10 May 2014

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့် ရာထူးမှနုတ်ထွက်ခဲ့

 
၂၀၁၄ တက္ကသိုလ်ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ ချန်ပီယံ ဆုဖလားအား နေပြည်တော် ဘောလုံးအ သင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်း သယ်ယူမှုအပေါ် ဝေဖန်ခဲ့မှုကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့်ဟာ ရာထူးမှနုတ်ထွက်ခဲ့ ရတယ်လို့ သိရပါတယ်။
"ကျွန်တော်က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာပါ။ နုတ်ထွက်ခဲ့ရတာကို ၀မ်းမနည်းပါဘူး၊ တက္ကသိုလ် ဘောလုံးသမားတွေ သယ်တာပဲ ဖြစ်သင့်တယ်ထင်ပါတယ်"လို့ ဦးဇော်မြင့်ကပြောပါတယ်။

Author မြင့်ဟိန်း

ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်းဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံဆုဖလား ယူဆောင်လာစဉ်



အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူး ယာဉ်လိုင်းတွေမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါ နေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။

မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စကားလိုင်းတွေမှာ ခရီးသည်နဲ့စပါယ်ယာတွေကြား ဆက်ဆံရေးဟာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေ ပြေလည်စေဖို့အတွက် အခုလိုမျိုး အမျိုးသမီးယာဉ်နောက်တွေထားရှိမှုကို စီစဉ်တာ ဖြစ်တယ်လို့ (၄၈)အထူးယာဉ်လိုင်းကားပိုင်ရှင် ဦးသက်တင်ဦးက ပြောပါတယ်။

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးတွေဟာ လူမှုဆက်ဆံရေးပိုမိုပြေပြစ်တဲ့အတွက် ခုလိုအမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိခြင်းဟာ ခရီးသွားတွေအတွက်ပိုမို အဆင်ပြေနိုင်တယ်လို့ ရန်ကုန်မြို့တွင်း သွားလာသူတွေက ပြောကြပါတယ်။ ယခုလို အမျိုးသမီးယာဉ်နောက်လိုက်တွေကို စတင်ခန့်အပ်တာဟာ အဆင်ပြေမှုရှိ၊ မရှိ စမ်းသပ်နေဆဲကာလဘဲဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါက အမျိုးသမီးယာဉ်နောက်လိုက်တွေအတွက် မ.ထ.သရုံးမှ ယာဉ်လိုက်ခွင့်လိုင်စင်တွေ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MRTV-4


မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြု၍ ပန်းပုထုမည်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_5067.html

မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ပုံတူပန်းပုရုပ် ထုလုပ်ခြင်းနှင့် ပုံတူရေးဆွဲခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောကြားသည်။

အဆိုပါ ဂုဏ်ပြု ပန်းပုထုခြင်းကို အမှတ် ၆၂ ပထမထပ် ပန်းဆိုးတန်းလမ်း ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်ပြီး ပန်းချီပညာရှင်များဖြစ်သူ ဦးရွှေမြင့်နှင့် ဦးသာဆန်း တို့ကလည်း ပုံတူပန်းချီ ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဆရာကြီးရဲ့ ပုံတူကို ဂုဏ်ပြု အမှတ်တရ အနေနဲ့ ပေးချင်လို့ပါ။ ပန်းပုကတော့ ရွှံ့နဲ့အရင်ထုပြီး မိုလောင်းမှာပါ” ဟု ဦးကျော်ကျော်မင်းက ဆိုသည်။ ယင်းသို့ ၎င်းပုံတူ ဂုဏ်ပြုပန်းပု ထုလုပ်သူများကို ရွှေ FM မှဂုဏ်ပြုချီးမြှင့် ငွေတစ်ဦးလျှင် ကျပ်ငါးသိန်း ပေးအပ်မည်ဟု ကြားသိရကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

“အခုလို ပန်းပုထုပြီး ဂုဏ်ပြုခံရတဲ့အတွက် အံ့သြဝမ်းသာရ ပါတယ်။” ဟု ၎င်းကဆိုသည်။ ပန်းပုပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်းသည် ဗိုလ်ကလေးတင့်အောင်၊ လယ်တွင်းသား စောချစ်နှင့် ဆရာမ ဒေါ်သန်းမြင့်အောင်တို့၏ ပုံတူရုပ်တု များကိုလည်း ဂုဏ်ပြုအမှတ်တရ ထုလုပ်ပေးခဲ့ဖူးသည်။

The Voice Weekly

သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့


သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါးမိုးကြောင့် အံ့သြမင်တက် ခဲ့ရပါတယ်။

ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ၊မြက်ခင်း တွေနဲ့ အိမ်ခေါင်မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက် တဲ့အခါမှာ အားပျော့သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း သီရိလင်္ကာတောင်ပိုင်း မှာ အလားတူဖြစ်ရပ်မျိုးတစ်ကြိမ်ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုးရွာခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

trend myanmar

ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ


ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ..

အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား ? ဒါဟာ တကယ့်ကို ဖြစ်နိုင်နေပါပြီ။ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယခင်နှစ်ကုန်ပိုင်းတွင် အာစီလိုနားတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ညီလာခံတွင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ 
 
ယင်းအားသွင်းစက်သည် ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပြီး လိုရာကို အလွယ်တကူ သယ်ယူသွားနိုင်သည့် အရွယ်အစားဖြစ်ပါသည်။ ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။ 
 
 
 
စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။
 
 
 
 မေလ ဇွန်လလောက် ကတည်းက ဈေးကွက်အတွင်း ရောက်ရှိနေပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။ ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။

http://www.myanmarengineer.org

9 May 2014

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ


 

  ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ



 
 

 

 

http://drlunswe.blogspot.com/