၆ ပတ်အတွင်း သေဆုံးခြင်း ဟုတ်/မဟုတ် မေးမြန်းရန်တို့ဖြစ်သည်။ သန်းခေါင်စာရင်းကောက် ယူမှုမှာ ဧပြီ(၁၀)ရက်နေ့ အထိ ဖြစ်ကြောင်း သန်းခေါင်စာရင်း ကောက်ယူမှုပါဝင်သူများထံမှ သိရှိရသည်။

မြန်မာသံတော်ဆင့်


20 Mar 2014

အမျိုးသမီးတွေ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲ့တဲ့ ဝေဒနာတွေ သက်သာစေဖို့


မေသော် on 2014-03-20 11:17   

အပျိုဖော်ဝင်စ မိန်းကလေးတွေ၊ အသက် ၂၅ ၀န်းကျင် အမျိုးသမီးအများစုဟာ ဓမ္မတာကြောင့်ပဲဖြစ်ဖြစ်၊ အစားအသောက်မှားတာကြောင့် လေထိုးလေအောင့်တာပဲဖြစ်ဖြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပုံမှန် ခံစားကြရလေ့ရှိပါတယ်။ အဲ့ဒီလို နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့နဲ့ ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ အစားအစာတစ်ခု စားတော့မယ်ဆို ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်မဖြစ် သတိထား စားပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စတာတွေကို စားပေးဖို့ လိုပါတယ်။

၂။ရေနွေးကြမ်းသောက်ပေးပါ။ တစ်နေ့ကို သုံးခွက်လောက် သောက်ပေးရုံနဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကာကွယ်ပေးပါလိမ့်မယ်။

၃။အချိန်ပေးပြီး ယောဂကျင့်တာဟာလည်း နာကျင်မှုကို သက်သာစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

၎။အသားတွေကို ချက်ပြုတ်တဲ့အခါ တူးနေအောင် ချက်ပြီး မစားပါနဲ့။ အပူကို အလွန်အကျွံပေးပြီး ချက်ပြုတ်ခြင်းဟာ သင့်ကို ကင်ဆာဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်တာကြောင့်ပါ။

၅။တစ်ယောက်တည်း နားနားနေနေ နေနိုင်ဖို့ အချိန်ပေးပါ။ အလုပ်တွေဖိလုပ်တာမျိုး၊ ဖိစီးမှုတွေ များနေတာမျိုးတွေကြောင့် ကိုက်ခဲနာကျင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၆။အိပ်ချိန် လုံလုံလောက်လောက် ရှိပါစေ။ ကိုယ်အိပ်စက်မယ့် အခန်းအနေအထားကလည်း ကိုယ့်ကို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ကူညီနိုင်တဲ့ပုံစံ ဖြစ်ဖို့လိုပါတယ်။

၇။ရေများများသောက်ပါ။ ကိုယ်သောက်လိုက်တဲ့ရေဟာ သန့်ရှင်းစင်ကြယ်မှု ရှိဖို့ကိုလည်း သတိထားရပါလိ့မ်မယ်။

၈။ အသီးအနှံများများစားပါ။ ကိုယ်က နေ့စဉ်နေ့တိုင်း အသားတွေ၊ ငါးတွေကို စားဖြစ်နေပေမယ့် ဘာအသီးအနှံမှ မစားဖြစ်ဖူးဆိုတာမျိုး မရှိပါစေနဲ့။

၉။ကိုယ်စားမယ့် အစားအစာထဲမှာ ပါဝင်ပစ္စည်းတွေက ဘာတွေဖြစ်သလဲဆိုတာ အမြဲသိနေပါစေ။

၁၀။ကိုကာကိုလာ လို အရည်မျိုးတွေ၊ နောက်အချိုရည်တစ်ချို့ကိုလည်း သောက်နိုင်ပါတယ်။ ဒါဟာ နာကျင်မှုကို သက်သာစေတဲ့ အရာတွေထဲက တစ်ခုပါပဲ။



Ref:womenshealthmag.com

Trend Myanmar



15 Mar 2014

တုံးအ တဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား



တုံးအ တဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား
=========================

တုံးအ တဲ့ ယောက်ျားက မိန်းမကို အသာစီးရချင်တယ် ..
ထက်မြက်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထားကြီး အလျှော့ပေးတတ်တယ် ..
တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အားနည်းချက်တွေကိုမြင်တိုင်း စိတ်ပျက်လွယ်တယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့ အရည်အချင်းကို ရှာကြံအသိအမှတ်ပြု ချီးမွမ်းတတ်တယ် ...

တုံးအ တဲ့ယောက်ျားက မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ် .. လူပုံ အလယ်မှာ မိန်းမ ကို မျက်နှာသာ မဲ့စေ တယ် ...
ထက်မြက်တဲ့ယောက်ျားက လူပုံအလယ်မှာ မိန်းမကို မျက်နှာသာရစေတယ် .. ဆုံးမ ပြောဆို စရာရှိရင် နှစ်ကိုယ် ကြား သာ ပြောဆိုတယ် ...

တုံးအတဲ့ ယောက်ျားက မိတ်ဆွေအပေါင်းအသင်း တွေက "မယားကြောက်" လို့ ခနဲ့တာ ကိုမခံနိုင် ဘဲ မိန်းမအပေါ် နိုင်စားပြ ချင်တယ် .. ကိုယ့်ဘဝ လက်တွဲဖော် ဟာ ကိုယ့် မိန်းမသာ ဖြစ်တယ် ဆိုတာ သူမေ့နေ လို့ဖြစ်မယ် ..
ထက်မြက်တဲ့ ယောက်ျား ကတော့ အပေါင်းအသင်း တွေက ခနဲ့ရင်တောင် ဂရုမစိုက် ဘဲ ယုယမြဲ ယုယတယ် .. ကိုယ့်ဘဝ အတွက် ဆိုးတူ ကောင်းဖက်ဟာ ကိုယ့်မိန်းမ ဘဲလို့ သူနားလည် လို့ဖြစ် တယ် ..

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့ အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့ အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ် ...

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အမှား ကို အသေ ဆုပ်ကိုင်ပြီး နိုင်ကွက်အဖြစ် အသုံးချတယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမရဲ့အမှား ကို ခွင့်လွှတ်ပြီး မေတ္တာနဲ့  ပြုပြင်ပြောင်း လဲဖို့ ကြိုးစား တယ် ..

တုံးအတဲ့ ယောက်ျား က "နင်ထွက်သွား မသွားရင် ငါသွားမယ်" လို့ဆိုတယ် ..
ထက်မြက် တဲ့ယောက်ျား က "ငါတို့ ဘယ်တော့မှ ဘာ အကြောင်း နဲ့မှ မခွဲကြဘူး" လို့ ဆိုတယ် ...

တုံး အတဲ့ယောက်ျား က မိန်းမ ကို သဝန်တို ချုပ်ချယ်တယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမကို ယုံကြည် မှု ပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေး လက်အေး ချည်နှောင် ထား တယ် ..

တုံးအတဲ့ ယောက်ျား က ကိုယ် တော် ကိုယ် တတ်ကြောင်း သာ ဦးစားပေး အလေး ထားတယ် ..
ထက်မြက်တဲ့ ယောက်ျား က မိန်းမဆီ က ကိုယ် မသိသေး တာတွေကို လေ့လာ သင်ယူတယ် ...

တုံးအတဲ့ ယောက်ျား က မိန်းမ ကိုယ့် အနားက တစ်ဖဝါးမှ မခွာရင် စိတ်ကျဉ်းကျပ် မောင်း ထုတ် တယ် ..
ထက်မြက် တဲ့ ယောက်ျား က ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာ ရတာကို ပီတိ ဖြစ်တတ် တယ် ဂုဏ်ယူ တတ် တယ် ..

တုံးအတဲ့ ယောက်ျားက စီးပွား သာ ရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ် အပို အလုပ်လို့ ယူဆ တယ် ..
ထက်မြက် တဲ့ယောက်ျား က စီးပွားလဲ ရှာတယ် မိန်းမ အပေါ် ယုယကြင်နာ မှု ပေးတယ် ..

တုံးအတဲ့ ယောက်ျား က မိန်းမ ကို စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေး တယ် ..
ထက်မြက်တဲ့ ယောက်ျား က မိန်းမ ကို စိတ်အား ထက်သန်မှုနဲ့ ပျော်ရွှင်မှု ကိုပေး တယ် ..

တုံးအတဲ့ယောက်ျား က သူ့ရဲ့ဇာတ်ရှုပ်တွေ ဖောက်ပြန် မှုတွေနဲ့ မိန်းမ ကို မျက်ရည် ကျစေတယ် ..
ထက်မြက်တဲ့ယောက်ျား က အောင်မြင်တဲ့ မိသားစု ဘဝကို တည်ဆောက်ပြီး မိန်းမကို ပြုံးရယ်စေ တယ် ..

  
 
 

10 Mar 2014

တစ်ကမ္ဘာလုံးကို Free Call & Message ပြုလုပ်နိုင်တဲ့ LINE 4.0.1 APK for Android


Line ဆိုတဲ့ App လေးကို သိတဲ့သူများ သိကြမှာပါ...ကျနော်တို့ မြန်မာတွေ အသုံးများ လူသိများတဲ့ Viber လို အင်တာနက် ကွန်နက်ရှင်အသုံးပြုပြီး တစ်ကမ္ဘာလုံးကို Free Call , Free Message , Free Video Call တွေနဲ့ အသုံးပြုနိုင်ပါတယ်... အသုံးပြုရတာ တော်တော်လေး   အဆင်ပြေတာကို တွေ့ရပါတယ်..
သူငယ်ချင်းတစ်ယောက် တောင်းထားလို့ပါ.... တခြား လိုအပ်နေသူ စမ်းသပ်ချင်သူများ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။


 Free Calls & Messages is an excellent communication app that lets you make free voice, video calls & messages. Call and send messages as much as you want and all for Free. ...




(or)

 
(or)



ဝင်းကမ္ဘာကျော်

www.winkabarkyaw.net
 
 



မိန်းမအကြောင်း သိကောင်းစရာ .....


( ၁ ) ကောင်းပြီလေ … ရန်ဖြစ်ပြီးတဲ့အချိန်မိန်းမတစ်ယောက်သုံးတတ်သည့်စကားဖြစ်သည် … ထိုအချိန်မှာ သူသာအမှန်ဖြစ်ပြီး သင်ကတော့ပါးစပ်ပိတ်ထားရန်သာလိုသည် …

( ၂ ) ဘာမှမပာုတ်ပါဘူး … အဲ့လိုပြောရင်တော့တစ်ခုခုကိုသူသိထားပြီ … သင်သတိထားဖို့လိုနေပြီ

( ၃ ) လုပ်ကြည့်လေ …. အဲ့ဒါမျိုးပြောရင် ခြိမ်းခြောက်တာပါ … လုပ်ပါလို့ခွင့်ပေးလိုက်တာမပာုတ်ပါဘူး … သင့်အနေနဲ့ မလုပ်တာအကောင်းဆုံးပဲ

( ၄ )ဘာပဲဖြစ်ဖြစ်ပါ …. အဲ့ဒီစကားပြောရင်တော့ သေချာတယ် သင့်ကိုသူအကြောင်းတစ်ခုခုကြောင့် ရစ်တော့မည်

( ၅ ) ရပါတယ် … အဲ့လိုပြောလိုက်ရင်တော့ သူကသင့်အမှားအတွက်ဝန်ခံဖို့အချိန်ပေးလိုက်တာပဲ … တောင်းပန်လိုက်တာပိုကောင်းမယ်

( ၆ ) ဘာ !! …. အဲ့လိုပြောလိုက်တာပာာ … သင်ပြောတာကိုသူမကြားတာမပာုတ်ပါဘူး … သင့်ပြောတဲ့စကားကိုပြင်ချင်ရင် ပြင်လို့ရသေးတယ်ဆိုပြီး အခွင့်အရေးပေးလိုက်တာ …

( ၇ ) ဘာမှလာမပြောနဲ့တော့ …. အဲ့ဒီစကားမျိုးပြောလာရင်တော့ သင့်အနေနဲ့ တရစပ်စကားပြောနေဖို့လိုနေပြီ … မပာုတ်ရင်တော့ ရှေ့လျှောက်စကားပြောရဖို့ရှိဘူး …

( ၈ )အော် ပာုတ်လား … အဲ့ဒီစကားပြောရင် သင်လုပ်တဲ့အရာကိုသူကြိုသိနေပြီးပြီ … ဘာမှဆင်ခြေပေးမနေနဲ့တော့ …

( ၉ ) အင်းပါ …. အဲ့ဒီစကားပြောရင်တော့ သူကသင့်အပြစ်ကိုသိတယ် … ဒါပေမယ့်မသိချင်ယောင်ဆောင်ပေးလိုက်တာဆိုတဲ့သဘောမျိုးပဲ ….

( ၁၀ ) အော် … အဲ့ဒီစကားကတော့ သင်လုပ်တာပာာဘာမှမထူးဆန်းဘူး …
ငတုံးငါသိပြီးသားလို့ အဓိပ္ပါယ်ရပါတယ်

Ref : https://www.facebook.com/


12 Feb 2014

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း


ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ကျန်းမာရေးအတွက် မည်သူမဆိုမျှဝေယူပါ)
လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။

ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။

ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။ အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို
By Good Health


9 Feb 2014

ဘုရားရှင်တိုင်းမစွန့်လွှတ်ပဲသုံးဆောင်ေ တ်ာမူသည့်နေရာမြတ်ကြီးလေးပါး


အဝိဇဟိတဌာနကြီး ၄ပါး
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡
၁။ မဟာဗောဓိပင်၏အောက် ရတနာပ လ္လတော်နေရာဌာန

၂။ မိဂဒါဝုန်တော ဓမ္မစကြာတရားဟော ရာဌာန

၃။ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်သီ တင်းသုံးရာ ဂန္ဓကုဋီတိုက်တွင်ခင်းထားေ သာ ညောင်စောင်းခြေကျရာဌာန

၎။ တာဝတိံသာနတ်ပြည်မှဆင်းသက်၍ သင်္ကဿနဂိုရ်မြို့တော်တံခါး၌ မြတ်စွာ ဘုရားပထမခြေချရာဌာန။ (လက်က်ျြာေ ခတော်ရာဌာန) ဟူ၍လေးဌာနရှိ၏။ထိုေ လးဌာနမှာ ` ပွင့်တော်မူပြီးသော ဘုရား ရှင်တိုင်း၏ ´ ဌာနချည်းသာဖြစ်ပါသည်။ ဌာနပြောင်းလွဲခြင်းမရှိပါ။တစ်နေရာတည်းသာဖြစ်ပါသည်။

{{ ဆောင် }}
ပလ္လင်,ဓမ္မစက် ဆင်းသက်,ခြေကျ
ဌာနညောင်စောင်း လေးပါးပေါင်း
ခါညောင်းမစွန့်ရာ။ ။

(မဟာဝိသုဒ္ဓရုံဆရာတော်)

သုတ်မဟာဝါအဋ္ဌကထာ ၁၇။ ဗုဒ္ဓဝံသအ ဋ္ဌကထာ ၃၅၁။

မသိရှိသေးသော ဗုဒ္ဓဘာသာဝင်သူတော် စင်များအတွက် ပြန်လည်မျှဝေပေးလိုက် ပါသည်။့ 


https://www.facebook.com/photo.php?fbid=539175089513660&set=a.351047714993066